မေးခွန်း (၈) ဘာသာရေးလောကက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ အုပ်စိုးတာကို ခံရပြီး သူတို့က ဖာရိရှဲတွေရဲ့လမ်းကို လျှေက်တဲ့ သူတော်ကောင်းယောင်ဆောင်တဲ့သူတွေဖြစ်ပေမယ့် သူတို့ရဲ့ အပြစ်တွေက ငါတို့နဲ့ ဘယ်လိုဆိုင်မလဲ ကျွန်မတို့ သူတို့ကို နားထောင်ပြီး သူတို့နောက်ကိုလိုက်ပေမယ့် ကျွန်မတို့ယုံကြည်တာက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေမဟုတ်ဘဲ သခင်ယေရှုကိုပဲဖြစ်တယ် ကျွန်မတို့က ဖာရိရှဲတွေရဲ့ လမ်းမှာ မစခဲ့ဘူးလို့ ခံစားရတယ် ဘယ်လိုဖြစ်ပြီး ဖာရိရှဲတွေ ဖြစ်လာရတာလဲ

အဖြေ- ဘာသာတရားထဲမှာဖာရိရှဲတွေကို မျက်ကန်းယုံကြည်ကိုးကွယ်ပြီး ဖာရိရှဲတွေနောက်ကို လိုက်နေတဲ့ လူတွေအများကြီးရှိတယ် သူတို့လျှောက်တဲ့လမ်းက ဖာရိရှဲတွေရဲ့ လမ်းဟုတ် မဟုတ်ဆိုတာ ညီအစ်ကို မောင်နှမတို့ စဉ်းစားကြည့်တာနဲ့ ရှင်းနေပါတယ် ညီအစ်ကို မောင်နှမတို့ နှလုံးသားထဲမှာ ဖာရိရှဲတွေကို ကိုးကွယ်ပြီး ကာကွယ်တယ်လို့ ပြောရဲရင် သူတို့ရဲ့ အပြစ်တွေနဲ့ကော ဘာမှ မသက်ဆိုင်တော့ဘူးလား ညီအစ်ကို မောင်နှမတို့က သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေနောက်လိုက်တယ်လို့ ပြောရဲပေမယ့် ဘုရားသခင်ကို ခုခံတော်လှန်တဲ့ သူတွေဖြစ်တဲ့သူတို့နဲ့ မတူဘူးလား ဒီလို ရိုးရှင်းတဲ့မေးခွန်းမျိုးကို ကျွန်တော်တို့ ထိုးဖောက်မမြင်နိုင်သေးဘူးလား ညီအစ်ကို မောင်နှမတို့ လိုက်တဲ့ လူအမျိုးအစားက ညီအစ်ကို မောင်နှမတို့ လျှောက်တဲ့လမ်း အမျိုးအစားပဲ ညီအစ်ကို မောင်နှမတို့က ဖာရိရှဲတွေနောက်ကို လိုက်ရင် ဖာရိရှဲတွေရဲ့လမ်းပေါ်ကို ရောက်နေတာပဲ ညီအစ်ကို မောင်နှမတို့က ဖာရိရှဲတွေရဲ့ လမ်းကို လျှောက်ရင် ဖာရိရှဲလို တူညီတဲ့ လူမျိုး အလိုလို ဖြစ်သွားတာပဲ ဘယ်သူနောက်ကို လိုက်သလဲနဲ့ ဘာလမ်းကို သူတို့ရွေးသလဲဆိုတာက သူတို့ရဲ့ သဘာဝနဲ့ တိုက်ရိုက်စပ်ဆက်တယ် ဖာရိရှဲတွေနောက်ကို လိုက်တဲ့ ဘယ်သူမဆို ဖာရိရှဲတွေလို တူညီတဲ့အနှစ်သာရနဲ့ သဘာဝရှိတယ် ဒါက မငြင်းနိုင်တဲ့ အမှန်တရားပဲ ဖာရိရှဲတွေရဲ့ အနှစ်သာရက သူတော်ကောင်းယောင်ဆောင်တာပဲ သူတို့က ဘုရားသခင်ကို ယုံကြည်ပေမယ့် သမ္မာတရားကို မချစ်ဘူး ဒါမှမဟုတ် အသက်ကို မရှာဘူး သူတို့က သူတို့ရဲ့ကိုယ်ပိုင် အယူအဆနဲ့ စိတ်ကူးယဉ်ထားတဲ့ ကောင်းကင်ပေါ်မှာရှိတဲ့ မရေရာတဲ့ ဘုရားကိုပဲယုံကြည်ပေမယ့် လူဇာတိခံတဲ့ခရစ်တော်ကို မဝန်ခံ ဒါမှမဟုတ် မယုံကြည်ကြဘူး အတိအကျပြောရရင်၊ သူတို့က အားလုံး မယုံကြည်သူတွေပဲ သူတို့ရဲ့ ဘုရားသခင်ကိုယုံကြည်တာက ဘာသာရေးယုံကြည်မှုဆိုင်ရာတွေကို သုတေသနပြုတာဖြစ်ပြီး သုတေသနလုပ်ဖို့ အသိပညာပုံစံလိုမျိုး ဘုရားသခင်ကို ယုံကြည်ခြင်းကို ဆက်ဆံနေတာပဲ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းက သမ္မာကျမ်းစာနဲ့ ဘာသာရေးယုံကြည်မှုဆိုင်ရာတွေကို သုတေသနလုပ်တာပေါ်မှာ မှီခိုနေတယ် သူတို့ရဲ့ နှလုံးသားထဲမှာ သမ္မာကျမ်းစာက သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းပဲ သူတို့က သမ္မာကျမ်းအသိပညာတွေနဲ့ ဘာသာရေးယုံကြည်မှုဆိုင်ရာအယူအဆတွေကို ရှင်းပြတာ ပိုကောင်းလေလေ သူတို့ကို ကိုးကွယ်တဲ့လူတွေပိုများလေလေလို့ သူတို့ထင်ကြပြီး သူတို့ တရားဟောစင်မြင့်မှာ ပိုမြင့်မြင့်နဲ့ ပိုခိုင်ခိုင်မာမာရပ်နိုင်လေလေ သူတို့ရဲ့ ဂုဏ်အဆင့်အတန်းတွေ ပိုပြီး အတည်တကျ ရှိလိမ့်မယ်လို့ သူတို့ ထင်ကြတယ် အဲဒါက ရှင်းလင်းတိကျတယ်လေ ဘာဖြစ်လို့လဲဆိုရင် ဖာရိရှဲတွေက သူတို့ရဲ့ဂုဏ်အဆင့်အတန်းနဲ့ အသက်မွေးဝမ်းကြောင်းတွေအတွက်ပဲ အသက်ရှင်နေကြတဲ့ လူတွေမို့လို့ပဲ ပြီးတော့ သူတို့က သမ္မာတရားကို စိတ်ကုန်ပြီး အထင်အမြင်သေးတဲ့လူတွေပဲ သခင်ယေရှုက လူဇာတိခံပြီး အမှုတော်အတွက် ကြွလာတဲ့အခါ သူတို့က သူတို့ရဲ့ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနဲ့ အသက်မွေးဝမ်းကြောင်းတွေကို ကာကွယ်ဖို့၊ သူတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေ၊ စိတ်ကူးယဉ်တာတွေနဲ့ သမ္မာကျမ်း အသိပညာတွေကို ခေါင်းမာမာနဲ့ စွဲကိုင်ထားခဲ့ကြတယ် ဘုရားသခင်ကို ဆန့်ကျင်ပြီး သခင်ယေရှုကို ရှုတ်ချပြီး ခုခံဖို့ ဘာကို မဆို လုပ်ကြတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အရ ကျွန်တော်တို့က ဖာရိရှဲတွေရဲ့ သမ္မာတရားမုန်းတဲ့ အနှစ်သာရနဲ့ ဘုရားကို ခုခံတော်လှန်တဲ့သူတို့ရဲ့ အရင်းအမြစ်တွေကို အပြည့်အဝ မြင်နိုင်တယ် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။...မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)လက်တွေ့ကျမှုကို မလိုက်စားသော သူများစွာတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး၊ အန္တိခရစ်များ ဖြစ်လာကြ၏။ ဤအရာသည် သိသာထင်ရှားသော အမှန်တရားတစ်ခု မဟုတ်လော။ ဘုရားသခင် လူ့ဇာတိ မခံယူသေးသည့် အတိတ်ကာလတွင်၊ သင်သည် ဘာသာရေး ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်ကောင်း ဖြစ်ခဲ့ပေမည်။ ဘုရားသခင်က လူ့ဇာတိ ဖြစ်လာခဲ့ပြီးနောက်၊ ထိုကဲ့သို့ ဘုရားတရား ကိုင်းရှိုင်းသော ယုံကြည်သူများစွာသည် အမှတ်တမဲ့ အန္တိခရစ်များ ဖြစ်လာကြသည်။ ဤနေရာတွင် မည်သို့ဖြစ်သည်ကို သင်သိသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ချက်အရ၊ သင်သည် လက်တွေ့ကျမှုကို အာရုံမစိုက် သို့မဟုတ် သမ္မာတရားကို မလိုက်စားပေ၊ သို့သော် ထိုအစား၊ မုသားများအပေါ် စွဲလမ်းလေသည်- ဤသည်မှာ လူ့ဇာတိခံဘုရားသခင်ကို ထားသော သင့်ရန်ငြိုး၏ အရှင်းလင်းဆုံး အရင်းအမြစ် ဖြစ်သည် မဟုတ်လော။ လူ့ဇာတိခံဘုရားသခင်ကို ခရစ်တော်ဟု ခေါ်သည်၊ ထို့ကြောင့် လူ့ဇာတိခံဘုရားသခင်ကို မယုံကြည်သောသူ အပေါင်းတို့သည် အန္တိခရစ်များဖြစ်ကြသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏) ဒါက ဘာသာရေးဖာရိရှဲတွေက သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတယ်ဆိုတဲ့ သဘာဝကို ပြနေတာပဲ သူတို့က သူတို့ရဲ့ ကိုယ်ပိုင်အယူအဆနဲ့ စိတ်ကူးယဉ်မှုတွေကိုပဲ ယုံကြည်ကြတယ် သူတို့က သူတို့ကိုယ်တိုင် သုတေသနလုပ်ပြီး ချဲ့ထွင်ထားတဲ့ ဘာသာရေးယုံကြည်မှုဆိုင်ရာ အယူအဆတွေကိုပဲ ယုံကြည်ကြပေမဲ့ သူတို့က လူဇာတိခံ ခရစ်တော် ဒါမှမဟုတ် ခရစ်တော် ဖော်ပြထားတဲ့ သမ္မာတရားတွေကို မယုံကြည်ကြဘူး သူတို့အားလုံးက လူဇာတိခံ ဘုရားသခင်ရဲ့ ရန်သူတွေပဲ သူတို့အားလုံးက နောက်ဆုံးသောကာလမှာ လူဇာတိခံ ဘုရားသခင်ရဲ့ အမှုတော်က ဖော်ထုတ်ခဲ့တဲ့ အန္တိခရစ်တွေပဲ သူတို့နောက်ကိုလိုက်တဲ့လူတွေက သူတို့နဲ့အတူတူပဲ သူတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးယဉ်တွေ၊ သမ္မာကျမ်း အသိပညာတွေနဲ့ ဘာသာရေးယုံကြည်မှုဆိုင်ရာ အယူအဆတွေကိုရောပဲ ခေါင်းမာမာနဲ့ စွဲကိုင်ထားတယ် သူတို့က သူတို့ရဲ့ ခရစ်တော်ကို ငြင်းဆန်တာ၊ ခရစ်တော်ကို ခုခံတော်လှန်တာနဲ ရှုတ်ချတာ၊ ခရစ်တော်ကို ရန်သူအဖြစ်ဆက်ဆံတာနဲ့ သမ္မာတရားကို လက်ခံဖို့ ငြင်းတာတွေနာက်ကို လိုက်ကြတယ် ဒီအဖြစ်မှန်တွေက ဖာရိရှဲတွေနောက်ကို လိုက်တဲ့ လူတိုင်းကလည်း သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတယ်ဆိုတဲ့ သဘာဝနဲ့ အနှစ်သာရတွေအရ သက်သေပြဖို့ လုံလောက်တယ် သူတို့လျှောက်တဲ့လမ်းက ဖာရိရှဲတွေလျှောက်တဲ့လမ်းဖြစ်တယ်ဆိုတာ အတိအကျပဲ သူတို့က ဖာရိရှဲတွေလိုပဲ အမျိုးအစားတူပြီး ခရစ်တော်ကိုဆန့်ကျင်တဲ့ လူတွေအားလုံးပဲ ဒါက အားလုံးမြင်နိုင်တဲ့ အချက်ပဲ.. အဲဒါကို နောက်ဆုံးသောကာလရဲ့ ဘုရားသခင်ရဲ့ အမှုတော်က အပြည့်အဝ ဖော်ထုတ်ခဲ့တယ်

ဘာသာတရားမှာ ဖာရိရှဲတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ ဘုရားသခင်ကို ယုံကြည်တဲ့သူအားလုံးက အပြည့်အဝ သူတို့ကို နားထောင်ပြီး သူတို့နောက်ကိုလိုက်ကြတယ် သူတို့လိုပဲ သူတို့က သမ္မာကျမ်းစာနဲ့ ဘာသာရေးယုံကြည်မှုဆိုင်ရာလေ့လာမှုတွေကိုပဲ လေ့လာကြတယ် သမ္မာကျမ်း အသိပညာနဲ့ ဘာသာရေးဆိုင်ရာလေ့လာမှု အယူအဆတွေကိုပဲ အာရုံစိုက်ကြပြီး သမ္မာတရားကိုရှာဖွေတာ ဒါမှမဟုတ် သခင့်ရဲ့ စကားတွေကို လက်တွေ့လုပ်ဆောင်တာတွေကို ဘယ်တော့မှ အာရုံမထားကြဘူး ဖာရိရှဲတွေလိုပဲ ကောင်းကင်မှာရှိတဲ့ မရေရာ မတိကျတဲ့ ဘုရားသခင်ကိုပဲ ယုံကြည်ကြပေမဲ့ နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို မယုံကြည်ကြဘူး အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေက ဘယ်လောက်ပဲ သြဇာအာဏာရှိပြီး တန်ခိုးရှိရှိ သူတို့က သူတို့ရဲ့ အယူအဆနဲ့ စိတ်ကူးတွေကို ခေါင်းမာမာနဲ့ စွဲကိုင်နေသေးပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ခုခံတော်လှန် ရှုတ်ချကြတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေနောက်ကို လိုက်ကြတယ် ပြောစရာမလိုအောင်ပဲ ဒီလိုမျိုးလူတွေက ဖာရိရှဲလိုပုံစံတူ လူမျိုးတွေဖြစ်ပြီး ဖာရိရှဲတွေရဲ့ ဘုရားသခင်ကို ခုခံတော်လှန်တဲ့လမ်းကို လျှောက်နေကြတယ် ဒီလိုမျိုးလူတွေက ဖာရိရှဲတွေနောက်ကို မလိုက်ဘူးဆိုရင်တောင် သူတို့က ဖာရိရှဲလိုပဲ ပုံစံတူတွေပဲ ဖြစ်နေကြပြီး သူတို့ရဲ့ သဘာဝနဲ့ အနှစ်သာရတွေက ဖာရိရှဲတွေနဲ့ အတူတူပဲဖြစ်လို့ သူတို့က ဖာရိရှဲတွေရဲ့ သားစဉ်မြေးဆက်လည်းဖြစ်ကြတယ် သူတို့က သူတို့ကိုယ်သူတို့ပဲ ယုံကြည်တဲ့ မယုံကြည်သူတွေဖြစ်ပေမဲ့ သမ္မာတရားကို မချစ်ကြဘူး သူတို့က ခရစ်တော်ကို ဆန့်ကျင်ပြီး သမ္မာတရားကို စက်ဆုပ်ရွံရှာတဲ့ အန္တိခရစ်တွေဖြစ်တယ် အနန္တတန်ခိုးရှင် ထုတ်ဖော်ပြသလိုပဲ “အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် မကောင်းမှု ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဒါသမ္မာတရား မဟုတ်လား ဘာသာတရားထဲက လူတွေက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေနောက်လိုက်တဲ့အခါ သူတို့က နားထောင်ရုံပဲမဟုတ်၊ သူတို့ကို ကာကွယ်ဖို့ သူတို့ လုပ်နိုင်တာတွေအားလုံးလုပ်တယ် ဘာသာရေးသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို တစ်ယောက်ယောက်က ဖော်ထုတ်တာကို ကြားတာနဲ့ ဒီလူတွေက စိတ်မသက်မသာဖြစ်လာပြီး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို ကာကွယ်ဖို့ ထွက်လာကြလိမ့်မယ် ဒီမှာ ပြဿနာက ဘာလဲ ဒီလူတွေက သူတို့ရဲ့ နှလုံးသားတွေထဲမှာ ဘုရားသခင်အတွက် နေရာမရှိပေမယ့် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေအတွက်ပဲ ရှိတယ်ဆိုတာ ဒါက သက်သေပြဖို့ မလုံလောက်ဘူးလား ဒီလူတွေရဲ့ နှလုံးသားတွေထဲမှာ ဘာသာရေးသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘုရားသခင်ထက် အားလုံး ပိုမြင့်နေတယ် ဒါက ဘာပြဿနာကို ပြလဲ လူက ဘုရားသခင်ကို ခုခံတော်လှန်တဲ့အခါ ဘုရားသခင်ကို ကာကွယ်ဖို့ ထွက်လာတဲ့သူသိပ် များများ မရှိဘူး ဘုရားသခင်ကို ရပ်တည်ပေးနိုင်ပြီး သက်သေခံပေးတဲ့သူ သိပ်များများ မရှိဘူး ဒါပေမဲ့ ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ ဖာရိရှဲ အနှစ်သာရတွေ ထုတ်ဖော်ခံရတာနဲ့ ဘာဖြစ်လို့ လူတွေအများကြီးက သူတို့ရဲ့ ကိုယ်စား ငိုပြီး သူတို့ကို ကာကွယ်ဖို့ ထွက်လာကြတာလဲ ဒါက ဒီလူတွေက ဖာရိရှဲတွေရဲ့ တာဝန်ကျေတဲ့ သားစဉ်မြေးဆက်တွေ ဖြစ်တယ်ဆိုတာကို သက်သေပြဖို့ လုံလောက်တယ် သူတို့က အန္တိခရစ်တော်တွေရဲ့ ကြံရာပါတွေနဲ့ လက်ပါးစေတွေပဲ ဒါက ဘယ်သူမှ မငြင်းနိုင်တဲ့အချက်တစ်ခုပဲ

ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၇) ယုံကြည်သူတော်တော်များများက ဒါကို ထိုးဖောက်မမြင်သေးဘူး သူတို့ထင်တာ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကြောင့် မဟုတ်ပဲ ဘာသာတရားထဲက ဘုရားသခင်ကို ယုံကြည်တာအားဖြင့် သူတို့က သခင်ယေရှုကို ယုံကြည်တာဖြစ်တယ် ဒါဆိုရင် သူတို့က ဘယ်လိုဖြစ်ပြီး ကယ်တင်မခံရတာလဲ

နောက်တစ်ခုသို့- မေးခွန်း (၉) ကျွန်မသိချင်တာက နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် က စာတန်ရဲ့ စွမ်းအားကနေ လူသားကို ကယ်တင်ဖို့ သူ့ရဲ့တရားစီရင်ခြင်း အမှုတော်ကို ဘယ်လို လုပ်ဆောင်လဲ အစ်ကိုတို့ရဲ့ အတွေ့အကြုံနဲ့ သက်သေခံချက်တွေအကြောင်း ကျွန်မတို့ကို ပြောပြနိုင်မလား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။