မေးခွန်း (၉) ကျွန်မသိချင်တာက နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် က စာတန်ရဲ့ စွမ်းအားကနေ လူသားကို ကယ်တင်ဖို့ သူ့ရဲ့တရားစီရင်ခြင်း အမှုတော်ကို ဘယ်လို လုပ်ဆောင်လဲ အစ်ကိုတို့ရဲ့ အတွေ့အကြုံနဲ့ သက်သေခံချက်တွေအကြောင်း ကျွန်မတို့ကို ပြောပြနိုင်မလား

အဖြေ- အဲဒါ သိပ်ကောင်းတဲ့ မေးခွန်းပဲ ကျွန်တော်တို့ ဒီအဓိကမေးခွန်းတွေကို နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို စူးစမ်းလေ့လာ ရှာဖွေတဲ့နေရာမှာ မေးသင့်တယ် ဒါက ကျွန်တော်တို့ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကို ရဖို့ ကျွန်တော်တို့အတွက် အရမ်း အကျိုးရှိတယ် အနန္တတန်ခိုးရှင်ဘုရားသခင်က လူကို စာတန်ရဲ့စွမ်းအားကနေ ကယ်တင်ဖို့ နောက်ဆုံးသောကာလရဲ့ သူ့ရဲ့ တရားစီရင်ခြင်းအမှုတော်ကို ဘယ်လို လုပ်ဆောင်သလဲ ဆိုတာနဲ့ ပတ်သတ်လို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အရင်ဖတ်ကြရအောင် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်)

အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားတွေကို စပြီး ဖော်ပြပြီး သူ့ရဲ့ တရားစီရင်ခြင်းအလုပ်တွေကို လုပ်ဆောင်လို့ ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို စားတာ၊ သောက်တာနဲ့ ပျော်မွေ့တာတွေကို စတင်လာကြတယ် အစည်းအဝေးတိုင်းမှာ သူတို့က သူတို့ရဲ့ သိနားလည်တာတွေကို မိဿဟာယဖွဲ့ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲက သမ္မာတရားတွေနဲ့ ဆိုင်တဲ့ သူတို့ရဲ့ တကယ့် အတွေ့အကြုံတွေကို ဆွေးနွေးကြလိမ့်မယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်နေသဘောထား၊ တရားစီရင်ခြင်း၊ လူရဲ့သဘာဝနဲ့ ဘုရားသခင်ကို ခုခံတော်လှန်ပြီး အပြစ်လုပ်တဲ့ အနှစ်သာရကို ဖော်ထုတ်တာ၊ လူက စာတန်ရဲ့ လှည့်ဖြားတာနဲ့ ထိန်းချုပ်တာကို ဘယ်လိုခံရလဲဆိုတာ ခွဲခြမ်းစိတ်ဖြာပြီး ဖော်ထုတ်တာ၊ စာတန်ရဲ့ကြီးစိုးရာအောက်မှာ အသက်ရှင်နေတုန်း ဘုရားသခင်ကို ခုခံတော်လှန်ပြီး သစ္စာဖောက်တဲ့ သူတို့ရဲ့ အခြေအနေအမျိုးမျိုးနဲ့ ဘုရားသခင်ရဲ့ဖြောင့်မတ်ပြီး၊ ကြီးကျယ်ခမ်းနားသလို ချိုးဖောက်လို့မရနိုင်တဲ့ စိတ်သဘောထားကို ထုတ်ဖော်ရင်း ဘုရားသခင်ရွေးကောက်ထားတဲ့ လူတွေအပေါ်ကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သက်ရောက်တယ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သူ့ရဲ့ အမျက်တော်ကိုရှုမြင်ပြီး လူသားဆီ သူ့ရဲ့ ဗျာဒိတ်တွေထဲက ကြီးကျယ်ခမ်းနားခြင်းကို ဘုရားသခင်ရွေးကောက်ထားတဲ့လူတွေက မြင်ရတယ် လူအားလုံးက ဘုရားသခင်ရှေ့မှာ လွန်လွန်ကဲကဲ နောင်တရပြီး အရမ်းရှက်တယ်လို့ခံစားရတယ် အဲဒါကြောင့်ပဲ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့အနှစ်သာရက ချိုးဖောက်လို့မရနိုင်ဘူးလို့ သူတို့ ခံစားရတယ် သူတို့က သူတို့ဘယ်လောက်အကျင့်ပျက်နေတယ်ဆိုတာနဲ့ ဘုရားသခင်ကို မျက်နှာချင်းမဆိုင်ရဲဘူးဆိုတာတွေကိုပဲ မြင်ရတယ် သူတို့အားလုံ့းက စာတန်ကို စက်ဆုပ်ရွံရှာပြီး သူတို့က စာတန်ရဲ့ စိတ်နေသဘောထားနဲ့ ပြည့်နေတယ်ဆိုတာကို စက်ဆုပ်ရွံရှာကြတယ် သူတို့မှာ တကယ့်လူအစစ်အမှန်နဲ့ တူညီတာ ဘာဆိုဘာမှမရှိပဲ စာတန်ရဲ့ ပြယုဂ်လိုပဲ လက်တွေ့ကျကျ အသက်ရှင်ကြတာကို သူတို့ မြင်ရတယ်၊ အဲဒီနောက်မှပဲ သူတို့က စစ်မှန်တဲ့နောင်တရတဲ့နှလုံးသားကို ပံ့ပိုးဖို့နဲ့ လူသစ်ဖြစ်လာဖို့ သမ္မာတရားကို လက်ခံချင်လာတာတွေကို စလုပ်ကြတယ် ကျွန်တော်တို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ဆုံးမခြင်းတွေကို တွေ့ကြုံခံစားတာအားဖြင့်နားလည်လာတာက အကျင့်ပျက်တဲ့လူသားက ဘုရားသခင်ကို ခုခံတော်လှန်ပြီး သစ္စာဖောက်နိုင်ပြီး ဖယ်ထွက်လိုက်တာ မရှိဘဲ အပြစ်ထဲမှာ အသက်ရှင်တာက စာတန်ရဲ့ စွမ်းအား အမျိုးမျိုးရဲ့ ထိန်းချုပ်မှုနဲ့ လှည့်စားခြင်းတွေကြောင့်ပဲ ဥပမာအားဖြင့် တရုတ်ကွန်မြူနစ်ပါတီရဲ့စွမ်းအား၊ ဘာသာရေး အန္တိခရစ်တွေရဲ့ စွမ်းအား၊ စာတန်ရဲ့ မိစ္ဆာဒိဋ္ဌိ အတွေးမှားတွေ၊ သဘောထားခံယူချက်တွေနဲ့ ဥပဒေတွေ အစရှိသဖြင့် စာတန်ရဲ့ ဒီစွမ်းအားတွေက မမြင်နိုင်တဲ့ ကျော့ကွင်းတွေလိုပဲ ခိုင်ခိုင်မာမာ ချည်နှောင်ထားပြီး ကျွန်တော်တို့အားလုံးကို ထိန်းချုပ်ထားတယ် အလင်းနဲ့ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းတွေကို မမြင်နိုင်အောင်လုပ်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို မဖမ်းဆုပ်နိုင်ပဲ အမှောင်ထဲမှာပဲနေပြီး ခါးခါးသီးသီး ရုန်းကန်နေရတယ် အဲဒါက လူသားရဲ့ အကျင့်ပျက်တဲ့ ဇောက်အနက်ကို မြင်ပြီး စာတန်ရဲ့ ထိန်းချုပ်တာခံရတဲ့ ကမ္ဘာက မှောင်ပြီး ဆိုးညစ်တယ်ဆိုတဲ့အချက်ကို မြင်နိုင်အောင်လုပ်ပေးတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ရဲ့တရားစီရင်ခြင်းပဲ ကျွန်တော်တို့က တရုတ်ကွန်မြူနစ်အစိုးရရဲ့လှည့်ဖြားပြီး ဒုက္ခပေးတဲ့ မကောင်းဆိုးဝါးအနှစ်သာရကို ရှင်းရှင်းလင်းလင်းမြင်ပြီး ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ သူတော်ကောင်းယောင်ဆောင်ပြီး သမ္မာတရားကိုမုန်းတဲ့ အန္တိခရစ်သဘာဝကို ရှင်းရှင်းလင်းလင်းမြင်သလို သူတို့ရဲ့ မိစ္ဆာဒိဋ္ဌိ အတွေးမှားတွေကို သတိပြုမိနိုင်ပြီး ကျွန်တော်တို့က စာတန်ရဲ့ လှည့်စားမှုနဲ့ အကျင့်ပျက်တာတွေကို အရမ်းနက်နက်နဲနဲကို ခံနေရတာကို နားလည်တယ် စာတန်ရဲ့ အဆိပ်အတောက်၊ အတွေးအခေါ်တွေနဲ့ ဥပဒေတွေက ကျွန်တော်တို့ရဲ့ သဘာဝဖြစ်လာခဲ့တယ် ကျွန်တော်တို့က ဒီအရာတွေအပေါ် ဆက်လက်ရှင်သန်နိုင်ဖို့ မှီခိုကြပြီး ကျွန်တော်တို့ လက်တွေ့အကောင်အထည် ဖော်နေတာက အားလုံးက စာတန်ရဲ့အရုပ်ဆိုး အကျည်းတန်တာဖြစ်တဲ့ စိတ်ကြီးဝင်တာနဲ့ ဘဝင်မြင့်တာ၊ ကျွန်တော်တို့ ကျေနပ်ဖို့ ဘာပဲ ဖြစ်ဖြစ်လုပ်တာ၊ တကိုယ်ကောင်းဆန်တာနဲ့ စက်ဆုပ်စရာကောင်းတာ၊ ကောက်ကျစ်တာနဲ့ လိမ်လည်လှည့်ဖြားတာ၊ မုသားတွေနဲ့ ပြည့်နေတာ သမ္မာတရားကို စိတ်ကုန်နေတာ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့နှလုံးသား လုံးဝမရှိတာ တွေပဲဖြစ်တယ် ကျွန်တော်တို့က တကယ့်လူနဲ့တူတဲ့အရာတစ်ခုမှမရှိဘဲ စာတန်ရဲ့ပြယုဂ်ဖြစ်လာတာ ကြာခဲ့ပြီ ဒါတောင် ကောင်းကင်နိုင်ငံတော်ထဲကိုခေါ်သွားခံရဖို့ ကြိုတင်မျှော်မှန်းနေသေးတယ် အရင်တုန်းက ကျွန်တော်တို့က ဘာသာရေးသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ လှည့်ဖြားတာတွေနဲ့ ထိန်းချုပ်တာ ခံရတယ် ကျွန်တော်တို့က စာတန်နောက်ကို လိုက်နေခဲ့ပြီး ဘုရားသခင်ကို ခုခံတော်လှန်နေခဲ့တယ်၊ ဒါပေမဲ့ အဲဒါကို ကျွန်တော်တို့ မသိခဲ့ဘူး ကျွန်တော်တို့က ဘုရားသခင်ကိုယုံကြည်တယ်၊ ဒါပေမဲ့ လူကို ကိုးကွယ်ပြီး လူရဲ့နောက်ကို လိုက်ပြီး အရာရာတိုင်းမှာသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို နားထောင်ပေမယ့် သမ္မာတရားကိုရှာဖွေဖို့နဲ့ ဘုရားသခင်ကို နာခံဖို့ကို မရွေးချယ်ခဲ့ဘူး ကျွန်တော်တို့က တကယ်ကို သနားစရာကောင်းပြီး မျက်စိကန်းနေကြတယ်၊ ဘုရားသခင်ကို မသိခဲ့ဘူး နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်ကို တွေ့ကြုံခံစားရလို့ ကျွန်တော်တို့က အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို တဖြည်းဖြည်း သိနားလည်လာတယ် ပြီးတော့အပြုသဘောဆောင်တဲ့ အရာတွေနဲ့ အပျက်သဘောဆောင်တဲ့အရာတွေကို ပိုပိုပြီး ခွဲခြားသိမြင်နိုင်လာပြီး ဘုရားသခင်ကို ပိုပိုပြီး သိလာတယ် ကျွန်တော်တို့ရဲ့ အသက်တာနဲ့ တန်ဖိုးရှိမှုတွေအပေါ် သဘောထားအမြင်ကလည်း ပြောင်းလာတယ် ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့ စိတ်နေသဘောထားကလည်း တဖြည်းဖြည်း သန့်စင်လာပြီး စာတန်ရဲ့ စွမ်းအားက ဆက်ပြီး မပိတ်ထားနိုင်တော့ဘူး စာတန်နဲ့ဆိုင်တဲ့ မိစ္ဆာဒိဋ္ဌိ အတွေးမှားတွေအားလုံးက ကျွန်တော်တို့ကို ဆက်ပြီး လွယ်လွယ်နဲ့မလှည့်ဖြားနိုင်တော့ဘူး ကျွန်တော်တို့အားလုံးက လောကီမိသားစုတွေထဲက ကျေးကျွန်ဘဝတွေအားလုံးကနေ လွတ်မြောက်ခြင်းကို ရရှိကြတယ် ကျွန်တော်တို့က ဘုရားသခင်ရှေ့မှာ ဖန်ဆင်းခံတစ်ယောက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ တာဝန်ကို ဖြည့်ဆည်းရင်း၊ တစ်ရက်စီမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ လက်တွေ့လုပ်ဆောင်အသက်ရှင်ရင်းနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ရဲ့ တကယ့်လက်တွေ့ သမ္မာတရားကို တဖြည်းဖြည်း ဝင်စားရင်းနဲ့ လွတ်လွတ်လပ်လပ် စပြီးအသက်ရှင်ကြတယ် ဒါက ကျွန်တော်တို့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ ဘယ်လို မျက်နှာချင်းဆိုင် တွေ့ကြုံခံစားသလဲဆိုတာဖြစ်တယ် ကျွန်တော်တို့ရဲ့ တာဝန်ကိုဖြည့်ဆည်းတဲ့အခါ ကျွန်တော်တို့က ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာမှာအသက်ရှင်ဖို့ ဘုရားသခင်ရဲ့ ဆုံးမပဲ့ပြင်တာ၊ ပြုပြင်တာနဲ့ ရိုက်နှက်ဆုံးမတာတွေကိုလည်း မကြာခဏလက်ခံတယ် ကျွန်တော်တို့အားလုံးက နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်က အရမ်းကို လက်တွေ့ကျလွန်းတယ်လို့ တကယ်ကို ခံစားရတယ် အဲဒါက လူတွေကို တကယ်ကို ကယ်တင်နိုင်ပြီး ပြည့်စုံစေနိုင်တယ် ကျွန်တော်တို့ တကယ်ကို အသိအမှတ်ပြုတာက ခရစ်တော်ရဲ့ ထိုင်ခုံရှေ့မှာ တရားစီရင်ခြင်းကို လက်ခံတာအားဖြင့်ပဲ လူက သမ္မာတရားနဲ့ အသက်ကို ရနိုင်တယ် နောက်ဆုံးသောကာလရဲ့ခရစ်တော်ယူဆောင်လာတာက ထာဝရအသက်လမ်းပဲဖြစ်တယ်။ ဒါက အပြည့်အဝကို မှန်တယ်

ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၈) ဘာသာရေးလောကက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ အုပ်စိုးတာကို ခံရပြီး သူတို့က ဖာရိရှဲတွေရဲ့လမ်းကို လျှေက်တဲ့ သူတော်ကောင်းယောင်ဆောင်တဲ့သူတွေဖြစ်ပေမယ့် သူတို့ရဲ့ အပြစ်တွေက ငါတို့နဲ့ ဘယ်လိုဆိုင်မလဲ ကျွန်မတို့ သူတို့ကို နားထောင်ပြီး သူတို့နောက်ကိုလိုက်ပေမယ့် ကျွန်မတို့ယုံကြည်တာက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေမဟုတ်ဘဲ သခင်ယေရှုကိုပဲဖြစ်တယ် ကျွန်မတို့က ဖာရိရှဲတွေရဲ့ လမ်းမှာ မစခဲ့ဘူးလို့ ခံစားရတယ် ဘယ်လိုဖြစ်ပြီး ဖာရိရှဲတွေ ဖြစ်လာရတာလဲ

နောက်တစ်ခုသို့- မေးခွန်း (၁၀) သင်းအုပ် ယွမ်ဟာ ကျမ်းစာကို တကယ်သိတယ်။ သူက နှိမ့်ချဖို့ သည်းခံဖို့ သစ္စာရှိဖို့ပြောတယ် သူက လက်ခံချင်စရာကောင်းတယ် ဘာသာတရားအတော်ကိုင်းရှိုင်းပုံပေါ်တယ် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်အမှုတော်အကြောင်း မင်းရဲ့သက်သေခံချက်ကို သင်းအုပ် ယွမ်လည်း နားထောင်ခဲ့တယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်လို့ သူမြင်တယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ ဘာလို့ သူက လက်မခံတာလဲ ဘာကြောင့် သူက ဒီကောလဟာလတွေ ပြစ်တင်ရှုတ်ချခြင်းတွေနဲ့ ဘုရားရဲ့အဆုံးသတ်အမှုတော်ကို ဆန့်ကျင်တာတွေကို ဖြန့်နေတာလဲ နောက်ပြီး လူတွေကို အနန္တတန်ခိုးရှင်ဘုရားသခင်ဆီ မရောက်ဖို့ ဘာကြောင့်တားဆီးနေတာလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။