မေးခွန်း (၁) တမန်တော်ပေါလုက “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) ဒါ့ကြောင့် ပေါလုရဲ့စကားတွေနဲ့အညီပြုမူခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်နေတာပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ဆီ သေချာပေါက် ဝင်ရောက်နိုင်ပြီး၊ ဆုလာဘ်တွေ ရနိုင်မှာပဲလေ

အဖြေ- ဘယ်လိုလူမျိုးတွေ ကောင်းကင်နိုင်ငံတော်ကိုဝင်ရောက်နိုင်သလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့၊ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” လို့ ဟိုးအရင်တုန်းက သခင်ယေရှုကဆိုခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းဂုဏ်ဒြပ်ကို ပြပါတယ် ဆိုးယုတ်ပြီး အကျင့်ပျက်တဲ့ စာတန်ရဲ့လူတွေဟာ ကောင်းကင်နိုင်ငံတော်ကို မဝင်ရောက်နိုင်ပါဘူး ဒါပေမယ့် ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုခြင်း၊ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးခြင်းနဲ့ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ခြင်းဆိုတာတွေက သူ့ကို ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်စေပြီး၊ ဆုလာဘ် ရစေလိမ့်မယ်လို့ ပေါလုက ပြောခဲ့တာပါ ပေါလုစကားအရဆိုရင် လူတွေဟာ သခင့်အတွက် အမှုထမ်းနေသရွေ့ သူတို့အနေနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မလိုက်နာဘူး၊ မွန်မြတ်သန့်စင်မှုကို မရသေးဘူးဆိုရင်တောင်၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်နိုင်တယ်ပေါ့ ဒါဆိုရင် ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းခြင်းကို ဘယ်လိုလုပ် ထင်ဟပ်တော့မှာလဲ ပေါလုဒါကိုပြောတုန်းက သူဟာ ဘုရားသခင်ကိုဆန့်ကျင်နေခဲ့တာပဲ။ သူဟာ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်ပြီးတော့ ဘုရားသခင်ရဲ့အမှုတော်ကို ကြားဝင်နှောင့်ယှက်ခဲ့တာပဲ။ ကောင်းစွာသော တိုက်လှန်မှုကို ပြုခြင်း၊ လူတွေ ပြေးရမယ့်လမ်းကို အဆုံးတိုင်အောင် ပြေးခြင်းဆိုတာတွေက ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်တာ ဖြစ်နိုင်ပါ့မလား သခင့်ကို သစ္စာမဖောက်ဘဲ၊ သခင်ယေရှုရဲ့နာမတော်ကို ထိန်းသိမ်းခြင်းဆိုတာကကော ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်နေတာလား ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ခြင်းဆိုတာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ၊ ပညတ်တော်တွေနဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းပါပဲ လူတွေအနေနဲ့ သခင့်နှုတ်ကပတ်တော်တွေနဲ့အညီ မကျင့်သုံးဘူးဆိုရင် သူတို့ ဘာတွေပဲလုပ်လုပ်၊ ဘယ်လောက်ပဲ ဒုက္ခခံခံ၊ ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်နေတာ မဟုတ်နိုင်ဘူး ပေါလုပြောခဲ့တာက သူ့ရဲ့ကိုယ်ပိုင်အယူအဆနဲ့ စိတ်ကူးစိတ်သန်းတွေကိုပဲ လုံးဝအခြေခံထားခဲ့ပြီး သူ့ကိုယ်ပိုင်ရည်မှန်းချက်တွေ၊ ထင်မြင်ချက်တွေနဲ့ ရောထွေးနေခဲ့တာပါ ဒါက ပေါလုဟာ ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်သူတစ်ယောက် မဟုတ်ခဲ့မှန်း လုံလောက်တဲ့ သက်သေပါပဲ သူသာ ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်ခဲ့တာဆိုရင် သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို နာခံဖို့အတွက် နောက်လိုက်တွေကို ဘာလို့ ဦးဆောင်ခြင်း မရှိခဲ့တာလဲ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကိုလုံးဝဆန့်ကျင်တဲ့ ထင်မြင်ချက်တစ်ခုကို သူကဘာလို့ဒီလိုမျိုးလွယ်လွယ်နဲ့ပေးပစ်ခဲ့ရတာလဲ။ သူက ဘာကြောင့် သခင်ယေရှုကို ဆန့်ကျင်ပြီး လုပ်ဆောင်ခဲ့တာလဲ သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ကိုယ်ပိုင်အယူအဆတွေနဲ့ အခြားသူတွေကို လှည့်စားပြီးလမ်းလွဲစေခဲ့တယ်၊ တခြားလူတွေကို သခင်ယေရှုရဲ့လမ်းခရီးမှာ မလျှောက်ဖို့ တားဆီးခဲ့သလို၊ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို အဓိပ္ပာယ်မရှိ၊ တန်ဖိုးမဲ့အောင် လုပ်ခဲ့တယ် ယုံကြည်သူတွေကို သူ့စကားနားထောင်အောင်လုပ်ခဲ့ပြီး သခင့်ကို သစ္စာဖောက်စေခဲ့တယ်။ ဒါက ပေါလုဟာ သမ္မာတရားကို လိုက်ရှာတဲ့လူ၊ ဘုရားသခင်ရဲ့အလိုတော်ကို လိုက်နာတဲ့လူတစ်ယောက်မဟုတ်ခဲ့ဘူးဆိုတာကို သက်သေပြတယ်။ ညီအစ်ကိုမောင်နှမတို့၊ ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်ထဲဝင်ဖို့ လိုက်လံရှာဖွေတဲ့အခါ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို စံနှုန်းအဖြစ် အသုံးပြုရမှာဖြစ်တယ် ဘာကြောင့်လဲဆိုရင် သခင်ယေရှုကသာ ကောင်းကင်နိုင်ငံတော်ရဲ့ရှင်ဘုရင်ပါ။ သူ့နှုတ်ကပတ်တော်တွေကသာ သမ္မာတရားဖြစ်သလို၊ အဲဒါတွေကသာ ဩဇာအာဏာ ရှိပါတယ် ဘယ်လိုလူမျိုးတွေ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ဆိုတာကို သခင်ယေရှုကပဲအဆုံးအဖြတ်ပေးလိမ့်မယ်၊ ပြီးတော့ ပေါလုဟာ ဧဝံဂေလိဝေငှပေးတဲ့ တမန်တော်တစ်ဉီးသာ ဖြစ်ခဲ့တယ်။ သူဟာ ခရစ်တော်မဟုတ်ခဲ့ဘူး။ သူ့ရဲ့စကားတွေကသမ္မာတရားမဟုတ်ဘူး။ ဒါ့ကြောင့် သူ့စကားတွေက အရေးပါအရာရောက်ခြင်းမရှိဘူး။ ပေါလုအနေနဲ့ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်နိုင်ခြင်းရှိမရှိကို သခင်ယေရှုကပဲ အဆုံးအဖြတ်ပေးတဲ့အတွက် အခြားလူတွေ ဝင်ရောက်နိုင်ခြင်းရှိမရှိကို ပေါလုက အဆုံးအဖြတ်ပေးဖို့ ဘယ်လိုအရည်အချင်းရှိနိုင်မှာလဲ။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁၄) ညီအစ်ကိုမောင်နှမများစွာက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို စိတ်နှလုံးထဲကကို ကိုးကွယ်နေကြတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေဟာ မကြာခဏ သမ္မာကျမ်းစာကို အနက်ပြန်ပြီး ချီးမြှောက်ပေမယ့် ဘာလို့ သမ္မာတရားကိုမုန်းတီးပြီး လူဇာတိခံတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချလဲဆိုတာကို သူတို့နားမလည်ကြဘူး သမ္မာကျမ်းစာကို အနက်ပြန်ပြီး ချီးမြှောက်တာဟာ သခင့်ကို သက်သေခံတာနဲ့ သခင့်ကို ချီးမြှောက်တာနဲ့ အတူတူပဲမဟုတ်ဘူးလား

နောက်တစ်ခုသို့- မေးခွန်း (၂) ရှင်ပေါလုရဲ့စကားတွေဟာ သမ္မာတရား မဟုတ်ဘူးလို့ ခင်ဗျား ပြောတယ်နော် ဒါဆိုရင် သူ့စကားတွေဘာလို့ သမ္မာကျမ်းစာထဲမှာရှိနေတာလဲ။ ပေါလုရဲ့စကားတွေကိုသမ္မာကျမ်းစာထဲမှာရေးထားတယ်။ ဒါကြောင့် ဒါတွေဟာ ဘုရားသခင်ရဲ့မှုတ်သွင်းခြင်းကြောင့် ဖြစ်ခဲ့တာပဲ။ ဒါတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကိုယ်စားပြုတယ် ကျွန်တော်တို့က ဒါတွေကို လက်ကိုင်ပြုသင့်တယ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။