မေးခွန်း (၇) ပေါလုက သခင်ယေရှုကို ဂုဏ်တင်ချီးကျူးတာ၊ သက်သေခံတာ မရှိခဲ့ဘူးလို့ ရှင် ပြောတယ်နော် ရှင်ပြောတာကို ကျွန်မလက်မခံဘူး။ ရှင်ပေါလုက စာတွေအများကြီးရေးခဲ့တာပဲ။ ဒါတွေအားလုံးက သခင်ယေရှုကို သက်သေခံချက်တွေ မဟုတ်ဘူးလား

အဖြေ- ပေါလုဟာ အဲဒီစာတွေအားလုံးကို ရေးခဲ့ပေမယ့် သူဟာ သခင်ယေရှုကို ဂုဏ်တင်ချီးကျူးတာ၊ သက်သေခံတာ လုံးဝမရှိခဲ့ပါဘူး သခင်ယေရှုအကြောင်း ပြောဆိုတဲ့အခါမှာတောင်၊ သူ့အကြောင်းကို သက်သေခံဖို့အတွက်ပဲ ယေရှုခရစ်တော်ရဲ့နာမကို သုံးခဲ့တာပါ ဉပမာအားဖြင့်၊ သူ့စာတွေမှာ “ဘုရားသခင့်အလိုတော်အားဖြင့် ယေရှုခရစ်တော်ရဲ့တမန်တော်တစ်ဉီးဖြစ်တဲ့ပေါလု”လို့ ပြောလေ့ရှိတယ်။ ပေါလုဆိုလိုတာက သူဟာ သခင်ယေရှုရဲ့အလိုတော်အရ မဟုတ်ဘဲ၊ ဘုရားသခင်ရဲ့အလိုတော်အားဖြင့် သခင်ယေရှုရဲ့တမန်တော်အဖြစ် အမှုထမ်းနေတာ ဖြစ်တယ်ပေါ့ သူ့ကို ကောင်းကင်ဘုံက ဘုရားသခင်ကများ ခေါ်ဆိုခဲ့တာလား မဟုတ်ဘူး။ သခင်ယေရှုက သူ့ကို ခေါ်ဆိုခဲ့တာပါ သခင်ယေရှုက သူ့ကို ဘုရားသခင်ရဲ့ဝိသေသလက္ခဏာနဲ့ ခေါ်ဆိုခဲ့တာလည်း မဟုတ်ဘူး။ ခရစ်တော်ရဲ့ဝိသေသလက္ခဏာနဲ့ ခေါ်ဆိုခဲ့တာပါ ဒါပေမဲ့ ပေါလုက “ဘုရားသခင့်အလိုတော်အားဖြင့်” လို့ပြောခဲ့တယ် သခင်ယေရှုခရစ်တော်နဲ့ ဘုရားသခင်ဟာ တစ်ပါးတည်းအတူတူဖြစ်တယ်လို့ သူက အသိအမှတ်မပြုခဲ့ဘူး ပေါလုရဲ့စာတွေထဲမှာ ဘုရားသခင်၊ ခရစ်တော်နဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို အမြဲတမ်း သီးခြားခွဲထုတ်ခဲ့တယ် ဘုရားသခင်က ဘုရားသခင်၊ ခရစ်တော်က ခရစ်တော်ပဲဖြစ်ပြီး၊ ဘုရားသခင်က ခရစ်တော်ရဲ့အထက်မှာရှိတယ်၊ ပြီးတော့ ကောင်းကင်ဘုံက အဖကသာ အမြင့်ဆုံးမှာရှိတယ်လို့ သူက ထင်ခဲ့တယ် ပေါလုဟာ ကောင်းကင်ဘုံက ဘုရားသခင်ကို ယုံကြည်ပြီး၊ လူ့ဇာတိခံ ခရစ်တော်ကို မယုံကြည်ခဲ့ဘူးဆိုတာ မြင်နိုင်ပါတယ် ပေါလုဟာ သခင်ယေရှုကို မသိခဲ့တာကြောင့် သခင်ယေရှုခရစ်တော်ကို ဘုရားသခင်အဖြစ် ချီးကျူးခြင်း လုံးဝမရှိခဲ့တာပါ ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေကို မချီးကျူးခဲ့သလို၊ သူ့နှုတ်ကပတ်တော်တွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ဖြစ်တယ်ဆိုတာမျိုးအထိ သက်သေမခံခဲ့ဘူး လူတွေက သခင်ယေရှုကို ဂုဏ်တင်ချီးမွမ်းလာအောင်လည်း သူ မလုပ်ခဲ့ဘူး ဒါကြောင့် ပေါလုဟာ ခရစ်တော်ကို အမှန်တကယ် ယုံကြည်ခဲ့တာလား သူဟာ ခရစ်တော်နောက်လိုက်ပြီး သက်သေခံခဲ့တာလား မဟုတ်ဘူး ပေါလု လုပ်ခဲ့တာတွေရဲ့သဘောသဘာဝအစစ်အမှန်က တော်တော် စိုးရိမ်စရာပါ တမန်တော်ယောဟန်ရဲ့စကားတွေအရဆိုရင်၊ “ဘုရားသခင်၏ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့်ကြွလာ တော်မူသော ယေရှုခရစ်ကို ဝန်ခံသောဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရား သခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။” (ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၄:၂-၃) ဒီကျမ်းပိုဒ်က ဘုရားသခင်ရဲ့လူ့ဇာတိခံယူခြင်းကို အသိအမှတ်ပြုဖို့ ပျက်ကွက်သူအားလုံးဟာ အန္တိခရစ်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ကို ပြောပြတယ်။ ပေါလုဟာ ကောင်းကင်ဘုံက ဘုရားသခင်ကိုသာ ယုံကြည်တဲ့အတွက်၊ ခရစ်တော်ကို အမှန်တကယ် မယုံကြည်ခဲ့ဘူးဆိုတဲ့အချက်ကို ထည့်တွက်ရင် ယေရှုခရစ်တော်ရဲ့အမှုတော်နဲ့ပတ်သက်သမျှ၊ ပေါလုဟာ မယုံကြည်သူတစ်ယောက် ဖြစ်ခဲ့တာပဲပေါ့ ပေါလုဟာ “ဘုရားသခင့်အလိုတော်အားဖြင့် ယေရှုခရစ်တော်ရဲ့တမန်တော်တစ်ဉီး” ဆိုတဲ့အလံကို တလူလူလွှင့်ခဲ့ပြီး၊ သူ လုပ်ခဲ့သမျှအားလုံးမှာ သူ့ကိုယ်သူ ဂုဏ်တင်ချီးကျူးပြီး အခြေခိုင်အောင် လုပ်ခဲ့တာပါ သူဟာ သခင်ယေရှုခရစ်တော်နဲ့အတူ အမြဲတန်းတူ ရပ်တည်ချင်ခဲ့တယ်။ ပေါလုဟာ အရမ်းရည်မှန်းချက်ကြီးလွန်းတယ်ဆိုတာကို ဒါက အပြည့်အဝပြနေတာပဲ။ သူဟာ သခင်ယေရှုကို ရိုသေလေးမြတ်တာ၊ နာခံတာ နည်းနည်းလေးမှ မရှိခဲ့ဘူး သူ့ရဲ့သဘာဝအမှန်ဖြစ်တဲ့ သမ္မာတရားကို မုန်းတီးခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဟာ လုံး၀ မပြောင်းလဲခဲ့ပါဘူး ဒါက ပေါလုဟာ တစ်ခါမှ နောင်တမရခဲ့ဘူးဆိုတဲ့ နောက်ထပ် သက်သေတောင် ဖြစ်နေပါသေးတယ်

ပေါလုက အမှုထမ်းပြီး နှစ်ပေါင်းများစွာ ဧဝံဂေလိ ဝေငှတာ မှန်ပေမယ့်၊ သူဟာ ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေကို လုံး၀ မဟောပြောခဲ့ဘူး၊ သက်သေမခံခဲ့ဘူး သူ သွားခဲ့တဲ့ အသင်းတော်တွေ အများကြီးရှိပေမယ့်၊ သခင်ယေရှု ဖော်ပြခဲ့တဲ့ သမ္မာတရားတွေအကြောင်း ပေါလုက ပြောဆိုတာမျိုးကိုလည်း တစ်ခါမှ မတွေ့ခဲ့ဘူး ပေါလုရဲ့စိတ်နှလုံးထဲမှာ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေ ဘယ်လောက်များများ ရှိခဲ့ပါ့မလဲဆိုတာ ကျွန်တော်တို့ သံသယရှိမိတယ် ဒါကြောင့် ပေါလုဟာ သခင်ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေကို တွေ့ကြုံဖို့ အလေးမထားခဲ့သလို သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကိုလည်း မကျင့်သုံးခဲ့တဲ့အတွက်၊ သူဟာ သမ္မာတရားကို လက်ကိုင်မပြုခဲ့ဘူးဆိုတာ သေချာပါတယ် အဲဒီအစား သူ့ရဲ့အစွမ်းအစတွေ၊ လူသားရဲ့အားထုတ်မှုတွေ၊ လူသားရဲ့အသိဉာဏ်နဲ့ စွမ်းရည်တွေကိုပဲ အခြေခံပြီး၊ ဧဝံဂေလိတရားကို ဝေငှခဲ့တာပါ သူဟာ သမ္မာတရားကို လက်ကိုင်ပြုခဲ့သူဆိုတာ ဟုတ်ပါ့မလား ဒါကြောင့် သူဟာ သခင်ယေရှုကို အမှန်တကယ် မသိခဲ့ဘူး၊ မချစ်ခင်ခဲ့ဘူး၊ မနာခံခဲ့ဘူးဆိုတာ အံ့ဩစရာမဟုတ်ဘူး နှစ်ပေါင်းများစွာအမှုထမ်းခဲ့တာတောင်မှ သူ့ရဲ့သဘာဝဟောင်းက ဘယ်တော့မှ မပြောင်းခဲ့ဘူး။ ပြောင်းလဲမယ့်အစား သူက ပိုပြီးတော့တောင် မာနထောင်လွှားပြီး လောဘတက်ခဲ့သေးတယ် တခြားသူတွေ သူ့နောက်ကိုလိုက်ပြီး ချစ်မြတ်နိုးလာအောင်၊ ကြိုးစားအမှုတော်ထမ်းပြီး သူ့ကိုယ်သူ အခြေခိုင်အောင် လုပ်ခဲ့တာပါ ပြီးတော့ ဒါကို ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ အရင်းအနှီးအဖြစ် သုံးဖို့တောင် ကြိုးစားခဲ့တယ် ပေါလုကိုယ်တိုင် တစ်ခါက ပြောခဲ့တဲ့အတိုင်းပဲ၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) ပေါလု နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ခြင်းရဲ့ရည်ရွယ်ချက်ကို ဒီစာကြောင်းက ရှင်းရှင်းလင်းလင်း ပြထားတာပါ ဆုလာဘ်တွေနဲ့ သရဖူအတွက်တဲ့ ပေါလုဟာ အစကနေ အဆုံးတိုင်အောင် သမ္မာတရားကို လုံး၀ လက်ကိုင်မပြုခဲ့ဘူး။ သူ့စိတ်သဘောထားကို ပြောင်းလဲဖို့လည်း လုံး၀ မကြိုးစားခဲ့ဘူး သူ့ရည်မှန်းချက်တွေနဲ့ ဆိုးယုတ်တဲ့သဘာဝက နည်းနည်းလေးမှ မပြောင်းလဲခဲ့တာပါ သူ လျှောက်ခဲ့တဲ့ ခရီးလမ်းကြောင်းက ဖာရိရှဲတွေရဲ့လမ်းကြောင်းနဲ့ အတူတူပဲ ဒါတွေအားလုံးက သူဟာ တစ်ခါမှ နောင်တမရခဲ့ဘူးဆိုတာကို သက်သေပြတယ် သခင်ယေရှုက ပေါလုကို ခေါ်ဆိုခဲ့တယ်ဆိုတာ၊ သူ့ကို နောင်တရခွင့် ပေးဖို့နဲ့ သူ့ကိုအသုံးပြုပြီး ဧဝံဂေလိ ဖြန့်ဝေဖို့ပါပဲ သခင်ယေရှုဟာ ပေါလုလို နတ်ဆိုးသဘာ၀ရှိသူကို သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့အချက်က သူဟာ တန်ခိုးအနန္တ ရှိတယ်ဆိုတာကို သက်သေပြသလို သူ့ရဲ့အမှုတော်ကို စေခိုင်းဖို့ ဘယ်သူ့ကို မဆိုရယူနိုင်တယ်ဆိုတာကိုလည်း ပြတယ်။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၆) ခင်ဗျား ပြောနေတာတွေအားလုံးက သခင့်ရဲ့ဆင့်ခေါ်မှုကို လက်မခံရသေးခင်မှာ ရှင်ပေါလု ကျူးလွန်ခဲ့တဲ့ အပြစ်တွေပါ ဒါပေမဲ့ ကြီးစွာသောအလင်းကို မြင်ရပြီးနောက်မှာ၊ သူက နေရာအနှံ့သွားလာပြီး သခင့်ရဲ့ဧဝံဂေလိကို ဝေငှခဲ့တယ် သူက အသင်းတော်တွေကို ဘယ်လောက်အထိ တည်ထောင်ခဲ့တယ်၊ သခင်ယေရှုရဲ့ကယ်တင်ခြင်းကို လက်ခံအောင် သူ လမ်းပြခဲ့သူတွေ ဘယ်လောက်များခဲ့တယ်ဆိုတာတောင် ကျွန်တော်တို့ မသိဘူး ယုံကြည်သူတွေကို ထောက်ပံ့တဲ့အနေနဲ့ စာတွေအများကြီးလည်း သူ ရေးခဲ့တယ် ရှင်ပေါလုက နောင်တရနေခဲ့ပြီဆိုတာကို ဒါက ပြတယ် သခင့်ဆီကို ပြန်မသွားမီက သူ့ရဲ့လုပ်ဆောင်မှုတွေကို အခြေခံပြီး သူဟာ သခင်ယေရှုရဲ့ရန်သူတစ်ယောက် ဖြစ်ခဲ့တယ်လို့ ကောက်ချက်ချလို့ မရဘူး

နောက်တစ်ခုသို့- မေးခွန်း (၈) ပေါလုဟာ တစ်ခါမှ နောင်တ အမှန်မရခဲ့ဘူးလို့ ခင်ဗျားက ပြောတယ် ဒါပေမဲ့ သူ့အတွက် အသက်ရှင်တဲ့အရာဟာ ခရစ်တော်ဖြစ်တယ်လို့ ပေါလုက ပြောခဲ့တယ်။ ဒါကို ရှင်တို့ ဘယ်လိုအနက်ကောက်မလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။