(ဂ) ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘာသာရေး အယူအဆများ၊ အယူလွဲမှားမှုများ၊ အတွေးမှားခြင်းများတို့ကို ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သော နှုတ်ကပတ်တော်များ

(၁၃၅) ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ဘုရားသခင်ကို မည်သို့ သိရှိသင့်သနည်း။ လူတစ်ဦးသည် သွေဖည်မှု သို့မဟုတ် အတွေးမှားခြင်း မရှိဘဲ၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို အခြေခံ၍ ဘုရားသခင်ကို သိရှိလာသင့်ပြီး၊ အဓိကအားဖြင့်၊ ဘုရားသခင်၏အမှုကို သိကျွမ်းသင့်သည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စစ်မှန်သော သိနားလည်မှုမရှိသည့် အတွေးမှားခြင်း မျိုးစုံတို့သည် ဘာသာရေးအယူအဆများ ဖြစ်ကြ၏။ ထိုအရာများသည် သွေဖည်ပြီး မှားယွင်းသော သိနားလည်မှုများ ဖြစ်သည်။ ဘာသာရေးပုဂ္ဂိုလ်တို့၏ အကြီးမားဆုံးသော စွမ်းရည်မှာ အတိတ်က နားလည်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူကာ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များကို ထိုအရာများနှင့်ယှဉ်၍ စဉ်းစားချင့်ချိန်ခြင်း ဖြစ်သည်။ သင်သည် ယနေ့၏ ဘုရားသခင်ကို အစေခံနေချိန်တွင်၊ အတိတ်က သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအားဖြင့် ထုတ်ဖော်ပြခဲ့သည့်အရာများကို ဖက်တွယ်ထားပါက၊ သင်၏ အစေခံခြင်းသည် အနှောင့်အယှက်ဖြစ်စေလိမ့်မည် ဖြစ်ပြီး၊ သင်၏လက်တွေ့လုပ်ဆောင်ခြင်းသည် ဘာသာရေး ဟိတ်ဟန်များထက် ဘာမျှမပိုဘဲ၊ ခေတ်နောက်ကျနေလိမ့်မည်။ ဘုရားသခင်ကို အစေခံသူများသည် အခြားအရည်အချင်းများကြားတွင်၊ အပြင်ပန်းအားဖြင့် နှိမ့်ချကာ သည်းခံရမည်ဟု သင်ယုံကြည်ပါက၊ ပြီးလျှင် သင်သည် ထိုအသိမျိုးကို ယနေ့ လက်တွေ့လုပ်ဆောင်ပါက၊ ထိုသို့သော အသိသည် ဘာသာရေး အယူအဆတစ်ခု ဖြစ်ပေသည်။ ထိုလက်တွေ့လုပ်ဆောင်ခြင်းသည် သူတော်ကောင်းယောင်ဆောင်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သွားပြီ ဖြစ်သည်။ “ဘာသာရေးအယူအဆများ” ဟူသော စကားရပ်မှာ (ဘုရားသခင် ယခင်ကပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက်ထုတ်ဖော်ပြခဲ့သည့် အလင်းအပါအဝင်) ခေတ်မမီတော့သကဲ့သို့ အသုံးမဝင်တော့သည့် အရာများကို ရည်ညွှန်းပြီး ထိုအရာများကို ယနေ့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို နှောင့်ယှက်ကာ လူသားအား အကျိုးမပြုပေ။ လူတို့သည် ဘာသာရေး အယူအဆများနှင့်သက်ဆိုင်သည့် အရာများကို မိမိတို့ကိုယ်ကိုယ်မှ မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် ဘုရားသခင်ကို ၎င်းတို့၏ အစေခံခြင်းတွင် ကြီးစွာသော အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်။ ဘာသာရေး အယူအဆများရှိကြသော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ အဆင့်များကို အမီလိုက်ရန် မည်သို့မျှမဖြစ်နိုင်ပေ- ၎င်းတို့ ခြေတစ်လှမ်း နောက်ကျ ကျန်ရစ်ပြီးနောက်၊ ခြေနှစ်လှမ်း နောက်ကျကျန်ရစ်ကြလေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤဘာသာရေး အယူအဆများသည် လူသားအား မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု အလွန့်အလွန် မှတ်ယူစေပြီး မာနထောင်လွှားစေကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အတိတ်က သူပြောဆိုခဲ့ပြီး လုပ်ဆောင်ခဲ့သည့် အရာများကို တသလွမ်းဆွတ်ခြင်း မခံစားရပေ၊ တစ်စုံတစ်ခုသည် ခေတ်မမီတော့ပါက၊ ယင်းကို သူဖယ်ရှားလိုက်လေသည်။ သင်သည် သင်၏အယူအဆများကို အမှန်တကယ် လက်မလွှတ်နိုင်သလော။ သင်သည် အတိတ်က ဘုရားသခင် ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို ဖက်တွယ်ထားပါက၊ ဘုရားသခင်၏အမှုကို သင်သိသည်ဟု ဤအရာက သက်သေပြသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့အလင်းကို လက်မခံနိုင်ဘဲ၊ ယင်းအစား အတိတ်က အလင်းကို ဖက်တွယ်ထားပါက၊ ဤအရာက သင်သည် ဘုရားသခင်၏ ခြေလှမ်းများနောက်ကို လိုက်လျှောက်သည်ဟု သက်သေပြသလော။ ဘာသာရေး အယူအဆများကို သင် လက်မလွှတ်နိုင်ဘဲ ရှိသေးသလော။ ထိုသို့ဖြစ်ပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်သွားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်

(၁၃၆) ဘုရားသခင်၏အမှုတွင် အသစ်သော ဖွံ့ဖြိုးတိုးတက်မှုများ အမြဲရှိသောကြောင့်၊ အမှုသစ် ထွက်ပေါ်လာသကဲ့သို့ ခေတ်ကုန်သွားပြီး ဟောင်းသွားသောအမှု ရှိပေသည်။ အဟောင်းနှင့် အသစ် ဤကွဲပြားသော အမှုအမျိုးမျိုးသည် ဆန့်ကျင်ဘက် မဟုတ်ဘဲ၊ အပြန်အလှန် ဖြည့်ဆည်းလေသည်။ အဆင့်အသီးသီးသည် ပြီးခဲ့သည့်အဆင့်နောက်မှ လိုက်လာပေသည်။ အမှုသစ်ရှိသောကြောင့် ဟောင်းသောအရာများသည် အမှန်ပင် ဖယ်ရှားခံရပေမည်။ ဥပမာအားဖြင့် လူသား၏နှစ်ပေါင်းများစွာ အတွေ့အကြုံနှင့် သွန်သင်ချက်တို့နှင့် တွဲဖက်လျက်၊ လူသား၏ ကာလကြာရှည် တည်မြဲသော အလေ့အထများနှင့် ပြောနေကျ စကားပုံ အချို့သည် လူသား၏စိတ်ထဲတွင် အယူအဆများ နည်းဟန်မျိုးစုံ၊ ပုံစံမျိုးစုံ ဖြစ်ပေါ်ပြီးဖြစ်သည်။ နှစ်များစွာတစ်လျှောက် ရှေးခေတ်ကာလများမှ အစဉ်အလာရှိသည့် သဘောတရားများ ပျံ့နှံ့မှုနှင့်အတူ ဘုရားသခင်သည် သူ၏ စစ်မှန်သော မျက်နှာနှင့် ပင်ကို စိတ်သဘောထားတို့ကို လူသားထံ အပြည့်အဝ ထုတ်ဖော်ပြဖို့ ရှိသေးသည်မှာ လူသား၏ ထိုသို့သော အယူအဆများ ဖြစ်ပေါ်ခြင်းအဖို့ သာ၍ အခါအခွင့်သင့်ပေသေး၏။ လူသားက ဘုရားသခင်ကို ယုံကြည်သည့် ကာလတစ်လျှောက်တွင်၊ အယူအဆ အမျိုးမျိုး၏ လွှမ်းမိုးမှုက လူများတွင် ဘုရားသခင်အပေါ် အထင်အရ သိနားလည်မှုမျိုးစုံ အဆက်မပြတ် ဖြစ်ပေါ်မှုနှင့် ဆင့်ကဲပြောင်းလဲမှု ဆီသို့ ဆိုက်ရောက်စေပြီးဖြစ်လေသည်၊ ယင်းက ဘုရားသခင်ကို အစေခံသည့် ဘာသာရေးသမားများစွာကို ဘုရားသခင်၏ ရန်သူများ ဖြစ်စေခဲ့သည်ဟု ပြောကောင်း ပြောနိုင်ပေသည်။ ထို့ကြောင့်၊ လူတို့၏ ဘာသာရေး အယူအဆများ အားကောင်းလေလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်လေလေဖြစ်ပြီး ဘုရားသခင်၏ ရန်သူဖြစ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုသည် အမြဲအသစ်ဖြစ်ကာ မည်သည့်အခါတွင်မျှ ဟောင်းနွမ်းခြင်းမရှိပေ။ ယင်းသည် မည်သည့်အခါမျှ အယူဝါဒ မဖြစ်ပေါ်စေဘဲ၊ ယင်းအစား သာ၍ကြီးမားသော အတိုင်းအတာအထိ သို့မဟုတ် သာ၍ လျော့နည်းသော အတိုင်းအတာအထိ အစဉ်မပြတ် ပြောင်းလဲကာ အသစ်ပြုပြင်ခံရလျက် ရှိသည်။ ဤနည်းဖြင့် အမှုပြုခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုစိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ယင်းသည် ဘုရားသခင်အမှု၏ ပင်ကို အခြေခံသဘောတရားလည်းဖြစ်ကာ ဘုရားသခင်က သူ၏စီမံခန့်ခွဲမှုကို ပြီးမြောက်စေသည့် နည်းလမ်းများထဲမှတစ်ခု ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ဤနည်းဖြင့် အမှုမပြုခဲ့ပါက၊ လူသားသည် ပြောင်းလဲမည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို သိနိုင်မည် မဟုတ်သကဲ့သို့၊ စာတန်သည် ရှုံးနိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ သူ၏အမှုတွင် တစ်သမတ်တည်း မဟုတ်သည့်ပုံရသော်လည်း၊ အမှန်အားဖြင့် ပုံမှန်ဖြစ်သော ပြောင်းလဲမှုများ အစဉ်မပြတ် ဖြစ်ပေါ်လေသည်။ သို့သော် လူသားက ဘုရားသခင်ကို ယုံကြည်သည့် နည်းလမ်းမှာ အတော်အတန် ကွာခြားသည်။ သူသည် ဟောင်းနွမ်းကာ၊ ရင်းနှီးကျွမ်းဝင်သော အယူဝါဒများနှင့် စနစ်များကို ဖက်တွယ်ပြီး ထိုအရာများ ဟောင်းလေလေ၊ သူ့အဖို့ နှစ်လိုဖွယ်ရှိလေလေ ဖြစ်သည်။ လူသား၏မိုက်မဲသော စိတ်၊ ကျောက်တုံးကဲ့သို့ ခေါင်းမာသော စိတ်သည် အလွန်များပြားလှသော မတွေးတတ်အောင် ခက်ခဲနက်နဲသည့် ဘုရားသခင်၏ အမှုသစ်နှင့် နှုတ်ကပတ်တော်သစ်များကို မည်သို့ လက်ခံနိုင်မည်နည်း။ လူသားသည် အမြဲအသစ်ဖြစ်ကာ လုံးဝ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ရွံမုန်း၏။ သူသည် သွားရှည်လျားကာ၊ ဆံပင်ဖြူပြီး နေရာတစ်ခုတွင် ကပ်နေသည့် အိုမင်းသောဘုရားသခင်ကိုသာ နှစ်သက်သည်။ ထိုသို့ဖြင့်၊ လူသားနှင့် ဘုရားသခင်သည် မိမိတို့ကိုယ်ပိုင် အကြိုက်များ ရှိကြသောကြောင့် လူသားသည် ဘုရားသခင်၏ ရန်သူဖြစ်သွားသည်။ ဤဆန့်ကျင်ဘက်ဖြစ်ခြင်း များစွာတို့သည် ဘုရားသခင်က အမှုသစ်ကို လုပ်ဆောင်နေခဲ့သည်မှာ နှစ်ပေါင်းခြောက်ထောင်နီးပါး ကြာပြီဖြစ်သည့် အချိန်ကာလ တစ်ခုဖြစ်သော ယနေ့တွင်ပင် တည်ရှိဆဲဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ကုစား၍မရနိုင်ပေ။ ယင်းမှာ လူသား၏ခေါင်းမာခြင်း သို့မဟုတ် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မည်သည့်လူသားကမျှ မချိုးဖောက်နိုင်ခြင်းကြောင့် ဖြစ်ကောင်း ဖြစ်ပေမည်- သို့သော် ဘုရားသခင်က သူ့ကိုပံ့ပိုးမည့်သူ မည်သူမျှ မရှိသည့်အလား၊ သူ၏ မပြီးစီးသေးသည့် စီမံခန့်ခွဲခြင်းအမှုကို ဆက်လက် ဆောင်ရွက်နေစဉ်တွင် ထိုခရစ်ယာန်ဓမ္မဆရာများနှင့် ဓမ္မဆရာမများသည် မှိုတက်၍ အိုဟောင်းသော စာအုပ်များနှင့် စာရွက်များကို ဖက်တွယ်ထားကြဆဲ ဖြစ်သည်။ ဤဆန့်ကျင်ကွဲလွဲချက်များသည် လူသားနှင့် ဘုရားသခင်ကို ရန်သူများဖြစ်စေပြီး ပြေလည်ရန် မဖြစ်နိုင်သော်လည်း၊ ဘုရားသခင်သည် ၎င်းတို့ကို တစ်ချိန်တည်းတွင် ထိုနေရာ၌ရှိပြီး ထိုနေရာ၌မရှိသည့်အလား အရေးမစိုက်ပေ။ သို့ရာတွင် လူသားသည် မိမိ၏ ယုံကြည်ချက်များနှင့် အယူအဆများကို ဆက်လက် စွဲကိုင်ထားဆဲဖြစ်ပြီး၊ ထိုအရာများကို လုံးဝ လက်မလွှတ်ပေ။ သို့တိုင် တစ်ခုသောအရာသည် ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်- လူသားသည် မိမိ၏ ရပ်တည်ချက်မှ သွေဖည်မသွားသော်လည်း၊ ဘုရားသခင်၏ခြေများသည် အမြဲ ရွေ့လျားနေပြီး ပတ်ဝန်းကျင်နှင့်အညီ သူ၏ ရပ်တည်ချက်ကို သူ အမြဲပြောင်းလဲနေပေသည်။ အဆုံးတွင်၊ မတိုက်လိုက်ရဘဲနှင့် ရှုံးနိမ့်သွားမည့်သူမှာ လူသားဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဘုရားသခင်သည် ရှုံးနိမ့်သွားသည့် သူ၏ရန်သူအားလုံး၏ အကြီးမားဆုံးသော ရန်သူဖြစ်သကဲ့သို့၊ ရှုံးနိမ့်သွားသည့် လူသားမျိုးနွယ်ရော မရှုံးနိမ့်သည့် လူသားမျိုးနွယ်တို့အတွက်ပါ ရပ်တည်ကာကွယ်သူလည်း ဖြစ်သည်။ မည်သူသည် ဘုရားသခင်နှင့် ယှဉ်ပြိုင်ပြီး အောင်နိုင်မည်နည်း။ လူသား၏ အယူအဆများစွာတို့သည် ဘုရားသခင်၏အမှု နောက်ပိုင်းတွင် ပေါက်ဖွားခဲ့ကြသောကြောင့်၊ ထိုအယူအဆများသည် ဘုရားသခင်ထံမှ လာပုံရလေသည်။ သို့သော်လည်း ဘုရားသခင်သည် လူသားကို ဤအရာကြောင့် ခွင့်လွှတ်ခြင်း မရှိသကဲ့သို့၊ ထို့ပြင် ဘုရားသခင်၏ အမှုနောက်ပိုင်းတွင် သူ၏အမှုပြင်ပ၌ ရှိသည့် “ဘုရားသခင် အတွက်” အကျိုးများကို တစ်သုတ်ပြီး တစ်သုတ် ဖြစ်ပေါ်စေခြင်းအတွက် လူသားအပေါ် ဘုရားသခင် ချီးမွမ်းခြင်းလည်း မရှိပေ။ ယင်းအစား၊ သူသည် လူသား၏ အယူအဆများနှင့် ဟောင်းနွမ်းကာ၊ ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်မှုများကို အလွန့်အလွန် ရွံ့မုန်းပြီး ထိုအယူအဆများ ဦးစွာထွက်ပေါ်ခဲ့သည့် နေ့စွဲများကို အသိအမှတ်ပြုလိုစိတ်ပင် မရှိချေ။ လူသား၏ အယူအဆများကို လူသားက ပျံ့နှံ့စေသည့်အတွက်၊ ထိုအယူအဆများသည် မိမိ၏အမှုမှ ထွက်ပေါ်လာသည်ဟု ဘုရားသခင် လုံးဝလက်မခံပေ။ ထိုအရာများ၏ အရင်းအမြစ်သည် လူသား၏အတွေးများနှင့် စိတ်တို့ဖြစ်၏- ဘုရားသခင်မဟုတ်ဘဲ၊ စာတန် ဖြစ်ပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူ၏အမှုကို ဟောင်းနွမ်းကာ မသေဆုံးစေဘဲ၊ အသစ်ဖြစ်စေကာ ရှင်သန်စေဖို့အတွက် အမြဲ ဖြစ်ခဲ့ပြီး၊ လူသားကို သူ လိုက်နာစောင့်ထိန်းစေသည့်အရာမှာ ခေတ်ကာလအလိုက် ပြောင်းလဲပြီး ထာဝရမတည်သကဲ့သို့ မပြောင်းလဲနိုင်သည့်အရာ မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူသည် လူသားကို သေဆုံးစေကာ အိုမင်းစေသော နတ်ဆိုးတစ်ပါးဖြစ်သည်ထက်၊ လူသားကို အသက်ရှင်စေကာ အသစ်ဖြစ်စေသော ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာကို သင်တို့ နားမလည်ကြသေးသလော။ သင်သည် အမြင်ကျဉ်းမြောင်းသောကြောင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများရှိပြီး ထိုအယူအဆများကို သင် လက်လွှတ်နိုင်စွမ်း မရှိပေ။ ယင်းမှာ ဘုရားသခင်၏ အမှုအတွင်းတွင် အဓိပ္ပာယ် အလွန်နည်းပါးလွန်းသောကြောင့် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ အမှုသည် လူသား၏ ဆန္ဒများနှင့် ကွဲပြားခြားနားသောကြောင့် မဟုတ်သည့်အပြင်၊ ယင်းသည် ဘုရားသခင်က မိမိ၏တာဝန်များကို အမြဲ ပေါ့ဆသောကြောင့်လည်း မဟုတ်ပေ။ သင်သည် နာခံမှု ကင်းမဲ့လွန်းသောကြောင့်နှင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ သဏ္ဌာန် အနည်းငယ်မျှ မရှိသောကြောင့်၊ သင်သည် သင်၏အယူအဆများကို လက်မလွှတ်နိုင်ပေ။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲစေခြင်းကြောင့် မဟုတ်ပေ။ ဤအရာအလုံးစုံတို့ကို သင်က ဖြစ်စေခဲ့ခြင်း ဖြစ်ပြီး၊ ဘုရားသခင်နှင့် လုံးဝ ဆက်နွှယ်မှုမရှိပေ။ ဆင်းရဲဒုက္ခနှင့် ကံဆိုးခြင်းအားလုံးကို လူသားက ဖန်တီးခြင်း ဖြစ်၏။ ဘုရားသခင်၏ အကြံအစည်များသည် အမြဲ ကောင်းမြတ်၏- သူသည် သင့်ကို အယူအဆများ ဖြစ်ပေါ်စေဖို့ ဆန္ဒမရှိဘဲ၊ ခေတ်များ ကုန်လွန်သွားသည်နှင့်အမျှ ပြောင်းလဲကာ အသစ်ပြုပြင်ခံရစေလိုသည်။ သို့သော် သင့်အတွက် မည်သည့်အရာ ကောင်းမြတ်သည်ကို သင် မသိသကဲ့သို့၊ အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် စိစစ်ခြင်း တစ်ခုမဟုတ်လျှင်တစ်ခု လုပ်ဆောင်နေလေသည်။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲစေခြင်း မဟုတ်ဘဲ၊ သင်သည် ဘုရားသခင်ကို ကြည်ညိုမှု မရှိသကဲ့သို့၊ သင်၏မနာခံခြင်းသည် အလွန်ကြီးမားနေခြင်း ဖြစ်ပေသည်။ ဘုရားသခင် ယခင်ကပေးထားသည့်အရာ၏ အရေးမပါလှသော အစိတ်အပိုင်းအချို့ကို ယူဆောင်ပြီးနောက်၊ လှည့်ကာ ဘုရားသခင်ကို တိုက်ခိုက်ရန် ယင်းကို အသုံးပြုဝံ့သည့် အဖန်ဆင်းခံ သတ္တဝါငယ်လေးတစ်ဦး- ဤသည်မှာ လူသား၏မနာခံခြင်း မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ရှေ့၌ မိမိတို့၏အမြင်များကို ဖော်ပြရန် အရည်အချင်း လုံးဝမရှိသကဲ့သို့၊ ထိုမှိုတက်သည့် အယူအဆများကို မဆိုထားနှင့်- ၎င်းတို့၏ သုံးစားမရသည့်၊ နံဟောင်နေကာ ပုပ်သိုးနေသည့်၊ ကွန့်လွန်းသော စကားအသုံးအနှုန်းကို ၎င်းတို့သည် ဆန္ဒရှိသည်အတိုင်း ဟိုဟိုသည်သည် ပြစားဝင့်ဝါဖို့ အရည်အချင်း သာ၍ပင်မရှိဟု ဆိုထိုက်ပေသည်။ ၎င်းတို့သည် သာ၍ပင် အသုံးမကျဖြစ်ကြသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်

(၁၃၇) ဘုရားသခင်၏အမှုသည် အစဉ် ရှေ့ဆက်လျက်ရှိပြီး၊ သူ၏အမှု ရည်ရွယ်ချက် မပြောင်းလဲသော်လည်း၊ သူအမှုပြုသည့် နည်းစနစ်များ စဉ်ဆက်မပြတ် ပြောင်းလဲလျက်ရှိသည်၊ ယင်းမှာ ဘုရားသခင်နောက် လိုက်လျှောက်သူများသည်လည်း စဉ်ဆက်မပြတ် ပြောင်းလဲလျက် ရှိသည်ဟု ဆိုလိုပေသည်။ ဘုရားသခင် အမှုပြုလေလေ၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူသား၏ အသိပညာသည် စေ့စပ်သေချာလေလေဖြစ်သည်။ ဘုရားသခင်၏ အမှုနောက်ပိုင်းတွင် လူ၏ စိတ်သဘောထားထဲ၌လည်း အလားတူ လိုက်လျောညီထွေသော အပြောင်းအလဲများ ဖြစ်ပေါ်လေသည်။ သို့ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသောသူများနှင့် သမ္မာတရားကို မသိသော အဓိပ္ပာယ်မရှိသည့် လူတို့သည် ဘုရားသခင်ကို ခုခံသည့် လူများ ဖြစ်လာကြသည်မှာ ဘုရားသခင်၏ အမှုက အစဉ်ပြောင်းလဲနေခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် အမြဲ သစ်လွင်ကာ မည်သည့်အခါမျှ အိုဟောင်းမသွားသကဲ့သို့၊ အမှုဟောင်းကို မည်သည့်အခါတွင်မျှ သူ ထပ်မံမလုပ်ဆောင်ဘဲ၊ ယင်းထက် ယခင်က လုံးဝ မလုပ်ဆောင်ဖူးသည့် အမှုကို တစ်ဟုန်ထိုး လုပ်ဆောင်သည့်အတွက်၊ ဘုရားသခင်၏ အမှုသည် မည်သည့်အခါတွင်မျှ လူသား၏ အယူအဆများနှင့် မကိုက်ညီပေ။ ဘုရားသခင်သည် သူ၏အမှုကို ထပ်၍ မလုပ်ဆောင်သကဲ့သို့၊ လူသားသည် ဘုရားသခင်၏ လက်ရှိအမှုကို သူ၏ အတိတ်က အမှုဖြင့် အစဉ်သဖြင့် ဝေဖန်အကဲဖြတ်သည်နှင့်အမျှ၊ ဘုရားသခင်အတွက် ခေတ်သစ်နှင့်ဆိုင်သည့် အမှု၏ အဆင့်အသီးသီးကို ဆောင်ရွက်ဖို့ အလွန့်အလွန် ခက်ခဲလာပြီဖြစ်သည်။ လူသားသည် အလွန်အကျွံ များလှသော အခက်အခဲများ ရှိပေသည်။ သူသည် မိမိ၏ တွေးခေါ်မှုတွင် အလွန် ရှေးရိုးစွဲလွန်းလှသည်။ ဘုရားသခင်၏အမှုကို မည်သူမျှ မသိသော်လည်း၊ အယောက်တိုင်းက ယင်းကို ဘောင်ခတ်လေသည်။ လူသားသည် ဘုရားသခင်ကို စွန့်ခွာသည့်အခါ၊ အသက်၊ သမ္မာတရားနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးရ၏၊ သို့သော် သူသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးသနားသည့် သာ၍ကြီးမားသော ကောင်းချီးမင်္ဂလာများကို လက်ခံရန် မဆိုထားနှင့်၊ အသက်ကို လက်မခံသကဲ့သို့ သမ္မာတရားကိုလည်း လက်မခံပေ။ လူသားအားလုံးသည် ဘုရားသခင်အား ရရှိလိုကြသော်လည်း၊ ဘုရားသခင်၏ အမှုရှိ မည်သည့်အပြောင်းအလဲကိုမျှ သည်းခံနိုင်ခြင်းမရှိကြချေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများက ဘုရားသခင်၏ အမှုသည် မပြောင်းလဲနိုင်၊ အစဉ်ထာဝရ လုံးဝဥဿုံ ရပ်လျက်ရှိသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ ယုံကြည်မှုတွင်၊ ဘုရားသခင်ထံမှ ထာဝရကယ်တင်ခြင်းကိုရရှိရန် လိုအပ်သော အရာမှာ ပညတ်တော်ကို လိုက်နာခြင်းသာဖြစ်ပြီး၊ ၎င်းတို့ နောင်တရပြီး မိမိတို့၏ အပြစ်များကို ဝန်ခံသရွေ့၊ ဘုရားသခင်၏ အလိုသည် အမြဲကျေနပ်ခြင်း ရှိလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် ပညတ်တော်အောက်၌ရှိသော ဘုရားသခင်နှင့် လူသားအတွက် ကားတိုင်ပေါ် သံမှိုရိုက်နှက်ခံခဲ့ရသည့် ဘုရားသခင်သာ ဖြစ်နိုင်သည်ဆိုသည့် အယူအဆရှိကြသည်။ ဘုရားသခင်သည် သမ္မာကျမ်းစာကို မကျော်လွန်သင့်သကဲ့သို့၊ မကျော်လွန်နိုင် ဆိုသည်မှာလည်း ၎င်းတို့၏ အယူအဆဖြစ်သည်။ ၎င်းတို့အား ပညတ်တရားဟောင်းများနှင့် ခိုင်မာစွာ ချုပ်နှောင်ပြီး စည်းမျဉ်းသေများဖြင့် ချုပ်နှောင်ထားသည်မှာ အတိအကျအားဖြင့် ဤအယူအဆများ ဖြစ်သည်။ ဘုရားသခင်၏ အမှုသစ်သည် မည်သည့်အရာပင် ဖြစ်ပါစေ၊ ၎င်းကို ဗျာဒိတ်များဖြင့် ခိုင်လုံစွာ တင်ပြနိုင်ရမည်ဖြစ်ပြီး၊ ထိုသို့သောအမှု၏ အဆင့်တစ်ခုစီတွင် “စစ်မှန်သော” နှလုံးသားဖြင့် သူ့နောက်လိုက်သောသူ အားလုံးတို့ကိုလည်း ဗျာဒိတ်များ ပြသကြရမည်၊ သို့မဟုတ်ပါက ထိုသို့သောအမှုသည် ဘုရားသခင်၏ အမှုမဖြစ်နိုင်ဟု ယုံကြည်ကြသူ သာ၍ပင် ရှိလေသည်။ လူသားအတွက် ဘုရားသခင်ကို သိရှိလာရန်မှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်နှင့်လေပြီဖြစ်သည်။ လူသား၏ အဓိပ္ပာယ်မရှိသည့် စိတ်နှလုံးနှင့် သူ၏ မိမိဘာသာ ကြီးကျယ်ကာ စိတ်ကြီးဝင်ခြင်း နှင့်ဆိုင်သည့် ပုန်ကန်တတ်သော သဘာဝတို့ အပြင် ယင်းကို ကြည့်ပါက၊ ဘုရားသခင်၏အမှုသစ်ကို လက်ခံရန် သူ့အတွက် သာ၍ပင် ခက်ခဲလာပေသည်။ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက်ဖြစ်သော စေ့စေ့စပ်စပ် စိစစ်ခြင်းကို မပြုသကဲ့သို့၊ ယင်းကို နှိမ့်ချခြင်းဖြင့်လည်း လက်မခံပေ။ ထိုအစား၊ ဘုရားသခင်ထံမှ ဗျာဒိတ်များနှင့် လမ်းပြမှုတို့ကို စောင့်ဆိုင်းနေစဉ် အထင်သေးသော သဘောထားကို သူ ထားရှိခံယူလေ၏။ ဤသည်မှာ ဘုရားသခင်ကို ပုန်ကန်ကာ ခုခံသောသူတို့၏ အပြုအမူဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ လက်ခံခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

(၁၃၈) လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်ရမည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ လိုက်” သင့်သည်။ ဤလူများသည်သာ မှန်သော လမ်းခရီးကို ရှာဖွေသည့် လူများဖြစ်သည်၊ ၎င်းတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများ ဖြစ်ကြလေသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို မျက်စိစုံမှိတ် လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလအသီးသီးတွင်၊ ဘုရားသခင်သည် အမှုသစ်ကို စတင်လိမ့်မည် ဖြစ်ပြီး၊ အချိန်ကာလ အသီးသီးတွင်၊ လူသားအလယ် အသစ်သော စတင်မှု တစ်ခု ရှိလိမ့်မည်။ ၎င်းတို့နှင့် သက်ဆိုင်ရာ ခေတ်များကိုသာ အကျိုးသက်ရောက်မှု ရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ အမှုပြုသည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်လေသည်။ ဤနည်းဖြင့် လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ကို လူသားက သေချာပြီး၊ မည်သည့်သံသယမျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် ကြိုးစားသရွေ့၊ သူသည် အဘယ်သို့ အပြစ်ဒဏ်ပေး ခံရနိုင်မည်နည်း။ ဘုရားသခင်၏ အမှုသည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ၏ ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်း မရှိသကဲ့သို့၊ သူ၏ စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံခြင်း မတိုင်မီတွင်၊ သူသည် အမြဲ အလုပ်များကာ ဘယ်သောအခါမျှ မရပ်တန့်ချေ။ သို့သော် လူသားက ကွဲပြား၏- သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းငယ်သော အလုပ်ကိုသာ ရရှိပြီးဖြစ်လျက်၊ သူသည် ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်သည့်အလား သဘောထားလေသည်။ အသိပညာ အနည်းငယ် ရရှိပြီးဖြစ်လျက်၊ သူသည် ရှေ့ထွက်ကာ ဘုရားသခင်၏ သာ၍သစ်လွင်သော အမှု၏ ခြေလှမ်းများနောက် မလိုက်ပေ။ ဘုရားသခင်၏ အမှုအနည်းငယ်ကိုသာ မြင်ရပြီးဖြစ်လျက်၊ သူသည် ဘုရားသခင်ကို သီးသန့် သစ်သားရုပ်ပုံတစ်ခုအဖြစ် ချက်ချင်းသရုပ်ဖော်ပြီး၊ သူ့ရှေ့တွင် သူမြင်ရသည့် ဤပုံသဏ္ဌာန်ဖြင့် ဘုရားသခင်သည် အမြဲ ရှိနေလိမ့်မည်၊ အတိတ်က ဤကဲ့သို့ ဖြစ်ခဲ့ပြီး၊ အနာဂတ်တွင်လည်း ထိုသို့ အမြဲ ဖြစ်နေလိမ့်မည်ဟု သူ ယုံကြည်လေသည်။ အပေါ်ယံ အသိပညာ တစ်ခုကိုသာ ရရှိပြီးဖြစ်လျက်၊ လူသည် အလွန် မာနထောင်လွှားသည်မှာ သူ့ကိုယ်သူ မေ့လျော့ပြီး တကယ်ကို မတည်ရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်တည်ခြင်းတို့ကို လက်လွတ်စပယ် စတင် ကြေညာလေသည်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုနှင့်ပတ်သက်၍ သေချာလာလျက်၊ ဘုရားသခင်၏ အမှုသစ်ကို ကြေညာသည်မှာ မည်သည့်လူစားမျိုးဖြစ်စေ၊ လူသည် ယင်းကို လက်မခံပေ။ ဤသည်တို့မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်သည့် လူများ ဖြစ်ကြသည်။ ၎င်းတို့သည် အလွန် ရှေးရိုးစွဲကြပြီး၊ အသစ်သော အရာများကို လက်ခံနိုင်စွမ်း မရှိကြချေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ငြင်းပယ်ကြသူများလည်း ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ” သည်မှာ မှားယွင်းခဲ့ကြသည်ဟု လူတို့က ယုံကြည်ကြသည်၊ သို့သော် လူအများစုသည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်” သကဲ့သို့၊ “မေရှိယ၏ ပြန်ကြွလာခြင်းကို တောင့်တသော်လည်း၊ ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည့်” အခန်းကဏ္ဍကို ဆောင်ရွက်နေကြလေသည်။ ထိုအခါ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်တစ်ခုကို လက်ခံပြီးသည့်နောက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြဆဲ ဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မရရှိကြသေးသည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသား၏ ပုန်ကန်မှု ရလဒ် ဖြစ်သည် မဟုတ်ပေလော။ ယနေ့၏ အမှုသစ်ကို အမီမလိုက်ကြသည့် ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်များအားလုံးသည် ၎င်းတို့၏ ဆန္ဒအသီးသီးကို ဘုရားသခင်က ဖြည့်ဆည်း ပေးလိမ့်မည်ဟု ယူဆလျက် ၎င်းတို့မှာ ကံကောင်းသောသူများဖြစ်သည်ဟူသည့် ယုံကြည်မှုကို ဆုပ်ကိုင်ထားကြလေသည်။ သို့တိုင် သူတို့စိတ်ကူးထားသည့် နေ့ရက်တွင် ယေရှုသည် ဖြူသောမိုးတိမ်ကို စီးပြီး ဧကန်အမှန် ရောက်လာမည် မရောက်လာမည်ကို လုံးဝ သေချာမှုဖြင့် ၎င်းတို့ ပြောနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်က ၎င်းတို့ကို အဘယ်ကြောင့် တတိယကောင်းကင်သို့ ခေါ်ဆောင်သွားမည်ကို ၎င်းတို့ သေချာ မပြောနိုင်သကဲ့သို့၊ ဘုရားသခင်က ဖြူသောမိုးတိမ်ကို စီးလျက် ၎င်းတို့ကို လက်ခံဖို့ မည်သို့ ကြွလာမည်ဆိုသည်ကိုလည်း မသေချာကြပေ။ ၎င်းတို့အားလုံးသည် သောကရောက်ပြီး ဘာလုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။ ဘုရားသခင်သည် ဂိုဏ်းဂဏ အသီးသီးမှဖြစ်ကြသည့် ကွဲပြားသော နည်းပါးသည့် လက်တစ်ဆုပ်စာ ဖြစ်သည့် ၎င်းတို့ အသီးသီးကို ခေါ်ဆောင်မည် မခေါ်ဆောင်မည်ကိုပင် ၎င်းတို့ကိုယ်တိုင် မသိရှိကြပေ။ ယခုအချိန် မျက်မှောက်ခေတ်တွင် ဘုရားသခင်ပြုသည့် အမှု၊ ဘုရားသခင်၏ အလို- ဤအရာများထဲမှ မည်သည့်အရာကိုမျှ ၎င်းတို့ သဘောမပေါက်ကြသကဲ့သို့၊ ၎င်းတို့၏လက်ချောင်းများဖြင့် နေ့ရက်များကို ရေတွက်ရုံသာ တတ်နိုင်ကြသည်။ သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သူများသာ နောက်ဆုံး ကောင်းချီးမင်္ဂလာကို ရရှိနိုင်သည်၊ အဆုံးထိ လိုက်မလျှောက်နိုင်သော်လည်း ၎င်းတို့ အလုံးစုံကို ရရှိပြီးဖြစ်သည်ဟု ယုံကြည်ကြသည့် ထို“လူတော်များ” များမှာမူ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သက်သေခံနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတော်ဆုံးလူများဖြစ်ကြသည်ဟု ၎င်းတို့ အသီးသီးက ယုံကြည်ကြပြီး၊ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ ဘုရားသခင် အမှု၏ ဆက်လက်တိုးတက်ဖွံ့ဖြိုးမှုကို ဖြတ်တောက်ကြကာ၊ “ဘုရားသခင်ကို အဆုံးစွန်သစ္စာရှိသူ၊ ဘုရားသခင်နောက်လိုက်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ” များဖြစ်သည့် ၎င်းတို့ကို ဘုရားသခင်က ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားလိမ့်မည်ဟု မုချသေချာစွာဖြင့် ယုံကြည်ကြပုံရလေသည်။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များကို “အဆုံးစွန်သစ္စာစောင့်သိမှု” ရှိသော်လည်း၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်ကြသည့်အတွက်၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အလွန် ရွံရှာစက်ဆုပ်ဖွယ် ဖြစ်နေဆဲ ဖြစ်သည်။ အဆုံးထိတိုင် မလိုက်လျှောက်သော သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူများနှင့်၊ ဟောင်းသော အမှုကိုသာ ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာစောင့်သိခြင်း မရှိကြသည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ခေတ်သစ်၏ ငြင်းပယ်ခြင်းကို ခံရသည့်သူများနှင့် အပြစ်ပေးခံရမည့်သူများ ဖြစ်လာကြပြီးဖြစ်သည်။ ၎င်းတို့ထက်သာ၍ သနားစဖွယ်ကောင်းသည့်အရာ တစ်ခုတစ်လေ ရှိသလော။ ပညတ်တရားဟောင်းကို ပယ်ဖျက်ပြီး အမှုသစ်ကို လက်ခံသူတို့သည် အသိစိတ်မရှိသူများဖြစ်သည်ဟု များစွာသော လူတို့က ယုံကြည်ကြသည်။ “အသိစိတ်” ကိုသာ ပြောဆိုကြပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိကြသည့် ဤလူတို့သည် နောက်ဆုံးတွင် ၎င်းတို့ကိုယ်တိုင်၏ အသိစိတ်များက ၎င်းတို့၏ မျှော်လင့်ချက်များ ဖြတ်တောက်သည်ကို ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုသည် အယူဝါဒကို လိုက်နာခြင်းမရှိသကဲ့သို့၊ ယင်းသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ဘုရားသခင်က မဖက်တွယ်သေးပေ။ ငြင်းပယ်ခံရသင့်သည့်အရာသည် ငြင်းပယ်ခံရပြီး၊ ဖယ်ထုတ်ခံရသင့်သည့်အရာသည် ဖယ်ထုတ်ခြင်း ခံရပေသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ သေးငယ်သည့် အစိတ်အပိုင်းတစ်ခုကိုသာ ဆုပ်ကိုင်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် ဘုရားသခင်အား ရန်လိုမှုတွင် ရှိစေကြသည်။ ဤသည်မှာ လူသား၏ ရယ်ဖွယ်ကောင်းခြင်းတစ်ခု မဟုတ်လော။ ဤသည်မှာ လူသား၏ မသိနားမလည်မှု မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ မရရှိမည်ကို ကြောက်ရွံ့သောကြောင့်၊ ၎င်းတို့သည် တွန့်ဆုတ်ပြီး လိုသည်ထက် ပိုသတိရှိလေလေ၊ ၎င်းတို့သည် သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာများနှင့် နောက်ဆုံး ကောင်းချီးမင်္ဂလာများကို သာ၍ ရရှိနိုင်စွမ်း မရှိလေ ဖြစ်သည်။ ပညတ်တော်ကို စုံမှိတ်ပြီး လိုက်နာသည့် သူအားလုံးသည် ပညတ်တော်အပေါ် အဆုံးစွန် သစ္စာစောင့်သိမှုကို ပြသကြပြီး ၎င်းတို့သည် ပညတ်တော်အပေါ် ထိုသို့သော သစ္စာစောင့်သိမှုကို ပြသလေလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် ပုန်ကန်သူများ သာ၍ဖြစ်လေလေ ဖြစ်သည်။ အကြောင်းမှာ ယခုသည် နိုင်ငံတော်ခေတ် ဖြစ်ပြီး ပညတ်တော်ခေတ် မဟုတ်သကဲ့သို့၊ ယနေ့အမှုနှင့် အတိတ်က အမှုတို့ကို တစ်ချိန်တည်းတွင် ဖော်ပြ၍ မရနိုင်သကဲ့သို့၊ အတိတ်က အမှုကိုလည်း ယနေ့အမှုနှင့် နှိုင်းယှဉ်၍ မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် ပြောင်းလဲပြီးဖြစ်ကာ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ပြောင်းလဲပြီး ဖြစ်သည်။ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည် ပညတ်တော်ကို ကိုင်စွဲထားရန် သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းထားရန် မဟုတ်တော့ပေ၊ ထို့ကြောင့် ပညတ်တော်နှင့် လက်ဝါးကပ်တိုင်အပေါ် လူတို့၏ သစ္စာစောင့်သိမှုသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိမည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

(၁၃၉) လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌ အသက်ရှင်နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် အသက်ရှင်နေကြကာ ၎င်းတို့ထဲတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ထိုကဲ့သို့သောသူတို့သည် ဝိုးတဝါးဖြစ်သောရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားများသည် မောက်မာမှု၊ မိမိကိုယ်ကိုယုံကြည်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ဤသည်မှာ ၎င်းတို့အားလုံးသည် အခြေခံအားဖြင့် ငါ့ကိုဆန့်ကျင်ကြလျက် ငါနှင့်သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ သမ္မာကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့်သဟဇာတဖြစ်ရန်နည်းလမ်းကို မသိကြပေ။ ငါ့ကို ဆန့်ကျင်ခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း မသိကြပေ။ ထို့အပြင် သမ္မာကျမ်းပိုဒ်များကို အကျိုးအကြောင်းမမြင်ဘဲသာ ဖတ်ကြ၏။ ကျမ်းစာထဲတွင် ၎င်းတို့ တစ်ခါမျှ မမြင်ဖူးသော၊ ၎င်းတို့မြင်နိုင်စွမ်းမရှိသော ဝိုးတဝါးဖြစ်သည့်ဘုရားသခင်တစ်ပါးကို ၎င်းတို့သည် ဘောင်ခတ်ထား၍ ၎င်းတို့အားလပ်သည့်အချိန်၌ ထုတ်ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရန်အတွက် သူ့အား ဤလောကမှ နှင်ထုတ်ရန်ကို သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန်ကို သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိအောင် ပြုလုပ်ရန်အတွက် လူ့ဇာတိခံ၍ တစ်ဖန်ပြန်ကြွလာသော ခရစ်တော်ကို တစ်ဖန်ကားစင်တင်ရန်ကို သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားတွင် မလိုမုန်းထားမှုများ များလွန်းပြီး၊ သူ၏သဘာဝသည် ငါ့ကိုဆန့်ကျင်လွန်းသောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့လက်ခံရရှိနိုင်မည်နည်း။ ငါသည် လူတို့ထဲတွင်နေသော်လည်း လူသည် ငါရှိကြောင်းကို မသိပေ။ ငါသည် ငါ၏အလင်းကို လူသားအပေါ် ထွန်းလင်းသည့်အခါ သူသည် ငါရှိကြောင်းကို မသိဘဲရှိနေသေး၏။ ငါ၏အမျက်ဒေါသကို လူသားအပေါ် လွှတ်လိုက်သည့်အခါ သူသည် ငါရှိနေကြောင်းကို ပို၍ကြီးမားသောအားမာန်ဖြင့် ငြင်းဆို၏။ လူသားသည် စကားလုံးများ၊ သမ္မာကျမ်းစာများတို့နှင့် သဟဇာတဖြစ်ရေးကို ရှာ၏။ သို့ရာတွင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းကိုရှာဖွေရန် ငါ့ရှေ့မှောက်လာရောက်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါရှိနေခြင်းကို အထူးအလေးထားသော်လည်း၊ လူ့ဇာတိခန္ဓာ၌ရှိနေသော ငါ့အကြောင်းကို မည်သူကမျှ အရေးမပေးပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားတွင်နေလျက်ရှိသော ငါသည် အရေးမပါလွန်းသောကြောင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် ဝေဝါးသောဘုရားသခင်နှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား ပြောမပြနိုင်လောက်အောင် မြောက်မြားစွာသောရတနာများကို ပေးနိုင်စွမ်းရှိသော ဘုရားသခင်တစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏တန်ခိုးလက်အောက်တွင် ရှိမည့်ဘုရားသခင်၊ မတည်ရှိသောဘုရားသခင် ဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ လူသားသည် နိမ့်ကျလွန်းသဖြင့် ဖော်ပြ၍ပင် မရချေ။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့ထံမှ အကန့်အသတ်မရှိ တောင်းဆိုသူများ၊ သမ္မာတရားကိုမမြတ်နိုးသူများ၊ ငါ့ကိုပုန်ကန်သူများ— ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

(၁၄၀) အကယ်၍ ဘုရားသခင်သည် အပြောင်းအလဲမရှိသော ရွှံ့စေးရုပ်တုအလား၊ ဘုရားသခင်ကို အကဲဖြတ်ရန်နှင့် ဘောင်ခတ်ရန် မိမိတို့၏ အယူအဆများ အသုံးပြုသည့်အပြင်၊ သမ္မာကျမ်းစာ၏ ကန့်သတ်ချက်များအတွင်း၌ ဘုရားသခင်ကို လုံးလုံးလျားလျား ဘောင်ခတ်ပြီး အကန့်အသတ်ရှိသော အမှုအတိုင်းအတာအတွင်း၌ သူ့ကို ထိန်းချုပ်ထားပါက၊ ဤသည်မှာ သင်တို့က ဘုရားသခင်ကို ရှုတ်ချမိပြီဖြစ်ကြောင်း သက်သေပြလေသည်။ ဘုရားသခင်ကို မေရှိယဟုသာ ခေါ်ဆိုနိုင်ပြီး မေရှိယဟု ခေါ်ခြင်းခံရသောသူမှသာလျှင် ဘုရားသခင်ဖြစ်နိုင်သည့်အလား၊ ဓမ္မဟောင်းခေတ်ထဲက ယုဒလူမျိုးတို့သည် သူတို့၏စိတ်နှလုံးထဲ၌ တရားသေ စွဲကိုင်ထားသည့် ရုပ်တုဆင်းတုပုံစံအဖြစ် ဘုရားသခင်ကို သဘောထားခဲ့ကြသောကြောင့်၊ ထို့ပြင် လူသားမျိုးနွယ်က ဘုရားသခင်ကို (အသက်မဲ့သော) ရွှံ့စေးရုပ်တုပမာ အစေခံပြီး ကိုးကွယ်ခဲ့ကြသောကြောင့်၊ သူတို့သည် ထိုခေတ်၏ယေရှုကို သေမိန့်ပေးကာ လက်ဝါးကားတိုင်ထက်၌ သံမှိုစွဲရိုက်ခဲ့ကြကာ- ထိုသို့ဖြင့် အပြစ်မဲ့သောယေရှုမှာ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်သည် ပုန်ကန်ပြစ်မှားခြင်း တစ်စုံတစ်ရာ ကင်းမဲ့ခဲ့စေကာမူ၊ လူသားက သူ့ကို သက်ညှာရန် ငြင်းဆန်ခဲ့ပြီး၊ သူ့ကို သေမိန့်ပေးရန် မရမကတောင်းဆိုခဲ့ကြသဖြင့် ယေရှုမှာ ကားစင်တင်သတ်ခံခဲ့ရ၏။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိဟု လူက အမြဲယုံကြည်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအပေါ် လူက ပြီးပြည့်စုံသော နားလည်ခြင်းရှိသည့်အလား၊ ဘုရားသခင်လုပ်ဆောင်သမျှ အရာခပ်သိမ်းကို လူက သူ၏လက်ခုပ်ထဲတွင် ထိန်းထားသည့်အလား သမ္မာကျမ်းစာဟူသော တစ်အုပ်တည်းသော စာအုပ်ပေါ်အခြေခံ၍ သူ့အား အနက်ဖွင့်ဆိုကြသည်။ လူတို့သည် လွန်လွန်ကဲကဲပင် ကိုးရိုးကားရား ဖြစ်နေကြပြီး၊ လွန်လွန်ကဲကဲပင် မာနထောင်လွှားနေကြကာ၊ သူတို့အားလုံးမှာ ချဲ့ကားပြောဆိုခြင်းတွင် အလွန်ကျွမ်းကျင်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏ အသိပညာမှာ မည်မျှပင် ကြီးမားနေပါစေ၊ သင်သည် ဘုရားသခင်၏ အမှုကို လုံးလုံးလျားလျား လိုက်နာနိုင်စွမ်း မရှိသည့်အပြင်၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ထားသည့် လမ်းကြောင်းကို လိုက်လျှောက်နိုင်စွမ်း မရှိသောကြောင့်၊ သင်သည် ဘုရားသခင်ကို မသိကျွမ်းကြောင်း၊ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူ တစ်ယောက်ပင် ဖြစ်ကြောင်းနှင့်၊ သင်သည် ဘုရားသခင်ကို ပြစ်မှားမိခဲ့ပြီဖြစ်ကြောင်း ငါပြောနေသေးသည်။ ဘုရားသခင်သည် လူ၏ လုပ်ဆောင်ချက်များအပေါ် အဘယ်ကြောင့် မည်သည့်အခါမျှ ကျေနပ်ခြင်းမရှိရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်၊ သူ၌ အယူအဆများ များစွာရှိပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ သူ၏အသိပညာမှာ လက်တွေ့အရှိတရားနှင့် မည်သို့မျှ မကိုက်ညီသောကြောင့်ဖြစ်ကာ၊ ထိုအစား သူသည် အပြောင်းအလဲမရှိဘဲ ဓာတ်ပြားဟောင်းကိုသာ ငြီးငွေ့ဖွယ် ပြန်ပြန်ဖွင့်နေပြီး အခြေအနေတိုင်းအတွက် တစ်ခုတည်းသော ကိုင်တွယ်ဖြေရှင်းနည်းကိုသာ အသုံးပြုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ယနေ့တွင် ကမ္ဘာမြေကြီးသို့ ဆင်းကြွလာကာ နောက်ထပ်တစ်ကြိမ် လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများ၏ သံမှိုစွဲရိုက်ထားခြင်းကို ခံရခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်

(၁၄၁) လူသားတို့သည် ကယ်တင်ရှင်၏ ရောက်ရှိခြင်းကို မျက်မြင်တွေ့နိုင်ရန် ထောင်စုနှစ်အချို့ကြာ တောင့်တကြပြီး ဖြစ်သည်။ ကယ်တင်ရှင် ယေရှုသည် နှစ်ထောင်ပေါင်းများစွာကြာ သူ့ကို အောက်မေ့ကာ တမ်းတကြသူများအလယ် ကိုယ်တိုင်ကိုယ်ကျ ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်သည်ကို ရှုမြင်ရန် လူသားက တောင့်တပြီးဖြစ်သည်။ လူသားသည် ကယ်တင်ရှင်က ပြန်ကြွလာပြီး ၎င်းတို့နှင့် ပြန်လည် ပေါင်းစည်းရန်အတွက်လည်း တောင့်တပြီးဖြစ်သည်။ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်းများစွာကြာ လူတို့နှင့် ကွဲကွာပြီးဖြစ်သည့် ကယ်တင်ရှင် ယေရှုကို ပြန်ကြွလာဖို့နှင့် ယုဒလူမျိုးများအလယ် သူပြုခဲ့သည့် ရွေးနုတ်ခြင်းအမှုကို တစ်ဖန် ဆောင်ရွက်ဖို့၊ လူသားအပေါ် သနားကရုဏာနှင့်ပြည့်စုံပြီး ချစ်ခင်ရန်၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ပြီး လူသား၏အပြစ်များကို သယ်ဆောင်ပြီး လူသား၏ အပြစ်ဒုစရိုက်များအားလုံးကိုပင် သယ်ဆောင်ရန်နှင့် လူသားအား အပြစ်မှ ကယ်လွှတ်ရန် တောင့်တခဲ့ကြသည်။ လူသားက တောင့်တသည်မှာ ကယ်တင်ရှင် ယေရှုသည် ယခင်အတိုင်း ဖြစ်ဖို့ရန် ဖြစ်သည်- ချစ်မြတ်နိုးဖွယ်ကောင်းသည့်၊ ကြင်နာပြီး၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသ မရှိသကဲ့သို့၊ လူသားကို အပြစ်ဆိုခြင်း မရှိဘဲ၊ ခွင့်လွှတ်ကာ လူသား၏ အပြစ်များအားလုံးကို ဆောင်ယူပြီး ယခင်အတိုင်း လူသားအတွက် ကားတိုင်တွင်ပင် အသေခံသည့် ကယ်တင်ရှင်အဖြစ် ဖြစ်သည်။ ယေရှု ထွက်ခွာသွားခဲ့ကတည်းက၊ သူ့ နောက်လိုက်ခဲ့ကြသည့် တပည့်တော်များအပြင်၊ သူ၏နာမဖြင့် ကယ်တင်ခံခဲ့ကြရသည့် သန့်ရှင်းသူအားလုံးသည် သူ့အား အသည်းအသန် အောက်မေ့ကာ စောင့်ဆိုင်းနေကြပြီး ဖြစ်သည်။ ကျေးဇူးတော်ခေတ်အတွင်းတွင် ယေရှုခရစ်တော်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံခဲ့ရသူ အားလုံးသည် ကယ်တင်ရှင်ယေရှုက ဖြူသော မိုးတိမ်စီးလျက် လူအားလုံးအလယ် ပေါ်ထွန်းမည့်အချိန် နောက်ဆုံးသော ကာလထဲက ဝမ်းမြောက်ဖွယ်ရာနေ့ရက်ကို တောင့်တနေခဲ့ကြသည်။ ဟုတ်ပေ၏၊ ဤသည်မှာ ယနေ့ခေတ် ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်း ဖြစ်သည်။ စကြဝဠာရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူ အယောက်စီတိုင်းသည် ကမ္ဘာမြေပေါ်တွင် ယေရှု ရှိစဉ်က “ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည်ရောက်ရှိလာလိမ့်မည်။” ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန် ယေရှုခရစ်တော် ရုတ်တရက် ရောက်ရှိဖို့ အသည်းအသန် တမ်းတလျက် ရှိကြပြီးဖြစ်သည်။ ကားစင်တင်ခံရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း နောက်တွင်၊ ယေရှုသည် အမြင့်ဆုံးသော ဘုရား၏ လက်ျာတော် အရပ်ရှိ သူ၏ နေရာကိုယူဖို့ ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့သည်ဟု လူသားက ယုံကြည်သည်။ ထိုနည်းတူ ယေရှုသည် နှစ်ထောင်ပေါင်းများစွာကြာ သူ့အား အသည်းအသန် တမ်းတကြပြီးဖြစ်သူများအလယ် ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်သွားချိန်က စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုသည်) စီးလျက် တစ်ဖန် ဆင်းသက်လာလိမ့်မည် ဖြစ်ပြီး၊ သူသည် ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်ကို ယူပြီး အဝတ်အစားများကို ဝတ်စားထားလိမ့်မည်။ လူသားထံ ပေါ်ထွန်းပြီးနောက်တွင်၊ ၎င်းတို့အပေါ် အစားအစာ ပေးသနားမည် ဖြစ်ပြီး၊ ၎င်းတို့အတွက် အသက်ရေများ ပန်းထွက်စေလိမ့်မည် ဖြစ်ကာ၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝလျက်၊ လူသားအလယ် အထင်းသားနှင့် စစ်မှန်စွာ အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထိုသို့သော အယူအဆအားလုံးသည် လူတို့ ယုံကြည်သည့်အရာ ဖြစ်သည်။ သို့သော် ကယ်တင်ရှင် ယေရှုက ဤသို့ မလုပ်ဆောင်ခဲ့ပေ။ လူသား စိတ်ကူးပေါက်သည့်အရာနှင့် ဆန့်ကျင်ဘက် လုပ်ဆောင်ခဲ့သည်။ သူ၏ပြန်ကြွလာခြင်းကို တမ်းတခဲ့ကြသူများ အလယ်တွင် သူ ကြွရောက်မလာခဲ့သကဲ့သို့၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူအားလုံးထံသို့ သူ ပေါ်ထွန်းမလာခဲ့ပေ။ သူသည် ရောက်ရှိနှင့်ပြီးဖြစ်သော်လည်း၊ လူသားက မသိသကဲ့သို့၊ မသိနားမလည်ဘဲ ရှိနေဆဲဖြစ်သည်။ “ဖြူသောမိုးတိမ်”ပေါ် (သူ၏ ဝိညာဉ်တော်၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ ပင်ကိုစိတ်သဘောထားနှင့် သူ၏ ဖြစ်ခြင်း အားလုံးဖြစ်သော မိုးတိမ်) သူ ဆင်းကြွနှင့်ပြီးဖြစ်ကာ နောက်ဆုံးသောကာလအတွင်း သူပြုမည့် အောင်မြင်သူများ အုပ်စုအလယ်တွင် ယခု ရှိနေသည်ကို မသိဘဲလျက်၊ လူသားသည် ရောက်တတ်ရာရာ သူ့ကို စောင့်ဆိုင်းရုံမျှ စောင့်ဆိုင်းနေလေသည်။ ဤအရာကို လူသားက မသိပေ- သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အတွက် ချစ်ခင်မှုနှင့် ချစ်ခြင်းမေတ္တာများရှိ သော်ငြားလည်း၊ အညစ်အကြေးများနှင့် မသန့်စင်သော ဝိညာဉ်များ နေရာယူ ထားသည့် “ဗိမာန်တော်များ”တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားသည် သူ၏ကြွရောက်ခြင်းကို စောင့်စားနေပြီးဖြစ်သော်လည်း၊ မဖြောင့်မတ်သော သူ၏အသားကို စားသူ၊ မဖြောင့်မတ်သောသူ၏ သွေးကို သောက်ပြီး၊ မဖြောင့်မတ်သောသူ၏ အဝတ်အစားများကို ဝတ်ဆင်သူ၊ သူ့ကို ယုံကြည်သော်လည်း သူ့ကို မသိသောသူ၊ သူ့ကို စဉ်ဆက်မပြတ် ခြိမ်းခြောက်သူများထံ အဘယ်သို့ ပေါ်ထွန်းနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာနှင့် ပြည့်ပြီး၊ သနားကရုဏာဖြင့် ပြည့်လျှံကာ၊ သူသည် ရွေးနုတ်ခြင်းနှင့် ပြည့်ဝသည့် အပြစ်ဖြေရာယဇ်ဖြစ်သည်ကိုသာ လူသားက သိရှိထားသည်။ သို့ရာတွင် သူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှုတို့ဖြင့် ပြည့်လျှမ်းပြီး ဩဇာအာဏာကို ပိုင်ဆိုင်ကာ ဂုဏ်သိက္ခာအပြည့် ရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကိုမူ လူသားက မသိချေ။ ထို့ကြောင့် လူသားသည် ရွေးနုတ်ရှင်၏ ပြန်ကြွလာခြင်းကို စိတ်အားထက်သန်စွာ တမ်းတပြီး ဆန္ဒပြင်းပြကာ၊ ၎င်းတို့၏ ဆုတောင်းချက်များက ကောင်းကင်ဘုံကိုပင် လှုပ်ရှားသွားစေသော်လည်း၊ ကယ်တင်ရှင်ယေရှုသည် သူ့ကို ယုံကြည်သော်လည်း သူ့အား မသိကျွမ်းသူများထံ မပေါ်ထွန်းပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

(၁၄၂) လူတွေးထင်သကဲ့သို့ ယေရှုသည် တစ်ဖန်ကြွလာမည်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလတွင် ယေရှုဟုပင် အခေါ်ခံရဆဲဖြစ်ကာ လူများအလယ်တွင် ယေရှု၏ ပုံသဏ္ဌာန်ဖြင့် ဆင်းသက်ကြွရင်း၊ ဖြူသော မိုးတိမ်ကိုစီးပြီး ကြွလာဆဲဖြစ်ပါက- ယင်းသည် သူ၏အမှုကို ပြန်ကျော့ခြင်း ဖြစ်သည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်သည် အဟောင်းကို တွယ်ဖက်နိုင်စွမ်း ရှိပါသလော။ လူ ယုံကြည်သည့်အရာအားလုံးမှာ အယူအဆများဖြစ်ပြီး၊ လူ နားလည်သည့် အရာအားလုံးသည် တိုက်ရိုက်အဓိပ္ပာယ်အရနှင့် သူ၏ စိတ်ကူးစိတ်သန်းအရလည်း ဖြစ်ပေသည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘောတရားများနှင့် သဘောကွဲလွဲသကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း မကိုက်ညီပေ။ ဘုရားသခင်သည် ထိုနည်းလမ်းဖြင့် အမှုပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် အလွန် မမိုက်မဲသကဲ့သို့ မတုံးအပေ၊ ပြီးလျှင် သူ၏အမှုသည် သင်တွေးထင်သကဲ့သို့ သိပ်မရိုးစင်းလှပေ။ လူ စိတ်ကူးသည့် အရာတိုင်းပေါ် အခြေခံပါက၊ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် သင်တို့အလယ် ဆင်းကြွလာပေလိမ့်မည်။ သင်တို့သည် မိုးတိမ်ကိုစီးလျက် သူသည် ယေရှုဖြစ်သည်ဟု ပြောသောသူကို ရှုမြင်ရကြလိမ့်မည်။ သင်တို့သည် သူ၏လက်များမှ သံမှိုစွဲရာများကိုလည်း ရှုမြင်ရမည်ဖြစ်ပြီး၊ သူသည် ယေရှု ဖြစ်ကြောင်းကို သိကြရပေမည်။ ပြီးလျှင် သူက သင်တို့ကို တစ်ဖန် ကယ်တင်လိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ပေမည်။ သူသည် သင်တို့ကို ကယ်တင်မည်၊ သင်တို့အပေါ် နာမအသစ် အပ်နှင်းမည်ဖြစ်ပြီး၊ သင်တို့တစ်ဦးစီကို ကျောက်ဖြူတစ်ခု ပေးမည်၊ ထို့နောက်တွင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခွင့်ရကြလိမ့်မည်ဖြစ်ပြီး၊ ပရဒိသုဘုံသို့ ကြိုဆိုခံရလိမ့်မည်။ ထိုသို့သော ယုံကြည်မှုများသည် လူသား၏ အယူအဆများ ဖြစ်သည် မဟုတ်သလော။ ဘုရားသခင်သည် လူသား၏ အယူအဆများအတိုင်း အမှုပြုသလော သို့မဟုတ် လူသား၏ အယူအဆများကို ဆန့်ကျင်လျက် အမှုပြုသလော။ လူသား၏ အယူအဆများအားလုံးသည် စာတန်ထံမှ ဆင်းသက်လာသည် မဟုတ်သလော။ လူသားအားလုံးသည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးပြီးဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏ အမှုကို လူသား၏ အယူအဆများအတိုင်း လုပ်ဆောင်ခဲ့ပါက၊ သူသည် စာတန်ဖြစ်လာမည် မဟုတ်လော။ သူသည် သူ၏ ဖန်ဆင်းခြင်းများနှင့် တစ်မျိုးတစ်စားတည်း ဖြစ်လာမည် မဟုတ်လော။ သူ၏ဖန်ဆင်းခံများသည် ယခုတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်ခံရပြီးဖြစ်သည်မှာ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်လာပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်သည် စာတန်၏ အမှုအရာများအတိုင်း အမှုပြုခဲ့မည်ဆိုပါက၊ သူသည် စာတန်နှင့် တစ်ဖွဲ့တည်း ဖြစ်ပေမည် မဟုတ်လော။ လူသည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည်သဘောပေါက်နိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်သည် လူ၏ အယူအဆများအတိုင်း မည်သည့်အခါတွင်မျှ အမှုပြုမည်မဟုတ်သကဲ့သို့၊ သင်စိတ်ကူးသည့် နည်းလမ်းများအတိုင်း မည်သည့်အခါတွင်မျှ အမှုပြုမည် မဟုတ်ပေ။ ဘုရားသခင် ကိုယ်တိုင်က သူသည် မိုးတိမ်စီးပြီး ကြွလာမည်ဟု ပြောခဲ့ကြောင်း ပြောသည့်သူများရှိသည်။ ဘုရားသခင်က မိမိကိုယ်ကိုယ် ထိုသို့ ပြောခဲ့သည်မှာ မှန်ပေသည်၊ သို့သော် ဘုရားသခင်၏ နက်နဲမှုများကို မည်သည့်လူသားကမျှ နားမလည်နိုင်သည်ကို သင်မသိသလော။ မည်သည့်လူသားကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရှင်းပြနိုင်သည်ကို သင်မသိသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရပြီး အလင်းပေးခံရသည်ဟု သံသယစိုးစဉ်းမျှမရှိဘဲ သေချာပါသလော။ ထိုကဲ့သို့သော တိုက်ရိုက်ပုံစံဖြင့် ပြခြင်းက သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ကြောင်း သေချာသလော။ သင့်ကို ညွှန်ကြားခဲ့သူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော သို့မဟုတ် သင်၏ကိုယ်ပိုင် အယူအဆများက သင့်ကို ထိုသို့ တွေးတောဖို့ ဆိုက်ရောက်စေသလော။ သင်က၊ “ဤအရာကို ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည်။” ဟု ဆိုခဲ့သည်။ သို့ရာတွင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုင်းတာရန် ငါတို့၏ ကိုယ်ပိုင် အယူအဆများနှင့် ဉာဏ်များကို အသုံးပြု၍မရပေ။ ဟေရှာယ ပြောခဲ့သည့် နှုတ်ကပတ်တော်များမှာမူ၊ သူ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ သေချာမှုဖြင့် သင်ရှင်းပြနိုင်သလော။ သူ၏ နှုတ်ကပတ်တော်များကို သင် ရှင်းပြဝံ့သလော။ ဟေရှာယ၏ နှုတ်ကပတ်တော်များကို သင့်အနေဖြင့် မရှင်းပြဝံ့သည့်နောက်တွင်၊ ယေရှု၏ စကားများကို အဘယ်ကြောင့် သင်ရှင်းပြဝံ့သနည်း။ မည်သူသည် သာ၍ ချီးမြှောက်ခြင်း ခံရသနည်း၊ ယေရှုလော သို့မဟုတ် ဟေရှာယလော။ အဖြေမှာ ယေရှုဖြစ်သည့်အတွက်၊ အဘယ်ကြောင့် ယေရှုက ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် အဘယ်ကြောင့် ရှင်းပြရသနည်း။ ဘုရားသခင်သည် သူ၏အမှုကို သင့်အား ကြိုတင်၍ ပြောပြမည်လော။ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးမျှ မသိနိုင်၊ ကောင်းကင်မှ စေတမန်များပင် မသိနိုင်သကဲ့သို့၊ လူသားလည်း မသိနိုင်ပေ၊ သို့ဆိုလျှင် သင်သည် အဘယ်သို့ သိနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

(၁၄၃) ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက၊ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် သူ၏ အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏- သမ္မာတရားကို လက်မခံသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုမျှ အလိုရှိပြီး၊ ကောင်းကင်ဘုံ၏ အတိသုခပြည့်စုံသော နယ်ပယ်ကိုမျှ လိုချင်သော်လည်း၊ ယေရှုပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် မည်သည့်အခါတွင်မျှ မနာခံဖူးသကဲ့သို့၊ သူ ပြန်လည် လူ့ဇာတိခံယူချိန်တွင် ယေရှု ဖော်ပြသည့် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိဖူးခြင်း မရှိပေ။ ယေရှု ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာခြင်း အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို စံပြုကြမည်နည်း။ အပြစ်များကို သင်တို့ ထပ်တလဲလဲ ကျူးလွန်ပြီးနောက် သင်တို့၏ ဝန်ချမှုကို ပြောဆိုသည့် ရိုးသားစစ်မှန်မှုကိုလော။ ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည့် ယေရှုကို သင်တို့ မည်သည့်အရာ ဆက်ကပ် ပူဇော်ကြလိမ့်မည်နည်း။ သင်တို့ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သည့် နှစ်ပေါင်းများစွာကြာသော အလုပ်ကိုလော။ ပြန်ကြွလာသည့် ယေရှုက သင်တို့ကို ယုံကြည်စိတ်ချစေရန် မည်သည့်အရာကို သင်တို့ စံပြုကြလိမ့်မည်နည်း။ မည်သည့်သမ္မာတရားကိုမျှ နာခံခြင်းမရှိသည့် သင်တို့၏ မာနထောင်လွှားသော သဘာဝကိုလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

(၁၄၄) သင်တို့၏ သစ္စာစောင့်သိမှုသည် စကားဖြင့်သာ ဖြစ်၏၊ သင်တို့၏အသိသည် ဉာဏ်နှင့်သာဆိုင်ပြီး အယူအဆနှင့်သာဆိုင်၏၊ သင်တို့၏ အားထုတ်မှုများသည် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများ ရရှိခြင်းအတွက်ဖြစ်သည်၊ ထို့ကြောင့် သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာကဲ့သို့ ဖြစ်ရမည်နည်း။ ယနေ့တွင်ပင်၊ သင်တို့သည် သမ္မာတရား၏ စကားတစ်လုံး စီတိုင်းကို နားမထောင်ကြပေ။ ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ခရစ်တော်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့ကြည်ညိုရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲသို့ မည်သို့ဝင်ရောက် ရမည်ကို သင်တို့မသိကြသကဲ့သို့၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုနှင့် လူသား၏လှည့်ဖြားမှုများကြား မည်သို့ခွဲခြားရမည်ကို သင်တို့ မသိကြချေ။ သင်၏ အတွေးနှင့် မကိုက်ညီသော ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ နှုတ်ကပတ်တော်တစ်ခုတစ်လေကို ရှုတ်ချရန်သာ သင်သိသည်။ သင်၏ နှိမ့်ချမှုသည် အဘယ်မှာနည်း။ သင်၏ နာခံမှုသည် အဘယ်မှာနည်း။ သင်၏သစ္စာစောင့်သိမှုသည် အဘယ်မှာနည်း။ သင်၏ သမ္မာတရားရှာဖွေလိုစိတ်သည် အဘယ်မှာနည်း။ ဘုရားသခင်အတွက် သင်၏ကြည်ညိုမှုသည် အဘယ်မှာနည်း။ နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချပြီး ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀,၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀,၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်သလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက်၊ လူအချို့က “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။” သို့မဟုတ် “ဤသည်မှာ လူတို့အားလှည့်ဖြားရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။” ဟု ဆိုရင်း၊ ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး၊ အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလထဲက ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက၊ သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

(၁၄၅) သင်သည် ဘုရားသခင်ကို ကာလကြာမြင့်စွာ မယုံကြည်ကြသေးသော်လည်း၊ သူနှင့်ပတ်သက်၍ သင်၌ အယူအဆများစွာရှိသည်မှာ ဣသရေလအမျိုးများ၏ ဘုရားသခင်သည် သင်တို့ကို သူ၏ မျက်မှောက်ဖြင့် ကျေးဇူးပြုဖို့ အရေးတယူလုပ်မည်ဟု တစ်ခဏမျှ သင်မတွေးဝံ့သည်အထိ ဖြစ်သည်။ သင်တို့သည် မခံနိုင်လောက်အောင် ညစ်ညူးကြပုံကို ထောက်ဆလျှင်၊ ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းခြင်းကို သင် မည်သို့ မြင်နိုင်မည်အကြောင်းအား သင်တို့ သာ၍ပင် မတွေးဝံ့ကြချေ။ ဘုရားသခင်သည် တစ်ပါးအမျိုးသားမြေတွင် ကိုယ်တိုင်ကိုယ်ကျ မည်သို့ဆင်းသက်နိုင်မည်ကိုလည်း သင်တို့ မတွေးဖူးကြပေ။ သူသည် သိနတောင်ပေါ် သို့မဟုတ် သံလွင်တောင်ပေါ်တွင် ဆင်းသက်ပြီး ဣသရေလလူမျိုးများထံ ပေါ်ထွန်းသင့်ပေသည်။ တစ်ပါးအမျိုးသားများ (ဆိုလိုသည်မှာ ဣသရေလပြင်ပရှိ လူမျိုးများ) သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းခံရသူများ ဖြစ်သည် မဟုတ်လော။ သူတို့ကြားတွင် သူသည် မည်သို့ ကိုယ်တိုင်ကိုယ်ကျ အမှုပြုနိုင်မည်နည်း။ ဤအရာအားလုံးသည် နှစ်ပေါင်းများစွာအတွင်း သင်တို့ ထားရှိကြပြီးဖြစ်သည့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် အယူအဆများ ဖြစ်သည်။ ယနေ့ သင်တို့ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ဤအယူအဆများကို အစိတ်စိတ်အမြွှာမြွှာ ခွဲရန် ဖြစ်သည်။ ထိုကြောင့်၊ သိနာတောင်ပေါ် သို့မဟုတ် သံလွင်တောင်ပေါ်တွင် မဟုတ်ဘဲ ယခင်က သူဦးဆောင်ခဲ့ဖူးခြင်း မရှိသည့် လူများကြားဖြစ်သည့်- သင်တို့ကြားတွင် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းခြင်းကို သင်တို့ ရှုမြင်ကြရပေသည်။ ဘုရားသခင်သည် ဣသရေလတွင် သူ၏အမှု အဆင့်နှစ်ဆင့်ကို ဆောင်ရွက်ပြီးနောက်တွင်၊ ဣသရေလလူမျိုးများနှင့် တစ်ပါးအမျိုးသား အားလုံးတို့က ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်မှာ မှန်ကန်သော်လည်း၊ သူသည် တစ်ပါးအမျိုးသားများ၏ ဘုရားဖြစ်ရန် မဟုတ်ဘဲ၊ ဣသရေလလူမျိုးများ၏ ဘုရားဖြစ်ရန်သာ လိုလားလျက်ရှိသည်ဟူသော အယူအဆကို ထပ်တူထပ်မျှ သိုထားလာခဲ့ကြသည်။ ဣသရေလအမျိုးများက အောက်ပါအတိုင်း ယုံကြည်ကြ၏- ဘုရားသခင်သည် တစ်ပါးအမျိုးသားများ ဖြစ်သော သင်တို့၏ ဘုရားသခင် မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ ဘုရားသခင်သာ ဖြစ်နိုင်သည်၊ ပြီးလျှင် သင်တို့သည် ယေဟောဝါကို မကြည်ညိုကြပေ၊ ထို့ကြောင့်- ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်သော- ယေဟောဝါသည် သင်တို့ကို စက်ဆုပ်ရွံရှာသည်ဟု ဖြစ်ပေသည်။ ယုဒလူမျိုးများသည်လည်း အောက်ပါအတိုင်း ယုံကြည်ကြ၏- သခင်ယေရှုသည် ကျွန်ုပ်တို့ ယုဒလူမျိုးတို့၏ အသွင်ကိုဆောင်ပြီး ယုဒလူမျိုးတို့၏ အမှတ်အသားကို ဆောင်သည့် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် အမှုပြုသည်မှာ ကျွန်ုပ်တို့အလယ်တွင် ဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ကျွန်ုပ်တို့၏ပုံသဏ္ဌာန်သည် ဆင်တူသည်။ ကျွန်ုပ်တို့၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် နီးစပ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ ယုဒလူမျိုးများ၏ ရှင်ဘုရင်ဖြစ်သည်။ တစ်ပါးအမျိုးသားတို့သည် ထိုသို့သော ကြီးမားသည့် ကယ်တင်ခြင်းကို ရရှိရန် အရည်အချင်း မပြည့်မီကြပေ။ သခင်ယေရှုသည် ကျွန်ုပ်တို့ယုဒလူမျိုးများအတွက် အပြစ်ဖြေရာယဇ် ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။ ဣသရေလအမျိုးများနှင့် ယုဒလူမျိုးများက ဤအယူအဆများအားလုံး ထားရှိခဲ့ကြသည်မှာ အမှု၏ ထိုအဆင့်နှစ်ဆင့်အရသာ ဖြစ်ခဲ့ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို တစ်ပါးအမျိုးသားတို့၏ ဘုရားသခင်လည်း ဖြစ်ခွင့် မပေးဘဲလျက်၊ ဗိုလ်ကျလျက် ဘုရားသခင်ကို မိမိတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုကြလေသည်။ ဤနည်းဖြင့်၊ ဘုရားသခင်သည် တစ်ပါးအမျိုးသားများ၏ နှလုံးသားများတွင် ကွက်လပ်တစ်ခု ဖြစ်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်သည် တစ်ပါးအမျိုးသားများ၏ ဘုရားသခင် မဖြစ်ချင်သကဲ့သို့၊ သူသည် ဣသရေလလူမျိုးများ- သူ၏ ရွေးချယ်ခြင်းခံရသောလူများ- နှင့် ယုဒလူမျိုးများ၊ အထူးသဖြင့် သူ့နောက်လိုက်ခဲ့သည့် တပည့်တော်များကိုသာ နှစ်သက်သည်ဟု အယောက်တိုင်း ယုံကြည်လာခဲ့ကြသောကြောင့် ဖြစ်သည်။ ယေဟောဝါနှင့် ယေရှု ပြုခဲ့သည့်အမှုသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ခြင်းအတွက် ဖြစ်သည်ကို သင်တို့ မသိကြသလော။ ဘုရားသခင်သည် ဣသရေလပြင်ပတွင် မွေးဖွားသော သင်တို့အားလုံး၏ ဘုရားသခင် ဖြစ်သည်ကို ယခု သင်တို့ အသိအမှတ်ပြုကြသလော။ ယနေ့တွင် ဘုရားသခင်သည် သင်တို့အလယ် ဤနေရာ၌ ရှိသည် မဟုတ်လော။ ဤအရာသည် အိပ်မက်မဖြစ်နိုင်ပေ၊ ဖြစ်နိုင်သလော။ ဤလက်တွေ့အရှိတရားကို သင်တို့လက်မခံကြသလော။ သင်တို့သည် ထိုအရာကို မယုံကြည်ရဲကြ သို့မဟုတ် မစဉ်းစားရဲကြပေ။ ထိုအရာကို သင်တို့ မည်သို့မြင်ကြသည်ဖြစ်စေ၊ ဘုရားသခင်သည် သင်တို့အလယ် ဤနေရာတွင် ရှိသည် မဟုတ်လော။ ဤနှုတ်ကပတ်တော်များကို ယုံကြည်ရန် သင်တို့ စိုးရွံ့နေသေးသလော။ ဤနေ့မှစ၍၊ သိမ်းပိုက်ခြင်းခံသော လူများအားလုံးနှင့် ဘုရားသခင်၏ နောက်လိုက်များဖြစ်ရန် ဆန္ဒရှိသူများအားလုံးသည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသောလူများ ဖြစ်ကြသည် မဟုတ်လော။ ယနေ့ နောက်လိုက်များဖြစ်သော သင်တို့ အားလုံးသည် ဣသရေလပြင်ပရှိ ရွေးချယ်ခြင်းခံရသောသူများ ဖြစ်ကြသည် မဟုတ်လော။ သင်တို့၏ အဆင့်အတန်းသည် ဣသရေလအမျိုးများကဲ့သို့ အလားတူ ဖြစ်ကြသည် မဟုတ်လော။ ဤအရာအားလုံးသည် သင်တို့ သတိပြုသင့်သည့်အရာများ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သင်တို့ကို သိမ်းပိုက်ခြင်းအမှု၏ ရည်မှန်းချက် မဟုတ်လော။ သင်တို့သည် ဘုရားသခင်ကို မြင်နိုင်ကြသည့်အတွက်၊ သူသည် အစအဦးမှ အနာဂတ်ထဲထိ သင်တို့၏ဘုရားသခင် ထာဝရဖြစ်လိမ့်မည်။ သင်တို့အားလုံးသည် သူ၏နောက်သို့ လိုက်ရန်နှင့် သူ၏သစ္စာစောင့်သိပြီး နာခံသော ဖန်ဆင်းခံများဖြစ်ရန် လိုလားလျက်ရှိနေကြသရွေ့၊ သူသည် သင်တို့ကို စွန့်ပစ်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)

(၁၄၆) သင်၏ အယူအဆအဟောင်းတို့ကို ဘေးဖယ်ထားခြင်းအားဖြင့်သာ အသိပညာသစ်ကို သင် ရရှိနိုင်သည်၊ သို့သော် အသိပညာဟောင်းသည် အယူအဆအဟောင်းများနှင့် သေချာပေါက် မညီမျှပေ။ “အယူအဆများ” ဆိုသည်မှာ လူသားက စိတ်ကူးသည့် လက်တွေ့အရှိတရားနှင့် သဘောကွဲလွဲသော အရာများကို ရည်ညွှန်းသည်။ အသိပညာဟောင်းသည် ခေတ်ဟောင်းတွင် ခေတ်နောက်ကျပြီးသားဖြစ်ပြီး လူသားကို အမှုသစ်ထဲသို့ ဝင်ရောက်ခြင်းမှ တားဆီးခဲ့ပါက၊ ထိုသို့သော အသိပညာသည်လည်း အယူအဆတစ်ခု ဖြစ်၏။ လူသားသည် ထိုသို့သော အသိပညာကို မှန်ကန်သည့် ချဉ်းကပ်မှု လုပ်ဆောင်နိုင်ပြီး၊ အဟောင်းနှင့် အသစ် ပေါင်းစပ်လျက် ဘုရားသခင်ကို မတူကွဲပြားသော ရှုထောင့်အချို့မှ သိလာနိုင်ပါက၊ အသိပညာဟောင်းသည် လူသားအဖို့ အထောက်အကူ တစ်ရပ်ဖြစ်လာပြီး ခေတ်သစ်ထဲသို့ လူသားဝင်ရောက်သည့် အခြေခံအကြောင်းရင်း ဖြစ်လာ၏။ ဘုရားသခင်ကို သိခြင်းနှင့်ဆိုင်သည့် သင်ခန်းစာက သင့်ကို အခြေခံသဘောတရားများစွာ ကျွမ်းကျင်ပိုင်နိုင်ဖို့ တောင်းဆိုသည်- ဘုရားသခင်ကို သိကျွမ်းခြင်း လမ်းကြောင်းပေါ်သို့ မည်သို့ ဝင်ရောက်ရမည်၊ ဘုရားသခင်ကို သိရန်အလို့ငှာ မည်သည့် သမ္မာတရားများကို သင် နားလည်ရမည်နှင့် ဘုရားသခင်၏ အမှုသစ်နှင့်ဆိုင်သည့် စီမံခန့်ခွဲမှုများ အားလုံးကို သင် ကျိုးနွံနာခံနိုင်ရန်အလို့ငှာ သင်၏အယူအဆများနှင့် စိတ်သဘောထားဟောင်းတို့ကို မည်သို့ဖယ်ရှားရမည်ဟူ၍ ဖြစ်သည်။ သင်သည် ဤအခြေခံ သဘောတရားများကို ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ဆိုင်သည့် သင်ခန်းစာထဲသို့ ဝင်ရောက်ရန် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပါက၊ သင်၏အသိပညာသည် သာ၍သာ၍ နက်ရှိုင်းလာလိမ့်မည် ဖြစ်သည်။ သင်သည် အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့်- ဆိုလိုသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံးနှင့်ဆိုင်သည့်- ရှင်းလင်းသော အသိပညာတစ်ခု ရှိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင့်အမှု၏ ယခင်အဆင့်နှစ်ဆင့်ကို လက်ရှိအဆင့်နှင့် အပြည့်အဝ အပြန်အလှန် ဆက်စပ်နိုင်ပြီး ယင်းမှာ ဘုရားသခင် တစ်ဆူတည်းက လုပ်ဆောင်သည့် အမှုဖြစ်သည်ကို မြင်နိုင်ပါက၊ သင့်ထံတွင် မယှဉ်သာသည့် ခိုင်မာသော အခြေခံအုတ်မြစ် ရှိလိမ့်မည်ဖြစ်သည်။...အမှု၏ အဆင့်သုံးဆင့်တွင် ယင်းတို့ကို ဘုရားသခင်ကိုယ်တော်တိုင်က မတူကွဲပြားသော အချိန်ကာလများ၊ ကွဲပြားသော နေရာများနှင့် ကွဲပြားသော လူများတွင် ဆောင်ရွက်ခဲ့သည်ကို လူသားက မြင်နိုင်ပါက၊ အမှုသည် ကွဲပြားသော်လည်း ယင်းအားလုံးကို တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်ပြီး၊ ယင်းသည် တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်သည့်အမှု ဖြစ်သည့်အတွက် မှန်ကန်ရမည် ဖြစ်ပြီး အမှားရှိရမည် မဟုတ်သကဲ့သို့၊ ယင်းသည် လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသော်လည်း၊ တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဖြစ်ကြောင်း ငြင်းပယ်စရာ မရှိသည်ကို လူသားအနေဖြင့် မြင်နိုင်ပါက- ယင်းသည် တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဖြစ်သည်ကို လူသားက အသေအချာ ပြောနိုင်ပါက၊ လူသား၏ အယူအဆများသည် အသေးအဖွဲများ၊ ပြောဆိုရန် ထိုက်သင့်ခြင်း မရှိသော အရာများမျှအဖြစ်သို့သာ လျော့သွားလိမ့်မည် ဖြစ်သည်။ လူသား၏ ရူပါရုံများ မရှင်းသောကြောင့်နှင့် လူသားသည် ယေဟောဝါကို ဘုရားအဖြစ်၊ ယေရှုကို သခင်အဖြစ်သာသိပြီး၊ ယနေ့၏ လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ စိတ်နှစ်ခွတွင်ရှိသောကြောင့်၊ များစွာသော လူတို့သည် ယေဟောဝါနှင့် ယေရှုတို့၏အမှုကို ဆက်လက် ဆက်ကပ်လျက် ရှိကြပြီး၊ ယနေ့ခေတ်၏ အမှု နှင့်ပတ်သက်သည့် အယူအဆများ၏ ဝန်းရံဖိစီးခံရကာ၊ လူအများစုသည် အမြဲသံသယ ရှိပြီး၊ ယနေ့၏အမှုကို အလေးအနက် သဘောမထားကြချေ။ လူသားသည် မြင်၍မရနိုင်သည့် ပြီးခဲ့သော အဆင့်နှစ်ဆင့်အပေါ် အယူအဆများ မရှိပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် အမှု၏ ပြီးခဲ့သည့် အဆင့် နှစ်ဆင့်နှင့်ဆိုင်သော လက်တွေ့အရှိတရားကို နားမလည်သကဲ့သို့၊ ယင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ကြုံခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ လူသားသည် သူ နှစ်သက်သည်အတိုင်း စိတ်ကူးသည်မှာ အမှု၏ ဤအဆင့်များကို မြင်၍မရနိုင်သောကြောင့် ဖြစ်သည်။ သူသည် မည်သည့်အရာကို စိတ်ကူးပေါက်သည်ဖြစ်စေ၊ ထိုသို့သော စိတ်ကူးစိတ်သန်းများကို သက်သေပြရန် အချက်အလက်များ မရှိသကဲ့သို့၊ ယင်းတို့ကို အမှန်ပြင်ရန် မည်သူမျှ မရှိပေ။ သူ၏ စိတ်ကူးစိတ်သန်းများကို မှန်ကြောင်းစစ်ဆေးအတည်ပြုရန် အချက်အလက်များမရှိသောကြောင့်၊ လူသား၏ စိတ်ကူးစိတ်သန်းများသည် “အမှန်တရား” ဖြစ်လာကြသည့်အတွက်၊ ယင်းတို့အဖို့ သက်သေတစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ လူသားသည် မည်သည့်အရာကိုမျှ သတိမထားတော့ဘဲနှင့် စိတ်ကူးချင်တိုင်း စိတ်ကူးလျက်၊ သူ၏နဂိုစိတ်ရင်းကို ဇက်ကုန်လွှတ်ထားလိုက်လေသည်။ ထို့ကြောင့် လူသားသည် သူ၏စိတ်ထဲတွင် သူကိုယ်တိုင်စိတ်ကူးထားသော ဘုရားသခင်ကို ယုံကြည်ပြီး လက်တွေ့အရှိတရား၏ ဘုရားသခင်ကို မရှာဖွေပေ။ လူတစ်ဦးသည် ယုံကြည်ခြင်း တစ်မျိုး ရှိပါက၊ လူတစ်ရာအလယ်တွင် ယုံကြည်ခြင်း အမျိုးတစ်ရာ ရှိ၏။ လူသားသည် ဘုရားသခင်၏ အမှု၏ လက်တွေ့အရှိတရားကို မမြင်ရသေးသောကြောင့်၊ သူသည် ယင်းကို သူ၏ နားများဖြင့်သာ ကြားဖူးပြီး သူ၏ မျက်လုံးများဖြင့် မရှုမြင်ရသေးကြောင့်၊ ထိုသို့သော ယုံကြည်မှုများ ရှိခြင်း ဖြစ်သည်။ လူသားသည် ဒဏ္ဍာရီများနှင့် ပုံပြင်များကို ကြားရပြီးဖြစ်သည်- သို့သော် သူသည် ဘုရားသခင့်အမှု၏ အချက်အလက်များနှင့်ဆိုင်သည့် အသိပညာကို ကြားရခဲ၏။ ထို့ကြောင့် ယုံကြည်သူများ ဖြစ်လာသည်မှာ တစ်နှစ်သာ ရှိသေးသော လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများမှ တစ်ဆင့် ဘုရားသခင်ကို ယုံကြည်လာကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ဘဝတစ်ခုလုံး ဘုရားသခင်ကို ယုံကြည်ခဲ့သူများအတွက်လည်း အလားတူ မှန်ကန်ပေသည်။ အချက်အလက်များကို မမြင်နိုင်သူများသည် ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများရှိသည့် ယုံကြည်ခြင်းမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ လူသားသည် သူ၏ အယူအဆအဟောင်းများ၏ အချုပ်အနှောင်များမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်ကာ နယ်မြေသစ်ထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ယုံကြည်သည်။ ဘုရားသခင်၏ စစ်မှန်သောမျက်နှာကို မမြင်နိုင်သူများ၏ အသိပညာသည် အယူအဆများနှင့် ကောလာဟလများသာ ဖြစ်သည်ကို လူသားမသိသလော။ လူသားက သူ၏အယူအဆများမှာ မှန်ကန်ပြီး အမှားမရှိဟု ထင်ကာ ဤအယူအဆများသည် ဘုရားသခင်ထံမှ လာသည်ဟု တွေးထင်၏။ ယနေ့ခေတ်တွင် လူသားသည် ဘုရားသခင်၏အမှုကို မျက်မြင်တွေ့သည့်အခါတွင်၊ နှစ်ပေါင်းများစွာ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ပြီးဖြစ်သည့် အယူအဆများကို လွှတ်ပေးလိုက်လေသည်။ အတိတ်မှ စိတ်ကူးများနှင့် အကြံများသည် ဤအဆင့်၏အမှုအဖို့ အတားအဆီးတစ်ခု ဖြစ်လာပြီးဖြစ်ကာ လူသားအတွက် ထိုသို့သော အယူအဆများကို လက်လွှတ်ရန်နှင့် ထိုသို့သော စိတ်ကူးများကို ချေပရန် ခက်ခဲလာပြီးဖြစ်သည်။ ယနေ့အထိ ဘုရားသခင်နောက်သို့ လိုက်ခဲ့ကြသူများစွာ၏ ဤတစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သည့် အမှုအပေါ် အယူအဆများသည် ယခင်ထက် ပို၍ ဆိုးရွားလာပြီးဖြစ်ကာ ဤလူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ခေါင်းမာသော ရန်လိုမှုတစ်ခုကို တစ်ဖြည်းဖြည်း ဖြစ်ပေါ်စေကြပြီ ဖြစ်သည်။ ဤမုန်းတီးမှု၏ အရင်းအမြစ်သည် လူသား၏ အယူအဆများနှင့် စိတ်ကူးများတွင် တည်လေသည်။ လူသား၏ အယူအဆများနှင့် စိတ်ကူးများသည် ယနေ့ခေတ်အမှု၊ လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသည့် အမှု၏ ရန်သူ ဖြစ်လာပြီး ဖြစ်သည်။ ဤသည်မှာ အတိအကျအားဖြင့် အမှန်တရားသည် လူသားကို သူ၏ စိတ်ကူးများအား ဇက်ပုံပေးခွင့်မပြုသကဲ့သို့၊ ထို့အပြင် လူသားအနေနှင့် ယင်းကို အလွယ်တကူ ချေပနိုင်ခြင်း မရှိဘဲ၊ လူသား၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများသည် အမှန်တရား၏ တည်ရှိခြင်းကို ခွင့်မပြုသည်သာမက၊ လူသားသည် အချက်အလက်များ၏ အမှားထောက်ပြခြင်းနှင့် မှန်ကန်မှုအပေါ် စဉ်းစားခြင်း မရှိဘဲ၊ သူ၏ အယူအဆများကို စွဲစွဲမြဲမြဲ လွှတ်ပေးရုံမျှ လွှတ်ပေးပြီး သူ၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကို အသုံးပြုသောကြောင့် ဖြစ်ပေသည်။ ဤအရာကို လူသား အယူအဆများ၏ အပြစ်ဟုသာပြောနိုင်ပြီး ဘုရားသခင့်အမှု၏ အပြစ်ဟု ပြော၍ မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၁၄၇) လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်ပြီး လူသည် အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်သမျှ ကာလပတ်လုံး၊ ဘုရားသခင်သည် အဖြောင့်မတ်ဆုံး ဖြစ်သည့်အတွက်၊ သူသည် လူသားအပေါ် ဧကန်မုချ သမာသမတ်ကျလိမ့်မည်ဟု ဆိုကြသည်။ လူသည် အဆုံးထိ သူ့နောက်သို့ လိုက်ပါက၊ ဘုရားသခင်သည် လူသားကို ဘေးဖယ်ထားနိုင်မည်လော။ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူအားလုံးအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူသားနှင့်သက်ဆိုင်သည့် ငါပြုသော သတ်မှတ်ချက်များအဖို့ သင့်လျော်သည့် အခြေအနေများရှိပြီး၊ ၎င်းတို့ မည်သူဖြစ်သည်ကို ပဓာနမထားဘဲ၊ ငါတောင်းဆိုသောအရာကို လူသားအားလုံး ပြီးမြောက်ရမည်။ သင်၏ အရည်အချင်းများ မည်သို့ရှိသည် သို့မဟုတ် ယင်းတို့ကို သင် မည်မျှကြာ ကိုင်စွဲပြီးဖြစ်သည် ဆိုသည်ကို ငါ ဂရုမစိုက်ပေ။ သင်သည် ငါ၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရားကို သင်ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိမရှိဆိုသည်တို့ကိုသာ ငါ ဂရုစိုက်သည်။ သင်သည် သမ္မာတရားမရှိဘဲ၊ ယင်းအစား ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်လျှောက်ရုံမျှ လိုက်လျှောက်ရင်း၊ ငါ၏ အမည်နာမကို အရှက်ရစေကာ ငါ၏လမ်းခရီးအတိုင်း မပြုမူပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို ဒဏ်ခတ်မည်ဖြစ်ပြီး၊ သင်၏မကောင်းမှုအတွက် သင့်ကို ငါ အပြစ်ပေးမည်၊ ထိုအခါ သင်သည် ပြောစရာ မည်သည့်အရာ ရှိလိမ့်မည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်လိမ့်မည်လော။ ယနေ့တွင် ငါပြောပြီးသော စကားများကို သင် အသုံးပြုပါက၊ သင်သည် ငါလက်ခံသော လူစားမျိုးဖြစ်လိမ့်မည်။ ဘုရားသခင် နောက်လိုက်စဉ်တွင်၊ သင်သည် အမြဲ ဒုက္ခဆင်းရဲ ခံစားရသည်၊ သင်သည် သူ့နောက်သို့ အေးအတူပူအမျှ လိုက်လျှောက်ပြီး ဖြစ်ကာ၊ သူနှင့် အကောင်း အဆိုး အတူဝေမျှခံစားပြီးဖြစ်သည်ဟု သင်ဆိုသော်လည်း၊ သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများကို အသက်ရှင်နေထိုင်ခြင်း မရှိလေပြီ။ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် အလုပ်များကာ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိပြီး၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ရန် ဘယ်သောအခါမျှ သင် မစဉ်းစားဖူးပေ။ သင်က “မည်သို့ဆိုစေ၊ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ် သူ့အတွက် ဒုက္ခဆင်းရဲခံပြီးဖြစ်သည်၊ သူ့အတွက် အလုပ်များပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့အတွက် ဆက်ကပ် အပ်နှံထားပြီးဖြစ်ကာ၊ မည်သည့် အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း၊ ကျွန်ုပ် ကြိုးစားလုပ်ဆောင်ပြီးဖြစ်သည်။ သူသည် ကျွန်ုပ်ကို အောက်မေ့သတိရမည်မှာ သေချာပါသည်” ဟုလည်း သင်ပြောသည်။ ဘုရားသခင် ဖြောင့်မတ်သည်မှာ အမှန်ဖြစ်၏။ သို့သော် ဤ ဖြောင့်မတ်ခြင်းသည် မည်သည့် မစင်ကြယ်ခြင်းနှင့်မျှ မစွန်းထင်းသကဲ့သို့၊ ယင်းသည် လူသားတို့၏ အလိုဆန္ဒ မပါရှိပေ၊ ပြီးလျှင် ဇာတိပကတိ သို့မဟုတ် လူသား၏ ကိစ္စတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ပုန်ကန်တတ်ပြီး ဆန့်ကျင်သောသူအားလုံး၊ သူ၏လမ်းခရီးကို မလိုက်နာသောသူအားလုံးသည် အပြစ်ပေးခံရလိမ့်မည်။ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရသကဲ့သို့၊ မည်သူ့ကိုမျှ ချမ်းသာမပေးပေ။ လူအချို့က “ယနေ့တွင် ကိုယ်တော့်အတွက် ကျွန်ုပ် အလုပ်များပါ၏။ အဆုံးသတ်ရောက်သောအခါ၊ ကျွန်ုပ်အား ကောင်းချီးအနည်းငယ် ပေးနိုင်ပါမည်လော” ဟု ဆိုသည်။ သို့ဆိုလျှင် သင့်ကို ငါမေးမည်၊ “သင်သည် ငါ့နှုတ်ကပတ်တော်များကို လိုက်နာစောင့်ထိန်းပြီးပြီလော။” သင်ပြောဆိုသော ဖြောင့်မတ်မှုသည် အရောင်းအဝယ် တစ်ခုအပေါ် မှီတည်နေသည်။ ငါသည် ဖြောင့်မတ်ပြီး လူသားအားလုံးအပေါ် သမာသမတ်ကျကာ တကယ့်အဆုံးထိ ငါ့နောက်လိုက်သူအားလုံးသည် ကယ်တင်ခြင်းကို ခံရပြီး ငါ၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့ သေချာသည်ဟုသာ သင်ထင်သည်။ “တကယ့်အဆုံးထိ ငါ့နောက်သို့ လိုက်သောသူ အားလုံးသည် ကယ်တင်ခံရဖို့ သေချာသည်” ဟူသော ငါ့နှုတ်ကပတ်တော်များတွင် သိုဝှက်သော အဓိပ္ပာယ်ရှိသည်- တကယ့်အဆုံးထိ ငါ့နောက်သို့ လိုက်သောသူတို့သည် ငါ၏ အပြည့်အဝ ရယူခြင်း ခံရမည့်သူများ ဖြစ်သည်၊ ၎င်းတို့သည် ငါ၏ သိမ်းပိုက်ခြင်းခံရပြီးနောက် သမ္မာတရားကို ရှာဖွေကာ စုံလင်စေခြင်း ခံကြရသူများဖြစ်သည်။ မည်သည့် သတ်မှတ်ချက်များကို သင် စွမ်းဆောင်ရရှိပြီး ပြီနည်း။ သင်သည် တကယ့်အဆုံးထိ ငါ့နောက်လိုက်ခြင်းကိုသာ စွမ်းဆောင်ရရှိပြီး ဖြစ်သည်၊ သို့သော် အခြားမည်သည့်အရာရှိသေးသနည်း။ ငါ့စကားများကို သင် လိုက်နာစောင့်ထိန်းပြီးပြီလော။ သင်သည် ငါ၏ သတ်မှတ်ချက် ငါးခုထဲမှ တစ်ချက်ကိုပြီးမြောက်ပြီးဖြစ်သော်လည်း၊ ကျန်ရှိသော လေးချက်ကို ပြီးမြောက်ရန် သင် မည်သည့် ရည်ရွယ်ချက်မျှ မရှိပေ။ သင်သည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးလမ်းကိုသာ တွေ့ရှိပြီးဖြစ်ကာ၊ ကံကောင်းဖို့သာ မျှော်လင့်နေသည့် သဘောထားတစ်ခုဖြင့် ယင်းကို လိုက်စားပြီး ဖြစ်သည်။ သင်ကဲ့သို့သော ထိုလူတစ်ဦးအပေါ် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းထဲမှ တစ်ခု ဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော ဒဏ်ခတ်ခံခြင်းတစ်ခုဖြစ်ပြီး ယင်းသည် မကောင်းမှု ပြုလုပ်သူအားလုံးနှင့်ဆိုင်သည့် ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ငါ့လမ်း၌ မလျှောက်လှမ်းသော သူအားလုံးသည် တကယ့်အဆုံးထိ ၎င်းတို့လိုက်လျှောက်လျှင်ပင် ဧကန်မုချ အပြစ်ပေး ခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ ဤဖြောင့်မတ်သော စိတ်သဘောထားကို လူသားအား ပြစ်ဒဏ်ပေးရာတွင် ဖော်ပြသည့်အခါ၊ လူသားသည် မှင်တက်ကာ၊ ဘုရားသခင် နောက်သို့လိုက်စဉ် ဘုရားသခင်၏လမ်းခရီး၌ မလျှောက်ခဲ့သည်ကို သူနောင်တရလိမ့်မည်။ “ထိုအချိန်တွင်၊ ဘုရားသခင် နောက်လိုက်စဉ် ငါသည် အနည်းငယ်သာ ဒုက္ခခံစားခဲ့သော်လည်း ဘုရားသခင်၏လမ်းခရီး၌ မလျှောက်လှမ်းခဲ့ပါ။ မည်သည့်ဆင်ခြေများ ရှိသနည်း။ ပြစ်တင်ဆုံးမခံရခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပါ။” သို့တိုင် သူ့စိတ်ထဲတွင် သူက၊ “မည်သို့ပင်ဆိုစေ၊ တကယ့်အဆုံးထိ ကျွန်ုပ် လိုက်လျှောက်ပြီး ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော် ကျွန်ုပ်ကို ပြစ်တင်ဆုံးမလျှင်ပင်၊ ယင်းသည် အလွန်ပြင်းထန်သော ပြစ်တင်ဆုံးမခြင်း မဖြစ်နိုင်သကဲ့သို့၊ ဤပြစ်တင်ဆုံးမမှုကို အရယူပြီးနောက် ကိုယ်တော်သည် ကျွန်ုပ်ကို အလိုရှိလိမ့်ဦးမည် ဖြစ်သည်။ ကိုယ်တော်သည် ဖြောင့်မတ်သကဲ့သို့၊ ကျွန်ုပ်အား ထိုနည်းဖြင့် အစဉ်ထာဝရ ဆက်ဆံလိမ့်မည် မဟုတ်သည်ကို ကျွန်ုပ် သိပါ၏။ အဆုံးတွင်တော့၊ ကျွန်ုပ်သည် ရှင်းထုတ်ခြင်း ခံရမည့် သူများနှင့် မတူပါ။ ရှင်းထုတ်ခြင်း ခံရမည့်သူများသည် ပြင်းထန်သော ပြစ်တင်ဆုံးမခြင်း တစ်ခုကို ရရှိလိမ့်မည်ဖြစ်သည်၊ ကျွန်ုပ်၏ ပြစ်တင်ဆုံးမခြင်းမှာမူ သာ၍ပေါ့ပါးလိမ့်မည်” ဟု တွေးနေပေသည်။ ဖြောင့်မတ်သော စိတ်သဘောထားသည် သင်ပြောသကဲ့သို့ မဟုတ်ပေ။ မိမိတို့ အပြစ်များကို ဝန်ခံရာတွင် တော်သည့်သူများကို သက်ညှာစွာ ဆက်ဆံသည်မှာ မဟုတ်ပေ။ ဖြောင့်မတ်ခြင်းသည် သန့်ရှင်းခြင်းဖြစ်ပြီး လူသား၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံသော စိတ်သဘောထားတစ်ခု ဖြစ်ကာ၊ ညစ်ညူးသော အရာများ နှင့် မပြောင်းလဲသောအရာများ အားလုံးသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်း ခံရသော အရာဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပညတ်ချက်မဟုတ်ဘဲ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်သည်- ယင်းသည် နိုင်ငံတော်အတွင်းရှိ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်ပြီး၊ ဤစီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်သည် သမ္မာတရားကို မပိုင်ဆိုင်သကဲ့သို့၊ မပြောင်းလဲသေးသောသူ မည်သူမဆိုနှင့်ဆိုင်သည့် ဖြောင့်မတ်သော အပြစ်ပေးခြင်းဖြစ်ကာ၊ ကယ်တင်ခြင်းအတွက် အကန့်အသတ်အတိုင်းအတာ မရှိပေ။ အကြောင်းမှာ လူအသီးသီးသည် အမျိုးအစားအလိုက် ခွဲခြားသည့်အခါ၊ ကောင်းသောသူများသည် ဆုလာဘ်ချီးမြှင့်ခံရမည်ဖြစ်ပြီး ဆိုးယုတ်သောသူများသည် အပြစ်ပေးခြင်းကို ခံရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် လူ၏ခရီးပန်းတိုင်ကို ရှင်းလင်းစေလိမ့်မည့် အချိန် ဖြစ်သည်။ ကယ်တင်ခြင်းအမှု အဆုံးသတ်မည့် အချိန်ဖြစ်သည်၊ ယင်းနောက်တွင် လူကိုကယ်တင်ခြင်း အမှုကို နောက်ထပ် လုပ်ဆောင်တော့မည်မဟုတ်သကဲ့သို့၊ ဒဏ်ခတ်ခံရခြင်းသည် မကောင်းမှုကို ကျူးလွန်သူတိုင်းအပေါ်သို့ ကျရောက်လိမ့်မည်။ လူအချို့က “ဘုရားသခင်သည် သူ့အနားတွင် မကြာခဏရှိသော သူတိုင်းကို အမှတ်ရသည်။ ကျွန်ုပ်တို့ထဲမှ မည်သူ့ကိုမျှ သူမေ့လျော့လိမ့်မည်မဟုတ်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရမည်မှာ သေချာပါသည်။ အောက်တွင်ရှိသော သူများထဲမှ မည်သူကိုမျှ သူ အမှတ်ရမည်မဟုတ်၊ အောက်၌ရှိသော လူများထဲမှ စုံလင်စေခြင်းကို ခံရမည့်သူများသည် ဘုရားသခင်အား မကြာခဏ ကြုံရသော ကျွန်ုပ်တို့ထက် နည်းပါးမည်မှာ သေချာသည်။ ကျွန်ုပ်တို့ထဲတွင် မည်သူ့ကိုမျှ ဘုရားသခင် မမေ့လျော့လေပြီ၊ ကျွန်ုပ်တို့ အားလုံးသည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရပြီးဖြစ်ကာ ဘုရားသခင်၏ စုံလင်စေခြင်းခံရမည်မှာ သေချာပါသည်” ဟု ပြောကြသည်။ သင်တို့အားလုံးသည် ထိုသို့သော အယူအဆများ ရှိကြသည်။ ဤသည်မှာ ဖြောင့်မတ်ခြင်းလော။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ပြီးပြီလော သို့မဟုတ် မလုပ်ဆောင်ရသေးသလော။ သင်သည် ဤကဲ့သို့သော ကောလာဟလများကို အမှန်တကယ် ဖြန့်နေသည်- သင့်မှာ အရှက်မရှိပါတကား။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

(၁၄၈) သင်တို့သည် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ မဆင်မခြင် သဘောထားမှုကြောင့်၊ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်း ဖြစ်သည်ကို သိကြလော့။ ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ငြင်းပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်းမှာ စိတ်ကူးပေါက်သည်အတိုင်း ဝေဖန်ခြင်းမှတစ်ဆင့် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်၏ကိုယ်ကျင့်တရားသည် သာ၍ ဖောက်ပြန်ပျက်စီးကာ၊ သင်၏အရည်အသွေးများက စက်ဆုပ်ဖွယ်ဖြစ်ပြီး သင်၏လူ့သဘာဝက နိမ့်ကျလာလေလေ၊ ဘုရားသခင်၏ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ခြင်း မရှိပါက၊ ယင်းတို့သည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ထံမှ အမြဲ ဝေးကွာလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၁၄၉) ယေရှု လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရား ဖြစ်တည်လာပြီးနောက်တွင် ကောင်းကင်ဘုံ၌ ခမည်းတော်သာ ရှိသည်မဟုတ်ဘဲ သားတော်လည်း ရှိပြီး ဝိညာဉ်တော်ပင် ရှိသည်ဟူ၍ လူက ယုံကြည်သွား၏။ ကောင်းကင်ဘုံ၌ ဤသို့သော ဘုရားသခင် တစ်ပါးရှိသည်- ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့ ဖြစ်သည့် သုံးပါးတစ်ဆူ ဘုရားသခင်ရှိသည်ဟူသည်မှာ လူက ကိုင်စွဲထားသော သမားရိုးကျ အယူအဆ ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးက ဤအယူအဆများရှိသည်- ဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သော်လည်း၊ အစိတ်အပိုင်းသုံးခု ဖွဲ့စည်းထားသည်၊ သမားရိုးကျ အယူအဆများတွင် ဆိုးဆိုးရွားရွား အမြစ်တွယ်နေသော အရာအားလုံးမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟူ၍ ဖြစ်သည်။ ထိုအစိတ်အပိုင်း သုံးခုက ဖန်တီးသည့် တစ်ပါးသည် ဘုရားသခင်၏ အလုံးစုံဖြစ်သည်။ သန့်ရှင်းသော ခမည်းတော်မပါဘဲနှင့်၊ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ အလားတူ၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် မပါဘဲနှင့်လည်း ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ ၎င်းတို့၏ အယူအဆများထဲတွင် ခမည်းတော်တစ်ပါးတည်း သို့တည်းမဟုတ် သားတော်တစ်ပါးတည်းကို ဘုရားသခင်ကိုယ်တော်တိုင်အဖြစ် ယူဆ၍ မရဟု ၎င်းတို့ ယုံကြည်ကြသည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အတူတကွ ဖြစ်မှသာလျှင် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ ယခုတွင် ဘာသာရေး ယုံကြည်သူများ အားလုံးနှင့် သင်တို့အထဲမှ နောက်လိုက် အသီးသီးပင်လျှင် ဤယုံကြည်မှုကို စွဲကိုင်ထားကြသည်။ သို့သော် သင်တို့သည် ဘုရားသခင်ကိုယ်တော်တိုင်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှုပ်ထွေးခြင်း မြူထဲတွင် အမြဲရှိကြသည့်အတွက်၊ ဤယုံကြည်မှု မှန်ကန်ခြင်း ရှိ မရှိဆိုသည်အတွက်မူ၊ မည်သူမျှ ရှင်းမပြနိုင်ကြပေ။ သင်တို့သည် ဘာသာရေး အယူအဆများအားဖြင့် အလွန် ဆိုးဆိုးရွားရွား ကူးစက်ခံထားရသည့်အတွက်၊ ဤအရာများသည် အယူအဆများသာ ဖြစ်သော်လည်း၊ ယင်းတို့ မှန်သည်၊ သို့မဟုတ် မှားသည် ဆိုသည်ကို သင်တို့ မသိချေ။ သင်တို့သည် ဘာသာတရား၏ ဤသမားရိုးကျ အယူအဆများကို အလွန် နက်နက်ရှိုင်းရှိုင်း လက်ခံထားပြီးဖြစ်ကာ၊ ဤအဆိပ်အတောက်သည် သင်တို့အထဲတွင် အလွန် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ပြီးဖြစ်သည်။ ထို့ကြောင့် သုံးပါးတစ်ဆူ ဘုရားသခင်သည် တကယ်ကို မတည်ရှိသည့်အတွက်၊ ဤကိစ္စတွင်လည်း သင်တို့သည် မသိမသာ ဖျက်ဆီးတတ်သည့် ဤလွှမ်းမိုးမှုကို မလွန်ဆန်နိုင်ကြလေပြီ။ ဆိုလိုသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်ဆိုင်သည့် သုံးပါးတစ်ဆူ တကယ်ကို မတည်ရှိပေ။ ဤအရာ အားလုံးသည် လူ၏ သမားရိုးကျ အယူအဆများ သက်သက်ဖြစ်ပြီး၊ လူ၏ မှားယွင်းသော ယုံကြည်မှုများ ဖြစ်သည်။ များစွာသော ရာစုနှစ်များ တစ်လျှောက်တွင်၊ လူ၏စိတ်ထဲတွင် အယူအဆများဖြင့် ရုပ်လုံးဖော်ထားသော၊ လူက လုပ်ကြံဖန်တီးထားပြီး၊ ယခင်က လုံးဝ မမြင်ဖူးသည့် ဤသုံးပါးတစ်ဆူကို လူက ယုံကြည်ထားပြီး ဖြစ်သည်။ ဤများစွာသော နှစ်များတစ်လျှောက်တွင် သုံးပါးတစ်ဆူ၏ “စစ်မှန်သော အဓိပ္ပာယ်” ကို ရှင်းပြကြပြီးဖြစ်သည့် သမ္မာကျမ်းစာ ရှင်းလင်းဖော်ပြသူများစွာရှိထားပြီးဖြစ်သော်လည်း၊ ထိုသို့သော ထင်ရှားသော အနှစ်သာရတူညီသည့် ပုဂ္ဂိုလ်သုံးဦးအဖြစ် သုံးပါးတစ်ဆူ ဘုရားသခင်နှင့်ဆိုင်သည့် ရှင်းပြချက်များသည် မရေရာသကဲ့သို့ မရှင်းလင်းဘဲ၊ လူအားလုံးသည် ဘုရားသခင်၏ “တည်ဆောက်ပုံ” ကြောင့်၊ စိတ်ရှုပ်ထွေးခဲ့ကြသည်။ မည်သည့် ကြီးမြတ်သည့် ပုဂ္ဂိုလ်များကမျှ စေ့စပ်သေချာသော ရှင်းပြချက်များ ပေးနိုင်ခြင်း မရှိကြလေပြီ။ ရှင်းပြချက် အများစုသည် တွေးခေါ်မြော်မြင်မှုနှင့် စာဖြင့်ရေးသားချက်တို့အရ လက်သင့်ခံနိုင်ဖွယ်ဖြစ်သော်လည်း၊ မည်သည့် လူတစ်ဦးတစ်ယောက်ကမျှ ယင်း၏ အဓိပ္ပာယ်နှင့်သက်ဆိုင်သည့် ပြည့်ဝရှင်းလင်းသော သိနားလည်မှု မရှိကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူက ၎င်း၏ နှလုံးသားထဲတွင် စွဲကိုင်ထားသော ဤကြီးမြတ်သည့် သုံးပါးတစ်ဆူ ဆိုသည်မှာ တကယ်ကို မတည်ရှိသောကြောင့် ဖြစ်သည်။...

အကယ်၍ အမှု၏ အဆင့်သုံးဆင့်ကို သုံးပါးတစ်ဆူနှင့်ဆိုင်သည့် ဤအယူအဆနှင့်အညီ အကဲဖြတ်ပါက၊ အသီးသီး ဆောင်ရွက်ခဲ့သော အမှုများ မတူညီသည့်အတွက် ဘုရားသခင် သုံးပါးရှိရပေမည်။ အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ပုဂ္ဂိုလ်သုံးပါးထဲရှိ ဤဘုရားသခင်တစ်ဆူသည် မည်သည့်အရာ အတိအကျဖြစ်သည်ကို ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည့်အရာဖြစ်သနည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်သည် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အမှုကို ယေရှုကဲ့သို့ အလားတူ ဝိညာဉ်တော်က ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ဝိညာဉ်တော်များ မည်မျှရှိနိုင်သနည်း။ သင်၏ ရှင်းပြချက်အရ၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးတို့သည် တစ်ဆူဖြစ်သည်၊ သို့ဆိုပါက ဝိညာဉ်တော် သုံးပါးရှိပေသည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် တစ်ဆူမျှမရှိဟု ဆိုလိုပေသည်။ ဤသို့သော ဘုရားသခင်မျိုးသည် အဘယ်သို့ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်ဦးမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံပါက၊ သူသည် အဘယ်သို့ သားတော်တစ်ပါးနှင့် ခမည်းတော်တစ်ပါး ရှိနိုင်သနည်း။ ဤအရာအားလုံးသည် သင်၏ အယူအဆများ မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်း ရှိသည်မှာ သမ္မာကျမ်းစာထဲ၌ “သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။” ဟူ၍ ရေးသားသကဲ့သို့ ဖြစ်ပေသည်။ သင်ပြောသည့် ခမည်းတော်နှင့်၊ သားတော် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ စင်စစ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိပြီး၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်ပြီး လူတို့အလယ် နေထိုင်နိုင်သည့်အပြင် အရာအားလုံး၏ အထက်၌ ရှိနေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ အပါအဝင်ဖြစ်ပြီး နေရာတိုင်းတွင် ရှိသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာအထက်တွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးက ဘုရားသခင်သည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ဟု ပြောကြသည့်အတွက်၊ မည်သူမျှ စိတ်ထင်တိုင်း ခွဲ၍မရသည့် ဘုရားသခင်တစ်ဆူတည်း ရှိပေသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ တစ်ပါးတည်းသော ပုဂ္ဂိုလ် ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ အကယ်၍ သင်တို့ ပြောကြသည့်အတိုင်း၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ဟူ၍ ဖြစ်ပါက၊ ၎င်းတို့သည် ဘုရားသခင် သုံးဆူဖြစ်နေသည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ပါးဖြစ်ပြီး၊ သားတော်က အခြားတစ်ပါး၊ ခမည်းတော်ကလည်း နောက်တစ်ပါး ဖြစ်နေပေသည်။ ၎င်းတို့၏ ဇာတိအဖြစ်တော်များသည် ကွဲပြားပြီး ၎င်းတို့၏ အနှစ်သာရများ ကွဲပြားပေသည်။ ထို့ကြောင့် ၎င်းတို့အသီးသီးသည် ဘုရားသခင် တစ်ဆူတည်း၏ အစိတ်အပိုင်းများ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်တော် တစ်ပါး ဖြစ်သည်။ ဤသည်မှာ လူသားအတွက် နားလည်ရန် လွယ်ကူသည်။ ဤသို့ဖြစ်ပါက၊ ခမည်းတော်သည် ဝိညာဉ်တော်သည် သာ၍ပင် ဖြစ်သေးသည်။ သူသည် ကမ္ဘာမြေသို့ မည်သည့်အခါမျှ မဆင်းသက်ခဲ့သည် သာမက၊ မည်သည့်အခါမျှ လူ့ဇာတိ မခံယူဖူးပေ။ သူသည် လူ၏ နှလုံးသားထဲက ယေဟောဝါ ဘုရားသခင်ဖြစ်ပြီး၊ သေချာပေါက် ဝိညာဉ်တော်လည်း ဖြစ်၏။ သို့ဆိုလျှင် သူနှင့် သန့်ရှင်းသော ဝိညာဉ်တော် ကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းမှာ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှုလော။ သို့တည်းမဟုတ် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ခမည်းတော်၏ ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုလော။ ဝိညာဉ်တော် အသီးသီး၏ အနှစ်သာရသည် အတူတူ ဖြစ်သလော။ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်သည် ခမည်းတော်၏ တန်ဆာပလာ တစ်ခုလော။ ဤအရာအား မည်ကဲ့သို့ ရှင်းပြ၍ရနိုင်သနည်း။ ထို့နောက်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းသည် ဝိညာဉ်တော်နှစ်ပါးကြားရှိ ဆက်နွှယ်မှုလော၊ သို့မဟုတ် လူသားတစ်ဦးနှင့် ဝိညာဉ်တော်တစ်ပါးကြားက ဆက်နွှယ်မှုလော။ ဤအရာအားလုံးသည် မည်သည့်ရှင်းပြချက်မျှမရှိသော ကိစ္စရပ်များဖြစ်သည်။ အကယ်၍ ၎င်းတို့ အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း ဆိုပါက၊ ၎င်းတို့သည် ဝိညာဉ်တော်တစ်ပါးတည်းကို ပိုင်ဆိုင်ကြသည့်အတွက်၊ ပုဂ္ဂိုလ်သုံးပါးအကြောင်း ပြော၍မရနိုင်ပေ။ အကယ်၍ ၎င်းတို့သည် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါးဖြစ်ပါက၊ ၎င်းတို့၏ ဝိညာဉ်တော်များသည် အစွမ်းခွန်အားတွင် ကွဲပြားမည် ဖြစ်ပြီး၊ ၎င်းတို့သည် တကယ်ကို ဝိညာဉ်တော် တစ်ပါးတည်း မဖြစ်နိုင်ပေ။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်သက်ဆိုင်သည့် ဤအယူအဆသည် အဓိပ္ပာယ်မရှိဆုံးဖြစ်သည်။ ဤအရာက ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့ကို အသီးသီး အဆင့်အတန်းနှင့် ဝိညာဉ်တော်ပါရှိလျက် ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲလိုက်သည်။ သို့ဆိုလျှင် သူသည် အဘယ်သို့ ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင် တစ်ဆူတည်း ဖြစ်နိုင်သေးသနည်း။ ငါ့ကိုပြောလော့၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ခမည်းတော်၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က ဖန်ဆင်းခဲ့ခြင်း ဖြစ်သလော။ အချို့က ၎င်းတို့ အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု ပြောကြသည်။ သို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနုတ်ခဲ့သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသားမျိုးနွယ်အား ရွေးနုတ်ခဲ့သူမှာ သားတော်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ သို့ဆိုလျှင် အနှစ်သာရအရ သားတော်သည် အဘယ်သူ ဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည် မဟုတ်ပေလော။ လူ့ဇာတိခံယူခြင်းက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ဖန်ဆင်းခံလူတစ်ဦး၏ ရှုထောင့်မှ ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေတည်ခြင်းမှတစ်ဆင့် မွေးဖွားခဲ့သည်ကို သင် သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် ရှိသည်။ သင်မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်နေဆဲဖြစ်သည်။ သားတော်နှင့်ဆိုင်သည့် ဤစိတ်ကူးသည် တကယ်ကို မမှန်ပေ။ အမှုအားလုံးကို ဆောင်ရွက်သူမှာ ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည့် ဘုရားသခင် ကိုယ်တိုင်သည်သာ သူ၏ အမှုကို ဆောင်ရွက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် မည်သူနည်း။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယင်းမှာ ယေရှု၏ အထဲ၌ အလုပ်လုပ်သော သန့်ရှင်းသော ဝိညာဉ်တော် မဟုတ်လော။ အကယ်၍ အမှုအား သန့်ရှင်းသော ဝိညာဉ်တော်က (ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်) ဆောင်ရွက်ခဲ့ခြင်း မရှိပါက၊ သူ၏ အမှုသည် ဘုရားသခင် ကိုယ်တော်တိုင်အား ကိုယ်စားပြုနိုင်ခဲ့မည်လော။ ယေရှုသည် သူဆုတောင်းသည့်အခါ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ခေါ်ဆိုခဲ့ချိန်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သာမန်နှင့် ရိုးရိုးဇာတိခန္ဓာကို ယူတင်ဝတ်ဆင် ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ၊ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ဤအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ၏အတွင်း၌ ရှိသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့လျှင်ပင်၊ သူ၏အပြင်ပန်း သွင်ပြင်သည် ပုံမှန်လူသား တစ်ဦး၏ သွင်ပြင်ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော “လူသား” ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူ့ကို လူသားဟု ခေါ်ဆိုသည်ကို ထောက်ဆလျှင်၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ၊ မည်သည့် အခြေအနေတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အကာနှင့်ဖြစ်သည်) ဖြစ်သည်။ ထို့ကြောင့် ယေရှုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းနှင့် တူပေသည်။ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ထိုသို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်တို့အား အလွတ်ကျက်မှတ်ရန် ယေရှုမှ သွန်သင်ပေးခဲ့သော ပဌာနာတော်ကို သင်တို့ မှတ်မိကြသေးသလော။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ...” သူသည် လူအားလုံးကို ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်၏ နာမနှင့် ခေါ်ဆိုရန် စေခိုင်းခဲ့သည်။ သူသည်လည်း ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့သည့်အတွက်၊ သူသည် သင်တို့အားလုံးနှင့်တန်းတူ ရပ်တည်သူတစ်ဦး၏ ရှုထောင့်မှ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်အား ခမည်းတော်ဟူသည့် နာမနှင့် ခေါ်ဆိုခဲ့သည့်အတွက် ယေရှုသည် မိမိကိုယ်ကို သင်တို့နှင့် အဆင့်အတန်းတူသည့်သူအဖြစ်နှင့် ကမ္ဘာပေါ်တွင် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့် လူသားတစ်ဦးအဖြစ် (ဆိုလိုသည်မှာ ဘုရားသခင်၏ သားတော်အဖြစ်) ရှုမြင်ခဲ့သည်။ သင်တို့သည် ဘုရားသခင်အား “ခမည်းတော်” ဟု ခေါ်ဆိုပါက၊ ဤသည်မှာ သင်တို့သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သောကြောင့် မဟုတ်လော။ ယေရှု၏ သြဇာအာဏာသည် ကမ္ဘာပေါ်တွင် မည်မျှ ကြီးမားစေကာမူ၊ ကားစင်တင်ခြင်း မတိုင်မီတွင်၊ သူ၏ အမှုကို မပြီးစီးသေးသည့်အတွက် သူသည် သန့်ရှင်းသော ဝိညာဉ်တော် (ယင်းမှာ ဘုရားသခင်ဖြစ်သည်) အုပ်စိုးသည့် လူသား တစ်ဦးမျှသာ ဖြစ်ပြီး၊ ကမ္ဘာမြေ၏ ဖန်ဆင်းခံ သတ္တဝါများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဘုံရှိ ဘုရားသခင်အား ခမည်းတော်ဟု သူ၏ခေါ်ဆိုခြင်းသည် လုံးဝဥဿုံ သူ၏ နှိမ့်ချခြင်းနှင့် နာခံခြင်း ဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဉ်တော်ကို ဆိုလိုသည်) သူ၏ ထိုသို့ပုံစံဖြင့် ခေါ်ဆိုခြင်းက သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင် ဝိညာဉ်တော်၏ သားတော်ဖြစ်ခဲ့သည်ဟု သက်သေမပြပေ။ ထို့ထက် ယင်းမှာ သူသည် မတူကွဲပြားသော လူတစ်ဦး ဖြစ်ခဲ့သည်မဟုတ်ဘဲ၊ သူ၏ ရှုထောင့်က သက်သက် ကွဲပြားခြားနားခဲ့ခြင်း ဖြစ်သည်။ ကွဲပြားသော ပုဂ္ဂိုလ်များ တည်ရှိခြင်းသည် အတွေးမှားတစ်ခု ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်း မတိုင်မီတွင်၊ ယေရှုသည် ဇာတိပကတိ၏ ကန့်သတ်ချက်များဖြင့် ဖွဲ့နှောင် ထားခံရသည့် လူသားတစ်ဦးမျှသာ ဖြစ်ခဲ့ပြီး၊ ဝိညာဉ်တော်၏ သြဇာအာဏာကို အပြည့်အဝ မပိုင်ဆိုင်ခဲ့ပေ။ ယင်းမှာ သူသည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှသာ ခမည်းတော် ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ ယင်းမှာ ဂေသရှေမန် ဥယျာဉ်တွင် သုံးကြိမ်သုံးခါ သူဆုတောင်းခဲ့သည့်အတိုင်း ဖြစ်သည်- “အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော။” သူသည် ကားတိုင်ပေါ် အတင်မခံခဲ့ရမီတွင်၊ ယုဒလူမျိုးများ၏ ရှင်ဘုရင်မျှသာ ဖြစ်ခဲ့သည်။ သူသည် ခရစ်တော်၊ လူသားဖြစ်ခဲ့ပြီး၊ ဘုန်းအသရေနှင့်ဆိုင်သည့် ကိုယ်မဟုတ်ခဲ့ပေ။ ယင်းမှာ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရပ်တည်ချက်မှ သူသည် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် ဘုရားသခင်ကို ခမည်းတော်ဟု ခေါ်ဆိုသူအားလုံး သားတော်ဖြစ်သည်ဟု သင်ပြော၍ မရနိုင်ပေ။ ဤအရာသည် မှန်ကန်ပါက၊ ယေရှုက သင်တို့ကို ပဌနာတော် သင်ပေးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အားလုံးသည် သားတော် ဖြစ်လာကြပြီးဖြစ်မည် မဟုတ်လော။ သင်တို့ လက်မခံသေးပါက၊ ငါ့ကိုပြောကြလော့၊ ခမည်းတော် (အဖ)ဟု သင်တို့ ခေါ်ဆိုသူမှာ မည်သူနည်း။ အကယ်၍ သင်တို့သည် ယေရှုကို ရည်ညွှန်းနေပါက၊ သင်တို့အဖို့ ယေရှု၏ ခမည်းတော်သည် မည်သူဖြစ်သနည်း။ ယေရှု ထွက်ခွာသွားပြီး နောက်တွင်၊ ခမည်းတော်နှင့် သားတော်တို့နှင့် ဆိုင်သည့် ဤစိတ်ကူး မရှိတော့ပေ။ ဤစိတ်ကူးသည် ယေရှု လူ့ဇာတိခံယူသည့် နှစ်ကာလများအတွက်သာ သင့်လျော်ခဲ့သည်။ အခြား အခြေအနေ အားလုံးအောက်တွင်၊ သင်က ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုသောအခါ၊ ဖန်ဆင်းခြင်း၏ သခင်နှင့် ဖန်ဆင်းခံ သတ္တဝါတို့အကြား ဆက်နွှယ်မှုတစ်ခု ဖြစ်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သည့် ဤသုံးပါးတစ်ဆူ စိတ်ကူးရပ်တည်နိုင်သည့် အချိန်ကာလ မရှိပေ။ ယင်းသည် ခေတ်ကာလများ တစ်လျှောက် မြင်ရခဲသော အတွေးမှားတစ်ခုဖြစ်ပြီး မတည်ရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

(၁၅၀) သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့အား ဖော်ပြချက် ဘာမျှမရှိပေ၊ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်သည့် ယေဟာဝါမှ ဣသရေလတွင် သူ၏ အမှုအား ဆောင်ရွက်နေခဲ့သည်ကိုသာ ဖော်ပြထားသည်။ ခေတ်များ ပြောင်းလဲသည်နှင့်အမျှ၊ သူ့ကို မတူကွဲပြားသော နာမများဖြင့် ခေါ်ဆိုထားသည်၊ သို့သော် ဤအရာက နာမအသီးသီးသည် ကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ပါးကို ရည်ညွှန်းသည်ဟု သက်သေမပြနိုင်ပေ။ ဤသို့ဖြစ်မည်ဆိုပါက ဘုရားသခင်၌ မရေမတွက်နိုင်သော ပုဂ္ဂိုလ်များ ရှိမည် မဟုတ်လော။ ဓမ္မဟောင်းကျမ်းတွင် ရေးသားထားသော အရာမှာ ယေဟောဝါ၏ အမှု၊ ပညတ်တော်ခေတ်၌ စတင်ခြင်းအတွက် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုအဆင့်တစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုဖြစ်ခဲ့ပြီး၊ ထိုအမှု၌ သူပြောဆိုသည့်အတိုင်း ဖြစ်ခဲ့ကာ သူ အမိန့်ပေးခဲ့သည်အတိုင်း တည်မြဲခဲ့သည်။ မည်သည့်အချိန်တွင်မျှ ယေဟောဝါက သူသည် အမှုဆောင်ရွက်ဖို့ ကြွလာသော ခမည်းတော် ဖြစ်ကြောင်း မပြောခဲ့သကဲ့သို့၊ လူသားမျိုးနွယ်အား ရွေးနုတ်ရန် သားတော်ကြွလာခြင်းကို တစ်ကြိမ်တစ်ခါမျှ ပရောဖက်မပြုခဲ့ပေ။ ယေရှု၏ အချိန်ကာလ ရောက်လာသောအခါတွင်၊ လူသားမျိုးနွယ်အား ရွေးနုတ်ရန် ဘုရားသခင်သည် လူ့ဇာတိ ခံယူခဲ့ပြီးဖြစ်သည်ဟုသာ ပြောခဲ့ပြီး၊ ကြွလာခဲ့ပြီးသူမှာ သားတော် ဖြစ်သည်ဆိုသည်ကို မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ခေတ်ကာလများသည် မတူကြသကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အမှုသည်လည်း ကွဲပြားသောကြောင့်၊ သူသည် သူ၏ အမှုကို မတူကွဲပြားသော နယ်ပယ်များအတွင်းတွင် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ဤနည်းဖြင့်၊ သူကိုယ်စားပြုသော ပင်ကိုလက္ခဏာသည်လည်း ကွဲပြားသွားသည်။ လူက ယေဟောဝါသည် ယေရှု၏ ခမည်းတော်ဖြစ်သည်ဟု ယုံကြည်သည်၊ သို့သော် “ငါတို့သည် ဘယ်သောအခါမျှ ခမည်းတော်နှင့် သားတော်ဟူ၍ ခွဲခြားမနေ။ ငါနှင့် ကောင်းကင်ဘုံရှိ ခမည်းတော်သည် တစ်ဦးတည်း ဖြစ်၏။ ခမည်းတော်သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏၊ သားတော်ကို မြင်သောသူသည်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်ကို မြင်၏။” ဟုပြောဆိုခဲ့သည့် ယေရှုက ဤအရာကို အသိအမှတ်မပြုခဲ့ပေ။ အနှစ်ချုပ်အားဖြင့်၊ ခမည်းတော်ဖြစ်စေ၊ သားတော်ဖြစ်စေ၊ ၎င်းတို့သည် သီးခြား ပုဂ္ဂိုလ်များအဖြစ်သို့ ခွဲခြားမခံရဘဲ၊ ဝိညာဉ်တော် တစ်ပါးတည်းဖြစ်သည်။ လူက ရှင်းပြရန် ကြိုးစားသည်နှင့်တစ်ပြိုင်နက်၊ ကိစ္စရပ်များသည် ကွဲပြားသော ပုဂ္ဂိုလ်များနှင့်ဆိုင်သည့် ထင်မြင်ယူဆချက်အပြင် ခမည်းတော်၊ သားတော်နှင့် ဝိညာဉ်တော်တို့ အကြားရှိ ဆက်နွှယ်မှု တို့ဖြင့် ရှုပ်ထွေးသွား၏။ လူသည် သီးခြား ပုဂ္ဂိုလ်များနှင့်သက်ဆိုင်၍ ပြောသောအခါတွင်၊ ဤသည်မှာ ဘုရားသခင်အား ရုပ်ဝါဒသဘောသို့ သွင်းလိုက်သည် မဟုတ်လော။ လူသည် ပုဂ္ဂိုလ်များကို ပထမ၊ ဒုတိယနှင့် တတိယဟူ၍ပင် အဆင့်သတ်မှတ်ကြသည်။ ဤအရာ အားလုံးသည် လူ၏ စိတ်ကူးစိတ်သန်းများသာ ဖြစ်ကြပြီး၊ ရည်ညွှန်းခြင်းငှာ မထိုက်တန်သကဲ့သို့ လုံးဝ လက်တွေ့မကျပေ။ အကယ်၍ သင်သည် ထိုသူ့ကို “ဘုရားသခင် ဘယ်နှစ်ပါး ရှိသနည်း။” ဟု မေးခဲ့ပါက၊ ထိုသူက ဘုရားသခင်သည် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သည့် သုံးပါးတစ်ဆူဖြစ်သည်- စစ်မှန်သော ဘုရားတစ်ဆူ ဖြစ်သည်ဟု ပြောပေမည်။ သင်က “ခမည်းတော် ဆိုသည်မှာ မည်သူနည်း။” ဟု နောက်ထပ်မေးလျှင် ထိုသူက၊ “ခမည်းတော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည်၊ သူသည် အရာအားလုံးကို ကွပ်ကဲပြီး ကောင်းကင်ဘုံ၏ အရှင်သခင် ဖြစ်သည်။” ဟု ပြောပေမည်။ “သို့ဆိုလျှင် ယေဟောဝါသည် ဝိညာဉ်တော် ဖြစ်သလော။” ဟု သင်မေးမည်ဆိုပါက၊ ထိုသူက “ဟုတ်သည်” ဟု ပြန်ဖြေမည်။ ထို့နောက် သင်က “သားတော်သည် မည်သူနည်း။” ဟု ထိုသူကို မေးမည်ဆိုပါက၊ ယေရှုမှာ သားတော် အမှန်ဖြစ်သည်ဟု ထိုသူက ပြောပေမည်။ “ဤသို့ဆိုလျှင် ယေရှု၏ အဖြစ်အပျက်ကား မည်သည့်အရာဖြစ်သနည်း။ မည်သည့်နေရာမှ သူလာခဲ့သနည်း။” ဟု မေးမည် ဆိုပါက၊ ထိုသူက “ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေ စွဲယူခြင်းမှတစ်ဆင့် မာရိထံ မွေးဖွားခဲ့သည်။” ဟု ပြောပေမည်။ သို့ဆိုလျှင် သူ၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ သူ၏အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်အား ကိုယ်စားပြုခြင်း ဖြစ်သည် မဟုတ်လော။ ယေဟောဝါသည် ဝိညာဉ်တော်ဖြစ်၏၊ ယေရှု၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်သည်။ ယခုနောက်ဆုံးသော ကာလတွင် ယင်းက ဝိညာဉ်တော်ပင် ဖြစ်နေဆဲဖြစ်သည်ကို သိပ်ပြောစရာပင် မလိုပေ၊ ၎င်းတို့သည် အဘယ်သို့ မတူကွဲပြားသော ပုဂ္ဂိုလ်များ ဖြစ်နိုင်မည်နည်း။ ကွဲပြားခြားနားသော ရှုထောင့်များမှ ဝိညာဉ်တော်၏ အလုပ်အား ဆောင်ရွက်နေသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် သက်သက် ဖြစ်သည် မဟုတ်လော။ ထိုသို့ဖြင့် ပုဂ္ဂိုလ်များကြားတွင် ကွဲပြားချက် မရှိပေ။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့သည်၊ မလွဲဧကန် သူ၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် အတိအကျ ဖြစ်ပေသည်။ ယေဟောဝါက ဆောင်ရွက်ခဲ့သည့် အမှု၏ ပထမအဆင့်တွင်၊ သူသည် လူ့ဇာတိ မခံယူခဲ့သကဲ့သို့၊ လူ့ထံသို့လည်း မပေါ်ထွန်းခဲ့ပေ။ ထို့ကြောင့် လူသည် သူ၏ မည်သည့်အသွင်ပြင်ကို လုံးဝ မမြင်ခဲ့ရပေ။ သူသည် မည်မျှ ကြီးမြတ်ကာ မည်မျှမြင့်မားခဲ့သည်ဖြစ်စေ၊ သူသည် ဝိညာဉ်တော်ဖြစ်နေဆဲ၊ လူကို အစအဦး၌ ဖန်ဆင်းခဲ့သည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့သည်။ သူသည် မိုးတိမ်များအလယ်မှ ဝိညာဉ်တော်သက်သက်ဖြင့် လူကို စကားပြောခဲ့ပြီး သူ၏ အသွင်အပြင်ကို မည်သူမျှ မျက်မြင် မတွေ့ခဲ့ကြရပေ။ ကျေးဇူးတော်ခေတ်တွင်သာ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိဖြစ်လာခဲ့ပြီး၊ ယုဒနယ်တွင် လူ့ဇာတိ ခံယူခဲ့သည့်အခါတွင်သာ လူသည် ပထမဦးဆုံးအနေနှင့် လူ့ဇာတိခံယူခြင်း၏ ပုံသဏ္ဌာန်ကို ယုဒလူတစ်ဦးအဖြစ် တွေ့မြင်ခဲ့ရပေသည်။ သူနှင့်ပတ်သက်၍ ယေဟောဝါနှင့်ဆိုင်သောအရာ ဘာတစ်ခုမျှ မရှိခဲ့ပေ။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ဆိုလိုသည်မှာ ယေဟောဝါ ကိုယ်တော်တိုင်၏ ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ယေရှုသည် ဘုရားသခင် ဝိညာဉ်တော်၏ ပြယုဂ်အဖြစ် မွေးဖွားလာခဲ့ဆဲဖြစ်သည်။ လူက ပထမအဦးဆုံး မြင်ခဲ့ရသော အရာမှာ ယေရှုအပေါ်သို့ ချိုးငှက်အဖြစ် ဆင်းသက်နေသည့် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည်။ ယင်းမှာ ယေရှုအဖို့ သီးသန့်ဝိညာဉ်တော် မဟုတ်ခဲ့ဘဲ၊ ယင်းထက် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ခဲ့သည်။ သို့ဆိုလျှင် ယေရှု၏ ဝိညာဉ်တော်ကို သန့်ရှင်းသော ဝိညာဉ်တော်မှ ခွဲ၍ ရနိုင်သလော။ အကယ်၍ ယေရှုသည် ယေရှု၊ သားတော် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပါက၊ ၎င်းတို့သည် အဘယ်သို့ တစ်ပါးတည်း ဖြစ်နိုင်မည်နည်း။ ထိုသို့ဖြစ်ပါက အမှုကို ဆောင်ရွက်နိုင်ခဲ့မည် မဟုတ်ပေ။ ယေရှုအတွင်းရှိ ဝိညာဉ်တော်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်နှင့် ယေဟောဝါ၏ ဝိညာဉ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဉ်တော်နှင့် အလုံးစုံ ခြုံလွှမ်းသော ဝိညာဉ်တော်ဟူ၍ ခေါ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာလောကကို ဖန်ဆင်းနိုင်ပြီး၊ ယင်းကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နိုင်သည့်အပြင်၊ လူသားမျိုးနွယ် အားလုံးကိုလည်း သိမ်းပိုက်ကာ ဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က ဆောင်ရွက်ခြင်းဖြစ်ပြီး သူ၏ကိုယ်စား ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ်တော်အဖြစ်ကမျှ လုပ်ဆောင်၍ မရနိုင်ပေ။ သူ၏ဝိညာဉ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်နာမဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်။ သူသည် စကြဝဠာများအထက်နှင့် လူထုများအလယ်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှ ယခုအထိ၊ ဤအမှုကို ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပြီးဖြစ်သည်။ ကောင်းကင်ဘုံရှိ အလုပ်ဖြစ်စေ၊ လူ့ဇာတိထဲက အလုပ်ဖြစ်စေ၊ အားလုံးကို သူကိုယ်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပေသည်။ ကောင်းကင်ဘုံတွင် ဖြစ်စေ၊ မြေကြီးပေါ်တွင် ဖြစ်စေ၊ ဖန်ဆင်းခံ သတ္တဝါအားလုံးသည် သူ၏ အနန္တလက်ဝါးတွင် ရှိကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှု ဖြစ်ပြီး၊ သူ၏ ကိုယ်စား အခြားမည်သူကမျှ လုပ်ဆောင်၍မရနိုင်ပေ။ ကောင်းကင်ဘုံတွင်၊ သူသည် ဝိညာဉ်တော်ဖြစ်ပြီးသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်သည်။ လူတို့အလယ်တွင် သူသည် လူ့ဇာတိဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲဖြစ်သည်။ သူ့ကို ရာထောင်ချီသော နာမများဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင် ဖြစ်နေသေးပြီး၊ သူ့ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်းမှတစ်ဆင့် လူသားမျိုးနွယ် အားလုံးနှင့်ဆိုင်သည့် ရွေးနုတ်ခြင်းသည် သူ၏ ဝိညာဉ်တော်၏ တိုက်ရိုက် အလုပ် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလအတွင်းတွင် တိုင်းနိုင်ငံအားလုံးနှင့် နယ်မြေအားလုံးထံ ကြွေးကြော်ခြင်းလည်း ဖြစ်သည်။ တစ်ချိန်လုံး၊ ဘုရားသခင်ကို အနန္တတန်ခိုးရှိသကဲ့သို့ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆို၍ရနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်ဆိုင်သည့် ဤထင်မြင်ယူဆချက်ကို မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်များ မတည်ရှိပေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

(၁၅၁) အချို့က “ခမည်းတော်သည် ခမည်းတော်ဖြစ်ပြီး၊ သားတော်က သားတော်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ အဆုံးတွင် ၎င်းတို့သည် တစ်ဦးတည်း ဖြစ်ကြလိမ့်မည်။” ဟု ဆိုကောင်း ဆိုနိုင်သေးသည်။ သို့ဆိုလျှင် သင်သည် ၎င်းတို့ကို တစ်ဦးတည်းအဖြစ် မည်သို့ဖြစ်စေသင့်သနည်း။ ခမည်းတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကဲ့သို့ တစ်ဦးတည်း ဖြစ်နိုင်မည်နည်း။ အကယ်၍ ၎င်းတို့သည် ပင်ကိုအားဖြင့် နှစ်ပါးဖြစ်ခဲ့သည်ဆိုပါက၊ ၎င်းတို့ကို မည်သို့ ပေါင်းစပ်သည်ဖြစ်စေ၊ အစိတ်အပိုင်းနှစ်ခု ဖြစ်ဆဲရှိကြမည် မဟုတ်လော။ သင်သည် ၎င်းတို့အား တစ်ဦးတည်း ဖြစ်စေခြင်းအကြောင်း ပြောဆိုရာတွင်၊ ယင်းမှာ ကွဲပြားသော အစိတ်အပိုင်းနှစ်ခုကို တစ်လုံးတစ်ဝတည်း ဖြစ်စေရန် ပေါင်းစည်းခြင်း သက်သက်ဖြစ်သည် မဟုတ်လော။ သို့သော် ၎င်းတို့သည် တစ်လုံးတစ်ဝတည်း မဖြစ်မီတွင် အစိတ်အပိုင်းနှစ်ခု ဖြစ်ခဲ့သည် မဟုတ်လော။ ဝိညာဉ်တော်အသီးသီးသည် ခြားနားသော အနှစ်သာရ တစ်ခုရှိပြီး၊ ဝိညာဉ်တော် နှစ်ပါးကိုလည်း တစ်ပါးတည်း အဖြစ်သို့ ပြုလုပ်၍ မရနိုင်ပေ။ ဝိညာဉ်တော်သည် ရုပ်ဝတ္ထုအရာတစ်ခု မဟုတ်သကဲ့သို့၊ ရုပ်ဝတ္ထု လောကကြီးထဲက မည်သည့်အရာနှင့်မျှ မတူပေ။ လူသားက မြင်သကဲ့သို့၊ ခမည်းတော်သည် ဝိညာဉ်တော် တစ်ပါးဖြစ်ပြီး၊ သားတော်သည် နောက်ထပ် တစ်ပါးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း နောက်တစ်ပါး ဖြစ်ပြီး၊ ဝိညာဉ်တော် သုံးပါးကို ဖန်ခွက်သုံးခွက်ထဲမှ ရေများကဲ့သို့ တစ်လုံးတစ်ဝတည်းအဖြစ်သို့ ရောနှောလိုက်ခြင်း ဖြစ်သည်။ ထိုအခါ သုံးပါးသည် တစ်ပါးတည်းဖြစ်သွားသည် မဟုတ်လော။ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မရှိသော ရှင်းပြချက်သက်သက်ပင်တည်း။ ဤသည်မှာ ဘုရားသခင်အား ခွဲခြင်း ဖြစ်သည် မဟုတ်လော။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့ကို အဘယ်သို့ တစ်ဦးတည်း ဖြစ်စေ၍ ရနိုင်သနည်း။ ၎င်းတို့သည် ကွဲပြားခြားနားသော သဘာဝများနှင့် အစိတ်အပိုင်း သုံးခု ဖြစ်ကြသည် မဟုတ်လော။ “ဘုရားသခင်က ယေရှုကို သူ၏ချစ်သောသားဟု ပွင့်လင်းစွာ ဖော်ပြခဲ့သည် မဟုတ်လော။” ဟု ဆိုကြသော အခြားသူများ ရှိကြသည်။ ယေရှုသည် ဘုရားသခင်၏ နှစ်သက်မြတ်နိုးရာ ချစ်သား ဖြစ်သည်- ဤအရာကို ဘုရားသခင် ကိုယ်တော်တိုင် သေချာပေါက် ပြောခဲ့ပေသည်။ ယင်းမှာ ဘုရားသခင်သည် မိမိကိုယ်ကိုယ် သက်သေခံခြင်း ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်း ဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်း ဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ သူ၏ သားတော်မဟုတ်ပေ။ သင်နားလည်ပါ၏လော။ “ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊” ဟူသော ယေရှု၏ စကားများသည် ၎င်းတို့မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်သည်ကို ညွှန်းပြသည် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ခွဲခွာနေရခြင်း ဖြစ်သည် မဟုတ်လော။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်က မိမိကိုယ်ကိုယ် သက်သေခံခြင်း သက်သက် ဖြစ်သည်။ ခေတ်များထဲက အပြောင်းအလဲ၊ အမှု၏ သတ်မှတ်ချက်များနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ကွဲပြားခြားနားသော အဆင့်များကြောင့်၊ သူ့ကို လူကခေါ်ဆိုသော နာမတော်သည်လည်း ကွဲပြားခြားနားပေသည်။ အမှု၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွလာခဲ့ချိန်တွင်၊ သူ့ကို ဣသရေလလူမျိုးများ၏ သိုးထိန်းရှင်ဖြစ်သူ ယေဟောဝါဟူ၍သာ ခေါ်၍ရနိုင်ခဲ့သည်။ ဒုတိယအဆင့်တွင်၊ လူ့ဇာတိခံ ဘုရားသခင်ကို သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆို၍ရနိုင်ခဲ့သည်။ သို့သော် ထိုအချိန်တွင်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူသည် ဘုရားသခင်၏ ချစ်မြတ်နိုးသောသား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသော သူ၏ဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပေ။ ဤသည်မှာ တကယ်ကို မဖြစ်ပျက်ခဲ့ပေ။ အဘယ်သို့ ဘုရားသခင်သည် ကလေးတစ်ဦးတည်းသာ ရှိနိုင်မည်နည်း။ သို့ဆိုလျှင် ဘုရားသခင်သည် လူသား ဖြစ်လာပြီးဖြစ်မည် မဟုတ်လော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်ခဲ့သောကြောင့်၊ သူ့ကို ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခဲ့ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားက ဆက်နွှယ်မှု ဖြစ်လာပေသည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့် သက်သက် ဖြစ်သည်။ ယေရှုသည် လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သည်။ သူသည် ထိုသို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားခဲ့ပြီးဖြစ်သည့် အတွက်၊ “ငါ၏ အပြင်ပန်းအကာသည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အရာသာ ဖြစ်သည်။ ငါသည် ဤကမ္ဘာမြေသို့ ကြွလာရန် လူ့ဇာတိအား ယူတင်ဝတ်ဆင်သည့်အတွက်၊ ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့်အလွန် ဝေးကွာလျက်ရှိ၏။” ဟုသူပြောခဲ့သည်မှာ လူ့ဇာတိ၏ ရှုထောင့်မှ ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှသာ ဆုတောင်းနိုင်ခဲ့သည်။ ဤသည်မှာ သူ၏တာဝန် ဖြစ်ခဲ့ပြီး၊ ယင်းမှာ လူ့ဇာတိခံ ဘုရားသခင်၏ ဝိညာဉ်တော်က ဖြည့်ဆည်းထားသင့်သည့် အရာ ဖြစ်သည်။ သူသည် ခမည်းတော်အား လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သောကြောင့်သာ၊ သူသည် ဘုရားသခင် မဟုတ်ဟု ပြော၍မရနိုင်ပေ။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်နေဆဲ ဖြစ်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံခဲ့ရသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ဆဲဖြစ်ခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

အရှေ့သို့- (ခ) ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စာတန်ဆန်သော စိတ်သဘောထားနှင့် ၎င်းတို့၏ သဘာဝဗီဇနှင့် အနှစ်သာရတို့ကို ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- (ဃ) သမ္မာတရား၏ဖြစ်ခြင်းကို ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။