၄၄၀ ပုံမှန်ဝိညာဉ်ရေးရာအသက်တာကို အမြဲထိန်းသိမ်းထားရမည်ကျူး
၁ ဘုရားသခင်၏အမှုတွင်၊ မည်သည့်အရာ သူလုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သည့် အပြောင်းအလဲများကို သူ သက်ရောက်စေသည်ဖြစ်စေ၊ လူတို့သည် ပုံမှန်ဝိညာဉ်ရေးရာအသက်တာ၏ အခြေခံကို ထိန်းသိမ်းရမည်ဖြစ်သည်။ သင်သည် သင်၏ဝိညာဉ်ရေးရာအသက်တာနှင့်ဆိုင်သည့် ဤလက်ရှိအဆင့်တွင် လျော့ရဲကောင်း လျော့ရဲခဲ့လိမ့်မည် မဟုတ်သော်လည်း၊ သင်သည် များစွာရယူနိုင်ခြင်း မရှိသေးသကဲ့သို့၊ ကြီးစွာသော အကျိုးကို မရိတ်သိမ်း ရသေးပေ။ ဤအခြေအနေမျိုးများအောက်တွင် သင်သည် စည်းမျဉ်းများကို လိုက်နာဆဲ ဖြစ်ရမည်။ သင်သည် သင်၏ အသက်တွင် ဆုံးရှုံးမှုများ မခံစားဖို့အလို့ငှာနှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့အလို့ငှာ ဤစည်းမျဉ်းများကို ထိန်းသိမ်းရမည်။ သင်၏ဝိညာဉ်ရေးရာ အသက်တာသည် ပုံမှန်မဟုတ်ပါက၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို သင်နားမလည်နိုင် သကဲ့သို့၊ ထိုအစား ယင်းသည် သင့်ကိုယ်ပိုင်အယူအဆများနှင့် သဟဇာတ လုံးဝမဖြစ်ဟု သင်အမြဲတမ်းခံစားရကာ၊ သင်သည် သူ၏နောက်သို့လိုက်ရန် ဆန္ဒရှိသော်လည်း အတွင်းပိုင်း တက်ကြွမှု ကင်းမဲ့လေသည်။
၂ ထို့ကြောင့်၊ လက်ရှိတွင် ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ လူတို့သည် ပူပေါင်းဆောင်ရွက်သင့်သည်။ အကယ်၍ လူတို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အမှုကို မပြုနိုင်ပေ၊ ပြီးလျှင် လူတို့သည် ပူးပေါင်းလုပ်ဆောင်လိုသော စိတ်နှလုံးမရှိပါက သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ၎င်းတို့ အနည်းငယ်သာ ရနိုင်ပေသည်။ သင်၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိလိုပါက၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံမှုကို ရယူလိုပါက၊ သင်သည် ဘုရားသခင်၏ မျက်မှောက်၌ သင်၏ မူလဝတ်ပြုဆက်ကပ်ခြင်းကို ထိန်းသိမ်းရမည်။ ယခုတွင် သင့်အတွက် သာ၍ နက်ရှိုင်းသော သိနားလည်မှု၊ သာ၍မြင့်မားသော သဘောတရားတစ်ခု သို့မဟုတ် အခြားထိုသို့သောအရာများ ရှိရန်မလိုအပ်ပေ- လိုအပ်သည်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မူလ အခြေခံအုတ်မြစ်ပေါ်တွင် ထိန်းသိမ်းထားရန်သာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်မှု မရှိသကဲ့သို့ သာ၍နက်ရှိုင်းသော ဝင်ရောက်မှုကို အားထုတ်ခြင်း မရှိပါက၊ ဘုရားသခင်သည် နဂိုမူလက သူတို့ ပိုင်ဆိုင်ခဲ့သည့် အရာများအားလုံးကို ယူဆောင်သွားမည်ဖြစ်သည်။
၃ အတွင်းတွင်၊ လူတို့သည် သက်သောင့်သက်သာရှိမှုအတွက် အမြဲအလိုကြီးကြပြီး၊ ရနှင့်ပြီးသောအရာကို ပို၍ မွေ့လျော်လိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ကတိတော်များကို မည်သည့် အဖိုးအခမျှ လုံးဝမပေးဘဲ ရလိုကြသည်။ ဤသည်တို့မှာ လူသားမျိုးနွယ်က စဉ်းစားသည့် လွန်ကဲသော အတွေးများဖြစ်သည်။ အဖိုးအခမပေးဘဲ အသက်ကိုယ်တိုင်ကို ရယူခြင်း- သို့သော် ဤမျှ လွယ်ကူသည့်အရာ ရှိဖူးသလော။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်ကာ အသက်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားပြီး ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရှာဖွေချိန်တွင်၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် အဖိုးအခတစ်ခု ပေးပြီး သူ့နောက်သို့ အမြဲလိုက်မည့် အခြေအနေတစ်ခုကို ရရှိရမည်ဖြစ်သည်။ ဤသည်ကား လူတို့ လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်သည်။ သင်သည် ဤအရာအားလုံးကို စည်းမျဉ်းတစ်ခုကဲ့သို့ လိုက်လျှောက်လျှင်ပင်၊ ထိုစည်းမျဉ်းကို သင် အမြဲ ထိန်းသိမ်းရမည်ဖြစ်ပြီး၊ စမ်းသပ်မှုများ မည်မျှကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်နှင့်သင်၏ပုံမှန်ဆက်ဆံရေးကို လက်လွှတ်၍ မဖြစ်နိုင်ပေ။ သင် ဆုတောင်းနိုင်သင့်သည်၊ သင်၏ အသင်းတော် အသက်တာကို ထိန်းသိမ်းနိုင်သင့်ပြီး၊ ညီအစ်ကိုမောင်နှမများကို ဘယ်သောအခါမျှ မစွန့်ခွာဘဲ နေနိုင်သင့်ပေသည်။ ဘုရားသခင် သင့်ကို စမ်းသပ်သည့်အခါ၊ သမ္မာတရားကို သင် ရှာဖွေဆဲ ဖြစ်သင့်သည်။ ဤအရာသည် ဝိညာဉ်ရေးရာ အသက်တာအတွက် အနိမ့်ဆုံး သတ်မှတ်ချက်ဖြစ်သည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်