မေးခွန်း (၈) ပေါလုဟာ တစ်ခါမှ နောင်တ အမှန်မရခဲ့ဘူးလို့ ခင်ဗျားက ပြောတယ် ဒါပေမဲ့ သူ့အတွက် အသက်ရှင်တဲ့အရာဟာ ခရစ်တော်ဖြစ်တယ်လို့ ပေါလုက ပြောခဲ့တယ်။ ဒါကို ရှင်တို့ ဘယ်လိုအနက်ကောက်မလဲ။

အဖြေ- ပေါလုက သူ့အတွက် အသက်ရှင်တဲ့အရာဟာ ခရစ်တော်ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဒါက သူ့ကိုယ်ပိုင်စကားပါ ဒါတွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့သက်သေခံချက် မဟုတ်သလို၊ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေအားဖြင့် ထောက်ပံ့ထားတာလည်း မဟုတ်ဘူး ပေါလုအတွက် အသက်ရှင်တဲ့အရာဟာ ခရစ်တော်ဖြစ်တယ်လို့ တခြားတမန်တော်တွေက တစ်ခါမှ မပြောခဲ့ဘူး ဒါကို ပေါလုရဲ့စကားတွေအပေါ်ပဲအခြေခံတာဟာ မယုံကြည်ထိုက်ဘူး။ ရှေးခေတ်က သူတော်စင်တွေ၊ ပရောဖက်တွေဆိုလည်း သူတို့အတွက် အသက်ရှင်တဲ့အရာဟာ ခရစ်တော်ပါလို့ မပြောဆိုရဲခဲ့ပါဘူး ပေါလုတစ်ယောက်ပဲ ဒါကို ပြောရဲခဲ့တာ။ ဒါကြောင့် သူဟာ အရမ်းစိတ်ကြီးဝင်ပြီး၊ ကျိုးကြောင်းမညီညွတ်ခဲ့ဘူးဆိုတာ တွေ့နိုင်တယ် ကျေးဇူးတော်ခေတ်တုန်းက၊ သခင်ယေရှုဟာ ခရစ်တော်ဖြစ်တယ်ဆိုတာကို သန့်ရှင်းသောဝိညာဉ်တော်ကပဲ သက်သေခံခဲ့တာပါ သခင်ယေရှုရဲ့ရွေးနုတ်ခြင်းအမှု၊ သူ ဖော်ပြခဲ့တဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတွေအရ သူ့ရဲ့ဝိသေသလက္ခဏာဟာ ခရစ်တော်ရဲ့လက္ခဏာဖြစ်မှန်း အကြွင်းမဲ့ သက်သေပြခဲ့တယ် ပေါလုကတော့ သမ္မာတရားကို မုန်းတီးပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ခဲ့တဲ့ အဓိကတရားခံပါပဲ သူ့အတွက် အသက်ရှင်တဲ့အရာဟာ ခရစ်တော်ဖြစ်တယ်လို့ သူ ပြောခဲ့တယ်။ ဒါက သူဟာ ခရစ်တော်ကို နည်းနည်းမှ မသိခဲ့ဘူးဆိုတာကို ပြတယ် ဒီမေးခွန်းအတွက်တော့၊ အနန္တတန်ခိုးရှင်ဘုရားသခင်က ဘာပြောလဲဆိုတာ ကြည့်ကြရအောင်

လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။ သူ၏ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝ ဖြစ်စေ နှစ်ခုလုံးသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ကျိုးနွံနာခံလေသည်။ ခရစ်တော်၏အနှစ်သာရမှာ ဝိညာဉ်တော် ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏အနှစ်သာရသည် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သက်ဆိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်)

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်လို့ခေါ်ကြောင်း၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်တော်တို့တွေ့နိုင်ပါတယ် ခရစ်တော်ဆိုတာ ဘုရားသခင်ရဲ့ဝိညာဉ်တော်က လူ့ဇာတိမှာ ပေါ်ပေါက်ခြင်းပါပဲ ခရစ်တော်ဟာ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းဖြစ်ပါတယ်။ ဆိုလိုတာက အမှုတော်ကို ကိုယ်တိုင်ပြုဖို့အတွက် ဆင်းသက်တဲ့အခါ ဘုရားသခင် အသုံးပြုတဲ့လူ့ဇာတိပါပဲ ဒါ့ကြောင့် ခရစ်တော်ဟာ ဘုရားသခင်ဖြစ်တယ်။ ခရစ်တော်ဟာ လူသားကို သမ္မာတရား ပေးစွမ်းနိုင်ပြီး၊ အသက်တာအားဖြင့် ထောက်ပံ့နိုင်တယ် ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ သူ့အမှုတော်ရဲ့ဉာဏ်ပညာကို သူက ဖော်ပြနိုင်တယ်။ ခရစ်တော်ဟာ ဖြောင့်မတ်ပြီးသန့်ရှင်းတဲ့ ဘုရားသခင်ကိုယ်တိုင်ပဲဖြစ်တယ်။ ခရစ်တော်ရဲ့အသက်တာကို ပင်ကိုအားဖြင့် သူကပဲ ပိုင်ဆိုင်ပါတယ် သူဟာ မွေးဖွားခဲ့တဲ့အချိန်ကတည်းက လူ့ဇာတိခံယူတဲ့ ဘုရားသခင်ပါပဲ။ ယုံကြည်မှုလမ်းကြောင်းတစ်ဝက်ရောက်မှ ဘုရားသခင် ဖြစ်လာတာမဟုတ်ဘူး မွေးကတည်းက ခရစ်တော်ဖြစ်တဲ့သူဟာ ထာဝရခရစ်တော်ပဲဖြစ်တယ်။ မွေးကတည်းက ခရစ်တော်မဟုတ်တဲ့သူတွေက ဘယ်တော့မှ ခရစ်တော်ဖြစ်လာမှာမဟုတ်ဘူး။ လူတွေအနေနဲ့ သမ္မာတရားကို ဘယ်လောက်ပဲ လက်ကိုင်ထားပါစေ၊ သူတို့ဟာ ခရစ်တော် ဖြစ်လာနိုင်မှာမဟုတ်ဘူး ခရစ်တော်ရဲ့အသက်တာဆိုတာ ဖန်ဆင်းခံသက်ရှိတွေရော ဖန်ဆင်းမခံရတဲ့ သက်ရှိတွေရော ဘယ်တော့မှ ရယူ ပိုင်ဆိုင်နိုင်တဲ့အရာမဟုတ်ပါဘူး။ ပေါလုက သူ့အတွက် အသက်ရှင်တဲ့အရာဟာ ခရစ်တော်ဖြစ်တယ်လို့ ပြောခဲ့တယ် ဒါဆိုရင် ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတွေကို သူက ပိုင်ဆိုင်ခဲ့လို့လား လူတွေကို ကယ်တင်ဖို့အတွက် သမ္မာတရားတွေကို သူက ဖော်ပြနိုင်ခဲ့လို့လား သူ့မှာ ခရစ်တော်ရဲ့အသက်တာရှိခဲ့ရင်၊ သူက ဘာလို့များ သခင်ယေရှုကို ဆန့်ကျင်ပြီး၊ အပြစ်တွေ ဆက်လုပ်နိုင်ခဲ့သေးတာလဲ သူဟာ “အပြစ်သားအားလုံးရဲ့အထင်ကရ” ဖြစ်ခဲ့တယ်လို့ ပေါလုကိုယ်တိုင်ဝန်ခံခဲ့တယ်။ အပြစ်သားတစ်ယောက်အတွက် အသက်ရှင်တဲ့အရာဟာ ခရစ်တော်ဖြစ်တယ်ဆိုတာမျိုးလား။ ဒါက ဘုရားသခင်ကို စော်ကားတာ မဟုတ်ဘူးလား အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ပြီး အမှုထမ်းသူတွေက ခရစ်တော်ဖြစ်လာနိုင်တယ်လို့ ခင်ဗျားပြောနေတာလား။ အဲဒါက အယူအဆအမှားတစ်ခုမဟုတ်ဘူးလား။ ပေါလုဟာ အစကတော့ ခရစ်တော်ကို ဆန့်ကျင်ခဲ့တဲ့ အဓိကတရားခံပါ။ ဒါက လူတိုင်း သိထားတဲ့အချက်တစ်ခုပဲ နောက်ပိုင်းနှစ်တွေမှာမှ ယေရှုခရစ်တော်ကို အစားထိုးပြီး၊ နေရာဝင်ယူဖို့ ကြိုးစားရင်းနဲ့ သူ့အတွက် အသက်ရှင်တဲ့အရာဟာ ခရစ်တော်ပါလို့ သက်သေခံခဲ့တာပါ စာတန်လိုလူမျိုးဖြစ်တဲ့ တစ်သက်စာ အန္တိခရစ်တစ်ယောက်ဟာ ဘယ်လိုလုပ် ခရစ်တော် ဖြစ်လာနိုင်မှာလဲ ပေါလုက သူ့အတွက် အသက်ရှင်တဲ့အရာဟာ ခရစ်တော်ပါလို့ ပြောခဲ့တယ်။ ဒါက အစစ်အမှန်မဟုတ်ခဲ့ဘူးဆိုတာ ရှင်းနေတာပဲ ဒါက ဆိုးယုတ်တဲ့ သူ့ရည်မှန်းချက်ကို တိုးချဲ့ထားတာတစ်ခုပဲ ဘုရားသခင် ဖြစ်လာချင်တဲ့ ပေါလုရဲ့ဆန္ဒကို ဒါက လုံး၀ ဖော်ထုတ်ပြခဲ့တာပါ သူဟာ လူတွေရဲ့နှလုံးသားထဲက သခင်ယေရှုရဲ့နေရာကိုယူချင်ခဲ့တာ။ ပေါလုရဲ့သဘာဝအမှန်ဟာ အန္တိခရစ်တစ်ယောက်ရဲ့သဘာ၀ ဖြစ်ခဲ့သလို သူဟာ အန္တိခရစ်တစ်ယောက်ရဲ့လမ်းအတိုင်း လျှောက်ခဲ့တယ်ဆိုတာကို ဒါက သက်သေပြပါတယ်။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၇) ပေါလုက သခင်ယေရှုကို ဂုဏ်တင်ချီးကျူးတာ၊ သက်သေခံတာ မရှိခဲ့ဘူးလို့ ရှင် ပြောတယ်နော် ရှင်ပြောတာကို ကျွန်မလက်မခံဘူး။ ရှင်ပေါလုက စာတွေအများကြီးရေးခဲ့တာပဲ။ ဒါတွေအားလုံးက သခင်ယေရှုကို သက်သေခံချက်တွေ မဟုတ်ဘူးလား

နောက်တစ်ခုသို့- မေးခွန်း (၁)- ကျွန်တော်နားမလည်တာက အရှေ့အရပ်က လျှပ်ပြက်ခြင်းက စစ်မှန်တဲ့လမ်းဆိုရင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘာဖြစ်လို့ အတင်းအကျပ် ဆန့်ကျင်နေရတာလဲ ဘာသာရေးခေါင်းဆောင်တွေကရော ဘာဖြစ်လို့ သဲသဲမဲမဲ ရှုံ့ချကြတာလဲ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကလည်း တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲ့ အညှဉ်းဆဲမခံရတာလည်း မဟုတ်ဘဲနဲ့ ဒါပေမဲ့ အရှေ့အရပ်က လျှပ်ပြက်ခြင်းနဲ့ ပတ်သက်လာရင် ဘုရားသခင်ကို အစေခံတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘယ်လိုများ တရုတ်ကွန်မြူနစ်ပါတီအစိုးရလို တူညီတဲ့အမြင်နဲ့ အကျင့်စရိုက်တွေရှိနေနိုင်ရတာလဲ နောက်ကွယ်က အကြောင်းပြချက်က ဘာလဲဆိုတာကိုပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။