မေးခွန်း (၂) ရှင်ပေါလုရဲ့စကားတွေဟာ သမ္မာတရား မဟုတ်ဘူးလို့ ခင်ဗျား ပြောတယ်နော် ဒါဆိုရင် သူ့စကားတွေဘာလို့ သမ္မာကျမ်းစာထဲမှာရှိနေတာလဲ။ ပေါလုရဲ့စကားတွေကိုသမ္မာကျမ်းစာထဲမှာရေးထားတယ်။ ဒါကြောင့် ဒါတွေဟာ ဘုရားသခင်ရဲ့မှုတ်သွင်းခြင်းကြောင့် ဖြစ်ခဲ့တာပဲ။ ဒါတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကိုယ်စားပြုတယ် ကျွန်တော်တို့က ဒါတွေကို လက်ကိုင်ပြုသင့်တယ်

အဖြေ- ပေါလုရဲ့စကားတွေကို သမ္မာကျမ်းစာထဲမှာရေးထားပေမယ့်လည်း၊ ဒါက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေလို့မဆိုလိုဘူး။ ဒါဘာဖြစ်လို့လဲဆိုတော့ သမ္မာကျမ်းစာကို လူတွေက စုဆောင်းပြုစုခဲ့လို့ပဲ၊ ယေဟောဝါဘုရားသခင် ပြုစုခဲ့တာမဟုတ်ဘူး၊ သခင်ယေရှု ပြုစုခဲ့တာမဟုတ်ဘူး။ ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်က ပြုစုခဲ့တာလည်း မဟုတ်ဘူး လူသားတွေက စုဆောင်းပြုစုခဲ့တဲ့အရာတစ်ခုက အမှားကင်းစင်နိုင်ပါ့မလား။ သမ္မာကျမ်းထဲမှာ ယေဟောဝါဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ၊ ယေဟောဝါဘုရားသခင်က ပရောဖက်တွေကို ညွှန်ပြခဲ့တဲ့ နှုတ်ကပတ်တော်တွေနဲ့ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေ ပါတယ်။ ဒါတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေပါပဲ တမန်တော်တွေရဲ့စကားဟာ သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ကိုယ်စားပြုတယ်လို့ ဘုရားသခင်ကဘယ်တုန်းကမှ သက်သေမခံခဲ့ဖူးဘူး၊ ဒါ့အပြင် တမန်တော်တွေရဲ့စကားတွေဟာ သူ့ရဲ့မှုတ်သွင်းခြင်းကြောင့် ဖြစ်လာတာလို့လည်း ဘုရားသခင်က တစ်ခါမှ သက်သေမခံခဲ့ပါဘူး “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍” လို့ ပေါလုပြောခဲ့တယ်။ သန့်ရှင်းသောဝိညာဉ်တော်ကရော၊ သခင်ယေရှုကရော အဲဒီလိုအဓိပ္ပာယ်သက်ရောက်အောင် လုံး၀ သက်သေမခံခဲ့ဘူး ဒါကိုပေါလုတစ်ယောက်ပဲပြောခဲ့တာ။ ဒါ့ကြောင့် သူ့စကားတွေက အရေးပါအရာရောက်ခြင်းမရှိဘူး။ တမန်တော်တွေခေတ်မှာ သူတို့ရဲ့စာတွေကို အသင်းတော်တွေဆီဖြန့်ဝေကြတဲ့အခါ၊ လူတွေက ဒါတွေဟာ ရှင်ပေါလုရဲ့စကားတွေ၊ ရှင်ပေတရုရဲ့စကားတွေလို့ပဲ ပြောခဲ့တာ တမန်တော်တွေရဲ့စာတွေဟာ လူသားရဲ့စကားတွေပဲဆိုတာကို သူတို့အားလုံး သိခဲ့ကြတယ် အဲဒီစာတွေကို ဘုရားသခင်ရဲ့စကားတွေလို့ ဘယ်သူကမှ သဘောမထားခဲ့ကြဘူး။ ဒါက ဘယ်သူမှ မငြင်းနိုင်တဲ့ သမိုင်းအချက်အလက်တစ်ခုပါပဲ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုကသာ လူ့ဇာတိခံ ဘုရားသခင် ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို သူတစ်ပါးတည်းကပဲ ဖော်ပြခဲ့တယ် တမန်တော်တွေကတော့ သခင့်ရဲ့အသုံးပြုခြင်းခံရတဲ့ လူတွေပါပဲ။ သူတို့ရဲ့စကားတွေက လူတွေရဲ့စကားတွေဖြစ်သလို အဲဒါတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအပေါ် သူတို့ကိုယ်ပိုင် အနက်ဖော်တာတွေ၊ သူတို့အတွေ့အကြုံတွေကိုပဲ ကိုယ်စားပြုတယ် တကယ်လို့ သူတို့ရဲ့စကားတွေမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဉာဏ်အလင်းပေးမှု ပါတယ်ဆိုရင်တောင်၊ ဒါတွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေလို့ မပြောနိုင်ပါဘူး ပေါလုကိုယ်တိုင်ကတောင် သူ့ရဲ့စကားတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ၊ ဘုရားသခင်ရဲ့ မှုတ်သွင်းခြင်းခံရတာလို့ မပြောရဲခဲ့ဘူး။ သခင်ယေရှုရဲ့ကိုယ်စား သူပြောဆိုတယ်လို့ မပြောရဲခဲ့ဘူး။ ဒါကြောင့် ပေါလုရဲ့စကားတွေကို သမ္မာကျမ်းထဲမှာ ရေးထားတာကြောင့်နဲ့ပဲ၊ ဒါတွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေလို့ ပြောပြီး ဘုရားသခင်ရဲ့သတ်မှတ်ချက်လိုလို လက်ကိုင်ပြုမယ်ဆိုရင်တော့ ဒါမှားနေတာပဲ။

လူတွေက ဘာကြောင့် သမ္မာကျမ်းကိုပဲ အမြဲတမ်း ချီးမွမ်းပြီး မျက်ကန်းယုံကြည်မှု ထားကြတာလဲ သမ္မာကျမ်းကို လူတွေက စုဆောင်းပြုစုခဲ့တာဖြစ်ပြီး၊ ဘုရားသခင်ရဲ့အလိုတော်ကနေ အစပြုခဲ့တာမဟုတ်မှန်း သူတို့ မသိတာကြောင့်ပါပဲ ဒါ့ကြောင့် လူတွေဟာ သမ္မာကျမ်းစာထဲမှာပဲ မျက်ကန်းယုံကြည်မှုထားပြီး ဝတ်ပြုကိုးကွယ်ကြတယ်၊ သမ္မာကျမ်းစာထဲက စာသားတွေအားလုံးဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖြစ်တယ်လို့ အခိုင်အမာပြောဆိုကြတယ်။ ဒါက သမိုင်းကြောင်းအချက်အလက်တွေကို သစ္စာဖောက်ခြင်းပဲ။ လူတွေရဲ့မသိနားမလည်မှုကြောင့် ဖြစ်ရတာပါ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြည့်ရအောင် “ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။ သူအလုပ်လုပ်နေစဉ် ကာလ၌ အသင်းတော်များအတွက် ရေးသားပေးခဲ့သော နှိုးဆော်သည့် စကားများ၊ နှစ်သိမ့်အားပေးသည့် စကားများသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအချိန်က ပေါလု၏ လုပ်ဆောင်မှု အများအပြားကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းလည်း ဖြစ်သည်။...လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပေ။ ယင်းသည် လူတစ်ယောက်၏ အတွေ့အကြုံများနှင့်ဆိုင်သော မှတ်တမ်းတစ်ခုနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော်ပြောသည့် စကားလုံးများသဖွယ် လူတို့ သဘောထားခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။...သူ၏ ကိုယ်ပိုင်လက္ခဏာမှာ အမှုဆောင်ခဲ့သည့် တမန်တော်မျှသာဖြစ်သည်၊ ဘုရားသခင် စေလွှတ်ခဲ့သည့် တမန်တော်မျှသာ ဖြစ်သည်၊ သူသည် ပရောက်ဖက်တစ်ဦးလည်း မဟုတ်သကဲ့သို့ အနာဂတ်ကို ဟောကြားသူလည်း မဟုတ်ခဲ့ပါ။ သူ့အဖို့ သူ၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်တာသည် အရေးတကာ့ အရေးကြီးဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူသည် သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်စား မပြောကြားနိုင်ခဲ့ပါ။ သူ့စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စကားများ မဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု သာ၍ပင် ပြောမရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင်၏လူ့ဇာတိခံယူခြင်း မဟုတ်သည်မှာ သေချာသောကြောင့် ဖြစ်သည်။ ပေါလု၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှုနှင့် မတူပါ။ ယေရှု ပြောခဲ့သော စကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ စကားများ၊ ဘုရားသခင်၏ စကားများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင်လက္ခဏာသည် ခရစ်တော် ဖြစ်သောကြောင့်— ဘုရားသခင်၏ သားဖြစ်သောကြောင့် ဖြစ်သည်။ ပေါလုသည် မည်သို့ ယေရှုနှင့် တူညီနိုင်ပါမည်နည်း။ အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)) ညီအစ်ကိုမောင်နှမတို့၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ လူတွေရဲ့စကားတွေကြားက ကွာခြားချက်ကို အခု ကျွန်တော်တို့ ပြောနိုင်ပြီလို့ ယုံကြည်တယ်၊ ဟုတ်လား အရင်တုန်းက ကျွန်တော်တို့ဟာ သမ္မာကျမ်းစာထဲမှာပဲ မျက်ကန်းယုံကြည်မှုအရမ်းထားပြီး ဝတ်ပြုကိုးကွယ်ကြတယ်။ သမ္မာကျမ်းဆိုတာ ဘုရားသခင်ရဲ့မှုတ်သွင်းတော်မူခြင်းကြောင့် ဖြစ်ပြီး၊ သူ့ရဲ့နှုတ်ကပတ်တော်တွေပဲ ပါတယ်လို့ ကျွန်တော်တို့ ထင်ခဲ့ကြတယ် သမ္မာကျမ်းစာကို ဘုရားသခင် စုဆောင်းပြုစုခဲ့တာလို့ထင်ခဲ့ကြတယ်။ ဒါဟာ ဧရာမအမှားပဲ။ သမ္မာတရား မရှိတဲ့လူတွေဟာ လှည့်ဖြားခံရနိုင်ပါတယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ လူသားတွေရဲ့စကားကိုတောင် သူတို့တွေမခွဲခြားနိုင်ဘူး။ လူသားတွေရဲ့စကားကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေလို့ သဘောထားကြတယ်။ ဒါက မိုက်မဲမှုရဲ့အထွတ်အထိပ်ပဲ။ ပေါလုဟာ ဘုရားသခင်ကစေလွှတ်ခဲ့တဲ့ တမန်တော်တွေထဲက တစ်ယောက်သာဖြစ်တယ်၊ သူဟာ လူ့ဇာတိခံယူတဲ့ဘုရားသခင်မဟုတ်ဘူး။ သူ့အနေနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို လုံး၀ မဖော်ပြနိုင်ပါဘူး ပေါလုရဲ့စကားတွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ တန်းတူထားမယ်ဆိုရင် ကျွန်တော်တို့ ဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ဆိုးဆိုးရွားရွားစော်ကားနေတာပဲ။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁) တမန်တော်ပေါလုက “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) ဒါ့ကြောင့် ပေါလုရဲ့စကားတွေနဲ့အညီပြုမူခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်နေတာပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ဆီ သေချာပေါက် ဝင်ရောက်နိုင်ပြီး၊ ဆုလာဘ်တွေ ရနိုင်မှာပဲလေ

နောက်တစ်ခုသို့- မေးခွန်း (၃) ရှင်ပေါလုရဲ့စကားတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ မဟုတ်ရင်တောင် ဘုရားသခင်ရဲ့ခေါ်ဆိုခြင်း ခံရပြီးနောက်မှာ၊ သူက ဧဝံဂေလိတရား ဝေငှပြီး၊ သူ့လက်ကျန်ဘဝတစ်ခုလုံးကို သခင့်အတွက် ဆင်းရဲဒုက္ခခံခဲ့တယ် ဝေးလံတဲ့အထိ သွားလာပြီး၊ အသင်းတော်ကို တည်ထောင်ဖို့ ကြိုးကြိုးစားစားဆောင်ရွက်ခဲ့တယ်။ တော်တော်ကြီးတဲ့ အဖိုးအခကို ပေးဆပ်ခဲ့တာပါ အသင်းတော်အတွက် သူ ဆောင်ရွက်တာတွေက မျက်စိနဲ့ မြင်နိုင်လောက်အောင် သိသာပါတယ် သခင့်အပေါ် သူ့ယုံကြည်မှုနဲ့ သခင့်အတွက် သူ ဒုက္ခခံခဲ့ပုံတွေက ခရစ်ယာန်ဘာသာဝင်တွေအားလုံးအတွက် ပုံသက်သေတစ်ခုပဲ ဒီအချက်တွေကို ခင်ဗျား လက်မခံဘူးလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။