မေးခွန်း (၁၁) အထူးသဖြင့် သင်းအုပ်ဆရာယွမ်ဟာ တချိန်တုန်းက ညှင်းပန်းနှိပ် စက်ခြင်းကို ခံခဲ့ရဖူးတယ်လေ အနန္တတန်ခိုးရှင်ဘုရားသခင်ကိုဆန့်ကျင်ပြီး စီစီပီ နဲ့ လက်တွဲဖို့ သူဆုံးဖြတ်ခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး ဒါဟာ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်တာပဲ မဟုတ်လား လောကမှာ ဒီလိုဖောက်ပြန်ပြီး လုံးလုံးမှားယွင်းနေတဲ့ သင်းအုပ်တွေက ဘယ်လိုလုပ်ပြီးရှိနေတာလဲ

အဖြေ- ဘုရားသခင်က အမြဲလို လူ့ဇာတိခံယူပြီးတော့ ဘာသာရေးအဝန်းအဝိုင်းထဲမှာရှိတဲ့ အန္တိခရစ်အချို့ ဆိုးညစ်သူတွေကို ဖော်ပြပေးတယ် သခင်ယေရှု မြေကြီးပေါ်ကို ကြွလာခဲ့ချိန်တုန်းက ကိုယ်တော်ဟာ အယောင်ဆောင် ဖာရိရှဲတွေက ဆိုးညစ်တဲ့အရာတွေကို အတင်းအဓမ္မလုပ်ဆောင်နေတယ်ဆိုတာကို ဖော်ထုတ်ခဲ့တယ် အခု အနန္တတန်ခိုးရှင်ဘုရားသခင်ရောက်လာခဲ့ပြီး ဘာသာရေးအဝန်းအဝိုင်းမှာရှိနေတဲ့ ဆိုးညစ်တဲ့အဓမ္မအမှုတွေနဲ့ နောက်ဆုံးသောကာလမှာ အန္တိခရစ်တွေကို ဖော်ထုတ်ခဲ့တယ် လူ့ဇာတိခံတဲ့ဘုရားသခင်ဟာ ပေါ်ထွက်လာပြီး လူတွေကို တရားတွေအများကြီး ပြသခဲ့တယ် ဘာသာရေးဦးဆောင်သူအများစုက စီစီပီကနေ ညှင်းပန်းနှိပ်စက် တာတို တွေ့ကြုံရတဲ့အခါ မလွဲမသွေ ဒုက္ခခံစားရတယ် တချို့က ထောင် ၁ဝ နှစ်ကနေ နှစ် ၂ဝ ထိ ကျခံရတယ် အဲဒါထက်ဆိုးတာကချို့တွေက သူတို့မိသားစုတွေနဲ့ အခွဲခံရပြီး သူတို့ရဲ့ဘဝတွေ ဖျက်ဆီးခံခဲ့ရတယ် ဒါပေမဲ့ သူတို့ဟာ ဘာကြောင့်မှန်းမသိ စီစီပီ နတ်ဆိုးရဲ့ သရုပ်မှန်ကို မမြင်ကြသေးဘူး အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြပြီး နောက်ဆုံးသောကာလမှာ စီရင်ခြင်းကို လုပ်ဆောင်တဲ့အခါ ဝမ်းနည်းစရာကောင်းတာက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဒေါသနဲ့ပြစ်တင်ရှုတ်ချဖို့ သူတို့တတွေဟာ စီစီပီဘက်မှာ ရပ်တည်ကြတယ် ဘုရားသခင်ကို နောက်တစ်ကြိမ် အသေသတ်ကြတယ် ဒါဟာ သူတို့ရဲ့ သမ္မာတရားကိုမုန်းတီးပြီး ဘုရားသခင်နဲ့ရန်သူဖြစ်စေတဲ့ စာတန်သဘောသဘာဝကြောင့်ဖြစ်တယ် ဘာသာရေးလောကဟာ မကောင်းတဲ့နတ်ဆိုးရဲ့အုပ်ချုပ်မှုအောက်မှာရှိနေပြီး သူတို့အားလုံးဟာ စာတန်ရဲ့စခန်းထဲမှာ ရှိနေသလိုပဲဆိုတာ ပြနေတယ် သူတို့အားလုံးမှာ ဆိုးယုတ်ပြီး ဆိုးညစ်တဲ့ အင်အားစုတွေပဲ၊ ဘုရားကို ဆန့်ကျင်ဖို့နဲ့ ပြစ်တင်ရှုံ့ချဖို့ ဆိုးညစ်တာတွေကို အတင်းလုပ်ဆောင်တယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော် အခြားအပိုဒ်ကို ဖတ်ကြည့်ကြရအောင် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့ထဲတွင် မည်မျှသည် သမ္မာတရားကို ရှာဖွေပြီး ဖြောင့်မတ်ခြင်းတရားကို လိုက်လျှောက်ကြသနည်း။ ၎င်းတို့ အားလုံးသည် ဘဝင်ခိုက်ကာ ကိုယ်ကျောကိုယ်သပ်ခြင်းဖြင့် ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်းရင်းနှင့် ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း ဝက်များနှင့် ခွေးများထက် သာ၍မကောင်းသည့် နောက်ချေးပုံအလယ်တွင် နံဟောင်သော ယင်ကောင်တစ်အုပ်ကို ဦးဆောင်သော သားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်က နံဟောင်သော ယင်ကောင်များထက် မပိုသည်ကို မသိသလောက်ဖြစ်လျက်၊ ၎င်းတို့၏ ငရဲဘုရင်သည် အားလုံးထဲမှ အကြီးမြတ်ဆုံးသော ရှင်ဘုရင်ဖြစ်သည်ဟု ယုံကြည်ကြလေသည်။...၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများဖြင့်၊ (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာဆိုခြင်းကို ရည်ညွှန်း၏)၊ ၎င်းတို့သည် သွေးနားထင်ရောက်ကြပြီး၊ နေရာတကာတွင် မိမိတို့၏ အလှတရားနှင့် ဆွဲဆောင်မှုတို့ကို ကြွားဝါကြသော်လည်း၊ မိမိတို့ ကိုယ်တိုင်၏ ခန္ဓာကိုယ်များပေါ်က မစင်ကြယ်မှုများကို လူသားအပေါ်သို့ လျှို့ဝှက်စွာ ပစ်ကြလေသည်။ ထို့အပြင်၊ ၎င်းတို့ကိုယ်တိုင်၏ မစင်ကြယ်မှုများကို ဖုံးကွယ်ရန် သက်တံရောင် တောင်ပံတစ်စုံကို ၎င်းတို့ အသုံးပြုနိုင်ကြသည့်အလား၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်နေကြပြီး၊ ဤနည်းများဖြင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ တည်ရှိခြင်းအပေါ် သူတို့၏ ဖိနှိပ်ခြင်းကို ယူဆောင်လာကြလေသည် (ဤသည်မှာ ဘာသာရေးလောကထဲက ဖြစ်အင်များနောက်ကွယ်တွင် ဖြစ်နေသည့်အရာကို ရည်ညွှန်းသည်)။ ယင်ကောင်တစ်ကောင်၏ တောင်ပံများသည် နှစ်သက်ကြည်နူးဖွယ် လှပသလောက်၊ ယင်ကောင်ကိုယ်၌ကမူ နောက်ဆုံးတွင် အညစ်အကြေးများ နှင့်ပြည့်သော ဝမ်းဗိုက်နှင့် ရောဂါပိုးများနှင့် ဖုံးလွှမ်းနေသည့် ခန္ဓာကိုယ်ဖြင့် သေးငယ်သည့် သတ္တဝါတစ်ကောင်ထက် ဘာမျှ မပိုသည်ကို လူသားသည် မည်သို့သိမည်နည်း။ မိဘများအနေဖြင့် ၎င်းတို့၌ရှိကြသည့် ဝက်များနှင့်ခွေးများ၏ ခွန်အားကိုမှီ၍၊ ၎င်းတို့သည် နယ်မြေတစ်လျှောက် ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်မှုတွင် အထိန်းအကွပ်မဲ့လျက် ဒေါသတကြီး ပတ်ရမ်းကြလေသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို ပုန်ကန်ဖို့ ဘုရားသခင်ကို နှိပ်စက်ညှဉ်းပန်းသည့် ဘာသာရေး အရာရှိများက တိုင်းနိုင်ငံအစိုးရ၏ အားကောင်းသော အထောက်အပံ့ကို အမှီပြုသည့် နည်းလမ်းကို ရည်ညွှန်း၏)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲတို့၏ တစ္ဆေများသည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၊ ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာကြခဲ့သည့်အလား ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့က ၎င်းတို့၏ အလုပ်ကို ပြန်လည်လုပ်ကိုင်ရင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နောက်တစ်လှည့်ကို စတင်ကြပြီ ဖြစ်သည်။ ဤအကျင့်ပျက်အုပ်စုသည် အဆုံးတွင် ကမ္ဘာမြေပေါ်၌ ပျက်စီးကြဖို့ သေချာ၏။ နှစ်ထောင်ပေါင်းအချို့ကြာပြီးနောက်၊ မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားတတ်လာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို တိတ်တဆိတ် လျော့ပါးစေဖို့ နည်းလမ်းများကို စဉ်ဆက်မပြတ် တွေးတော နေကြသည်။ လှည့်စားမှုများနှင့် မာယာပေါများစွာဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အော်ဟစ်လုနီးပါးဖြစ်သည်အထိ ဆွပေးရင်း၊ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်လုပ်ဆောင်ရန် ဆန္ဒရှိကြလေသည်။ ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ ဘုရားသခင်သည် တတိယကောင်းကင်ဘုံသို့ ပြန်ကြွမသွားဖို့ရန် မိမိကိုယ်ကိုယ် မနည်းထိန်းနေရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)) အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ စီရင်ခြင်းအမှုကို စတင်ခဲ့ကတည်းက ဘာသာရေးခေါင်းဆောင်တွေက ကိုယ်တော့်ရဲ့အမှုတော်ကို ဆန့်ကျင်နေခဲ့ကြပါတယ် သူတို့တွေဟာ စီစီပီကိုရွေးချယ်ခဲ့ကြပြီး စီစီပီနဲ့ အတူပူးပေါင်းပြီး ဆိုးညစ်တဲ့ အဓမ္မအမှုတွေကို အားထားခဲ့ကြတယ် အခြားတစ်ဘက်မှာတော့ သူတိုရဲ့ဘာသာရေးအဝန်းအဝိုင်းထဲက ယုံကြည်သူတွေကို ချုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြတယ် သူတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို ရှာဖွေပြီး စူးစမ်းလေ့လာနေတဲ့ ယုံကြည်သူတွေကို တားမြစ်ခဲ့တယ် အခြားတစ်ဘက်မှာတော့ သူတို့ဟာ စီစီပီ ရဲ့သူလျှိုတွေဖြစ်လာပြီး ဘုရားသခင်ရဲ့လူတွေကို စောင့်ကြည့်နေတယ် ကျွန်မတို့ကို ဖမ်းဆီးနိုင်ဖို့ ကျွန်မတို့ရဲ့သတင်းအချက်အလက်တွေကို တိတ်တဆိတ် ပို့ပေးနေတယ် သူတို့တွေဟာ စီစီပီ နဲ့ စည်းလုံးအောင် ကြံဆောင်ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့အမှုတော်ကို အဆုံးသတ်စေဖို့ ကြိုးစားကြလိမ့်မယ် ဒီအချက်တွေဟာ ဘာသာရေးခေါင်းဆောင်အများစုဟာ စီစီပီနတ်ဆိုးတွေလို သမ္မာတရားကိုမုန်းတီးတဲ့ စာတန်သဘောသဘာဝရှိတယ်ဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ် သူတို့အသွေးသားထဲမှာ နတ်ဆိုးစရိုက်တွေ ရှိပြီး ဘုရားသခင်ရဲ့ရန်သူတွေပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ လုံးဝမှန်တယ် လက်ရှိ ဒီဘာသာရေးခေါင်းဆောင်တွေဟာ ဒီနေ့ခေတ်ရဲ့ဖာရိရှဲတွေပဲ ဘုရားသခင်အပေါ် သူတို့ရဲ့ဆန့်ကျင်မှုတွေဟာ အရင်တုန်းက ဖာရိရှဲတွေထက်တောင် ပိုသေးတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ရှုတ်ချတဲ့ သူတို့ရဲ့အလုပ်ဟာ သန့်ရှင်းသောဝိညာဉ်တော်ကို လွန်ကျူးပြီးပြောဆိုတာပဲ သူတို့ဟာ နောက်ဆုံးသောကာလမှာ ခရစ်တော်ကို ထပ်ပြီး အသေသတ်နေကြတယ် နောက်ဆုံးသောကာလမှာ ဘုရာသခင်ရဲ့အမှုတော်အားဖြင့် ဘာသာရေးခေါင်းဆောင်တွေအားလုံးဟာ အန္တိခရစ်ဖြစ်တယ်ဆို တာကို ဖော်ထုတ်ခံရမယ်ဆိုတာကို ပြသနေတယ် ဒါဟာအမှန်ပဲဆိုတာ ကျွန်မတို့သိတယ်။ ဒီအချက်ကို ဘယ်သူမှ ငြင်းလို့မရဘူး

အောင်ပွဲဝင်တေး ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အောက်ခြေမှတ်စု(များ)-

၁။ “ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် ဘုရားသခင်၏ အမှုကို ဟန့်တားကာ ဆန့်ကျင်ရင်း မည်သို့ သောင်းကျန်းကြမ်းတမ်းပုံကို ရည်ညွှန်းသည်။

အရှေ့သို့- မေးခွန်း (၁၀) သင်းအုပ် ယွမ်ဟာ ကျမ်းစာကို တကယ်သိတယ်။ သူက နှိမ့်ချဖို့ သည်းခံဖို့ သစ္စာရှိဖို့ပြောတယ် သူက လက်ခံချင်စရာကောင်းတယ် ဘာသာတရားအတော်ကိုင်းရှိုင်းပုံပေါ်တယ် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်အမှုတော်အကြောင်း မင်းရဲ့သက်သေခံချက်ကို သင်းအုပ် ယွမ်လည်း နားထောင်ခဲ့တယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်လို့ သူမြင်တယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ ဘာလို့ သူက လက်မခံတာလဲ ဘာကြောင့် သူက ဒီကောလဟာလတွေ ပြစ်တင်ရှုတ်ချခြင်းတွေနဲ့ ဘုရားရဲ့အဆုံးသတ်အမှုတော်ကို ဆန့်ကျင်တာတွေကို ဖြန့်နေတာလဲ နောက်ပြီး လူတွေကို အနန္တတန်ခိုးရှင်ဘုရားသခင်ဆီ မရောက်ဖို့ ဘာကြောင့်တားဆီးနေတာလဲ

နောက်တစ်ခုသို့- မေးခွန်း (၁၂) ကျွန်မတို့ညီအစ်ကိုမောင်နှမအများစုက နားမလည်ကြဘူး သခင်ယေရှုပြန်ကြွမလာခင်၊ ဖာရိရှဲတို့က တရားဇရပ်မှာ မကြာခဏ သမ္မာကျမ်းစာကို ရှင်းလင်းခဲ့တယ် လူအများရှေ့မှာ ရပ်ပြီး ဆုတောင်းကြသလို၊ သမ္မာကျမ်းစာရဲ့ စည်းမျဉ်းတွေကို သုံးပြီး လူတွေကို ရှုတ်ချကြတယ် အပြင်ပန်းကြည့်ရင်တော့ သူတို့က သမ္မာကျမ်းစာကို ဘယ်တော့မှ သစ္စာမဖောက်မယ့်လူတွေလို ကြည်ညိုဖို့ကောင်းခဲ့တယ် ဒါပေမဲ့ ဖာရိရှဲတို့က ဘာလို့ သခင်ယေရှုရဲ့ကျိန်ခြင်းအမင်္ဂလာ ခံယူခဲ့ရတာလဲ သူတို့က ဘုရားသခင်ကို ဘယ်လိုနည်းနဲ့ဆန့်ကျင်ခဲ့တာလဲ သူတို့ရဲ့ သူတော်ကောင်း ယောင်ဆောင်မှုကို ဘယ်လိုပြခဲ့ကြလဲ ဘာလို့ဘုရားသခင်ရဲ့ အမျက်တော်ရှခဲ့တာလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။