မေးခွန်း (၆) ခင်ဗျား ပြောနေတာတွေအားလုံးက သခင့်ရဲ့ဆင့်ခေါ်မှုကို လက်မခံရသေးခင်မှာ ရှင်ပေါလု ကျူးလွန်ခဲ့တဲ့ အပြစ်တွေပါ ဒါပေမဲ့ ကြီးစွာသောအလင်းကို မြင်ရပြီးနောက်မှာ၊ သူက နေရာအနှံ့သွားလာပြီး သခင့်ရဲ့ဧဝံဂေလိကို ဝေငှခဲ့တယ် သူက အသင်းတော်တွေကို ဘယ်လောက်အထိ တည်ထောင်ခဲ့တယ်၊ သခင်ယေရှုရဲ့ကယ်တင်ခြင်းကို လက်ခံအောင် သူ လမ်းပြခဲ့သူတွေ ဘယ်လောက်များခဲ့တယ်ဆိုတာတောင် ကျွန်တော်တို့ မသိဘူး ယုံကြည်သူတွေကို ထောက်ပံ့တဲ့အနေနဲ့ စာတွေအများကြီးလည်း သူ ရေးခဲ့တယ် ရှင်ပေါလုက နောင်တရနေခဲ့ပြီဆိုတာကို ဒါက ပြတယ် သခင့်ဆီကို ပြန်မသွားမီက သူ့ရဲ့လုပ်ဆောင်မှုတွေကို အခြေခံပြီး သူဟာ သခင်ယေရှုရဲ့ရန်သူတစ်ယောက် ဖြစ်ခဲ့တယ်လို့ ကောက်ချက်ချလို့ မရဘူး

အဖြေ- ကြီးစွာသောအလင်းကို မြင်ရပြီးနောက်မှာ၊ ပေါလုက နှစ်ပေါင်းများစွာ ဧဝံဂေလိတရား ဝေငှပြီး၊ စာတွေအများကြီး ရေးခဲ့တာ မှန်ပါတယ် ဒါပေမယ့် ဒါက သူတကယ်နောင်တရခဲ့တာလို့ မဆိုလိုဘူး။ သူ လုပ်ခဲ့တဲ့ ဆိုးယုတ်တဲ့ အမူအကျင့်ကို အမှန်တကယ် ပြန်ဆင်ခြင်ပြီး သိခဲ့ပါတယ်ဆိုတာကို ညွှန်ပြတာမျိုးက သူ့စာတွေထဲမှာ ဘယ်နေရာမှာမှ မပါဘူး သခင်ယေရှုကို အယူသန်သန်နဲ့ ဆန့်ကျင်ခဲ့တာတွေ၊ သူ့တပည့်တွေကို နှိပ်စက်ညှဉ်းပန်းခဲ့တာတွေလေ သူဟာ အပြစ်သားအားလုံးမှာ အထင်ရှားဆုံးဖြစ်ခဲ့တယ်ဆိုတာလောက်ပဲ အသိအမှတ်ပြုခဲ့တာပါ သူ့ကိုယ်ပိုင်သဘာဝနဲ့ အနှစ်သာရကို လုံးဝမဖော်ပြခဲ့ဖူးတဲ့အပြင် သခင်ယေရှုကို ဘာကြောင့် ဆန့်ကျင်ခဲ့တယ်၊ သူ့ရည်ရွယ်ချက်က ဘာဆိုတာကိုလည်း လုံး၀ မပြောခဲ့ဘူး အဲဒီအကြောင်းအရာတွေကို စာထဲမှာ လုံးဝမရေးခဲ့ဘူးဆိုတဲ့အချက်က သူဟာ လုံးဝကို နောင်တမရခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား ပေါလုဟာ ဘာကြောင့် သခင်ယေရှုရဲ့ခေါ်ဆိုမှုကို ဖြေဆိုပြီး၊ သခင့်အတွက် အမှုထမ်းနိုင်ခဲ့တာလဲ တကယ်တော့ တခြားရွေးချယ်စရာ မရှိခဲ့လို့ပဲ သခင်ယေရှုရဲ့ခေါ်ဆိုမှုကို လက်မခံခဲ့ရင်၊ အပြစ်ဒဏ်ပေးခြင်းနဲ့ သေချာပေါက်သေဆုံးခြင်းကို ရင်ဆိုင်ရမယ်ဆိုတာ ပေါလု သိခဲ့တယ် သူ့အပြစ်တွေအတွက် အပြစ်ဖြေချင်တာကြောင့်သာ၊ ဧဝံဂေလိကို ဝေငှပြီး၊ ဆင်းရဲဒုက္ခနည်းနည်းလောက်ကို ခံနိုင်ခဲ့တာပါ အပြစ်ဖြေခြင်းကိုပဲရှာတဲ့ လူတစ်ယောက်ဟာ ဘယ်လိုလုပ် နောင်တအစစ်အမှန်ရနိုင်မှာလဲ။ နောက်ပြီးတော့၊ ပေါလု ဧဝံဂေလိဝေငှပြီး အမှုတော် ထမ်းနေချိန်မှာ၊ သခင်ယေရှုကို ဂုဏ်တင်ချီးကျူးတာတို့၊ သက်သေခံတာတို့ လုံးဝမလုပ်ခဲ့ဘူးဆိုတာကို ပေါလုရဲ့စာတွေထဲမှာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ် သခင်ယေရှုကလူတွေကို ဘယ်လိုရွေးနုတ်ခဲ့တယ်၊ ထောက်ပံ့ခဲ့တယ်၊ ဦးဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကို သူဘယ်တော့မှ သက်သေမခံခဲ့ဘူး။ သခင်ယေရှုက ဘယ်လို လမ်းခရီးဖြစ်တယ်၊ သမ္မာတရားဖြစ်တယ်၊ အသက်လည်းဖြစ်တယ် ဆိုတာတွေ သူဟာ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းဖြစ်တယ်၊ အမှုတော်ကို ကိုယ်တိုင်ဆောင်ရွက်တဲ့ လူ့ဇာတိခံ ဘုရားသခင် ဖြစ်တယ်ဆိုတာတွေကိုလည်း လုံးဝကို သက်သေမခံခဲ့ဘူး သခင်ယေရှုရဲ့ချစ်မြတ်နိုးဖွယ် အရည်အသွေးတွေကို လုံး၀ သက်သေမခံခဲ့သလို လူတွေကို ကယ်တင်ဖို့အတွက် သခင်ယေရှုဟာ ဆင်းရဲဒုက္ခနဲ့ အရှက်တကွဲဖြစ်ခြင်းတွေကို ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကိုလည်း သက်သေမခံခဲ့ဖူးဘူး တစ်ချိန်က သခင်ယေရှု ဖော်ပြခဲ့တဲ့ သမ္မာတရားတွေ၊ သူ ပြောခဲ့သမျှအရာတွေကိုလည်း ဟောပြောတာ သက်သေခံတာ လုံး၀ မရှိခဲ့ဘူး သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို လိုက်နာအောင် တခြားယုံကြည်သူတွေကို အားပေးတာမျိုးလည်း တစ်ခါမှမရှိခဲ့ဘူး သခင်ယေရှု ဖော်ပြခဲ့တဲ့ သမ္မာတရားတွေနဲ့အညီ၊ သခင့်နောက်ကို လိုက်ရမယ်၊ အမှုထမ်းပြီး သက်သေခံရမယ်လို့လည်း တစ်ခါမှ မပြောခဲ့ဘူး သခင်ယေရှုရဲ့အမှုတော်နဲ့ စစ်မှန်တဲ့အကျိုးသက်ရောက်မှုတွေအကြောင်း အနှစ်သာရကိုလည်း လုံးဝကို မပြောခဲ့ပါဘူး ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်ဖို့အတွက် ကောင်းကင်ဘုံက အဖရဲ့အလိုကို လူတွေ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာလည်း မပြောခဲ့ပါဘူး အဲဒါတွေအစား၊ သခင်ယေရှုရဲ့အမှုတော်ကို သူ့စိတ်ကူးတွေနဲ့အညီ ရှင်းပြခဲ့တယ်။ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို တလွဲအနက်ဖော်ခဲ့တယ် သူ ပြောခဲ့တဲ့ စကားတော်တော်များများဟာ ကျေးဇူးတော်ခေတ်က ဘုရားသခင်ရဲ့အမှုတော်ကို ဆိုးဆိုးဝါးဝါး ကြားဖြတ်နှောင့်ယှက်ခဲ့တာပါ ဒါက သူ တကယ်ပဲ နောင်တရခဲ့တယ်ဆိုတာကို သက်သေပြလို့လား ပေါလုရဲ့လုပ်ဆောင်မှုက ယုံကြည်သူတွေကို သခင်ယေရှုရှေ့မှောက် မခေါ်ဆောင်ခဲ့ပါဘူး သူဟာ လူတွေကို သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေနဲ့ တွေ့ကြုံစေဖို့ ဦးဆောင်ခဲ့ခြင်းမရှိသလို၊ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်း ဖြစ်တယ်ဆိုတာကိုလည်း မသိရှိစေခဲ့ဘူး အဲဒီအစား သူ့ကိုယ်သူ ဂုဏ်တင်ချီးကျူးပြီး သက်သေခံခဲ့တာပါ ယုံကြည်သူတွေကို သူ့ရှေ့ခေါ်ပြီးတော့ သူ့ကိုပဲချစ်မြတ်နိုးအောင်လုပ်ခဲ့တယ် ဒါဟာ ဖာရိရှဲတွေလျှောက်ခဲ့တဲ့လမ်းကြောင်းနဲ့ အတူတူပဲမဟုတ်ဘူးလား ပေါလုဟာ တစ်ခါမှ အမှန်တကယ် နောင်တမရခဲ့ဘူးဆိုတာ သက်သေပြဖို့ ဒီအချက်တွေက လုံလောက်ပါတယ်

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၅) ပေါလုရဲ့ဒုက္ခဆင်းရဲနဲ့ အနစ်နာခံတာတွေက အတင်းအကြပ်လုပ်ခဲ့ရတာတွေပါ။ ဒါကို ကျွန်တော်တို့လည်း ဝန်ခံပါတယ် ဒါပေမဲ့ ပေါလုဟာ အနှစ်သာရအားဖြင့် သမ္မာတရားကို မုန်းတီးပြီး၊ ဘုရားသခင်ရဲ့ရန်သူ ဖြစ်တယ်လို့ ခင်ဗျား ပြောတာကိုတော့ သဘောမတူဘူး ခင်ဗျားက ဘာကို အခြေခံပြီး ဒါကို ပြောတာလဲ။

နောက်တစ်ခုသို့- မေးခွန်း (၇) ပေါလုက သခင်ယေရှုကို ဂုဏ်တင်ချီးကျူးတာ၊ သက်သေခံတာ မရှိခဲ့ဘူးလို့ ရှင် ပြောတယ်နော် ရှင်ပြောတာကို ကျွန်မလက်မခံဘူး။ ရှင်ပေါလုက စာတွေအများကြီးရေးခဲ့တာပဲ။ ဒါတွေအားလုံးက သခင်ယေရှုကို သက်သေခံချက်တွေ မဟုတ်ဘူးလား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။