မေးခွန်း (၁၀) သင်းအုပ် ယွမ်ဟာ ကျမ်းစာကို တကယ်သိတယ်။ သူက နှိမ့်ချဖို့ သည်းခံဖို့ သစ္စာရှိဖို့ပြောတယ် သူက လက်ခံချင်စရာကောင်းတယ် ဘာသာတရားအတော်ကိုင်းရှိုင်းပုံပေါ်တယ် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်အမှုတော်အကြောင်း မင်းရဲ့သက်သေခံချက်ကို သင်းအုပ် ယွမ်လည်း နားထောင်ခဲ့တယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်လို့ သူမြင်တယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ ဘာလို့ သူက လက်မခံတာလဲ ဘာကြောင့် သူက ဒီကောလဟာလတွေ ပြစ်တင်ရှုတ်ချခြင်းတွေနဲ့ ဘုရားရဲ့အဆုံးသတ်အမှုတော်ကို ဆန့်ကျင်တာတွေကို ဖြန့်နေတာလဲ နောက်ပြီး လူတွေကို အနန္တတန်ခိုးရှင်ဘုရားသခင်ဆီ မရောက်ဖို့ ဘာကြောင့်တားဆီးနေတာလဲ

အဖြေ- ဘာသာရေးခေါင်းဆောင်တွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကို ပြစ်တင်ရှုတ်ချနေတယ်ဆိုတာက ဒီလောက်ကြီး မထူးဆန်းပါဘူး အမှုတော်လုပ်ဆောင်ဖို့ သခင်ယေရှုကြွလာခဲ့တုန်းက ဘာသာရေးခေါင်းဆောင်တွေဟာ ပြစ်တင်ရှုတ်ချပြီး ကိုယ်တော့်ကို ညှင်းပန်းမနှိပ်စက်ခဲ့ဘူးလား အဆုံးမှာတော့ ကျွန်မတို့ရဲ့သခင်ယေရှုကို ကားတိုင်ပေါ်မှာ သံမှိုစွဲခဲ့တယ်။ အဲဒါက သမိုင်းအချက်အလက်ပဲလေ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကြွလာပြီး နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်ဆိုတာ လူတွေကို ယုံကြည်စေလိမ့်မယ် ဘုရားသခင်ကို စစ်မှန်စွာယုံကြည်တဲ့လူတိုင်းနဲ့ သမ္မာတရားကို ဆာငတ်တဲ့လူတိုင်းဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို တစ်ခါဖတ်လိုက်တာနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဘက်ကို လှည့်သွားကြလိမ့်မယ် ဒါပေမဲ့ ဘာသာရေးခေါင်းဆောင်တွေက အဲဒါကို ကြောက်ကြတယ်။ ယုံကြည်သူအားလုံးဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဆီကို လှည့်သွားပြီဆိုရင် သူတို့ရဲ့ ဘာသာရေးယုံကြည်မှုတွေနဲ့ ဗလာဖြစ်နေတဲ့ သူတို့ရဲ့ကျမ်းစာသီအိုရီတွေကို နားထောင်တဲ့လူတစ်ယောက်မှ မရှိတော့ဘူး အဲဒါက သူတို့ရဲ့အခြေအနေနဲ့ သူ့တို့အကျိုးစီးပွားကို ခြိမ်းခြောက်လာတယ်လေ အဲဒါကြောင့် အနန္တတန်ခိုးဘုရားသခင်ကို ဆန့်ကျင်ပြစ်တင်ဖို့ အရာအားလုံးကို သူတို့လုပ်ဆောင်ကြတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကြည့်ကြရအောင် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူ မည်သူမဆိုသည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်လာသော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေဖို့ မကြိုးစားကြသေးသူသည် ဘုရားသခင်၏ ရန်ဘက်တစ်ဦးအဖြစ် သာ၍ပင် ယူဆခံရပေသည်။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဘာသာရေးလောကထဲကလူတွေက ဘုရားသခင်နဲ့သူ့ရဲ့အမှုတော်ကိုဆန့်ကျင်ကြမယ်လို့ ဘယ်သူမှ မယုံခဲ့ကြဘူး ဒါပေမဲ့ ဘာသာရေးအဝန်းအဝိုင်းထဲမှာ အန္တိခရစ်တွေ အများကြီး ရှိနေတယ်ဆိုတာကို သခင်ယေရှု ကြွလာခြင်းက ဖော်ပြနေတယ် သခင်ယေရှုကို ပြစ်တင်ညှင်းဆဲပြီး နောက်ဆုံး အဆုံးသတ်ချိန်မှာ ကားတိုင်တင်ပြီး ရက်ရက်စက်စက်သတ်လိုက်တာက ဘာသာရေးခေါင်းဆောင်တွေပဲဖြစ်တယ် ဒီအချက်က ဘာသာရေးခေါင်းဆောင်တွေဟာ ဘုရားသခင်ကို အစေခံနေတုန်းမှာပဲ ဘုရားကိုဆန့်ကျင်နေနိုင်တယ်ဆိုတာကို ပြနေပါတယ် ဘာသာရေးလောက က သင်းအုပ်ဆရာအများစုဟာ သမ္မာကျမ်းစာကို ရှင်းပြတဲ့အခါမှာ သူတို့ကိုယ်သူတို့ချီးမွမ်းတဲ့ သြဝါဒတချို့ကို အသုံးပြုလိမ့်မယ် ဒါပေမဲ့ တကယ်တော့ သူတို့ဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကို လက်တွေ့မကျင့်သုံးကြဘူး အထူးသဖြင့် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ဟာ သူတို့အပေါ်မှာ ကျရောက်လာတဲ့အခါ သူတို့ရဲ့သမ္မတရားကို မုန်းတီးခြင်းတွေနဲ့ စာတန်သဘောသဘာဝတွေဟာ ထင်ရှားလာလိမ့်မယ်။ အဲဒီဖြစ်ရပ်ကနေ သူတို့မလွတ်မြောက်နိုင်ဘူး သူတို့ရဲ့ငွေကြေးနဲ့ ရာထူးဂုဏ်အဆင့်အတန်းတွေကို ကာကွယ်ဖို့အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ဆန့်ကျင်ဖို့ ကောလဟာလ အမျိုးမျိုးတွေကို လွှင့်ကြပြီး သူတို့ရဲ့ယုံကြည်သူတွေကို ထိန်းချုပ်ကြလိမ့်မယ် သိုးစုကိုကာကွယ်ပြီး စစ်မှန်တဲ့လမ်းကို ကာကွယ်ဖို့အကြောင်းပြချက်နဲ့ သူတို့အသင်းတော်တွေကိုတောင် ပိတ်ပင်ခဲ့ကြတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို မလေ့လာအောင် လူတွေကို တားမြစ်ပိတ်ပင်ခဲ့တယ် အဆိုးဆုံးကတော့ သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ သူတို့ကိုယ်သူတို့ ဘယ်လိုတိုးတက်မလဲဆိုတာကိုပဲ ဂရုစိုက်တာ ဒီအချက်ကတော့ အခြားလူတွေကို လှောင်ပိတ်ပြီး ထိန်းချုပ်ဖို့ သူတို့ကို ဦးဆောင်စေတဲ့အရာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ခိုးယူဖို့ ကြိုးစားခဲ့ ကြတယ်။ အရှက်မရှိပဲ သူတို့ကိုယ်ပိုင် တရားဟောချက်တွေလိုမျိုး ဟန်ဆောင်ကြတယ် ဒီအချက်က သူတို့ဟာ ဂုဏ်အဆင့်အတန်းအတွက် ဘုရားသခင်နဲ့ယှဉ်ဖို့ မာနထောင်လွှားတဲ့ရည်ရွယ်ချက်တွေနဲ့လုပ်နေတယ်ဆိုတာကို ပြပါတယ် အဲဒီလို သင်းအုပ်ဆရာတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ သခင်ယေရှုမြေကြီးပေါ်မှာရှိနေတုန်းက ကိုယ်တော့်ကို မရပ်မနားဆန့်ကျင်ခဲ့တဲ့ ဖာရိရှဲတွေနဲ့ ဘာမှမခြားဘူး သူတို့အားလုံးဟာ သမ္မာတရားကို မုန်းတီးကြပြီး ဘုရားသခင်ရဲ့ရန်သူ အန္တိခရစ်တွေပဲ သူတို့တွေဟာ နတ်ဆိုးဖြစ်လာပြီး အခြားသူတွေအပေါ်မှာ အထင်သေးစွာဆက်ဆံပြီး လူတွေရဲ့စိတ်ဝိညာဉ်ကို ဝါးမျိုနေတာပဲ ကိုယ်တော့်ရဲ့စိတ်နေသဘောထားကို ပစ်မှားခဲ့တဲ့ သူတို့ဟာ ကိုယ်တော့်ရဲ့ဖြောင့်မတ်တဲ့ အပြစ်ပေးခြင်းကိုခံရမှာ သေချာတယ်

အောင်ပွဲဝင်တေး ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၉) ကျွန်မသိချင်တာက နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် က စာတန်ရဲ့ စွမ်းအားကနေ လူသားကို ကယ်တင်ဖို့ သူ့ရဲ့တရားစီရင်ခြင်း အမှုတော်ကို ဘယ်လို လုပ်ဆောင်လဲ အစ်ကိုတို့ရဲ့ အတွေ့အကြုံနဲ့ သက်သေခံချက်တွေအကြောင်း ကျွန်မတို့ကို ပြောပြနိုင်မလား

နောက်တစ်ခုသို့- မေးခွန်း (၁၁) အထူးသဖြင့် သင်းအုပ်ဆရာယွမ်ဟာ တချိန်တုန်းက ညှင်းပန်းနှိပ် စက်ခြင်းကို ခံခဲ့ရဖူးတယ်လေ အနန္တတန်ခိုးရှင်ဘုရားသခင်ကိုဆန့်ကျင်ပြီး စီစီပီ နဲ့ လက်တွဲဖို့ သူဆုံးဖြတ်ခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး ဒါဟာ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်တာပဲ မဟုတ်လား လောကမှာ ဒီလိုဖောက်ပြန်ပြီး လုံးလုံးမှားယွင်းနေတဲ့ သင်းအုပ်တွေက ဘယ်လိုလုပ်ပြီးရှိနေတာလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။