မေးခွန်း (၁၄) ညီအစ်ကိုမောင်နှမများစွာက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို စိတ်နှလုံးထဲကကို ကိုးကွယ်နေကြတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေဟာ မကြာခဏ သမ္မာကျမ်းစာကို အနက်ပြန်ပြီး ချီးမြှောက်ပေမယ့် ဘာလို့ သမ္မာတရားကိုမုန်းတီးပြီး လူဇာတိခံတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချလဲဆိုတာကို သူတို့နားမလည်ကြဘူး သမ္မာကျမ်းစာကို အနက်ပြန်ပြီး ချီးမြှောက်တာဟာ သခင့်ကို သက်သေခံတာနဲ့ သခင့်ကို ချီးမြှောက်တာနဲ့ အတူတူပဲမဟုတ်ဘူးလား

အဖြေ- ဘာသာရေးအသိုင်းအဝိုင်းထဲမှာ အခြေအနေတစ်ခုဟာ ကြီးထွားနေပြီးပြီ သမ္မာကျမ်းစာကို အကောင်းဆုံးရှင်းပြနိုင်တဲ့လူတွေနဲ့ အကောင်းဆုံး သမ္မာကျမ်းစာလာသဘောတရားရှိသူတွေဟာ အရမ်းချီးမွမ်းခံရပြီး အကိုးကွယ်ခံရတယ်တဲ့ သမ္မာကျမ်းစာရဲ့ နက်နဲမှုတွေကို ရှင်းလင်းနိုင်သူတွေနဲ့ ပရောဖက်တွေဟာ အကိုးကွယ်ခံရဆုံးပဲတဲ့ ဒါကြောင့် အသင်းတော်မှာ လူအများက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို ကိုးကွယ်ကြတယ် သမ္မာကျမ်းစာကို ရှင်းလင်းပြီး ချီးမြှောက်တာဟာ သခင့်ကို သက်သေခံတာနဲ့ သခင့်ကို ချီးမြှောက်တာပဲလို့ သူတို့အားလုံးက မြင်နေကြတယ် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချကြတာကို သူတို့မြင်တော့ အများစုက စိတ်ရှုပ်ထွေးပြီး ဇဝေဇဝါဖြစ်ကုန်တယ် တစ်ဖက်မှာကျတော့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ သမ္မာကျမ်းစာကို ရှင်းလင်းပြီး ဂုဏ်တင်ချီးကျူးတာဟာ သခင့်ကို သက်သေခံတာပဲလို့ ထင်ကြတယ် တစ်ဖက်မှာကျတော့ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသမျှအားလုံးဟာ သမ္မာတရားဖြစ်ပေမယ့်၊ ဘာလို့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ကိုယ်တော့်ကို ဆန့်ကျင်ရှုတ်ချတာလဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမည်နာမတော်က သခင်ယေရှုမဟုတ်တာနဲ့ပဲ ရှုတ်ချကြတာလား ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဖော်ပြသမျှအားလုံးဟာ သမ္မာတရားဖြစ်တဲ့အတွက် ရှုတ်ချဖို့ မသင့်တော်ဘူးလေ ဒါဆို သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာတရားကို ဖော်ပြတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဘာလို့ အရူးအမူးဆန့်ကျင်ရှုတ်ချကြတာလဲ လူအများက ဒါကိုနားမလည်ကြဘူး တကယ်တော့၊ ဒီပြဿနာက ရှင်းပြဖို့ ဒီလောက်မခက်ခဲပါဘူး သခင်ယေရှုက ကိုယ်တော့်ရဲ့အမှုတော်ကိုလုပ်ဆောင်ဖို့ လာတုန်းက အချိန်ကို ပြန်တွေးကြည့်ရင်၊ ဂျူးလူမျိုး ယဇ်ပရောဟိတ်အကြီးအကဲ၊ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲတို့လည်း၊ သခင်ယေရှုကို ဒီလိုတစ်ပုံစံတည်း ရှုတ်ချဆန့်ကျင်ခဲ့ကြတာပဲမဟုတ်လား သခင်ယေရှုကို ကားစင်မတင်ခဲ့ကြဘူးလား သခင်ယေရှုရဲ့ အမည်နာမက မေရှိယ မဟုတ်တာကြောင့်မဟုတ်ဘူးလား ကိုယ်တော်က သမ္မာတရားတွေကို ဖော်ပြခဲ့လို့မဟုတ်ဘူးလား သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေက သြဇာအာဏာနဲ့ တန်ခိုးရှိတာကို သူတို့မြင်ခဲ့တယ်.. ကိုယ်တော်ဟာ အံ့ဖွယ်အရာတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့တာကို သူတို့မြင်ခဲ့တယ် ထောင်ချီတဲ့ လူတွေက ကိုယ်တော့်နောက်လိုက်ခဲ့တာကို သူတို့မြင်ခဲ့တယ်..ယုဒတစ်ပြည်လုံး တုန်လှုပ်သွားခဲ့တယ် သူတို့က သခင်ယေရှုကို ကိုယ်တော့်အမှုတော်ဖြန့်ဝေခွင့်ပြုခဲ့ရင် ယုဒဘာသာ ပယ်ဖျက်ခံခဲ့ရမှာပေါ့ ယုဒဘာသာအတွက် အကျိုးဆက်က စိတ်ကူးမယဉ်ဝံ့စရာပဲ ဒါကြောင့်၊ သူတို့က သခင်ယေရှုကို အမုန်းကြီးခဲ့ပြီး ကိုယ်တော့်ကို သတ်ပစ်ချင်ခဲ့ကြတယ် ဒီလိုပုံနဲ့ သူတို့ကြောင့် သခင်ယေရှုဟာ ကားစင်အတင်ခံခဲ့ရတယ် အဲဒီတုန်းက ယဇ်ပရောဟိတ်တွေ၊ ကျမ်းတတ်ဆရာတွေနဲ့ ဖာရိရှဲတို့ အားလုံးက သမ္မာကျမ်းစာကို အနက်ပြန်ပြီး ချီးမြှောက်ခဲ့တာပဲ မဟုတ်ဘူးလား ဒါဆို သူတို့က သခင်ယေရှုကို ဘာလို့ကားစင်တင်ခဲ့တာလဲ အရှင်းဆုံးပြောရရင်၊ ဖာရိရှဲတို့က သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို မုန်းတီးလို့ပဲ မဟုတ်ဘူးလားဗျာ သူတို့ရဲ့ ကိုယ်ပိုင်ရာထူးနေရာတွေနဲ့ ထမင်းစားလက်မှတ်တွေကို ကာကွယ်ဖို့အတွက်၊ သမ္မာတရားဖော်ပြတဲ့ ဘုရားသခင်ကို အကြင်နာမရှိ ရက်ရက်စက်စက်လုပ်ခဲ့ကြတယ် ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ၊ ဘုရားသခင်ကို ဆန့်ကျင်ဖို့ဆိုရင် ဘယ်လိုဆိုးယုတ်တဲ့လုပ်ရပ်ဖြစ်စေ လုပ်ချင်ခဲ့ကြတယ် ယဇ်ပရောဟိတ်ကြီးတို့၊ ကျမ်းတတ်ဆရာတို့နဲ့ ဖာရိရှဲတို့ရဲ့ သဘာဝအမှန်ဟာ၊ သမ္မာတရားကို မုန်းတီးခြင်းနဲ့ ဘုရားသခင်ကို ဆန့်ကျင်ခြင်းပဲဆိုတာ လွယ်လွယ်နဲ့ မြင်နိုင်ပါတယ် သူတို့ သမ္မာတရားကို အနက်ပြန်ပြီး ချီးမြှောက်တာဟာ သူတို့ကိုယ်ပိုင် ရာထူးနေရာတွေနဲ့ ထမင်းစာလက်မှတ်တွေအတွက်ပဲ သူတို့ဟာ ဘုရားသခင်နဲ့ သမ္မာတရားအတွက် အမုန်းတွေပြည့်နေခဲ့တယ် ဒါကြောင့်၊ သခင်ယေရှုဟာ သမ္မာတရားကို ဖော်ပြပြီး ကိုယ်တော့်အမှုတော်ကို လုပ်ဆောင်တဲ့အခါ၊ သူတို့ရဲ့ သဘာဝမှန်ဖြစ်တဲ့၊ အမှန်တရားကို မုန်းတီးစိတ်နဲ့ ဘုရားသခင်ကို ဆန့်ကျင်မှုဟာ လုံးလုံးဖော်ထုတ်ခံခဲ့ရတာပေါ့ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ၊ လူတွေဘုရားသခင်ကို ဆန့်ကျင်တာ မဆန့်ကျင်တာက သူတို့ သမ္မာတရားကို ဘယ်လိုအနက်ပြန်လဲဆိုတာနဲ့ မသက်ဆိုင်ပါဘူး သူတို့ရဲ့ သဘာဝနဲ့ပဲ သက်ဆိုင်ပါတယ် သမ္မာတရားမုန်းတီးပြီး ဘုရားသခင်ကိုဆန့်ကျင်တဲ့ သဘာဝရှိတဲ့ လူတွေအတွက်၊ သူတို့ သမ္မာတရားကို ဘယ်လောက်ကောင်းအောင် အနက်ပြန်နိုင်ပါစေ၊ သူတို့ရဲ့ သမ္မာတရားကိုမုန်းတဲ့အတွင်းစိတ်နဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့အတွင်းစိတ်က ပြောင်းလဲမသွားပါဘူး ဖာရိရှဲတို့က သူတို့ရဲ့သမ္မာကျမ်းစာ အနက်ပြန်တာကို အသုံးချပြီး သခင်ယေရှုကို ရှုတ်ချဆန့်ကျင်ခဲ့တာမဟုတ်ဘူးလား ဒါက ဟိုးအချိန်တွေတုန်းက ဘုရားသခင်ဟာ သူ့ရဲ့ အမှုတော်ကတစ်ဆင့် ဖော်ထုတ်ခဲ့တဲ့အရာပဲ ကျွန်တော်တို့က တကယ်ပဲ အခုထိမမြင်သေးဘူးလား

ဖာရိရှဲတို့ရော၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတို့ပါ သမ္မာကျမ်းစာကို အနက်ပြန်ပြီး ချီးမြှောက်ခဲ့တယ် ဒါပေမဲ့ သူတို့က လူဇာတိခံဘုရားသခင်ကို ဘာလို့များ ဆန့်ကျင်ရှုတ်ချနိုင်တာလဲ ကျွန်တော်တို့နားလည်ရမယ့် အမှန်တရားနောက်တစ်ခု ရှိသေးတယ် သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ တစ်ခုတည်းသော သက်သေခံချက်ပဲ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်အတွင်းမှာ ဘုရားသခင်ရဲ့ အမှုတော်မှတ်တမ်းတစ်ခုဖြစ်တယ် ဘုရားသခင်က အမှုတော်ရဲ့ အဆင့်တစ်ခုစီလုပ်ရင်း အမှန်တရားတချို့ကို ဖော်ပြထားတယ်။ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ ကိုယ်တော်ရဲ့ စိတ်နေသဘောထားနဲ့ ကိုယ်တော်ရဲ့ အရာအားလုံးနှင့်ဖြစ်ခြင်းကို လူတို့တွေ့ရတယ် ဒါကြောင့်၊ ဘုရားသခင်ရဲ့ အမှုတော်အဆင့်တစ်ခုကို လူတို့တွေ့ကြုံရတဲ့ အချိန်တိုင်း၊ သမ္မတရားတချို့နဲ့ ဘုရားသခင်အကြောင်း ပိုသိနားလည်လာရတယ် ကိုယ်တော့်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်မှာ အမှုတော်အဆင့် ၃ ဆင့်ကို လုပ်ဆောင်နေတုန်းမှာ ဘုရားသခင်က ကိုယ်တော်ရဲ့ အရာအားလုံးနှင့် ဖြစ်ခြင်းအားလုံးဖြစ်တဲ့ သူ့ရဲ့ ပင်ကိုစိတ်သဘောထားကို တဖြည်းဖြည်းထုတ်ဖော်ပြခဲ့တယ် နိုင်ငံတော်ခေတ်ကာလအတွင်းမှာ၊ ဘုရားသခင်က သူ့ရဲ့ ပင်ကိုဖြောင့်မတ်တဲ့ စိတ်သဘောထားရယ် အနန္တတန်းခိုးရယ်၊ ဉာဏ်ပညာရယ်၊ သြဇာအာဏာနဲ့ ဂုဏ်ကျက်သရေတို့ကို ထုတ်ဖော်ထားပါတယ် ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်တွင်းက ဘုရားသခင်ရဲ့ အမှုတော်ကနေပဲ ကိုယ်တော့်ကို သိတယ်ဆိုရင်၊ ဘုရားသခင်အကြောင်း ဗဟုသုတနည်းလွန်းတယ် ပညတ်တော်ခေတ်တုန်းကလိုပဲပေါ့ ယေဟောဝါဘုရားသခင်ရဲ့ အမှုတော်ကနေတစ်ဆင့်၊ ယုံကြည်သူတွေဟာ ဘုရားသခင်ရဲ့ အမှန်တကယ်တည်ရှိမှုနဲ့၊ ဉာဏ်အမြော်အမြင်ရှိ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုခဲ့တယ် ယေဟောဝါဘုရားသခင်ရဲ့ ပညတ်တော်တွေကို ချိုးဖောက်လို့မရဘူးဆိုတာ သူတို့သိလာခဲ့တယ် ကျေးဇူးတော်ခေတ်မှာ၊ ယုံကြည်သူတို့ သခင်ယေရှုရဲ့ အမှုတော်ကိုတွေ့မြင်ခဲ့တဲ့အခါ၊ ကိုယ်တော်ဟာ လူမျိုးနွယ်ရဲ့ ရွေးနုတ်ကယ်တင်ရှင်နဲ့ မေတ္တာဂရုဏာကြီးမားတဲ့ ဘုရားသခင်ဆိုတာ သိခဲ့တယ် ဒါပေမဲ့၊ သူတို့ဟာ ဘုရားသခင်ရဲ့ အခြေအမြစ် ဒါမှမဟုတ် ပင်ကိုဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားမလည်ကြဘူး ဘုရားသခင်အကြောင်း မှန်ကန်တဲ့ဗဟုသုတကို သူတို့တကယ်မရရှိခဲ့ဘူး ဒါကြောင့် ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်တုန်းက၊ ဘုရားသခင်ရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့်ပဲ ကိုယ်တော့်ကို သိတာဆိုရင် ဘုရားသခင်နဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ဗဟုသုတက တစ်ဖက်သတ်ဆန်လွန်းလိမ့်မယ် ကိုယ်တော့်စိတ်သဘောထားနဲ့ ဖြစ်ခြင်းတို့ရဲ့ အစိတ်အပိုင်းလေးတစ်ခုကိုပဲ ကျွန်တော်တို့ သိလိမ့်မယ် ဘုရားသခင်ကို အမှန်တကယ်သိကျွမ်းခြင်း စံကိုတော့ ကျွန်တော်တို့ မမီနိုင်ဘူးလေ ဘုရားသခင်ကို မသိမြင်သူတွေက သမ္မာကျမ်းစာကို ရှင်းလင်းတဲ့အခါ၊ သူတို့ဟာ အလွန်ကို ကိုယ်တော့်ကို ဘောင်ခတ်ပြီး ဆန့်ကျင်တတ်ပါတယ် ဒါအမှန်ပဲလား ဒါပေမဲ့၊ ယုဒယဇ်ပရောဟိတ်ကြီးတွေ၊ ကျမ်းတတ်ဆရာတွေနဲ့ ဖာရိရှဲတို့က ဘုရားသခင်ကို မသိမြင်တဲ့အပြင်၊ အရေးကြီးဆုံးက သူတို့မှာ ဆိုးယုတ်တဲ့သဘာဝရှိတယ် သူတို့က သမ္မာတရားကိုမုန်းတီးခဲ့ပြီး ဘုရားသခင်ကိုဆန့်ကျင်ခဲ့တယ် ဒါကပဲ သူတို့ရဲ့ သေလောက်တဲ့အပြစ်ဖြစ်ခဲ့တယ် သူတို့စိတ်နှလုံးတွေသာ ကောင်းခဲ့ရင်၊ ဘုရားသခင်ကို မသိမြင်ခဲ့ရင်တောင်၊ လူမျိုးနွယ်ရဲ့ ကယ်တင်ရှင်ဖြစ်တဲ့ ကရုဏာရှင်သခင်ယေရှုကို ကားစင်တင်ခဲ့ကြမှာမဟုတ်ဘူး။ အခု ကျွန်တော်တို့ သိမြင်နိုင်ပြီပဲ ဖာရိရှဲတို့ရဲ့ နှလုံးသားတွေထဲမှာ ဘုရားသခင်ဟာ နေရာမရှိခဲ့ဘူး။ သူတို့ရဲ့ ရာထူးနေရာတွေနဲ့ ထမင်းစားလက်မှတ်တွေက ကျန်တာအားလုံးထက် ပိုအရေးကြီးခဲ့တယ် ဒါကြောင့်၊ ဘုရားသခင်ရဲ့ အမှုတော်က သူတို့ရဲ့ ရာထူးနေရာတွေနဲ့ ထမင်းစားလက်မှတ်တွေကို ခြိမ်းခြောက်လာတဲ့အခါ သူတို့က ဘုရားသခင်ကို ရန်သူတစ်ယောက်လို ဆက်ဆံပြီး၊ သတ်ပစ်ခဲ့တယ် ခင်ဗျားတို့ မြင်တဲ့အတိုင်း၊ သူတို့နှလုံးသားတွေနဲ့ သဘာဝအခြေအမြစ်တွေက အရမ်းအဆိပ်သင့်နေခဲ့တယ် ဘုရားသခင်က သူတို့ကို မြွေဆိုးအမျိုးတွေလို့ ဆိုခဲ့တာ မဆန်းပါဘူး ဘာသာရေးအသိုင်းအဝိုင်းက ခေါင်းဆောင်တွေက ဘုရားသခင်ကို မသိကြပေမယ့်၊ ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ဘုရားသခင်ကို အရူးအမူး ရှုတ်ချ ဆန့်ကျင်ကြတာကို အန္တိခရစ်တွေအဖြစ် ဖော်ထုတ်ခံရမှာပဲ ဒါပေါ့၊ တချို့ ဘာသာရေးခေါင်းဆောင်တွေဟာ ဘုရားသခင်ရဲ့ အမှုတော်နဲ့ပတ်သက်တဲ့ ကိုယ်ပိုင်အယူအဆတွေရှိကြတယ် ဒါပေမဲ့ သူတို့ရဲ့ ဘုရားသခင်ကို ကြောက်စိတ်ကြောင့် ဘုရားသခင်ကို နှုတ်နဲ့ ရှုတ်ချတာတို့၊ ဆန့်ကျင်တာတို့ကို မလုပ်ခဲ့တာပဲ ဥပမာပြောရရင်၊ သခင်ယေရှုက ကိုယ်တော့်အမှုတော်ကို လုပ်ဆောင်တဲ့အခါ၊ နိဿရည်းဆရာ၊ ဂါမလျေလက သခင်ယေရှုကို မရှုတ်ချခဲ့ဘူး နီကောဒင်လည်း ညဉ့်အခါမှာ သခင်ယေရှုဆီမှာ သမ္မာတရားကို ရှာဖွေနိုင်ခဲ့တယ် ဒါတွေအားလုံးက သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ အကြောင်းအရာတွေပဲ ခင်ဗျားတို့သိတဲ့အတိုင်းပဲ.. တကယ်လို့ လူတွေက ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်ကို မသိရင် ဒါမှမဟုတ် ဘုရားသခင်ကို မကြောက်ရင်၊ ဘုရားသခင်ကို ဆက်ကပ်တဲ့အခါ၊ ကိုယ်တော့်ကို ဆန့်ကျင်တတ်တယ် သမ္မာတရားကိုမုန်းတဲ့ သဘာဝရှိပြီး အဆိပ်သင့်နှလုံးသားရှိတဲ့ လူတွေဟာ ဘာသာရေးခေါင်းဆောင်တွေဖြစ်လာတဲ့အခါ၊ အနှေးနဲ့ အမြန် အန္တိခရစ်တွေအဖြစ် ဖော်ထုတ်ခံရမှာပါ ဒါက ဘယ်သူမှမငြင်းနိုင်တဲ့အချက်တစ်ချက်ပဲ အခု ခင်ဗျားတို့အားလုံး ဒီအချက်ကိုရှင်းသွားပြီလား အဲဒီအချိန်တုန်းက သခင်ယေရှုက သူတော်ယောင်ဖာရိရှဲတို့ကို အရေးတကြီးဖော်ထုတ်ခဲ့ပြီး ကျိန်ခြင်းအမင်္ဂလာသင့်စေခဲ့တယ် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က သူတို့ရဲ့ သမ္မာကျမ်းစာရှင်းပြချက်တွေနဲ့ လူတွေကို လမ်းမှားခေါ်ဆောင်နေပြီး ဘုရားသခင်ကို ဆန့်ကျင်နေကြသူ အန္တိခရစ်အနှစ်သာရရှိတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို ထုတ်ဖော် တရားစီရင်ပြီး ရှုတ်ချပြီးပါပြီ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲက နောက်နှစ်ပိုဒ်လောက် ဖတ်ကြည့်ရအောင် “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်)

သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော ‘ရတနာများ’ ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။...သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ ‘အလေးထားအပ်ပြီး မချိုးဖောက်အပ်သော’ တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ ‘ဘုရင်များ’ ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ ဇစ်မြစ်ကို ရှင်းရှင်းလင်းလင်းထုတ်ဖော်ထားတယ် သူတို့ဟာသမ္မာကျမ်းစာကို အနက်ပြန်ပေမယ့် ဘုရားသခင်ကို ဆန့်ကျင်ကြတယ် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘုရားသခင်ကို မသိကြဘူး မသိဘဲ ကိုယ်တော့်ကို သုံးသပ်ပြီးဆန့်ကျင်ကြတယ် အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရှုတ်ချတာတို့၊ ကျိန်ဆဲတာတို့ လုပ်တဲ့သူတွေအတွက် မှန်တယ် သူတို့ရဲ့ သဘာဝနဲ့ အနှစ်သာရက သခင်ယေရှုကို ကားစင်တင်ခဲ့တဲ့ ဖာရိရှဲတို့ရဲ့ သဘာဝနဲ့ အနှစ်သာရတို့နဲ့ အတူတူပဲ သူတို့အားလုံးဟာ သမ္မာတရားကိုမုန်းတီးတဲ့ ဆိုးယုတ်ပြီး အဆိပ်သင့်နေသူတွေပဲ သူတို့အားလုံးဟာ ဘုရားသခင်ရဲ့ အမှုတော်က ဖော်ထုတ်ခဲ့တဲ့ အန္တိခရစ်တွေပဲ ဘုရားသခင်ကို နောက်တစ်ကြိမ် ကားစင်တင်စီရင်ခဲ့တဲ့ သူတွေပဲ သူတို့အားလုံးဟာ ဘုရားသခင်ရဲ့ ကျိန်ခြင်းအမင်္ဂလာခံယူရမယ်

လူတို့ သမ္မာကျမ်းစာကို ဘယ်လိုအနက်ပြန်တယ်ဆိုတာဟာ သခင့်ကို မှန်မှန်ကန်ကန် သက်သေခံတာနဲ့ ချီးမြှောက်တာတို့နဲ့ မသက်ဆိုင်ဘူး အဓိကအချက်က၊ သူတို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်နိုင်လားဆိုတာနဲ့ ကိုယ်တော့်အမှုတော်ကိုတွေ့ကြုံနိုင်လားဆိုတာပါပဲ လူတွေက သမ္မာတရားကိုချစ်မြတ်နိုးရင်၊ သန့်ရှင်းတဲ့ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းရခြင်းကို ရရှိလိမ့်မယ် ပြီးတော့ မှန်ကန်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကို သိကျွမ်းခြင်းနဲ့ အတွေ့အကြုံကို ရရှိမယ် ဒီဗဟုသုတကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခြင်းနဲ့ ဖန်တီးထားတာ ဘုရားသခင်ကို အမှန်တကယ်သိတယ်ဆိုတာ အဲဒါကိုဆိုလိုတာပါ အဲဒီစစ်မှန်တဲ့ အတွေ့အကြုံနဲ့ သက်သေရပ်တည်ခြင်းတို့ကို မိတ်သဟာဖွဲ့ခြင်းဟာ၊ ဘုရားသခင်ကို အမှန်တကယ်ချီးမြှောက်တာဖြစ်ပြီး သက်သေခံခြင်းလည်းဖြစ်တယ် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံတဲ့ လူတွေပြောတဲ့ ကိုယ်တော့်အကြောင်း မှန်ကန်တဲ့သိကျွမ်းခြင်းကို သူတို့ရဲ့ ကိုယ်ပိုင်အယူအဆ၊ စိတ်ကူးစိတ်သန်း ဒါမှမဟုတ် ဆင်ခြင်တွေးခေါ်မှုကနေ မရရှိနိုင်ဘူး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သူတို့ရဲ့ရိုးစင်းတဲ့ ရှင်းလင်းချက်ကနေလည်း သေချာပေါက်မရနိုင်ဘူး ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံသူတွေဟာ သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ၊ ဘုရားသခင်ရဲ့ အလိုတော်၊ ဘုရားသခင်ရဲ့ လူတွေဆီကို တောင်းဆိုချက်တွေ၊ ကိုယ်တော့်ရဲ့ စိတ်သဘောထားနဲ့ ကိုယ်တော့်ရဲ့ အရာအားလုံးနှင့် ဖြစ်ခြင်းအားလုံးကို မိတ်သဟာယဖွဲ့ဖို့ကိုသာ အာရုံစိုက်ကြတယ် လူတွေကို ဘုရားသခင်ရဲ့ အလိုတော်နဲ့ စိတ်သဘောထားကို နားလည်စေပြီး ဘုရားသခင်ကို အမှန်တကယ်သိစေဖို့ပဲ ဒီလိုနဲ့ လူတွေဟာ ဘုရားသခင်ကို တကယ်ကြောက်ရွံ့ပြီး လိုက်နာကြမယ် ဒီလိုသမ္မာကျမ်းစာရှင်းလင်းချက်တွေနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မိတ်သဟာဖွဲ့ခြင်းတို့ဟာ သူတို့ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံကြတဲ့နည်းပဲ ဒါပေမဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ သမ္မာကျမ်းကို ရှင်းလင်းတဲ့အခါ၊ သူတို့ဟာ တကယ်ပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲက သမ္မာတရားရဲ့ အခြေခံကို မိတ်သဟာဖွဲ့နိုင်ကြသလား ဘုရားသခင်ရဲ့ အလိုတော်ကိုမိတ်သဟာဖွဲ့နိုင်လား ဘုရားသခင်ရဲ့ စိတ်သဘောထားကိုရော သက်သေခံနိုင်ကြလား သူတို့က တခြားလူတွေကို ဘုရားသခင်အကြောင်းသိအောင်၊ လိုက်နာအောင်၊ ဒါမှမဟုတ် ကြောက်အောင်လုပ်နိုင်လား။ ဘာသာရေးအသိုင်းအဝိုင်းက၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်တယ်ဆိုတဲ့ အချက်က ပြသပြီးပြီ ဒါဟာ သူတို့ရဲ့သဘာဝအမှန်ပဲ သူတို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်ကြသလို၊ ကိုယ်တော့်အမှုတော်ကို မတွေ့ကြုံကြဘူး သူတို့က ကိုယ်တော့်ရဲ့ အလိုတော်တို့ တောင်းဆိုချက်တို့ကို လုံးဝနားမလည်ကြဘူး ပြီးတော့ ကိုယ်တော့်ရဲ့ စိတ်သဘောထားရော အရာအားလုံးနဲ့ ဖြစ်ခြင်းကိုပါ နားမလည်တာ သေချာတယ် ဒါကြောင့် သူတို့ဟာဘုရားသခင်နဲ့ပတ်သက်ပြီး မှန်ကန်တဲ့ဗဟုသုတကို မိတ်သဟာမဖွဲ့နိုင်ဘူး ပြီးတော့ သခင်ယေရှုရဲ့ဘုရားဖြစ်ခြင်း အနှစ်သာရသို့မဟုတ် နှစ်သက်ဖွယ်ကြန်အင်ကိုလည်း သက်သေမခံနိုင်ဘူး သူတို့ဟာ သမ္မာကျမ်းဆိုင်ရာ အသိပညာနဲ့ ဓမ္မပညာဆိုင်ရာ သဘောတရားတွေကိုသာ ရှင်းလင်းခြင်းဖြစ်တယ် ဒါမှမဟုတ် သမ္မာကျမ်းစာထဲက ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတချို့ကို လူတွေလေးစားကြည်ညိုအောင် သမိုင်းနောက်ခံနဲ့အတူ ရှင်းလင်းပြတာပဲ အဲဒါပဲ မကသေးဘူး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေဟာ အများအားဖြင့် သမ္မာကျမ်းစာထဲက ပေါလုရဲ့ စကားတွေလိုမျိုး၊ လူသားရဲ့ စကားတို့ကိုပဲ ရှင်းလင်းကြတာ ပေါလုရဲ့ စကားအရ၊ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍” တဲ့။ သူတို့ဟာ သမ္မာကျမ်းစာထဲက စကားအားလုံးကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအလား ယူဆကြတယ် ဒါက ဘာသာရေးအသိုင်းအဝိုင်းတစ်ခုလုံးကို တမန်တော်တွေရဲ့ စကားတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအဖြစ် ယုံစားစေပြီး၊ ယုံကြည်သူတို့ကို အဲဒီစကားတွေအတိုင်း လက်တွေ့လုပ်ဆောင်ပြီး လေ့လာစေတယ် သူတို့က တရားဟောကြားတဲ့အခါ၊ မိတ်သဟာဖွဲ့တဲ့အခါ၊ ဒါမှမဟုတ် သက်သေခံတဲ့အခါ၊ တမန်တော်တွေရဲ့ စကားတွေကို ကြိမ်ဖန်များစွာ ညွှန်းဆိုနေကြတယ် ဒါပေမယ့်၊ သူတို့ဟာ ဘုရားသခင်နဲ့ သခင်ယေရှုကိုတော့ နည်းသထက်နည်းနည်း ညွှန်းဆိုကြတယ် အဆုံးသတ်ရလဒ်ကတော့ သမ္မာကျမ်းစာထဲက ဘုရားသခင်နဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေအားလုံးဟာ အစားထိုးခံရပြီး ပယ်ဖျက်ပစ်ခံရတယ် လူတွေရဲ့ နှလုံးသားထဲမှာ ပေါလုနဲ့ တခြားတမန်တော်တွေရဲ့ နေရာဟာ ဆက်တိုက်တိုးပွားလာတဲ့အခါ၊ သခင်ယေရှုရဲ့ နေရာဟာ ဆက်တိုက်လျော့နည်းလာပြီပေါ့ ဒါက ပေါလုရဲ့ စကားတွေနဲ့အတူ၊ သမ္မာကျမ်းစာထဲကတခြားလူတို့ရဲ့ စကားတွေဟာ လူတွေရဲ့ နှလုံးသားတွေကို သိမ်းပိုက်စေတယ် လူတွေဟာ သခင်ယေရှုကို အမည်ခံယုံကြည်ကြပေမယ့်၊ တကယ်တမ်းကျ၊ သမ္မာကျမ်းစာထဲက ပေါလုလိုမျိုး လူသားတွေရဲ့ စကားတွေအရသာ ရှေ့ဆက်လုပ်နေကြတယ် သူတို့ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ဘုရားသခင်ကို ယုံကြည်ကြတယ် ဘုရားသခင်ကို ဒီလိုနည်းနဲ့ ယုံကြည်နေသူတွေဟာ သခင်ရဲ့လမ်းစဉ်ကနေ မလွဲချော်ဘဲနေမလား ဒီလိုမျိုးဆက်ကပ်ပုံက ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဖြစ်ပါ့မလား ဥပမာပြောရရင်၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်းနဲ့ ပတ်သက်ပြီး တစ်ခါက သခင်ယေရှုဒီလိုမြွက်ဆိုခဲ့တယ် “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) ဒါပေမယ့် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတို့ကတော့ ပေါလုရဲ့စကားတွေအရသာ ကယ်တင်ခြင်းနဲ့ ကောင်းကင် နိုင်ငံတော်ကို ဝင်ခွင့်ရခြင်းအကြောင်းကို ပြောကြတယ် ဒါဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို လုံးဝသစ္စာဖောက်ခြင်းပဲ ရလဒ်ကတော့ ယုံကြည်သူအများစုက ဘုရားသခင်ရဲ့ အလိုတော်ကို ဘယ်လိုလိုက်နာရမလဲ မသိကြတော့ဘူး ဘယ်လိုလူမျိုးတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရလဲဆိုတာကို ရှင်းရှင်းနားမလည်ကြတော့ဘူး လူတွေက ပေါလုရဲ့ စကားတွေကို သူတို့ရဲ့ ဆောင်ပုဒ်လို သုံးကြတယ် “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက တခြားလူတွေကို သင်ပေးတာက၊ ပေါလုလုပ်ခဲ့သလို သခင့်အတွက် အလုပ်အကျွေးပြုပြီး ဒုက္ခဝေဒနာကို သည်းခံသရွေ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခွင့်ရမယ်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လူတွေရဲ့ စကားတွေနဲ့ အစားထိုးပစ်ပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖယ်ရှားပစ်လိုက်တယ် ရလဒ်ကတော့ သူတို့က လူတွေကိုလမ်းမှားဦးဆောင်နေတာပဲ သူတို့က သမ္မာကျမ်းကို ဒီလိုနည်းနဲ့ ရှင်းလင်းတဲ့အခါ၊ သူတို့က ဘုရားသခင်ကို ချီးမြှောက်တာ ဒါမှမဟုတ် သက်သေခံတာပဲလား ကျွန်တော်ကတော့ သူတို့ဟာဘုရားသခင်နဲ့ တိုက်ရိုက်ဆန့်ကျင်ဘက်ရောက်နေတယ်လို့ ထင်တယ် ဒီပြဿနာက အရမ်းအရေးကြီးတယ် ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက မကြာခဏ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို သမ္မာကျမ်းစာထဲက လူတို့စကားတွေနဲ့ အစားထိုးပစ်တယ် အခု ဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကို ကျွန်တော်တို့ ရှင်းသင့်ပြီ မဟုတ်ဘူးလား လူအများက သခင့်ကို နှစ်ပေါင်းများစွာယုံကြည်လာပြီး၊ ဘယ်လိုလုပ်ပြီး သူ့ကို မသိကြသေးတာလဲ ဘာလို့ သခင်ရဲ့ နှုတ်ကပတ်တော်တွေကို တစ်ခါမှမတွေ့ကြုံဖူးတာလဲ သခင့်ကို ဒီလိုနည်းနဲ့ ယုံကြည်ကြတဲ့ သူတို့က ဘယ်လိုလုပ်ပြီး သမ္မာတရားတို့၊ အသက်တို့ကို ရရှိနိုင်မှာလဲ ဒါဟာ ဘာကြောင့်လဲဆိုတော့၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတို့က သမ္မာကျမ်းထဲက လူတို့စကားတွေကို ရှင်းလင်းသက်သေခံပြီး၊ သူတို့နောက်လိုက်သူတွေကို အဲဒီစကားတွေကိုစောင့်ရှောက်ဖို့ တိုက်တွန်းလို့များလား သူတို့က ဒီနည်းနဲ့ သမ္မာကျမ်းကို အနက်ပြန်ပြီး သခင့်ကို ဘယ်လိုလုပ် ချီးမြှောက်တာတို့၊ သက်သေခံတာတို့ လုပ်နိုင်တာလဲ ဒီလိုမျိုး အစေခံခြင်းက ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဖြစ်ပါ့မလား သူတို့က သူတော်ယောင်ဖာရိရှဲတို့နဲ့ ဘာမှမကွာပါဘူး သူတို့တွေနှစ်ယောက်လုံးက ဘုရားသခင်ကို ဆန့်ကျင်ရင်း ကိုယ်တော့်ကို အစေခံတဲ့လမ်းပေါ် ခရီးဆက်နေကြတာပါ နောက်ဆုံးသောကာလတွင်းမှာ၊ လူဇာတိခံ ဘုရားသခင်က ပေါ်ထွန်းလာပြီး၊ သူ့အမှုတော်ကို လုပ်ဆောင်တဲ့အခါ၊ သူတို့ရဲ့ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဆိုးယုတ်လျှို့တဲ့ သဘာဝကို ဖော်ထုတ်ခံရတဲ့ထိ သူတို့ဟာ စဉ်းလဲစွာနဲ့ ဘုရားသခင်ရဲ့အမှုတော်ကို စတင်ဆန့်ကျင်ရှုတ်ချကြတယ် နောက်ဆုံးတော့ သူတို့ကို ဘုရားသခင်က ကျိန်းခြင်းအမင်္ဂလာသင့်စေပြီး အပြစ်ပေးမှာဖြစ်တယ် အနန္တတန်ခိုးရှင်ဘုရားသခင်မြွက်ဆိုထားသလိုပဲ “ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့- သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ပြီး၊ ၎င်းတို့၏ စိတ်ကူးများက လမ်းပြထားခြင်း ဖြစ်သည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ မဟောပြောနိုင်ပါက၊ လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ၊ သူတို့ထဲမှ အချို့တို့သည် ‘ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်’ ဟု ဆိုကြသည်။ လူသားတစ်ဦးသည် ဘုရားသခင်ကို သူတို့၏ယုံကြည်ခြင်း၌ ကြားခံဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်”) အနန္တတန်ခိုးရှင်ဘုရားသခင်က သင်းအုပ်ဆရာတို့၊ အကြီးအကဲတို့ရဲ့ ဘုရားသခင်ကိုဆန့်ကျင်တဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်းကိုဖော်ထုတ်ပြီးပါပြီ စစ်မှန်တဲ့ယုံကြည်သူတွေနဲ့ သမ္မာတရားရှာဖွေသူတွေက ဒီအမှန်တရားကို နားလည်သင့်တယ် ဘာသာရေးသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေဟာ ဘုရားသခင်ကို ဆန့်ကျင်ရာမှာ သမ္မာကျမ်းစာတွေကို အဆက်အစပ်မရှိ မှားယွင်းစွာရှင်းလင်းကြတယ် ဒီလိုနည်းနဲ့ သူတို့ရဲ့ လှည့်ဖြားမှုနဲ့ ထိန်းချုပ်မှုအောက်က ကျွန်တော်တို့ လွတ်မြောက်ပြီး ဘုရားသခင်ရဲ့ ပလ္လင်ရှေ့တော်မှောက် ပြန်လာနိုင်မယ်

နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်က ဘာသာရေးအသိုင်းအဝိုင်းက အန္တိခရစ် မကောင်းဆိုးဝါးများ ဖြစ်သည့် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ကို ဖော်ထုတ်ခဲ့သည်။ ထိုကဲ့သို့ မဟုတ်ပါက၊ သူတို့၏ သမ္မာကျမ်းစာကို ချီးမြှောက်ခြင်းနှင့် ရှင်းလင်းခြင်းတို့က အမှန်မှာမူ လူများကို လှည့်စားထိန်းချုပ်ဖို့ ပျံ့နှံ့နေသည့် နည်းလမ်းများ ဖြစ်ကြောင်းကို မည်သူမျှ သိမြင်နိုင်မှာမဟုတ်ပါ။ မည်သူမျှ သမ္မာတရားကို သိမြင်နိုင်မှာမဟုတ်ပါ။ သူတို့က ဘုရားသခင်၏ ရန်သူများအနေနှင့် ကိုယ်ပိုင်လွတ်လပ်သည့် နိုင်ငံတော်တည်ထောင် နေကြခြင်း ဖြစ်သည်။ ဟိုတစ်ချိန်၊ ဖာရိရှဲတို့ သမ္မာကျမ်းစာကို ချီးမြှောက်ပြီး သက်သေခံ ခဲ့သည်။ သမ္မာကျမ်းထဲမှ ဘုရားသခင်ကိုမူ ကန့်သတ်ခဲ့ကြသည်။ သမ္မာတရားကို မရှာဖွေခဲ့သကဲ့သို့၊ ဘုရားသခင်၏ ခြေလှမ်းတော်တို့ နောက်လိုက်ဖို့ မကြည့်ခဲ့ပါ။ သူတို့၏ရှင်းချက်အနေနှင့် သခင်ယေရှုက ဓမ္မဟောင်းကျမ်းကို လိုက်နာဖို့ ငြင်းပယ်ခြင်းကို အသုံးချပြီး ကိုယ်တော့်ကို ကားစင်တင်ခဲ့သည်။ သူတို့က အလွန့်အလွန် ပြင်းထန်သည့်အပြစ်ကို ကျူးလွန်ခဲ့သည်။ နောက်ဆုံးသောကာလက သင်းအုပ်ဆရာများနှင့် အကြီးအကဲများကလည်း ဖာရိရှဲတို့ အတိုင်းဖြစ်သည်။ သူတို့လည်း သမ္မာကျမ်းစာကိုချီးမြှောက်ပြီး သက်သေခံသည်။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ကို ဘောင်ခတ် သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က သမ္မာကျမ်းစာအပြင်မှာ မရှိ၊ သမ္မာကျမ်းစာကို ယုံကြည်ခြင်းက ဘုရားသခင်ကိုယုံကြည်ဖို့ ဖြစ်သည်၊ သမ္မာကျမ်းစာက ဘုရားသခင်ကို ကိုယ်စားပြုသည်၊ သင်တို့မှာ သမ္မာကျမ်းစာရှိပါက၊ ဘုရားသခင်ကို ယုံဖို့မလိုတော့ဟု ဆိုပြီး အတွေးမှားများကိုလည်း ဖြန့်ဖြူးကြသည်။ သူတို့က ထိုစကားများကိုသုံးပြီး လူများကို သမ္မာကျမ်းစာကိုသာ ယုံကြည်ကိုးကွယ်ဖို့ လမ်းမှားလွှဲပေးသည်။ သမ္မာကျမ်းစာကို ဘုရားသခင်အလား ဆက်ဆံကြသည်။ ဘုရားသခင်ကို သမ္မာကျမ်းစာနှင့် အစားထိုးပစ်သည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဤလျှို့ဝှက်ကလိမ်ကျသည့်နည်းကို သုံးပြီး ဘုရားသခင်ဆီက လူများကိုခိုးယူပြီး၊ သမ္မာကျမ်းစာရှေ့တော်ကို ခေါ်သွားကြသည်။ လူများကို သူတို့နှင့် ဘုရားသခင်တို့ ဆက်နွယ်မှုကို ဝိုးတဝါးဆုံးရှုံးစေသည်။ ဘုရားသခင်ကို တစ်ခါယုံကြည်ခဲ့သည့် လူများက ယခု သမ္မာကျမ်းစာကို ယုံကြည်နေကြပြီ။ သမ္မာကျမ်းစာက သူတို့နှလုံးသားများထဲမှ သခင်၊ သူတို့နှလုံးသားများထဲမှ ဘုရားသခင်ဖြစ်နေပြီ။ ထို့ကြောင့် သူတို့၏ သမ္မာကျမ်းစာကို မျက်စိစုံမှိတ်ယုံကြည်ပြီး ကိုးကွယ်ခြင်းက၊ သမ္မာကျမ်းဆိုင်ရာ ပညာရှင်များဖြစ်သည် ဟု ဆိုသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့ကို ကိုးကွယ်ပြီး နောက်လိုက်စေသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကမူ၊ ဘာသာရေး အသိုင်းအဝိုင်းကို ချုပ်ကိုင်ဖို့နှင့် သူတို့ကိုယ်ပိုင် ရည်မှန်းချက်များကို အောင်မြင်ဖို့ သမ္မာကျမ်းစာကို လက်နက်လို အသုံးချကြသည်။ သူတို့က သမ္မာကျမ်းစာကို ချီးမြှောက်ပြီး၊ လူများကို လှည့်စားဖို့၊ ထောင်ဖမ်းဖို့နှင့် ချုပ်ကိုင်ဖို့အတွက် အဆက်အစပ်မရှိ အနက် အဓိပ္ပာယ်ပြန်ကြသည်။ သူတို့က လူများကို လူသားကိုးကွယ်ခြင်း၊ လူသားနောက်ကိုလိုက်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ဘုရားသခင်၏ ရန်သူများအဖြစ်ရောက်ခြင်း၊ လမ်းကြောင်းတစ်ခုပေါ် ဝိုးတဝါးနှင့် ဦးဆောင်ခေါ်သွားပြီ သူတို့က သမ္မာကျမ်းစာကို ကိုးကွယ်ပြီး သမ္မာကျမ်းစာကို စောင့်ရှောက်ခြင်းက ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သကဲ့သို့၊ ဘုရားသခင်၏ မျက်မှောက်တော်ရှိခြင်းပဲဟု ထင်နေကြသည်။ ထို့ကြောင့် ထိုလူများက နောက်ဆုံးသောကာလမှာ ဘုရားသခင်၏အမှုတော်ကို ရှာဖွေခြင်း၊ လေ့လာခြင်း မပြုတော့ဘဲ၊ ကယ်တင်ခံရမည့် နောက်ဆုံးအခွင့်အရေးနှင့် လွဲချော်ကုန်သည်။ ဤသည်မှာ စာတန်၏ မာယာအများဆုံး၊ အစဉ်းလဲဆုံး အစီအစဉ် ဖြစ်သည်။ ထို့ကြောင့် ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာများ နှင့် အကြီးအကဲများက ဖာရိရှဲအစစ်အမှန်များနှင့် လူလိမ်အုပ်စု တစ်ခုသာ ဖြစ်သည်။ သူတို့က ဘုရားသခင်၏ ရွေးကောက်သူများကို လမ်းလွဲစေပြီး၊ ချုပ်ကိုင်ကြသည့် သိုးထိန်းအတုအယောင်များသာ ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် ဖာရိရှဲများနှင့် အန္တိခရစ် မကောင်းဆိုးဝါးအုပ်စုက ဘာသာရေးအသိုင်းအဝိုင်းကို ချုပ်ကိုင်နေခြင်း ဖြစ်သည်။ ဤနေရာက သူ့အမှုတော်ကို ဘုရားသခင် မလုပ်ဆောင်နိုင်တော့သည့်နေရာဖြစ်သည်မှာ ကြာခဲ့ပါပြီ။ ဤနေရာက ဘုရားသခင်ကို ရန်သူအဖြစ် မှတ်ယူသည့် ဆိုးယုတ်သည့် စခန်းတစ်ခုဖြစ်နေပြီ။ ဟိုးတစ်ချိန်က ဗာဗုလုန်မြို့တော်ကြီးဖြစ်ခဲ့ပြီ။ ဘာသာရေးဗာဗုလုန်မြို့က အဘယ့်ကြောင့် ဘုရားသခင်၏ အမျက် မရှဘဲနေမည်နည်း။

ဘာသာရေးအသိုင်းအဝိုင်းရဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့ သမိုင်းကြောင်းဟာ အနည်းဆုံး ပညတ်တော်ခေတ်ရဲ့ အဆုံးသတ်ကို ပြန်ရောက်သွားပြီဆိုတာ ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်း မြင်သင့်တယ်ဗျာ။ ကျေးဇူးတော်ခေတ်တွင်းမှာ ဘုရားသခင်က လူဇာတိခံပြီး ပထမဆုံးကိုယ်တော့်အမှုတော်ကို လုပ်ဆောင်တဲ့အချိန်က၊ ဘာသာရေးအသိုင်းအဝိုင်းကို ဖာရိရှဲတို့၊ အန္တိခရစ်တို့က အာဏာသိမ်းပြီးတာ ကြာပါပြီ သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုတော်ကို ဆန့်ကျင်တဲ့ အင်အားစုဖြစ်ခဲ့ပြီ နောက်ဆုံးသောကာလရဲ့ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းလာပြီး၊ ကိုယ်တော့်အမှုတော်ကို လုပ်ဆောင်ချိန်မှာ ဘာသာရေးအသိုင်းအဝိုင်းထဲက သူတို့ဟာ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်ရဲ့ ရန်သူတွေအဖြစ် ရပ်တည်နေကြဆဲပဲ သူတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို တယူသန်စွာ ရှုတ်ချကျိန်ဆဲရုံသာမက၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ပြီး ဖိနှိပ်ဖို့အတွက် ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီအစိုးရနဲ့ ပူးပေါင်းကြတယ် သူတို့ဟာ ဘုရားသခင်ကို နောက်တစ်ကြိမ်ကားစင်ထပ်တင်တဲ့ စက်ဆုပ်ဖွယ်အပြစ်ကို ကျူးလွန်ခဲ့ပြီးပြီ သခင်ယေရှုက ဘာသာရေးအသိုင်းအဝိုင်းရဲ့ အမှောင်ထုကိုဖော်ထုတ်ရင်း ဖာရိရှဲတို့ကို ကျိန်ခြင်းအမင်္ဂလာသင့်စေခဲ့ရုံမက၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နောက်ဆုံးသော ကာလမှာ ကိုယ်တော့်ရဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ချိန်မှာ၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတို့ရဲ့ အနှစ်သာရမှန်ရော၊ ဘုရားသခင်အပေါ် သူတို့ဆန့်ကျင်မှုကိုရော ထုတ်ဖော်ခဲ့သေးတယ် ထပ်လောင်းပြောရရင်၊ ကိုယ်တော်က ဘုရားသခင်ကို နောက်တစ်ကြိမ်ကားစင်ထပ်တင်ခဲ့တဲ့ အန္တိခရစ်တို့ကို ကျိန်ခြင်းပြုခဲ့တယ် ဒါဟာ တကယ်စဉ်းစားစရာပဲ ဘုရားသခင် လူဇာတိခံတဲ့နှစ်ခါလုံး၊ ကိုယ်တော်ဟာ ဘာသာရေးအသိုင်းအဝိုင်းကို ရှုတ်ချပြီး ကျိန်ခြင်းပြုခဲ့တယ် ဒါဟာဘာကိုပြနေလဲ ကြီးမြတ်တဲ့ ဗာဗုလုန်မြို့ဖြစ်တဲ့ ဘာသာရေးအသိုင်းအဝိုင်းဟာ ကျဆုံးဖို့ကံပါလာတာကို နောက်ဆုံးတော့ ဘုရားသခင်ရဲ့ရွေးကောက်သူတွေက နားလည်သွားပါပြီ ဘာသာရေးအသိုင်းအဝိုင်းက ဘုရားသခင်ကို အမည်ခံသာယုံကြည်ကြပေမယ့်၊ ဘုရားသခင်ကို တစ်ခါမှ တကယ်ချီးမြှောက်တာတို့၊ သက်သေခံတာတို့မလုပ်ခဲ့ဘူး သူတို့က ကိုယ်တော်ရဲ့ အလိုတော်ကို လုံးဝအကောင်အထည်မဖော်ကြဘူး ဘုရားသခင်ရဲ့ ရွေးကောက်သူတွေကို ကိုယ်တော့်ပလ္လင် ရှေ့တော်မှောက်ကို မခေါ်ဆောင်နိုင်ကြဘူး သမ္မာတရားကို နားလည်ပြီး ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်၊ တွေ့ကြုံခြင်းအားဖြင့် ဘုရားသခင်ကိုသိကျွမ်းဖို့အတွက် လမ်းကြောင်းမှန်ရောက်အောင် သူတို့ မဦးဆောင်နိုင်ကြပါဘူး ဘာသာရေးခေါင်းဆောင်တွေဟာ ဘုရားသခင်ရဲ့အလိုတော်နဲ့ လုံးဝဆန့်ကျင်နေပြီ သူတို့က သမ္မာတရားကို ကိုယ်တိုင်လက်တွေ့မလုပ်ဆောင်ကြပေမယ့်၊ ကြွားဝါဖို့နဲ့ လူတွေ သူတို့ကိုအထင်ကြီးကိုးကွယ်ကြဖို့ သမ္မာကျမ်းအသိပညာတွေနဲ့ ဓမ္မပညာဆိုင်ရာ သဘောတရားတွေကို ဟောပြောကြတယ် သူတို့က ယုံကြည်သူတွေကို ဖာရိရှဲတို့ရဲ့ သူတော်ယောင်လမ်းကြောင်းပေါ် ပို့နေတာပဲ ဘုရားသခင်ရဲ့ ရွေးကောက်သူကို ထိခိုက်ဖျက်ဆီးပစ်တယ် ဘာသာရေးခေါင်းဆောင်တွေက စာတန်ရဲ့ လက်နက်တွေဖြစ်တဲ့၊ စစ်မှန်တဲ့ အန္တိခရစ်တွေပဲဖြစ်သွားကြပြီ လူသားတို့ကို ကယ်တင်မယ့် ကိုယ်တော်ရဲ့ အမှုတော်အဆင့် ၃ဆင့်လုပ်နေစဉ်မှာ၊ လူတို့ကိုရွေးနှုတ်ဖို့နဲ့ ကယ်တင်ဖို့ ဘုရားသခင်ဟာ နှစ်ခါလူဇာတိခံပြီးပြီ ဘာသာရေးအသိုင်းအဝိုင်းတစ်ခုလုံးက ခရစ်တော်ရဲ့ ရန်သူတွေပဲ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုတော်အတွက် ခလုတ်တံသင်းတွေဖြစ်နေကြပြီ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကြတော့ ရလဒ်အနေနဲ့ ကိုယ်တော်ရဲ့ ကျိန်ခြင်းသင့်ပြီး အပြစ်ပေးခံခဲ့တယ် ပရောဖက်ပြုချက်ထဲမှာ ဆိုထားတဲ့အတိုင်းပါပဲ “ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။(ဗျာဒိတ်ကျမ်း ၁၈:၂)ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရာသေား မေထုန်၏ အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်း တို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြိးပြိုလဲပြီဟု လိုက်၍ပြောဆို၏။(ဗျာဒိတ်ကျမ်း ၁၄:၈)ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည်တနာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁၈:၁၀)

အနန္တတန်ခိုးရှင်ဘုရားသခင်က ဘုရားသခင်ကို ဆန့်ကျင်တဲ့ အဲဒီအန္တိခရစ်တို့နဲ့ အန္တိခရစ်တို့ချုပ်ကိုင်ထားတဲ့ ဘာသာရေးအသိုင်းအဝိုင်းတို့ကို ဘယ်လိုရှုတ်ချထားလဲ ကြည့်ကြစို့ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။...သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့ ခံရမည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။...အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်သည်မှာ မဆိုစလောက်သတ္တဝါတစ်ဦးဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်လိမ့်မည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုမိပြီးဖြစ်လိမ့်မည်မဟုတ်ဘဲ၊ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော ပြစ်မှုတစ်ရပ် ကျူးလွန်မိပြီး ဖြစ်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ က ယေရှုကို ယုဒလူမျိုးများ ကားတိုင်ပေါ်တွင် သံမှိုရိုက်ထားပြီးနောက် မည်သည့်အရာဖြစ်ခဲ့သည်ကို ပြန်သတိရလော့။ ယုဒလူမျိုးများသည် ဣသရေလနိုင်ငံမှ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ထွက်ပြေး သွားခဲ့ကြသည်။ များစွာတို့သည် အသတ်ခံခဲ့ရပြီး ယုဒလူမျိုး တစ်မျိုးလုံးသည် ၎င်းတို့နိုင်ငံ၏ ပျက်သုဉ်းခြင်းနှင့်ပတ်သက်သည့် မကြုံစဖူးသော နာကျင်မှုကို ခံခဲ့ရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် သံမှိုရိုက်ခဲ့ကြပြီး- စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြစ်တစ်ခုကို ကျူးလွန်ခဲ့ကြပြီး- ဘုရားသခင်၏ စိတ်သဘောထားကို ရန်စခဲ့ကြသည်။ ၎င်းတို့လုပ်ခဲ့သည့် အရာအတွက် ၎င်းတို့ပေးဆပ်ခဲ့ရပြီး ၎င်းတို့လုပ်ရပ်များ၏ အကျိုးဆက်များ အားလုံးကို ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့ကြသည်၊ ငြင်းပယ်ခဲ့ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ကံကြမ္မာတစ်ခုသာ ရှိခဲ့သည်- ဘုရားသခင်၏ အပြစ်ပေးခံရခြင်းခံရဖို့ ဖြစ်ပေသည်။ ဤသည်မှာ ၎င်းတို့၏ အုပ်စိုးသူများက မိမိတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ယူဆောင်ခဲ့ကြသည့် ခါးသီးသော အကျိုးဆက်နှင့် ဘေးဒုက္ခ ဖြစ်ခဲ့ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်)

ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်)

သို့သော်လည်း လောကဟောင်း ဆက်လက် တည်ရှိနေသရွေ့၊ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန် ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။...ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))

ကမ္ဘာလောကသည် ပြိုလဲနေပေပြီ။ ဗာဗုလုန်သည် တုံ့ဆိုင်းခြင်းတွင် ရှိ၏။ အို ဘာသာရေး လောက။ အဘယ်သို့ ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်း မခံရဘဲနေနိုင်မည်နည်း။ မည်သူသည် ငါ့ကို မနာခံကာ ဆန့်ကျင်ဝံ့သေးသနည်း။ ကျမ်းပြုဆရာများလော။ ဘာသာရေး အရာရှိတိုင်းလော။ ကမ္ဘာမြေကြီးပေါ်က အုပ်ချုပ်သူများနှင့် အာဏာပိုင်များလော။ ကောင်းကင်တမန်များလော။ မည်သူသည် ငါ့ခန္ဓာကိုယ်၏ စုံလင်ခြင်းနှင့် ပြည့်ဝခြင်းကို ဂုဏ်မပြုသနည်း။ လူအပေါင်းတို့အလယ်တွင်၊ မည်သူသည် မရပ်မနား ငါ၏ ချီးမွမ်းခြင်းများကို မသီဆိုသနည်း၊ မည်သူသည် အစဉ်မပျော်ရွှင်သနည်း။...ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့ မပျက်စီးနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့ မပြိုလဲဘဲနေနိုင်မည်နည်း။ အဘယ်သို့ ငါ၏လူများသည် ဩဘာမပေးဘဲ နေနိုင်မည်နည်း။ အဘယ်သို့ ၎င်းတို့သည် ဝမ်းမြောက်ခြင်းဖြင့် မသီဆိုနိုင်ကြမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၂))

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ စာကြောင်းတိုင်းက သမ္မာတရားဖြစ်တယ် ဩဇာအာဏာနဲ့ တန်ခိုးလည်းရှိတယ် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသနဲ့ ပုန်ကန်ပြစ်မှားလို့မရတဲ့ စိတ်သဘောထားတို့ကို လုံးဝတင်ပြထားတယ် ဘုရားသခင်ကို ဆန့်ကျင်ကြသူတွေ၊ ဘုရားသခင်ရဲ့ အမှုတော်ကို ကြားဖြတ်သူတွေ၊ ဒါမှမဟုတ် နှောင့်ယှက်သူတွေဟာ၊ ဘုရားသခင်က သေချာပေါက် အပြစ်ဒဏ်ပေးမှာဖြစ်သလို ဒဏ်ခတ်မှာပဲ ပညတ်တော်ခေတ်မှာ၊ သောဒုံမြို့သူမြို့သားတို့ဟာ လူသိထင်ရှား ဘုရားသခင်ကိုငြင်းပယ်ပြီး ဆန့်ကျင်ခဲ့တယ် ကိုယ်တော်ရဲ့ စိတ်သဘောထားကို အမျက်ထွက်စေပြီး၊ ဘုရားသခင်ရဲ့ အလုံးစုံဖျက်ဆီးခြင်းကိုခံခဲ့ရတယ် လုံးဝဖျက်သိမ်းခြင်းခံခဲ့ရတယ် ကျေးဇူးတော်ခေတ်မှာ၊ ယဇ်ပရောဟိတ်တို့၊ ကျမ်းတတ်ဆရာတို့နဲ့ ဖာရိရှဲတို့ဟာ သခင်ယေရှုကို လူသူထင်ရှားဆန့်ကျင်ရှုတ်ချခဲ့တယ် ရောမအစိုးရနဲ့ ပူးပေါင်းကြံစည်ပြီး သခင်ယေရှုကို ကားစင်တင်စီရင်ခဲ့တယ် ဘုရားသခင်ရဲ့စိတ်သဘောထားကို ရန်စပြီး သေလောက်တဲ့ အပြစ်တစ်ခုကို ကျူးလွန်ခဲ့တယ် ယုဒပြည်တစ်ပြည်လုံးဟာ မကြုံစဖူး ဖျက်ဆီးခြင်းကို ခံစားခဲ့ရတယ် နောက်ဆုံးသောကာလမှာ၊ ဘာသာရေးခေါင်းဆောင်တို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို အကြောင်းမဲ့ စီရင်တယ်၊ ဆန့်ကျင်တယ်၊ ရှုတ်ချကြတယ် မကောင်းဆိုးဝါး တရုတ်ကွန်မြူနစ်ပါတီနဲ့တောင် ပူးပေါင်းကြံစည်ပြီး၊ နိုင်ငံတော်ရဲ့ ဧဝံဂေလိတရားတော်ဖြန့်ကျက်သူ၊ အဲဒီညီအစ်ကို မောင်နှမတို့ကို ဖိနှိပ်ဖမ်းဆီးပြီး နှိပ်စက်ကြတယ် သန့်ရှင်းတဲ့ဝိညာဉ်တော်ကို ကျိန်ဆဲခြင်း၊ ဘုရားသခင်ကို ထပ်ပြီးကားစင်တင်ခြင်း၊ စက်ဆုပ်ဖွယ် အပြစ်တွေကို ကျူးလွန်နေတာကြာပြီ သူတို့ရဲ့ ယုတ်ညံ့တဲ့အပြုအမူက သောဒုံမြို့က လူတွေထက်တောင် ပိုဆိုးသေးတယ် ယုဒဖာရိရှဲတို့နဲ့ ယှဉ်လို့မရအောင်ကို ပိုဆိုးတယ် သူတို့က နောက်ဆုံးသောကာလအတွင်းမှာ ဘုရားသခင်ရဲ့ အမှုတော်က ဖော်ထုတ်ခဲ့တဲ့ အန္တိခရစ်တွေပဲ သူတို့ဟာ သမိုင်းထဲက တခြားလူတွေထက် ဘုရားသခင်ကို ပိုပြင်းပြင်းထန်ထန်နဲ့ မိုက်မိုက်ကန်းကန်းဆန့်ကျင်ခဲ့တဲ့ အယုတ်အမာဘာသာရေးအင်အားစုပဲ ဘာသာရေးအသိုင်းအဝိုင်းဟာ ဘုရားသခင်ကို ဆန့်ကျင်ကြတဲ့ အယုတ်တမာအင်အားစုအားလုံးနဲ့ ဖွဲ့စည်းထားတာပဲ အဲဒါက အန္တိခရစ်မကောင်းဆိုးဝါးတွေရဲ့ အသိုက်အမြုံတစ်ခုပဲ ခရစ်တော်ရဲ့ နိုင်ငံတော်နဲ့ တန်းတူရည်မျှရပ်တည်ဖို့ ကြိုးစားတဲ့ အစွဲကြီးခံတပ်တစ်ခုပဲ သူတို့က ဘုရားသခင်ကို ခေါင်းမာမာနဲ့ ဆန့်ကျင်တဲ့ ကျမ်းကျိန်ရန်သူတွေရဲ့ ဆိုးယုတ်တဲ့စခန်းတစ်ခုပဲဖြစ်တယ် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို စော်ကားလို့မရဘူး..ဘုရားသခင်ရဲ့ သန့်ရှင်းခြင်းကို အသရေဖျက်လို့မရဘူး နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ အမှုတော်ဟာ ခေတ်ဟောင်းတစ်ခုကို အဆုံးသတ်ပြီး ခေတ်သစ် အစပျိုးခြင်းပဲဖြစ်တယ် မကောင်းဆိုးဝါးအန္တိခရစ်အမျိုးမျိုး ချုပ်ကိုင်ခံထားရတဲ့ ဘာသာရေးအသိုင်းအဝိုင်းအပါအဝင် ဒီဆိုးညံ့တဲ့လောကကြီးပါ နောက်ဆုံးသောကာလမှာဘုရားသခင်ရဲ့ ဘေးဒုက္ခဆိုးအားဖြင့် မကြာခင်အဖျက်ဆီးခံရမှာပါ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့အပြစ်ပေးခြင်းဟာ ရောက်နှင့်နေပြီ အနန္တတန်ခိုးရှင်ဘုရားသခင်မြွက်ဆိုထားသလိုပဲ “ကမ္ဘာလောကသည် ပြိုလဲနေပေပြီ။ ဗာဗုလုန်သည် တုံ့ဆိုင်းခြင်းတွင် ရှိ၏။ အို ဘာသာရေး လောက။ အဘယ်သို့ ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်း မခံရဘဲနေနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၂))

မြို့တော် ကျဆုံးလိမ့်မည် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁၃) သမ္မာကျမ်းစာကို ဖတ်ပြီး၊ ယုဒလူမျိုးဖာရိရှဲတို့ဟာ သခင်ယေရှုကို ရှုတ်ချဆန့်ကျင်ခဲ့တာကို အားလုံးသိပြီးသားပဲ ဒါပေမဲ့ ညီအစ်ကိုမောင်နှမအများစုက နားမလည်ကြသေးဘူး သခင်ယေရှုက ကိုယ်တော့်ရဲ့အမှုတော်ကိုလုပ်ဆောင်နေချိန်မှာ၊ ကိုယ်တော့်နှုတ်ကပတ်တော်မှာ သြဇာအာဏာနဲ့ တန်ခိုးရှိတာကို ဖာရိရှဲတို့ သိနေခဲ့တယ် ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့က သခင်ယေရှုကို တဇွတ်ထိုး ဆန့်ကျင်ပြီး ရှုတ်ချနေခဲ့သေးတာပဲ သူတို့ကပဲ ကိုယ်တော့်ကို ကားစင်တင် စီရင်ခဲ့တာ သူတို့ရဲ့ သဘာဝနဲ့ အခြေအမြစ်က ဘာများလဲ။

နောက်တစ်ခုသို့- မေးခွန်း (၁) တမန်တော်ပေါလုက “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) ဒါ့ကြောင့် ပေါလုရဲ့စကားတွေနဲ့အညီပြုမူခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်နေတာပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ဆီ သေချာပေါက် ဝင်ရောက်နိုင်ပြီး၊ ဆုလာဘ်တွေ ရနိုင်မှာပဲလေ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။