၄၇ အနန္တတန်ခိုးရှင်သာ ထာဝရထမြောက်တော်မူသော အသက်ဖြစ်၏ကျူး

၁ တောင်များနှင့် မြစ်များ ပြောင်းလဲကြသည်၊ ရေများက မိမိတို့၏ လမ်းကြောင်းတစ်လျှောက် စီးဆင်းကြပြီး၊ လူသား၏အသက်သည် မြေကြီးနှင့် ကောင်းကင်ကဲ့သို့ တည်တံ့ခြင်း မရှိပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်သာလျှင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ရာသက်ပန် ဆက်လက် တည်ရှိသော ထာဝရနှင့် ရှင်ပြန်ထမြောက်သော အသက် ဖြစ်သည်။ ခပ်သိမ်းသော အရာများနှင့် အဖြစ်အပျက်များသည် သူ၏ လက်ထဲတွင်ရှိပြီး စာတန်သည် သူ၏ ခြေအောက်၌ ရှိ၏။ ယနေ့တွင်၊ ကျွန်ုပ်တို့ကို စာတန်၏လက်တွင်းမှ သူကယ်နုတ်သည်မှာ ဘုရားသခင်၏ ကြိုတင်ခွဲခန့် မှတ်သားထားသော ရွေးချယ်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ ရွေးနုတ်ရှင် အစစ်အမှန် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် သူနှင့် မျက်နှာချင်းဆိုင် လာနိုင်ဖို့၊ သူ့ကို စားသောက်ကာ မွေ့လျော်နိုင်ကြဖို့အလို့ငှာ ကျွန်ုပ်တို့ကို ဘုရားသခင်၏အသက်နှင့် ဆက်နွှယ်စေရန် စီမံရင်း၊ ခရစ်တော်၏ ထာဝရ၊ ရှင်ပြန်ထမြောက်သော အသက်ကို ကျွန်ုပ်တို့အတွင်း၌ ဖြစ်ပေါ်စေပြီးဖြစ်သည်။ ဤသည်မှာ သူ၏ နှလုံးသွေး အဖိုးအခဖြင့် ဘုရားသခင် ပြုပြီးဖြစ်သည့် ကိုယ်ကျိုးမငဲ့သော ဆက်ကပ်မှု ဖြစ်သည်။

၂ အလွန်များလှစွာသော ဘဝ၏ ဆင်းရဲဒုက္ခများ၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အတိဒုက္ခများ၊ အလွန်များလှစွာသော လောကကြီး၏ ငြင်းပယ်မှုများ နှင့် အသရေဖျက်မှုများ၊ အလွန်များလှစွာသော အစိုးရ၏ မမှန်မကန် စွပ်စွဲချက်များနှင့် တွေ့ဆုံရလျက်၊ လေနှင့် ဆီးနှင်းတို့ကို ဖြတ်သန်းရင်း ရာသီဥတုများ လာလိုက်သွားလိုက် ဖြစ်ကြသော်လည်း၊ ဘုရားသခင်၏ ယုံကြည်ခြင်းနှင့် ဆုံးဖြတ်ချက်တို့မှာ အနည်းငယ်မျှ ဆုတ်ယုတ်ခြင်း မရှိပေ။ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေနိုင်ဖို့ရန် အလို့ငှာ သူသည် မိမိကိုယ်တိုင်၏ အသက်ကို ဘေးဖယ်ထား၏။ သူသည် သူ၏လူတို့ကို ဂရုတစိုက် ကျွေးမွေးပြီး ရေလောင်းပေးလျက် နာကျင်မှုများကို ရှောင်ရှားခြင်းမရှိပေ။ ကျွန်ုပ်တို့ မည်မျှ မသိနားမလည်ပါစေ၊ သို့မဟုတ် မည်မျှ ဆက်ဆံရခက်ပါစေ သူ၏ရှေ့တွင် နာခံရုံမျှနာခံရမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတော်သည် ကျွန်ုပ်တို့၏ ဗီဇဟောင်းကို ပြောင်းလဲပေးလိမ့်မည် ဖြစ်သည်။…သူသည် အစားအစာနှင့် အိပ်စက်ခြင်းတို့ကို စွန့်လွှတ်ရင်း မမောနိုင်မပန်းနိုင် အလုပ်လုပ်သည်။ နေ့နှင့်ညများ မည်မျှ များပြားပါစေ၊ မည်မျှချစ်ချစ်တောက်ပူသော အပူရှိန်များနှင့် အလွန့်အလွန်အေးသော အေးစက်မှုများကို ဖြတ်သန်းရပါစေ၊ သူသည် ဇိအုန်တွင် စိတ်နှလုံးအကြွင်းမဲ့ စောင့်ကြည့်လေသည်။

၃ လောက၊ နေအိမ်၊ အလုပ်နှင့် အားလုံးကို ဝမ်းမြောက်ဝမ်းသာ၊ လိုလိုလားလား လုံးဝ စွန့်လွှတ်ပြီး၊ လောက၏ ပျော်ရွှင်မှုများသည် သူနှင့် သက်ဆိုင်ခြင်းမရှိပေ။... သူ၏ နှုတ်မှ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် အရာများကို ဖော်ထုတ်ရင်း၊ ကျွန်ုပ်တို့ထဲကို ထိမှန်လေသည်။ ကျွန်ုပ်တို့သည် လက်ခံယုံကြည်မှုမရှိဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သူ၏နှုတ်မှ ထွက်လာသော ဝါကျတိုင်းသည် ကျွန်ုပ်တို့အထဲတွင် အချိန်မရွေး အမှန်တကယ် ဖြစ်ပေါ်လာကောင်း ဖြစ်ပေါ်လာနိုင်သည်။ သူ၏ မျက်မှောက်တွင်ဖြစ်စေ သူ့ထံမှဝေးရာ၌ ဖုံးကွယ်၍ဖြစ်စေ ကျွန်ုပ်တို့လုပ်ဆောင်သည့် မည်သည့်အရာမဆို သူမသိသောအရာ မရှိ၊ သူ နားမလည်သောအရာ မရှိပေ။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ကြံဆချက်များနှင့် အစီအစဉ်များ ရှိစေကာမူ အားလုံးသည် သူ၏ ရှေ့မှောက်တွင် ဧကန်အမှန် ထုတ်ဖော်ပြခံရလိမ့်မည် ဖြစ်သည်။

၄ သူ့ရှေ့တွင် ထိုင်ရင်း၊ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်အတွင်းတွင် ဝမ်းမြောက်မှု ခံစားရင်း၊ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ငြိမ်သက်သော်လည်း၊ အမြဲ အနှစ်မဲ့ကာ ဘုရားသခင်ကို အမှန်တကယ် ကျေးဇူးကြွေးတင်ရှိသည်ဟု ခံစားရခြင်း- ဤသည်မှာ စိတ်ကူး၍ မရနိုင်သကဲ့သို့ စွမ်းဆောင်ရရှိဖို့ မဖြစ်နိုင်သည့် အံ့ဖွယ်တစ်ခု ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ကို သက်သေပြဖို့ သန့်ရှင်းသော ဝိညာဉ်တော်သည် လုံလောက်ပေ၏။ ယင်းမှာ မငြင်းနိုင်သော သက်သေဖြစ်သည်။ ဤလူစုထဲမှ ကျွန်ုပ်တို့သည် ပြောမပြနိုင်လောက်အောင် ကောင်းချီးမင်္ဂလာ ခံစားကြရ၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် သနားခြင်းကရုဏာကြောင့် မဟုတ်ပါက၊ ကျွန်ုပ်တို့သည် ထာဝရ ပျက်စီးခြင်းသို့သာ သွားပြီး စာတန်နောက်သို့ လိုက်မိနိုင်ပေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သာ ကျွန်ုပ်တို့ကို ကယ်တင်နိုင်ပေသည်။ အလိုလေး။ အနန္တတန်ခိုးရှင် ဘုရားသခင်။ ဝိညာဉ်လောက၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ကျွန်ုပ်တို့အား ရှုမြင်ခွင့်ပေးရင်း၊ ကျွန်ုပ်တို့၏ ဝိညာဉ်မျက်စိများကို ဖွင့်ပေးပြီးလေသူမှာ ကိုယ်တော်ဖြစ်သည်။ နိုင်ငံတော်၏ အလားအလာများမှာ အကန့်အသတ်မဲ့ပေသည်။ ကျွန်ုပ်တို့ စောင့်ဆိုင်းနေရင်း ဂရုတစိုက်ကြည့်ကြပါစို့။ ထိုနေ့ရက်သည် အလွန့်အလွန် မဝေးနိုင်ပေ။

၅ စစ်၏မီးလျှံများ ဝေ့လည်သည်၊ လေထုသည် စက်အမြောက်မီးခိုးများဖြင့် ပြည့်နေ၏၊ မိုးလေဝသအခြေအနေ ပူနွေးသွားသည်၊ ရာသီဥတု ပြောင်းလဲသည်၊ ကပ်ဆိုးတစ်ခု ပျံ့နှံ့လိမ့်မည်ဖြစ်ကာ၊ အသက်ရှင်ကျန်ရစ်ရန် မျှော်လင့်ချက်မရှိဘဲ လူတို့ သေဖို့သာ ရှိနိုင်သည်။ အလိုလေး။ အနန္တတန်ခိုးရှင် ဘုရားသခင် လက်တွေ့ကျသော ဘုရားသခင်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ထိုးဖောက်မရနိုင်သော ခံတပ်ကြီးဖြစ်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ခိုလှုံရာဖြစ်ပါ၏။ ကိုယ်တော်၏ အတောင်တော်များ အောက်တွင် ကျွန်ုပ်တို့ တိုးဝင်ပြီး ဘေးဒုက္ခသည် ကျွန်ုပ်တို့ထံ မရောက်နိုင်ပေ။ ယင်းမှာ ကိုယ်တော်၏ ဘုရားသဘောသဘာဝ ကွယ်ကာခြင်းနှင့် စောင့်မခြင်းတို့ ဖြစ်ပေသည်။ ကျွန်ုပ်တို့အားလုံး သီချင်းများ ကျယ်လောင်စွာ သီဆိုကြသည်၊ ချီးမွမ်းခြင်းဖြင့် ကျွန်ုပ်တို့ သီဆိုကြပြီး ကျွန်ုပ်တို့၏ ချီးမွမ်းခြင်းအသံသည် ဇိအုန်တစ်လျှောက်လုံး မြည်ဟည်း လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် လက်တွေ့ကျသော ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ထိုဘုန်းကြီးသော ခရီးပန်းတိုင်ကို ပြင်ဆင်ပေးလေပြီ။ ဂရုတစိုက်ကြည့်လော့- အို၊ သတိပြုလော့။ ယခုချိန်ထိ အချိန်နာရီသည် နောက်မကျလွန်းပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၆ အနန္တတန်ခိုးရှင်သာ လူကို ကယ်တင်နိုင်၏ကျူး

နောက်တစ်ခုသို့- ၄၈ စကြာဝဠာတစ်ခုလုံးသည် အသစ်ဖြစ်နေ၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။