လက်တွေ့လုပ်ဆောင်ခြင်း (၈)

သင်တို့သည် သမ္မာတရား၏ ရှုထောင့်အမျိုးမျိုးကို နားမလည်ကြသေးသကဲ့သို့ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုတွင် အမှားများနှင့် သွေဖည်မှုများ အတော်အတန် အနည်းငယ် ရှိသေး၏။ နယ်ပယ်များစွာတွင်၊ သင်တို့သည် သင်တို့၏ အယူအဆများနှင့် စိတ်ကူးများဖြင့် အသက်ရှင်ကြ၏၊ လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများကို လုံးဝ သဘောမပေါက်နိုင်ကြ။ ထို့ကြောင့်၊ လူတို့ကို လမ်းကြောင်းမှန်ထဲသို့ ဝင်ရောက်ဖို့ လမ်းပြရန်မှာ လိုအပ်နေဆဲဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ လူသားနှင့် ဝိညာဉ်ရေးရာ အသက်တာများကို ထိန်းညှိနိုင်ဖို့အလို့ငှာ၊ ရှုထောင့်နှစ်ခုလုံးကို လက်တွေ့လုပ်ဆောင်နိုင်ဖို့အလို့ငှာနှင့် ၎င်းတို့ကို မကြာခဏ ထောက်ပံ့ဖို့ သို့မဟုတ် လမ်းပြဖို့ မလိုအပ်ရန်အလို့ငှာ ဖြစ်ပေသည်။ ထိုအခါမှသာ မှန်ကန်သော ဝိညာဉ်အသက်တာကို ၎င်းတို့ ပိုင်ဆိုင်လိမ့်မည်။ အနာဂတ်တွင် သင့်ကို လမ်းပြမည့်သူတစ်ဦးမျှမရှိလျှင်ပင်၊ သင်သည် မိမိဘာသာ တွေ့ကြုံခံစားနိုင်ဆဲ ဖြစ်လိမ့်မည်။ ယနေ့တွင်၊ မည်သည့် သမ္မာတရား ရှုထောင့်များက အရေးပါပြီး မည်သည်က အရေးမပါသည်ကို သင် သဘောပေါက်ပါက၊ အနာဂတ်တွင် စစ်မှန်မှုထဲသို့ သင် ဝင်ရောက်နိုင်လိမ့်မည်ဖြစ်သည်။ ယနေ့တွင်၊ သင်တို့ကို သမ္မာတရားများစွာ နားလည်စေရင်း၊ မှန်ကန်သော လမ်းကြောင်းပေါ်သို့ သင်တို့ ဦးဆောင်ခြင်း ခံနေကြရလျက်ရှိပြီး၊ အနာဂတ်တွင် သာ၍ နက်နက်ရှိုင်းရှိုင်း သင်တို့ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ယခု လူတို့ကို နားလည်စေသည့်အရာမှာ အဖြူစင်ဆုံးနည်းလမ်း ဖြစ်သည်ဟု ဆိုနိုင်၏။ ယနေ့၊ သင်သည် မှန်ကန်သော လမ်းကြောင်းပေါ် ခေါ်ဆောင်ခြင်း ခံနေရလျက်ရှိပြီး၊ တစ်နေ့ သင့်ကို လမ်းပြမည့်သူ မည်သူမျှမရှိသည့်အခါ၊ လမ်းကြောင်းများထဲမှ ဤအဖြူစင်ဆုံးလမ်းကြောင်းနှင့်အညီ သင်သည် သာ၍ နက်နက်ရှိုင်းရှိုင်း လက်တွေ့လုပ်ဆောင်ပြီး တိုးတက်လိမ့်မည်ဖြစ်သည်။ ယနေ့တွင်၊ မည်သည့် လက်တွေ့လုပ်ဆောင်မှုမျိုးများက မှန်ကန်ပြီး မည်သည်တို့က သွေဖည်သည်ဆိုသည်ကို လူတို့အား နားလည်စေလျက်ရှိသည်။ ဤအရာများကို သိနားလည်ပြီးသည့်နောက်၊ အနာဂတ်တွင်၊ ၎င်းတို့၏ အတွေ့အကြုံများ သာ၍ နက်ရှိုင်းသွားလိမ့်မည်။ ယနေ့တွင်၊ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုထဲက အယူအဆများ၊ စိတ်ကူးများနှင့် သွေဖည်မှုများသည် ပြောင်းပြန်လှန်ပစ်ခံရလျက်ရှိပြီး လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဝင်ရောက်ခြင်း လမ်းကြောင်းကို သင်တို့အား ထုတ်ဖော်ပြလျက်ရှိသည်၊ ယင်းနောက်တွင် ဤအမှု၏အဆင့် အဆုံးသတ်လိမ့်မည်ဖြစ်ပြီး အသင် လူသားတို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်းကို သင်တို့ စတင်လျှောက်လှမ်းကြလိမ့်မည်။ ထို့နောက်၊ ငါ၏ အမှု ပြီးစီးလိမ့်မည်ဖြစ်ပြီး ထိုအချိန်မှစ၍ သင်တို့သည် ငါနှင့် ဆုံရလိမ့်မည် မဟုတ်တော့ချေ။ ယနေ့တွင်၊ သင်တို့၏ ဝိညာဉ်အသက်တာသည် အားနည်းဆဲဖြစ်၏။ လူသား၏ သဘာဝနှင့် အနှစ်သာရတို့မှ ဖြစ်ပေါ်သည့် အခက်အခဲများစွာ ရှိပြီး၊ ထို့ကြောင့် ရှာဖွေလေ့လာရမည့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် အမှုအရာအချို့လည်း ရှိလေသည်။ သင်တို့သည် လူတို့၏ သဘာဝဗီဇ၊ အနှစ်သာတို့နှင့်ဆိုင်သော သာ၍ အနုစိတ်သော အသေးစိတ်အကြောင်းအရာများကို နားမလည်ကြသကဲ့သို့၊ ၎င်းတို့ကို ထောက်ပြဖို့ သင်တို့သည် ငါ့ကို လိုအပ်သေး၏၊ သို့မဟုတ်ပါက သင်တို့သည် ၎င်းတို့ကို သတိပြုမိနိုင်မည် မဟုတ်ချေ။ သင်တို့၏ စိတ်အတွင်းရှိသည့်အရာများကို ဖော်ထုတ်ခံရသည့် တစ်ချိန်ချိန်၌၊ ဤသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဟု သိထားသည့်အရာ ဖြစ်သည်။ ငါ၏ အမှုကို လုံးလုံးလျားလျားနှင့် အလျှင်း ဆောင်ရွက်ပြီးဖြစ်သည့်အခါမှသာ ယင်းကို ငါ အဆုံးသတ်မည်။ သင်တို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရများက သာ၍ နက်နက်နဲနဲ ဖော်ထုတ်ခံရလေ၊ အသိပညာကို သင်တို့ သာ၍ ပိုင်ဆိုင်လေဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤအရာသည် သင်၏ အနာဂတ် သက်သေခံချက်နှင့် စုံလင်ခြင်းအဖို့ ကြီးမားသော အဓိပ္ပါယ်ရှိလိမ့်မည်ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှု လုံးလုံးလျားလျား ဆောင်ရွက်ပြီးသည့်အခါမှသာ၊ ငါ၏ အမှု ပြီးပြည့်စုံလိမ့်မည်ဖြစ်ပြီး ငါ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ သင်တို့သည် ငါ့ကို သိကြလိမ့်မည်။ ငါ၏ စိတ်သဘောထားနှင့် ဖြောင့်မတ်ခြင်းကို သင်တို့ သိကြလိမ့်မည်သာမက၊ သာ၍ အရေးကြီးသည်မှာ ငါ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း သင်တို့ သိကြလိမ့်မည်။ သင်တို့ထဲမှ များစွာတို့သည် ငါ့အမှု အသေးစိတ်အချက်အလက်များ၏ သစ်လွင်မှုနှင့် အဆင့်တို့အကြောင်း ကြီးမားသော အယူအဆများ ရှိကြ၏။ ယင်းကို ပဓာနမထားဘဲ၊ ငါ၏အမှုသည် ဆန်းသစ်ပြီး အသေးစိတ်ကျသည်ဆိုသည်နှင့် သင်တို့ကို လက်မှဆွဲခေါ်ရင်း၊ မျက်နှာချင်းဆိုင် လက်တွေ့လုပ်ဆောင်ဖို့ သွန်သင်သည်ကို သင်တို့ သိသင့်ကြ၏။ ဤအရာသည်သာ သင်တို့၏ လက်တွေ့လုပ်ဆောင်ခြင်းနှင့် အနာဂတ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ရန် သင်တို့၏ အရည်အချင်းအဖို့ အကျိုးရှိသည်။ သို့မဟုတ်ပါက၊ သင်တို့သည် ဆောင်းဦးရာသီ သစ်ရွက်များကဲ့သို့ တန်ဖိုးတစ်စက်မျှ မရှိဘဲ၊ ညိုးနွမ်းကာ၊ ဝါရော်ပြီး ခြောက်သွေ့လိမ့်မည်ဖြစ်သည်။ ငါသည် သင်တို့၏ စိတ်နှလုံးများနှင့် စိတ်ဝိညာဉ်များထဲက ရှိသည့် အရာတိုင်းအား သိသည်ကို သင်တို့ သိသင့်ကြ၏၊ ပြီးလျှင် ငါ ပြုသည့်အမှုနှင့် ငါ ပြောသည့် နှုတ်ကပတ်တော်များသည် ကြီးမားသည့် သိမ်မွေ့နက်နဲမှုရှိသည်ကို သင်တို့ သိသင့်ကြ၏။ သင်တို့၏ စိတ်သဘောထားနှင့် အရည်အချင်းအပေါ် အခြေခံလျက်၊ ဤသည်မှာ သင်တို့ ကိုင်တွယ်ခံရသင့်သည့်ပုံ ဖြစ်သည်။ ဤနည်းဖြင့်သာ ငါ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်ဆိုင်သည့် သင်တို့၏အသိပညာ သာ၍ ရှင်းလင်းလာလိမ့်မည်ဖြစ်ပြီး ယနေ့ သင်တို့ မသိကြလျှင်ပင်၊ မနက်ဖြန်တွင် သင်တို့ သိကြလိမ့်မည်။ ငါ့ကို မည်သည့်လူမဆို၏ ဆန့်ကျင်မှုအား ငါသည် သည်းမခံသည့်အတွက်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်ဆိုင်သည့် ငါ၏ နှုတ်ကပတ်တော်များအလယ် မည်သည့်အဖန်ဆင်းခံမဆို လဲကျသင့်ပေသည်။

သင်တို့အားလုံးသည် သင်တို့ကိုယ်တိုင်၏ အသက်တာများကို အကျိုးသင့် အကြောင်းသင့် ထိန်းညှိနိုင်ရမည်။ နေ့ရက်တိုင်းကို သင် ဆန္ဒရှိသလို စီစဉ်နိုင်သည်၊ သင် နှစ်သက်သည့်အတိုင်း လုပ်ပိုင်ခွင့်ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ဖတ်ရှုနိုင်သည်၊ ဓမ္မတေးသီချင်းများ သို့မဟုတ် တရားဒေသနာများကို သင် နားထောင်နိုင်သည် သို့မဟုတ် ဝတ်ပြုခြင်းဆိုင်ရာ မှတ်စုများကို ရေးသားနိုင်သည်။ ပြီးလျှင် သင် စိတ်ဝင်စားပါက၊ ဓမ္မတေးသီချင်းများကို ရေးသားနိုင်သည်။ ဤအရာအားလုံးသည် သင့်လျော်သော အသက်တာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးသည် လူသားအသက်တာတစ်ခုကို ဖြစ်စေသင့်သည့် အရာများ ဖြစ်သည်။ လူတို့သည် သဘာဝအလျောက် အသက်ရှင်သင့်၏။ ၎င်းတို့သည် ၎င်းတို့၏ သာမန် လူ့သဘာဝနှင့် ဝိညာဉ်ရေးရာ အသက်တာနှစ်ခုလုံးတွင် အသီးအပွင့် ရိတ်သိမ်း ပြီးသည့်အခါမှသာ၊ ပုံမှန် အသက်တာထဲ ဝင်ရောက်ပြီး ဖြစ်သည်ဟု ၎င်းတို့ကို ယူဆနိုင်ပေသည်။ ယနေ့တွင်၊ လူ့သဘာဝနှင့် စပ်လျဉ်း၍သာ ထိုးထွင်းသိမြင်မှုနှင့် ဆင်ခြင်တုံတရား သင် ကင်းမဲ့သည်မဟုတ်ပေ။ လူတို့ ပြင်ဆင်ထားရမည်ဟု သိသင့်သည့် ရူပါရုံများစွာလည်း ရှိပြီး မည်သည့် သင်ခန်းစာကို သင် ကြုံရသည်ဖြစ်စေ၊ ယင်းမှာ သင် သင်ယူသင့်သည့် သင်ခန်းစာ ဖြစ်သည်။ ပတ်ဝန်းကျင်ကို သင် ကျင့်သားရနိုင်ရမည်။ သင်၏ ပညာရေးအဆင့် တိုးတက်စေခြင်းကို အကျိုးဖြစ်ထွန်းဖို့ရန်အလို့ငှာ ရေရှည်တစ်လျှောက် လုပ်ဆောင်ရမည်။ သာမန် လူသားအသက်တာအတွက် သင့်ကိုယ်သင် ပြင်ဆင်ရမည့် အရာအချို့ရှိပြီး အသက်တာထဲသို့ သင်၏ ဝင်ရောက်ခြင်းကိုလည်း နားလည်ထားရမည်။ ယနေ့တွင်၊ ထိုအချိန်က သင် နားမလည်ခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို- ယခု ၎င်းတို့ကို သင် တဖန် ဖတ်ရှုရင်း- သင်နားလည်လာပြီဖြစ်ပြီး သင်၏ စိတ်နှလုံးသည် သာ၍ တည်ကြည်ခိုင်မာလေပြီ ဖြစ်သည်။ ဤအရာများသည် သင် ရရှိပြီးဖြစ်သည့် ရလဒ်များလည်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်ပြီး သင့်အတွင်း၌ သိနားလည်မှု အနည်းငယ်ရှိသည့် မည်သည့်နေ့တွင်မဆို၊ သင်သည် သင်၏ ညီအစ်ကို မောင်နှမများကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်သည်။ ဤသည်မှာ သင်တို့ ရှိသင့်သည့် အသက်တာ မဟုတ်လော။ တစ်ခါတစ်ရံတွင်၊ မေးခွန်းအချို့ ပေါ်လာ၏၊ သို့မဟုတ် အကြောင်းအရာတစ်ခုကို သင် တွေးဆပြီး ယင်းက သင့်ကို ချင့်ချိန်နိုင်စွမ်း ပိုကောင်းစေပြီး သမ္မာတရားအချို့ကို သင့်အား နားလည်စေရင်း ထိုးထွင်းသိမြင်မှုနှင့် ဉာဏ်ပညာတို့ကို သာ၍ ပေးလေသည်- ဤသည်မှာ ယနေ့ ပြောဆိုထားသည့် ဝိညာဉ်ရေးရာ အသက်တာအတွင်း ပါရှိသော အရာဖြစ်သည် မဟုတ်လော။ ဝိညာဉ်ရေးရာ အသက်တာ၏ ရှုထောင့်တစ်ခုကိုသာ လက်တွေ့လုပ်ဆောင်ဖို့မှာ လက်ခံနိုင်စရာ မရှိချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းနှင့် ဓမ္မတေးသီချင်းများ သီဆိုခြင်းအားလုံးသည် ဝိညာဉ်ရေးရာ အသက်တာကို ဖွဲ့စည်းပြီး ဝိညာဉ်ရေးရာ အသက်တာတစ်ခု သင် ရှိသည့်အခါ၊ သာမန် လူ့သဘာဝနှင့်ဆိုင်သည့် အသက်တာတစ်ခုကိုလည်း သင် ရှိရပေမည်။ ယနေ့တွင်၊ ပြောထားသည့် အရာထဲမှ များစွာတို့သည် လူတို့ကို ဆင်ခြင်တုံတရားနှင့် ထိုးထွင်းသိမြင်မှုကို ပေးဖို့၊ ၎င်းတို့ကို သာမန် လူ့သဘာဝနှင့်ဆိုင်သည့် အသက်တာတစ်ခုကို ပိုင်ဆိုင်ရန် အခွင့်ပေးဖို့အလို့ငှာ ဖြစ်သည်။ ထိုးထွင်းသိမြင်မှု ရှိရန်မှာ မည်သည်ကို ဆိုလိုသည်၊ လူလူချင်း ပုံမှန်ဆက်ဆံရေး ရှိဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်၊ လူတို့နှင့် သင် မည်သို့ အပြန်အလှန်ဆက်ဆံရမည်- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှတဆင့် ဤအရာများဖြင့် သင့်ကိုယ်သင် ပြင်ဆင်ထားသင့်ပြီး၊ သင့်ကို တောင်းဆိုထားသည့်အရာကို ပုံမှန် လူ့သဘာဝမှတဆင့် ရရှိနိုင်ပေသည်။ သင်ပြင်ဆင်သင့်သည့်အရာများဖြင့် မိမိကိုယ်ကိုယ် ပြင်ဆင်လော့၊ ပြီးလျှင် ပုံမှန်ဖြစ်သည့်အရာကို မပိုစေနှင့်။ လူအချို့သည် စကားလုံးများနှင့် ဝေါဟာရမျိုးစုံတို့ကို အသုံးပြုပြီး၊ ဤတွင် ၎င်းတို့သည် မိမိတို့၏ ဆွဲဆောင်မှုတို့ကို ကြွားလုံးထုတ်နေခြင်း ဖြစ်၏။ စာအုပ်မျိုးစုံတို့ကို ဖတ်သော အခြားသူများရှိ၏၊ ထိုသို့ဖြင့် ဇာတိပကတိ၏ စိတ်ဆန္ဒများကို ၎င်းတို့ အလိုလိုက်ကြလေသည်။ လောက၏ ကြီးမြတ်သော ပုဂ္ဂိုလ်များဟု ခေါ်သောသူတို့၏ အတ္ထုပ္ပတ္တိများနှင့် ကိုးကားချက်များကိုပင် ၎င်းတို့ လေ့လာပြီး အတုယူကြသကဲ့သို့၊ အပြာစာအုပ်များကို ဖတ်ကြသည်- ဤသည်မှာ သာ၍ပင် ရယ်ဖွယ်ဖြစ်၏။ ဤသို့သော လူတို့သည် ယနေ့ ဘုရားသခင်၏ အမှုကို သိဖို့နေနေသာသာ၊ အသက်တာထဲ ဝင်ရောက်ခြင်း လမ်းကြောင်းကိုပင် မသိကြချေ။ နေ့ရက်တိုင်းကို မည်သို့ ကုန်ဆုံးရမည်ကိုပင် ၎င်းတို့ မသိကြချေ။ ၎င်းတို့ အသက်တာများ၏ ဟာကွက်မှာ ဤသို့ဖြစ်သည်။ ၎င်းတို့ ဝင်ရောက်သင့်သည့်အရာကို ၎င်းတို့ လုံးဝ မသိမှတ်ကြ။ ဆွေးနွေးခြင်းက ၎င်းတို့ကိုယ်တိုင်၏ ဝင်ရောက်ခြင်းကို အစားထိုးသည့်အလား ၎င်းတို့ လုပ်သမျှမှာ အခြားသူများနှင့် ဆွေးနွေးခြင်းနှင့် ဆက်ဆံပြောဆိုခြင်းသာ ဖြစ်သည်။ ၎င်းတို့ အရှက်မရှိကြသလော။ ၎င်းတို့သည် မည်သို့ အသက်ရှင်ရမည်ကို မသိသောလူများနှင့် လူ့အသက်တာကို နားမလည်သည့်လူများ ဖြစ်သည်။ ၎င်းတို့သည် တစ်နေ့လုံး အစာအငမ်းမရစားရင်းနှင့် အဓိပ္ပါယ်မဲ့သည့် အရာများကို လုပ်ဆောင်ရင်း အချိန်ကုန်ဆုံးကြ၏- ဤနည်းဖြင့် အသက်ရှင်ရခြင်း အဓိပ္ပါယ်မှာ အဘယ်နည်း။ လူများစွာတို့အတွက် အလုပ်လုပ်ခြင်း၊ စားခြင်းနှင့် အဝတ်ဝတ်ခြင်းတို့မှအပ၊ ၎င်းတို့၏ တန်ဖိုးရှိသော အချိန်ကို အခြားနည်းများဖြင့် ဟေးလားဝါးလားနှင့် ကမြင်းကြောထခြင်း၊ အတင်းပြောခြင်းဖြစ်စေ၊ တစ်နေ့လုံး အိပ်စက်ခြင်းဖြစ်စေ အဓိပ္ပါယ်မဲ့သော အရာများက နေရာယူထားကြသည်ကို ငါ မြင်ပြီးလေပြီ။ ဤသည်မှာ သန့်ရှင်းသူတစ်ဦး၏ အသက်တာလော။ ဤသည်မှာ သာမန် လူတစ်ဦး၏ အသက်တာလော။ နိမ့်ကျသည့်၊ ခေတ်နောက်ကျပြီး ပူပင်သောကကင်းသည့် ထိုသို့သော အသက်တာတစ်ခုသည် သင့်ကို စုံလင်စေနိုင်မည်လော။ သင်သည် မိမိကိုယ်ကိုယ် စာတန်ထံသို့ အချည်နှီး အဆုံးခံရန် လိုလားလျက်ရှိသလော။ လူတို့၏ အသက်တာများ လွယ်ကူပြီး ၎င်းတို့၏ ပတ်ဝန်းကျင်၌ ဆင်းရဲဒုက္ခမရှိသည့်အခါ၊ ၎င်းတို့သည် တွေ့ကြုံနိုင်စွမ်း မရှိကြချေ။ သက်သောင့်သက်သာဖြစ်သော ပတ်ဝန်းကျင်များ၌၊ လူတို့အတွက် အကျင့်ပျက်လာဖို့ လွယ်ကူလေသည်၊ သို့သော် ဆိုးရွားသော ပတ်ဝန်းကျင်က သင့်ကို သာ၍ အရေးတကြီး ဆုတောင်းစေပြီး ဘုရားသခင်ကို မစွန့်ခွာဝံ့ဘဲဖြစ်စေသည်။ လူတို့၏ အသက်တာများ ပိုမို လွယ်ကူပြီး ငြီးငွေ့ဖွယ်ကောင်းလေ၊ အသက်ရှင်ရာတွင် အဓိပ္ပါယ်မရှိဟု ၎င်းတို့ သာ၍ ခံစားရလေဖြစ်ပြီး၊ သေလျှင် သာ၍ ကောင်းသည်ဟုပင် ၎င်းတို့ ခံစားရလေသည်။ ဤသည်မှာ လူတို့၏ ဇာတိပကတိ မည်မျှ ဖောက်ပြန်ပျက်စီးပုံ ဖြစ်သည်။ ၎င်းတို့သည် စမ်းသပ်မှုနှင့် ကြုံတွေ့ရမှသာလျှင် အကျိုးရှိလေသည်။

ယေရှု၏ ထိုအမှုအဆင့်ကို ယုဒပြည်နှင့် ဂါလိလဲပြည်တို့တွင် လုပ်ဆောင်ခဲ့သည်ဖြစ်ကာ ဤသည်ကို တစ်ပါးအမျိုးသားတို့က မသိခဲ့ကြချေ။ သူ ပြုခဲ့သည့် အမှုသည် အလွန်လျှို့ဝှက်ပြီး ဣသရေလမှလွဲ၍ မည်သည့်တိုင်းနိုင်ငံများကမျှ မသိခဲ့ကြချေ။ ယေရှုသည် သူ၏ အမှုကို အပြီးသတ်ခဲ့ပြီး ထိုအမှုက ရုတ်ရုတ်သဲသဲ ဖြစ်စေသည့်အခါမှသာ လူတို့ သတိထားမိခဲ့ပြီး၊ ထိုအချိန်တွင် သူ ထွက်ခွာခဲ့ပြီးဖြစ်သည်။ ယေရှုသည် အမှု၏ အဆင့်တစ်ဆင့်ကို ပြုဖို့ရန် ကြွာလာခဲ့ခြင်းဖြစ်သည်၊ လူအချို့ကို သူ ရယူခဲ့ပြီး အမှု၏ အဆင့်တစ်ဆင့်ကို သူ အပြီးသတ်ခဲ့သည်။ ဘုရားသခင် လုပ်ဆောင်သည့် အမှု၏ မည်သည့် အဆင့်တွင်မဆို၊ သူ့နောက်လိုက်သောသူများစွာရှိခဲ့၏။ ယင်းကို ဘုရားသခင်ကိုယ်တိုင်သာ ဆောင်ရွက်ခဲ့ပါက၊ ယင်းသည် အဓိပ္ပါယ်မဲ့ပေလိမ့်မည်။ အမှု၏ အဆင့်ကို တကယ့်အဆုံးထိ ဘုရားသခင် မဆောင်ရွက်ခင်ချိန်ထိ သူ့နောက်လိုက်ရန် လူများ ရှိရပေမည်။ ဘုရားသခင် ကိုယ်တိုင်၏ အမှု ပြီးဆုံးသည့်အခါမှသာ ဘုရားသခင် စေခိုင်းသည့် အမှုကို လူတို့ စတင်ဆောင်ရွက်ကြခြင်းဖြစ်ပြီး၊ ထိုအခါတွင်မှ ဘုရားသခင်၏ အမှု စတင်ပျံ့နှံ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် အသစ်သော ခေတ်ကာလတစ်ခုကို ဖွင့်လှစ်ခြင်းအမှုကိုသာ ပြု၏၊ လူတို့၏ အလုပ်မှာ ထိုအမှုကို ဆက်ရန်ဖြစ်သည်။ ထို့ကြောင့်၊ ယနေ့၏ အမှုသည် ကြာရှည်တည်လိမ့်မည်မဟုတ်။ လူသားနှင့်အတူရှိသည့် ငါ၏ အသက်တာသည် ဆက်လက် သိပ်ရှည်ကြာလိမ့်မည် မဟုတ်။ ဤအမှုနှင့် ဤဧဝံဂေလိတရားသည် တစ်ပါးအမျိုးသားများနှင့် အခြားတိုင်းနိုင်ငံတို့အလယ်တွင် မြန်နိုင်သမျှမြန်မြန် ပျံ့နှံ့နိုင်ဖို့အလို့ငှာ ငါ၏ အမှုကိုသာ ငါ ပြီးဆုံးစေပြီး သင်တို့ ထမ်းဆောင်သင့်သည့် တာဝန်ကို သင်တို့အား ငါ ထမ်းဆောင်စေသည်- ထိုသို့ဖြင့်သာ လူသားများအဖြစ် သင်တို့၏တာဝန်ကို သင်တို့ ဖြည့်ဆည်းနိုင်ပေသည်။ ယနေ့ အချိန်သည် အရာအားလုံးထဲတွင် အဖိုးတန်ဆုံးဖြစ်သည်။ ယင်းကို သင်လျစ်လျူရှုပါက၊ သင်သည် မိုက်မဲသူတစ်ဦး ဖြစ်သည်။ ဤပတ်ဝန်းကျင်တွင် သင်သည် ဤနှုတ်ကပတ်တော်များကို စားသောက်ပြီး ဤအမှုကို တွေ့ကြုံသည့်တိုင် သမ္မာတရားကို လိုက်စားဖို့ သန္နိဋ္ဌာန် ကင်းမဲ့နေသေးပြီး ဝန်တာထားသည့်စိတ် စိုးစဉ်မျှမရှိပါက- သင်၏ အနာဂတ်မှာ မည်သို့နည်း။ သင်ကဲ့သို့သော လူတစ်ဦးသည် ပယ်ထုတ်ခြင်းအတွက် အသင့်ဖြစ်နေသည် မဟုတ်လော။

အရှေ့သို့- လက်တွေ့လုပ်ဆောင်ခြင်း (၇)

နောက်တစ်ခုသို့- ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။