မေးခွန်း (၆) အစ်ကို ပြောခဲ့တာတွေကို ကျွန်မသဘောမတူဘူး ဘုရားသခင်ကို ယုံကြည်တာ သမ္မာကျမ်းစာကို ယုံကြည်တာပဲ။ သမ္မာကျမ်းစာနဲ့ ဝေးနေတာ ဘုရားသခင်ကို မယုံကြည်တာပဲ

အဖြေ- “ဘုရားသခင်ကို ယုံကြည်တာက သမ္မာကျမ်းစာကို ယုံကြည်တာပဲ၊ သမ္မာကျမ်းစာကို ချန်ထားတာက ဘုရားသခင်ကို ယုံကြည်တာမဟုတ်ဘူး” ဒီရေးသားချက်က မှားနေတယ် သမ္မာကျမ်းစာက လူတွေကို ကယ်တင်နိုင်လား သမ္မာကျမ်းစာက ဘုရားသခင်ကို အစားထိုးနိုင်လား သမ္မာကျမ်းစာက သန့်ရှင်းသောဝိညာဉ်တော်ကို အစားထိုးနိုင်လား အဲဒါက ဘုရားသခင်ကို ကိုယ်စားပြုပြီး နောက်ဆုံးသောကာလရဲ့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နိုင်လား ဘုရားသခင်က ပိုကြီးမြတ်သလား၊ ဒါမှမဟုတ် သမ္မာကျမ်းစာက ပိုကြီးမြတ်သလား ဘုရားသခင်က အရင်လာလား ဒါမှမဟုတ် သမ္မာကျမ်းစာက အရင်လာလား အာဗြံဟံခေတ်မှာ သမ္မာကျမ်းစာ မရှိဘူး၊ ဒါဆိုရင် အာဗြဟံက ဘုရားသခင်ကို မယုံကြည်ဘူးလို့ ပြောနိုင်လား မောရှေ ဣသရေလလူမျိုးတွေကို အဲဂုတ္ထုကနေ ထုတ်ဆောင်သွားတုန်းက သမ္မာကျမ်းစာလည်း မရှိဘူး ဒါဆိုရင် မောရှေက ဘုရားသခင်ကို မယုံကြည်ဘူးလို့ ပြောနိုင်လား ဘုရားသခင်က ဘုရားသခင်ပဲ၊ သမ္မာကျမ်းစာက သမ္မာကျမ်းစာပဲ သမ္မာကျမ်းစာက ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဘူး၊ ဒါ့အပြင် သမ္မာကျမ်းစာက ဘုရားသခင်မဟုတ်ဘူး သမ္မာကျမ်းစာက ဘုရားသခင်ရဲ့ အတိတ်က အမှုတော်နဲ့ သမိုင်းနောက်ခံ မှတ်တမ်းပဲဖြစ်တယ်၊ ဘုရားသခင်ရဲ့ သက်သေခံချက်တွေပဲ ဖြစ်တယ် သမ္မာကျမ်းစာက ဘုရားသခင်ရဲ့ အမှုတော်ကို အစားမထိုးနိုင်ဘူး၊ ပြီးတော့ နောက်ဆုံးသောကာလရဲ့ ဖွင့်ဟချက်တွေဖြစ်ပြီး ဒါ့အပြင် လူကို ဘုရားသခင် ကယ်တင်တာမှာ အစားမထိုးနိုင်ဘူး ဒါကြောင့်၊ သမ္မာကျမ်းစာကို ယုံကြည်တာက ဘုရားသခင်ကို ယုံကြည်တာနဲ့ တန်းတူမဟုတ်ဘူး တကယ်လို့ လူတွေက သမ္မာကျမ်းစာကို ဘုရားသခင်လို့ ဆက်ဆံခံယူရင် အဲဒါက ဘုရားသခင်ကို ဆိုးဆိုးဝါးဝါး စော်ကားပြောဆိုတာ ဆန့်ကျင်တာပဲဖြစ်တယ် သမ္မာကျမ်းစာက ဘုရားသခင်ရဲ့အမှုတော်အတွက် သက်သေခံချက်တစ်ခုပဲ ဖြစ်တယ် သမ္မာကျမ်းစာက လူသားကို အသက်တာအပ်နှင်းတဲ့ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဘူး ဒါ့အပြင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကို အစားမထိုးနိုင်ဘူး သမ္မာကျမ်းစာထဲမှာ အသက်မရှိဘူး။ ခရစ်တော်ပဲ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ် ခရစ်တော်ကို လက်ခံခြင်း၊ ခရစ်တော်နောက်ကို လိုက်ခြင်းအားဖြင့်ပဲ လူက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကိုရရှိနိုင်ပြီး အသက်ကိုရနိုင်တယ် သခင်ယေရှု ပြောခဲ့သည်မှာ- “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။(ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) ဒါကြောင့်မို့လို့ ယုံကြည်သူတွေက သမ္မာကျမ်းစာကိုပဲ ယုံကြည်တယ်၊ ဒါပေမဲ့ ခရစ်တော်ကို လက်မခံ ဒါမှမဟုတ် ခရစ်တော်နောက်ကို မလိုက်ရင် သူတို့က သမ္မာတရားနဲ့ အသက်ကို ရနိုင်မှာမဟုတ်ပဲ သမ္မာကျမ်းစာကိုစွဲကိုင်ထားလို့ ခရစ်တော်ကို ရှုတ်ချ၊ ခုခံတော်လှန်ပြီး ဘုရားသခင်ကို ဆန့်ကျင်တဲ့ အန္တိခရစ်တွေဖြစ်လာလိမ့်မယ် အရင်အချိန်တုန်းက၊ ဂျူးလူမျိုး ဖာရိရှဲတွေက သမ္မာကျမ်းစာကိုပဲ မျက်ကန်းယုံကြည်ပြီး ကိုးကွယ်ခဲ့ကြလို့ သမ္မာကျမ်းစာက အားလုံးထက်ပိုမြင့်တယ်လို့ မြင်ပြီး သမ္မာကျမ်းစာကို ဘုရားသခင်လိုတောင်ဆက်ဆံခံယူခဲ့ကြတယ် အဆုံးမှာ၊ သခင်ယေရှု အမှုတော်အတွက် လာခဲ့တဲ့အခါ သမ္မာကျမ်းစာကို ခေါင်းမာစွာ စွဲကိုင်ထားပြီး ကာကွယ်ခဲ့ကြတယ် သခင်ယေရှုကို စမ်းပြီး ခြေထိုးခံဖို့ သမ္မာကျမ်းစာထဲက စာတွေသုံးပြီး သူ့ကို ပြင်းပြင်းထန်ထန်ဆန့်ကျင် ရှုတ်ချခဲ့တယ် နောက်ဆုံးမှာတော့၊ သူတို့က သခင်ယေရှုကို ဓမ္မဟောင်းကျမ်းကို မလိုက်နာတာ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ပြစ်မှုကျူးလွန်တာနဲ့ စွဲချက်တင်ပြီး ကားစင်တင်စီရင်ခဲ့တယ် နောက်ဆုံးသောကာလမှာ၊ ဘာသာရေးသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းစာကိုပဲ မျက်ကန်းယုံကြည်ပြီး ကိုးကွယ်ကြတယ် သမ္မာကျမ်းစာကို ကာကွယ်၊ သက်သေခံပြီး သူတို့လုပ်သမျှတွေမှာ ဘုရားသခင်ကို အစားထိုးဖို့ သမ္မာကျမ်းစာကို သုံးကြတယ် အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားကို ဖော်ပြဖို့နဲ့ နောက်ဆုံးသောကာလရဲ့ သူ့ရဲ့ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ဖို့လာတဲ့အခါ သူတို့က အဲဒီအထဲမှာ ဖာရိရှဲတွေလိုပဲ လူတွေရဲ့နှလုံးသားထဲက သမ္မာကျမ်းစာရဲ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်၊ နောက်ဆုံးသောကာလ ခရစ်တော်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချပြီး ကြမ်းကြမ်းတမ်းတမ်းစော်ကားပြောဆိုကြတယ် သူတို့က ခရစ်တော်ကို နောက်ထပ် ကားစင်တင်စီရင်တာ၊ ဘုရားသခင်ရဲ့ စိတ်နေသဘောထားကို ဆိုးဆိုးရွားရွား စော်ကားတာစတဲ့ အပြစ်ကို ကျူးလွန်ခဲ့ကြပြီဖြစ်တယ် ဒါက လူတိုင်းမြင်နိုင်တဲ့ အဖြစ်မှန် မဟုတ်ဘူးလား သမ္မာကျမ်းစာက မူလက ဘုရားသခင်ရဲ့သက်သေခံချက်တွေဖြစ်တယ်၊ ဒါပေမဲ့ ဖာရိရှဲတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဘာဖြစ်လို့ ဘုရားသခင်ကို ခုခံတော်လှန်ပြီး ဘုရားသခင်ကို အစားထိုးဖို့ သမ္မာကျမ်းစာကို သုံးကြတာလဲ သူတို့က ဘာဖြစ်လို့ လူတွေကို ဘုရားသခင်ကို နာခံ ပြီးကိုးကွယ်ဖို့ ဘုရားသခင်ရှေ့ကို လာစေဖို့ထက် သမ္မာကျမ်းစာကို ချီးမြှောက်ဖို့နဲ့ ကိုးကွယ်ဖို့ လုပ်ရတာလဲ ဒါက လူတွေကို လှည့်ဖြားဖို့ စာတန်ရဲ့ လှည့်ကွက်ပဲ ဒါကဘာဖြစ်လို့လဲဆိုတော့ လူသားက ဘုရားသခင်ကို နာခံပြီး ကိုးကွယ်မှာကို စာတန်က အကြောက်ဆုံးဖြစ်ပေမယ့် စာတန်က လူသားက သမ္မာကျမ်းစာကို ကိုးကွယ်ပြီး ချီးမြှောက်တာကိုတော့ လုံးဝမကြောက်ဘူး ဒါကြောင့် စာတန်က သမ္မာကျမ်းစာကို မငြင်းနိုင်လို့ လူသားကို သမ္မာကျမ်းစာကို မျက်ကန်းယုံကြည်ဖို့နဲ့ ကိုးကွယ်စေဖို့ ဒီလှည့်ကွက်ကို သုံးပြီး သမ္မာကျမ်းစာကို ဘုရားသခင်နေရာကို အစားထိုးစေပြီး လူတွေကို သမ္မာကျမ်းစာကိုပဲ စွဲကိုင် ယုံကြည်စေပြီး ဘုရားသခင်နဲ့ သမ္မာတရားကိုတော့ အသိအမှတ်မပြုစေပဲ အဲဒီလိုမျိုးနဲ့ လူတွေက ခရစ်တော်ပြောတဲ့အရာအားလုံးက သမ္မာတရားဖြစ်တယ်လို့ တွေ့ရှိရင်တောင် သူတို့က ဘာသာတရားကို သစ္စာမဖောက်ရဲဘဲ သမ္မာကျမ်းစာကနေ ဝေးရာကို မသွားရဲကြဘူး ရလဒ်အနေနဲ့ လူက ဘုရားသခင်ကို နာမည်ခံပဲ ယုံကြည်နိုင်ပြီး တကယ်လက်တွေ့မှာတော့ ဘုရားသခင်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပြီးသား ဖြစ်နေပြီ ဒါက စာတန်ရဲ့ ဘုရားသခင်အပေါ်ဆန့်ကျင်မှုရဲ့ ကောက်ကျစ်စဉ်းလဲမှုပဲဖြစ်ပြီး အဲဒီအရာက လူအတွက် ပိုင်းခြားသိမြင်ဖို့ အခက်ခဲဆုံးအရာလည်း ဖြစ်တယ် ဒါကြောင့် ယုံကြည်သူတွေက သမ္မာကျမ်းစာကိုပဲ မျက်ကန်းယုံကြည်ပြီး ကိုးကွယ်နေရင် သူတို့က စာတန်ရဲ့ လှည့်ကွက်ထဲကို ကျလာတာဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်တာနဲ့ ဆန့်ကျင်တဲ့ လမ်းကို စတင်နေပြီလို့ ဆိုလိုတာပဲ တကယ်လို့ သူတို့က သမ္မာကျမ်းစာကို အဆက်မစပ်မရှိ ယူနေနိုင်သေးတယ်၊ ပြီးတော့ ခရစ်တော်ကို ရှုတ်ချ ငြင်းဆန်ဖို့ သမ္မာကျမ်းစာထဲက လူရဲ့စကားတွေကိုသုံးတယ်ဆိုရင် သူတို့က ဘုရားသခင်ကို ဆန့်ကျင်တဲ့ အန္တိခရစ်တွေ ဖြစ်လာတာပဲပေါ့ တကယ်လို့ လူတွေက သမ္မာကျမ်းစာကို အမြဲတမ်းကိုးကွယ်ရင် သူတို့ရဲ့ နှလုံးသားထဲမှာ ဘုရားသခင်အတွက် နေရာရှိပါ့ဦးမလား တစ်စုံတစ်ယောက်ရဲ့ နှလုံးသားထဲမှာ ဘုရားသခင်နေရာမှာ သမ္မာကျမ်းစာကို အစားထိုးထားရင် သူတို့က ဘုရားသခင်ကို ယုံကြည်နေသေးတဲ့ သူတွေ ဖြစ်ပါ့မလား ဘုရားသခင်ကို ယုံကြည်သူတွေအနေနဲ့ ကျွန်တော်တို့က သမ္မာကျမ်းစာရဲ့ အစေခံတွေဖြစ်မယ့်အစား ဘုရားသခင်ရဲ့ အစေခံနဲ့ သမ္မာတရားရဲ့အစေခံတွေ ဖြစ်သင့်တယ် တကယ်လို့ လူတစ်ယောက်က ဘုရားသခင်ကို ယုံကြည်တာက သမ္မာကျမ်းစာကို ယုံကြည်တာပဲလို့ အတင်းအကျပ်ပြောနေသေးရင် သူ့ရဲ့ နှလုံးသားထဲမှာ ဘုရားသခင်အတွက် နေရာလုံးဝမရှိတာပဲ သူတို့က ဘုရားသခင်ကို ရိုးရိုးရှင်းရှင်း ယုံကြည်တာမဟုတ်ဘဲ ဘုရားသခင်ကို ငြင်းဆန်ပြီး ခုခံတော်လှန်တဲ့သူတွေပဲ ဒီလို လူမျိုးက ဘုရားသခင်ရဲ့ဖယ်ရှင်းခြင်းကို ခံရဖို့ ရည်ရွယ်ထားပြီးသားပဲ

ကျွန်တော်တို့ နောက်ထပ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြည့်ရအောင် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ကျမ်းစာ၏စကားလုံးများကိုသာ အရေးပေးသူများနှင့် သမ္မာတရားကို အလေးမထားသူများသော်လည်းကောင်း ငါ၏ခြေလှမ်းများကို ရှာဖွေရန် အရေးမပေးသူများသော်လည်းကောင်း— ထိုသူတို့သည် ငါ့ကို ဆန့်ကျင်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ငါ့အား သမ္မာကျမ်းစာအတိုင်း ကန့်သတ်ကြကာ၊ သမ္မာကျမ်းစာအတွင်းတွင် ငါ့ကို ဘောင်ခတ်ထားကြသဖြင့် ငါ့ကို လွန်ကဲစွာပြစ်မှားကြသောကြောင့် ဖြစ်၏။ ထိုသို့သောသူများ ငါ၏ရှေ့မှောက်သို့ မည်သို့လာနိုင်မည်နည်း။ ထိုသူတို့သည် ငါ၏လုပ်ဆောင်ချက်များ၊ သို့မဟုတ် ငါ၏အလိုဆန္ဒ၊ သို့မဟုတ် သမ္မာတရားကို လုံးဝဂရုမစိုက်ဘဲ သေစေသော စကားလုံးများကိုသာ စွဲလမ်းကြ၏။ ထိုကဲ့သို့သောလူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်)၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။...၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်)ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရန်အတွက် သူ့အား ဤလောကမှ နှင်ထုတ်ရန်ကို သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန်ကို သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိအောင် ပြုလုပ်ရန်အတွက် လူ့ဇာတိခံ၍ တစ်ဖန်ပြန်ကြွလာသော ခရစ်တော်ကို တစ်ဖန်ကားစင်တင်ရန်ကို သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားတွင် မလိုမုန်းထားမှုများ များလွန်းပြီး၊ သူ၏သဘာဝသည် ငါ့ကိုဆန့်ကျင်လွန်းသောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့လက်ခံရရှိနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်) အချိန်တော်တော်ကြာကြာ ဘာသာရေးခေါင်းဆောင်တွေက လူတွေအားလုံးကို ဘုရားသခင်ကိုယုံကြည်တာက သမ္မာကျမ်းစာကိုယုံကြည်တာပဲ၊ သမ္မာကျမ်းစာကို စွန့်ပယ်တာက ဘုရားသခင်ကို မယုံကြည်တာပဲလို့ သင်ခဲ့ကြတယ် သူတို့က သူတို့ အစွမ်းရှိသမျှ သမ္မာကျမ်းစာကို ချီးမြှောက်ပြီး သက်သေခံဖို့ လုပ်ကြပြီး ဘုရားသခင်နဲ့ သမ္မာကျမ်းစာကို တန်းတူထားပြီး လူတွေရဲ့ နှလုံးသားထဲက ဘုရားသခင်ကို အစားထိုးဖို့ သမ္မာကျမ်းစာကိုသုံးပြီး သမ္မာကျမ်းစာကို လူတွေပိုပိုပြီး မျက်ကန်းယုံကြည်၊ ကိုးကွယ်ကြပြီး သမ္မာကျမ်းစာကို ဘုရားသခင်အနေနဲ့ ဆက်ဆံအောင်လုပ်ကြတယ် သူတို့က သမ္မာကျမ်းစာကို အရာအားလုံးအတွက် အခြေခံအဖြစ်နဲ့ သုံးကြတယ် ခရစ်တော်လာတဲ့အခါမှာတောင် သမ္မာကျမ်းစာရဲ့ စာတွေကို ခရစ်တော်ကို ဘောင်ခတ်ဖို့၊ ငြင်းဆန်ဖို့၊ ရှုတ်ချဖို့နဲ့ ဆန့်ကျင်ဖို့ အခြေခံအနေနဲ့ သုံးကြတယ် အပေါ်ယံမှာ ဘာသာရေးသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက လူတွေကို သမ္မာကျမ်းစာရှေ့ကို ခေါ်လာပေမယ့် တကယ်တမ်းတော့ သူတို့က လူတွေကို သူတို့ကိုယ်တိုင်ရဲ့ရှေ့ကို ခေါ်လာတာဖြစ်တယ် လူတွေ သမ္မာကျမ်းစာကို မျက်ကန်းယုံကြည်လို့ သူတို့က ဒီသမ္မာကျမ်းပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေကို ပိုလို့တောင် ကိုးကွယ်ကြသေးတယ် ဒါက သမ္မာကျမ်းစာကို တလွဲအနက်ဖွင့်ဖို့၊ လူတွေကို လှည့်ဖြား ထိန်းချုပ်ဖို့နဲ့ ဘုရားသခင်ဆီကို လှည့်ပြန်တာကနေ ပိတ်ဆို့ဖို့ သက်တမ်းတလျှောက်လုံးမှာဘာသာရေး ဖာရိရှဲတွေ အသုံးချခဲ့တဲ့ စက်ဆုပ်စရာအကောင်းဆုံး လှည့်ကွက်ဆိုတာ အတိအကျပဲ ဒါက စာတန်ရဲ့ ကောက်ကျစ်စဉ်းလဲတာဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်တဲ့ နိုင်ငံတည်ထောင်တာရဲ့ အဖြစ်မှန် သက်သေတစ်ခုလည်းဖြစ်တယ် အမှန်တော့၊ ဘာသာရေးသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အခြေခံကတော့ မယုံကြည်သူတွေပဲ သူတို့က သမ္မာကျမ်းစာကိုပဲ ယုံကြည်ပေမယ့် ဘုရားသခင်ကို မယုံကြည်ကြဘူး သူတို့က သမ္မာကျမ်းစာထဲက မှတ်တမ်းတွေကို ဒဏ္ဍာရီပုံပြင်တွေလို သတ်မှတ်ကြပြီး ဘုရားသခင်ရဲ့ အမှုတော်ရဲ့ အဖြစ်မှန်တွေဆိုတာကို မယုံကြည်ကြဘူး ဒါကြောင့် သူတို့က ဘုရားသခင်က လူသားဇာတိ ဖြစ်လာတာကို လုံးဝ ဝန်မခံကြဘူး တကယ်လို့ တစ်ယောက်ယောက်က ဘုရားသခင် လူ့ဇာတိခံတာကို သက်သေခံရင် သူတို့က သူ့ကို ပြင်းပြင်းထန်ထန် ခုခံတော်လှန် ရှုတ်ချဖို့နဲ့ ငြင်းဆန်ဖို့ သူတို့ အစွမ်းကုန်လုပ်ကြလိမ့်မယ် ဒီလိုမျိုးလူတွေက ယုံကြည်သူတွေ လုံးဝမဟုတ်ကြဘူး ဒါကြောင့်၊ ဘုရားသခင်က လူဇာတိခံ ကြွလာတာကို ဝန်မခံတဲ့သူတွေအားလုံးက အန္တိခရစ်တွေပဲ ဒါက သံသယရှိစရာမလိုဘူး ဒါက ဘာသာရေးလောကကို ဖာရိရှဲတွေနဲ့ အန္တိခရစ်တွေက အပြည့်အဝထိန်းချုပ်ထားတာကို ပြနေပြီး ဘုရားသခင်ကိုခုခံတော်လှန်တဲ့ အခိုင်အမာအားကိုးစရာ ခံတပ်တစ်ခုဖြစ်လာပြီး ဘုရားသခင်ကို ဆန့်ကျင်တဲ့ မှီခိုမှုကင်းတဲ့ နိုင်ငံတစ်ခုဖြစ်လာတယ် ဒါက မငြင်းနိုင်တဲ့ အချက်ပဲ ဘာသာတရားရဲ့လူတွေကတော့ ဘုရားသခင်ကို ယုံရင်ယုံမယ်၊ ဒါပေမယ့် တကယ်တမ်းတော့ ဖာရိရှဲတွေနဲ့ အန္တိခရစ်တွေရဲ့ လှည့်ဖြား ထိန်းချုပ်တာကို ခံနေရပြီး ွှအန္တိခရစ်တွေရဲ့ ကြံရာပါတွေနဲ့ ရုပ်သေးရုပ်တွေ ဖြစ်လာကြတယ် ဒါကြောင့် ဘာသာတရားထဲက ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို မကယ်တင်နိုင်ဘူး

ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၅) ကျွန်မကတော့ သမ္မာကျမ်းစာအားလုံးက ဘုရားသခင်မှုတ်သွင်းထားတာလို့ ယုံကြည်တယ် ရှင်ပေါလုရဲ့စကားတွေက မမှားနိုင်ဘူး အစ်ကိုက သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ လူ့စကားတွေကို အရမ်းကို ရှင်းရှင်းလင်းလင်း ခွဲခြားပြမှတော့ ဒါဆိုရင် တစ်ယောက်ယောက်က ဘယ်ဟာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး ဘယ်ဟာက လူရဲ့စကားလဲဆိုတာ ဘယ်လို ကွဲကွဲပြားပြားသိနိုင်မလဲ

နောက်တစ်ခုသို့- မေးခွန်း (၇) ယုံကြည်သူတော်တော်များများက ဒါကို ထိုးဖောက်မမြင်သေးဘူး သူတို့ထင်တာ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကြောင့် မဟုတ်ပဲ ဘာသာတရားထဲက ဘုရားသခင်ကို ယုံကြည်တာအားဖြင့် သူတို့က သခင်ယေရှုကို ယုံကြည်တာဖြစ်တယ် ဒါဆိုရင် သူတို့က ဘယ်လိုဖြစ်ပြီး ကယ်တင်မခံရတာလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။