မေးခွန်း (၃) ရှင်ပေါလုရဲ့စကားတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ မဟုတ်ရင်တောင် ဘုရားသခင်ရဲ့ခေါ်ဆိုခြင်း ခံရပြီးနောက်မှာ၊ သူက ဧဝံဂေလိတရား ဝေငှပြီး၊ သူ့လက်ကျန်ဘဝတစ်ခုလုံးကို သခင့်အတွက် ဆင်းရဲဒုက္ခခံခဲ့တယ် ဝေးလံတဲ့အထိ သွားလာပြီး၊ အသင်းတော်ကို တည်ထောင်ဖို့ ကြိုးကြိုးစားစားဆောင်ရွက်ခဲ့တယ်။ တော်တော်ကြီးတဲ့ အဖိုးအခကို ပေးဆပ်ခဲ့တာပါ အသင်းတော်အတွက် သူ ဆောင်ရွက်တာတွေက မျက်စိနဲ့ မြင်နိုင်လောက်အောင် သိသာပါတယ် သခင့်အပေါ် သူ့ယုံကြည်မှုနဲ့ သခင့်အတွက် သူ ဒုက္ခခံခဲ့ပုံတွေက ခရစ်ယာန်ဘာသာဝင်တွေအားလုံးအတွက် ပုံသက်သေတစ်ခုပဲ ဒီအချက်တွေကို ခင်ဗျား လက်မခံဘူးလား။

အဖြေ- ပေါလုရဲ့စာတွေထဲမှာ ဧဝံဂေလိတရားကို သူ ဘယ်လိုဝေငှတယ် ဘယ်လို ဒုက္ခဆင်းရဲခံခဲ့တယ်ဆိုတာတွေကို ဖတ်မိပေမယ့် ပေါလုရဲ့သဘာဝနဲ့ အနှစ်သာရကို နားမလည်တဲ့သူတွေ ဘယ်လောက်တောင် များနေတာလဲ သခင်ယေရှုက သူ့ရဲ့အမှုတော်ဆောင်ရွက်တဲ့အခါတုန်းက၊ ပေါလုဟာ သမ္မာတရားကို မုန်းတီးပြီး၊ သခင်ယေရှုကို ဆန့်ကျင်ခဲ့တဲ့ အဓိကတရားခံဆိုတာ အားလုံး သိပါတယ် ဒါက ပေါလုကိုယ်တိုင် မငြင်းရဲခဲ့တဲ့အရာတစ်ခုပါ သခင်ယေရှုက တရားတော်တွေအများကြီး ဟောပြောခဲ့သလို၊ အံ့ဖွယ်အမှုများစွာကိုလည်း လုပ်ဆောင်ခဲ့တာပါ ဒါကိုတောင် ပေါလုက သခင်ယေရှုကို ဘာကြောင့် မုန်းတီးဆန့်ကျင်ခဲ့သေးတာလဲ သူက သခင်ယေရှုရဲ့တပည့်တွေကို ဘာလို့ တယူသန် နှိပ်စက်ညှဉ်းပန်းပြီး လိုက်ဖမ်းခဲ့တာလဲ ပေါလုရဲ့သဘာဝနဲ့ အနှစ်သာရဟာ သမ္မာတရားနဲ့ ဘုရားသခင်ကို မုန်းတီးခြင်းပဲဖြစ်ခဲ့တယ်ဆိုတာ ဒါက အထောက်အထားပါပဲ ယဇ်ပုရောဟိတ်တွေနဲ့ ဖာရိရှဲတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ သူဘာလို့ အရမ်းကြိုးစားခဲ့တာလဲ။ သူက ဂျူးဘာသာတရားအပေါ် ဘာလို့ သစ္စာရှိခဲ့တာလဲ ဒါက သူ့စိတ်နှလုံးဟာ သူ့နေရာအဆင့်အတန်းအတွက်ပဲ စဉ်းစားပြီး၊ ဘုရားသခင်အတွက် မစဉ်းစားဘူးဆိုတာပြတာပဲ သူ့နေရာအဆင့်အတန်းကို မြှင့်တင်ဖို့အတွက်၊ စစ်မှန်တဲ့ဘုရားသခင်ကို ဆန့်ကျင်ခဲ့သလို၊ ယုံကြည်သူတွေကို နှိပ်စက်ညှဉ်းပန်းခဲ့တယ် သူက ဂျူးဘာသာတရားကနေ ဆုလာဘ်တွေကို ဖြစ်တဲ့နည်းနဲ့ ရချင်ခဲ့တာပါ သူဟာ ဘယ်လိုလူမျိုးလဲဆိုတာ ပြောဖို့မခက်ပါဘူး ပေါလုဟာ သခင့်ရဲ့ဆင့်ခေါ်မှုကို လက်ခံပြီး၊ ဧဝံဂေလိတရား ဝေငှခဲ့ရတာက ဘယ်လိုအခြေအနေမျိုးမှာလဲ သခင်ယေရှုရဲ့တပည့်တွေကို သူက အယူသီးစွာ နှိပ်စက်ညှဉ်းပန်းပြီး၊ လိုက်ဖမ်းနေတဲ့အချိန်မှာ သခင့်အနေနဲ့ ပေါလုဆီကို ကောင်းကင်ထက်ကနေ ထင်ရှားပြဖို့ကလွဲပြီး တခြားရွေးစရာမရှိခဲ့ဘူးလေ သခင်က သူ့ကို ကြီးစွာသောအလင်းတစ်ခုနဲ့ မျက်စိကွယ်စေပြီး ဒူးထောက်စေခဲ့တယ် ပေါလုက သခင့်အပေါ် သစ္စာရှိတာကြောင့်၊ သခင်က သူ့ကို ထင်ရှားပြခဲ့တာ မဟုတ်ပါဘူး သူ့ကို ပြစ်ဒဏ်ပေးခြင်းတစ်စိတ်တစ်ပိုင်းအဖြစ် ထင်ရှားပြခဲ့တာပါ။ သခင့်မှာ ရွေးချယ်စရာမရှိခဲ့ဘူး သခင်ယေရှုက သူ့ရှေ့မှောက် ထင်ရှားပြခဲ့လို့သာ၊ ပေါလုက သခင်ယေရှုအတွက် ပေးဆပ်ပြီး၊ ဆင်းရဲဒုက္ခခံခဲ့ရတာပါ သူ့ရဲ့ရည်မှန်းချက်က အပြစ်ဖြေခြင်းသာဖြစ်ခဲ့တယ်။ သခင်က အလွန်တရာ ဘုန်းတော်ကြီးမြတ်ပြီး၊ သူ့ကို မျက်စိကွယ်စေနိုင်တာ၊ ဒူးထောက်စေခိုင်းနိုင်တာတွေကို သူ တွေ့ခဲ့ရတယ် သူ့ကို အပြစ်ဒဏ်ပေးပြီး၊ ငရဲပို့မှာကို ကြောက်ခဲ့တာပါ။ ဒါကြောင့် သခင့်အတွက် စွန့်လွှတ်အနစ်နာခံခဲ့တာ သခင်ယေရှုကသာ သူ့ကို ထင်ရှားမပြခဲ့ရင် သခင်ယေရှုကို ဆန့်ကျင်တဲ့ သူ့ရဲ့ဆိုးယုတ်တဲ့သဘာဝအရ သူဟာ သခင့်နောက်ကိုလိုက်ပြီး၊ သခင့်အတွက် စွန့်လွှတ်အနစ်နာခံခဲ့ပါ့မလား လုံး၀ ဖြစ်နိုင်မှာမဟုတ်ဘူး ဒါ့ကြောင့် သခင်ယေရှုအပေါ် ပေါလုမှာ အမှန်တကယ်ယုံကြည်မှုမရှိခဲ့ဘူး။ သူ့ရဲ့ဒုက္ခဆင်းရဲနဲ့စွန့်လွှတ်အနစ်နာခံမှုတွေဟာ စိတ်ပါလက်ပါနဲ့လုပ်ခဲ့တာမဟုတ်ဘူး။ သူ့မှာ ရွေးစရာမရှိခဲ့ဘူး။ သူ့ကို အတင်းအကြပ်စေခိုင်းလို့ပါပဲ။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) ရှင်ပေါလုရဲ့စကားတွေဟာ သမ္မာတရား မဟုတ်ဘူးလို့ ခင်ဗျား ပြောတယ်နော် ဒါဆိုရင် သူ့စကားတွေဘာလို့ သမ္မာကျမ်းစာထဲမှာရှိနေတာလဲ။ ပေါလုရဲ့စကားတွေကိုသမ္မာကျမ်းစာထဲမှာရေးထားတယ်။ ဒါကြောင့် ဒါတွေဟာ ဘုရားသခင်ရဲ့မှုတ်သွင်းခြင်းကြောင့် ဖြစ်ခဲ့တာပဲ။ ဒါတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကိုယ်စားပြုတယ် ကျွန်တော်တို့က ဒါတွေကို လက်ကိုင်ပြုသင့်တယ်

နောက်တစ်ခုသို့- မေးခွန်း (၅) ပေါလုရဲ့ဒုက္ခဆင်းရဲနဲ့ အနစ်နာခံတာတွေက အတင်းအကြပ်လုပ်ခဲ့ရတာတွေပါ။ ဒါကို ကျွန်တော်တို့လည်း ဝန်ခံပါတယ် ဒါပေမဲ့ ပေါလုဟာ အနှစ်သာရအားဖြင့် သမ္မာတရားကို မုန်းတီးပြီး၊ ဘုရားသခင်ရဲ့ရန်သူ ဖြစ်တယ်လို့ ခင်ဗျား ပြောတာကိုတော့ သဘောမတူဘူး ခင်ဗျားက ဘာကို အခြေခံပြီး ဒါကို ပြောတာလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။