မေးခွန်း (၅) ပေါလုရဲ့ဒုက္ခဆင်းရဲနဲ့ အနစ်နာခံတာတွေက အတင်းအကြပ်လုပ်ခဲ့ရတာတွေပါ။ ဒါကို ကျွန်တော်တို့လည်း ဝန်ခံပါတယ် ဒါပေမဲ့ ပေါလုဟာ အနှစ်သာရအားဖြင့် သမ္မာတရားကို မုန်းတီးပြီး၊ ဘုရားသခင်ရဲ့ရန်သူ ဖြစ်တယ်လို့ ခင်ဗျား ပြောတာကိုတော့ သဘောမတူဘူး ခင်ဗျားက ဘာကို အခြေခံပြီး ဒါကို ပြောတာလဲ။

အဖြေ- ပေါလုဟာ သမ္မာတရားကို မုန်းတီးပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ခဲ့ခြင်းရှိမရှိဆိုတာကို ပြနိုင်တဲ့ အချက်တွေရှိပါတယ် သခင်ယေရှုဟာ သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ခဲ့တုန်းက၊ သမ္မာတရားများစွာကို ဖော်ပြခဲ့တယ်၊ အံ့ဖွယ်အမှုများစွာကို ပြသခဲ့သလို၊ ယုဒပြည်သူအားလုံးကို တုန်လှုပ်စေခဲ့တာပါ သခင်ယေရှုရဲ့အမှုတော်အားလုံးဟာ ဘုရားသခင်ဆီက လာတယ်ဆိုတာကို ပေါလုလို အရည်အချင်းရှိသူတစ်ယောက်အနေနဲ့ သိခဲ့သင့်တယ် ဒါပေမဲ့ ပေါလုက သခင်ယေရှုရဲ့လမ်းခရီးကို လုံး၀ မရှာဖွေ၊ မလေ့လာခဲ့ဘူး အဲဒီအစား သူက တစ်နေရာနဲ့ တစ်နေရာကူးပြီး၊ သခင်ယေရှုကို လူသိရှင်ကြား ဆန့်ကျင်ပြောဆိုခဲ့တယ် သခင်ယေရှု ကားတိုင်မှာ ကွပ်မျက်ခံရတဲ့အခါ နေရောင် မှောင်မိုက်သွားတယ်၊ မြေကြီး လှုပ်တယ်၊ ဗိမာန်တော်ရဲ့ကန့်လန့်ကာဟာ အထက်စွန်းကနေ အောက်စွန်းတိုင်အောင် စုတ်ကွဲခဲ့တယ် သခင်ယေရှုသေဆုံးပြီး ရက်လေးဆယ်အကြာမှာ ရှင်ပြန်ထမြောက်ပြီး ကိုယ်ထင်ရှားပြသခဲ့တယ်။ အဲဒီကြီးစွာသောအံ့ဖွယ်အမှုနှစ်ခုက ယုဒပြည်သူအားလုံးကို တုန်လှုပ်စေခဲ့တယ်။ သခင့်ရဲ့တပည့်တွေကလည်း အံ့ဖွယ်အမှုများစွာကို သူ့နာမတော်နဲ့ လုပ်ဆောင်ပြခဲ့တယ် ဒါတွေအားလုံးကို တွေ့ရတာတောင် ပေါလုက သခင်ယေရှုကို ဘုရားသခင်အဖြစ် အသိအမှတ်မပြုခဲ့တဲ့အပြင် ဘုရားသခင်အပေါ် တမင်သက်သက် ဆန့်ကျင်မှုကို အရှိန်အဟုန်မြှင့်ခဲ့တယ် သူက ယဇ်ပုရောဟိတ်ကြီးဆီကနေ စာတွေ တောင်းဆိုပြီး၊ သခင်ယေရှုရဲ့တပည့်တွေကို အယူသီးစွာ ဆန့်ကျင်ခဲ့တယ်။ နှိပ်စက်ညှဉ်းပန်းခဲ့တယ် သခင်ယေရှုရဲ့နောက်လိုက်အားလုံးကို သူ သတ်လို့မပြီးမချင်း ကျေနပ်မယ့်ပုံမရတဲ့အပြင်၊ သေတဲ့အထိ ဆန့်ကျင်ဖို့ ဆန္ဒရှိခဲ့ပုံရတယ် အဲဒီအချက်တွေက ပေါလုဟာ ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ခဲ့ပြီး၊ ဘုရားသခင်ရဲ့အမှုတော်ကို အသည်းအသန် နှောင့်ယှက်ဟန့်တားခဲ့တယ်ဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ် သူ့ရဲ့သဘာဝနဲ့အနှစ်သာရက သမ္မာတရားကိုမုန်းတီးခြင်းနဲ့ ဘုရားသခင်ကို ဆန့်ကျင်ခြင်းသာဖြစ်တယ်။ အဲဒီလိုသာမဟုတ်ရင် သမ္မာတရားကိုဖော်ပြခဲ့တဲ့ သခင်ယေရှုကို သူ့ရန်သူအဖြစ် သဘောထားနိုင်ခဲ့ပါ့မလား အနန္တတန်ခိုးရှင်ဘုရားသခင်က ပေါလုရဲ့သဘာဝနဲ့အနှစ်သာရကို ဘယ်လိုဖော်ထုတ်ပြလဲဆိုတာ ကြည့်ကြရအောင် အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည် “ပေါလုအကြောင်း ပြောရာတွင်၊ သင်တို့သည် သူ၏ သမိုင်းကြောင်းကို တွေးတောမည်ဖြစ်ပြီး သူ၏ အချို့သော အဖြစ်အပျက်များသည် တိကျမှန်ကန်မှု မရှိဘဲ၊ အရှိတရားနှင့် ကင်းကွာနေသည်။ ပေါလုသည် ငယ်စဉ်ကတည်းကပင် သူ့မိဘများ၏ သွန်သင်ခြင်းကို ခံခဲ့ရပြီး ငါ၏အသက်ကို လက်ခံရရှိခဲ့ကာ ငါကြိုတင်ခွဲခန့်မှတ်သားထားခြင်း၏ အကျိုးဆက်အနေဖြင့် သူသည် ငါတောင်းဆိုသော အရည်အသွေးနှင့် ပြည့်စုံခဲ့သည်။...မည်သို့ပင်ဆိုစေ ပေါလု၏ တစ်ခုသော အပြစ်အနာအဆာမှာ သူ၏ စွမ်းရည်များကြောင့် သူသည် မကြာခဏပင် ရွှန်းရွှန်းဝေအောင် ပြောဆိုပြီး လေလုံးထွားတတ်ခြင်းပင် ဖြစ်သည်။ အကျိုးဆက်အနေနှင့် တစ်စိတ်တစ်ပိုင်းသည် ကောင်းကင်တမန်မင်းကို တိုက်ရိုက် ကိုယ်စားပြုသော သူ၏ မနာခံမှုကြောင့် ငါသည် ပထမအကြိမ် လူ့ဇာတိကို ခံယူခဲ့သောအခါ၊ သူသည် ငါ့ကို အာခံရန် အစွမ်းကုန် လုပ်ဆောင်ခဲ့လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၄))အကြောင်းမှာ အစအဦး၌ သူသည် ခရစ်တော်ကို နှိပ်စက်ညှဉ်းပန်းခဲ့ပြီး၊ ခရစ်တော်ကို ကျိုးနွံနာခံခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ သူသည် ပင်ကိုအားဖြင့် ခရစ်တော်အား တမင်တကာ ညှဉ်းဆဲသော ပုန်ကန်သူတစ်ဦးဖြစ်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ အသိပညာ မရှိခဲ့သူ တစ်ဦးဖြစ်သည်။ သူ့အလုပ် အဆုံးသတ်ခါနီးတွင်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို မသိခဲ့သေးသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို စိုးစဉ်းမျှ အရေးမထားဘဲ၊ သူ၏ ပင်ကိုစရိုက်နှင့်အညီ မိမိ ဆန္ဒအလျောက် ပြုမူရုံမျှ ပြုမူခဲ့သည်။ ထို့ကြောင့် သူ၏ သဘာဝသည် ခရစ်တော်ကို မလိုမုန်းထားစိတ်ရှိခဲ့ပြီး၊ သမ္မာတရားကို မနာခံခဲ့ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က စွန့်ပယ်ခြင်း ခံခဲ့ရပြီးသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသူနှင့် ခရစ်တော်ကို ဆန့်ကျင်သူဖြစ်သည့် ထိုသို့သော လူတစ်ဦးသည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ညီအစ်ကိုမောင်နှမတို့၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ ပေါလုရဲ့အနှစ်သာရကို တော်တော် ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြထားတာပါ ပေါလုဟာ ခရစ်တော်ကို တမင်သက်သက်ဆန့်ကျင်ခဲ့တဲ့ ဘုရားသခင်ရဲ့ရန်သူတစ်ယောက် ဖြစ်ခဲ့တယ် တကယ်တမ်းတော့ ပေါလုဟာ သခင်ယေရှုကို လုံးဝမသိရှိခဲ့ပါဘူး သူက သခင်ယေရှုကို အယူသီးစွာ ဆန့်ကျင်ခဲ့တာပါ ဒါက သူဟာ ဘုရားသခင်ကို မုန်းတီးခဲ့သလို၊ သခင်ယေရှု ဖော်ပြခဲ့တဲ့ သမ္မာတရားတွေကိုလည်း မုန်းတီးခဲ့တာကြောင့်ပဲ ဒါကြောင့် ပေါလုရဲ့သဘာဝနဲ့ အနှစ်သာရဟာ သမ္မာတရားကို မုန်းတီးခြင်းနဲ့ ဘုရားသခင်ကို ဆန့်ကျင်ခြင်းသာ ဖြစ်ခဲ့တယ်

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) ရှင်ပေါလုရဲ့စကားတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ မဟုတ်ရင်တောင် ဘုရားသခင်ရဲ့ခေါ်ဆိုခြင်း ခံရပြီးနောက်မှာ၊ သူက ဧဝံဂေလိတရား ဝေငှပြီး၊ သူ့လက်ကျန်ဘဝတစ်ခုလုံးကို သခင့်အတွက် ဆင်းရဲဒုက္ခခံခဲ့တယ် ဝေးလံတဲ့အထိ သွားလာပြီး၊ အသင်းတော်ကို တည်ထောင်ဖို့ ကြိုးကြိုးစားစားဆောင်ရွက်ခဲ့တယ်။ တော်တော်ကြီးတဲ့ အဖိုးအခကို ပေးဆပ်ခဲ့တာပါ အသင်းတော်အတွက် သူ ဆောင်ရွက်တာတွေက မျက်စိနဲ့ မြင်နိုင်လောက်အောင် သိသာပါတယ် သခင့်အပေါ် သူ့ယုံကြည်မှုနဲ့ သခင့်အတွက် သူ ဒုက္ခခံခဲ့ပုံတွေက ခရစ်ယာန်ဘာသာဝင်တွေအားလုံးအတွက် ပုံသက်သေတစ်ခုပဲ ဒီအချက်တွေကို ခင်ဗျား လက်မခံဘူးလား။

နောက်တစ်ခုသို့- မေးခွန်း (၆) ခင်ဗျား ပြောနေတာတွေအားလုံးက သခင့်ရဲ့ဆင့်ခေါ်မှုကို လက်မခံရသေးခင်မှာ ရှင်ပေါလု ကျူးလွန်ခဲ့တဲ့ အပြစ်တွေပါ ဒါပေမဲ့ ကြီးစွာသောအလင်းကို မြင်ရပြီးနောက်မှာ၊ သူက နေရာအနှံ့သွားလာပြီး သခင့်ရဲ့ဧဝံဂေလိကို ဝေငှခဲ့တယ် သူက အသင်းတော်တွေကို ဘယ်လောက်အထိ တည်ထောင်ခဲ့တယ်၊ သခင်ယေရှုရဲ့ကယ်တင်ခြင်းကို လက်ခံအောင် သူ လမ်းပြခဲ့သူတွေ ဘယ်လောက်များခဲ့တယ်ဆိုတာတောင် ကျွန်တော်တို့ မသိဘူး ယုံကြည်သူတွေကို ထောက်ပံ့တဲ့အနေနဲ့ စာတွေအများကြီးလည်း သူ ရေးခဲ့တယ် ရှင်ပေါလုက နောင်တရနေခဲ့ပြီဆိုတာကို ဒါက ပြတယ် သခင့်ဆီကို ပြန်မသွားမီက သူ့ရဲ့လုပ်ဆောင်မှုတွေကို အခြေခံပြီး သူဟာ သခင်ယေရှုရဲ့ရန်သူတစ်ယောက် ဖြစ်ခဲ့တယ်လို့ ကောက်ချက်ချလို့ မရဘူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။