မေးခွန်း (၇) ယုံကြည်သူတော်တော်များများက ဒါကို ထိုးဖောက်မမြင်သေးဘူး သူတို့ထင်တာ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကြောင့် မဟုတ်ပဲ ဘာသာတရားထဲက ဘုရားသခင်ကို ယုံကြည်တာအားဖြင့် သူတို့က သခင်ယေရှုကို ယုံကြည်တာဖြစ်တယ် ဒါဆိုရင် သူတို့က ဘယ်လိုဖြစ်ပြီး ကယ်တင်မခံရတာလဲ

အဖြေ- ဘာသာတရားဆိုတာ ဘယ်လို နေရာမျိုးလဲ အဲဒါက ဖာရိရှဲတွေရဲ့ ကမ္ဘာ၊ အန္တိခရစ်တွေရဲ့ အသိုက်ဟောင်းပေါ့ ဘုရားသခင်ကိုယုံကြည်တာကြောင့် ကယ်တင်တာခံရတယ်လို့ထင်ရင် ဒါက ဖြစ်ချင်တာပဲ ဘာဖြစ်လို့ တစ်ယောက်က ဘာသာတရားထဲက ဘုရားသခင်ကို ယုံကြည်ရင် ကယ်တင်မခံရတာလဲ အဓိကအကြောင်းရင်းက နောက်ဆုံးသောကာလမှာ ဘုရားသခင်က အမှုတော်သစ်ကို လုပ်ဆောင်တဲ့အခါ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်က ဘုရားသခင်ရဲ့ အမှုတော်သစ်နဲ့အတူ ရွှေ့ပြောင်းလာနေပြီး ဘာသာရေးလောက က သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ပျောက်ဆုံးတာကြောင့် အသုံးချလို့မရတဲ့ မြေဖြစ်လာတယ် ဒါ့အပြင် ဘာသာရေးလောကက သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေရဲ့ ထိန်းချုပ်တာကို အပြည့်အဝခံနေရပြီး ဘုရားသခင်ကို ဆန့်ကျင်တဲ့ နေရာတစ်ခုဖြစ်လာခဲ့တာ ကြာနေပြီ သန့်ရှင်းသောဝိညာဉ်တော်က ဘာသာတရားထဲမှာ အလုပ်မလုပ်တာသာမက လူဇာတိခံ ဘုရားသခင်ကလည်း ဘာသာတရားထဲကို အလုပ်လုပ်ဖို့ မလာဘူး ဒါကြောင့် တစ်ယောက်က နောက်ဆုံးသောကာလရဲ့ ဘုရားသခင်ရဲ့အမှုတော်ကို ဘာသာတရားထဲက ဘုရားသခင်ကိုယုံကြည်တာနဲ့ တွေ့ကြုံခံစားနိုင်မှာမဟုတ်ဘူး သူတို့က နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မစား၊ မသောက်နဲ့ မပျော်မွေ့နိုင်ပဲ ဒါ့ကြောင့် အမှောင်ထဲကို လွယ်လွယ်ကူကူကျတယ် တကယ်လို့ လူတွေက အခု စစ်မှန်တဲ့လမ်းကို မရှာဖွေ၊ မစူးစမ်း မလေ့လာရင် အဲဒါက အသုံးချလို့မရတဲ့မြေမှာ ပြိုလဲဖို့ အရမ်းလွယ်သွားပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရမှာ မဟုတ်ဘူး ဘာသာရေးလောကရဲ့ အသုံးချလို့မရတဲ့မြေထဲကို ကျသွားတဲ့လူတွေက အစည်းအဝေးတွေ အတောအတွင်းမှာ သမ္မာကျမ်းစာကိုပဲ စွဲကိုင်ပြီး ဘုရားသခင်ရဲ့ လက်ရှိ နှုတ်ကပတ်တော်ထဲမှာ မပျော်မွေ့နိုင်ကြဘူး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်နဲ့ လမ်းပြမှုသာ မရှိရင်၊ လူတွေယုံကြည်တဲ့ ဘုရားသခင်က မရေရာ မတိကျတာတစ်ခုဖြစ်နေမယ် သူတို့အားလုံးရဲ့ အစည်းအဝေးတွေမှာ မိဿဟာယဖွဲ့တာက ဘုရားသခင်ရဲ့ အမှုတော်ရဲ့ မှတ်တမ်းတွေအကြောင်းနဲ့ လွန်ခဲ့တဲ့အချိန်က သမ္မာကျမ်းစာထဲက ဖွင့်ပြခြင်းတွေပဲ ဖြစ်တယ် ဒီလိုမျိုးလူတွေက နောက်ဆုံးသောကာလရဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း နဲ့ ဘုရားသခင်ရဲ့ ကတိတော်ကိုဘယ်လိုများ ရနိုင်ပါ့မလဲ အဲဒါက အရင်တုန်းက သခင်ယေရှု ဘုရားကျောင်းရဲ့ အပြင်မှာ စပြီး အလုပ်လုပ်တာနဲ့ပဲ တူတယ် ဘုရားကျောင်းက သူခိုးတွေရဲ့ ဒုစရိုက် အသိုက်အမြုံ ဖြစ်တဲ့ ပရမ်းပတာ အသုံးချလို့မရတဲ့မြေဖြစ်လာတယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့က သခင်ယေရှုရဲ့ အမှုတော်နောက်ကို မလိုက်ကြဘဲ ဘုရားကျောင်းထဲမှာ ကျန်ရစ်တဲ့ သူတွေက သခင်ရဲ့ ကယ်တင်ခြင်းကို လွယ်လွယ်ကူကူ အဆုံးရှုံးခံပြီး ပညတ်တရားနဲ့ စည်းမျဉ်းဟောင်းတွေကို စွဲကိုင်ထားနေကြသေးတယ် အဲဒီလိုပဲ အခု နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က သူ့ရဲ့ တရားစီရင်ခြင်း အမှုတော်ကို ဘုရားသခင်ရဲ့ အိမ်တော်ကနေအစပြုပြီး လုပ်ဆောင်ခဲ့ပြီး လူသားကို သန့်စင်ဖို့နဲ့ တရားစီရင်ဖို့ သမ္မာတရားကို ဖော်ပြတယ် လူကို ဘုရားသခင်ရဲ့ ကယ်တင်ခြင်းရရှိဖို့ နဲ့ စာတန်ရဲ့ စွမ်းအားတွေနဲ့ အကျင့်ပျက်တဲ့စိတ်နေသဘောထားကနေ လွတ်မြောက်စေဖို့ လုပ်ပေးခဲ့ပြီး ဘုရားသခင်အားဖြင့် အောင်မြင်သောသူတစ်ယောက်အဖြစ် ပြည့်စုံပြီး သူ့ရဲ့ နိုင်ငံတော်ဆီကို တိုက်ရိုက်ခေါ်သွားခဲ့တယ် ဒါက ရွှေအခွင့်အရေးပဲ တကယ်လို့ လူက နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နောက်ကို မလိုက်ရင် သူတို့က ကယ်တင်ခြင်းရဖို့ မတတ်နိုင်ဘဲ ကောင်းကင်နိုင်ငံတော်ကို ဝင်ရမှာ မဟုတ်ဘူး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက တချို့ဖတ်ရအောင် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံပေါ်သည်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်ပုံ ပေါ်လေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် သင့်လျော်ဖို့ မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် လုပ်ဆောင်ချက်ကိုပင် မပိုင်ဆိုင်ကြပေ။... ၎င်းတို့သည် ဘုရားသခင်၏ အမှုအားလုံးနှင့် ဘုရားသခင်၏ လက်ရှိအလိုတို့ကို သိရန်မဆိုထားနှင့်၊ လူ၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့နှင့်သက်ဆိုင်သည့် အသိပညာမရှိ၊ လူသား၏ မကောင်းမှုပြုခြင်း အားလုံးနှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ ၎င်းတို့အားလုံးသည် မသိနားမလည်ကြသည့် လူများ၊ ယုတ်ညံ့သော လူများ ဖြစ်ကြပြီး၊ ယုံကြည်သူများဟု ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု)ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) ဒါက နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်မခံတဲ့သူတွေအားလုံးနဲ့ ဘုရားသခင်ရဲ့ လက်ရှိအမှုတော်နဲ့ နှုတ်ကပတ်တော်ကို မနာခံတဲ့သူတွေက ဘုရားသခင် စက်ဆုပ်ရွံရှာတဲ့ အရာတွေပဲဆိုတာကို ပြတယ် ဒီနည်းနဲ့ ဘာသာရေးနယ်ပယ်တွေမှာ ကျန်ရစ်တဲ့သူတွေက ဘုရားသခင်ရဲ့ လမ်းပြမှုကို အလိုလို ဆုံးရှုံးကြပြီး ဘုရားသခင်ရဲ့ တကယ့်နှုတ်ကပတ်တော်ရဲ့ ထောက်ပံ့တာကို မရနိုင်ကြဘူး သူတို့က အမှောင်ထဲကိုပဲ ကျနိုင်ပြီး နောက်ဆုံးသောကာလရဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးပြီး ဖယ်ရှားခံရမယ် အဲဒါက ကျေးဇူးတော်ခေတ် တုန်းကလိုပဲ လူတွေက သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို အလိုလို ဆုံးရှုံးခံပြီး ပညတ်တော်ခေတ်က အလုပ်နဲ့စည်းမျဉ်းတွေကို စွဲကိုင်ထားကြသေးတယ် နိုင်ငံတော်ခေတ်မှာ လူသားတွေဟာ ကျေးဇူးတော်ခေတ်တုန်းက စည်းမျဉ်းစည်းကမ်းတွေနဲ့အမှုတွေကို ဆုပ်ကိုင်ထားကြဆဲ ဖြစ်နေမယ်ဆိုရင် သူတို့ကဘုရားသခင်ရဲ့ စွန့်ပစ်တာနဲ့ ဖယ်ရှားတာကိုခံရမှာဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲကို ကယ်တင်ခံရမှာမဟုတ်ဘူး ဒါက ဘယ်သူမှပြောင်းလဲလို့မရတဲ့ အချက်ပဲ

ဘာသာတရားထဲက ဘုရားသခင်ကို ယုံကြည်ပြီး ကယ်တင်ခံချင်နေသေးရင် အဲဒါက စိတ်ကူးယဉ် အိပ်မက်ပဲမဟုတ်လား လက်တစ်ဖက်မှာ စာတန်နဲ့ အန္တိခရစ်တွေကို ကျေနပ်စေချင်ပြီး တခြားတစ်ဖက်မှာတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရချင်နေသေးတာက ဖြစ်နိုင်ပါ့မလား ဘာသာရေးလောကက သူတော်ကောင်း ယောင်ဆောင်တဲ့ ဖာရိရှဲတွေရဲ့ ထိန်းချုပ်တာကို ခံနေရပြီး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ ထိန်းချုပ်တာကို ခံနေရတယ် တကယ်က ဘုရားသခင်ကို ဆန့်ကျင်တဲ့ အန္တိခရစ်တွေရဲ့ ထိန်းချုပ်တာကို ခံနေရတာဖြစ်တယ် ဒါက ခိုင်မာတဲ့ အမှန်တရားတစ်ခုပဲ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ အလုပ်လုပ်ပြီးဟောပြောတဲ့အခါ သခင်ရဲ့နှုတ်ကပတ်တော်ကို ရှင်းပြတာ ဒါမှမဟုတ် သက်သေခံတာတွေ၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ အမှုတော်နဲ့ သမ္မာကျမ်းစာထဲက သူ့ရဲ့စိတ်နေသဘောထားကို သက်သေခံတာတွေကို ဘယ်တော့မှ အာရုံမစိုက်ကြဘူး သူတို့က သမ္မာကျမ်းစာထဲက လူရဲ့စကားတွေကို ရှင်းပြဖို့ကိုပဲ အာရုံစိုက်ကြပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို အစားထိုးဖို့ သမ္မာကျမ်းစာထဲက လူရဲ့စကားတွေကိုသုံးပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို မဆီလျော်အောင်လုပ်ကြတယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကနေ လူတွေဝေးနေတုန်းမှာ လူရဲ့စကားတွေနောက်ကို လိုက်အောင်လုပ်ခဲ့တယ် ဒါ့အပြင် သူတို့က သမ္မာကျမ်းဆိုင်ရာအသိပညာနဲ့ ဘာသာရေးယုံကြည်မှုဆိုင်ရာ အယူအဆတွေကိုလည်း အာရုံစိုက်ပြီး သမ္မာကျမ်းစာထဲက ဇာတ်ကောင်တွေ၊ သမိုင်းနောက်ခံ အစရှိတာတွေကို ရှင်းပြကြတယ် သူတို့က တခြားသူတွေကို ကြွားဖို့နဲ့ သူတို့ကို ကိုးကွယ်ဖို့ ဒါတွေကို ရှင်းပြကြပြီး လူတွေကို ဘုရားသခင်ကို ဆန့်ကျင်ပြီး လူကို ကိုးကွယ်၊ လူရဲ့နောက်ကိုလိုက်တဲ့ လမ်းပေါ်ကို ခေါ်သွားကြတယ် အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလရဲ့ သူ့ရဲ့အမှုတော်ကိုလုပ်ဖို့ လာတဲ့အခါ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြင်းပြင်းထန်ထန် ရှုတ်ချ ဆန့်ကျင်ပြီး လူတွေ စစ်မှန်တဲ့လမ်းကို ရှာဖွေ၊ စူးစမ်းလေ့လာတာကို ကန့်သတ် ပိတ်ဆို့ဖို့ သူတို့လုပ်နိုင်တာတွေအားလုံး လုပ်ကြတယ် လူတွေ အနန္တတန်ခိုးရှင် ဖော်ပြထားတဲ့ သမ္မာတရားကို လက်ခံတာကနေ တားမြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ရဲ့ ထောက်ပံ့တာကို လက်ခံခွင့်မပေးကြဘူး သူတို့က လူတွေကို သူတို့ရဲ့အတွေးမှားတွေအမျိုးမျိုးနဲ့ သူတို့ရဲ့ အတွေးအမြင်အယူအဆတွေကိုပဲ လက်ခံခွင့်ပေးတယ် ဒါကြောင့် လူတွေက ဖာရိရှဲတွေနဲ့ အန္တိခရစ်တွေ ထိန်းချုပ်ထားတဲ့ ဘာသာရေးနယ်ပယ်တွေက ဘုရားသခင်ကို ယုံကြည်တဲ့အခါနဲ့ ဘာသာရေး ဖာရိရှဲတွေရဲ့ သင်ကြားတာတွေကို လက်ခံတဲ့အခါ သူတို့ရဲ့ အတွေးအခေါ်တွေ၊ အမြင်တွေ၊ ရွေးချယ်မှုတွေနဲ့ ရရှိတဲ့ စွမ်းရည်တွေက သူတို့ရဲ့ လွှမ်းမိုးတာနဲ့ထိခိုက်တာတွေ အားလုံးကိုခံရတယ် သူတို့က အတွင်းထဲမှာ အလိုလို မှောင်သထက်မှောင်လာပြီး ဘုရားသခင်နဲ့ တသီးတခြားဖြစ်လာကြတယ် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့ရဲ့အမှုတော်ကို လုပ်ဖို့ လာတဲ့အခါ သူတို့က ဘာသာရေးဖာရိရှဲတွေနဲ့ အန္တိခရစ်တွေရဲ့ ထွက်လို့မရအောင်လုပ်ထားတာနဲ့ ထိန်းချုပ်တာတွေခံရပြီး ဒါကြောင့် သူတို့က ဘုရားသခင်ရဲ့ တကယ့် ဖွင့်ဆိုချက်တွေကို မကြားနိုင်တော့ပဲ ဒါမှမဟုတ် ဘုရားသခင်ရဲ့ ပလ္လင်ကနေ စီးဆင်းလာတဲ့ အသက်ရဲ့ အသက်ရှင်တဲ့ရေ ထောက်ပံထားတာကို မခံယူနိုင်တော့ဘူး အဲဒီနည်းနဲ့၊ နောက်ဆုံးသောကာလရဲ့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ရရှိဖို့ သူတို့တတ်နိုင်တော့မှာမဟုတ်ဘူး ပိုကြောက်စရာကောင်းတာက လူတွေက ဘာသာတရားထဲက ဘုရားသခင်ကို ယုံကြည်ပေမယ့် သူတို့က လူတွေ၊ အန္တိခရစ်တွေရဲ့ နောက်ကိုလိုက်တာဖြစ်ပြီး သူတို့လျှောက်တဲ့လမ်းက ဖာရိရှဲတွေနဲ့ အန္တိခရစ်တွေရဲ့လမ်းပဲ ဖြစ်နေတယ် သိပ်မကြာခင်မှာ၊ သူတို့က ဖာရိရှဲတွေဆီကိုပဲ အလိုလို ပြန်လှည့်မှာပဲ အဲဒီလိုနဲ့ သူတို့က ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ပြီး ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်တဲ့လူတွေ ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မှာလဲ အဲဒါ မဖြစ်နိုင်တာ အသေအချာပဲ အခု ဘာသာရေးလောကရဲ့ အနှစ်သာရက နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကြောင့် သေသေချာချာကို ထုတ်ဖော်ခံနေရတာပဲ ဘာသာရေးလောကက ကောင်းကင်နိုင်ငံ မဟုတ်ပါဘူး။ အဲဒါက အန္တိခရစ်တွေရဲ့ အသိုက်ဟောင်းပဲ အဲဒါက ဘုရားသခင်ကို ခုခံတော်လှန်တဲ့ ခိုင်မာတဲ့ ခံတပ်တစ်ခု၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့ နိုင်ငံတစ်ခုပဲ ဒါကြောင့် လူတွေက ဘာသာရေးထဲက ဘုရားသခင်ကို ယုံကြည်တာအားဖြင့် ကယ်တင်ခြင်းရဖို့ မတတ်နိုင်ဘူး သူတို့က သမ္မာတရားကို ချစ်မြတ်နိုးတဲ့သူတွေဖြစ်နေရင်တောင်၊ သူတို့က နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်မခံလို့ သူတို့က နောက်ဆုံးသောကာလခရစ်တော် ဖော်ပြတဲ့ နှုတ်ကပတ်တော်ရဲ့ထောက်ပံ့တာကို ရနိုင်မှာမဟုတ်ဘဲ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကိုလည်းရနိုင်မှာ မဟုတ်ဘူး

ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၆) အစ်ကို ပြောခဲ့တာတွေကို ကျွန်မသဘောမတူဘူး ဘုရားသခင်ကို ယုံကြည်တာ သမ္မာကျမ်းစာကို ယုံကြည်တာပဲ။ သမ္မာကျမ်းစာနဲ့ ဝေးနေတာ ဘုရားသခင်ကို မယုံကြည်တာပဲ

နောက်တစ်ခုသို့- မေးခွန်း (၈) ဘာသာရေးလောကက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ အုပ်စိုးတာကို ခံရပြီး သူတို့က ဖာရိရှဲတွေရဲ့လမ်းကို လျှေက်တဲ့ သူတော်ကောင်းယောင်ဆောင်တဲ့သူတွေဖြစ်ပေမယ့် သူတို့ရဲ့ အပြစ်တွေက ငါတို့နဲ့ ဘယ်လိုဆိုင်မလဲ ကျွန်မတို့ သူတို့ကို နားထောင်ပြီး သူတို့နောက်ကိုလိုက်ပေမယ့် ကျွန်မတို့ယုံကြည်တာက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေမဟုတ်ဘဲ သခင်ယေရှုကိုပဲဖြစ်တယ် ကျွန်မတို့က ဖာရိရှဲတွေရဲ့ လမ်းမှာ မစခဲ့ဘူးလို့ ခံစားရတယ် ဘယ်လိုဖြစ်ပြီး ဖာရိရှဲတွေ ဖြစ်လာရတာလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။