လက်တွေ့လုပ်ဆောင်ခြင်း (၂)

လွန်ခဲ့သောအချိန်ကာလများတွင်၊ လူတို့သည် အချိန်တိုင်း၌ ဘုရားသခင်နှင့်အတူ ရှိရန်နှင့် ဝိညာဉ်အတွင်းတွင် အသက်ရှင်ရန် မိမိတို့ကိုယ်မိမိတို့ လေ့ကျင့်ခဲ့ကြသည်။ ယနေ့၏ လက်တွေ့လုပ်ဆောင်မှုနှင့် နှိုင်းယှဉ်ကြည့်ပါက၊ ယင်းသည် ရိုးရှင်းသော ဝိညာဉ်ရေးရာ လေ့ကျင့်မှု ပုံစံတစ်ခု ဖြစ်သည်။ ယင်းသည် လူတို့အနေဖြင့် အသက်၏ လမ်းကြောင်းမှန်ပေါ် မဝင်ရောက်မီ အပေါ့တန်ဆုံးနှင့် အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်မှု နည်းလမ်း ဖြစ်ပြီး၊ လူတို့၏ယုံကြည်ခြင်း၌ လက်တွေ့လုပ်ဆောင်ခြင်း၏ တကယ့် ပထမဦးဆုံးသော အဆင့် ဖြစ်သည်။ အကယ်၍ လူများသည် မိမိတို့၏ အသက်တာများ၌ ဤလက်တွေ့လုပ်ဆောင်မှုမျိုးအပေါ် အစဉ်အမြဲ အမှီပြုပါက၊ ၎င်းတို့အနေဖြင့် ခံစားချက်များစွာ ရှိလိမ့်မည်ဖြစ်ပြီး အမှားများ ပြုလုပ်မိနိုင်ဖွယ်ရှိကာ မှန်ကန်သောအသက် အတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းငှာ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းတို့သည် မိမိတို့၏ စိတ်ဝိညာဉ်များကို လေ့ကျင့်ရုံမျှသာ တတ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ စိတ်နှလုံးများ၌ ဘုရားသခင်ထံ ပုံမှန်အားဖြင့် တိုးဝင်ချဉ်းကပ်နိုင်လိမ့်မည် ဖြစ်ကာ ဘုရားသခင်ကို ၎င်းတို့နှင့်အတူ ရှိစေခြင်းဖြင့် ကြီးမားလှသော ဝမ်းမြောက်မှုကို အမြဲ ရှာတွေ့လိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ၎င်းတို့ အတူရှိခြင်းတည်းဟူသော နယ်ပယ်ငယ်လေး၌ မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားကြလိမ့်မည် ဖြစ်ပြီး၊ သာ၍နက်နဲသည့် မည်သည့်အရာကိုမျှ ရယူနိုင်ကြလိမ့်မည်မဟုတ်ပေ။ ဤနယ်နိမိတ်များ အတွင်း အသက်ရှင်သော လူများသည် ကြီးမားသော မည်သည့် တိုးတက်မှုကိုမျှ ပြုလုပ်နိုင်စွမ်း မရှိကြပေ။ မည်သည့်အချိန်၌မဆို၊ ၎င်းတို့အနေဖြင့်၊ “အိုး သခင်ယေရှု။ အာမင်။” ဟု အော်ဟစ်တတ်ကြသည်။ ၎င်းတို့သည် နေ့တိုင်းနီးပါး ဤကဲ့သို့ ဖြစ်ကြသည်- ယင်းသည် အတိတ်ကာလများ၏ လက်တွေ့လုပ်ဆောင်မှု ဖြစ်ပြီး၊ အချိန်တိုင်းတွင် စိတ်ဝိညာဉ်၌ အသက်ရှင်ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းသည် အောက်တန်းကျသည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆဖို့ အချိန်ကျသောအခါတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းအပေါ်သာ အာရုံစိုက်လော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အချိန်ကျသောအခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ်သာ အာရုံစိုက်လော့။ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ အချိန်ဖြစ်သောအခါ၊ သင့်တာဝန်ကိုသာ ထမ်းဆောင်လော့။ ဤသို့သော လက်တွေ့လုပ်ဆောင်ခြင်းသည် အမှန်တကယ် အတော်အတန် လွတ်လပ်မှု ရှိလေသည်။ ယင်းက သင့်ကို လွတ်မြောက်စေသည်။ ယင်းသည် ဘာသာရေးသမားဟောင်းများ ဆုတောင်းပြီး ကျေးဇူးချီးမွမ်းသည့်ပုံနှင့် မတူပေ။ ဟုတ်ပေ၏၊ ယခင်က ဤသည်မှာ ယုံကြည်သူများ၏ လက်တွေ့လုပ်ဆောင်မှု ဖြစ်ခဲ့သော်လည်း၊ ယခုတွင် ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန်ခေတ်နောက်ကျပေသည်။ ဘုရားသခင်၏အမှုသည် ယခုတွင် ပိုမိုမြင့်မားသော အဆင့်တွင်ရှိပြီး၊ ယနေ့ ပြောဆိုသည့် အရာ၊ “ဘုရားသခင်ကို တကယ့်အသက်တာထဲသို့ ခေါ်ဆောင်လာခြင်း” ဟူသည်မှာ လက်တွေ့လုပ်ဆောင်မှု၏ အရေးကြီးဆုံးသော ရှုထောင့် ဖြစ်သည်။ ဤသည်မှာ လူတို့အနေဖြင့် မိမိတို့၏ တကယ့်အသက်တာများထဲတွင် ပိုင်ဆိုင်ရန် မျှော်လင့်ထားသည့် ပုံမှန်လူ့သဘာဝဖြစ်ပြီး၊ ၎င်းတို့၏ ပုံမှန်လူသဘာဝထဲတွင် လူတို့ ပိုင်ဆိုင်သင့်သည်မှာ ယနေ့ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ အားလုံး ဖြစ်သည်။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို တကယ့် အသက်တာထဲသို့ ယူဆောင်လာခြင်းသည် “တကယ့်အသက်တာထဲသို့ ဘုရားသခင်ကို ခေါ်ဆောင်လာခြင်း” ၏ လက်တွေ့ကျသော အဓိပ္ပါယ် ဖြစ်သည်။ ယနေ့တွင် လူတို့သည် အခြေခံအားဖြင့် အောက်ပါအချက်များနှင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်သင့်ကြ၏- အချက်တစ်ခုအနေဖြင့်၊ ၎င်းတို့၏ အရည်အချင်းကို တိုးတက်စေရမည်၊ ပညာတတ်မြောက်ရမည်ဖြစ်ပြီး၊ ၎င်းတို့၏ စာဖတ်ခြင်းနှင့် သဘောပေါက်နားလည်မှု စွမ်းရည်များ တိုးတက်စေရမည်။ အခြားအချက်အနေဖြင့်၊ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ အသက်တာကို နေထိုင်ရမည်။ သင်သည် ကမ္ဘာလောကမှ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီးရုံသာ ရှိသေးသည်။ သင်သည် ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စေရန် လေ့ကျင့်ရမည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ တကယ့်အစ ဖြစ်ပြီး၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိရာတွင် ပထမခြေလှမ်းလည်း ဖြစ်သည်။ အချို့လူတို့သည် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း၌ အတော်အတန် အလိုက်သင့် နေထိုင်တတ်ကြသည်။ ၎င်းတို့သည် လက်တွေ့အရှိတရားတွင် ၎င်းတို့ နားလည်သင့်သည့် လက်တွေ့လုပ်ဆောင်ခြင်း သမ္မာတရားများနှင့် အခြေခံသဘောတရားများကို နားလည်သဘောပေါက်ရင်း၊ အလုပ် လုပ်နေစဉ် သမ္မာတရားကို တွေးဆကြလေသည်။ ရှုထောင့်တစ်ခုမှာ သင့်အနေဖြင့် ပုံမှန်လူ့အသက်တာ ရှိရမည်ဖြစ်ပြီး၊ အခြားရှုထောင့်မှာ သမ္မာတရားထဲသို့ ဝင်ရောက်မှု ရှိရမည်ဖြစ်သည်။ ဤအရာအားလုံးသည် တကယ့်အသက်တာအတွက် အကောင်းဆုံးသော လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။

လူတို့၏ တကယ့်အသက်တာများထဲသို့ ဘုရားသခင်ကို ခေါ်ဆောင်လာခြင်းသည် ဘုရားသခင်ကို ၎င်းတို့ ကိုးကွယ်ရန်၊ ဘုရားသခင်ကို သိရှိရန် ကြိုးစားဖို့နှင့် ပုံမှန် လူ့သဘာဝအတွင်းတွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် အဓိကအားဖြင့် လိုအပ်ပေသည်။ ယင်းမှာ ၎င်းတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အချိန်တိုင်း၊ ဘုရားသခင်ထံ လုံးဝဆုတောင်းရန် လိုအပ်သည်၊ ၎င်းတို့ ဆုမတောင်းပါက မကောင်းဘဲ ဘုရားသခင်အား ကျေးဇူးကြွေးတင်သည်ဟု ၎င်းတို့ ခံစားသင့်သည်ဟူ၍ မဟုတ်ပေ။ မျက်မှောက်ခေတ်၏ လက်တွေ့လုပ်ဆောင်မှုသည် ထိုသို့မဟုတ်ပေ။ ယင်းမှာ အမှန်တကယ် သက်သောင့်သက်သာဖြစ်ပြီး ရိုးရှင်းပေသည်။ ယင်းက လူတို့အနေဖြင့် အယူဝါဒများကို လိုက်နာဖို့ မလိုအပ်ပေ။ ထို့ထက်၊ လူအသီးသီးသည် မိမိတို့၏ တစ်ဦးချင်း ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ ပြုမူသင့်ပေသည်။ အကယ်၍ သင်၏မိသားစုဝင်များသည် ဘုရားသခင်ကို မယုံကြည်ပါက၊ ၎င်းတို့ကို မယုံကြည်သူများအဖြစ် သဘောထားပြီး၊ အကယ်၍ ၎င်းတို့ ယုံကြည်ပါက၊ ၎င်းတို့ကို ယုံကြည်သူများအဖြစ် သဘောထားလော့။ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်းတို့ကို မကျင့်သုံးနှင့်၊ ထို့ထက် ဉာဏ်ပညာကို ကျင့်သုံးလော့။ လူအချို့သည် ဟင်းသီးဟင်းရွက်များ ဝယ်ရန် အပြင်ထွက်ကြပြီး ၎င်းတို့ လမ်းလျှောက်နေစဉ်၊ “အိုး ဘုရားသခင်၊ ယနေ့ ကျွန်ုပ်ကို မည်သည့် ဟင်းသီးဟင်းရွက်များ ကိုယ်တော် ဝယ်စေမည်နည်း။ ကိုယ်တော်၏ မစမှုကို ကျွန်ုပ် တောင်းခံပါ၏။ ဘုရားသခင်က အရာရာတိုင်းတွင် ကျွန်ုပ်တို့ သူ၏နာမတော်ကို ထင်ရှားစေဖို့နှင့် ကျွန်ုပ်တို့အားလုံး သက်သေခံဖို့ တောင်းဆိုသည်၊ ထို့ကြောင့် စျေးသည်က ကျွန်ုပ်ကို ပုပ်သိုးသောအရာတစ်ခု ပေးလျှင်ပင်၊ ဘုရားသခင်ကို ကျွန်ုပ် ကျေးဇူးတင်ဦးမည်ဖြစ်သည်- ကျွန်ုပ် သည်းညည်းခံပါမည်။ ဘုရားသခင်ကို ယုံကြည်သော ကျွန်ုပ်တို့သည် ဟင်းသီးဟင်းရွက်များထဲမှ ကောက်ကာ ရွေး၍ မဖြစ်” ဟု တီးတိုးပြောလေသည်။ ဤအရာလုပ်ဆောင်ခြင်းသည် သက်သေခံခြင်း ဖြစ်သည်ဟု ၎င်းတို့ထင်ကြပြီး အကျိုးဆက်မှာ ၎င်းတို့သည် ပုပ်သိုးနေသော ဟင်းသီးဟင်းရွက်တစ်စည်းကို ဝယ်ရန် ငွေသုံးကြပေသည်၊ သို့သော် ၎င်းတို့က- “အိုး ဘုရားသခင်၊ ကိုယ်တော်က ဤပုပ်သိုးနေသော ဟင်းသီးဟင်းရွက်များကို လက်ခံနိုင်စရာဖြစ်သည်ဟု မြင်သရွေ့ ကျွန်ုပ် စားပါမည်” ဟု ဆုတောင်းကာ ပြောကြဆဲဖြစ်သည်။ ထို့သို့သော လက်တွေ့လုပ်ဆောင်မှုသည် အဓိပ္ပါယ်မဲ့သည် မဟုတ်လော။ ယင်းသည် အယူဝါဒတစ်ခုကို လိုက်လျှောက်နေခြင်း မဟုတ်လော။ ယခင်က၊ လူတို့သည် အချိန်တိုင်းတွင် ဝိညာဉ်၌ အသက်ရှင်ရန် လေ့ကျင့်ခဲ့ကြသည်- ဤသည်မှာ ကျေးဇူးတော်ခေတ်၌ ယခင် လုပ်ဆောင်ခဲ့သည့် အမှုနှင့် ဆက်နွှယ်နေပေသည်။ ဘာသာတရား ကိုင်းရှိုင်းခြင်း၊ နှိမ့်ချခြင်း၊ ချစ်ခြင်း၊ စိတ်ရှည်ခြင်း၊ အရာခပ်သိမ်းအတွက် ကျေးဇူးတော်ချီးမွမ်းခြင်း— ဤအရာများသည် ကျေးဇူးတော်ခေတ်၌ ယုံကြည်သူတိုင်းကို တောင်းဆိုခဲ့သည့် အရာများ ဖြစ်သည်။ ထိုအချိန်တွင်၊ လူတို့သည် အရာခပ်သိမ်း၌ ဘုရားသခင်ကို ဆုတောင်းခဲ့ကြသည်။ အဝတ်အစားများ ၎င်းတို့ ဝယ်သောအခါ ဆုတောင်းကြပြီး၊ တွေ့ဆုံပွဲတစ်ခုကို အကြောင်းကြား ခံရသောအခါ ၎င်းတို့က၊ “အို ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို သွားစေမည်လော၊ ဒါမှမဟုတ် မသွားစေမည်လော။ ကိုယ်တော် ကျွန်ုပ်ကို သွားစေပါက၊ ကျွန်ုပ်အတွက် ချောမွေ့သောလမ်းကို ပြင်ဆင်ပေးတော်မူပါ။ အကယ်၍ ကိုယ်တော် ကျွန်ုပ်ကို မသွားစေပါက၊ ကျွန်ုပ်ကို ခလုတ်တိုက်ကာ လဲကျစေပါ” ဟုလည်း ဆုတောင်းကြသည်။ ၎င်းတို့သည် ဆုတောင်းနေရင်း ဘုရားသခင်ကို အသနားခံကြကာ၊ ဆုတောင်းပြီးနောက်တွင် စိတ်တထင့်ထင့် ခံစားရကာ မသွားဘဲနေကြသည်။ အချို့သော ညီအစ်မများသည် စုဝေးပွဲများမှ အိမ်ပြန်လာသောအခါ ၎င်းတို့၏ မယုံကြည်သော ခင်ပွန်းသည်များ၏ ရိုက်နှက်ခြင်းများ ခံရကောင်း ခံရလိမ့်မည်ကို ကြောက်ရွံ့ကာ ၎င်းတို့ဆုတောင်းသည့်အချိန်တွင် စိုးရိမ်ပူပန်မှုကို ခံစားရပြီး၊ ထို့ကြောင့် စုဝေးပွဲများသို့ မသွားကြပေ။ အမှန်တွင် ၎င်းတို့သွားခဲ့ပါက မည်သည့်အရာမှ ဖြစ်ပျက်ခဲ့လိမ့်မည် မဟုတ်သည့်အချိန်တွင်၊ ၎င်းတို့က ဤအရာသည် ဘုရားသခင်၏ အလိုတော်ဖြစ်မည်ဟု သူတို့ယုံကြည်ခဲ့ကြလေသည်။ အကျိုးဆက်မှာ ၎င်းတို့သည် စုဝေးပွဲတစ်ခုကို လွတ်သွားခဲ့ကြခြင်း ဖြစ်သည်။ ဤအရာအားလုံးသည် လူတို့၏ မသိနားမလည်မှု၏ ရလဒ် ဖြစ်ပေသည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်သော လူများအားလုံးသည် ၎င်းတို့ကိုယ်တိုင်၏ စိတ်ခံစားချက်များဖြင့် အသက်ရှင်ကြသည်။ ဤလက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းသည် အလွန်မှားယွင်းပြီး အဓိပ္ပါယ်မဲ့ကာ မရေရာမှုဖြင့် လွှမ်းမိုးခံရပေသည်။ အလွန်များလှစွာသော ၎င်းတို့၏ ပုဂ္ဂိုလ်ရေး ခံစားချက်များနှင့် အတွေးများ ရှိပေသည်။ အကယ်၍ သင်သည် တွေ့ဆုံပွဲတစ်ခု အသိပေးခံရပါက၊ သွားလော့။ ဘုရားသခင်ကို ဆုတောင်းရန် နောက်ထပ် မလိုအပ်ပေ။ ဤသည်မှာ မရိုးရှင်းပေဘူးလော။ အကယ်၍ သင်သည် ယနေ့ အဝတ်အစားတစ်ခု ဝယ်ဖို့လိုလျှင် အပြင်သို့ တန်းသွားကာ ဝယ်ယူလော့။ ဘုရားသခင်ကို ဆုတောင်းပြီး၊ “အိုး ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို သွားခိုင်းမည်လော၊ သို့မဟုတ် မသွားခိုင်းဘဲနေမည်လော။ ကျွန်ုပ် မရှိသည့်အချိန်တွင် ညီအစ်ကို မောင်နှမများထဲမှ တစ်ဦး လာပါက မည်သို့ဖြစ်မည်နည်း” ဟု မပြောလေနှင့်။ သင်သည် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး လာမည်စိုးသောကြောင့် မသွားသော်လည်း၊ ရလဒ်မှာ ညနေခင်းရောက်လာပြီး မည်သူမျှ မလာခဲ့ခြင်းဖြစ်သည်။ ကျေးဇူးတော်ခေတ်၌ပင် ဤလက်တွေ့လုပ်ဆောင်မှု နည်းလမ်းသည် သွေဖည်ပြီး မှားယွင်းခဲ့သည်။ ထို့ကြောင့်၊ အကယ်၍ လူတို့သည် ကုန်လွန်သွားသော ကာလများ၌ကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့၏ အသက်တာတွင် အပြောင်းအလဲ ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဖြစ်လာသမျှကို မသိနားမလည်စွာ ကြိတ်မှိတ်လက်ခံရုံသာ လက်ခံကြမည်ဖြစ်ပြီး၊ ချင့်ချိန်နိုင်စွမ်းကို အရေးစိုက်ကြမည် မဟုတ်သကဲ့သို့၊ ကြောင်းကျိုးမမြင်ဘဲ နာခံကာ သည်းခံသည်မှလွဲ၍ မည်သည့်အရာမျှ လုပ်ဆောင်ကြမည် မဟုတ်ပေ။ ထိုအချိန်က လူတို့သည် ဘုရားသခင်ကို ဘုန်းထင်ရှားစေခြင်းတွင် အာရုံစိုက်ခဲ့ကြ၏- သို့သော် ၎င်းတို့သည် လက်တွေ့ကျသည့် မည်သည့်အရာကိုမျှ အသက်ရှင်နေထိုင်ခဲ့ခြင်း မရှိသည့်အတွက် ဘုရားသခင်သည် သူတို့ထံမှ ဘုန်းအသရေ လုံးဝမရရှိခဲ့ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ချုပ်ထိန်းရုံမျှ ချုပ်ထိန်းခဲ့ကြပြီး ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အယူအဆများအတိုင်း မိမိတို့ကိုယ်ကိုယ် ကန့်သတ်ခဲ့ကြကာ နှစ်ပေါင်းများစွာ လက်တွေ့လုပ်ဆောင်ခြင်းကပင် ၎င်းတို့၏ အသက်တာထဲ၌ အပြောင်းအလဲ မဖြစ်စေခဲ့ပေ။ ၎င်းတို့သည် သည်းခံရန်၊ နှိမ့်ချရန်၊ ချစ်ရန်နှင့် ခွင့်လွှတ်ရန်သာ သိခဲ့ကြသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်း စိုးစဉ်းမျှပင် မရှိခဲ့ကြပေ။ လူတို့သည် ထိုနည်းဖြင့် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် မည်သို့ ဘုန်းထင်ရှားစေနိုင်မည်နည်း။

လူများသည် ၎င်းတို့၏ တကယ့်အသက်တာများထဲနှင့် ၎င်းတို့၏ ပုံမှန် လူသား အသက်တာများထဲသို့ ဘုရားသခင်ကို ခေါ်ဆောင်လာမှသာ ၎င်းတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း လမ်းကြောင်းမှန်ထဲသို့ ဝင်ရောက်နိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်တို့ကို ယနေ့ ဦးဆောင်၏။ လွန်ခဲ့သော အချိန်ကာလများ၌ကဲ့သို့ ကြိုးစားရန်နှင့် စမ်းတဝါးဝါးရှာရန် မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နူတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ ငါထုတ်ဖော်ပြီး ဖြစ်သော လူသား၏ အခြေအနေများနှင့်အညီ မိမိကိုယ်ကိုယ် ဆန်းစစ်ကာ တိုင်းတာနိုင်သောအခါ၊ ပြောင်းလဲမှုကို သင် ရရှိနိုင်မည်ဖြစ်သည်။ ဤသည်မှာ အယူဝါဒမဟုတ်ဘဲ လူသားကို ဘုရားသခင် တောင်းဆိုသော အရာ ဖြစ်သည်။ ယနေ့ အမှုအရာများ မည်သို့ရှိသည်ကို သင့်အား ငါ ပြောမည်- ငါ၏ နူတ်ကပတ်တော်များအတိုင်း ပြုမူခြင်းကိုသာ စိတ်ဝင်စားလော့။ သင့်အပေါ် ငါ၏ သတ်မှတ်ချက်များကို သာမန် လူတစ်ဦး၏ လိုအပ်ချက်များနှင့်အပေါ် အခြေခံထားသည်။ ငါသည် သင့်ကို ငါ၏ နှုတ်ကပတ်တော်များအား ပြောပြီးဖြစ်၏။ ထိုနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် သင် အာရုံစိုက်သရွေ့၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီလိမ့်မည်။ ယခုအချိန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ခြင်း အချိန်ကာလ ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာရာကို ရှင်းပြပြီးဖြစ်သည်၊ အားလုံးကို ရှင်းလင်းစေပြီးဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သင်အသက်ရှင်သရွေ့ သင်သည် လုံးဝလွတ်လပ်ပြီး လွတ်မြောက်သော အသက်တာတစ်ခုကို နေထိုင်လိမ့်မည် ဖြစ်သည်။ အတိတ်ကာလတွင်၊ လူတို့သည် ၎င်းတို့၏ တကယ့် အသက်တာများထဲသို့ ဘုရားသခင်ကို ခေါ်ဆောင်လာကြသည့်အခါ၊ ၎င်းတို့သည် များလွန်းလှစွာသော အယူဝါဒနှင့် ဘာသာဓလေ့တို့ကို လက်တွေ့လုပ်ဆောင်ကာ ဖြတ်သန်းခဲ့ကြသည်။ အသေးအဖွဲကိစ္စများ၌ပင် ၎င်းတို့သည် ရှင်းလင်းစွာဖော်ပြထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘေးဖယ်ပြီး ထိုနှုတ်ကပတ်တော်များကို ဖတ်ရှုရန် လျစ်လျူရှုနေခဲ့ကြကာ ဆုတောင်းပြီး ရှာဖွေကြသည်။ ထို့အစား၊ ၎င်းတို့သည် အကျိုးသက်ရောက်မှုမရှိသည့် ရလဒ်ဖြင့်- ၎င်းတို့၏ အားထုတ်မှုအားလုံးကို ရှာဖွေခြင်း၌ ဆက်ကပ်မြှုပ်နှံခဲ့ကြသည်။ ဥပမာ အစားအသောက်နှင့် အဝတ်အစားကိစ္စများကို ကြည့်လော့- သင့်အတွက် အရာရာကို ဘုရားသခင် ရွေးချယ်ပေးဖို့ တောင်းလျှောက်ရင်း၊ သင်သည် ဆုတောင်းကာ ဤကိစ္စများကို ဘုရားသခင်၏ လက်ထဲ၌ထားလေသည်။ ဤစကားများကို ဘုရားသခင် ကြားသောအခါ သူက၊ “ထိုသို့သော မဖြစ်စလောက် အသေးစိတ်များကို ငါစိတ်ဝင်စားဖို့ လိုသလော။ သင့်အတွက် ငါဖန်ဆင်းခဲ့သည့် ပုံမှန်လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့မှာ ဘယ်ရောက် သွားကြပြီနည်း” ဟု ပြောလိမ့်မည်။ တစ်ခါတစ်ရံ တစ်စုံတစ်ဦးသည် ၎င်းတို့၏အပြုအမူများတွင် အမှားလုပ်မိတတ်သည်။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်ကို ပြစ်မှားစော်ကားမိပြီဟု ယုံကြည်ကြပြီး ၎င်းတို့ ချုပ်တည်းလာကြသည်။ အချို့လူများ၏ အခြေအနေများမှာ အင်မတန် ကောင်းသော်လည်း၊ ၎င်းတို့သည် သေးငယ်သော အရာတစ်စုံတစ်ခုကို မမှန်မကန် လုပ်မိသောအခါ ဘုရားသခင်သည် ၎င်းတို့ကို ပြစ်တင်ဆုံးမနေသည်ဟု ယုံကြည်ကြလေသည်။ အမှန်တွင်၊ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက် မဟုတ်ဘဲ လူတို့ ကိုယ်တိုင်၏စိတ်များ၏ လွှမ်းမိုးမှုသာ ဖြစ်သည်။ တစ်ခါတစ်ရံ၊ သင် ကြုံတွေ့ခံစားရပုံနှင့်ပတ်သက်၍ မည်သည့်အရာမျှ မမှားယွင်းသော်လည်း၊ အခြားလူများက သင်သည် မှန်ကန်စွာ တွေ့ကြုံခံစားခြင်းမရှိဟု ပြောဆိုကြပြီး၊ ထို့ကြောင့် သင်သည် ပိတ်မိသွားလေသည်- သင်သည် အပျက်သဘောဆောင်လာပြီး အတွင်းတွင် မှောင်မိုက်လာသည်။ ယေဘုယျအားဖြင့်၊ လူတို့သည် ဤနည်းဖြင့် အပျက်သဘောဆောင်သောအခါ၊ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း ခံနေရသည်ဟု ယုံကြည်ကြသော်လည်း ဘုရားသခင်က- “ငါသည် သင်၌ အဘယ်ပြစ်တင်ဆုံးမခြင်းအမှုကိုမျှ မပြုရသေးပေ။ အဘယ်သို့ သင်သည် ငါ့ကို ထိုသို့ အပြစ်တင်နိုင်ရသနည်း” ဟု ပြောသည်။ လူများသည် လွယ်ကူလွန်းလှစွာ အပျက်သဘောဆောင်လာတတ်ကြသည်။ ၎င်းတို့သည် မကြာခဏလည်း အလွန်ထိခိုက်လွယ်ပြီး ဘုရားသခင်ကို မကြာခဏ ညည်းညူတတ်ကြသည်။ ဘုရားသခင်သည် သင့်ကို ထိုနည်းဖြင့် ဆင်းရဲဒုက္ခခံစားဖို့ရန် မတောင်းဆိုပေ၊ သို့သော် သင်သည် မိမိကိုယ်ကိုယ် ထိုအခြေအနေထဲသို့ ကျရောက်စေသည်။ ထိုသို့သော ဆင်းရဲဒုက္ခ ခံစားခြင်းမျိုး၌ တန်ဖိုး လုံးဝမရှိပေ။ လူတို့သည် ဘုရားသခင် လုပ်ဆောင်သည့်အမှုကို မသိကြသကဲ့သို့၊ အမှုအရာများစွာတွင် ၎င်းတို့ အသိမဲ့ကြပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ အယူအဆများနှင့် စိတ်ကူးများ၌ ယခင်ထက် ပို၍ပင် နက်နက်ရှိုင်းရှိုင်း ရစ်ပတ်တွယ်ငြိလာကြလျက် ပိတ်မိသွားကြလေသည်။ လူအချို့က အမှုအရာအားလုံးနှင့် ကိစ္စအားလုံးသည် ဘုရားသခင်၏ လက်၌ရှိသည်ဟု ပြောကြသည်- ထို့သိုဆိုလျှင် ဘုရားသခင်သည် လူများ အပျက်သဘောဆောင်ကြသောအခါ မသိနိုင်ပါသလော။ ဘုရားသခင် သိသည်မှာ ဟုတ်ပေ၏။ သင်သည် လူသား၏ အယူအဆများထဲတွင် အမိခံရသောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်လုပ်ရန် မဖြစ်နိုင်ပေ။ ကြိမ်ဖန်များစွာ၊ လူအချို့သည် အပျက်သဘောဆောင်သော အခြေအနေထဲတွင် ပိတ်မိသွားကြသော်လည်း၊ ငါသည် ငါ၏အလုပ်ကို ဆက်လက် ဆောင်ရွက်ဆဲဖြစ်သည်။ သင်သည် အပျက်သဘောဆောင်သည်ဖြစ်စေ အပြုသဘောဆောင်သည်ဖြစ်စေ၊ ငါသည် သင်၏ဘောင်ခတ်ခြင်း မခံရပေ- သို့သော် ငါပြောသော နှုတ်ကပတ်တော်များစွာနှင့် ငါပြုသည့် ပမာဏကြီးမားသော အမှုတို့သည် လူတို့၏ အခြေအနေများနှင့်အညီ တစ်ခုနှင့်တစ်ခု နီးကပ်စွာ ဆက်နွှယ်နေပေသည်။ သင် အပျက်သဘောဆောင်သောအခါ၊ ဤအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို မပိတ်ဆို့ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် သေခြင်း၏စမ်းသပ်မှု ကာလအတွင်းတွင်၊ လူတို့သည် အပျက်သဘောဆောင်သော အခြေအနေတစ်ခု၌ အားလုံး အမိခံခဲ့ကြရသော်လည်း၊ ဤအရာသည် ငါ၏အမှုကို မပိတ်ဆို့ခဲ့ပေ။ သင် အပျက်သဘောဆောင်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားလူများ၌ လုပ်ဆောင်ရန်လိုအပ်သည့် အရာကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။ သင့်အနေဖြင့် ရှာဖွေခြင်းကို တစ်လကြာ ရပ်တန့်ကောင်းရပ်တန့်နိုင်သော်လည်း၊ ငါသည် ဆက်လက် အမှုပြုလျက်ရှိသည်- လက်ရှိအချိန်၌ ဖြစ်စေ၊ အနာဂတ်၌ဖြစ်စေ သင်လုပ်သည့်အရာ မည်သည့်အရာမဆို၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မရပ်တန့်စေနိုင်ပေ။ အပျက်သဘောဆောင်သော အခြေအနေအချို့မှာ လူသား၏ အားနည်းချက်မှ လာသည်။ လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့ သို့မဟုတ် ယင်းတို့ကို သဘောပေါက်ဖို့ရန် အမှန်တကယ် မစွမ်းဆောင်နိုင်ဟု ယုံကြည်ကြသောအခါ၊ ၎င်းတို့ အပျက်သဘောဆောင်လာကြသည်။ ဥပမာအားဖြင့် ပြစ်တင်ဆုံးမခြင်း အချိန်အတောအတွင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပြစ်တင်ဆုံးမခြင်းအလယ်၌ ဘုရားသခင်အား ချစ်ခြင်းအကြောင်းကို အတိုင်းအတာတစ်ခုအထိ ပြောသော်လည်း၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် တတ်စွမ်းနိုင်ခြင်းမရှိဟု ယုံကြည်ခဲ့ကြသည်။ ၎င်းတို့သည် အထူးသဖြင့် ဝမ်းနည်းပြီး ၎င်းတို့၏ ဇာတိကပတိသည် စာတန်၏ အလွန်အမင်း ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရပြီး ၎င်းတို့၏ အရည်အချင်း အလွန်ညံ့ဖျင်းသည်ဟု မြည်တမ်းခဲ့ကြလေသည်။ ဤပတ်ဝန်းကျင်ထဲတွင် ၎င်းတို့ မွေးဖွားခဲ့ကြသည်မှာ အင်မတန် ဝမ်းနည်းစရာဖြစ်သည်ဟု ခံစားခဲ့ကြသည်။ ပြီးလျှင် လူအချို့က ဘုရားသခင်ကို ယုံကြည်ရန်နှင့် ဘုရားသခင်ကိုသိရန် ၎င်းတို့အတွက် အလွန် နောက်ကျသွားပြီဖြစ်ပြီး၊ စုံလင်စေခြင်းခံရဖို့ ၎င်းတို့ မထိုက်တန်ကြဟု ခံစားခဲ့ကြသည်။ ဤအရာအားလုံးသည် ပုံမှန် လူသားအခြေအနေများ ဖြစ်သည်။

လူ၏ဇာတိပကတိသည် စာတန်နှင့်သက်ဆိုင်ပြီး၊ ပုန်ကန်လိုသော စိတ်သဘောထားများနှင့် ပြည့်နှက်သည်၊ ယင်းသည် မနှစ်မြို့ဖွယ်ဖြစ်စွာ ညစ်ညမ်းပြီး၊ မသန့်ရှင်းသော အရာတစ်ခုဖြစ်သည်။ လူတို့သည် ဇာတိပကတိ၏ မွေ့လျော်မှုကို အလွန့်အလွန် တပ်မက်ကြပြီး ဇာတိပကတိ၏ သရုပ်သကန်များ အလွန့်အလွန် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်သည် လူသား၏ ဇာတိပကတိကို အတိုင်းအတာတစ်ခုထိ စက်ဆုပ်ရွံရှာသည့် အကြောင်းရင်းဖြစ်သည်။ လူတို့သည် စာတန်၏ ညစ်ညမ်းသော၊ ဖောက်ပြန်ပျက်စီးသော အမှုအရာများကို စွန့်ပစ်သောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ရရှိကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို မထုတ်ပစ် သေးပါက၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင် နေကြဆဲဖြစ်သည်။ လူတို့၏ သူတစ်ပါးကို ဒုက္ခပေးခြင်း၊ လှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းအားလုံးသည် စာတန်နှင်ဆိုင်သည့် အရာများဖြစ်သည်။ သင့်အား ဘုရားသခင်ကယ်တင်ခြင်းသည် သင့်ကို စာတန်၏ ဤအရာများမှ ကယ်ထုတ်ရန်ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မမှားနိုင်ပေ။ ယင်းသည် လူတို့ကို အမှောင်မှ ကယ်တင်ဖို့ရန်သာ လုပ်ဆောင်ပေသည်။ သင်သည် အတိုင်းအတာတစ်ခုအထိ ယုံကြည်ပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းမှ ထုတ်ပစ်နိုင်ပြီး၊ ဤဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်ခြင်း မခံရတော့သောအခါတွင်၊ သင်သည် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည် မဟုတ်လော။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်သောအခါ သင်သည် ဘုရားသခင်ကို ထင်ရှားစေခြင်းငှာ မတတ်စွမ်းနိုင်ပေ၊ သင်သည် ညစ်ညမ်းသော အရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေဥစ္စာကို မရရှိနိုင်ပေ။ သင်သည် သန့်စင်ခံရပြီး စုံလင်စေခြင်း ခံရသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သန့်ရှင်းလိမ့်မည်၊ ပုံမှန်လူတစ်ဦး ဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရမည်ဖြစ်ကာ ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ဖြစ်လိမ့်မည်။ ယနေ့ ဘုရားသခင် လုပ်ဆောင်သောအမှုသည် ကယ်တင်ခြင်းဖြစ်ပြီး၊ ထို့ပြင် ယင်းသည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်း ဖြစ်သည်။ ယင်းတွင် ရှုထောင့်များစွာ ရှိသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအပြင်၊ ကျိန်ခြင်းများ ပါရှိသည်ကို သင်တို့အားလုံး သိမြင်ကြ၏။ ငါသည် အကျိုးသက်ရောက်မှုတစ်ခု ရရှိရန်၊ လူတို့အား မိမိတို့ကိုယ်ကိုယ် သိစေရန်နှင့် လူတို့ကို မသတ်ဖို့ရန်အလို့ငှာ စကားပြောပေသည်။ ငါ၏ စိတ်နှလုံးသည် သင်တို့အဖို့ ဖြစ်၏။ စကားပြောဆိုခြင်းသည် ငါအမှုပြုသည့် နည်းလမ်းများမှ တစ်ခုဖြစ်သည်။ နုတ်ကပတ်တော်များမှတစ်ဆင့် ငါသည် ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြပြီး ဘုရားသခင်၏ အလိုတော်ကို သင်တို့အား နားလည်ခွင့်ပေးသည်။ သင်၏ ဇာတိပကတိသည် သေဆုံးကောင်း သေဆုံးနိုင်သော်လည်း၊ သင်၌ စိတ်နှင့် ဝိညာဉ်ရှိသည်။ အကယ်၍ လူတို့တွင် ခန္ဓာကိုယ်သာ ရှိခဲ့ပါက၊ ၎င်းတို့၏ ယုံကြည်ခြင်း၌ အဓိပ္ပါယ်ရှိမည် မဟုတ်သကဲ့သို့၊ ငါလုပ်ဆောင်ပြီးဖြစ်သည့် ဤအမှုအားလုံးတွင်လည်း မည်သည့်အဓိပ္ပါယ်မျှ ရှိမည်မဟုတ်ပေ။ ယနေ့တွင်၊ ငါသည် တစ်နည်းဖြင့် စကားပြောပြီးနောက် နောက်တစ်နည်းဖြင့် ပြောဆိုသည်။ အချိန်တစ်ခုကြာ ငါသည် လူများအပေါ် အလွန့်အလွန် မုန်းတီးပြီး၊ ထို့နောက် အချိန်တစ်ခုကြာ ငါသည် အလွန့်အလွန် ချစ်မြတ်နိုးလေသည်။ ငါသည် ဤအရာအားလုံးကို သင်၏ စိတ်သဘောထားများ၌ ပြောင်းလဲမှု ရရှိရန်အပြင်၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော သင်တို့၏ အယူအဆများကို ပြောင်းလဲစေရန် လုပ်ဆောင်ခြင်း ဖြစ်ပေသည်။

နောက်ဆုံးသောကာလသည် ရောက်ရှိလာပြီဖြစ်ပြီး ကမ္ဘာအနှံ့ရှိ နိုင်ငံများသည် ဝရုန်းသုန်းကား အခြေအနေတွင် ရှိနေသည်။ နိုင်ငံရေး ကစဉ့်ကလျားဖြစ်ခြင်း ရှိသည်၊ အစာခေါင်းပါးမှုများ၊ ကပ်ရောဂါများ၊ ရေလွှမ်းမိုးမှုများ.နှင့် မိုးခေါင်မှုများသည် နေရာအနှံ့ ဖြစ်ပေါ်လျက် ရှိသည်။ လူသား၏ကမ္ဘာ၌ ရုတ်တရက်ဖြစ်ပွားသည့်ကပ်ဘေး ရှိသည်။ ကောင်းကင်ဘုံသည်လည်း ဘေးဒုက္ခကို စေလွှတ်ပြီးဖြစ်သည်။ ဤအရာများသည် နောက်ဆုံးသောကာလ၏ လက္ခဏာရပ်များ ဖြစ်သည်။ သို့သော်လည်း လူများအဖို့ ယင်းသည် ပျော်ရွှင်မြူးထူးခြင်းနှင့် ခမ်းနားထည်ဝါခြင်း လောကတစ်ခုနှင့်တူပုံရ၍၊ ယင်းမှာ သာ၍ သာ၍ ဖြစ်လာနေသည်။ လူတို့၏ စိတ်နှလုံးအားလုံးသည် ထိုအရာထံ ဆွဲဆောင်ခံရကာ များစွာသော လူတို့သည် ပိတ်မိနေကြပြီး ထိုအရာမှ သူတို့ကိုယ်သူတို့ မလွတ်မြောက်စေနိုင်ကြပေ။ လူမြောက်မြားစွာတို့သည် လှည့်စားမှုနှင့် မှော်အတတ်၌ ပါဝင်သောသူတို့၏ လှည့်ဖြားခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ အကယ်၍ သင်သည် တိုးတက်ဖို့အတွက် မကြိုးပမ်းဘဲ၊ စံနမူနာများ မရှိသကဲ့သို့ မှန်ကန်သောလမ်းပေါ် မိမိကိုယ်ကိုယ် အမြစ်တွယ်မထားပါက၊ အပြစ်၏ လှိုင်းတံပိုးထခြင်းဖြင့် သင် ဖယ်ရှားခံရလိမ့်မည် ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံများအားလုံးအနက် ခေတ်နောက်အကျဆုံး ဖြစ်သည်။ ယင်းသည် အဆင်းနီသောနဂါးကြီး ရစ်ခွေလျက် လဲလျောင်းသော မြေဖြစ်သည်၊ ယင်းသည် ရုပ်တုများကို ကိုးကွယ်သောသူများနှင့် မှော်အတတ်တွင် ပါဝင်သောသူများ အများဆုံးရှိပြီး၊ ဘုံကျောင်းများ အများဆုံးရှိကာ၊ ညစ်ညူးသော မကောင်းဆိုးရွားများ နေထိုင်သော နေရာတစ်ခု ဖြစ်သည်။ သင်သည် ထိုနေရာ၌ မွေးခဲ့၏၊ ထိုနေရာအားဖြင့် သင်သည် ပညာတတ်မြောက်ခဲ့ပြီး၊ ယင်း၏ လွှမ်းမိုးမှုဖြင့် ပြည့်နှက်ခဲ့သည်။ သင်သည် ယင်း၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်၊ သို့သော် နိုးထစေခြင်း ခံရပြီးနောက်တွင် သင်သည် ထိုအရာကို စွန့်လွှတ်ပြီး၊ ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ဘုန်းအသရေဖြစ်ပြီး၊ ဤသည်မှာ အမှု၏ ဤအဆင့်က ကြီးမားသော အရေးပါမှုရှိသည့် အကြောင်းရင်းဖြစ်သည်။ ဘုရားသခင်သည် ဤမျှကြီးမားသော အတိုင်းအတာရှိသည့် အမှုကို လုပ်ဆောင်ပြီး ဖြစ်သည်၊ နှုတ်ကပတ်တော်များစွာ ပြောဆိုပြီးဖြစ်ကာ၊ သူသည် သင်တို့ကို နောက်ဆုံးတွင် လုံးဝ ရယူလိမ့်မည်ဖြစ်သည်- ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် အမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သင်တို့သည် ဘုရားသခင်နှင့် စာတန် စစ်ပွဲ၏ “အောင်ပွဲလက်ရပစ္စည်းများ” ဖြစ်သည်။ သမ္မာတရားကို သင် သာ၍နားလည်ပြီး သင်၏ အသင်းတော်အသက်တာ ပို၍ ကောင်းမွန်လေလေ၊ အဆင်းနီသော နဂါးကြီးသည် ရှုံးနိမ့်ရလေလေ ဖြစ်သည်။ ဤအရာများအားလုံးသည် ဝိညာဉ်လောက၏ ကိစ္စရပ်များဖြစ်သည်- ယင်းတို့သည် ဝိညာဉ်လောက၏ တိုက်ပွဲများဖြစ်ပြီး၊ ဘုရားသခင် အောင်နိုင်သည့်အခါ စာတန်သည် အရှက်ရပြီး လဲကျလိမ့်မည်။ ဘုရားသခင်၏အမှု၏ ဤအဆင့်သည် ကြီးမားသော အရေးပါမှုရှိသည်။ သင်တို့အနေဖြင့် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်ကြဖို့၊ သန့်ရှင်းသော မြေတွင် အသက်ရှင်နိုင်ကြဖို့၊ ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ကြဖို့နှင့် အလင်း၏ ဦးဆောင်မှုနှင့် လမ်းပြမှုတို့ ရှိနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်သည် ထိုသို့သော ဧရာမအတိုင်းအတာဖြင့် အမှုကို လုပ်ဆောင်ပြီး ဤလူစုကို လုံးဝ ကယ်တင်လေသည်။ ထို့နောက် သင်၏ အသက်တာအဖို့ အဓိပ္ပါယ်ရှိသည်။ သင်တို့စားသည့်အရာနှင့် ဝတ်သည့်အရာသည် မယုံကြည်သူများနှင့် ခြားနားသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို နေထိုင်သည်- ပြီးလျှင် ၎င်းတို့သည် မည်သည့်အရာကို မွေ့လျော်ကြသနည်း။ ၎င်းတို့သည် ၎င်းတို့၏ “ဘိုးဘေးပိုင် အမွေအနှစ်” နှင့် သူတို့၏ “အမျိုးသားရေးစိတ်ဓာတ်” တို့ကိုသာ မွေ့လျော်ကြသည်။ ၎င်းတို့သည် လူ့သဘာဝ စိုးစဉ်းကလေးမျှပင် မရှိကြလေပြီ။ သင်တို့၏ အဝတ်အစားများ၊ စကားများနှင့် အပြုအမူများသည် ၎င်းတို့နှင့် လုံးဝခြားနားသည်။ နောက်ဆုံးတွင်၊ သင်တို့သည် ညစ်ညူးခြင်းမှ လုံးဝ လွတ်မြောက်ကြလိမ့်မည်၊ စာတန်၏ သွေးဆောင်ခြင်းတွင် နောက်ထပ် အမိခံရတော့မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နေ့စဉ်ထောက်ပံ့မှုကို ရရှိကြလိမ့်မည် ဖြစ်သည်။ သင်တို့သည် အစဉ်မပြတ် သတိထားသင့်သည်။ သင်တို့သည် ညစ်ညမ်းသောနေရာ၌ အသက်ရှင်ကြသော်လည်း၊ ညစ်ညမ်းမှုနှင့် မစွန်းထင်းကြသကဲ့သို့၊ ဘုရားသခင်၏ ကြီးမားသော ကွယ်ကာမှုကို ရရှိလျက် ဘုရားသခင်နှင့်အတူ အသက်ရှင်နိုင်ကြလေသည်။ ဘုရားသခင်သည် သင်တို့ကို ဤအဝါရောင်မြေ ပေါ်တွင် အားလုံးထဲမှ ရွေးချယ်ထားလေသည်။ သင်တို့သည် ကောင်းချီး အခံစားရဆုံးလူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အဝတ်အစားဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ ယင်း၏ ညစ်ညမ်းခြင်း၌ လုံးလုံးလျားလျား နင်းချေခြင်းခံလာရလျက်၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ သင်သည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်ပါက သို့မဟုတ် စစ်မှန်သော လမ်းခရီးကို မရရှိပါက၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။

အရှေ့သို့- လက်တွေ့လုပ်ဆောင်ခြင်း (၁)

နောက်တစ်ခုသို့- လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။