မေးခွန်း (၁) သခင်ယေရှုဟာပြန်ကြွလာခဲ့ပြီး တရုတ်ပြည်မှာ သူ့ ရူပါရုံနဲ့အမှုတော်တွေကိုပြုနေပြီလို့ မင်းတို့သက်သေခံကြတာကို ကျွန်တော်ယုံတယ် ဘာလို့လဲဆိုတော့ ကျမ်းစာထဲမှာ သခင်ယေရှု ပရောဖက်ပြုထားတာက “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဒါပေမဲ့ကျွန်တော်တို့ကိုကောင်းကင်နိုင်ငံတော်သို့ခေါ်ဆောင်ဖို့ ကိုယ်တော်ပြန်ကြွလာခြင်းသဏ္ဍန်ဟာ အနည်းဆုံးတော့ တို့တွေကို ကိုယ်တော်က မိုးတိမ်နဲ့တကွ ချီဆောင်တာဖြစ်သင့်တယ်လို့ကျွန်တော်တို့ထင်တယ် သမ္မာကျမ်းစာထဲမှာ ရှင်ပေါလုပြောခဲ့သလိုပေါ့ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်” (သက်သာလောနိတ် ဩဝါဒစာ ပဋ္ဌမစောင် ၄:၁၇) တဲ့။ ဒါပေမဲ့ မင်းတို့ရဲ့သွန်သင်ချက်မှာကျ ကိုယ်တော်ဟာ ဘာလို့ကျမ်းစာထဲကပြောထားတဲ့ပုံစံပြန်မလာတာလဲ တို့တွေကို ကောင်းကင်နိုင်ငံတော်သို့ခေါ်သွားဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလစီရင်ခြင်းအမှုတော်ဆိုတာဘာလဲ။

အဖြေ- လူအများစုကလည်း ကိုယ်တော်ပြန်ကြွလာတဲ့အခါ ယုံကြည်သူတွေကို မိုးတိမ်နဲ့တကွ ချီဆောင်သွားမယ်လို့ ယုံကြည်ကြတယ် သေချာပြန်စဉ်းစားကြည့်ရင် ဒီအချက်တွေဟာ ရှင်ပေါလုစကားတွေလေ၊ ကိုယ်တော်ပြောခဲ့တာမှမဟုတ်တာ ရှင်ပေါလုပြောခဲ့တာတွေက သူ့ရဲ့ကိုယ်ပိုင်အတွေးတွေပဲလား၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလင်းပေးမှုတွေလားဆိုတာ ကျွန်တော်တို့တွေ အတပ်မပြောနိုင်ဘူး ကျမ်းစာထဲမှာ သူ့ရဲပြန်ကြွလာခြင်းအကြောင်းကို ကိုယ်တော် ကြိုတင်ပြောခဲ့တာက ခုလိုပါ “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏။(ရှင်မဿဲခရစ်ဝင် ၂၄:၃၆) ကိုယ်တော်ပြောခဲ့တာ သိပ်ရှင်းပါတယ်၊ သူပြန်ကြွလာတဲ့အခါ ဘယ်သူမှ မသိဘူးတဲ့ ဘုရားသခင်ကလွဲပြီး ကောင်းကင်တမန်တွေတောင်မသိဘူးတဲ့။ ဒါဆို လူတွေယူဆထားသလို ကိုယ်တော်က ယုံကြည်သူတွေကို မိုးတိမ်အားဖြင့်ခေါ်ဆောင်မယ်ဆိုတဲ့ စကားဟာ ဘုရားသခင်ရဲ့စကားအပေါ် အခြေခံတဲ့စကားလား ကိုယ်တော့်ရဲ့စကား အစား ရှင်ပေါလုစကားကို နားယောင်ရင်တော့ လမ်းလွဲသွားမှာဘဲ ရှင်ပေါလုဆိုတာ သာမန်လူဘဲလေ၊ ဘုရားမှမဟုတ်တာ ကိုယ်တော်က သူပြန်ကြွလာတဲ့အခါ ယုံကြည်သူတွေကို မိုးတိမ်နဲ့တကွ ချီဆောင်သွားမှာကြီးကို ရှင်ပေါလုက ဘယ်လိုများသိမြင်လိုက်တာလဲ ဒါဟာ ရှင်ပေါလုရဲ့စကားတွေဘဲ ရှင်ပေါလုရဲ့စကားတွေအတိုင်း ကိုယ်တော်ပြန်ကြွလာတာကို အစ်မတို့ ဆက်စောင့်ကြဦးမလား ဘာလို့ သခင်ယေရှုရဲ့စကားနဲ့ ကိုယ်တော့်ကိုမကြိုဆိုကြတာလဲ ကျမ်းစာထဲမှာ သူ့ရဲပြန်ကြွလာခြင်းအကြောင်းကို ကိုယ်တော် ကြိုတင်ပြောခဲ့တာက ခုလိုပါ “ထို့ကြောင့် စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင် မသိရ။(ဗျာဒိတ်ကျမ်း ၃:၃) ဒီအချက်ဟာ ကိုယ်တော့်ကိုယုံကြည်သူဖြစ်ပြီး သခင်ယေရှုရဲ့စကားအစား ရှင်ပေါလုရဲ့စကားကို နာခံနေသူတွေအတွက်ပြောချင်တာမလား ရှင်ပေါလု က သခင်ယေရှုလား ဒါဆို ကျွန်တော်တို့တွေ ဘယ်သူ့ကိုယုံကြည်မလဲ၊ သခင်ယေရှုလား၊ ရှင်ပေါလုလား ဒါဟာ ကျွန်တော်တို့ ပြန်ချင့်ချိန်သင့်တဲ့အချက်မဟုတ်ဘူးလား ကိုယ်တော့်ရဲ့ ဒုတိယအကြိမ်ပြန်ကြွလာခြင်းက သန့်ရှင်းသူတွေကို ကောင်းကင်နိုင်ငံတော်သို့ခေါ်သွားဖို့ဆိုတာမှန်ပါတယ် ဒါပေမဲ့ ကိုယ်တော်ဟာ သူ့နောက်လိုက်တွေကို ဘယ်လိုပုံစံနဲ့ ကောင်းကင်နိုင်ငံတော်ကိုခေါ်သွားမယ်ဆိုတာကတော့ ဘယ်သူမှ မှန်းဆမရဘူး လူတွေ တွေးခေါ် ထင်မြင် ယူဆ နားလည်ထားသလို ကိုယ်တော်ဟာ သူနဲ့တွေ့ဆုံဖို့ လူသားတွေကို အာကာသထဲမှာ မိုးတိမ်နဲ့ချီဆောင်သွားမယ်ဆိုတာကတော့ အလွန်တရာ ယုတ္တိမဲ့လွန်းတယ် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က တရုတ်ပြည်မှာ ပေါ်ထွန်းလာခဲ့ပြီး လူသားတွေ စင်ကြယ်ခြင်း နဲ့ ကယ်တင်ခြင်းရဖို့ သမ္မာတရားနဲ့ဆိုင်တဲ့အချက်မှန်သမျှကို ဖွင့်ပြပေးနေတာ မြင်ခဲ့ရပြီးပြီ သူဟာ အားလုံးကို ဉာဏ်အလင်းနဲ့ပြည့်စုံတဲ့ အပျိုကညာသဖွယ် ပြည့်ဝစင်ကြယ်စွာ သူ့ပလ္လင်တော်ရှေ့မှာ နေရာချပေးဖို့ ဆေးကြောခြင်းအမှုတော်တွေလုပ်နေတယ် ကြောက်မက်ဖွယ်ရာဘေးဒဏ်ကြီးမလာခင် ဒီလူစုကို ဒီဘေးဒဏ်ကနေ ကျော်လွှားနိုင်စေဖို့ ကိုယ်တော်က ပြုလုပ်ပေးလိုက်မယ် အဲဒီလို ပြုလုပ်ပေးပြီးတာနဲ့တပြိုင်နက် လူသားတွေရဲ့ဒုစရိုက်မှုတွေ၊ မိုက်မဲမှုတွေ၊ ဆန့်ကျင်မှုတွေကို ဖျက်သိမ်းဖို့ ဘေးဒဏ်ကြီးကိုလွှတ်လိုက်မယ် ဘေးဒဏ်ကြီးကာလပြီးတာနဲ့ ဘုရားသခင်ဟာ လူအပေါင်းရှေ့၊ တိုင်းနိုင်ငံအပေါင်းရှေ့မှာ ပေါ်ထွန်းလာမယ် အခုဟာကမှ ကိုယ်တော်ဟာ သူပြန်ကြွလာရင် သူ့ကိုယုံကြည်သူတွေကို ကောင်းကင်နိုင်ငံတော်ဆီ ဘယ်လိုခေါ်ဆောင်သွားမလဲဆိုတဲ့ဖြစ်စဉ်ပဲ မဟုတ်လား သခင်ယေရှုရဲ့ အနာဂတ္တိစကားတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်တွေအားဖြင့် ပြည့်စုံလာတယ်လို့ ခံစားရတယ် “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃) သခင်ဘုရားဟာ ကမ္ဘာပေါ်မှာကြွရောက်လာပြီးဖြစ်သော်လည်း

ကျွန်တော်တို့ဟာ ကောင်းကင်ကိုတက်ချင်ကြတယ်၊အဲဒါဟာ ကျွန်တော်တို့တွေလမ်းမှားကို လိုက်နေတာပဲမလား။ ကိုယ်တော်ဟာ ကမ္ဘာပေါ်ကိုကြွလာခဲ့ပြီးပြီဖြစ်လို့ နောက်ဆုံးသောကာလမှာ ကျွန်တော်တို့အတွက် ပေါက်ဖွားလာမယ်လို့ ကြိုတင်ပြောခဲ့တယ် နောက်ဆုံးသောကာလ သူ့ရဲ့ စီရင်ခြင်းအမှုတော်ကိုလက်ခံရရှိစေပြီး စင်ကြယ်ခြင်းနဲ့ပြည့်စုံစွာဖြင့် နောက်ဆုံးမှာ ကိုယ်တော့်ရဲ့နိုင်ငံတော်ကို ဝင်ခွင့်ရဖို့ပေါ့ ကျွန်တော်တို့တွေအတွက် ကိုယ်တော်ပြင်ဆင်ပေးထားတဲ့နေရာက ဘယ်လိုများပါလိမ့် အဲဒါဟာ ကမ္ဘာမြေပေါ်က ခရစ်တော်ရဲ့နိုင်ငံတော် ကို ဆိုလိုတာ “ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ”ဆိုတဲ့ ပရောဖက်ပြုချက်ပြည့်စုံလာခြင်းပဲ။ အဲဒီအချက်က နောက်ဆုံးသောကာလမှာ ကိုယ်တော်ပြန်ကြွလာတဲ့အခါ သူဟာ သူ့နိုင်ငံတော်ဆီကြွလာလိမ့်မယ်ဆိုတာကို သက်သေပြတာနေတာ ဘုရားသခင်ရဲ့အိမ်တော်မှ စတင်တဲ့ ကိုယ်တော့်ရဲ့စီရင်ခြင်းအမှုတော်ဆိုတာ ကိုယ်တော့်ရဲ့နောက်ဆုံးသောကာလအမှုတော်ကို ပထမဆုံးလက်ခံရရှိတဲ့ ဒီလူစုကို စင်ကြယ်တဲ့အပျိုကညာသဖွယ် ဘေးဒဏ်ကြီးကို ကျော်လွှားနိုင်အောင်စီမံပေးခြင်းပဲ ပြီးမှ ကိုယ်တော်ဟာ မိုးတိမ်ကိုစီးပြီး ဆင်းကြွလာမယ်၊ဒါကြောင့် ခရစ်တော်ရဲ့နိုင်ငံတော်ဟာ ကမ္ဘာမြေပေါ်မှာဆိုတာ သဘောပေါက်ရမယ် နောက်ဆုံးသောကာလ ကိုယ်တော့်ရဲ့စီရင်ခြင်းအမှုတော်ဟာ သခင်ယေရှုရဲ့ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတယ် နောက်ဆုံးသောကာလ ကိုယ်တော့်ရဲ့စီရင်ခြင်းအမှုတော်နဲ့ ကျွမ်းဝင်မှသာ တို့ဟာ သမ္မာကျမ်းစာထဲက ပရောဖက်ပြုချက်တွေပြည့်စုံလာတာကို မြင်နိုင်တယ် ပရောဖက်ပြုချက်တွေအပေါ် လူ့အတွေးအခေါ် အယူအဆတွေနဲ့ ထင်ကြေးပေးနေတာကတော့ မိုက်ရူးရဲဆန်လွန်းတယ် ကိုယ်တော်ပြန်ကြွလာခြင်းကို ဆုံဆည်းရဖို့ ကျွန်တော်တို့တွေ ဘုရားသခင်ရဲ့စကားကိုဘဲ နားထောင်ရမယ်၊ လူတွေရဲ့စကားကို နားမထောင်သင့်ဘူး လူ့စကားတွေကိုနားယောင်နေမယ်ဆိုရင်တော့ ကိုယ်တော်ပြန်ကြွလာတဲ့အခါ ကိုယ်တော်နဲ့ တွေ့ဆုံရပြီး ချီဆောင်ခြင်းမှာပါဝင်ဖို့ အခွင့်အရေးတွေဆုံးရှုံးမယ် အဲဒီအခါကျရင်တော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ။

ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) ကျမ်းစာထဲမှာဗျာဒိတ်ပေးခဲ့သလိုပါပဲ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) သခင်ယေရှုရှင်ပြန်ထမြောက်တုန်းက ကောင်းကင်ကိုတက်ကြွသွားတာဟာ ဝိညာဉ်ကိုယ်ခန္ဓာပဲဖြစ်တယ် သူပြန်လာတဲ့အခါလည်း သူ့ရဲ့ဝိညာဉ်ကိုယ်ခန္ဓာပဲ မိုးတိမ်စီးပြီးဆင်းကြွလာမှာ ဒါပေမဲ့ ဘုရားသခင်က နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့ လူသားအဖြစ် လူ့ဇာတိခံပြီလို့ အစ်ကိုကပြောတယ်နော်။ ဒါကသမ္မာကျမ်းစာနဲ့ သိသိသာသာကိုကိုက်ညီမှုမရှိဘူး။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ဘာသာရေးခေါင်းဆောင်တွေက သခင်လူ့ဇာတိခံယူပြီး ပြန်လာလိမ့်မယ်ဆိုတဲ့ သက်သေခံချက်တွေက မှားတယ်လို့ပြောကြတယ်။ ဒါ့ကြောင့် သခင်လူ့ဇာတိခံယူပြီးပြန်လာမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ် အစ်ကို့ရဲ့သက်သေခံမှုကို ကျွန်တော်တော့လက်မခံနိုင်ဘူး ကျွန်တော်ကတော့ သခင်ကကျွန်တော်တို့ကို ကောင်းကင်နိုင်ငံကိုယူဆောင်သွားဖို့အတွက် မိုးတိမ်စီးပြီးဆင်းကြွလာမှာကိုပဲစောင့်နေမယ်။ အဲ့ဒါကမမှားနိုင်ဘူးလေ။

နောက်တစ်ခုသို့- မေးခွန်း- သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) မှာပြောခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအမှုတော်ကို ခင်ဗျားက သက်သေခံတာကြားခဲ့ရတဲ့နေ့ကျမှ ကိုယ်တော်ရှင်ဟာ သူ့သိုးတွေကို ခေါ်ယူဖို့အတွက် နှုတ်ကပတ်တော်တွေကိုမိန့်ဆိုဖို့ ပြန်ကြွလာမှန်း ကျွန်တော် သဘောပေါက်ခဲ့တာပါ။ ကိုယ်တော်ရှင်ကြွလာတာကို ကျွန်တော်တို့စောင့်မျှော်ရာမှာ အဓိကသော့ချက်က ဘုရားရဲ့အသံတော်ကို ကြားဖို့ အားထုတ်ရှာဖွေတာပဲ။ အခုတော့ ကျွန်တော်တို့ရဲ့အကြီးမားဆုံးအခက်အခဲက ကိုယ်တော်ရှင်ရဲ့အသံတော်ကို ဘယ်လိုနားထောင်သင့်လဲဆိုတာမသိတာပဲ။ ဘုရားရဲ့အသံတော်နဲ့ လူသားတွေရဲ့အသံကိုလည်း ကျွန်တော်တို့ခွဲခြားပြီး မသိနိုင်ဘူး။ ကိုယ်တော်ရှင်ရဲ့အသံတော်ကို ဘယ်လို သေချာသိနိုင်မလဲဆိုတာ နောက်ဆုံးတစ်ခေါက်အဖြစ် ကျွန်တော်တို့နဲ့အတူ တရားဆွေးနွေးပေးပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။