မေးခွန်း (၁၃) သမ္မာကျမ်းစာကို ဖတ်ပြီး၊ ယုဒလူမျိုးဖာရိရှဲတို့ဟာ သခင်ယေရှုကို ရှုတ်ချဆန့်ကျင်ခဲ့တာကို အားလုံးသိပြီးသားပဲ ဒါပေမဲ့ ညီအစ်ကိုမောင်နှမအများစုက နားမလည်ကြသေးဘူး သခင်ယေရှုက ကိုယ်တော့်ရဲ့အမှုတော်ကိုလုပ်ဆောင်နေချိန်မှာ၊ ကိုယ်တော့်နှုတ်ကပတ်တော်မှာ သြဇာအာဏာနဲ့ တန်ခိုးရှိတာကို ဖာရိရှဲတို့ သိနေခဲ့တယ် ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့က သခင်ယေရှုကို တဇွတ်ထိုး ဆန့်ကျင်ပြီး ရှုတ်ချနေခဲ့သေးတာပဲ သူတို့ကပဲ ကိုယ်တော့်ကို ကားစင်တင် စီရင်ခဲ့တာ သူတို့ရဲ့ သဘာဝနဲ့ အခြေအမြစ်က ဘာများလဲ။

အဖြေ- ဖာရိရှဲတို့ သခင်ယေရှုကို ဆန့်ကျင်ခဲ့ကြောင်းကို သခင့်ကို ယုံကြည်ကြသူတိုင်း သိပြီးသားဖြစ်သည်။ သို့သော်လည်း၊ သူတို့ ဆန့်ကျင်မှု၏ ဇစ်မြစ်က မည်သည့်အရာနည်း၊ အနှစ်သာရက မည်သည့်အရာနည်း။ နှစ် ၂ထောင် ဘာသာရေး သမိုင်းထဲမှာ ဤမေးခွန်း၏ အဖြေကို မည်သူမျှမသိခဲ့ဟု ပြော၍ရသည်။ သခင်ယေရှုက ဖာရိရှဲတို့ကို ကျိန်ခြင်းအမင်္ဂလာ ခံယူစေခဲ့သည်ဟု ဓမ္မသစ်ကျမ်းထဲမှာ ရေးထားသော်လည်း၊ ဖာရိရှဲတို့၏ အနှစ်သာရကို မည်သူမျှ နားမလည်နိုင်ကြသေးပါ။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ရောက်လာသည့်အခါ၊ ဤမေးခွန်း၏ အဖြေမှန်ကို ထုတ်ဖော်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကြစို့။ “ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

အနန္တတန်ခိုးရှင်ဘုရားသခင်က ရှင်းရှင်းလေးမြွက်ဆိုထားသည်။ ဖာရိရှဲတို့ သခင်ယေရှုအပေါ် ဆန့်ကျင်မှုနှင့် ရှုတ်ချခြင်း၏ အကြောင်းရင်းက၊ ဘုရားသခင်ကို မကြည်ညိုခဲ့သောကြောင့်၊ သို့မဟုတ် သမ္မာတရားကို လုံးဝမရှာဖွေခဲ့သောကြောင့်ဖြစ်သည်။ သူတို့စိတ်ထဲမှာ ခေါင်းမာပြီး စိတ်ကြီးဝင်နေခဲ့သည်။ သမ္မာတရား ကိုလည်း မလိုက်နာခဲ့ကြပါ။ ဖာရိရှဲတို့က ကိုယ်ပိုင်အယူအဆနှင့် စိတ်ကူးထဲရှိရာ၊ သမ္မာကျမ်းစာ၏ တိုက်ရိုက်စကားလုံးများနှင့်၊ ဘုရားသခင်ကို အဓိပ္ပါယ်ဖွင့် ကြသည်။ သူတို့က မေရှိယအမည်ကို ပေးထားခဲ့သည်။ သခင်ယေရှု၏ တရားတော်များက မည်မျှ နက်နဲပြီး မှန်ကန်နေပါစေ၊ ကိုယ်တော့်နှုတ်ကပတ်တော် မည်သို့ သမ္မာတရား ဖြစ်နေပါစေ၊ သို့မဟုတ် ကိုယ်တော့်နှုတ်ကပတ်တော်များက မည်မျှ သြဇာအာဏာနှင့် တန်ခိုးရှိနေပါစေ၊ ကိုယ်တော့်အမည်က မေရှိယ မဟုတ်သည့်အတွက်၊ ဖာရိရှဲတို့က ကိုယ်တော့်ကို ဆန့်ကျင်ပြီး ရှုတ်ချခဲ့သည်။ ဖာရိရှဲတို့က သခင်ယေရှု ဖော်ပြခဲ့သည့် သမ္မာတရားများကို လက်မခံခဲ့သည့်အပြင်၊ ကိုယ်တော့်ကို သွေးဆောင်ခဲ့ပြီး အပြစ်ရှာဖို့ ကြိုးစားခဲ့ကြသည်။ ဥပမာအနေနှင့်၊ သခင်ယေရှုကို အံ့ဖွယ်အရာများကို လုပ်ဆောင်ဖို့ မည်သည့် သြဇာအာဏာကို အသုံးပြုသနည်း ဟု မေးပြီး သွေးဆောင်ခဲ့သည်။ ပြီးလျှင် သူတို့က ကဲသာဘုရင်ကို အခွန်ပေးဆောင်နိုင် မလားဟု သခင်ယေရှုကို တမင်သက်သက် မေးခဲ့ကြသည်။ သူတို့က ကိုယ်တော်သည် ဘုရားသခင်၏ သားတော် ခရစ်တော်ဟုတ်မဟုတ် သခင်ယေရှုကို မေးခဲ့ကြသည်။ သခင်ယေရှုက သူတို့၏ ဆိုးယုတ်သည့်အကြံကို သမ္မာတရားနှင့် ဉာဏ်ပညာတို့ကိုသုံးပြီး တန်ပြန်ဖြေကြားခဲ့သည်။ ဖာရိရှဲတို့က ကိုယ်တော့်ကိုချေပဖို့ အင်အားမတန်ခဲ့သော်လည်း သူတို့က သမ္မာတရားအတွက် ရှာဖွေခြင်းကို မလုပ်ခဲ့ပါ။ သခင်ယေရှုကို တဇွတ်ထိုးဆန့်ကျင် ရှုတ်ချခဲ့သေးသည်။ သခင်ယေရှကိုလည်း ဖမ်းစေခဲ့သည်။ ပြီးလျှင် ကိုယ်တော့်ကို ကားစင်တင်ဖို့ တောင်းဆိုခဲ့ကြသည်။ ဤသည်မှာ သခင်ယေရှု သူတို့အကြောင်းဖော်ထုတ်စဉ်က ပြောခဲ့ခြင်း ဖြစ်သည်။ “ဘုရားသခင်အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၄၀)သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။(ရှင်ယောဟန်ခရစ်ဝင် ၈:၄၆) ထို့ကြောင့်၊ ဖာရိရှဲတို့၏ သဘာဝနှင့် အနှစ်သာရက ဆိုးယုတ်သည့် မကောင်းဆိုးဝါးများသာ ဖြစ်ပြီး၊ သမ္မာတရားကို မုန်းတီးသည့် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြောင်းကို ကျွန်တော်တို့ သိမြင်နိုင်သည်။ မည်သို့သော လူမျိုးများက ခရစ်တော်ကို မုန်းတီးပြီး ရှုတ်ချနိုင်ရသနည်း။ ဖာရိရှဲတို့၏ ဇာတ်လမ်းက အချက်တစ်ချက်ကို ရှင်းရှင်းလင်းလင်း ပုံဖော်ပြ သွားသည်။ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို မမြတ်နိုးသည့် လူအားလုံးက သမ္မာတရားကို ငြီးငွေ့ပြီး မုန်းတီးကြသူများဖြစ်သည်။ ဘုရားသခင်ကိုလည်း မသိကြပါ။ ထပ်လောင်းပြောရပါက၊ ထိုလူများက သေချာပေါက် ဘုရားသခင်ကို ဆန့်ကျင်ပြီး ကိုယ်တော့်ကို ရန်သူကဲ့သို့ သတ်မှတ်ထားကြသည်။ ခရစ်တော်၏ အနှစ်သာရက သမ္မာတရား၊ လမ်းခရီး နှင့် အသက်ဖြစ်သောကြောင့် ပင်တည်း။ သမ္မာတရားကို မုန်းသူတိုင်းက ခရစ်တော်ကိုလည်း မုန်းကြသည်၊ သမ္မာတရားကို မုန်းသည့်လူအများက အပြင်ပန်းကတော့ လူကောင်းပုံဖြစ်သည်။ သမ္မာကျမ်းစာ၏ စည်းမျဉ်းကို လိုက်နာပြီး လူဆိုးလူယုတ်ပုံ လုံးဝမပေါက်ကြပါ။ သို့သော်လည်း ကိုယ်တော်၏ အမှုတော်ကိုလုပ်ဆောင်ဖို့ ခရစ်တော်လာသည့်အခါ၊ ဘုရားသခင်၏ ဤဆိုးယုတ်သည့် ရန်သူများကို လုံးဝဖော်ထုတ်လိမ့်မည်။

ဖာရိရှဲတို့ သခင်ယေရှုအပေါ် ယုတ်မာစွာ ဆန့်ကျင်ရှုတ်ချခဲ့ သောကြောင့် သူတို့၏ မကောင်းဆိုးဝါး အနှစ်သာရကို လုံးလုံးလျားလျား ဖော်ထုတ်ခဲ့သည်။ သူတို့က သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်သည်။ သခင်ယေရှုက တရားဟောပြီး ကိုယ်တော့်အမှုတော်ကို လုပ်ဆောင်သည့်အခါ သမ္မာတရားများစွာကို ဖော်ပြခဲ့သည်။ အံ့ဖွယ်အရာများစွာကို ပြသခဲ့ပြီး၊ လူများအပေါ် ကျေးဇူးတော် အလျှံပယ်ပေးခဲ့သည်။ သခင်ယေရှု၏ အမှုတော်ကြောင့် ယုဒဘာသာ၏ အုတ်မြစ်များ လှုပ်ခတ်ခဲ့ပြီး၊ ယုဒလူမျိုးတို့ အခြေအနေတုန်လှုပ်ခဲ့သည်။ လူအများက သခင်ယေရှုနောက်ကို လိုက်ခဲ့ကြသည်။ ဖာရိရှဲတို့လည်း သိနေခဲ့သည်။ သခင်ယေရှုက သူ့အမှုတော်ကို ဆက်လုပ်ခဲ့ပါက၊ ဂျူးဘာသာကို ယုံကြည်သူများက ကိုယ်တော့်နောက် လိုက်ကြမည် ဖြစ်သည်။ ဂျူးဘာသာ ကျဆုံးပြီး၊ သူတို့၏ ရာထူးနေရာနှင့် ထမင်းစားလက်မှတ်များ ပျောက်ကွယ်သွားမည်။ ထို့ကြောင့် သခင်ယေရှုကိုသတ်ပစ်ဖို့ သူတို့ဆုံးဖြတ်ခဲ့သည်။ သမ္မာကျမ်းစာက ဆိုထားသကဲ့သို့ပင် ဖြစ်ပါသည်။ “ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည်လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည်များစွာသော နိမိတ်လက္ခဏာကိုပြ၏။ သူ့ကိုဤသို့စေလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကို၎င်း၊ ငါတို့အမျိုးကို၎င်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။...ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၁:၄၇-၄၈၊ ၅၃) သူတို့၏ ဂုဏ်ရာထူးနှင့် ထမင်းစားလက်မှတ်များကို ကာကွယ်ဖို့၊ ဖာရိရှဲတို့က သခင်ယေရှုကို ကားစင်တင်ဖို့အတွက် ရောမအစိုးရနှင့် ပူးပေါင်းခဲ့သည်။ ထိုလူအပေါင်းတို့က “သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌၎င်း တည်ရှိပါစေဟု ပြန်ပြောကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၇:၂၅) ခင်ဗျားတို့ မြင်သည့်အတိုင်း ဖာရိရှဲတို့က သမ္မာတရားနှင့် ခရစ်တော်ကို မုန်းတီးခဲ့ကြသည်။ ခရစ်တော်နှင့် အတူတွဲ တည်ရှိဖို့အတွက် ဆန္ဒမရှိတော့သည့် အခြေအနေကို ရောက်သွားသည်မှာ အချိန်ကြာနေခဲ့ပြီ။ သူတို့၏ အပြစ်ဖြေရာယဇ် စွန့်လွှတ်ရမည့် အရေးထက် သခင်ယေရှုကို ကားစင်တင်ဖို့ကို ပိုလိုလားကြသည်။ သူတို့က စက်ဆုပ်ဖွယ်အပြစ်များကို ကျူးလွန်ဖို့၊ ဘုရားသခင်ကို ဆန့်ကျင်နှောင့်ယှက်ပြီး၊ သူတို့၏ သားများမြေးများ ကျိန်ခြင်းအမင်္ဂလာ ခံယူရလျှင်ပင် လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း၏ သမ္မာတရားကို ဖော်ပြသည့် သခင်ယေရှုကို ကားစင်တင်ဖို့ကို ပိုလိုလားကြသည်။ ဤသည်မှာ အစစ်အမှန်၊ ဆိုးယုတ်သည့် သမ္မာတရားမုန်းတီးခြင်း သဘာဝဖြစ်ပြီး ဖာရိရှဲတို့၏ အခြေအမြစ် ဖြစ်ပါသည်။ နေမင်းက မှောင်ကျသွားပြီး၊ ပထဝီမြေကြီး တုန်ခါသွားသကဲ့သို့ ဗိမာန်တော်၏ ကန့်လန့်ကာလည်း ပွင့်သွားခဲ့သည့်အကြောင်းကို ကျွန်တော်တို့ သိပါသည်။ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးသည့်အခါ၊ လူများရှေ့မှာ ကိုယ်တော် ပြန်ပေါ် လာခဲ့သည်။ လူများက ဤအကြောင်းများကို သိရှိပြီးသည့်နောက်၊ သူတို့အပြစ်များအတွက် နောင်တရပြီး သခင်ယေရှုကို အမှီအခိုပြုခဲ့ကြသည်။ ဖာရိရှဲတို့ကမူ နောင်တမရ သည့်အပြင် သခင်ယေရှု၏ ပိုရန်လိုလာသည့် ရန်သူများဖြစ်သွားကြသည်။ စစ်သည်တော်များကို ငွေပေးပြီး သခင်ယေရှုက ရှင်ပြန်ထမြောက်ခြင်း မရှိဟု ထွက်ဆိုခိုင်းကာ သက်သေအမှားကို ခံခိုင်းခဲ့သည်။ တမန်တော်များက သခင်ယေရှု၏ နှုတ်ကပတ်တော်ကို ဖြန့်ဝေသည့်အခါ၊ ဖာရိရှဲတို့က သူတို့ကို အရူးအမူး ဖမ်းဆီးနှိပ်စက် ခဲ့ပြန်သည်။ သခင်ယေရှု၏ အမှုတော်ကို ပိတ်ပင်ပစ်ချင်ခဲ့သည်။ သူတို့ရည်ရွယ်ချက် ဖြစ်သည့် ဘာသာရေး အသိုင်းအဝိုင်းကို ထာဝစဉ်ချုပ်ကိုင်ခွင့်ရဖို့ အတွက်ဖြစ်သည်။ ဖာရိရှဲတို့က ဘုရားသခင်ကို အမည်ခံသာ ယုံကြည်ကြခြင်း ဖြစ်သည်။ အမှန်မှာမူ သမ္မာတရားကိုမုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသည်။ သခင်ယေရှုကို သူတို့၏ ဆန့်ကျင်မှုနှင့် ရှုတ်ချပြစ်တင်မှု၏ အနှစ်သာရက ဤကဲ့သို့ ဖြစ်ပါသည်။ သူတို့က ဘုရားသခင်နှင့် တုပြိုင်ဖို့နှင့် ကိုယ်တော့်ကိုအကဲဖြတ်ဖို့ ကြိုးစားနေခဲ့သည်။ ဘုရားသခင်ကို ယှဉ်တိုက်ခိုက်ခဲ့ကြသည်။ သခင်ယေရှုအပေါ် သူတို့ ဆန့်ကျင်ခြင်းနှင့် အမုန်းတရားတို့၏ မောက်မာခြင်းက သူတို့၏ရည်ရွယ်ချက်ကို လုံးဝ ဖော်ထုတ်ခဲ့သည်။ ပြီးလျှင် သူတို့၏ ဆိုးယုတ်သည့် မကောင်းဆိုးဝါးသရုပ်မှန်ကို ဖော်ထုတ်စေခဲ့သည်။ ထို့အပြင် သူတို့၏မိစ္ဆာဒိဠိ အန္တိခရစ်သဘာဝ အပါအဝင်၊ အသိတရားရဖို့ ငြင်းပယ်ခြင်း၊ သမ္မာတရားကို သွေးရူးသွေးတန်း မုန်းတီးခြင်း၊ ဘုရားသခင်ကို မုန်းခြင်း တို့ကို ဖော်ထုတ်ခံခဲ့ရသည်။ ဘာသာရေး အသိုင်းအဝိုင်းက သင်းအုပ်ဆရာများ နှင့် အကြီးအကဲများလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဤအတိုင်းဆက်ဆံနေခြင်း မဟုတ်ပါလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သင်းအုပ်ဆရာများနှင့် အကြီးအကဲများက မည်သို့ ဆန့်ကျင်ရှုတ်ချကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းသိရပါက၊ ဖာရိရှဲတို့လည်း သခင်ယေရှုကို၊ တစ်ပုံစံတည်း ဆန့်ကျင်ရှုတ်ချခဲ့ ကြောင်းကို အသေအချာသိရလိမ့်မည်။

လွန်ခဲ့သည့် နှစ် ၂၀၀၀ က၊ ယဇ်ပရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့က သခင်ယေရှုကို ကားစင်တင်ခဲ့ ကြသည်။ နှစ် ၂၀၀၀ ကြာပြီးသည့်နောက်၊ ဘာသာရေး ခေါင်းဆောင် များက ဘုရားသခင်ကို ထပ်မံကားစင်တင်ခြင်းနှင့် သမိုင်းကို တစ်ကျော့ပြန် ဖြစ်စေပြီ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ အိမ်တော်ကစသည့် တရားစီရင်ခြင်းအမှုကို အနန္တတန်ခိုးရှင် ဘုရားသခင်က လုပ်ဆောင်နေကြောင်းကို ကျွန်တော်တို့ သိမြင်ပြီးပြီ။ လူသားတို့ကို သန့်စင်စေပြီး၊ ကယ်တင်ပေးသည့် သမ္မာတရားများကို သူဖော်ပြသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ လျှို့ဝှက် ဆန်းကြယ်မှု အားလုံးကို ဖော်ထုတ်လိုက်ပြီ။ ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်ဖျက်သည့် လူတို့၏ ဆိုးယုတ်သည့် သဘာဝကို တရားစီရင် ဖော်ထုတ်သည်။ နှောင့်ယှက်၍မရသည့် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သူတို့ကိုပြသသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်။ သူတို့က သြဇာအာဏာ နှင့် တန်ခိုးရှိပြီး ကျွန်တော်တို့ကို လုံးဝယုံကြည်စေသည်။ ဤသမ္မာတရား များက လူတို့ကို သန့်စင်ပေးပြီး ကယ်တင်ပေးသည်။ သို့သော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်ပါစေ၊ သူ့နှုတ်ကပတ်တော်က မည်မျှ သြဇာအာဏာနှင့် တန်ခိုးရှိပါစေ၊ မည်မျှ လူများကို သန့်စင်ပေးပြီး ကယ်တင်နိုင်ပါစေ၊ အခုခေတ် သင်းအုပ်ဆရာများ နှင့် အကြီးအကဲများက ဂရုမစိုက်ကြပါ။ သူတို့က ခေါင်းမာမာနှင့် သူတို့၏အတွေးမှားကို ဖက်တွယ်ထားဆဲ ဖြစ်သည်။ တိမ်တိုက်တစ်ခုပေါ်ကနေ ဆင်းသက်လာခြင်းမဟုတ်သည့်၊ ကျွန်ုပ်တို့ကို ကောင်းကင်နိုင်ငံတော်ဆီချီဆောင်ခြင်း မပြုသည့် လူက သခင်ယေရှု၏ ပြန်ကြွခြင်းမဟုတ်ဆိုပြီး သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို အရူးအမူးဆန့်ကျင် ရှုတ်ချကြသည်။ သခင်ယေရှု အမည်ကို ဖက်တွယ်ထားသော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကိုမူ အရူးအမူးဆန့်ကျင် ရှုတ်ချကြသည်။ ဤအဖြစ်က ဖာရိရှဲတို့ မေရှိယအမည်ကို ဖက်တွယ်ထားချိန်မှာ သခင်ယေရှုကို ဆန့်ကျင်ရှုတ်ချခဲ့ခြင်းနှင့် မည်သို့ကွာခြားသနည်း။ ဖာရိရှဲတို့၏ အနှစ်သာရနှင့် မတူပါလား။ ခေါင်းမာသည်၊ မာနထောင်လွှားသည်၊ သမ္မာတရားကို မလိုက်နာဘဲ သမ္မာတရားကို မုန်းတီးသည် မဟုတ်ပါလား။ ကောင်းကင်ဘုံက မရေရာသည့် ဘုရားသခင်ကို ယုံကြည်ကြပြီး၊ လူဇာတိခံသည့် ခရစ်တော်ကိုမူ ငြင်းပယ်ဆန့်ကျင်ပြီး ရှုတ်ချကြသည်။ သူတို့က ခရစ်တော်နှင့် ညှိမရသည့်ပြိုင်ဘက်များ ဖြစ်သည်။ ခရစ်တော်ကို ငြင်းပယ်ရှုတ်ချပြီး၊ ဆန့်ကျင်နေသည့် အန္တိခရစ်များ မဟုတ်ပါလား။ သမ္မာကျမ်းစာက ဤကဲ့သို့ ဆိုသည်။ “ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင်အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခု ကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏။” (ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၂:၁၈) “လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။” (ရှင်ယောဟန် ဩဝါဒစာ ဒုတိယစောင် ၁:၇) ထို့ကြောင့် ဘုရားသခင် လူဇာတိခံခြင်းကို အသိအမှတ်မပြုသူတို့က အန္တိခရစ်များ ဖြစ်သည်။ ခရစ်တော်ကို ဆန့်ကျင်ရှုတ်ချသူအားလုံးကလည်း အန္တိခရစ်များ ဖြစ်သည်။ ထို့ကြောင့် ယုဒလူမျိုး ဖာရိရှဲတို့ကို သခင်ယေရှု၏ အမှုတော်က အန္တိခရစ်များဟု ဖော်ထုတ်ထားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးသော ကာလမှာ၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ အားလုံးက၊ အန္တိခရစ်များဖြစ်သည်ဟု အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်မှာ ဖော်ပြထားသည်။ လူဇာတိခံထားသည့် ဘုရားသခင်၏ အမှုတော်များက အမှန်တကယ် လူများကိုဖော်ထုတ်ခြင်း ဖြစ်သည်။ နောက်ဆုံးသောကာလမှာ ခရစ်တော်ဖော်ပြသမျှအရာအားလုံးက အမှန်တရားများ ဖြစ်သည်။ ပညာရှိသတို့သမီးများနှင့် မိုက်မဲသည့် သတို့သမီးတို့ကို ဖော်ပြထားရုံမက၊ အန္တိခရစ်တို့နှင့် မယုံကြည်သူ မျိုးစုံကိုလည်း ဖော်ပြထားသည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့် အမှန်တရားတစ်ခု ဖြစ်ပါသည်။

နောက်ဆုံးသောကာလမှာ ဘာသာရေးခေါင်းဆောင်များနှင့် ယဇ်ပရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဘုရားသခင်ကို ဆန့်ကျင်သည့်အနှစ်သာရက တူညီပါသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ဘုရားသခင်ကို ဆန့်ကျင်သည့် လမ်းစဉ်များက ထိုယဇ်ပရောဟိတ်ကြီများ၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့ထက် ပို၍ပင်ဆိုးဝါးသေးသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားသခင်၏ အိမ်တော်က စသည့် တရားစီရင်ခြင်း အမှုတော်ကို စလုပ်ကိုင်ခဲ့စဉ်ကတည်းက၊ သမ္မာကျမ်းစာကို ချစ်မြတ်နိုးပြီး ဘုရားသခင်၏ ပေါ်ထွက်လာခြင်းကို စောင့်မျှော် နေကြသည့် ဂိုဏ်းခွဲပေါင်းစုံက လူအားလုံးက ဘုရားသခင်၏ ပလ္လင်ရှေ့တော်မှောက်ကို ချီဆောင်ခြင်းခံခဲ့ရသည်။ သင်းအုပ်ဆရာများ နှင့် အကြီးအကဲများက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချခြင်းကို လုံးဝရပ်မသွားပါ။ သစ္စာရှိသူများကို ချုပ်ချယ်ခြင်းများ မရပ်သကဲ့သို့၊ သူတို့၏ ရာထူးနေရာများနှင့် အသက်မွေးမှုများကို မြဲအောင်ထားခဲ့သည်။ ကောလာဟလများဖြန့်ပြီး မှားယွင်းသည့် သက်သေကိုခံကြသည့်အပြင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျိန်ဆဲကြသေးသည်။ အသင်းတော် ကိုလည်း ချိတ်ပိတ်လိုက်သည်။ ပြီးလျှင် ယုံကြည်သူများကို နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏အမှုတော်ကို လေ့လာခွင့်ကိုလည်း တင်းတင်းကျပ်ကျပ်ပိတ်ထားသည်။ နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ကို ဖြန့်ကျက်သည့် ညီအစ်ကိုမောင်နှမတို့ကို ခြိမ်းခြောက်သည်၊ ခြောက်လှန့်သည်၊ လှောင်ပြောင်ကြသည်။ ပြီးလျှင် ရိုက်နှက်ကြသည်။ ရာထောင်ချီသည့် ညီအစ်ကိုမောင်နှမတို့ကို ပြန်စရာအိမ်မရှိသည်ကို ဤအတိုင်းထားပြီး ရက်စက်သည့် တရုတ် ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းကာ၊ သူတို့ကို ဖမ်းဆီးနှိပ်စက်ကြသည်။ တရုတ်ကွန်မြူနစ်ပါတီက ညှဉ်ပန်း နှိပ်စက်ခဲ့သည့် လူများက အနည်းဆုံး ရာထောင်ချီရှိသွားပြီ ဖြစ်သည်။ အများကြီးအသတ်ခံရပြီးပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ဆန့်ကျင်ကြခြင်းက၊ ဖာရိရှဲတို့ သခင်ယေရှုကိုဆန့်ကျင်ခဲ့ခြင်းထက် ပို၍ပင် သွေးရူးသွေးတန်းနိုင် သေးသည်။ ဘုရားသခင်ကို ဆန့်ကျင်ရာမှာ သူတို့လုပ်ခဲ့သည့် ဆိုးယုတ်သည့်လုပ်ရပ်များက များပြားလွန်းသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူတို့ကို တရားစီရင်ပြီး ကျိန်ခြင်းအမင်္ဂလာ သင့်စေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့ထဲတွင် မည်မျှသည် သမ္မာတရားကို ရှာဖွေပြီး ဖြောင့်မတ်ခြင်းတရားကို လိုက်လျှောက်ကြသနည်း။ ၎င်းတို့ အားလုံးသည် ဘဝင်ခိုက်ကာ ကိုယ်ကျောကိုယ်သပ်ခြင်းဖြင့် ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်းရင်းနှင့် ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း ဝက်များနှင့် ခွေးများထက် သာ၍မကောင်းသည့် နောက်ချေးပုံအလယ်တွင် နံဟောင်သော ယင်ကောင်တစ်အုပ်ကို ဦးဆောင်သော သားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်က နံဟောင်သော ယင်ကောင်များထက် မပိုသည်ကို မသိသလောက်ဖြစ်လျက်၊ ၎င်းတို့၏ ငရဲဘုရင်သည် အားလုံးထဲမှ အကြီးမြတ်ဆုံးသော ရှင်ဘုရင်ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အပုပ်ချဖို့ မိမိတို့၏မိဘများအဖြစ် ရှိနေကြသည့် ဝက်များနှင့် ခွေးများ၏ တန်ခိုးအာဏာကို အသုံးချကြသေးသည်။ အလွန်သေးငယ်သော ယင်ကောင်များအနေဖြင့်၊ ၎င်းတို့သည် ၎င်းတို့၏မိဘများကို သွားရှိသော ဝေလငါးများ တမျှ ကြီးမားသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့ကိုယ်တိုင်က သေးငယ်လှသော်လည်း၊ ၎င်းတို့၏မိဘများမှာ ၎င်းတို့ထက် အဆသန်းရာပေါင်းများစွာ သာ၍ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့်ခွေးများ ဖြစ်သည်ကို မသိသလောက် ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ နိမ့်ကျခြင်းကို သတိမမူဘဲလျက်၊ ၎င်းတို့သည် အနာဂတ်မျိုးဆက်များကို ပေါက်ပွားစေရန် အချည်းနှီး စဉ်းစားရင်း၊ အရှက်ရခြင်းကို သတိမမူဘဲ ဒေါသတကြီး လျှောက်ရမ်းဖို့ ထိုဝက်များနှင့် ခွေးများမှ ထွက်သော ပုပ်ပွသည့် အနံ့ဆိုးအပေါ် အားထားလေသည်။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများဖြင့်၊ (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာဆိုခြင်းကို ရည်ညွှန်း၏)၊ ၎င်းတို့သည် သွေးနားထင်ရောက်ကြပြီး၊ နေရာတကာတွင် မိမိတို့၏ အလှတရားနှင့် ဆွဲဆောင်မှုတို့ကို ကြွားဝါကြသော်လည်း၊ မိမိတို့ ကိုယ်တိုင်၏ ခန္ဓာကိုယ်များပေါ်က မစင်ကြယ်မှုများကို လူသားအပေါ်သို့ လျှို့ဝှက်စွာ ပစ်ကြလေသည်။ ထို့အပြင်၊ ၎င်းတို့ကိုယ်တိုင်၏ မစင်ကြယ်မှုများကို ဖုံးကွယ်ရန် သက်တံရောင် တောင်ပံတစ်စုံကို ၎င်းတို့ အသုံးပြုနိုင်ကြသည့်အလား၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်နေကြပြီး၊ ဤနည်းများဖြင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ တည်ရှိခြင်းအပေါ် သူတို့၏ ဖိနှိပ်ခြင်းကို ယူဆောင်လာကြလေသည် (ဤသည်မှာ ဘာသာရေးလောကထဲက ဖြစ်အင်များနောက်ကွယ်တွင် ဖြစ်နေသည့်အရာကို ရည်ညွှန်းသည်)။ ယင်ကောင်တစ်ကောင်၏ တောင်ပံများသည် နှစ်သက်ကြည်နူးဖွယ် လှပသလောက်၊ ယင်ကောင်ကိုယ်၌ကမူ နောက်ဆုံးတွင် အညစ်အကြေးများ နှင့်ပြည့်သော ဝမ်းဗိုက်နှင့် ရောဂါပိုးများနှင့် ဖုံးလွှမ်းနေသည့် ခန္ဓာကိုယ်ဖြင့် သေးငယ်သည့် သတ္တဝါတစ်ကောင်ထက် ဘာမျှ မပိုသည်ကို လူသားသည် မည်သို့သိမည်နည်း။ မိဘများအနေဖြင့် ၎င်းတို့၌ရှိကြသည့် ဝက်များနှင့်ခွေးများ၏ ခွန်အားကိုမှီ၍၊ ၎င်းတို့သည် နယ်မြေတစ်လျှောက် ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်မှုတွင် အထိန်းအကွပ်မဲ့လျက် ဒေါသတကြီး ပတ်ရမ်းကြလေသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို ပုန်ကန်ဖို့ ဘုရားသခင်ကို နှိပ်စက်ညှဉ်းပန်းသည့် ဘာသာရေး အရာရှိများက တိုင်းနိုင်ငံအစိုးရ၏ အားကောင်းသော အထောက်အပံ့ကို အမှီပြုသည့် နည်းလမ်းကို ရည်ညွှန်း၏)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲတို့၏ တစ္ဆေများသည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၊ ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာကြခဲ့သည့်အလား ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့က ၎င်းတို့၏ အလုပ်ကို ပြန်လည်လုပ်ကိုင်ရင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နောက်တစ်လှည့်ကို စတင်ကြပြီ ဖြစ်သည်။ ဤအကျင့်ပျက်အုပ်စုသည် အဆုံးတွင် ကမ္ဘာမြေပေါ်၌ ပျက်စီးကြဖို့ သေချာ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)) အနန္တတန်ခိုးရှင်ဘုရားသခင်ဖော်ပြထားသည့် နှုတ်ကပတ်တော်များက၊ သတင်းစာကနေတစ်ဆင့်၊ ရုပ်မြင်သံကြားမှ တစ်ဆင့်၊ ပြီးလျှင် အင်တာနက်ကနေတစ်ဆင့် ဖြန့်ဝေခဲ့သည်မှာ ကြာခဲ့ပြီ။ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်းနှင့် အမှုတော်တို့အကြောင်း တစ်ကမ္ဘာလုံးဆီမှာ ထင်ထင်ပေါ်ပေါ် သက်သေခံဖို့အတွက်၊ နှုတ်ကပတ်တော်ရုပ်ရှင်များနှင့် ဗီဒီယိုများမျိုးစုံ အင်တာနက်မှာ တင်ထားပြီးသား ဖြစ်သည်။ ၎င်းကဘာသာရေးအသိုင်းအဝိုင်းနှင့် လူအများကြားမှာ ဂယက်လှိုင်း ပြင်းထန်စွာရိုက်ခတ်ခဲ့သည်။ ဘာသာရေး အသိုင်းအဝိုင်းက သင်းအုပ်ဆရာများနှင့် အကြီးအကဲများလည်း၊ ပြန့်ပွားလာသည့် ရေစီးကြောင်းကို သိပြီးသားဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘာသာရေးအသိုင်းအဝိုင်းနှင့် လူအများကို အောင်နိုင်နေပြီ ဖြစ်ကြောင်းကို သိပြီးဖြစ်သည်။ ၎င်းကို တားဆီးနိုင်မည့် လူရော အင်အားပါ မရှိပါ။ သူတို့က ကသိကအောက်ဖြစ်လာကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို အရူးအမူး ဆန့်ကျင်ရှုတ်ချကြ ပါတော့သည်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ၏ အမှုတော်ကို ပိတ်ပင်ပြီး၊ သူတို့၏ အရိုင်းဆုံးအိပ်မက်ကို ရယူနိုင်ဖို့ ကြိုးစားကြသည်။ ဘာသာရေးအသိုင်းအဝိုင်းကို ထာဝရထိန်းချုပ်ဖို့ နှင့် ဘုရားသခင်၏ ရွေးနှုတ်ထားသည့် လူများကို လွှမ်းမိုးနိုင်ဖို့ ဖြစ်သည်။ ထိုအကြောင်းအရာများကို ကြည့်ပြီး နောက်ဆုံးသောကာလမှာ ဘာသာရေးသင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဖာရိရှဲတို့၏ ပြန်ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း သက်သေခိုင်လုံသွားပြီ။ သူတို့က ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ဖျက်ဆီးဖို့ တတ်နိုင်သမျှ ကြိုးစားပြီး ဘုရားသခင်၏ ရန်သူများဖြစ်ဖို့ အသက်နှင့် တိုင်တည်ကျိန်ဆိုထားသည့် အန္တိခရစ် မကောင်းဆိုးဝါးများ ဖြစ်ပါသည်။ သူတို့၏ များစွာသည့် မကောင်းမှုလုပ်ရပ်များက ဘုရားသခင်၏ စိတ်သဘောထားကို ထိခိုက်ရန်စနေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် တရားစီရင်ခြင်းနှင့် အပြစ်ဒဏ်ကနေ မည်သို့ လွတ်မည်နည်း။

မြို့တော် ကျဆုံးလိမ့်မည် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အောက်ခြေမှတ်စု(များ)-

၁။ “ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် ဘုရားသခင်၏ အမှုကို ဟန့်တားကာ ဆန့်ကျင်ရင်း မည်သို့ သောင်းကျန်းကြမ်းတမ်းပုံကို ရည်ညွှန်းသည်။

၂။ “သွားရှိသော ဝေလငါးများ” ဆိုသည်မှာ သရော်သည့်အနေဖြင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှသည်မှာ ဝက်များနှင့် ခွေးများသည် ၎င်းတို့အတွက် ဝေလငါးများတမျှ ကြီးမားပုံကို တင်စားခြင်း ဖြစ်သည်။

အရှေ့သို့- မေးခွန်း (၁၂) ကျွန်မတို့ညီအစ်ကိုမောင်နှမအများစုက နားမလည်ကြဘူး သခင်ယေရှုပြန်ကြွမလာခင်၊ ဖာရိရှဲတို့က တရားဇရပ်မှာ မကြာခဏ သမ္မာကျမ်းစာကို ရှင်းလင်းခဲ့တယ် လူအများရှေ့မှာ ရပ်ပြီး ဆုတောင်းကြသလို၊ သမ္မာကျမ်းစာရဲ့ စည်းမျဉ်းတွေကို သုံးပြီး လူတွေကို ရှုတ်ချကြတယ် အပြင်ပန်းကြည့်ရင်တော့ သူတို့က သမ္မာကျမ်းစာကို ဘယ်တော့မှ သစ္စာမဖောက်မယ့်လူတွေလို ကြည်ညိုဖို့ကောင်းခဲ့တယ် ဒါပေမဲ့ ဖာရိရှဲတို့က ဘာလို့ သခင်ယေရှုရဲ့ကျိန်ခြင်းအမင်္ဂလာ ခံယူခဲ့ရတာလဲ သူတို့က ဘုရားသခင်ကို ဘယ်လိုနည်းနဲ့ဆန့်ကျင်ခဲ့တာလဲ သူတို့ရဲ့ သူတော်ကောင်း ယောင်ဆောင်မှုကို ဘယ်လိုပြခဲ့ကြလဲ ဘာလို့ဘုရားသခင်ရဲ့ အမျက်တော်ရှခဲ့တာလဲ

နောက်တစ်ခုသို့- မေးခွန်း (၁၄) ညီအစ်ကိုမောင်နှမများစွာက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို စိတ်နှလုံးထဲကကို ကိုးကွယ်နေကြတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေဟာ မကြာခဏ သမ္မာကျမ်းစာကို အနက်ပြန်ပြီး ချီးမြှောက်ပေမယ့် ဘာလို့ သမ္မာတရားကိုမုန်းတီးပြီး လူဇာတိခံတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချလဲဆိုတာကို သူတို့နားမလည်ကြဘူး သမ္မာကျမ်းစာကို အနက်ပြန်ပြီး ချီးမြှောက်တာဟာ သခင့်ကို သက်သေခံတာနဲ့ သခင့်ကို ချီးမြှောက်တာနဲ့ အတူတူပဲမဟုတ်ဘူးလား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။