လက်တွေ့လုပ်ဆောင်ခြင်း (၃)
သင်တို့သည် အမှီအခိုကင်းစွာ ရပ်တည်နေထိုင်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်တိုင် စားသောက်နိုင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်တိုင် တွေ့ကြုံနိုင်ခြင်းနှင့် အခြားသူများ၏ ခေါင်းဆောင်မှု မရှိဘဲ ပုံမှန် ဝိညာဉ်ရေးရာ အသက်တာကို နေထိုင်နိုင်ခြင်း ရှိရမည်။ သင်တို့သည် အသက်ရှင် နေထိုင်ရန်၊ စစ်မှန်သော အတွေ့အကြုံထဲသို့ ဝင်ရောက်ရန်နှင့် စစ်မှန်သော ထိုးထွင်းသိမြင်မှုများကို ရရှိရန်အတွက် ဘုရားသခင် ယနေ့ မြွက်ဆိုသော နှုတ်ကပတ်တော်များအပေါ် မှီခိုနိုင်ရမည်။ ဤသို့ ပြုလုပ်ခြင်းဖြင့်သာ သင်တို့သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်။ ယနေ့တွင် လူများစွာသည် အနာဂတ်ရှိ ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများကို ပြည့်ဝစွာ နားမလည်ကြပေ။ အနာဂတ်တွင် လူအချို့သည် ဆင်းရဲဒုက္ခများကို တွေ့ကြုံရမည်ဖြစ်ပြီး အချို့သည် အပြစ်ဒဏ်ပေးခြင်းကို တွေ့ကြုံရမည် ဖြစ်သည်။ ဤအပြစ်ဒဏ်ပေးခြင်းသည် သာ၍ ပြင်းထန်လိမ့်မည်၊ ယင်းသည် အရှိတရားများ ဖြစ်တည်လာခြင်း ဖြစ်လိမ့်မည်။ ယနေ့ သင်တွေ့ကြုံသမျှ၊ လက်တွေ့လုပ်ဆောင်သမျှနှင့် ထုတ်ဖော်ပြသသမျှ အရာအားလုံးသည် အနာဂတ်၏ စမ်းသပ်မှုများကို တွေ့ကြုံရန်အတွက် အုတ်မြစ်ချပေးပြီး အနည်းဆုံးအနေဖြင့် သင်သည် အမှီအခိုကင်းစွာ ရပ်တည်နေထိုင်နိုင်ရမည်။ ယနေ့တွင် အသင်းတော်ရှိ လူများစွာ၏ အနေအထားမှာ ယေဘုယျအားဖြင့် အောက်ပါအတိုင်း ဖြစ်၏။ အလုပ်ကို လုပ်ဆောင်ပေးမည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ ရှိပါက ၎င်းတို့ ပျော်ရွှင်ကြပြီး ထိုလူများ မရှိပါက မပျော်ရွှင်ကြပေ။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို လျစ်လျူရှုကြပြီး မိမိတို့ကိုယ်ပိုင် ဝိညာဉ်ရေးရာ အသက်တာကိုလည်း အလေးမထားကြဘဲ ဝန်တာထားစိတ် အနည်းငယ်မျှပင် မရှိကြချေ၊ ဟန်ဟောင်ငှက်များ[က]ကဲ့သို့ ကြုံရာကျပန်း ပြုမူနေထိုင်ကြ၏။ ပွင့်လင်းစွာ ပြောရလျှင် လူများစွာ၌ ငါလုပ်ခဲ့ပြီးသော အလုပ်သည် သိမ်းပိုက်ခြင်း အလုပ်မျှသာ ဖြစ်၏၊ အကြောင်းမှာ လူအများသည် စုံလင်အောင် ပြုခြင်းခံရရန် လုံးဝ မထိုက်တန်သောကြောင့်တည်း။ လူအနည်းစုသည်သာ စုံလင်အောင် ပြုခြင်းခံရနိုင်၏။ ဤနှုတ်ကပတ်တော်များကို ကြားရပြီးနောက် “ဘုရားသခင် လုပ်တော်မူသော အလုပ်သည် လူတို့ကို သိမ်းပိုက်ရန်အတွက်သာ ဖြစ်သောကြောင့် ငါသည် ဝတ်ကျေတမ်းကျေသာ လိုက်လျှောက်မည်” ဟု သင်တွေးတောပါက ဤသို့သော သဘောထားကို မည်သို့လျှင် လက်ခံနိုင်စရာ ရှိပါမည်နည်း။ သင့်တွင် အသိစိတ် အမှန်တကယ်ရှိပါက ဝန်တာထားစိတ်နှင့် တာဝန်သိစိတ်တစ်ခု ရှိရမည်ဖြစ်၏။ “ငါသည် သိမ်းပိုက်ခြင်း ခံရမည်ဖြစ်စေ၊ စုံလင်အောင် ပြုခြင်းခံရမည်ဖြစ်စေ ဤသက်သေခံခြင်းအဆင့်ကို ကောင်းမွန်စွာ ထမ်းဆောင်ရမည်” ဟု သင်ပြောရမည်။ ဖန်ဆင်းခံတစ်ဦးအတွက် ဘုရားသခင်၏ အလုံးစုံ သိမ်းပိုက်ခြင်းကို ခံရရန်၊ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်၏အချစ်ကို ပြန်ပေးဆပ်ခြင်းဖြင့်လည်းကောင်း၊ မိမိကိုယ်မိမိ ဘုရားသခင်ထံ လုံးဝ သစ္စာစောင့်သိခြင်းဖြင့်လည်းကောင်း နောက်ဆုံးတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်မှာ လူ၏ တာဝန်ဝတ္တရားဖြစ်ပြီး လူထမ်းဆောင်သင့်သည့် တာဝန်ဖြစ်၏၊ လူသည် ဤဝန်ထုပ်ကို ထမ်းရွက်ရမည်ဖြစ်ပြီး ဤတာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်လုပ်ရမည်။ သို့မှသာ သူသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း ဖြစ်၏။ ယနေ့ အသင်းတော်၌ သင်လုပ်ဆောင်သောအရာတွင် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီလော။ ယင်းသည် သင့်၌ ဝန်ထုပ် ရှိမရှိအပေါ် မူတည်ပြီး သင်၏ ကိုယ်ပိုင်အသိပညာအပေါ် မူတည်၏။ ဤအလုပ်ကို တွေ့ကြုံရာ၌ လူသည် သိမ်းပိုက်ခြင်း ခံရပြီး စစ်မှန်သော အသိပညာရှိပါက မိမိ၏ ကိုယ်ပိုင်အနာဂတ် အလားအလာ သို့မဟုတ် ကံကြမ္မာ မည်သို့ပင် ရှိပါစေ ကျိုးနွံနာခံနိုင်စွမ်း ရှိလိမ့်မည်။ ဤနည်းဖြင့် ဘုရားသခင်၏ ကြီးမြတ်သော လုပ်ငန်းဆောင်တာသည် လုံးလုံးလျားလျား ဖြစ်မြောက်အောင်မြင်လိမ့်မည်၊ အကြောင်းမှာ သင်တို့ လူများသည် ဤထက် ပို၍ အစွမ်းအစ မရှိကြဘဲ သာ၍ မြင့်မားသော မည်သည့်တောင်းဆိုချက်ကိုမျှ မဖြည့်ဆည်းနိုင်ကြသောကြောင့် ဖြစ်၏။ သို့တိုင်အောင် အနာဂတ်တွင် လူအချို့သည် စုံလင်အောင် ပြုခြင်းခံရကြလိမ့်မည်။ ၎င်းတို့၏ အစွမ်းအစ တိုးတက်လာမည်၊ ၎င်းတို့၏ ဝိညာဉ်၌ သာ၍ နက်ရှိုင်းသော အသိပညာ ရှိလာမည်ဖြစ်ပြီး ၎င်းတို့၏ အသက်တာသည်လည်း ကြီးထွားရင့်ကျက်လာလိမ့်မည်… သို့တိုင်အောင် အချို့သူများသည် ဤသည်ကို ရရှိရန် အစွမ်းအစ လုံးဝမရှိကြသဖြင့် ကယ်တင်ခြင်း မခံရနိုင်ကြပေ။ ၎င်းတို့ ကယ်တင်ခြင်း မခံရနိုင်ကြဟု ငါပြောရခြင်း၌ အကြောင်းရင်း ရှိ၏။ အနာဂတ်တွင် အချို့သည် သိမ်းပိုက်ခြင်း ခံရမည်၊ အချို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်၊ အချို့သည် စုံလင်အောင် ပြုခြင်းခံရမည်၊ အချို့သည် အသုံးပြုခြင်း ခံရမည်ဖြစ်၏၊ သို့ဖြစ်၍ အချို့သည် ဆင်းရဲဒုက္ခများကို တွေ့ကြုံရမည်၊ အချို့သည် အပြစ်ဒဏ်ပေးခြင်း (သဘာဝဘေးအန္တရာယ်များနှင့် လူတို့ဖန်တီးသော ဘေးအန္တရာယ်များ နှစ်မျိုးလုံး) ကို တွေ့ကြုံရမည်၊ အချို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ပြီး အချို့သည် အသက်ရှင်ကျန်ရစ်ကြလိမ့်မည်။ ဤသည်မှာ လူအမျိုးအစား တစ်မျိုးချင်းစီကို ကိုယ်စားပြုလျက် လူတစ်ဦးစီကို ယင်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ခြင်း၏ အဓိပ္ပာယ်ပင် ဖြစ်၏။ လူများအားလုံး ဖယ်ရှားရှင်းလင်းခြင်း ခံရမည် မဟုတ်သည့်အပြင် လူအားလုံး စုံလင်အောင် ပြုခြင်းခံရမည်လည်း မဟုတ်ပေ။ ဤသည်မှာ တရုတ်လူမျိုးတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး ၎င်းတို့အနက် ပေါလု ကဲ့သို့သော မိမိကိုယ်ကို သတိပြုမိမှု ပိုင်ဆိုင်သည့်သူ အရေအတွက် အလွန်နည်းပါးသောကြောင့် ဖြစ်၏။ သင်တို့အနက် ပေတရုကဲ့သို့ ဘုရားသခင်ကို ချစ်မြတ်နိုးရန် စိတ်ပိုင်းဖြတ်ချက်ရှိသူ သို့မဟုတ် ယောဘကဲ့သို့ ယုံကြည်ခြင်းရှိသူ နည်းပါးလှ၏။ သင်တို့အနက် ဒါဝိဒ်ကဲ့သို့ ယေဟောဝါကို ကြောက်ရွံ့ပြီး အစေခံသူ၊ ထိုသို့တူညီသည့် သစ္စာရှိမှုအဆင့်မျိုး ရှိသောသူဟူ၍ မရှိသလောက်ပင် ဖြစ်၏။ သင်တို့သည် မည်မျှ သနားစဖွယ် ကောင်းကြသနည်း။
ယနေ့တွင် စုံလင်အောင် ပြုခြင်းခံရမှုအကြောင်း ပြောဆိုခြင်းသည် ကဏ္ဍတစ်ခုမျှသာ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သင်တို့သည် ဤသက်သေခံခြင်းအဆင့်ကို မှန်ကန်စွာ ထမ်းဆောင်ရမည်။ ဗိမာန်တော်ထဲ၌ ဘုရားသခင်ကို အစေခံရန် သင်တို့ တောင်းဆိုခံရပါက မည်သို့ပြုလုပ်သင့်သနည်း။ သင်သည် ယဇ်ပုရောဟိတ်တစ်ဦး မဟုတ်ဘဲ သားဦးများ သို့မဟုတ် ဘုရားသခင်၏သားများဟူသော အဆင့်အတန်း မရှိပါက သစ္စာစောင့်သိနိုင်စွမ်း ရှိဦးမည်လော။ နိုင်ငံတော်ကို တိုးချဲ့ခြင်း အလုပ်၌ သင်၏ အားထုတ်မှု အလုံးစုံကို အသုံးခံနိုင်ဦးမည်လော။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၏ အလုပ်ကို ကောင်းမွန်စွာ ပြုလုပ်နိုင်စွမ်း ရှိဦးမည်လော။ သင်၏အသက်တာ မည်မျှပင် ကြီးထွားရင့်ကျက်လာပြီးဖြစ်စေ ယနေ့၏အလုပ်သည် သင့်စိတ်နှလုံးထဲ၌ လုံးဝ ယုံကြည်သက်ဝင်သွားစေမည်ဖြစ်ပြီး သင်၏ အယူအဆ အားလုံးကို စွန့်လွှတ်စေမည်ဖြစ်သည်။ အသက်တာကို လိုက်စားရန် လိုအပ်သည့်အရာ သင့်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်၏ အလုပ်သည် သင့်ကို လုံးဝ ယုံကြည်သက်ဝင်သွားစေလိမ့်မည်။ လူအချို့က “ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ရုံသာဖြစ်ပြီး အသက်တာကို လိုက်စားခြင်း၏ အဓိပ္ပာယ်ကို နားမလည်ပါ” ဟု ပြောကြ၏။ ထို့ပြင် အချို့က “ဘုရားသခင်ကို ငါ၏ ယုံကြည်ခြင်း၌ အလွန် ဇဝေဇဝါ ဖြစ်နေ၏။ ငါသည် စုံလင်အောင် ပြုခြင်းမခံရနိုင်ကြောင်း သိရှိသဖြင့် ပြစ်တင်ဆုံးမခြင်းကို ခံယူရန် အသင့်ရှိနေ၏” ဟု ပြောကြ၏။ ပြစ်တင်ဆုံးမခြင်း ခံယူရန် သို့မဟုတ် ပျက်စီးခြင်းသို့ ရောက်ရန် အသင့်ရှိနေသော ဤလူများပင်လျှင် ယနေ့၏အလုပ်သည် ဘုရားသခင် ဆောင်ရွက်သော အလုပ်ဖြစ်ကြောင်း လက်ခံလာအောင် ပြုလုပ်ခြင်း ခံကြရမည်။ အချို့သော လူများကလည်း “ကျွန်ုပ်သည် စုံလင်အောင် ပြုခြင်းခံရရန် မတောင်းဆိုပါ၊ သို့သော် ယနေ့တွင် ဘုရားသခင်၏ လေ့ကျင့်ပေးခြင်း အားလုံးကို ကျွန်ုပ် ခံယူလိုစိတ်ရှိပြီး ပုံမှန်လူ့သဘာဝအတိုင်း အသက်ရှင်နေထိုင်လိုစိတ်၊ ကျွန်ုပ်၏ အစွမ်းအစကို တိုးတက်အောင် လုပ်လိုစိတ်နှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းအားလုံးကို ကျိုးနွံနာခံလိုစိတ်ရှိ၏...” ဟု ပြောကြ၏။ ဤတွင် ၎င်းတို့သည် သိမ်းပိုက်ခြင်းခံရပြီး သက်သေခံခဲ့ပြီးလည်းဖြစ်၏၊ ယင်းသည် ဤလူများထဲ၌ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် အသိပညာအချို့ ရှိကြောင်း သက်သေပြနေခြင်း ဖြစ်၏။ အလုပ်၏ ဤအဆင့်ကို အလွန်အမင်း လျင်မြန်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ အနာဂတ်တွင် ပြည်ပ၌ သာ၍ပင် လျင်မြန်စွာ ဆောင်ရွက်လိမ့်မည်။ ယနေ့တွင် ပြည်ပမှ လူတို့သည် မစောင့်နိုင်တော့ဘဲ တရုတ်ပြည်သို့ အလျင်အမြန် လာရောက်နေကြ၏။ သို့ဖြစ်၍ သင်တို့သည် စုံလင်အောင် ပြုခြင်းမခံရနိုင်ပါက ပြည်ပမှ လူများကို နှောင့်နှေးကြန့်ကြာစေလိမ့်မည်ဖြစ်သည်။ ထိုအချိန်၌ သင်တို့သည် မည်မျှကောင်းမွန်စွာ ဝင်ရောက်ပြီးဖြစ်စေ၊ သင်တို့ မည်သို့ပင်ရှိသည်ဖြစ်စေ အချိန်တန်သောအခါ ငါ၏အလုပ်သည် အဆုံးသတ်၍ ပြီးမြောက်လိမ့်မည်။ သင်တို့ကြောင့် အလုပ်တစ်ခုလုံး နှောင့်နှေးကြန့်ကြာ၍ မရနိုင်ပေ။ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ အလုပ်ကို ဆောင်ရွက်ခြင်းဖြစ်ရာ သင်တို့အတွက် ငါ နောက်ထပ် အချိန်ကုန်ခံစရာ မလိုပေ။ သင်တို့သည် အလွန်တရာ စိတ်ပျက်ဖွယ်ကောင်းလှပြီး မိမိကိုယ်ကို သတိပြုမိမှု အလွန်တရာ ကင်းမဲ့လွန်းလှ၏။ သင်တို့ကို စုံလင်အောင်ပြုခြင်းတွင် တန်ဖိုး မရှိသလောက်ပင် ဖြစ်၏၊ သင်တို့တွင် အလားအလာ မရှိသလောက်ပင် ဖြစ်၏။ အနာဂတ်တွင် လူတို့သည် ဆက်လက်၍ အလွန်ပေါ့ဆလေးကန်နေကြပြီး မိမိတို့၏ အစွမ်းအစကို တိုးတက်အောင်လုပ်နိုင်စွမ်း မရှိမြဲဖြစ်လျှင်ပင် ယင်းသည် စကြဝဠာတစ်ခုလုံး၏အလုပ်ကို ဟန့်တားလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အလုပ် ပြီးဆုံးရမည့် အချိန်ရောက်သောအခါ ပြီးဆုံးမည်ဖြစ်ပြီး လူတို့ ဖယ်ရှားရှင်းလင်းခံရမည့် အချိန်ရောက်သောအခါ ဖယ်ရှားရှင်းလင်းခြင်း ခံရကြလိမ့်မည်။ သေချာပေါက်ပင် စုံလင်အောင် ပြုခြင်းခံရသင့်သည့်သူများ၊ စုံလင်အောင် ပြုခြင်းခံရရန် ထိုက်တန်သူများသည်လည်း စုံလင်အောင် ပြုခြင်းခံရကြမည် ဖြစ်၏။ သို့သော် သင်တို့တွင် မျှော်လင့်ချက် အမှန်တကယ် မရှိပါက ဘုရားသခင်၏အလုပ်သည် သင်တို့အတွက် စောင့်ဆိုင်းနေမည် မဟုတ်ပေ။ နောက်ဆုံးတွင် သင်သည် သိမ်းပိုက်ခြင်း ခံရပါက ယင်းကိုလည်း သက်သေခံခြင်း ရှိသည်ဟု မှတ်ယူနိုင်သည်။ သင်တို့ထံမှ ဘုရားသခင် တောင်းဆိုသောအရာ၌ အကန့်အသတ်များ ရှိ၏၊ လူ ရရှိနိုင်သည့် ဝိညာဉ်ရင့်ကျက်မှု အတိုင်းအတာသည် ထိုသူထံမှ လိုအပ်သော သက်သေခံခြင်း၏ အတိုင်းအတာ ဖြစ်၏။ လူက စိတ်ကူးယဉ်သကဲ့သို့ ထိုသို့သော သက်သေခံခြင်းသည် အမြင့်တကာ့ အမြင့်ဆုံးသော အကန့်အသတ်များသို့ ရောက်ရှိရမည်မဟုတ်သည့်အပြင် အားကောင်းနေရမည်လည်း မဟုတ်ပေ၊ သင်တို့ တရုတ်လူမျိုးများတွင် ဤအရာကို မည်သည့်နည်းဖြင့်မျှ ဖြစ်မြောက်အောင်မြင်နိုင်မည် မဟုတ်ပေ။ ငါသည် သင်နှင့် ဤအချိန်ကာလတစ်လျှောက်လုံး ထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်ရာ သင်တို့ကိုယ်တိုင် ယင်းကို မြင်တွေ့ခဲ့ကြပြီးဖြစ်၏။ ငါသည် သင်တို့ကို အတိုက်အခံမလုပ်ရန်၊ မပုန်ကန်ရန်၊ ငါ၏နောက်ကွယ်၌ အနှောင့်အယှက် သို့မဟုတ် အဖျက်အမှောင့် ဖြစ်စေသောအရာများကို မပြုလုပ်ကြရန် ပြောဆိုပြီးဖြစ်၏။ ငါသည် ဤအရာများကို သင်တို့ရှေ့မှောက် ကြိမ်ဖန်များစွာ ထောက်ပြခဲ့ပြီးဖြစ်သော်လည်း ထိုသို့ ပြုလုပ်ခြင်းပင်လျှင် အလုပ်မဖြစ်ပေ၊ သင်တို့ လှည့်ထွက်သွားသည်နှင့်တစ်ပြိုင်နက် သင်တို့ ပြောင်းလဲသွားကြပြီး အချို့သူများမှာမူ မည်သည့်ဂရုစိုက်မှုမျှ မပြသဘဲ လျှို့ဝှက်စွာ အတိုက်အခံလုပ်ကြ၏။ ငါသည် ဤအကြောင်း တစ်စက်မျှ မသိရှိဟု သင်ထင်သလော။ သင်သည် ငါ့ကို ဆန့်ကျင်နိုင်ပြီး မည်သည့်အရာမျှ ဖြစ်လာမည်မဟုတ်ဟု သင်ထင်သလော။ ငါ၏နောက်ကွယ်၌ ငါ၏အလုပ်ကို ဖြိုခွဲရန် သင်ကြိုးပမ်းသည့်အခါ ငါမသိရှိဟု သင်ထင်သလော။ သင်၏ မပြောပလောက်သော ပါးနပ်မှုသည် သင်၏တည်ကြည်မှုကို အစားထိုးနိုင်သည်ဟု သင်ထင်သလော။ သင်သည် အစဉ် နာခံပုံပေါက်သော်လည်း လျှို့ဝှက်စွာ သစ္စာဖောက်၏၊ သင်၏ စိတ်နှလုံးထဲ၌ စဉ်းလဲသော အတွေးများကို ဖုံးကွယ်ထားကာ သင်ကဲ့သို့သော လူများအတွက် သေခြင်းတရားပင်လျှင် လုံလောက်သော ပြစ်ဒဏ်မဟုတ်ပေ။ သင့်အတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ သေးငယ်သော အလုပ်အချို့သည် ငါ့အား သင်၏ ကြောက်စိတ်ကို အစားထိုးနိုင်သည်ဟု သင်ထင်သလော။ ကောင်းကင်ဘုံသို့ အော်ခေါ်ခြင်းအားဖြင့် ဉာဏ်ပွင့်ခြင်း သင်ရရှိခဲ့သည်ဟု သင်ထင်သလော။ သင်သည် ရှက်ရကောင်းမှန်း မသိချေ။ သင်သည် တန်ဖိုးကင်းမဲ့လှပေသည်။ သင်၏ “ကောင်းမှုများ” သည် ကောင်းကင်ဘုံကို တို့ထိခံစားရစေခဲ့သဖြင့် အပြန်အလှန်အားဖြင့် သူက ခြွင်းချက်တစ်ခု ပြုလုပ်ခဲ့ကာ သင့်အား အာဝဇ္ဇန်းရွှင်စေပြီး အခြားသူများကို လှည့်ဖြားနိုင်စေသည့်၊ ငါ့ကို လှည့်ဖြားနိုင်စေသည့် ပင်ကိုစွမ်းရည် အနည်းငယ်မျှကို ပေးသနားခဲ့သည်ဟု သင်ထင်သလော။ သင့်တွင် ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့လှပေသည်။ သင့်ဉာဏ်ပွင့်ခြင်းသည် မည်သည့်နေရာမှ လာသည်ကို သင်သိသလော။ သင်ကြီးပြင်းလာစဉ်က မည်သူ၏အစားအစာကို စားခဲ့ရသည်ကို သင်မသိသလော။ သင်သည် အသိတရား ကင်းမဲ့လှပါတကား။ သင်တို့အနက် အချို့သည် လေးနှစ် သို့မဟုတ် ငါးနှစ်တိုင်တိုင် ပြုပြင်ခြင်း ခံရပြီးနောက်တွင်ပင် ပြောင်းလဲခြင်း မရှိကြဘဲ သင်တို့သည် ဤအရေးကိစ္စများကို ရှင်းလင်းစွာ သိကြ၏။ တစ်နေ့တွင် သင်တို့ စွန့်ပစ်ခံရသည့်အခါ သင်တို့၏ သဘာဝကို သင်တို့ ရှင်းလင်းစွာ သိသင့်ကြပြီး မည်သည့်ကန့်ကွက်မှုမျှ မရှိသင့်ပေ။ အချို့သည် ၎င်းတို့၏အစေခံမှုတွင် မိမိအထက်ရှိ လူများကို လှည့်ဖြားပြီး မိမိအောက်ရှိ လူများထံမှ အမှုအရာများကို ဖုံးကွယ်ထားကြသဖြင့် အကြိမ်ကြိမ် ပြုပြင်ခြင်း ခံခဲ့ရပြီးဖြစ်၏။ အချို့သည်လည်း ငွေကြေးလောဘကြောင့် မနည်းပါးသော ပြုပြင်ခြင်းကို ခံခဲ့ရပြီး ဖြစ်၏။ အချို့သည်လည်း အမျိုးသားနှင့် အမျိုးသမီးကြား ရှင်းလင်းသော စည်းများကို မစောင့်ထိန်းကြသောကြောင့် မကြာခဏ ပြုပြင်ခြင်း ခံခဲ့ရပြီး ဖြစ်၏။ အချို့သည် ပျင်းရိပြီး ဇာတိပကတိကိုသာ အလေးထားကာ အသင်းတော်များသို့ သွားရောက်သည့်အခါ စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်း မရှိကြသဖြင့် ပြုပြင်ခြင်း များစွာခံခဲ့ရပြီး ဖြစ်၏။ အချို့သည် ရောက်လေရာရာ၌ သက်သေခံချက် ပေးရန် ပျက်ကွက်ခြင်း၊ ဇွတ်တရွတ် ပြုမူခြင်း၊ မကောင်းမှုများကို ထင်ရာစိုင်း ပြုခြင်းနှင့် မှားယွင်းမှန်း သိလျက်နှင့်ပင် တမင်ပြုလုပ်ခြင်းတို့ကြောင့် ဤအကြောင်းနှင့်ပတ်သက်၍ ကြိမ်ဖန်များစွာ သတိပေးခံခဲ့ရပြီး ဖြစ်၏။ အချို့သည် စုဝေးပွဲများအတွင်း စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုပြီး အခြားသူတိုင်းထက် သာလွန်သည့်ပုံစံဖြင့် ပြုမူကာ သမ္မာတရား လက်တွေ့ကျမှု စိုးစဉ်းမျှ မရှိဘဲ မိမိတို့၏ ညီအစ်ကို မောင်နှမများအပေါ် အကောက်ကြံလျက် ၎င်းတို့နှင့် ပြိုင်ဆိုင်ကြသောကြောင့် မကြာခဏ ဖော်ထုတ်ခြင်း ခံခဲ့ရပြီးဖြစ်၏။ ငါသည် သင်တို့ထံ ဤနှုတ်ကပတ်တော်များကို ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပြီးဖြစ်ရာ ယနေ့တွင် ငါသည် ဤအကြောင်းကို နောက်ထပ်ပြောဆိုတော့မည် မဟုတ်ပေ၊ သင်တို့ ပြုလုပ်ချင်ရာကို ပြုလုပ်ကြလော့။ သင်တို့ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချမှတ်ကြလော့။ လူအများသည် ဤနည်းဖြင့် ပြုပြင်ခံရခြင်းကို တစ်နှစ် သို့မဟုတ် နှစ်နှစ်မျှထက်ပို၍ ကြုံတွေ့ခဲ့ပြီးဖြစ်၏၊ လူအချို့သည် သုံးနှစ် သို့မဟုတ် လေးနှစ်ကြာ ကြုံတွေ့ခဲ့ပြီး အချို့မှာမူ ယုံကြည်သူများ ဖြစ်လာချိန်မှစ၍ ပြုပြင်ခံရခြင်းကို ကြုံတွေ့ခဲ့ရပြီးသည့်နောက် ဤသည်ကို ဆယ်စုနှစ်ကျော် တွေ့ကြုံခံစားခဲ့ကြသော်လည်း ယနေ့တိုင်အောင် ၎င်းတို့တွင် ပြောင်းလဲမှု မရှိသလောက်ပင် ဖြစ်၏။ သင့်တွင် ဝက်တစ်ကောင်၏သဘာဝ ရှိသည်ဟု သင်မထင်သလော။ ဘုရားသခင်က သင့်အပေါ် မတရားခြင်းများ ဖြစ်နိုင်သလော။ သင်တို့သည် အဆင့်တစ်ခုသို့ ရောက်ရှိနိုင်စွမ်း မရှိပါက ဘုရားသခင်၏အလုပ်သည် ပြီးဆုံးလိမ့်မည်မဟုတ်ဟု မထင်ကြနှင့်။ သင်တို့သည် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိပါက သူသည် သင်တို့ကို စောင့်ဆိုင်းနေဦးမည်လော။ သင့်အား အလုံးစုံသော အမှန်တရားကို ငါပြော၏၊ ဤသို့ မဟုတ်ပေ။ အမှုအရာများကို ဤမျှသာယာလှပစွာ မရှုမြင်ကြနှင့်။ ယနေ့အလုပ်တွင် အချိန်အကန့်အသတ် ရှိပြီး ဘုရားသခင်သည် သင်နှင့် စနောက်ကစားနေခြင်း မဟုတ်ပေ။ ယခင်က အစေခံသူများ၏ စမ်းသပ်မှုကို တွေ့ကြုံရသောအခါ လူတို့သည် မိမိတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန်နှင့် သူ၏ သိမ်းပိုက်ခြင်းကို ခံရရန်အတွက် သတ်မှတ်အဆင့်တစ်ခုသို့ ရောက်ရှိရမည်ဟု ထင်မှတ်ခဲ့ကြ၏၊ ၎င်းတို့သည် လိုလားစွာနှင့် ဝမ်းမြောက်စွာ အစေခံသူတစ်ဦး ဖြစ်ရမည်၊ ဘုရားသခင်ကို နေ့စဉ် ချီးမွမ်းရမည်၊ အထိန်းအကွပ် ကင်းမဲ့ခြင်း သို့မဟုတ် ဝတ်ကျေတမ်းကျေ ပြုလုပ်ခြင်း စိုးစဉ်းမျှ မရှိရပေ။ ထိုသို့ ပြုလုပ်မှသာလျှင် စကားလုံး၏ အစစ်မှန်ဆုံး အဓိပ္ပာယ်ဖြင့် စစ်မှန်သော အစေခံသူတစ်ဦး ဖြစ်လိမ့်မည်ဟု ၎င်းတို့ ထင်မှတ်ခဲ့ကြ၏၊ သို့သော် အမှန်တကယ်ပင် ထိုသို့ဖြစ်သလော။ ထိုအချိန်တွင် အမျိုးမျိုးသော လူများသည် ထုတ်ဖော်ခြင်းခံခဲ့ရ၏၊ ၎င်းတို့သည် ပြုမူကျင့်ကြံမှု ပုံစံအားလုံးကို ပြသခဲ့ကြ၏။ အချို့က စောဒကတက်ခဲ့ကြ၏၊ အချို့က အယူအဆများကို ဖြန့်ဝေခဲ့ကြ၏၊ အချို့က စုဝေးပွဲများသို့ တက်ရောက်ခြင်းကို ရပ်တန့်ခဲ့ကြ၏၊ အချို့က အသင်းတော်၏ငွေကိုပင် ခွဲဝေယူခဲ့ကြ၏။ ညီအစ်ကို မောင်နှမများသည် တစ်ဦးပေါ်တစ်ဦး အကောက်ကြံနေခဲ့ကြ၏။ ယင်းသည် ကြီးမြတ်သော "လွတ်မြောက်မှု" တစ်ခု အမှန်တကယ် ဖြစ်ခဲ့၏။ ချီးမွမ်းထိုက်သည့် တစ်ခုတည်းသော အရာမှာ မည်သူမျှ နောက်မဆုတ်ခဲ့ခြင်းပင် ဖြစ်၏။ ဤသည်မှာ အားအကောင်းဆုံးသော အချက်ဖြစ်ခဲ့၏။ ၎င်းတို့သည် ဤအချက်ကြောင့် စာတန်ရှေ့၌ သက်သေခံခြင်းအဆင့်ကို ဆောင်ရွက်ခဲ့ကြပြီး နောက်ပိုင်းတွင် ဘုရားသခင်၏ လူများဟူသော ပင်ကိုလက္ခဏာကို ရရှိခဲ့ကြကာ ယနေ့ထိတိုင် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။ ဘုရားသခင်၏အလုပ်ကို သင်စိတ်ကူးယဉ်သကဲ့သို့ ဆောင်ရွက်ခြင်း မဟုတ်ပေ။ ထိုအစား မည်သည့်အဆင့်သို့ သင်ရောက်ရှိပြီးဖြစ်ပါစေ အချိန်စေ့သောအခါ အလုပ်သည် ပြီးဆုံးလိမ့်မည်။ အချို့က “ဤသို့ ပြုမူဆောင်ရွက်ခြင်းဖြင့် ကိုယ်တော်သည် လူတို့ကို ကယ်တင်ခြင်း မရှိ သို့မဟုတ် ချစ်ခြင်း မရှိ။ ကိုယ်တော်သည် ဖြောင့်မတ်သော ဘုရားသခင် မဟုတ်” ဟု ပြောကောင်းပြောကြလိမ့်မည်။ ငါသည် အလုံးစုံသော အမှန်တရားဖြင့် သင့်ကို ပြော၏။ ယနေ့ ငါ့အလုပ်၏ ဗဟိုချက်မှာ သင့်ကို သိမ်းပိုက်ရန်နှင့် သင့်အား သက်သေခံချက် ပေးအောင် လုပ်ရန် ဖြစ်၏။ သင့်ကို ကယ်တင်ခြင်းမှာ အရန်ကိစ္စမျှသာ ဖြစ်၏။ သင် ကယ်တင်ခြင်း ခံရနိုင်ခြင်း ရှိမရှိဟူသည်မှာ သင်၏ ကိုယ်ပိုင်လိုက်စားမှုအပေါ် မူတည်ပြီး ငါနှင့် သက်ဆိုင်ခြင်း မရှိပေ။ သို့တိုင်အောင် ငါသည် သင့်ကို သိမ်းပိုက်ရမည်ဖြစ်၏။ ငါ့ကို ဦးဆောင်လမ်းပြရန် အစဉ် မကြိုးစားလေနှင့်၊ ယနေ့တွင် ငါသည် အလုပ်လုပ်ပြီး သင့်ကို ကယ်တင်၏၊ ပြောင်းပြန် မဟုတ်ပေ။
ယနေ့တွင် သင်တို့ နားလည်သဘောပေါက်လာသည့် အရာသည် ခေတ်အဆက်ဆက်ရှိ စုံလင်အောင် ပြုခြင်းမခံခဲ့ရသော မည်သူထက်မဆို သာ၍ မြင့်မား၏။ စမ်းသပ်မှုများနှင့်ပတ်သက်သည့် သင်တို့၏ အသိပညာဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်စေ ယင်းသည် ဘုရားသခင်ကို ယုံကြည်သူ မည်သူထက်မဆို သာ၍ မြင့်မား၏။ သင်တို့ နားလည်သောအရာများသည် ပတ်ဝန်းကျင်များ၏ စမ်းသပ်မှုများကို သင်တို့ မကြုံတွေ့မီ သိရှိလာသောအရာများ ဖြစ်သော်လည်း ယင်းတို့သည် သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုနှင့် လုံးဝ မကိုက်ညီပေ။ သင်တို့ သိရှိသောအရာသည် သင်တို့ လက်တွေ့လုပ်ဆောင်သောအရာထက် သာ၍ မြင့်မား၏။ ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင်ကို ချစ်သင့်ပြီး ကောင်းချီးမင်္ဂလာများကို မလိုက်စားသင့်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်သာ လိုက်စားသင့်သည်ဟု သင်တို့ ပြောဆိုကြသော်လည်း သင်တို့၏ အသက်တာများ၌ ထုတ်ဖော်ပြသသည့်အရာသည် ဤအရာနှင့် လွန်စွာ ကွာခြားလှပြီး များစွာ ညစ်ညူးစွန်းထင်းလျက် ရှိ၏။ လူအများစုသည် ငြိမ်းချမ်းရေးနှင့် အခြားသော အကျိုးအမြတ်များအတွက် ဘုရားသခင်ကို ယုံကြည်ကြ၏။ သင့်အတွက် အကျိုးအမြတ် မရှိပါက ဘုရားသခင်ကို သင်မယုံကြည်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်များကို မရရှိနိုင်ပါက သင်သည် စိတ်ကောက်သွား၏။ သင်ပြောဆိုခဲ့သည့်အရာသည် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မည်သို့ဖြစ်နိုင်ပါမည်နည်း။ သားသမီးများ ဖျားနာခြင်း၊ ချစ်ရသူများ ဆေးရုံတက်ရခြင်း၊ သီးနှံအထွက်နှုန်း နည်းပါးခြင်းနှင့် မိသားစုဝင်များ၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံရခြင်းကဲ့သို့သော ရှောင်လွှဲ၍မရသည့် မိသားစုရေးရာများနှင့် ပတ်သက်လာလျှင် မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဤသာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စများကိုပင် သင်ခံနိုင်ရည်မရှိပေ။ ထိုသို့သောအရာများ ဖြစ်ပျက်သည့်အခါ သင်သည် အစဉ် ထိတ်လန့်ခြောက်ခြားပြီး မည်သို့ပြုလုပ်ရမည်ကို မသိရှိဘဲ အချိန်အများစု၌ ဘုရားသခင်ကို သင် စောဒကတက်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ကို လှည့်စားခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်၏အလုပ်သည် သင့်ကို ကမောက်ကမ ဖြစ်စေခဲ့သည်ဟုလည်းကောင်း သင် စောဒကတက်၏။ သင်တို့၌ ထိုသို့သော အတွေးများ မရှိကြပါသလော။ ထိုသို့သောအရာများသည် သင်တို့ကြားတွင် ရှားပါးစွာသာ ဖြစ်ပျက်သည်ဟု သင်ထင်သလော။ သင်တို့သည် ထိုသို့သော ဖြစ်ရပ်များကြား၌ နေ့စဉ်အသက်ရှင်နေထိုင်ကြ၏။ ဘုရားသခင်ကို သင်၏ယုံကြည်ခြင်းတွင် မည်သို့အောင်မြင်နိုင်မည်ကိုဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ဖြည့်ဆည်းနိုင်မည်ကိုဖြစ်စေ သင်တို့ စိုးစဉ်မျှပင် စဉ်းစားခြင်း မရှိကြပေ။ သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုသည် လွန်စွာ သေးငယ်လှ၏၊ ကြက်ပေါက်လေးတစ်ကောင်ထက်ပင် သာ၍ သေးငယ်၏။ သင်၏ မိသားစု စီးပွားရေးလုပ်ငန်း၌ ငွေကြေး ဆုံးရှုံးသည့်အခါ သင်သည် ဘုရားသခင်ကို စောဒကတက်၏၊ ဘုရားသခင်၏ စောင့်ရှောက်ခြင်း မရှိသော ပတ်ဝန်းကျင်တစ်ခု၌ သင်ရောက်ရှိသည့်အခါ ဘုရားသခင်ကို စောဒကတက်ဆဲဖြစ်၏၊ သင်၏ ကြက်ပေါက်လေးတစ်ကောင် သေဆုံးသည့်အခါတွင်ပင်ဖြစ်စေ၊ ခြံထဲရှိ နွားအိုတစ်ကောင် ဖျားနာသည့်အခါတွင်ပင်ဖြစ်စေ သင် စောဒကတက်၏။ သင့်သား မင်္ဂလာဆောင်ရမည့် အချိန်ရောက်သော်လည်း သင့်မိသားစုတွင် ငွေကြေး လုံလောက်စွာ မရှိသည့်အခါ သင် စောဒကတက်၏၊ ဧည့်ခံဝတ်ပြုသည့်တာဝန်ကို သင်ထမ်းဆောင်လိုသော်လည်း မတတ်နိုင်သည့်အခါတွင်လည်း သင် စောဒကတက်၏။ သင်သည် စောဒကများနှင့် ပြည့်လျှံနေပြီး ဤအကြောင်းကြောင့် စုဝေးပွဲများ မတက်ရောက်ခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်မှု မရှိခြင်းတို့ ရံဖန်ရံခါ ဖြစ်ပေါ်ပြီး မည်မျှကြာအောင် သင်အပျက်သဘောဆောင်နေမည်ကို မည်သူမျှ မသိရှိနိုင်ပေ။ ယနေ့ သင့်ထံ ဖြစ်ပျက်သမျှ မည်သည့်အရာကမျှ သင်၏ အလားအလာများ သို့မဟုတ် ကံကြမ္မာနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ၊ သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့လျှင်ပင် ဤအရာများ ဖြစ်ပျက်မည်ဖြစ်၏၊ သို့တိုင်အောင် ယနေ့တွင် သင်သည် ယင်းတို့အတွက် တာဝန်ကို ဘုရားသခင်ထံ လွှဲချပြီး ဘုရားသခင်က သင့်ကို ဖယ်ရှားရှင်းလင်းလိုက်ပြီဟု မလျှော့တမ်း ပြောဆိုနေ၏။ ဘုရားသခင်ကို သင်၏ယုံကြည်ခြင်းသည် မည်သို့များ အမှန်တကယ် ဖြစ်လေသနည်း။ သင်၏အသက်ကို အမှန်တကယ် သင်ပူဇော်ဆက်ကပ်ပြီးပြီလော။ သင်တို့သည် ယောဘ ကြုံတွေ့ခဲ့ရသည့် စမ်းသပ်မှုမျိုးနှင့် ကြုံတွေ့ရပါက ယနေ့ ဘုရားသခင်နောက် လိုက်လျှောက်သော သင်တို့အနက် မည်သူကမျှ ခိုင်မာစွာ ရပ်တည်နိုင်မည် မဟုတ်ဘဲ သင်တို့ အားလုံး လဲပြိုသွားကြလိမ့်မည်။ သင်တို့နှင့် ယောဘကြား မိုးနှင့်မြေလို ကွာခြားချက် ရိုးရှင်းစွာ ရှိပေ၏။ ယနေ့တွင် သင်တို့ ပိုင်ဆိုင်မှုများ၏ ထက်ဝက်မျှ သိမ်းဆည်းခံရပါက ဘုရားသခင်၏ တည်ရှိခြင်းကို သင်တို့ ငြင်းပယ်ဝံ့ကြလိမ့်မည်။ သင်တို့၏ သား သို့မဟုတ် သမီးကို သင်တို့ထံမှ ခေါ်ယူသွားပါက လမ်းပေါ်ထွက်၍ သင်တို့ ကျိန်ဆဲကြလိမ့်မည်။ သင်တို့၏ တစ်ခုတည်းသော အသက်မွေးဝမ်းကျောင်းမှု နည်းလမ်း ပျက်စီးသွားပါက ဘုရားသခင်နှင့် တိုင်ပင်ဖြေရှင်းရန် သင်တို့ကြိုးစားကြမည် ဖြစ်ပြီး သင်တို့ကို ခြောက်လှန့်ရန်အတွက် အစပိုင်း၌ များလှစွာသော နှုတ်ကပတ်တော်များကို အဘယ်ကြောင့် ငါပြောဆိုခဲ့ရသနည်းဟု သင်တို့ မေးမြန်းကြလိမ့်မည်။ ထိုသို့သောအချိန်များ၌ သင်တို့ မလုပ်ဝံ့သော အရာဟူ၍ တစ်ခုမျှ မရှိပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သင်တို့၌ စစ်မှန်သော ထိုးထွင်းသိမြင်မှု တစ်ခုမျှ မရှိသည့်အပြင် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုဟူ၍လည်း လုံးဝ မရှိကြောင်း ထင်ရှားပေ၏။ သို့ဖြစ်၍ သင်တို့အပေါ် ကျရောက်သော စမ်းသပ်မှုများသည် လွန်စွာ ကြီးမားလှ၏၊ အကြောင်းမှာ သင်တို့သည် များစွာ သိရှိထားကြသော်လည်း သင်တို့ အမှန်တကယ် နားလည်သည့်အရာမှာ သင်တို့ သိရှိထားသမျှ၏ တစ်ထောင်ပုံလျှင် တစ်ပုံမျှပင် မရှိသောကြောင့် ဖြစ်၏။ သင်တို့သည် သိရှိမှုနှင့် သဘောပေါက်နားလည်မှုမျှတွင်သာ မိမိကိုယ်မိမိ ကန့်သတ်မထားသင့်ပေ။ ထိုအစား သင်တို့သည် သမ္မာတရား မည်မျှကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ပြီးကြောင်း၊ သင်တို့ သိရှိသော သမ္မာတရားများအနက် မည်သည်တို့ကို လက်တွေ့မလုပ်ဆောင်ရသေးကြောင်း၊ သင်တို့၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှု ချွေးစက်များမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့် ဉာဏ်ပွင့်ခြင်းနှင့် ဖော်ပြခြင်း အစိတ်အပိုင်းများကို ရရှိပြီးဖြစ်ကြောင်း၊ သမ္မာတရားကို လိုက်စားရန် သင်၏ စိတ်ပိုင်းဖြတ်ချက်ကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ စုံလင်အောင် ပြုခြင်းခံရမှုကို သင်၏လိုက်စားမှုတွင် မည်မျှအထိ ရောက်ရှိပြီးဖြစ်ကြောင်းနှင့် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများကို အောင်မြင်ကျော်လွှားရန် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု သင့်တွင် ရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သင်ပေးအပ်သင့်သည့် သက်သေခံချက်တို့နှင့် ပတ်သက်လာလျှင် သင်သည် စေ့စပ်သေချာသင့်ပြီး အဖိုးအခ ပေးဆပ်သင့်၏။ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် မည်သည့်ကောင်းချီးမင်္ဂလာများ သင်ရရှိနိုင်မည် သို့မဟုတ် အနာဂတ်၌ မည်သည်တို့ကို သင်မွေ့လျော်နိုင်မည်ကို မတွေးနှင့်။ နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို သင်ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ပိုင်လိုက်စားမှုအပေါ်၌သာ လုံးဝ မူတည်ပေ၏။
အောက်ခြေမှတ်စု(များ)-
က။ ဟန်ဟောင်ငှက် ပုံပြင်သည် အီစွတ် ပုံပြင်များထဲမှ ပုရွက်ဆိတ်နှင့် နှံကောင် ပုံပြင်နှင့် အလွန် တူသည်။ ဟန်ဟောင်ငှက်သည် သူ၏ အိမ်နီးချင်း ငှက်ဖြစ်သော သပိတ်လွယ်ငှက်က မည်မျှပင် အထပ်ထပ် သတိပေးစေကာမူ ရာသီဥတုနွေးထွေးစဉ် အသိုက်ဆောက်မည့်အစား အအိပ်ကျူး နေခဲ့သည်။ ဆောင်းဥတု ရောက်သည့်အခါ ထိုငှက်သည် အေးခဲ၍ အသက်ဆုံးရှုံး သွားခဲ့ရသည်။