ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏

ဘုရားသခင်ကို လူတို့ယုံကြည်ကာ ချစ်ပြီး စိတ်ကျေနပ်စေသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ၎င်းတို့၏စိတ်နှလုံးဖြင့် ချိတ်ဆက်ပြီး ထိုသို့အားဖြင့် ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းကို ရရှိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိတွေ့ရန် ၎င်းတို့၏စိတ်နှလုံးကို အသုံးပြုကြသည်။ ထိုသို့အားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိမှုကို ခံရလေသည်။ သင်သည် ပုံမှန်ဝိညာဉ်ရေး အသက်တာတွင် အသက်ရှင်နေထိုင်လိုပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ်ကို ထူထောင်လိုပါက သင်သည် ပထမဦးစွာ သင်၏စိတ်နှလုံးကို သူ့အား ပေးအပ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေပြီး သင်၏ စိတ်နှလုံးတစ်ခုလုံးက သူ့ထံသို့ တိမ်းညွတ်စေမှသာ သင်သည် ပုံမှန်ဝိညာဉ်ရေး အသက်တာကို တဖြည်းဖြည်း ဖြစ်ပေါ်စေနိုင်လိမ့်မည်။ လူတို့၏ ဘုရားသခင်အပေါ် ယုံကြည်မှုတွင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား မပေးပါက၊ ၎င်းတို့၏ စိတ်နှလုံးများသည် သူနှင့်အတူ မရှိသည်အပြင် သူ၏ ဝန်ထုပ်ဝန်ပိုးကို မိမိတို့ ကိုယ်တိုင်၏ ဝန်ထုပ်ဝန်ပိုးကဲ့သို့ သဘောမထားပါက ၎င်းတို့လုပ်သမျှတိုင်းသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသော လုပ်ရပ်၊ ဘာသာရေးသမားများ လုပ်ဆောင်သောအရာဖြစ်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့သောသူမျိုးထံမှ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ထိုသူသည် ဘုရားသခင်၏အလုပ်အတွက် အဖြည့်ခံတစ်ဦးအဖြစ်သာ အစေခံနိုင်သည်။ ဤလူတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အဆင်တန်ဆာများကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် လူအရေအတွက် များရန် နေရာဝင်ယူပေးသောသူများဖြစ်ပြီး အမှိုက်များဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အသုံးမချပေ။ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့၌ အလုပ်လုပ်ဖို့ ဖြစ်နိုင်စရာအကြောင်း မရှိရုံမကဘဲ ၎င်းတို့ကို စုံလင်အောင်ပြုရာတွင်လည်း တန်ဖိုးမရှိပေ။ ဤလူအမျိုးအစားသည် လမ်းလျှောက်နေသော အလောင်းကောင်သဖွယ်ဖြစ်သည်။ ၎င်းတို့၏ မည်သည့်အပိုင်းကိုမျှ သန့်ရှင်းသောဝိညာဉ်တော်က အသုံးမပြုနိုင်ပေ။ ၎င်းတို့သည် စာတန်က နေရာယူထားခြင်းနှင့် အလွန်အမင်းဖျက်ဆီးခြင်းတို့ကို လုံးလုံးလျားလျား ခံထားရပြီးဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို ဖယ်ရှားရှင်းလင်းလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ယနေ့ခေတ်လူတို့ကို အသုံးပြုသောအခါတွင် အမှုအရာများကို ပြီးမြောက်စေရန်အတွက် ထိုလူတို့၏ နှစ်သက်ဖွယ်ဖြစ်သောအပိုင်းတို့ကို အသုံးချရုံတင်မကဘဲ ၎င်းတို့၏ မနှစ်သက်ဖွယ်ဖြစ်သော အပိုင်းများကိုလည်း စုံလင်အောင်ပြုလုပ်ပြီး ပြောင်းလဲပေးသည်။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် ဖွင့်ချနိုင်ပြီး သူ၏ရှေ့မှောက်တွင် ငြိမ်သက်စေနိုင်ပါက သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရရန်၊ သူ၏ ဉာဏ်အလင်းပွင့်စေခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိရန် အခွင့်အရေးနှင့် အရည်အချင်းများ ရှိလိမ့်မည်ဖြစ်သည်။ ထို့ထက်ပင်မက သင်၏ အားနည်းချက်များကို သန့်ရှင်းသော ဝိညာဉ်တော်က ကုစားပေးသည့် အခွင့်အရေးကို သင်ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်လိုက်သောအခါ အပြုသဘောဆောင်သည့်ဘက်တွင် သင်သည် ပိုမို နက်ရှိုင်းသောဝင်ရောက်မှုနှင့် ပိုမိုအဆင့်မြင့်မားသော ထိုးထွင်းသိမြင်မှုကို ရရှိနိုင်မည်ဖြစ်သည်။ အပျက်သဘောဆောင်သည့်ဘက်တွင် သင်သည် သင်၏ ချို့ယွင်းချက်များနှင့် အားနည်းချက်များအပေါ် ပို၍ကြီးမားသော သိမြင်ခြင်း ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ပို၍ တမ်းတပြီး ပို၍ ကြိုးစားလိမ့်မည်။ ထို့အပြင် သင်သည် အပျက်သဘောဆောင်မည်မဟုတ်ဘဲ တက်တက်ကြွကြွ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်သည်။ ဤအရာက သင်သည် မှန်ကန်သောသူတစ်ဦး ဖြစ်ကြောင်းကို ပြ၏။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးက ငြိမ်သက်ခြင်းရှိသည့် အခြေအနေတွင် သန့်ရှင်းသောဝိညာဉ်တော်ထံမှ အသိအမှတ်ပြုခြင်းကို သင် ရရှိခြင်း ရှိမရှိဆိုသည်နှင့် ဘုရားသခင်ကို သင် ကျေနပ်စေခြင်း ရှိမရှိဆိုသည်မှာ သင် တက်တက်ကြွကြွ ဝင်ရောက်နိုင်ခြင်း ရှိမရှိဆိုသည့်အပေါ်တွင် အရေးပါလှစွာ မူတည်နေလေသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို ဉာဏ်ပွင့်စေပြီး အသုံးပြုသောအခါတွင် လူတို့ကို အပျက်သဘောဆောင်ရန် လုံးဝ မလုပ်ဆောင်ပေ။ သူသည် ၎င်းတို့ကို အစဉ်သဖြင့် တက်ကြွအောင်လုပ်ဆောင်ပြီး တိုးတက်ဖို့ ကြိုးပမ်းစေသည်။ သူသည် ဤသို့ လုပ်ဆောင်သောအခါ လူတို့တွင် အားနည်းချက်များ ရှိဆဲဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် ထိုအားနည်းချက်များဖြင့် အသက်မရှင်ပေ။ ၎င်းတို့၏ အသက်တာတိုးတက်မှုကို ရွှေ့ဆိုင်းမထားပေ။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ဆက်လက် ရှာဖွေကြသည်။ ဤသည်မှာ စံနှုန်းတစ်ခုဖြစ်သည်။ ဤအရာကို သင် ရယူနိုင်ပါက သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ကို သင်ရရှိပြီးဖြစ်ကြောင်း သက်သေပြသည်။ လူတစ်ဦးသည် အမြဲတစေ အပျက်သဘောဆောင်ပါက၊ ပြီးလျှင် ဉာဏ်ပွင့်ခြင်းကို ရရှိကာ မိမိကိုယ်ကို သိရှိလာပြီးနောက်တွင်ပင် သူသည် အပျက်သဘောဆောင်ကာ မတုန်မလှုပ် ဖြစ်မြဲဖြစ်ပြီး ထရပ်ကာ ဘုရားသခင်နှင့်အတူ ပူးပေါင်းမဆောင်ရွက်နိုင်ပါက သူသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ ရရှိပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ကို မရရှိသေးပေ။ သူ၏အပျက်သဘောဆောင်ခြင်းက သူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ ပြန်မလှည့်ကြောင်းနှင့် သူ၏ ဝိညာဉ်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တို့ထိခံရပြီးခြင်းမရှိကြောင်းကို ဆိုလိုပေသည်။ ဤအရာကို အားလုံး နားလည်သင့်ပေသည်။

ဤအတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်၏ ရှေ့မှောက်တွင် မိမိ၏စိတ်နှလုံးကို ငြိမ်သက်စေခြင်းသည် အရေးကြီးဆုံးဖြစ်ကြောင်း သိမြင်နိုင်သည်။ ယင်းက လူတို့၏ဝိညာဉ်ရေးအသက်တာများ၊ အသက်တာ တိုးတက်မှုတို့နှင့် သက်ဆိုင်သည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေမှသာလျှင် သင်၏ သမ္မာတရားလိုက်စားမှုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုများက အသီးအပွင့် ပွင့်လိမ့်မည်။ ဤသည်မှာ သင်သည် ဝန်ထုပ်ကို ထမ်းလျက် သူ၏ရှေ့မှောက်ကို ရောက်လာပြီးဖြစ်သောကြောင့်၊ သင်သည် များစွာ ချို့တဲ့နေသည်ဟုလည်းကောင်း၊ သင်သိရန်လိုသည့် သမ္မာတရားများစွာ ရှိနေသည်ဟုလည်းကောင်း၊ သင်တွေ့ကြုံရန် လိုသည့် လက်တွေ့အရှိတရားများစွာ ရှိနေသည်ဟုလည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ်ကို သင်အလေးထားသင့်သည်ဟုလည်းကောင်း အစဉ်သဖြင့် သင်ခံစားရသောကြောင့်ဖြစ်သည်။ ဤအရာတို့သည် သင့်စိတ်တွင် အမြဲတစေ ရှိနေသည်။ ယင်းတို့သည် သင့်ကို အသက်မရှူနိုင်ဖြစ်စေသည့် အင်အားတစ်ခုဖြင့် ဖိထားသည့်အလား သင်ခံစားရသည်။ ထို့ကြောင့် (သင်သည်အပျက်သဘောဆောင်သည့် အနေအထား၌ မရှိလင့်ကစား) သင်စိတ်လေးနေရလေသည်။ ထိုသို့သော လူတစ်ဦးသာလျှင် ဘုရားနှုတ်ကပတ်တော်၏ ဉာဏ်ပွင့်စေခြင်းကို ခံယူရန်နှင့် ဘုရားဝိညာဉ်တော်၏ တို့ထိမှုကိုခံရရန် အရည်အချင်းပြည့်မီသည်။ ၎င်းတို့၏ ဝန်ထုပ်ကြောင့်လည်းကောင်း၊ ၎င်းတို့သည် စိတ်လေးလျက် ရှိသောကြောင့်လည်းကောင်း၊ ၎င်းတို့ပေးချေခဲ့သည့် အဖိုးအခနှင့် ဘုရားသခင်၏ မျက်မှောက်တွင် ၎င်းတို့ခံရသည့် ဆင်းရဲဒုက္ခကြောင့်လည်းကောင်း ဘုရားသခင်၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းကို ၎င်းတို့ရရှိသည်ဟု ဆိုနိုင်သည်။ အကြောင်းမူကား ဘုရားသခင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အထူးအရေးပေးခြင်းမရှိ။ သူသည် လူများအပေါ်ဆက်ဆံရာတွင် အမြဲတစေ တရားမျှတသည်။ သို့သော် သူသည် လူများအား ထင်ရာမြင်ရာဖြစ်စေ၊ ခြွင်းချက်မရှိဖြစ်စေ ပေးသနားခြင်း မပြုပေ။ ဤသည်မှာ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ရပ်ဖြစ်သည်။ လက်တွေ့ဘဝတွင် လူအများစုသည် ဤနယ်ပယ်ကို မရသေးပေ။ အနည်းဆုံးအနေဖြင့် ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား ပြန်မလှည့်သေးသဖြင့် ၎င်းတို့၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲခြင်း များစွာမရှိသေးပေ။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ထဲ၌သာ နေထိုင်ကြပြီး သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မရသေးသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အသုံးပြုခြင်းခံရစေရန် လူတို့ ပြည့်မီရမည့် စံနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့ ဦးလှည့်ရမည်။ ဘုရားနှုတ်ကပတ်တော်တို့၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ရမည်။ ၎င်းတို့ထံတွင် တောင့်တသော စိတ်နှလုံးရှိရမည်။ သမ္မာတရားကို ရှာဖွေရန် စိတ်ပိုင်းဖြတ်ချက် ရှိရမည်။ ဤလူတို့သာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိနိုင်ပြီး သူ၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းတို့ကို ကြိမ်ဖန်များစွာ ရရှိနိုင်သည်။ ဘုရားသခင် အသုံးပြုသည့်လူများသည် အပြင်ပန်းတွင် အသိစိတ် မရှိဟု ထင်ရပြီး အခြားလူတို့နှင့် ပုံမှန်ဆက်ဆံရေး မရှိသည့်ပုံပေါက်သည်။ သို့သော် ၎င်းတို့သည် ရည်မွန်စွာဖြင့် ဂရုတစိုက် စကားပြောသည်။ ပြီးလျှင် ဘုရားသခင်ရှေ့တွင် ငြိမ်သက်သော စိတ်နှလုံး အစဉ်သဖြင့် ထားရှိနိုင်သည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်း ခံရနိုင်စွမ်းရှိသည့် လူစားမျိုး အတိအကျဖြစ်သည်။ ဘုရားသခင် မြွက်ဟသည့် ဤ “ဆင်ခြင်တုံတရားမဲ့” သူများသည် အခြားသူများနှင့် ပုံမှန် ဆက်ဆံရေးမရှိဟု ထင်ရပြီး အပြင်ပန်းချစ်ခင်မှု သို့မဟုတ် အပြင်ပန်းလက်တွေ့လုပ်ဆောင်မှုများအပေါ် အလေးမထားပေ၊ သို့သော် ဝိညာဉ်ရေးရာ ကိစ္စများနှင့်ပတ်သက်၍ ၎င်းတို့ မိတ်သဟာယ ဖွဲ့သည့်အခါတွင် ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးများကို ဖွင့်ဟနိုင်စွမ်းရှိပြီး ဘုရားသခင် ရှေ့မှောက်၌ ၎င်းတို့၏ တကယ့်အတွေ့အကြုံများမှ ၎င်းတို့ရရှိပြီးဖြစ်သော အလင်းပေးခြင်းနှင့် ဉာဏ်ပွင့်စေခြင်းကို သူတစ်ပါးတို့အား ကိုယ်ကျိုးမငဲ့ဘဲ ပံ့ပိုးနိုင်စွမ်းရှိသည်။ ဤသို့အားဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ချစ်ခြင်းကို ဖော်ပြပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းသည်။ အခြားသူများက ၎င်းတို့အား အသရေဖျက်ကာ ကဲ့ရဲ့လှောင်ပြောင်နေကြစဉ်တွင် ၎င်းတို့သည် ပြင်ပမှလူများ၊ ဖြစ်ရပ်များ၊ သို့မဟုတ် အမှုအရာများ၏ ထိခိုက်ခြင်းကို မခံရဘဲ နေနိုင်ကြကာ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်လျက်ရှိကြသည်။ ယင်းက ၎င်းတို့သည် တစ်မူထူးခြားသော ကိုယ်ပိုင်ထိုးထွင်းသိမြင်မှု ရှိနေသည့်အလား ထင်မှတ်ရသည်။ အခြားသူများက မည်သည့်အရာပြုသည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်နှလုံးသည် မည်သည့်အခါမျှ ဘုရားသခင်ထံမှ မထွက်ခွာပေ။ အခြားလူတို့က စကားပြောဆိုပြီး ရယ်မောနေကြသောအချိန်တွင် ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားရှေ့မှောက်တွင် ဆက်လက်၍တည်ရှိသည်။ ဘုရားနှုတ်ကပတ်တော်ကို ချင့်ချိန်စဉ်းစားသည်၊ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို တိတ်ဆတ်စွာ ဆုတောင်းပြီး ဘုရားသခင်၏ လိုအင်ဆန္ဒများကို ရှာဖွေသည်။ ဤလူတို့သည် ပုံမှန် အပြန်အလှန် ဆက်ဆံရေးများအား ထိန်းသိမ်းခြင်းကို အလေးမပေးပေ။ ပြီးလျှင် ၎င်းတို့သည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ် မရှိသည့်ပုံစံရှိသည်။ ၎င်းတို့သည် ဖျတ်လတ်တက်ကြွသည့်၊ ချစ်ခင်ဖွယ်ကောင်းသည့်၊ အပြစ်ကင်းသည့်ပုံစံရှိသည်။ သို့သော် တည်ငြိမ်မှုတစ်ခုကိုလည်း ပိုင်ဆိုင်သည်။ ဤသည်မှာ ဘုရားသခင် အသုံးပြုသည့်လူစားမျိုး၏ ပုံသဏ္ဌာန်ပင်တည်း။ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်ကဲ့သို့သော အရာများ၊ သို့မဟုတ် “ပုံမှန်ဆင်ခြင်တုံတရား” သည် ထိုလူစားမျိုးအတွက် လုံးဝအလုပ်မဖြစ်ပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးတစ်ခုလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းသို့ ဖွင့်ချထားပြီး ၎င်းတို့၏စိတ်နှလုံးတွင် ဘုရားသခင်သာ ရှိပုံရသည်။ ဤသည်မှာ ဘုရားသခင် ရည်ညွှန်းသော “ဆင်ခြင်တုံတရားမဲ့” လူစားမျိုးဖြစ်ပြီး ဘုရားသခင် အသုံးပြုသည့် လူစားမျိုး အတိအကျပင်ဖြစ်၏။ ဘုရားသခင် အသုံးပြုသောသူ၏ အမှတ်အသားမှာ မည်သည့်အချိန် မည်သည့်နေရာတွင်မဆို ၎င်းတို့၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့တွင် အစဉ်ရှိသည်၊ ထို့အပြင် အခြားလူများက မည်မျှပင် အပျော်အပါး၌ မွေ့လျော်သည်ဖြစ်စေ၊ အခြားသူများသည် တဏှာကြီးသော လိုအင်ဆန္ဒများ၌ မွေ့လျော်ပြီး ဇာတိပတိ၌ မွေ့လျော်ခံစားသည်ဖြစ်စေ၊ ဤလူ၏စိတ်နှလုံးကမူ ဘုရားသခင်ထံမှ မည်သည့်အခါမျှ မခွဲခွာပေ၊ ပြီးလျှင် လူအများ၏ နောက်ကိုမလိုက်ပေ။ ဤလူစားမျိုးသည်သာ ဘုရားသခင်၏ အသုံးပြုမှုအတွက် သင့်တော်သည်။ ဤလူစားမျိုးသည်သာ သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်အောင်ပြုခြင်းကိုခံရသည်။ သင်သည် ဤအရာကို မရယူနိုင်ပါက ဘုရားသခင်၏ ရယူခြင်းကိုခံရရန်ဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်အောင်ပြုခြင်းကို ခံရရန်ဖြစ်စေ အရည်အချင်းမပြည့်မီပေ။

သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကို တည်ထောင်လိုပါက သင်၏စိတ်နှလုံးသည် သူ့ထံသို့ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍ ထို့နောက်တွင် သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးများ ရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သို့မဟုတ် မည်မျှပင် အားစိုက်ထုတ်စေကာမူ အားလုံးသည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် လူသား၏ အတွေးအခေါ်သာ ဖြစ်ပေမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပုံမှန် လူလူချင်း ပေါင်းသင်းဆက်ဆံရေးများကို ထူထောင်ခြင်းထက် လူများအလယ်ရှိ သင်၏ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းနေပြီး လူသားအမြင်ရှုထောင့်များနှင့် လူသားအတွေးအခေါ်များမှတစ်ဆင့် ၎င်းတို့၏ ချီးမွမ်းခြင်းကို ကြိုးပမ်းရရှိလိမ့်မည်။ သင်သည် အခြားသူများနှင့် သင်၏ ဆက်ဆံရေးများအပေါ် အာရုံစိုက်မည့်အစား ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းကာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်၍ ကိုယ်တော့်အား ကျိုးနွံနာခံရန် သင်ယူလိုလျှင် လူအပေါင်းတို့နှင့် သင်၏ ဆက်ဆံရေးများသည်လည်း အလိုအလျောက် ပုံမှန်ဖြစ်လာပေမည်။ ဤသို့ဆိုလျှင် ဤဆက်ဆံရေးများသည် ဇာတိပကတိဖြင့် တည်ဆောက်ခြင်း ဖြစ်လိမ့်မည်မဟုတ်ဘဲ ဘုရားသခင်ကို ချစ်ခြင်းဖြစ်သည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်း ဖြစ်လိမ့်မည်။ သင်သည် အခြားလူတို့နှင့် ဇာတိပကတိဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများ မရှိလုနီးပါး ဖြစ်လိမ့်မည်။ သို့သော် ဝိညာဉ်ရေးအဆင့်တစ်ခုတွင် သင်တို့ကြား၌ မိတ်သဟာယဖွဲ့ခြင်း ရှိမည်ဖြစ်သည့်အပြင် အပြန်အလှန်ချစ်ခြင်း၊ နှစ်သိမ့်ခြင်း၊ ပံ့ပိုးခြင်းတို့လည်း ရှိလိမ့်မည်။ ဤအရာအားလုံးတို့ကို ဘုရားသခင်အား ကျေနပ်စေလိုသော လိုအင်ဆန္ဒတစ်ခု၏ အခြေခံအုတ်မြစ်အပေါ်တွင် လုပ်ဆောင်သည်။ ဤပေါင်းသင်းဆက်ဆံရေးများကို လူသား၏ လောကီဆိုင်ရာ ဆက်ဆံရေးအတွက် အတွေးအခေါ်များအားဖြင့် ထိန်းသိမ်းထားခြင်း မဟုတ်ဘဲ ဘုရားသခင်အတွက် ဝန်တာထားစိတ် ရှိသည့်အခါတွင် အလိုအလျောက် ဖြစ်ပေါ်သည်။ ဤဆက်ဆံရေးများသည် သင့်ထံမှ လူသား၏ အားထုတ်မှု တစ်ခုတလေကို မလိုအပ်ဘဲ ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ဖို့ကိုသာ လိုအပ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားလိုစိတ် ရှိသလော။ သူ၏ရှေ့မှောက်တွင် “ဆင်ခြင်တုံတရားမဲ့” သောသူ ဖြစ်လိုစိတ်ရှိသလော။ သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးကာ အခြားလူများအလယ်တွင် သင်၏ ဂုဏ်အဆင့်အတန်းကို ဥပေက္ခာပြုလိုစိတ် ရှိသလော။ သင်နှင့် အပြန်အလှန် ဆက်ဆံသည့်သူအားလုံးထဲတွင် သင်သည် မည်သူနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသနည်း။ မည်သူနှင့် အဆိုးရွားဆုံး ဆက်ဆံရေး ရှိသနည်း။ လူတို့နှင့် သင်၏ဆက်ဆံရေးများသည် ပုံမှန်ဖြစ်သလော။ သင်သည် လူအားလုံးကို တန်းတူညီမျှ ဆက်ဆံသလော။ အခြားလူများနှင့် သင်၏ဆက်ဆံရေးများကို သင်၏ လောကီဆိုင်ရာ ဆက်ဆံရေးအတွက် အတွေးအခေါ်နှင့်အညီ ထိန်းသိမ်းထားသလော၊ သို့မဟုတ် ယင်းတို့ကို ဘုရားသခင်ကို ချစ်ခြင်းဖြစ်သည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသလော။ လူများသည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား မပေးပါက ၎င်းတို့၏ဝိညာဉ်သည် ခြောက်ကပ်သွားကာ ထုံထိုင်းပြီး သတိမဲ့သွားသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သည့်အခါမျှ နားလည်မည်မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မည်သည့်အခါမျှ ရှိမည်မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုကို မည်သည့်အခါမျှ စွမ်းဆောင်ရရှိမည် မဟုတ်ပေ။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲခြင်းဟူသည် ဘုရားသခင်အား သူ၏စိတ်နှလုံးကို အပြည့်အဝပေးခြင်းနှင့် ဘုရားနှုတ်ကပတ်တော်မှ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းကို ရရှိခြင်း ဖြစ်စဉ်ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် လူများအား တက်ကြွစွာ ဝင်ရောက်ခွင့် ပေးသည့်အပြင် ၎င်းတို့ကိုယ်တိုင်၏ အပျက်သဘောဆောင်သော အပိုင်းများအကြောင်းကို ၎င်းတို့သိရှိလာပြီးနောက် ယင်းတို့ကို ဖယ်ရှားနိုင်စွမ်း ရှိစေသည်။ ဘုရားသခင်ထံ သင်၏စိတ်နှလုံးကို ပေးအပ်ပြီးသောအခါတွင် သင့်ဝိညာဉ် အနည်းငယ် တို့ထိခံစားသွားသည့်အခါတိုင်း သင် အာရုံခံစားမိနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်း အနည်းငယ်မျှကိုပင် သင့်အား ပေးလျှင် သင်သည် ယင်းကို သတိပြုမိနိုင်လိမ့်မည်။ သင် စွဲမြဲစွာလုပ်ဆောင်လျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်အောင်ပြုလုပ်ခြင်းကိုခံရသော လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။ ဘုရားသခင်ရှေ့မှောက်တွင် သင့်စိတ်နှလုံး ငြိမ်သက်လေလေ၊ သင့်ဝိညာဉ်သည် သိမ်မွေ့လာပြီး နူးညံ့လာလေလေဖြစ်မည်၊ သန့်ရှင်းသောဝိညာဉ်တော်က မည်သို့တို့ထိသည်ကို သတိမူနိုင်စွမ်း ရှိလာလေလေဖြစ်မည်၊ ပြီးလျှင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန် ဖြစ်လာလေလေ ဖြစ်မည်။ လူအချင်းချင်း ပုံမှန်ဆက်ဆံရေးသည် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ မိမိစိတ်နှလုံးကို ဘုရားသခင်ထံသို့ လှည့်ခြင်းဟူသည့် အခြေခံအုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ လူတစ်ဦး၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက အခြားလူများနှင့် သူ၏ ပေါင်းသင်းဆက်ဆံရေးများသည် ဇာတိပကတိ၏ ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ ရာဂစိတ်ကြီးသော မွေ့လျော်ခံစားမှုများသာ ဖြစ်ပြီး ဘုရားသခင်သည် ယင်းတို့ကို မုန်းတီးပြီး စက်ဆုပ်လေသည်။ သင့်ဝိညာဉ် တို့ထိခံရသည်ဟု သင်ပြောသော်လည်း သင်သည် မိမိနှစ်သက်သောသူများနှင့် အထင်ကြီးသော လူများကိုသာ မိတ်သဟာယဖွဲ့လိုစိတ်ရှိပြီး သင်မနှစ်သက်သည့် လူများက သင့်ထံသို့ လာရောက် ရှာဖွေသည့်အခါတွင် သင်သည် ၎င်းတို့ကို အမြင်စောင်းကာ ၎င်းတို့နှင့် စကားပြောရန် ငြင်းဆန်လျှင် ဤသည်မှာ သင်သည် သင်၏ခံစားချက်များ၏ စိုးမိုးခြင်းခံရကြောင်းနှင့် သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး လုံးဝ မရှိကြောင်းကို ပို၍ပင် သက်သေပြ၏။ ယင်းက သင်သည် ဘုရားသခင်ကို အရူးလုပ်ဖို့နှင့် သင်ကိုယ်တိုင်၏ အကျည်းတန်မှုကို ဖုံးဖိဖို့ ကြိုးစားအားထုတ်နေကြောင်း ပြလေသည်။ သင်သည် မိမိ၏ အသိပညာအချို့ကို မျှဝေကောင်း မျှဝေနိုင်မည်။ သို့သော် သင်၏ ရည်ရွယ်ချက်များက မှားယွင်းလျှင် သင်လုပ်ဆောင်သမျှသည် လူသားစံနှုန်းများအရသာ ကောင်းမွန်ကာ ဘုရားသခင်က သင့်အား အသိအမှတ်မပြုမည်ပေ။ သင်၏ လုပ်ရပ်များသည် သင်၏ ဇာတိပကတိက တွန်းအားပေးခြင်းကို ခံရသည်။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးက တွန်းအားပေးခြင်းကို ခံရခြင်းမဟုတ်ပေ။ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး ဘုရားသခင်ကို ချစ်သောသူများအားလုံးနှင့် ပုံမှန် အပြန်အလှန် ဆက်ဆံရေးရှိနိုင်မှသာလျှင် သင်သည် ဘုရားသခင် အသုံးပြုဖို့အတွက် သင့်တော်သည်။ ဤသို့လုပ်ဆောင်နိုင်လျှင် သင်သည် သူတစ်ပါးတို့နှင့် မည်သို့ ထိတွေ့ဆက်ဆံသည်ဖြစ်စေ သင်သည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်တစ်ခုကို လုပ်ဆောင်နေခြင်း ဖြစ်မည်မဟုတ်ဘဲ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အလေးထားပြီး ဘုရားသခင် ရှေ့မှောက်တွင် အသက်ရှင်နေခြင်း ဖြစ်လိမ့်မည်။ သင်တို့ထဲတွင် ထိုသို့သောလူ ဘယ်နှစ်ဦးရှိသနည်း။ အခြားသူများနှင့်သင်၏ ဆက်ဆံရေးများသည် အမှန်တကယ် ပုံမှန်ဖြစ်သလော။ ယင်းတို့ကို မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ သင့်ထဲ၌ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များ မည်မျှရှိသနည်း။ ယင်းတို့ကို သင် ဖယ်ရှားပြီးဖြစ်သလော။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား ပြန်မလှည့်နိုင်လျှင် သင်သည် ဘုရားသခင် ရွေးချယ်ခြင်းခံရသူ မဟုတ်ပေ။ သင်သည် စာတန်ထံမှ လာခဲ့ခြင်းဖြစ်သည်၊ နောက်ဆုံးတွင် သင်သည် စာတန်ထံသို့ ပြန်လိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်ရန် မထိုက်တန်ပေ။ ဤအရာများကို သင် အသေအချာ ဆန်းစစ်ရမည်။

အရှေ့သို့- ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်

နောက်တစ်ခုသို့- ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် လူတို့ကိုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေး၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။