(ခ) ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စာတန်ဆန်သော စိတ်သဘောထားနှင့် ၎င်းတို့၏ သဘာဝဗီဇနှင့် အနှစ်သာရတို့ကို ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

(၈၁) လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို နာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားဘိ၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို နာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို ကျိုးကြောင်းမမြင် တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်သည်။ မူမမှန်သော အသိစိတ် ရှိသည့်- ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

(၈၂) နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်- အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်- လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ အသက်ရှင်သန်ခြင်းအတွက် စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

(၈၃) လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် သူ၏ထုံထိုင်းသော အသိတရားမှ လာခြင်းသာ ဖြစ်သည်၊ သူ၏ မလိုမုန်းထားသော သဘာဝနှင့် သူ၏ စိတ်မချရသော အသိစိတ်တို့ကလွဲ၍ အခြားမဟုတ်ပေ။ အကယ်၍ လူသား၏ အသိတရားနှင့် အသိစိတ်သည် ပုံမှန်သို့ ပြန်ဖြစ်လာနိုင်ပါက၊ ဘုရားသခင်ရှေ့တွင် အသုံးခံထိုက်သူ တစ်ဦး ဖြစ်လာပေမည်။ လူသားသည် ဘုရားသခင်ကို တိုး၍ပုန်ကန်လာသည်မှာ ယေရှုကိုပင် ကားတိုင်တွင် သံမှိုရိုက်ပြီး သူ့အိမ်သို့ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံ ဝင်ရောက်ခြင်းအား ငြင်းခဲ့သည်သာမက၊ ဘုရားသခင်၏ ဇာတိခန္ဓာကို ရှုတ်ချကာ၊ ဘုရားသခင်၏ ဇာတိခန္ဓာကို အရေးမပါဟု မြင်လာခြင်းသည် လူ့အသိတရား ထုံမြဲထုံခြင်း၊ လူ့အသိစိတ်သည် တစ်ခါမျှ အကောင်းပကတိ မဟုတ်သည့်အပြင် တိုး၍ ထိုင်းမှိုင်းခြင်းကြောင့်သက်သက် ဖြစ်သည်။ အကယ်၍ လူသား၌ လူ့သဘာဝ အနည်းငယ်မျှ ရှိခဲ့သော်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကို သူ၏ ဆက်ဆံမှုတွင် အလွန် ကြမ်းကြုတ်ရက်စက်မည် မဟုတ်ပေ၊ အကယ်၍ သူ၌ အသိစိတ် အနည်းငယ်ရှိခဲ့သော်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာအပေါ် သူ၏ ဆက်ဆံမှုတွင် အလွန်ရက်စက်ခဲ့လိမ့်မည် မဟုတ်ပေ၊ အကယ်၍ သူ့၌ အသိတရား အနည်းငယ်မျှ ရှိခဲ့လျှင်၊ လူ့ဇာတိခံ ဘုရားသခင်ကို ဤနည်းဖြင့် အလွန် “ကျေးဇူးတင်” ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင် လူ့ဇာတိခံယူသော ခေတ်တွင် အသက်ရှင်နေထိုင်သော်လည်း၊ ဤမျှကောင်းမွန်သော အခွင့်အရေးကို ပေးခဲ့သူ ဘုရားသခင်အား ကျေးဇူးတင်နိုင်စွမ်းမရှိဘဲ၊ ယင်းအစား ဘုရားသခင် ကြွလာခြင်းကို ကျိန်ဆဲ၏၊ သို့မဟုတ် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရားကို လုံးဝ လျစ်လျူရှုသည့်အပြင်၊ အမြင်အားဖြင့် ယင်းကို ဆန့်ကျင်ပြီး ငြီးငွေ့ပေသည်။ ဘုရားသခင် ကြွလာခြင်းကို လူသားသည် မည်သို့သဘောထားသည် ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို စိုးစဉ်းမျှ ကြိုဆိုခြင်း မရှိဘဲ၊ သူ့ထံမှ မဆင်မခြင် တောင်းဆိုခြင်းမျိုးကို ပြုလုပ်သော်ငြားလည်း၊ တိုတိုပြောရလျှင် ဘုရားသခင်သည် အစဉ်အမြဲ မိမိအမှုတော်ကို အစဉ် စိတ်ရှည်လက်ရှည် ဆောင်ရွက်ခဲ့သည်။ လူ့စိတ်သဘောထားသည် အလွန့်အလွန် ရက်စက်သွားပြီးဖြစ်ကာ၊ သူ့အသိစိတ်သည် အလွန့်အလွန် ထိုင်းမှိုင်းသွားပြီး၊ သူ၏အသိတရားသည်လည်း နတ်ဆိုး၏ လုံးဝနင်းခြေမှုကို ခံရပြီးဖြစ်ကာ ကြာမြင့်စွာကတည်းကပင် လူသား၏နဂိုအသိတရား မဟုတ်တော့ပေ။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်က လူသားမျိုးနွယ်အပေါ် အသက်နှင့် ကျေးဇူးတော်များစွာ ပေးအပ်နှင်းသည်ကို ကျေးဇူးမတင်သည်သာမက၊ သူ့ကို သမ္မာတရား ပေးခြင်းအတွက် ဘုရားသခင်အား မကျေမချမ်းပင် ဖြစ်သွားခဲ့ပေပြီ။ အကြောင်းမှာ လူသားသည် သမ္မာတရားကို စိုးစဉ်းမျှ စိတ်မဝင်စားသောကြောင့်၊ ဘုရားသခင်ကို တိုး၍ မကျေမချမ်း ဖြစ်ရခြင်း ဖြစ်သည်။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်အတွက် မိမိအသက်ကို စတေးနိုင်စွမ်း မရှိသည်သာမက၊ သူ့ထံမှ မျက်နှာသာပေးမှုများကို နှိုက်ယူဖို့ကိုလည်း ကြိုးစားအားထုတ်ကာ ဘုရားသခင်ကို လူသားကပေးသည့်အရာထက် ဆယ်ဆမကသော အကျိုးအမြတ်ကို တောင်းဆိုသည်။ ထိုကဲ့သို့သော အသိတရားနှင့် အသိစိတ်ရှိသည့် လူတို့သည် ဤအရာကို ကြီးကြီးမားမားကိစ္စ မဟုတ်ဟု ထင်မှတ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို များစွာ အသုံးခံပြီး ဖြစ်ကြောင်းနှင့် ဘုရားသခင်မှ သူတို့ကို ပေးခဲ့သည်မှာ နည်းလွန်းကြောင်း ယုံကြည်ဆဲ ဖြစ်ကြသည်။ ငါ့ကို ရေတစ်ခွက်ပေးပြီးနောက် ၎င်းတို့၏ လက်များဖြန့်ပြီး နွားနို့နှစ်ခွက်အတွက် ၎င်းတို့အား ငါ အခပေးရန် တောင်းဆိုသောသူများ ရှိသည်၊ သို့မဟုတ် ငါ့အတွက် တစ်ညတာ တည်းခိုရန် အခန်းတစ်ခန်း ပြင်ဆင်ပေးကာ ညအချို့အတွက် တည်းခိုခ ပေးရန် တောင်းဆိုသော သူများရှိသည်။ သင်တို့သည် ထိုသို့သော လူ့သဘာဝနှင့် အသိစိတ်တစ်ခု ရှိလျက် အသက်ကို ရလိမ့်မည်ဟု မည်သို့ မျှော်လင့်နိုင်ကြသေးသနည်း။ သင်တို့သည် အလွန်စက်ဆုပ်ဖွယ်ကောင်းသော အကောင်ယုတ်များ ဖြစ်ကြသည်တကား။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

(၈၄) သင်တို့၏ နှလုံးသား အတွင်းနက်နက်ရှိ အကျည်းတန်မှုကို ငါဖော်ထုတ်မပြပါက၊ သင်တို့ အသီးသီးသည် သင်တို့၏ ခေါင်းပေါ်တွင် သရဖူထားရှိကာ မိမိကိုယ်ကိုယ်အတွက် ဂုဏ်အသရေကို ထိန်းသိမ်းကြမည် ဖြစ်သည်။ သင်တို့၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့် သဘာဝသည် သင်တို့၏ ကိုယ်ပိုင်အသိစိတ်များကို သစ္စာဖောက်ရန်၊ ခရစ်တော်ကို ပုန်ကန်ပြီး ခုခံမိစေရန်နှင့်၊ သင်တို့၏အကျည်းတန်မှုကို ထုတ်ဖော်ပြသရန်၊ ထိုသို့ဖြင့် သင်တို့၏ရည်ရွယ်ချက်များ၊ အယူအဆများ၊ လွန်ကျူးသော အလိုဆန္ဒများနှင့် လောဘနှင့်ပြည့်သော မျက်လုံးများကို ဖော်ထုတ်ဖို့ တိုက်တွန်းလေသည်။ သို့သော် သင်တို့သည် ခရစ်တော်၏ အမှုအတွက် သင်တို့၏ ရာသက်ပန် စိတ်ထက်သန်မှု အကြောင်းနှင့်ပတ်သက်၍ ဆက်လက် တတွတ်တွတ်ပြောကြပြီး၊ အချိန်ကြာမြင့်စွာက ခရစ်တော်ပြောခဲ့သော သမ္မာတရားများကို ထပ်ခါတလဲလဲ ပြန်လည်ပြောဆိုကြသည်။ ဤသည်မှာ သင်တို့၏ “ယုံကြည်ခြင်း”- “အညစ်အကြေး မရှိသော သင်တို့၏ ယုံကြည်ခြင်း” ဖြစ်သည်။ ငါသည် တစ်လျှောက်လုံး လူသားကို တင်းကျပ်သော စံနှုန်းတစ်ခု သတ်မှတ်ထားပြီးဖြစ်သည်။ အကယ်၍ သင်၏ သစ္စာစောင့်သိမှုသည် ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များဖြင့် လာပါက၊ ၎င်းတို့၏ ရည်ရွယ်ချက်များမှတစ်ဆင့် ငါ့ကို လှည့်ဖြားပြီး၊ သတ်မှတ်ချက်များဖြင့် ငါ့ကို ခြိမ်းခြောက်ညှစ်ယူသောသူတို့ကို ငါ စက်ဆုပ်သည့်အတွက်၊ သင်၏ သစ္စာစောင့်သိမှုဟု ခေါ်သောအရာမရှိဘဲသာ နေလိုက်ချင်သည်။ လူ့အနေဖြင့် ငါ့အား လုံးဝ သစ္စာစောင့်သိကြရန်နှင့်- ယုံကြည်ခြင်း- ဟူသော စကားလုံး တစ်လုံးအတွက်- သက်သေပြရန်အလို့ငှာ- အရာခပ်သိမ်းကို လုပ်ဆောင်ဖို့ကိုသာ ငါ အလိုရှိသည်။ ငါသည် သင်တို့ကို စစ်မှန်ရိုးသားမှုဖြင့် အမြဲ ဆက်ဆံခဲ့ပြီး၊ ထို့ကြောင့် သင်တို့သည်လည်း ငါ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းဖြင့် ပြုမူရန် ငါ ဆန္ဒရှိသည့်အတွက်၊ ငါကို ဝမ်းမြောက်စေရန် ကြိုးစားဖို့ သင်တို့၏ ချော့လုံးမြောက်လုံးများ အသုံးပြုခြင်းကို ငါ စက်ဆုပ်ရွံရှာသည်။ ယုံကြည်ခြင်းနှင့်ပတ်သက် လာသည့်အခါ၊ လူများစွာက ၎င်းတို့သည် ယုံကြည်ခြင်းရှိသောကြောင့် ဘုရားသခင်နောက်သို့ ၎င်းတို့ လိုက်ကြသည်ဟု တွေးထင်ကြပြီး တစ်နည်းအားဖြင့် ထိုသို့သော ဆင်းရဲဒုက္ခကို ၎င်းတို့ သည်းခံကြမည် မဟုတ်ပေ။ ထို့ကြောင့် ငါသည် သင့်ကို ဤသို့မေးသည်- ဘုရားသခင်၏ တည်ရှိခြင်းကို သင်ယုံကြည်လျှင်၊ သူ့ကို အဘယ်ကြောင့် မကြောက်ရွံ့သနည်း။ ဘုရားသခင်၏ တည်ရှိခြင်းကို သင် ယုံကြည်လျှင်၊ သင့်စိတ်နှလုံးထဲ၌ အဘယ်ကြောင့် သူ့ကိုကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိသနည်း။ ခရစ်တော်သည် ဘုရား၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို သင်လက်ခံသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် သူ့ကို မထီမဲ့မြင်ပြုသနည်း။ အဘယ်ကြောင့် သင်သည် သူ့အပေါ် မလေးမခန့် ပြုမူသနည်း။ သူ့ကို အဘယ်ကြောင့် ပေါ်ပေါ်တင်တင် ဝေဖန်အကဲဖြတ်သနည်း။ သူ၏လှုပ်ရှားမှုများ အပေါ် အဘယ်ကြောင့် သင် အမြဲ စောင့်ကြည့်ရသနည်း။ သူ၏အစီအစဉ်များကို အဘယ်ကြောင့် မကျိုးနွံမနာခံသနည်း။ အဘယ်ကြောင့် သင်သည် သူ၏ နှုတ်ကပတ်တော်နှင့်အညီ မပြုမူသနည်း။ သူ၏ လှူဖွယ်ပစ္စည်းများကို အဘယ်ကြောင့် သူ့ထံမှ ခြိမ်းခြောက်ညှစ်ယူပြီး လုယက်ဖို့ ကြိုးစားသနည်း။ အဘယ်ကြောင့် သင်သည် ခရစ်တော်၏နေရာမှ စကားပြောသနည်း။ သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့က မှန်သည်၊ မမှန်သည်ကို အဘယ်ကြောင့် သင်ဝေဖန်အကဲဖြတ်သနည်း။ သူ၏ နောက်ကွယ်တွင် အဘယ်ကြောင့် သူ့ကို ပြစ်မှားစော်ကားဝံ့သနည်း။ ဤအရာများနှင့် အခြားအရာများသည် သင်တို့၏ ယုံကြည်ခြင်းတွင် ပါဝင်သည့်အရာများ ဖြစ်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

(၈၅) အကယ်၍ ဘုရားသခင်သည် အပြောင်းအလဲမရှိသော ရွှံ့စေးရုပ်တုအလား၊ ဘုရားသခင်ကို အကဲဖြတ်ရန်နှင့် ဘောင်ခတ်ရန် မိမိတို့၏ အယူအဆများ အသုံးပြုသည့်အပြင်၊ သမ္မာကျမ်းစာ၏ ကန့်သတ်ချက်များအတွင်း၌ ဘုရားသခင်ကို လုံးလုံးလျားလျား ဘောင်ခတ်ပြီး အကန့်အသတ်ရှိသော အမှုအတိုင်းအတာအတွင်း၌ သူ့ကို ထိန်းချုပ်ထားပါက၊ ဤသည်မှာ သင်တို့က ဘုရားသခင်ကို ရှုတ်ချမိပြီဖြစ်ကြောင်း သက်သေပြလေသည်။ ဘုရားသခင်ကို မေရှိယဟုသာ ခေါ်ဆိုနိုင်ပြီး မေရှိယဟု ခေါ်ခြင်းခံရသောသူမှသာလျှင် ဘုရားသခင်ဖြစ်နိုင်သည့်အလား၊ ဓမ္မဟောင်းခေတ်ထဲက ယုဒလူမျိုးတို့သည် သူတို့၏စိတ်နှလုံးထဲ၌ တရားသေ စွဲကိုင်ထားသည့် ရုပ်တုဆင်းတုပုံစံအဖြစ် ဘုရားသခင်ကို သဘောထားခဲ့ကြသောကြောင့်၊ ထို့ပြင် လူသားမျိုးနွယ်က ဘုရားသခင်ကို (အသက်မဲ့သော) ရွှံ့စေးရုပ်တုပမာ အစေခံပြီး ကိုးကွယ်ခဲ့ကြသောကြောင့်၊ သူတို့သည် ထိုခေတ်၏ယေရှုကို သေမိန့်ပေးကာ လက်ဝါးကားတိုင်ထက်၌ သံမှိုစွဲရိုက်ခဲ့ကြကာ- ထိုသို့ဖြင့် အပြစ်မဲ့သောယေရှုမှာ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်သည် ပုန်ကန်ပြစ်မှားခြင်း တစ်စုံတစ်ရာ ကင်းမဲ့ခဲ့စေကာမူ၊ လူသားက သူ့ကို သက်ညှာရန် ငြင်းဆန်ခဲ့ပြီး၊ သူ့ကို သေမိန့်ပေးရန် မရမကတောင်းဆိုခဲ့ကြသဖြင့် ယေရှုမှာ ကားစင်တင်သတ်ခံခဲ့ရ၏။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိဟု လူက အမြဲယုံကြည်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအပေါ် လူက ပြီးပြည့်စုံသော နားလည်ခြင်းရှိသည့်အလား၊ ဘုရားသခင်လုပ်ဆောင်သမျှ အရာခပ်သိမ်းကို လူက သူ၏လက်ခုပ်ထဲတွင် ထိန်းထားသည့်အလား သမ္မာကျမ်းစာဟူသော တစ်အုပ်တည်းသော စာအုပ်ပေါ်အခြေခံ၍ သူ့အား အနက်ဖွင့်ဆိုကြသည်။ လူတို့သည် လွန်လွန်ကဲကဲပင် ကိုးရိုးကားရား ဖြစ်နေကြပြီး၊ လွန်လွန်ကဲကဲပင် မာနထောင်လွှားနေကြကာ၊ သူတို့အားလုံးမှာ ချဲ့ကားပြောဆိုခြင်းတွင် အလွန်ကျွမ်းကျင်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏ အသိပညာမှာ မည်မျှပင် ကြီးမားနေပါစေ၊ သင်သည် ဘုရားသခင်၏ အမှုကို လုံးလုံးလျားလျား လိုက်နာနိုင်စွမ်း မရှိသည့်အပြင်၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ထားသည့် လမ်းကြောင်းကို လိုက်လျှောက်နိုင်စွမ်း မရှိသောကြောင့်၊ သင်သည် ဘုရားသခင်ကို မသိကျွမ်းကြောင်း၊ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူ တစ်ယောက်ပင် ဖြစ်ကြောင်းနှင့်၊ သင်သည် ဘုရားသခင်ကို ပြစ်မှားမိခဲ့ပြီဖြစ်ကြောင်း ငါပြောနေသေးသည်။ ဘုရားသခင်သည် လူ၏ လုပ်ဆောင်ချက်များအပေါ် အဘယ်ကြောင့် မည်သည့်အခါမျှ ကျေနပ်ခြင်းမရှိရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်၊ သူ၌ အယူအဆများ များစွာရှိပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ သူ၏အသိပညာမှာ လက်တွေ့အရှိတရားနှင့် မည်သို့မျှ မကိုက်ညီသောကြောင့်ဖြစ်ကာ၊ ထိုအစား သူသည် အပြောင်းအလဲမရှိဘဲ ဓာတ်ပြားဟောင်းကိုသာ ငြီးငွေ့ဖွယ် ပြန်ပြန်ဖွင့်နေပြီး အခြေအနေတိုင်းအတွက် တစ်ခုတည်းသော ကိုင်တွယ်ဖြေရှင်းနည်းကိုသာ အသုံးပြုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ယနေ့တွင် ကမ္ဘာမြေကြီးသို့ ဆင်းကြွလာကာ နောက်ထပ်တစ်ကြိမ် လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများ၏ သံမှိုစွဲရိုက်ထားခြင်းကို ခံရခြင်းဖြစ်သည်။ ရက်စက်သော လူသားမျိုးနွယ်ပါတကား။ မသိကျိုးကျွန်ပြုခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။ ထိုအတွက်ကြောင့် ဘုရားသခင်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အတင်းအဓမ္မ သေဒဏ်စီရင်ခြင်းခံရပြီဖြစ်ပြီး မရေတွက်နိုင်သော အရိုင်းအစိုင်း တရားသူကြီးများက ဘုရားသခင်ကို စီရင်ချက်ချကာ သူ့ကို နောက်ထပ်တစ်ကြိမ် ကားတိုင်ပေါ်တွင် သံမှိုစွဲရိုက်ထားကြပြီ ဖြစ်သည်။ ဘုရားသခင်အတွက် သူတို့ အမှန်တကယ် ပြုမူဆောင်ရွက်သောကြောင့် ဖြောင့်မတ်သည်ဟု ဘယ်နှစ်ယောက်အား ခေါ်ဆိုနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်

(၈၆) များစွာသော လူတို့သည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိပညာနှင့် အယူဝါဒ အနည်းငယ်သာ ပိုင်ဆိုင် သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်လော။ ထိုသို့သော လူများ၏ အတွေ့အကြုံများသည် အပေါ်ယံ ဖြစ်သော်လည်း၊ သဘာဝ၌ မာနထောင်လွှားကာ စိတ်အလိုလိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အထင်သေးခြင်းဖြင့် မှတ်ယူကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းများကို လျစ်လျူရှုကြသကဲ့သို့၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို “အတည်ပြုရန်” ၎င်းတို့၏ အရေးမပါသည့် အိုဟောင်းသော အကြောင်းပြချက်များကို အသုံးပြုကြ၏။ ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုကာ ၎င်းတို့၏ ကိုယ်ပိုင် လေ့လာသင်ယူမှုနှင့် အသိပညာအပေါ် အပြည့်အဝ လက်ခံယုံကြည်ကြသကဲ့သို့၊ ၎င်းတို့ ကမ္ဘာ့အနှံ့ ခရီးသွားနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြလေသည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီးပြီး ငြင်းပယ်သူများ မဟုတ်ပါလော၊ ၎င်းတို့ကို ခေတ်သစ်က ဖယ်ရှားလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး၊ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် ၎င်းတို့ မည်မျှ အလွန် ထက်မြက်သည်ကို ပြရန်မျှသာ ကြိုးစားနေသော မသိနားမလည်သကဲ့သို့ အသိအမြင်လိုသေးသော လူဆိုးများ မဟုတ်ပါလော။ နည်းပါးသော ကျမ်းစာ အသိပညာဖြင့်၊ ၎င်းတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို သောင်းကျန်းမွှေ့ယမ်းရန် ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံ အယူဝါဒဖြင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းကြသည့်အပြင်၊ ထိုအမှုကို ၎င်းတို့တွေးခေါ်မှု ဖြစ်စဉ်ကို ဗဟိုပြုစေရန် ကြိုးစားကြ၏။ ၎င်းတို့သည် ရေရှည် မကြည့်တတ်ကြသည့်အတွက်၊ ဘုရားသခင်၏အနှစ်ခြောက်ထောင် အမှုကို အကြည့်တစ်ချက်ဖြင့် ရှုမြင်ရန် ကြိုးစားကြ၏။ ဤလူတို့သည် ပြောလောက်စရာ အသိစိတ် တစ်ခုတစ်လေမျှ မရှိကြပါတကား။ အမှန်တွင် လူတို့၏ ဘုရားသခင် အကြောင်း အသိပညာ သာ၍ များလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ယနေ့ခေတ်တွင် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အနည်းငယ်ကိုသာ ပြောဆိုကြသော်လည်း၊ ၎င်းတို့၏ ဝေဖန်မှုများတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ၎င်းတို့သည် သာ၍ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြစ်ခြင်းကို အကြောင်းမဲ့သက်သက် ထုတ်ဖော်ပြောလေလေ ဖြစ်သည်- သို့ရာတွင် ၎င်းတို့သည် သဘောတရားများကိုသာ ပြောဆိုပြီး စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသို့သော လူတို့သည် တန်ဖိုး မည်သို့မျှ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ခု အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများ ဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်း မရှိသူတို့၊ ဝေဖန်ဖို့ မြန်ဆန်သောသူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ နဂိုစိတ်ရင်းကို ဇက်ကုန်လွှတ်ထားသူတို့နှင့် စော်ကားပုတ်ခတ်ပြီး ပြစ်မှားပြောဆိုမှုများလည်း ပြုလုပ်သူတို့- ထိုသို့သော လေးစားမှု မရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပတ်သက်၍ မသိနားမလည် ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားမှု ရှိသူများ၊ ပင်ကိုအားဖြင့် မာနကြီး၍ ထိန်းမရသူများ မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်ပင် ဘုရားသခင်သည် ၎င်းတို့ကို သည်းခံလိမ့်ဦးမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက၊ ဘုရားသခင်ကိုယ်တော်တိုင်ကိုပင် ဆန့်ကျင် ပြစ်မှားစော်ကားကြလေသည်။ ထိုကဲ့သို့ ထင်ရာစိုင်းသောသူများသည် ဤခေတ်၌သော်လည်းကောင်း၊ နောက်လာမည့် ခေတ်၌ သော်လည်းကောင်း၊ ခွင့်လွှတ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့၊ ငရဲတွင် ထာဝရပျက်စီးဆုံးရှုံးကြမည် ဖြစ်သည်။ ထိုသို့သော လေးစားမှု ကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြပြီး ၎င်းတို့ ဤသို့ သာ၍ ဖြစ်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားရန် အလားအလာများ လေလေ ဖြစ်သည်။ ပင်ကိုအားဖြင့် ထိန်းမနိုင်သိမ်းမရအောင်စိတ်ပြင်းပြသောသူများနှင့် မည်သူကိုမျှ လုံးဝ မနာခံဖူးသည့် ထိုမာနထောင်လွှားသူ အားလုံးသည် ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြသည် မဟုတ်လော။ ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၈၇) သင်တို့သည် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ မဆင်မခြင် သဘောထားမှုကြောင့်၊ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်း ဖြစ်သည်ကို သိကြလော့။ ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ငြင်းပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်းမှာ စိတ်ကူးပေါက်သည်အတိုင်း ဝေဖန်ခြင်းမှတစ်ဆင့် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်၏ကိုယ်ကျင့်တရားသည် သာ၍ ဖောက်ပြန်ပျက်စီးကာ၊ သင်၏အရည်အသွေးများက စက်ဆုပ်ဖွယ်ဖြစ်ပြီး သင်၏လူ့သဘာဝက နိမ့်ကျလာလေလေ၊ ဘုရားသခင်၏ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ခြင်း မရှိပါက၊ ယင်းတို့သည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ထံမှ အမြဲ ဝေးကွာလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၈၈) ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူ မည်သူမဆိုသည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်လာသော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေဖို့ မကြိုးစားကြသေးသူသည် ဘုရားသခင်၏ ရန်ဘက်တစ်ဦးအဖြစ် သာ၍ပင် ယူဆခံရပေသည်။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ကောင်းမွန်သည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။ ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နှိမ့်ချသောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများ- ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သော တကယ့် အတွေ့အကြုံနှင့် လက်တွေ့ကျသည့် အသိပညာရှိလင့်ကစား၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အလွန်နည်းပါးသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်၏ အချစ်ခင်ရဆုံးသောသူများ ဖြစ်သည်။ ထိုသို့သောလူတို့သာ သက်သေခံချက် အမှန်တကယ်ရှိကြပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်စွမ်း အမှန်တကယ် ရှိကြပေသည်။ ဘုရားသခင်၏ အလိုကို နားမလည်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်၏ အလိုကို နားလည်သော်လည်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သော်လည်း၊ ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရကို ဆန့်ကျင်ကြသူတို့သည် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြ၏။ လူဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည့်အပြင်၊ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်ရန် စိတ်ဆန္ဒရှိသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်အပေါ် ဝေဖန်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်ကို မသိနိုင်သူ သို့မဟုတ် သူ့ကို သက်သေမခံနိုင်သူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်ဘက် ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ တိုက်တွန်းသည်- သင်တို့သည် ဤလမ်းကြောင်းကို လျှောက်နိုင်သည်ဟု ယုံကြည်ခြင်း အမှန်တကယ်ရှိပါက၊ ဆက်လက် လိုက်လျှောက်လော့။ သို့သော် သင်တို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအား မရှောင်ကြဉ်နိုင်ပါက၊ အချိန် အလွန်မနှောင်းမီ ထွက်သွားသည်က အကောင်းဆုံး ဖြစ်ပေမည်။ သို့မဟုတ်ပါက၊ သင်တို့၏ သဘာဝသည် တကယ်ကို ဖောက်ပြန်ပျက်စီးလွန်းလှသောကြောင့်၊ သင်တို့အတွက် အမှုအရာများ ဆိုးရွားစွာ ဖြစ်သွားဖို့ အခွင့်အရေး အလွန့်အလွန် မြင့်မားပေသည်။ သစ္စာစောင့်သိမှု သို့မဟုတ် နာခံမှု၊ သို့မဟုတ် ဖြောင့်မတ်ခြင်းတရားနှင့် သမ္မာတရားကို ဆာငတ်သော စိတ်နှလုံးတစ်ခု သို့မဟုတ် ဘုရားသခင်ကို ချစ်ခြင်းတို့နှင့် ပတ်သက်၍၊ သင်တို့ စိုးစဉ်းမျှ၊ တစ်စက်မျှ မရှိပေ။ ဘုရားသခင်ရှေ့တွင် သင်တို့၏ အခြေအနေသည် လုံးလုံး ပရမ်းပတာဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သင်တို့သည် လိုက်နာသင့်သည့်အရာကို မလိုက်နာနိုင်ကြသကဲ့သို့၊ ပြောသင့်သည့်အရာကို မပြောနိုင်ကြပေ။ သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာကို၊ သင်တို့ လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြလေပြီ။ ပြီးလျှင် သင်တို့ ဖြည့်ဆည်းသင့်သည့် လုပ်ငန်းတာဝန်ကို၊ သင်တို့ မဖြည့်ဆည်းနိုင်ကြလေပြီ။ သင်တို့ရှိသင့်သည့် သစ္စာစောင့်ခြင်း၊ အသိတရား၊ နာခံမှု၊ သို့မဟုတ် စိတ်ဆုံးဖြတ်ချက် သင်တို့ မရှိကြချေ။ သင်တို့ ခံရပ်အပ်သည့် ဆင်းရဲဒုက္ခကို သင်တို့ ခံရပ်ခြင်း မရှိကြလေပြီ၊ ပြီးလျှင် သင်တို့ ရှိသင့်သော ယုံကြည်ခြင်း သင်တို့၌ မရှိကြပေ။ အတော်ကို သိသိသာသာပင်၊ သင်တို့သည် မည်သည့်ကောင်းမြတ်ခြင်းမျှ လုံးဝ မရှိကြချေ- သင်တို့သည် ဆက်လက်အသက်ရှင်ရန် မရှက်ကြသလော။ ထာဝရ ငြိမ်သက်ခြင်း ချမ်းသာတွင် သင်တို့၏ မျက်လုံးများကို မှိတ်ထားပြီး၊ ထိုသို့ဖြင့် သင်တို့၏ ဖြစ်ပျက်ပုံနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းနှင့် သင်တို့အတွက် ဆင်းရဲဒုက္ခခံခြင်းမှ ဘုရားသခင်ကို လွတ်စေခြင်းသည် သာ၍ ကောင်းမည်ဟု သင်တို့ကို ငါဖျောင်းဖျဦးမည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ သူ၏အလိုကို မသိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့ စားသောက်သော်လည်း၊ လူသားကို ဘုရားသခင် တောင်းဆိုသည့်အရာအား မလိုက်နာနိုင်ကြချေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ သူ့ကို မသိကြသည့်အပြင်၊ ကြိုးပမ်းရမည့် ရည်မှန်းချက်တစ်ခု မရှိဘဲ၊ မည်သည့်တန်ဖိုးမျှမရှိဘဲ၊ မည်သည့်အဓိပ္ပါယ်မျှ မရှိဘဲ၊ အသက်ရှင်မြဲရှင်ကြလေသည်။ သင်တို့သည် လူသားအဖြစ် အသက်ရှင်သော်လည်း၊ အသိတရား၊ ဂုဏ်သိက္ခာ သို့မဟုတ် ယုံကြည်လက်ခံနိုင်မှု အတိုင်းအတာ စိုးစဉ်းမျှမရှိကြချေ- သင်တို့သည် မိမိတို့ကိုယ်ကိုယ် လူသားများအဖြစ် ခေါ်ဆိုနိုင်သေးသလော။ သင်တို့သည် ဘုရားသခင်ကို ယုံသော်လည်း၊ သူ့ကို လှည့်ဖြားကြသည်။ ထို့အပြင်၊ ဘုရားသခင်၏ ငွေကို သင်တို့ ယူပြီး၊ ဘုရားသခင်ထံပြုသော ပူဇော်သက္ကာများကိုလည်း စားပစ်လိုက်ကြသည်။ သို့သော် အဆုံးတွင် ဘုရားသခင်၏ ခံစားချက်များကို စာနာထောက်ထားမှု အနည်းငယ်မျှပြရန် သို့မဟုတ် ဘုရားသခင်အပေါ် အသိတရား ရေးရေးမျှပြရန် ပျက်ကွက်ဆဲ ဖြစ်သည်။ ဘုရားသခင်၏ အသေးအဖွဲအဖြစ်ဆုံးသော တောင်းဆိုချက်များကိုပင် သင်တို့ မဖြည့်ဆည်းနိုင်ကြ။ သင်တို့ကိုယ်သင်တို့ လူသားများဟု ခေါ်ဆိုနိုင်သေးသလော။ သင့်ကို ဘုရားသခင်ပေးသော အစာကို စားရင်းနှင့် သင့်ကို သူ ပေးသည့် အောက်ဆီဂျင်ကို ရှူရှိုက်ရင်း၊ သူ၏ ကျေးဇူးတော်ကို မွေ့လျော်ရင်းဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အနည်းငယ်မျှ သင်တို့ မရှိကြချေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင်တို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် အသုံးမကျသူများ ဖြစ်လာကြလေပြီ။ ယင်းသည် သင်တို့ကို ခွေးထက်ပင် နိမ့်ကျသည့် သားရဲတစ်ကောင် ဖြစ်စေသည် မဟုတ်လော။ တိရစ္ဆာန်များ ကြားတွင်၊ သင်တို့ထက် သာ၍ မလိုမုန်းထားသောသူ တစ်ဦးတစ်လေ ရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

(၈၉) လူသားနှင့် ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ၊ သူသည် မမြင်နိုင်သော သို့မဟုတ် ထိတွေ့မရနိုင်သော အရာများ၊ အလွန့်အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြဖွယ် ဖြစ်သော အရာများ၊ လူသားမှ စိတ်ကူးမရနိုင်သော အရာများနှင့် သေမျိုးသာသာမျှဖြစ်သော သူတို့မှ မရရှိနိုင်သော အရာများကိုသာ ခုံမင်နှစ်သက်ခြင်း ဖြစ်သည်။ ဤအရာများ ပို၍ လက်တွေ့မကျလေလေ၊ လူများသည် အခြားအရာအားလုံးကို အလေးမထားဘဲ ၎င်းတို့အား ပိုမိုခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး၊ ၎င်းတို့ကို ရရှိရန် ကြိုးပမ်းလေသည်။ ၎င်းတို့ ပိုမိုလက်တွေ့မကျလေလေ၊ လူသားသည် ၎င်းတို့ကို ပိုမိုနီးကပ်စွာ စေ့စေ့စပ်စပ်ကြည့်ရှုကာ ခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး ၎င်းတို့အကြောင်း မိမိ၏ ပြည့်စုံ စေ့စပ်သော ကိုယ်ပိုင် စိတ်ကူးများကို ဖန်တီးသည်အထိပင် ဖြစ်လေသည်။ ဆန့်ကျင်ဖက်တွင် အမှုအရာတို့သည် ပိုလက်တွေ့ကျလေလေ၊ လူများက ၎င်းတို့နှင့်ပတ်သက်၍ ပိုအရေးမထားလေလေ ဖြစ်၏၊ သူတို့သည် ၎င်းတို့ကို လွယ်လွယ် အထင်အမြင်သေးကာ၊ မထီလေးစားပင် ပြုပေသည်။ ဤသည်မှာ ယနေ့ ငါလုပ်ဆောင်သော လက်တွေ့ကျသည့် အလုပ်အပေါ် သင်တို့၏သဘောထား အတိအကျဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့သောအရာများ ပိုမိုလက်တွေ့ကျလေလေ၊ သင်တို့သည် ၎င်းတို့အပေါ် ပိုမိုဆန့်ကျင်၍ မစူးစမ်းဘဲ၊ ခွဲခြားဆက်ဆံ လေလေဖြစ်ကြ၏၊ ၎င်းတို့ကို ဆန်းစစ်ဖို့ သင်တို့အချိန်မပေးဘဲ လျစ်လျူရှု၍သာ ထားကြ၏၊ ဤလက်တွေ့ကျ၍ ရိုးရှင်းသော လိုအပ်ချက်များကို သင်တို့ အထင်အမြင်သေးပြီး၊ လက်တွေ့အကျဆုံးသော ဤဘုရားသခင် အကြောင်း များပြားလှသော အယူအဆများပင် တေးထားကာ၊ သူ၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းတို့ကို လုံးဝ လက်ခံနိုင်စွမ်းမရှိကြပေ။ ဤနည်းအားဖြင့် သင်တို့သည် မရေရာမှုအလယ်တွင် ယုံကြည်နေကြသည် မဟုတ်လော။ သင်တို့သည် အတိတ်ကာလ၏ မရေရာသော ဘုရားသခင်၌ မယိမ်းယိုင်သော ယုံကြည်မှုတစ်ခု ရှိကြပြီး၊ ယနေ့၏ လက်တွေ့ကျသော ဘုရားသခင်၌ စိတ်ပါဝင်စားမှုမရှိကြ။ ဤသည်မှာ မနေ့က ဘုရားသခင်နှင့် ယနေ့ ဘုရားသခင်တို့သည် ကွဲပြားသော ခေတ်ကာလနှစ်ခုမှ ဖြစ်သောကြောင့် မဟုတ်လော။ ယင်းမှာ မနေ့က ဘုရားသခင်သည် ကောင်းကင်ဘုံ၏ အဆင့်မြင့်သော ဘုရားသခင်ဖြစ်ပြီး ယနေ့ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်က သေးငယ်သော လူသားတစ်ဦး ဖြစ်သောကြောင့်လည်း မဟုတ်လော။ ထို့အပြင် ယင်းမှာ လူသားမှကိုးကွယ်သော ဘုရားသခင်သည် သူ၏အယူအဆများမှ ထွက်ပေါ်သော ဘုရားသခင် တစ်ပါးဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်၌ ထွက်ပေါ်သည့် စစ်မှန်သော ဇာတိပကတိနှင့် သက်ဆိုင်သောကြောင့် မဟုတ်လော။ အရာအားလုံး ထည့်သွင်းစဉ်းစားလိုက်ပါက၊ ယနေ့၏ ဘုရားသခင်သည် လက်တွေ့ကျလွန်းသောကြောင့် လူသားက မလိုက်စားခြင်းဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် ယနေ့၏ ဘုရားသခင်က လူများကို စေခိုင်းသောအရာမှာ လူများက မလုပ်ချင်ဆုံးသောအရာ အတိအကျဖြစ်၍၊ သူတို့ကို ရှက်ကြောက်စေသောအရာ ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာက လူသားအဘို့ အမှုအရာတို့ကို ခက်ခဲစေသည် မဟုတ်လော။ ဤအရာက သူ၏အမာရွတ်များကို ဖော်ထုတ်ပြသည် မဟုတ်လော။ ဤနည်းအားဖြင့် လက်တွေ့ကျမှုကို မလိုက်စားသော သူများစွာတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး၊ အန္တိခရစ်များ ဖြစ်လာကြ၏။ ဤအရာသည် သိသာထင်ရှားသော အမှန်တရားတစ်ခု မဟုတ်လော။ ဘုရားသခင် လူ့ဇာတိ မခံယူသေးသည့် အတိတ်ကာလတွင်၊ သင်သည် ဘာသာရေး ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်ကောင်း ဖြစ်ခဲ့ပေမည်။ ဘုရားသခင်က လူ့ဇာတိ ဖြစ်လာခဲ့ပြီးနောက်၊ ထိုကဲ့သို့ ဘုရားတရား ကိုင်းရှိုင်းသော ယုံကြည်သူများစွာသည် အမှတ်တမဲ့ အန္တိခရစ်များ ဖြစ်လာကြသည်။ ဤနေရာတွင် မည်သို့ဖြစ်သည်ကို သင်သိသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ချက်အရ၊ သင်သည် လက်တွေ့ကျမှုကို အာရုံမစိုက် သို့မဟုတ် သမ္မာတရားကို မလိုက်စားပေ၊ သို့သော် ထိုအစား၊ မုသားများအပေါ် စွဲလမ်းလေသည်- ဤသည်မှာ လူ့ဇာတိခံဘုရားသခင်ကို ထားသော သင့်ရန်ငြိုး၏ အရှင်းလင်းဆုံး အရင်းအမြစ် ဖြစ်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

(၉၀) ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမှုမပြုမီ သင်၏စိတ်နေ သဘောထားသည် လုံးလုံးလျားလျား ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း၊ သင်သည် ခရစ်တော်၏ သစ္စာစောင့်သိသော နောက်လိုက်ဖြစ်ကြောင်း၊ ခရစ်တော်၏ ကောင်းချီးမင်္ဂလာများကို သင့်ထက် ပို၍ခံစားထိုက်သူ မည်သူမျှမရှိကြောင်း သင့်အနေဖြင့် ထင်မြင်ယူဆကောင်း ယူဆနိုင်သည်၊ ထို့ပြင် လမ်းခရီးများစွာ ဖြတ်သန်းခဲ့ပြီး အလုပ်များစွာ လုပ်ဆောင်ခဲ့ကာ အသီးအပွင့်များစွာ သီးပွင့်စေခဲ့ပြီဖြစ်သောကြောင့် သင်သည် နောက်ဆုံးတွင် သရဖူကိုဆွတ်ခူးရမည့်သူတစ်ဦး အသေအချာဖြစ်လိမ့်မည်ဟု သင့်အနေဖြင့် ထင်မြင်ယူဆကောင်း ယူဆနိုင်၏။ သို့ရာတွင် သင်သိမည်မဟုတ်သော အမှန်တရား တစ်ရပ်ရှိ၏၊ လူသားသည် ခရစ်တော်ကိုမြင်သောအခါ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထား၊ သူ၏ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့မှာ ထုတ်ဖော်ခြင်းခံရပြီး၊ ဤအချိန်တွင် ထုတ်ဖော်ခြင်းခံရသည့် ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့သည် အခြားအချိန်ထက်ပို၍ အသေအချာ ပြည့်စုံစွာ ပေါ်လွင်နေလိမ့်မည်။ ဤသည်မှာ ခရစ်တော်သည် လူသားတော်ဖြစ်ပြီး သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသည့် လူသားတော်ဖြစ်သဖြင့် လူတို့သည် သူ့ကိုရိုသေခြင်းမရှိ၊ လေးစားခြင်းလည်း မရှိသောကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာ၌ အသက်ရှင်သည့်အတွက် လူသား၏ ပုန်ကန်မှုသည် အလွန်စေ့စေ့စပ်စပ်နှင့် အသေးစိတ် ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ခံရခြင်းဖြစ်၏။ ထို့ကြောင့် ခရစ်တော်ကြွလာခြင်းက လူသားမျိုးနွယ်၏ ပုန်ကန်မှုအားလုံးကို တူးဖော်ပြသခဲ့ပြီး လူသားမျိုးနွယ်၏ သဘောသဘာ၀ကို အထင်းသား ပေါ်လွင်စေခဲ့ပြီဟု ငါဆို၏။ ဤအရာကို “ကျားတစ်ကောင်ကို တောင်အောက်သို့ဆင်းလာအောင် ဖျားယောင်းခြင်း” နှင့် “ဝံပုလွေ တစ်ကောင်ကို သူ၏တွင်းအပြင်သို့ ထွက်လာအောင် သွေးဆောင်ခြင်း” ဟု ခေါ်သည်။ သင်သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသည်ဟု ဆိုဝံ့သလော။ သင်သည် ဘုရားသခင်အပေါ် အပြည့်အဝ နာခံမှုကို ပြသသည်ဟု ဆိုဝံ့သလော။ သင်သည် မပုန်ကန်တတ်ပါဟု ဆိုဝံ့သလော။ “ဘုရားသခင်သည် ကျွန်ုပ်ကို ပတ်ဝန်းကျင်သစ် တစ်ခုတွင် နေရာချပေးတိုင်း ကျွန်ုပ်သည် ညည်းတွားခြင်းမရှိဘဲ အစဉ်သဖြင့် ကျိုးနွံနာခံသည့်အပြင် ကျွန်ုပ်သည် ဘုရားသခင် အကြောင်း ယူဆချက်များလည်း လက်သင့်ခံမထားပါ” ဟု အချို့သူများကဆိုကြလိမ့်မည်။ အချို့သူများက “ဘုရားသခင် ကျွန်ုပ်ကို စေခိုင်းသည့် အရာမှန်သမျှကို ကျွန်ုပ်အစွမ်းရှိသမျှလုပ်ဆောင်ပြီး မည်သည့်အခါမျှ တာဝန်မပေါ့လျော့ပါ” ဟု ဆိုလိမ့်မည်။ သို့ဆိုလျှင် သင်တို့ကို ဤသို့ငါမေး၏၊ သင်တို့သည် ခရစ်တော်နှင့်အတူ အသက်ရှင်နေထိုင်သည့်အခါ သူနှင့် သဟဇာတဖြစ်နိုင်မည်လော။ ထို့ပြင် သူနှင့်မည်မျှကြာကြာ သဟဇာတဖြစ်မည်နည်း။ တစ်ရက်လော။ နှစ်ရက်လော။ တစ်နာရီလော။ နှစ်နာရီလော။ သင်တို့၏ ယုံကြည်ခြင်းသည် ချီးမွမ်းထိုက်ဖွယ်ဖြစ်နိုင်သော်လည်း သင်တို့တွင် တည်ကြည်ခိုင်မာမှုသဘော များစွာမရှိပေ။ သင်သည် ခရစ်တော်နှင့် အမှန်တကယ် အသက်ရှင်နေထိုင်သောအခါ သင်၏စကားများနှင့် အပြုအမူများမှတစ်ဆင့် မိမိကိုယ်ကို မှန်ကန်သည်၊ မိမိကိုယ်ကို အရေးပါသည်ဟု ထင်နေခြင်းတို့ တစ်စတစ်စပေါ်လွင်လာမည်ဖြစ်ပြီး သင်၏ ထောင်လွှားသောဆန္ဒများနှင့် သင်၏ နာခံမှုမရှိသော စိတ်ဓာတ်နှင့် ရောင့်ရဲတင်းတိမ်မှုကင်းမဲ့ခြင်းတို့သည်လည်း ပကတိ အတိုင်း ထုတ်ဖော်ပြသခံရလိမ့်မည်။ နောက်ဆုံးတွင် ရေသည်မီးနှင့် သဟဇာတမဖြစ်သည့်နည်းတူ သင်သည် ခရစ်တော်နှင့် သဘောကွဲလွဲသည်အထိ သင်၏မောက်မာခြင်းသည် သာ၍ကြီးမား လာပြီးနောက် သင်၏သဘောသဘာဝသည် လုံးလုံးမြင်သာ လာလိမ့်မည်။ ထိုအချိန်တွင် သင်၏ယူဆချက်များကို ဖုံးကွယ်ထား၍ မရနိုင်တော့ပါ၊ သင်၏မကျေနပ်ချက်များသည်လည်း ပကတိအတိုင်း ထွက်ပေါ်လာပြီး သင်၏ယုတ်ညံ့နိမ့်ကျသော လူ့သဘာဝမှာလည်း လုံးလုံးလျားလျား ထုတ်ဖော်ပြသခံရလိမ့်မည်။ သို့သော် ထိုအခါ၌ပင် သင်သည် သင်ကိုယ်တိုင်၏ပုန်ကန်မှုကို အသိအမှတ်ပြုရန် ဆက်လက်ငြင်းဆိုနေသေး၏။ ထို့အစား ဤကဲ့သို့သော ခရစ်တော်ကို လူသားအနေဖြင့် လက်ခံရန်မလွယ်ကူကြောင်း၊ သူသည် လူသားအပေါ် လွန်စွာမှပင် တောင်းဆိုလွန်းကြောင်း၊ အကယ်၍ သူသည် ပို၍ကြင်နာတတ်သော ခရစ်တော်ဖြစ်ခဲ့လျှင် မိမိသည် အပြည့်အဝ ကျိုးနွံနာခံလိမ့်မည်ဟု သင့်အနေဖြင့် ထင်မြင်ယူဆသည်။ သင်တို့၏ ပုန်ကန်ခြင်းမှာ တရားပြီး သူသည် သင်တို့ကို တရားလွန်အောင် တွန်းအားပေးသည့်အခါမှသာ သူ့ကိုပုန်ကန်တတ်သည်ဟု သင်တို့ ယူဆထားသည်။ သင်သည် ခရစ်တော်ကို ဘုရားသခင်ဟု မမှတ်ယူကြောင်းကိုလည်းကောင်း၊ သင်သည် သူ့ကိုနာခံရန် ရည်ရွယ်ချက်မရှိကြောင်းကိုလည်းကောင်း သင်တို့အနေဖြင့် မည်သည့် အခါကမျှ မထည့်တွက်ခဲ့ကြပေ။ စင်စစ်အားဖြင့် ခရစ်တော်သည် သင့်ကိုယ်ပိုင်သဘောဆန္ဒများအတိုင်း လုပ်ဆောင်ရမည်ဟု သင်ခေါင်းမာစွာ တောင်းဆိုပြီး၊ သူသည် သင့်ကိုယ်ပိုင်စိတ်ကူးနှင့် သဘောကွဲလွဲသည့်အရာတစ်ခုမျှ ပြုလုပ်သည်နှင့်တစ်ပြိုင်နက် သူသည် ဘုရားသခင်မဟုတ်ဘဲ လူသားတစ်ဦးသာဖြစ်သည်ဟု သင်ထင်မြင် ယူဆတော့သည်။ သင်တို့ထဲတွင် ဤနည်းဖြင့် သူနှင့်ဖက်ပြိုင်ခဲ့သူ အများအပြား မရှိပေသလော။ သို့ဖြစ်လျှင် သင်တို့ယုံကြည်သောသူမှာ အဘယ်သူနည်း။ ထို့ပြင် သင်တို့ မည်သည့်နည်းဖြင့် ရှာဖွေသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်

(၉၁) သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုကြသည်၊ သို့သော်လည်း သင်တို့အနေဖြင့် မိမိကိုယ်ကို လွန်စွာ အထင်မကြီးကြရန် ငါတိုက်တွန်း၏။ မည်သူမဆို ခရစ်တော်ကို မြင်ကောင်းမြင်နိုင်သော်လည်း မည်သူမျှ ခရစ်တော်ကိုမမြင်ထိုက်ဟု ငါဆိုသည်။ လူသား၏သဘောသဘာဝသည် ဆိုးယုတ်ခြင်း၊ မောက်မာခြင်း၊ ပုန်ကန်လိုခြင်းတို့နှင့် ပြည့်နေသောကြောင့် သင်သည် ခရစ်တော်ကို မြင်သောအခိုက်တွင် သင်၏သဘောသဘာဝသည် သင့်ကို ဖျက်ဆီးပြီး သေခြင်းသို့ စီရင်ချက်ချမှတ်လိမ့်မည်။ ညီအစ်ကို (သို့မဟုတ် ညီအစ်မ) တစ်ဦးနှင့် သင်၏ပေါင်းသင်းဆက်ဆံမှုတွင် သင့်အကြောင်း များစွာပေါ်လွင်မည် မဟုတ်သော်လည်း သင့်အနေဖြင့် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ဤမျှမလွယ်ကူပါ။ မည်သည့်အချိန်တွင်မဆို သင်၏အယူအဆများ အမြစ်စွဲလာနိုင်ပြီး သင်၏မောက်မာမှု အပင်ပေါက်လာကာ သင်၏ပုန်ကန်မှုသည်လည်း သဖန်းသီးကို သီးစေလိမ့်မည်။ ဤကဲ့သို့သော လူ့သဘာဝ ရှိနေသည့်သင်သည် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ ထိုက်တန်နိုင်မည်နည်း။ သင်သည် နေ့တိုင်းအချိန်တိုင်း သူ့ကို အမှန်တကယ်ပင် ဘုရားသခင်အဖြစ် ဆက်ဆံနိုင်မည်လော။ ဘုရားသခင်ကို ကျိုးနွံနာခံမှု၏ စစ်မှန်မှု သင်၌ရှိလိမ့်မည်လော။ သင်တို့သည် မိမိတို့စိတ်နှလုံးများထဲရှိ မြင့်မြတ်သောဘုရားကို ယေဟောဝါအဖြစ် ကိုးကွယ်ကြသော်လည်း မြင်နိုင်သည့်ခရစ်တော်ကိုမူ လူသားတစ်ဦးအဖြစ် မှတ်ယူကြ၏။ သင်တို့၏အသိစိတ်သည် နိမ့်ကျလွန်းပြီး သင်တို့၏ လူ့သဘာဝသည်လည်း ယုတ်ညံ့လွန်း၏။ သင်တို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် အမြဲတစေ မှတ်ယူနိုင်ခြင်းမရှိ၊ ရံဖန်ရံခါ သင်တို့သဘောတွေ့သည့်အခါမှသာလျှင် သူ့ကို ဖမ်းဆွဲဆုပ်ကိုင်၍ ဘုရားသခင်အဖြစ် ကိုးကွယ်ကြ၏။ ဤအကြောင်းကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများမဟုတ်၊ ခရစ်တော်ကို ဆန့်ကျင်တိုက်ခိုက်သည့် ကြံရာပါလူတစ်စုဖြစ်၏ဟု ငါဆို၏။ တစ်ပါးသူများကို ကြင်နာမှုပြသသောသူများပင်လျှင် ကျေးဇူးဆပ် ခံရသည်၊ သို့သော် သင်တို့အကြားတွင် ထိုသို့သောအမှုကို ဆောင်ရွက်ခဲ့သည့် ခရစ်တော်ကမူ လူသား၏ ချစ်ခြင်းကိုလည်းမရ၊ သူ၏ တုံ့ပြန်မှုဆုလာဘ်နှင့် ကျိုးနွံနာခံမှုကိုလည်း မရခဲ့ပေ။ ဤသည်မှာ ကြေကွဲဖွယ်ကောင်းသော အရာတစ်ခုမဟုတ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်

(၉၂) သင့်အနေဖြင့် ဘုရားသခင်ကိုယုံကြည်သည့် နှစ်ကာလများ တစ်လျှောက်တွင် မည်သူ့ကိုမျှ ကျိန်ဆဲခဲ့ဖူးခြင်း၊ သို့မဟုတ် မကောင်းမှုကို ကျူးလွန်ခဲ့ဖူးခြင်း မရှိသော်လည်း ခရစ်တော်နှင့် သင်၏ပေါင်းသင်းဆက်ဆံရာ၌ အမှန်တရားကို မပြောနိုင်၊ ရိုးသားစွာ မပြုမူနိုင်၊ သို့မဟုတ် ခရစ်တော်၏နှုတ်ကပတ်တော်ကို မနာခံနိုင်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် သင်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနှင့် မလိုမုန်းထားစိတ် အကြီးမားဆုံးသောသူဟု ငါဆိုသည်။ သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူး ဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။ သင်သည် အခြားသူများနှင့် အဆင်ပြေသောကြောင့် သို့မဟုတ် ကောင်းမှုအနည်းငယ်ပြု သောကြောင့် သင့်အနေဖြင့် ခရစ်တော်နှင့် သဟဇာတဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ်မထင်နှင့်။ သင်၏ဒါနပြုလိုသောရည်ရွယ်ချက်က ကောင်းကင်မှ ကောင်းချီးမင်္ဂလာများကို လိမ်လည်ရယူနိုင်သည်ဟု သင်ထင်သလော။ ကောင်းမှုအနည်းငယ်ပြုလုပ်ခြင်းသည် သင်၏ နာခံမှုကို အစားထိုးသည့်အရာတစ်ခုဟု သင်ထင်သလော။ သင်တို့တစ်ဦးမျှ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်ကြ။ ထို့အပြင် သင်တို့အားလုံးသည် ခရစ်တော်၏ သာမန်လူ့သဘာဝကိုလက်ခံယုံကြည်ရန် အခက်အခဲတွေ့ကြ သော်ငြားလည်း ဘုရားသခင်ကို သင်တို့နာခံကြောင်း အဆက်မပြတ် အသံကောင်းဟစ်နေကြသည်။ သင်တို့၏ ယုံကြည်ခြင်းမျိုးက ထိုက်တန်သော အပြစ်ဒဏ်ခတ်ခံရခြင်းကို ဖြစ်ပွားစေလိမ့်မည်။ စိတ်ကူးယဉ်အယုံမှားများထဲတွင် မွေ့လျော်၍ ခရစ်တော်ကိုမြင်တွေ့ရန် ဆန္ဒရှိနေခြင်းကို ရပ်လော့။ အကြောင်းမှာ သင်တို့၏ ဝိညာဉ်အသက်တာသည် သူ့ကိုမြင်တွေ့ရန် မထိုက်တန်လောက် အောင်ပင် သေးငယ်လွန်းသောကြောင့်ဖြစ်သည်။ သင်သည် သင်၏ ပုန်ကန်မှုကို အလျှင်းနုတ်ပယ်သန့်စင်၍ ခရစ်တော်နှင့် လိုက်လျောညီထွေရှိနိုင်သည့် ထိုအခိုက်အတန့်တွင် ဘုရားသခင်သည် သင့်ရှေ့တွင် အလိုအလျောက် ပေါ်လာလိမ့်မည်။ သင့်အနေဖြင့် ပြုပြင်ခြင်း သို့မဟုတ် စီရင်ခြင်းကို မခံခဲ့ရဘဲ ဘုရားသခင်ကို သွားတွေ့ပါက သင်သည် ဘုရားသခင်၏ရန်ဘက်တစ်ဦး ဧကန်မုချ ဖြစ်လာပြီး ပျက်စီးခြင်းအဖို့ သတ်မှတ်ခံရလိမ့်မည်။ လူသား၏ သဘောသဘာဝသည် ပင်ကိုအားဖြင့် ဘုရားသခင်ကို ရန်လို၏။ အကြောင်းမှာ လူသားများအားလုံးသည် စာတန်၏ အကြီးအကျယ် ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံထားရခြင်းကြောင့်ဖြစ်သည်။ လူသားသည် သူ၏ဖောက်ပြန်ပျက်စီးခြင်းထဲမှနေ၍ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် ကြိုးစားနေသည်ဆိုပါက ဤအရာမှ ကောင်းမွန်သောအရာ ဘာမျှထွက်မလာနိုင်သည်မှာ သေချာသည်။ သူ၏လုပ်ရပ်များနှင့် စကားလုံးများက နေရာတိုင်းအချိန်တိုင်း၌ သူ၏ဖောက်ပြန်ပျက်စီးမှုကို မြင်သာအောင်ပြမည်မှာ အသေအချာ ဖြစ်ပြီး၊ သူသည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ သူ၏ပုန်ကန်မှုမှာ ရှုထောင့်တိုင်းမှ ဖော်ထုတ်ခြင်းခံရလိမ့်မည်။ အမှုမဲ့အမှတ်မဲ့ဖြင့် လူသားသည် ခရစ်တော်ကို ဆန့်ကျင်လာမည်၊ ခရစ်တော်ကို လှည့်ဖြားလာမည်၊ ခရစ်တော်ကို ပစ်ပယ်လာမည်။ ဤအရာဖြစ်လာသည့်အခါ လူသားသည် ပို၍ပင် စိတ်မချရသော အခြေအနေသို့ ရောက်လိမ့်မည်ဖြစ်ပြီး ဤသို့ဆက်ဖြစ်ပါက သူသည် အပြစ်ဒဏ်ပေးခံရသည့်သူ ဖြစ်လာလိမ့်မည်။

ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းသည် အလွန်အန္တရာယ်ရှိ သည်ဆိုပါက ဘုရားသခင်ကို ခပ်တန်းတန်းဆက်ဆံလျှင် ပို၍တော်ကာကျမည်ဟု အချို့က ယူဆနိုင်၏။ ဤကဲ့သို့သောသူများသည် မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သူတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိနိုင်ပါမည်လော။ သေချာသည်မှာ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းသည် အလွန်ခက်ခဲ၏။ သို့သော် ဤသည်မှာ လူသားသည် ဖောက်ပြန်ပျက်စီးနေသောကြောင့်သာဖြစ်ပြီး၊ ဘုရားသခင်သည် လူသားနှင့် ဆက်ဆံနိုင်စွမ်းမရှိသောကြောင့် မဟုတ်ပေ။ မိမိကိုယ်ကိုသိခြင်း၏ သမ္မာတရားကို အမှန်တကယ်သိရန် ပို၍ကြိုးစားအားထုတ်လျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် သူ့အတွက် စက်ဆုပ်ဖွယ်ကောင်းနေသနည်း။ သင်တို့၏ စကားပြောခြင်းသည် အဘယ်ကြောင့် သူ၏ရွံရှာမှုကို နှိုးဆွပေးနေသနည်း။ သင်တို့သည် သစ္စာစောင့်သိမှုအနည်းငယ်ကို ပြသပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပြောဆိုကြပြီး၊ အနည်းငယ် ထည့်ဝင်လှူဒါန်းရခြင်းအတွက် ဆုလာဘ်တောင်းဆိုကြသည်၊ သင်တို့သည် နာခံမှု အသင့်အတင့်ပြနိုင်လျှင် သူတစ်ပါးကို အထင်အမြင်သေးပြီး၊ သေးငယ်သောအမှုတစ်ခုခုကို ပြီးမြောက်လျှင် ဘုရားသခင်ကို ပမာမခန့်ပြုလာကြ၏။ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသည့်အတွက် ငွေကြေး၊ လက်ဆောင်များနှင့် ချီးမွမ်းစကားများကို သင်တို့တောင်းဆိုကြ၏။ ငွေတစ်ပြားနှစ်ပြား ပေးလှူသည့်အခါ သင်တို့၏နှလုံးများ နာကျင်၏၊ တစ်ဆယ်ပေးသည့်အခါ ကောင်းချီးမင်္ဂလာများ တောင့်တ၍ ဂုဏ်ထူးအသရေဖြင့် ဆက်ဆံခံလိုကြ၏။ သင်တို့၏ လူ့သဘာဝအကြောင်း ပြောရကြားရသည်မှာ အကယ်ပင် မသတီစရာကောင်း၏။ သင်တို့၏စကားများ၊ အပြုအမူများတွင် ချီးမွမ်းထိုက်သောအရာ ရှိသလော။ မိမိတို့၏တာဝန်ကို ဆောင်ရွက်သူများနှင့် မဆောင်ရွက်သူများ၊ ဦးဆောင်သူများနှင့် နောက်လိုက်သူများ၊ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသူများနှင့် ဧည့်မခံသူများ၊ ပေးကမ်းသူများနှင့် မပေးကမ်းသူများ၊ တရားဟောသူများနှင့် နှုတ်ကပတ်တော်ကို လက်ခံသူများ စသည်ဖြင့် ထိုကဲ့သို့သော လူအားလုံးတို့သည် မိမိကိုယ်ကို ချီးမွမ်းကြ၏။ ဤအရာသည် ရယ်ဖွယ်ကောင်းသည်ဟု သင်တို့မထင်ပေသလော။ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ကြောင်း အသေအချာ သိသော်ငြားလည်း သင်တို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့တွင် ကောင်းကျိုး လုံးဝမရှိကြောင်းကို အသေအချာ သိသော်ငြားလည်း သင်တို့သည် မလျှော့တမ်း ဝါကြွားကြ၏။ သင်တို့တွင် မိမိကိုယ်ကိုချုပ်တည်းနိုင်ခြင်း မရှိတော့သည်အထိ သင်တို့၏အသိစိတ်သည် ယိုယွင်းလာခဲ့ပြီကို သင်တို့ မခံစားရပေသလော။ ဤကဲ့သို့သော အသိစိတ်မျိုးနှင့် သင်တို့သည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ သင့်တော်မည်နည်း။ ဤအခြေအနေမျိုးတွင် သင်တို့သည် ကိုယ့်ကိုယ်ကိုယ်အတွက် မစိုးရိမ်ကြသလော။ သင်တို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်သည်အထိ သင်တို့၏ စိတ်နေသဘောထားသည် ယိုယွင်းခဲ့ပြီ။ ဤသို့ဖြစ်သဖြင့် သင်တို့၏ ယုံကြည်ခြင်းသည် ရယ်ဖွယ်မကောင်းပေသလော။ သင်တို့၏ ယုံကြည်ခြင်းသည် ယုတ္တိကင်းမဲ့မနေသလော။ သင်၏အနာဂတ်ကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ အဘယ်လမ်းကြောင်းအား သွားရမည်ဆိုသည်ကို သင်မည်သို့ ရွေးချယ်တော့မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်

(၉၃) လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု သင် မည်မျှရှိသည်ကို ယခု သင် ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

(၉၄) ဘုရားသခင်နောက်လိုက်သူများစွာက ကောင်းချီးမင်္ဂလာများ မည်သို့ရရှိမည် သို့မဟုတ် ကပ်ဘေးကို မည်သို့ တွန်းလှန်ပယ်ရှားရမည်ဆိုသည်ကိုသာ စိတ်ဝင်စားကြသည်။ ဘုရားသခင်၏ အမှုနှင့် စီမံခန့်ခွဲမှုတို့ကို ဖော်ပြလိုက်သည်နှင့်၊ ၎င်းတို့သည် နှုတ်ဆိတ် သွားကြပြီး စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားကြသည်။ ထိုသို့သော ငြီးငွေ့ဖွယ်မေးခွန်းများကို နားလည်ခြင်းသည် ၎င်းတို့၏အသက်တာများကို ကြီးထွားဖို့ သို့မဟုတ် အကျိုးကျေးဇူး တစ်ခုတစ်လေ ပေးဖို့ ကူညီလိမ့်မည် မဟုတ်ဟု ထင်ကြလေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအကြောင်း ကြားပြီးကြသော်လည်း၊ မဆိုစလောက် ဂရုပြုကြလေသည်။ ၎င်းတို့က ယင်းကို ၎င်းတို့ အသက်တာများ၏ အစိတ်အပိုင်းအဖြစ် လက်ခံဖို့ မဆိုထားနှင့်၊ လက်ခံရမည့် တန်ဖိုးရှိသော အရာတစ်ခုအဖြစ်ပင် မမြင်ကြချေ။ ထိုသို့သော လူတို့သည် ဘုရားသခင် နောက်လိုက်ရာတွင် ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုသာရှိပြီး၊ ယင်းရည်မှန်းချက်မှာ ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်သည်။ ထိုသို့သော လူတို့သည် ဤရည်မှန်းချက် တိုက်ရိုက် မပါဝင်သည့် အခြား မည်သည့်အရာကိုမျှ အလေးဂရုပြုဖို့ အပင်ပန်းမခံနိုင်ကြပေ။ ၎င်းတို့အဖို့ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ သဘာဝကျသည့် ရည်မှန်းချက် မရှိချေ- ယင်းမှာ ၎င်းတို့ယုံကြည်ခြင်း၏ တကယ့်တန်ဖိုး ဖြစ်သည်။ တစ်စုံတစ်ရာသည် ဤရည်မှန်းချက်ကို မပံ့ပိုးပေးပါက၊ ၎င်းတို့သည် ထိုအရာအားဖြင့် လုံးဝ တို့ထိမခံရဘဲရှိမြဲ ရှိကြလေသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၌ ယုံကြည်သူအများစုနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၌ ယုံကြည်သည်နှင့်အမျှ၊ ဘုရားသခင်အတွက်လည်း ၎င်းတို့ အသုံးခံကြသောကြောင့်၊ ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဆက်ကပ် အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့သည် သဘာဝကျပုံပေါ်လေသည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကြသည်၊ မိသားစုနှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် အလုပ်များစေလျက် အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် ကုန်ဆုံးကြလေသည်။ ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်အတွက်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ပြောင်းလဲကြသည်၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့ ရှာဖွေသည့် ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်၌ ၎င်းတို့ယုံကြည်မှု၏ ရည်မှန်းချက်ကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် စံများနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုအတွက် ၎င်းတို့ အလုပ်ရှုပ်နေကြသည်။ လမ်းမည်မျှ ဝေးသည်ဖြစ်စေ၊ လမ်းတစ်လျှောက် အခက်အခဲများနှင့် အတားအဆီးများ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့သည် မဆုတ်မနစ်ကြိုးပမ်းကြပြီး သေခြင်းကိုမကြောက်ကြချေ။ မည်သည့်တန်ခိုးက ၎င်းတို့ကို ဤနည်းဖြင့် မဖြစ်မနေ ဆက်လက်ဆက်ကပ်စေသနည်း။ ယင်းမှာ ၎င်းတို့၏ အသိစိတ်လော။ ၎င်းတို့၏ ကြီးမြတ်ပြီး မွန်မြတ်သည့် အကျင့်စရိုက်လော။ မကောင်းမှု အင်အားများကို တကယ့်အဆုံးထိ တိုက်ခိုက်ရန်ဖြစ်သည့် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်လော။ ယင်းမှာ ဆုလာဘ်ကို မရှာဖွေဘဲ၊ ဘုရားသခင်ကို သက်သေခံရန်ဖြစ်သည့် ၎င်းတို့၏ ယုံကြည်ခြင်းလော။ ယင်းမှာ ဘုရားသခင်၏အလိုကို စွမ်းဆောင်ရရှိရန် အရာရာတိုင်းကို စွန့်လွတ်ဖို့ လိုလားရာတွင် ၎င်းတို့၏ သစ္စာစောင့်သိမှုလော။ သို့မဟုတ် ယင်းသည် လွန်ကဲသည့် ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်များကို အမြဲ လက်လွှတ်ဖို့ဖြစ်သည့် ၎င်းတို့၏ ဆက်ကပ်မှု စိတ်ဓာတ်လော။ အတော်အတန် ရိုးရှင်စွာပြောရပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုကို မည်သည့်အခါတွင်မျှ နားမလည်ဖူးသူအတွက် ဤမျှပေးဆပ်ဆဲဖြစ်ဖို့မှာ အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပေသည်။ အချိန်တစ်ခဏကြာ၊ ဤလူတို့ မည်မျှပေးဆပ်ပြီးဖြစ်သည်ကို မဆွေးနွေးကြပါစို့နှင့်။ သို့ရာတွင် ၎င်းတို့၏အပြုအမူကို ငါတို့ အလွန် စိစစ်ထိုက်ပေသည်။ ၎င်းတို့နှင့် အလွန်အနီးကပ် ဆက်စပ်သည့် အကျိုးကျေးဇူးများမှလွဲ၍၊ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်ဖူးသော သူတို့က သူ့အတွက် အလွန်များလှစွာ ပေးဆပ်ရမည့် အခြားအကြောင်းရင်းတစ်ခုတစ်လေ ရှိနိုင်မည်လော။ ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်- လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

(၉၅) ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုနှင့်ပတ်သက်၍ ဝမ်းနည်းဖွယ် အကောင်းဆုံးသော အရာမှာ၊ လူသည် ဘုရားသခင်၏ အမှုအလယ်တွင် မိမိကိုယ်တိုင်၏ စီမံခန့်ခွဲမှုကို ဦးစီးဦးရွက်ပြုသော်လည်း၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အလေးဂရုမပြုခြင်း ဖြစ်သည်။ လူသား၏အကြီးမားဆုံးသော ကျရှုံးမှုသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် ကိုးကွယ်ရန် ကြိုးစားနေသည့် တစ်ချိန်တည်းတွင်၊ လူသားသည် မိမိ၏ ကိုယ်ပိုင်အကြိုက်နှစ်သက်ဆုံး ခရီးပန်းတိုင်ကို တည်ဆောက်နေကာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာနှင့် အကောင်းဆုံး ခရီးပန်းတိုင်ကို မည်သို့ ရရှိမည်ကို ကြံစည်နေပုံတွင် တည်ရှိလေသည်။ ၎င်းတို့မည်မျှ သနားဖွယ်ကောင်းသည်၊ မုန်းတီးဖွယ်ကောင်းပြီး၊ ရင်နင့်ဖွယ်ကောင်းသည်ကို နားလည်လျှင်ပင်၊ မည်မျှက ၎င်းတို့၏ စံများနှင့် မျှော်လင့်ချက်များကို အဆင်သင့် စွန့်လွှတ်နိုင်သနည်း။ ပြီးလျှင် မည်သူသည် ၎င်း၏ ကိုယ်ပိုင်ခြေလှမ်းများကို ရပ်တန့်နိုင်ပြီး မိမိတို့အတွက်သာ စဉ်းစားခြင်းမှ ရပ်တန့်နိုင်သနည်း။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ပြီးပြည့်စုံစေအောင် သူနှင့်အတူ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မည့်သူများ လိုအပ်ပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုအဖို့ စိတ်နှင့် ခန္ဓာတစ်ခုလုံးကို ဆက်ကပ်ခြင်းအားဖြင့် သူ့ကို ကျိုးနွံနာခံမည့်သူများကို သူ လိုအပ်လေသည်။ သူသည် အနည်းငယ်ပေးပြီး ဆုလာဘ်ချီးမြှင့်ခံရဖို့ စောင့်ဆိုင်းသူများကို လိုအပ်ဖို့ မဆိုထားနှင့်၊ နေ့စဉ် သူ့ထံမှ တောင်းခံရန် လက်ဖြန့်သည့်လူများကို မလိုအပ်ပေ။ မဖြစ်စလောက် ပံ့ပိုးမှုပြုလုပ်ပြီးနောက် မိမိတို့၏ အောင်ဆုများ အပေါ် အခြေပြုသောသူတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျဖြစ်ကာ ကောင်းကင်ဘုံသို့ သွားခြင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအကြောင်းကိုသာ ဆွေးနွေးလိုကြသည့် သွေးအေးသူများကို သူ မုန်းသည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် သူ လုပ်ဆောင်သည့် အမှုက ပေးသည့် အခွင့်အရေးကို ကောင်းကောင်း အသုံးချသူများအတွက် သာ၍ ကြီးမားသည့် စက်ဆုပ်ရွံရှာမှု ရှိလေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုမှတစ်ဆင့် မည်သည့်အရာ စွမ်းဆောင်လိုပြီး မည်သည့်အရာ ရရှိလိုသည်ကို လုံးဝ ဂရုမစိုက်ဖူးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် ဘုရားသခင်၏အမှုက ပေးသည့် အခွင့်အရေးအား ၎င်းတို့ မည်သို့အသုံးချနိုင်သည်ဆိုသည်ကိုသာ စိတ်ဝင်စားကြလေသည်။ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြင့် လုံးလုံးလျားလျား နစ်မြုပ်လျက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ပတ်သက်၍ ဂရုမစိုက်ကြပေ။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျသကဲ့သို့၊ လူသားမျိုးနွယ်ကို ဘုရားသခင် မည်သို့ ကယ်တင်သည်ဆိုသည်နှင့် သူ၏ အလိုကို အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိသောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုမှ ခွဲထွက်သည့် နည်းလမ်းဖြင့် မိမိတို့ကိုယ်ကိုယ်အား ကျေနပ်စေသည့် အရာကိုသာ လုပ်ဆောင်နေကြလေသည်။ ၎င်းတို့၏အပြုအမူကို ဘုရားသခင်က ထောက်ခံလျက် ကြည်ညိုဖို့ မဆိုထားနှင့်၊ ဘုရားသခင်က အောက်မေ့ခြင်း မရှိသကဲ့သို့ လက်ခံခြင်းလည်း မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

(၉၆) ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာသည် ရှောလမုန်၏ သားအားလုံးကို သာလွန်သော်လည်း၊ လူသားများသည် ငါ့ကို အရေးမပါသည့် သမားတော်တစ်ပါး အဖြစ်နှင့် လူသား၏ လူမသိသူမသိ ဆရာတစ်ယောက်အဖြစ်မျှသာ ထင်မှတ်ကြသည်။ ၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံ့ရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

(၉၇) ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။ သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

(၉၈) လူတို့၏ ဘဝအတွေ့အကြုံများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို လက်လွှတ်ပြီးလေပြီ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်ကာ အတည်ပြုရမည်- လတ်တလောတွင် ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေကို ကျွန်ုပ် ရရှိပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်းတွင် များစွာ ပေးပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက်နေခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်- ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် အကျွန်ုပ်အား ကတိတစ်ခုတစ်လေကို ပေးပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်သလော...။ အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ မတုန်မလှုပ် ဖြစ်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ “ဘုရားသခင်အပေါ် ယုံကြည်မှု” ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အဖြစ်အနေမှသည် သူ၏ ဓမ္မဓိဋ္ဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ချေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။ ဘုရားသခင် ပေးသည့် အဖိုးအခ မည်မျှ ကြီးမားသည်ဖြစ်စေ သို့မဟုတ် အမှုမည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ကျိုးကြောင်းမမြင်မြဲရှိသကဲ့သို့ ယင်းကို လုံးဝ စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိလေသည်- ယင်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မလိုက်လျှောက်ချင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မနာခံချင်သကဲ့သို့ ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်ချင်ပေဟု ဖြစ်သည်။ ယင်းမှာ ယနေ့ လူသား၏ အခြေအနေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

(၉၉) ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်းတွင်၊ သင်တို့သည် ယင်းကို အထူးလေးနက်စွာ သဘောထားကြသည်။ ထို့အပြင်၊ ယင်းသည် အထူးသဖြင့် သင်တို့အားလုံး ဆတ်ဆတ်ထိမခံသော အရာတစ်ခု ဖြစ်သည်။ အချို့သော လူများသည် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရရှိဖို့အလို့ငှာ ဘုရားသခင်ရှေ့တွင် ဒူးထောက်ဦးချရင်း၊ မရမက လုပ်ဆောင်ဖို့ မစောင့်နိုင်အောင် ဖြစ်ကြလေသည်။ စကားလုံးများဖြင့် ဖော်ပြဖို့ မလိုအပ်သည့် သင်တို့၏ စိတ်အားထက်သန်မှုကို ငါ တန်းတူ ခံစားနိုင်သည်။ ယင်းသည် သင်တို့အနေဖြင့် အနာဂတ်တွင် ထာဝရ အပြစ်ဒဏ်ပေးခြင်းထဲသို့ သက်ဆင်းရန် ဆန္ဒရှိဖို့မဆိုထားနှင့်၊ သင်တို့၏ ခန္ဓာကို ကပ်ဘေးထဲသို့ မကျရောက်စေလိုသည်ထက် မပိုပေ။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် အနည်းငယ် သာ၍ လွတ်လပ်စွာ၊ အနည်းငယ် သာ၍ လွယ်ကူစွာ အသက်ရှင်ခွင့်ပေးရန်သာ မျှော်လင့်ကြသည်။ ထို့ကြောင့် သင်တို့သည် လုံလုံလောက်လောက် အာရုံမစိုက်မိပါက၊ ဘုရားသခင်ကို သင်တို့ ပုန်ကန်ပြစ်မှားမိနိုင်ပြီး၊ ထိုသို့ဖြင့် သင်တို့နှင့်ထိုက်တန်သည့် ဒဏ်ခတ်ခြင်း ခံရမည်ကို အလွန်စိုးရွံ့လျက်၊ ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်း သင်တို့သည် အထူးသဖြင့် စိတ်လှုပ်ရှားကြလေသည်။ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် အပေးအယူများ ပြုလုပ်ရန် မတွန့်ဆုတ်ကြ သကဲ့သို့၊ သင်တို့ထဲမှ တစ်ချိန်က မရိုးသားသကဲ့သို့ ပေါ့ပေါ့တန်တန် ရှိခဲ့ကြသူများစွာသည်ပင် ရုတ်တရက် ထူးထူးခြားခြား နူးညံ့သိမ်မွေ့ပြီး ရိုးသားစစ်မှန် လာကြလေသည်။ သင်တို့၏ စစ်မှန်ရိုးသားမှု သွင်ပြင်က လူတို့ကို ရိုးတွင်းခြင်ဆီထိ အေးစိမ့်သွားစေသည်။ သို့သော်၊ သင်တို့အားလုံးသည် “ရိုးသားသော” စိတ်နှလုံးများ ပိုင်ဆိုင်ကြပြီး၊ နာကြည်းချက်ဖြစ်စေ၊ လှည့်ဖြားမှု သို့မဟုတ် ဆက်ကပ်မှုဖြစ်စေ၊ မည်သည့်အရာကိုမျှ ထိန်ချန်မထားဘဲ၊ သင်တို့ စိတ်နှလုံးများထဲက လျှို့ဝှက်ချက်များကို ငါ့ထံ တစ်သမတ်တည်း ဖွင့်ဟခဲ့ကြပြီး ဖြစ်သည်။ ခြုံကြည့်သော်၊ သင်တို့သည် သင်တို့၏ ဖြစ်တည်မှု အနက်ရှိုင်းဆုံးသော နေရာများအတွင်း တည်ရှိသည့် ခြေခြေမြစ်မြစ်ရှိသော အရာများကို ငါ့ထံ အလွန် ပွင့်ပွင့်လင်းလင်း “ဝန်ခံ” ခဲ့ကြပြီး ဖြစ်သည်။ ဟုတ်ပေ၏၊ ငါ့အတွက် ထိုအရာများအားလုံးသည် လွန်စွာ အကျွမ်းဝင်လာပြီးဖြစ်သည့်အတွက်၊ ငါသည် ထိုသို့သော အရာများကို မည်သည့်အခါတွင်မျှ မရှောင်လွှဲ ခဲ့ဖူးပေ။ သင်တို့သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိဖို့ ဆံချည်တစ်မျှင် ဆုံးရှုံးရသည်ထက် သင်တို့၏ ခရီးပန်းတိုင်အတွက် မီးပင်လယ်ထဲသို့ ဝင်ရောက်လိုကြသည်။ ယင်းမှာ ငါသည် သင်တို့နှင့်ပတ်သက်၍ တစ်ယူသန်ဖြစ်လွန်းခြင်း မဟုတ်။ သင်တို့သည် ငါပြုသည့် အရာအားလုံးနှင့် မျက်နှာချင်းဆိုင်လာဖို့ရန် ဆက်ကပ်မှုရှိသော စိတ်နှလုံးတစ်ခု ကင်းမဲ့လွန်းခြင်း ဖြစ်ပေသည်။ ငါ ခုတင် ပြောသည့်အရာကို သင်တို့ နားလည်ကောင်း နားလည်နိုင်မည်မဟုတ်၊ ထို့ကြောင့် ရိုးရိုးဖြောင့်ဖြောင့် ရှင်းပြချက်တစ်ခု ငါပေးမည်- သင်တို့ လိုအပ်သည့်အရာသည် ငါ၏ အပတ်တကုတ် ကြိုးစား အားထုတ်သည့် အလုပ် ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားနှင့် အသက် မဟုတ်သကဲ့သို့၊ မည်သို့ပြုမူနေထိုင်ရမည်ဟူသော ကိုယ်ကျင့်တရားများလည်း မဟုတ်ပေ။ ယင်းထက်၊ သင်တို့ လိုအပ်သောအရာမှာ ဇာတိပကတိ၌ သင်တို့ ပိုင်ဆိုင်သမျှ အရာရာ ဖြစ်သည့်- ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်း၊ မိသားစု၊ အိမ်ထောင်ရေး၊ စသည်တို့ ဖြစ်သည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏အမှုကို လုံးဝ အထင်အမြင် သေးကြသည်။ ထို့ကြောင့် သင်တို့၏ ယုံကြည်ခြင်းကို ဝတ်ကျတမ်းကျေ ဟူသော စကားတစ်လုံးဖြင့် အကျဉ်းချုံးနိုင်သည်။ သင်တို့သည် သင်တို့ လုံးလုံးလျားလျား ဆက်ကပ်ထားသော အရာများကို ရရှိဖို့ရန် မည်သည့်အတိုင်းအတာထိမဆို လုပ်ဆောင်ကြလိမ့်မည် ဖြစ်သော်လည်း၊ သင်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဆက်နွှယ်သည့် ကိစ္စများအတွက် အလားတူ လုပ်ဆောင်ကြမည် မဟုတ်သည်ကို ငါ သိရှိပြီး ဖြစ်သည်။ အတိအကျဆိုရပါက၊ သင်တို့သည် အတော်အသင့်သာ သစ္စာရှိပြီး အတော်အသင့်သာ လေးလေးနက်နက်ရှိကြသည်။ ယင်းမှာ အဆုံးစွန် ရိုးသားစစ်မှန်မှုရှိသည့်‌ စိတ်နှလုံးတစ်ခု ကင်းမဲ့သောသူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ရှုံးနိမ့်သောသူများ ဖြစ်ကြသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်ပေသည်။ သေချာစွာစဉ်းစားလော့- သင်တို့အထဲတွင် ရှုံးနိမ့်သူများစွာ ရှိသလော။

ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို လူတို့ကိုယ်တိုင်၏ လုပ်ရပ်များ၏ ရလဒ်တစ်ခုအဖြစ် ရရှိသည်ကို သင်တို့ သိသင့်သည်။ လူတို့သည် မအောင်မြင်ဘဲ၊ ယင်းအစား ကျရှုံးသည့်အခါ၊ ယင်းသည်လည်း ၎င်းတို့ကိုယ်တိုင်၏ လုပ်ရပ်များကြောင့် ဖြစ်ပြီး၊ အခြားမည်သည့်အကြောင်းရင်း၏ စိုးမိုးမှုတစ်ခုကြောင့်မျှ မဟုတ်ပေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ ခက်ခဲပြီး သာ၍ ဆင်းရဲဒုက္ခ ဖြစ်ပေါ်စေသည့် အရာတစ်ခုကို ရရှိဖို့ လိုအပ်သည့်အရာဟူသမျှ လုပ်ဆောင်ကြမည်ဖြစ်ပြီး ယင်းကို အလွန်လေးနက်စွာ သင်တို့ သဘောထားမည်မှာ သင်တို့အနေဖြင့် မည်သည့်အမှားကိုမျှ သည်းမခံလိုသည်အထိ ဖြစ်မည်ဆိုသည်ကို ငါ ယုံကြည်သည်။ ဤသည်တို့မှာ သင်တို့၏ အသက်တာများတွင် သင်တို့အားလုံး ထားရှိသည့် မနားမနေ အားထုတ်မှုမျိုးများ ဖြစ်သည်။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ မိသားစုဝင်တစ်ဦးတစ်ယောက်ကိုမျှ လှည့်ဖြားမည် မဟုတ်သည့် အခြေအနေမျိုးတွင်ပင် ငါ၏ လူ့ဇာတိကို လှည့်ဖြားခြင်းငှာ တတ်စွမ်းနိုင်ကြလေသည်။ ဤသည်မှာ သင်တို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူနှင့် သင်တို့ အသက်ရှင်သည့် အခြေခံသဘောတရား ဖြစ်သည်။ သင်တို့၏ ခရီးပန်းတိုင်သည် လုံးဝ လှပပြီး သင်တို့ ဆန္ဒရှိသမျှအားလုံး ဖြစ်နိုင်ဖို့အလို့ငှာ၊ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် ငါ့ကို လှည့်ဖြားဖို့ အယောင်ဆောင်သော အပြင်ပန်းသွင်ပြင်တစ်ခုကို ပြသနေကြဆဲ ဖြစ်သည် မဟုတ်လော။ သင်တို့၏ ဆက်ကပ်မှုသည် သင်တို့၏ စစ်မှန်ရိုးသားမှုကဲ့သို့၊ ခဏတာမျှသာ ဖြစ်သည်ကို ငါ သိ၏။ သင်တို့၏ စိတ်ဆုံးဖြတ်ချက်နှင့် သင်တို့ ပေးသော အဖိုးအခသည် အနာဂတ်အတွက် မဟုတ်၊ လက်ရှိအခိုက်အတန့်အတွက်သာ ဖြစ်သည် မဟုတ်လော။ သင်တို့သည် အလဲအလှယ်တစ်ခု ပြုလုပ်ခြင်းဟူသော တစ်ခုတည်းသော ရည်မှန်းချက်ဖြင့်၊ လှပသည့် ပန်းတိုင်တစ်ခုကို ရယူဖို့ ကြိုးပမ်းရန် နောက်ဆုံးတစ်ကြိမ်သာ အားထုတ်လိုကြလေသည်။ သင်တို့သည် ငါပေးပြီးသည့် အဖိုးအခအတွက် ငါ့ကို ပြန်ပေးဆပ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ကျေးဇူးကြွေးတင်ရှိလာခြင်းအား ရှောင်ရှားရန် ဤအားထုတ်မှုကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ တိုတိုပြောရလျှင်၊ သင်တို့သည် သင်တို့ လိုချင်သည့်အရာကို ရရှိဖို့ ပါးနပ်သော ပရိယာယ်ကို အသုံးပြုရန်သာ လိုလားနေကြသော်လည်း၊ ယင်းအတွက် ပွင့်လင်းသော တိုက်ပွဲကို မတိုက်လိုကြပေ။ ဤသည်မှာ သင်တို့၏ အူလှိုက်သည်းလှိုက်ဖြစ်သော စိတ်ဆန္ဒဖြစ်သည် မဟုတ်လော။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ရုပ်ဖျက်ရမည် မဟုတ်သကဲ့သို့၊ သင်တို့ မစားနိုင်၊ မအိပ်နိုင်ဖြစ်ကြသည့်အခြေအနေထိ သင်တို့၏ ခရီးပန်းတိုင်အပေါ် ဦးနှောက်ခြောက်အောင် မစဉ်းစားရ။ နောက်ဆုံးတွင် သင်တို့၏ နိဂုံးက ဆုံးဖြတ်ထားနှင့်ပြီး ဖြစ်လိမ့်မည်မှာ မှန်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍

(၁၀၀) သင်တို့သည် ဤနှစ်ပေါင်းများစွာ တစ်လျှောက်လုံးတွင် ငါ့နောက်သို့ လိုက်လျှောက်နေခဲ့ ကြသော်လည်း ငါ့အပေါ်၌ မြူမှုန်မျှပင် သစ္စာမစောင့်သိခဲ့ကြ။ ယင်းအစား သင်တို့သည် သင်တို့ချစ်သောသူများနှင့် သင်တို့ကို စိတ်ကျေနပ်စေသော အရာများကိုသာ အမြဲတမ်း ဗဟိုပြုကြ လွန်းသည့်အတွက် သင်တို့သွားလေရာရာ၌ ထိုအရာများကို သင်တို့မြတ်နိုးတန်ဖိုးထားကြပြီး လုံးဝမစွန့်လွှတ်ကြပေ။ သင်တို့သည် ငါ့နောက်သို့ လိုက်လျှောက်သည့် အချိန်အတော အတွင်း ဖြစ်တတ်သည့် မိမိတို့ချစ်မြတ်နိုးသော အရာတစ်ခုနှင့် ပတ်သက်၍ စိတ်ထက်သန်လာချိန်၊ သို့တည်းမဟုတ် သဲကြီးမဲကြီး ဖြစ်လာသောအချိန်၊ သို့မဟုတ် သင်တို့သည် ငါ့နှုတ်ကပတ်တော်များကို နားထောင်နေချိန်၌ပင်လျှင် ထိုသို့ဖြစ်တတ်ကြသည်။ ထို့ကြောင့် သင်တို့ကို ငါတောင်းဆို သည့်အတိုင်း ငါ့ကို သစ္စာစောင့်သိရမည့်အစား သင်တို့သည် မိမိတို့၏ “အချစ်တော်များ” ကိုသာ သစ္စာစောင့်သိပြီး ချစ်ခင်မြတ်နိုးကြသည်ဟု ငါပြောမည်။ ငါ့အတွက် တစ်ခု၊ နှစ်ခုမျှ သင်တို့ စွန့်လွှတ်နိုင်ကောင်း စွန့်လွှတ်နိုင်သော်ငြားလည်း ထိုအရာသည် သင်တို့၏ အရာအားလုံးကို ကိုယ်စားမပြု၊ သင်တို့ အမှန်တကယ် သစ္စာစောင့်သိသူမှာ ငါဖြစ်သည်ဆိုခြင်းကိုလည်း မပြသပေ။ သင်တို့သည် သင်တို့အရူးအမူးဖြစ်သောအရာကို လုပ်ဆောင်ခြင်းများနှင့်သာ ဆက်စပ်ပတ်သက်ချင်ကြ၏- အချို့က သားနှင့်သမီးများအပေါ် သစ္စာစောင့်သိကြသည်၊ အချို့မှာမူ လင်ယောက်ျား၊ ဇနီးမယား၊ စည်းစိမ်ဥစ္စာ၊ အလုပ်အကိုင်၊ အထက်လူကြီး၊ ဂုဏ်အရှိန်အဝါ၊ သို့မဟုတ် မိန်းမများအပေါ် သစ္စာစောင့်သိကြသည်။ သင်တို့ သစ္စာစောင့်သိသော အရာများအတွက် သင်တို့သည် စိတ်ပင်ပန်းခြင်း၊ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်ခြင်းမျိုး မည်သည့်အခါမျှ မရှိကြပေ၊ ထိုအစား သင်တို့သည် သင်တို့သစ္စာစောင့်သိသည့်အရာများကို သာ၍မြင့်မားသော အရည်အသွေးနှင့် သာ၍များသော အရေအတွက်ပါ ပိုင်ဆိုင်ဖို့ရန် တိုး၍ တောင့်တကြပြီး မည်သည့်အခါမျှ စိတ်ပျက် အားလျော့ခြင်း မရှိချေ။ ငါကိုယ်တိုင်နှင့် ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ အရူးအမူးဖြစ်နေသော အရာများ၏နောက်ဆုံးကို အမြဲတွန်းပို့ခံနေရသည်။ ထိုအရာများကို နောက်ဆုံး၌ နေရာချရန်မှလွဲ၍ သင်တို့မှာ အခြားရွေးစရာမရှိ။ မိမိတို့ ယခုတိုင် ရှာမတွေ့သေးသော သစ္စာစောင့်သိရမည့်အရာအတွက် ထိုနောက်ဆုံးနေရာကိုပင် ကွက်လပ်ချန်ထားကြသောသူများပင် ရှိကြသေး၏။ ထိုသူတို့၏ နှလုံးသားများထဲ၌ ငါဟူသည်မှာ အရိပ်အယောင်မျှပင် တစ်ခါမျှ မရှိခဲ့စဖူး။ သင်တို့ကို ငါတောင်းဆိုသောအရာများ များလွန်း နေ၏၊ သို့မဟုတ် ငါသည် သင်တို့ကို အမှားမှားအယွင်းယွင်း စွပ်စွဲနေသည်ဟု သင်တို့ ထင်ကောင်းထင်လိမ့်မည်၊ သို့သော် သင်တို့မိသားစုများနှင့် ပျော်ရွှင်စွာ အချိန်ဖြုန်းနေသည့်အချိန်၌ သင်တို့သည် ငါ့ကို တစ်ကြိမ်တစ်ခါမျှ သစ္စာမစောင့်သိခဲ့ ဆိုသည့်အချက်ကို သင်တို့စဉ်းစားမိကြ၏လော။ ဤကဲ့သို့သော အချိန်များ၌ သင်တို့ မနာကျင်ကြသလော။ သင်တို့၏ နှလုံးသားများသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်နှက်နေသောအခါ၊ သင်တို့၏ အားထုတ်မှုများအတွက် ဆုချခံရသောအခါ သင်တို့သည် မိမိတို့ကိုယ်မိမိ လုံလောက်သော သမ္မာတရားနှင့် ဖြည့်ဆည်းမထားသည်ကို အားမငယ်သလော။ ငါ၏ ထောက်ခံချက် မရသဖြင့် သင်တို့သည် မည်သည့်အချိန်က ငိုကြွေးခဲ့ကြဖူးသနည်း။ သင်တို့၏ သားများ၊ သမီးများအတွက် သင်တို့သည် ဦးနှောက်အခြောက်ခံ၊ ဒုက္ခအကြီးအကျယ်ခံ နေသော်လည်း သင်တို့သည် အားမရနိုင်သေး၊ သူတို့အတွက် သင်တို့၏ကြိုးစားမှုက မလုံလောက်သေး၊ သူတို့အတွက် သင်တို့၏လုံ့လအားလုံးကို မပေးအပ် မမြှုပ်နှံရသေးဟု သင်တို့ ယုံကြည်နေကြ၏။ သို့သော် ငါ့ကိုမူ သင်တို့သည် အမြဲတမ်း မေ့လျော့ပေါ့ဆ၍ ဂရုမစိုက်ဘဲ နေကြသည်၊ ငါ့ကို သင်တို့၏ မှတ်ဉာဏ်များထဲ၌သာထားပြီး သင်တို့၏ နှလုံးသားထဲ၌ကား ငါ့ကို ကြာရှည် တည်နေစေခြင်းမရှိ။ သင်တို့အပေါ်ထားသော ငါ၏ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လများကို သင်တို့သည် အမြဲတမ်း မခံစားကြဘဲ နားလည်အသိအမှတ်ပြုမှုလည်း သင်တို့၌ တစ်စက်မျှ မရှိခဲ့ကြ။ သင်တို့သည် အတိုချုံးသာ နှိုင်းဆဆင်ခြင်ကြပြီး ထိုအရာမှာ လုံလောက်ပြီဟု ယုံကြည်ကြသည်။ ဤသို့သော “သစ္စာစောင့်သိမှု” မျိုးမှာ ကြာမြင့်စွာ ငါတောင့်တခဲ့သောအရာ မဟုတ်ဘဲ ကြာမြင့်စွာ ကတည်းက ငါစက်ဆုပ်သောအရာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း

(၁၀၁) အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ထိုကဲ့သို့သော ရွေးချယ်မှုမျိုးကိုသာ ပြုကြလိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် ပြိုကွဲပျက်စီးခြင်းကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။ ငြိမ်းချမ်းသော မိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက်က လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ စည်းစိမ်ရှိခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သမီး၊ သား၊ ဇနီး၊ ယောက်ျားနှင့် ငါ၏အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်။ သင်တို့၏ ဒုစရိုက်လုပ်ရပ်များ အားလုံးကို ရင်ဆိုင်ရပြီးသောနောက် သင်တို့အပေါ်ထားသော ငါ၏ယုံကြည်မှုမှာ လုံးဝပင် ပျောက်ဆုံးသွား၏။ သင်တို့၏စိတ်နှလုံးများသည် ပျော့ပျောင်းဖို့ တင်းခံနိုင်လွန်းကြသည်ကို ငါအလွန်အံ့သြမိသည်။ ကြည့်ရ သရွေ့ နှစ်ပေါင်းများစွာတိုင်အောင် ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လထုတ်မှုသည် ကျောခိုင်းမှုနှင့် သင်တို့၏ စိတ်ပျက် အားလျော့ခြင်းတို့ကိုသာ ငါ့ထံယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့သော်လည်း သင်တို့သည် အမှောင်ထုအပြင် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို မလျှော့တမ်း ရှာဖွေနေကြပြီး ၎င်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် စုတ်ချာချာ ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း

(၁၀၂) နေ့ရက်စဉ်တိုင်းတွင်၊ လူတစ်ဦးစီတိုင်း၏ လုပ်ဆောင်ချက်များနှင့် အတွေးများသည် တစ်ပါးတည်းသောသူ၏ မျက်လုံးများဖြင့် ကြည့်ရှု ခံရလျက်ရှိကာ၊ တစ်ချိန်တည်းတွင် ၎င်းတို့ကိုယ်တိုင်၏ မနက်ဖြန် အတွက် ပြင်ဆင်လျက်ရှိပေသည်။ ဤသည်မှာ အသက်ရှင်လျက် ရှိသောသူအားလုံး လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်၏။ ယင်းမှာ အားလုံးအတွက် ငါကြိုတင် ခွဲခန့်မှတ်သားထားသော လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို မည်သူမျှ မလွတ်မြောက်နိုင်သကဲ့သို့၊ ယင်းမှ မည်သူမျှ လွတ်ငြိမ်းခွင့်မရပေ။ ငါပြောပြီးသော နှုတ်ကပတ်တော်များသည် အရေအတွက်မဲ့သည့်အပြင်၊ ငါပြုသော အမှုသည် အတိုင်းအဆမဲ့သည်။ နေ့စဉ်နေ့တိုင်း၊ လူအသီးသီးသည် မိမိတို့၏ ပင်ကို သဘာဝနှင့် ၎င်းတို့၏ သဘာဝနှင့်သက်ဆိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုများတို့နှင့်အညီ ၎င်းတို့ လုပ်ဆောင်ဖို့ရှိသည့် အရာအားလုံးကို အလိုအလျောက် ဆောင်ရွက်သည်နှင့်အမျှ၊ ငါသည် စောင့်ကြည့်၏။ ကွဲပြားသော လူအမျိုးအစားများကို ပေါ်လွင်စေဖို့ ငါချမှတ်ထားသော “မှန်ကန်သည့် လမ်းကြောင်း” အပေါ်တွင် များစွာသောသူတို့သည် အမှုမဲ့အမှတ်မဲ့ဖြင့် စတင်နှင့်ကြပြီးဖြစ်သည်။ ဤ ကွဲပြားသော လူအမျိုးအစားများကို ငါသည် ကွဲပြားသော ပတ်ဝန်းကျင်များတွင် ကာလကြာမြင့်စွာ ကတည်းက ထားရှိနှင့်ပြီးဖြစ်ကာ၊ ၎င်းတို့၏ သက်ဆိုင်ရာ နေရာများတွင် အသီးသီးသည် မိမိတို့၏ ပင်ကိုအရည်အချင်းများကို ဖော်ကြပြီး ဖြစ်သည်။ ၎င်းတို့ကို ချည်နှောင်ဖို့ မည်သူမျှ မရှိသကဲ့သို့၊ သွေးဆောင်မည့်သူ မည်သူမျှ မရှိပေ။ ၎င်းတို့သည် အလုံးစုံ လွတ်လပ်မှုရှိပြီး၊ ၎င်းတို့ဖော်ပြသည့် အရာကို အလွယ်တကူ ဖော်ပြနိုင်ပေသည်။ ၎င်းတို့ကို ထိန်းချုပ်ထားသည့် တစ်ခုတည်းသော အရာမှာ ငါ၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ထို့ကြောင့် လူအချို့တို့သည် ငါ၏ နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ၊ သေခြင်းကို ရှောင်လွှဲရန်သာ ဆောင့်ကြီးအောင့်ကြီးနှင့် ဖတ်ရှုကြသည်။ ထိုစဉ်အတောအတွင်းတွင်၊ အခြားသူတို့မှာ ၎င်းတို့ကို လမ်းပြကာ ထောက်ပံ့ဖို့ ငါ၏ နှုတ်ကပတ်တော်များမရှိဘဲ၊ နေ့ရက်များကို ကြံ့ကြံ့ခံဖို့ ခက်ခဲသည်ကို တွေ့ရှိကြသောကြောင့် ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များကို အချိန်တိုင်း အလိုအလျောက် ကိုင်စွဲထားကြသည်။ အချိန်ကုန်လွန် သွားသည်နှင့်အမျှ ၎င်းတို့သည် လူ့ဘဝ၏ လျှို့ဝှက်ချက်၊ လူသားမျိုးနွယ်တို့၏ ပန်းတိုင်နှင့် လူသားဖြစ်ခြင်း၏ တန်ဖိုးတို့ကို သိကြရလေသည်။ ဤသည်မှာ ငါ၏နှုတ်ကပတ်တော်များ၏ မျက်မှောက်တွင် လူသားမျိုးနွယ် ရှိကြသည့်ပုံ သက်သက်ဖြစ်ပြီး၊ ငါသည် ကိစ္စရပ်များကို သူ့ဘာသာသူ ဖြစ်ခွင့် ပေးရုံပေး၏။ ငါ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ တည်ရှိခြင်း၏ အခြေခံအုတ်မြစ် ဖြစ်စေဖို့ရာ လူတို့ကို အတင်းအကျပ် ပြုသည့် မည်သည့်အမှုကိုမျှ ငါ မလုပ်ဆောင်ပေ။ ထို့ကြောင့် အသိတရား လုံးဝ မရှိဖူးသူတို့နှင့် မိမိတို့၏ တည်ရှိမှုက မည်သည့်အခါတွင်မျှ တန်ဖိုးမရှိဖူးသူတို့သည် အမှုအရာများ မည်သို့ဖြစ်သည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်လေ့လာ ပြီးနောက် ငါ၏ နှုတ်ကပတ်တော်များကို ရဲတင်းစွာ ဘေးဖယ်ထားလိုက်ကြပြီး၊ ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်ကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့် ငါ့ထံမှလာသော အရာအားလုံးကို တိုး၍ ငြီးငွေ့စပြုလာကြသည်။ ထို့အပြင်၊ ငါ၏အိမ်တွင် နေရခြင်းကိုလည်း တိုး၍ ငြီးငွေ့ကြ၏။ ၎င်းတို့သည် အစေခံခြင်းအမှုကို ပေးနေကြလျှင်ပင်၊ ၎င်းတို့၏ ပန်းတိုင်အတွက်နှင့် အပြစ်ပေးခြင်းမှ လွတ်မြောက်ဖို့အတွက် ဤလူများသည် ငါ၏ အိမ်တွင် အချိန်တစ်ခုကြာ နေထိုင်ကြလေသည်။ သို့ရာတွင်၊ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များ မည်သည့်အခါတွင်မျှ မပြောင်းလဲပေ။ ဤအရာက ကောင်းချီး မင်္ဂလာအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို တိုးပွားစေပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ တစ်ကြိမ်တည်း ဝင်ရောက်ပြီးနောက်တွင် ထာဝရ နေရစ်ဖို့- ထာဝရကောင်းကင်ဘုံသို့ ဝင်ရောက်ဖို့ပင်- ၎င်းတို့၏ လိုအင်ဆန္ဒကို တိုးပွားစေလေသည်။ ငါ၏နေ့ရက် မကြာမီ ရောက်လာဖို့ ၎င်းတို့ တမ်းတလေလေ၊ သမ္မာတရားသည် ၎င်းတို့၏ လမ်းတွင် အတားအဆီးတစ်ခု၊ ခလုတ်တံသင်းတစ်ခု ဖြစ်လာပြီဟု ခံစားရလေလေ ဖြစ်သည်။ ၎င်းတို့အားလုံးသည် သမ္မာတရားကို အားထုတ်ရန် သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် မလိုအပ်သကဲ့သို့၊ အထူးသဖြင့်၊ ငါ၏အိမ်အတွင်းတွင် ခယဝပ်တွားဖို့နှင့် ငါမိန့်ဆိုသည့် အတိုင်း လုပ်ဆောင်ဖို့ မလိုအပ်ဘဲ- ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို ထာဝရ မွေ့လျော်ဖို့ ကောင်းကင် နိုင်ငံတော်ထဲသို့ ခြေချဖို့ရန် မစောင့်နိုင်အောင် ဖြစ်ကြလေသည်။ ဤလူများသည် ငါ၏ အိမ်ထဲသို့ ဝင်ရောက်ကြသည်မှာ သမ္မာတရားကို ရှာဖွေဖို့ဖြစ်သော ၎င်းတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ မဟုတ်သကဲ့သို့၊ ငါ၏ စီမံခန့်ခွဲမှုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့လည်း မဟုတ်ပေ။ ၎င်းတို့၏ ရည်မှန်းချက်မှာ လာမည့် ခေတ်တွင် ဖျက်ဆီးခြင်းမခံရမည့် သူများအလယ်တွင် ရှိဖို့မျှ ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့၏ နှလုံးသားများသည် သမ္မာတရား အဘယ်အရာဖြစ်သည် သို့မဟုတ် သမ္မာတရားကို မည်ကဲ့သို့ လက်ခံရမည်ကို ဘယ်သောအခါမျှ မသိဖူးကြပေ။ ဤသည်မှာ ထိုသို့သော လူများသည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်တွေ့ကျင့်သုံးခြင်းမရှိသကဲ့သို့၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း၏ အတိမ်အနက်ကို သဘောမပေါက် ကြသော်လည်း၊ ငါ၏အိမ်တွင် တစ်ချိန်လုံး “အစေခံများ” အဖြစ် နေထိုင်ကြပြီးဖြစ်သည့် အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် ငါ၏နေ့ရက် ရောက်ရှိလာခြင်းကို “စိတ်ရှည်စွာ” ဖြင့် စောင့်ဆိုင်းကြပြီး၊ ငါ၏အမှု၏ နည်းဟန်အားဖြင့် ၎င်းတို့ လူးလှိမ့်ကြရသလောက် မောလည်း မမောပန်းနိုင်ကြပေ။ သို့သော် ၎င်းတို့၏ ကြိုးပမ်း အားထုတ်မှုများ မည်မျှကြီးမားပါစေ၊ သို့မဟုတ် မည်သည့် အဖိုးအခကို ၎င်းတို့ ပေးသည်ဖြစ်စေ၊ သမ္မာတရားအတွက် ၎င်းတို့ ဆင်းရဲဒုက္ခ ခံစားရသည်ကို သို့မဟုတ် ငါ့အတွက် တစ်ခုတစ်လေ ပေးသည်ကို မည်သူမျှ မတွေ့မြင်ဖူးကြပေ။ ၎င်းတို့၏ စိတ်နှလုံးသားများတွင် ခေတ်ဟောင်းကို ငါအဆုံးသတ်သည့် နေ့ရက်အား မြင်ရဖို့ တရွရွဖြစ်နေကြပြီး၊ ထို့အပြင် ငါ၏တန်ခိုးနှင့် ဩဇာအာဏာတို့ မည်မျှကြီးမားသည်ကို သိဖို့ရန် မစောင့်နိုင်အောင်ဖြစ် ကြလေသည်။ လုပ်ဆောင်ဖို့ ၎င်းတို့ ဘယ်သောအခါမျှ အလျင်မလိုကြသည့်အရာမှာ မိမိတို့ကိုယ်ကိုယ် ပြောင်းလဲရန်နှင့် သမ္မာတရားကို အားထုတ်ဖို့ ဖြစ်သည်။ ငါစိတ်ပျက်ငြီးငွေ့သောအရာကို ၎င်းတို့ချစ်ကြပြီး၊ ငါချစ်သောအရာကို စိတ်ပျက်ငြီးငွေ့ကြသည်။ ငါမုန်းတီးသောအရာကို ၎င်းတို့ တောင့်တကြသော်လည်း၊ ငါ စက်ဆုပ်ရွံမုန်းသော အရာကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ဤဆိုးယုတ်သော ကမ္ဘာတွင် ယင်းကို ဘယ်သောအခါမျှ စက်ဆုပ်ခြင်းမရှိဘဲ အသက်ရှင်ကြပြီး၊ သို့တိုင် ယင်းကို ငါဖျက်ဆီးပစ်မည်ကို အလွန်အမင်း ကြောက်ရွံ့ကြလေသည်။ ၎င်းတို့၏ ကွဲလွဲနေသော ရည်ရွယ်ချက်များ အလယ်တွင်၊ ငါစက်ဆုပ်ရွံရှာသော ဤကမ္ဘာကို ၎င်းတို့ ချစ်ကြသော်လည်း၊ ၎င်းတို့အနေဖြင့် ဖျက်ဆီးခြင်း၏ ဆင်းရဲဒုက္ခမှ လွတ်နိုင်ကြဖို့ရန်နှင့် နောက်တစ်ခေတ်၏ အရှင်သခင်များ အဖြစ်သို့ ပြောင်းလဲနိုင်ကြဖို့အလို့ငှာ၊ မှန်သော လမ်းခရီးမှ ၎င်းတို့ သွေဖည်မသွားမီ၊ ယင်းကို ငါအလျင်အမြန် ဖျက်ဆီးဖို့လည်း တမ်းတကြလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မချစ်သကဲ့သို့၊ ငါ့ထံမှလာသော အရာအားလုံးကို စိတ်ပျက် ငြီးငွေ့ကြသောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို မဆုံးရှုံးစေရန်အတွက် တိုတောင်းသော အချိန်တစ်ခုအကြာတွင် “နာခံသောလူများ” ဖြစ်ကောင်း ဖြစ်လာ နိုင်သော်လည်း၊ ကောင်းချီးခံစားရဖို့ ၎င်းတို့၏ စိုးရိမ်ပူပန်မှုနှင့် ပျက်စီးဆုံးရှုံးခြင်းနှင့် လောင်ကျွမ်းနေသော မီးအိုင်ထဲသို့ ဝင်ရောက် ရမည်ကို ကြောက်ရွံ့မှုသည် ဘယ်သောအခါမျှ ဖုံးဖိမရနိုင်ပေ။ ငါ၏နေ့ရက် နီးကပ်လာသည်နှင့်အမျှ၊ ၎င်းတို့၏ စိတ်ဆန္ဒသည် မှန်မှန် တိုး၍အားကောင်းလာသည်။ ဘေးဒုက္ခ ကြီးမားလာလေ၊ ငါ့ကို ဝမ်းမြောက်စေဖို့နှင့် ရှည်ကြာစွာ ၎င်းတို့ တမ်းတခဲ့ကြသည့် ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးခြင်းအား ရှောင်လွှဲဖို့ ဘယ်က အစပြုရမည်ကို မသိဘဲ၊ ၎င်းတို့ကို ခိုကိုးရာမဲ့ ဖြစ်စေလေလေ ဖြစ်သည်။ ငါ၏လက်၏အမှုကို အစပြုသည်နှင့်တစ်ပြိုင်နက်၊ ထိုသို့သော လူများသည် ရှေ့ပြေးတပ်အဖြစ် အစေခံဖို့ ဆောင်ရွက်ရန် စိတ်ထက်သန်ကြလေသည်။ ၎င်းတို့ကို ငါ မမြင်တွေ့မည်ကို အလွန်အမင်း စိုးရွံ့ရင်း၊ ၎င်းတို့သည် တပ်ဖွဲ့များ၏ တကယ့်‌ရှေ့တန်းသို့ တစ်ရှိန်ထိုးတက်ဖို့သာ စဉ်းစားကြလေသည်။ ၎င်းတို့ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များက သမ္မာတရားနှင့် မည်သည့်အခါတွင်မျှ မဆီလျော်ဖူးသည့်အပြင်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များက ငါ၏ အစီအစဉ်များကို နှောင့်ယှက်ကာ ဝင်ရောက်စွက်ဖက်ရုံမျှ ပြုသည်ကို လုံးဝ မသိဘဲ၊ ၎င်းတို့ တွေးသည့်အရာကို မှန်ကန်သည့်အရာအဖြစ် လုပ်ဆောင် ပြောဆိုကြလေသည်။ ၎င်းတို့အနေဖြင့် ကြီးမားသော အားထုတ်မှု ပြုခဲ့ကောင်းပြုခဲ့နိုင်ပြီး အခက်အခဲများကို ခံရပ်ဖို့ ၎င်းတို့၏ အလိုဆန္ဒနှင့် ရည်ရွယ်ချက်တို့သည် မှန်ကောင်းမှန်နိုင်သော်လည်း၊ ငါ၏ ယဇ်ပလ္လင်ပေါ်တွင် ၎င်းတို့ တစ်ခုတစ်လေ ထားရှိသည်ကို ငါ မြင်ဖူးဖို့ မဆိုထားနှင့်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များက ကောင်းမွန်သော ရည်ရွယ်ချက်များမှ လာသည်ကို ငါ မည်သည့်အခါတွင်မျှ မမြင်ဖူးသည့် အတွက်၊ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ ငါနှင့် မပတ်သက်ပေ။ ယင်းမှာ ဤနှစ်များစွာတစ်လျှောက် ငါ၏ရှေ့တွင် ၎င်းတို့ ပြုထားသည့် လုပ်ဆောင်ချက်များ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်

(၁၀၃) လူများစွာတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ရန် တစ်နေ့တခြား စွဲကိုင်ကြသည်မှာ ထိုနှုတ်ကပတ်တော်များထဲမှ ဂန္တဝင်မြောက် ကျမ်းပိုဒ်များအားလုံးကို ၎င်းတို့၏ တန်ဖိုးအထားရဆုံး ပိုင်ဆိုင်မှုတစ်ခုအလား မှတ်ဉာဏ်ထဲ သေချာစွာ မှတ်သားထားကြသည်အထိ၊ ထို့ပြင် အခြားသူများအား ဘုရားသခင်၏နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေရာအနှံ့ ဟောကြသည်အထိပင် ဖြစ်၏။ ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို သက်သေခံခြင်းဖြစ်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များကို သက်သေခံခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ လမ်းခရီးနောက်ကို လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က တွေးကြသည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ တကယ့်အသက်တာများထဲသို့ ယူဆောင်လာခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလျှင် ဘုရားသခင်၏ ချီးကျူးခြင်းကို ၎င်းတို့လက်ခံရရှိမည်ဖြစ်ပြီး ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းကို ခံရမည်ဖြစ်ကြောင်း ၎င်းတို့တွေးထင်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဟောကြားနေစဉ်တွင်ပင် ၎င်းတို့သည် လက်တွေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မလိုက်နာသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထုတ်ဖော်ပြထားသည့်အရာနှင့် တိုက်ဆိုင် နှိုင်းယှဉ်စစ်ဆေးဖို့ မကြိုးစားနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် လိမ်လည်လှည့်စားမှုအားဖြင့် အခြားသူများ၏ ကြည်ညိုမှုနှင့် ယုံကြည်မှုတို့ကို ရရှိရန်၊ မိမိတို့ဘာသာ စီမံခန့်ခွဲရန်နှင့် ဘုရားသခင်၏ ဘုန်းအသရေကို အလွဲသုံးစားလုပ်ပြီး ခိုးယူရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးချကြလေသည်။ ဘုရားသခင်၏ အမှုပြုခြင်းနှင့် သူ၏ချီးကျူးခြင်းတို့ကို ရရှိရန်အလို့ငှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေခြင်းအားဖြင့် ရလာသည့် အခွင့်အလမ်းကို အမြတ်ထုတ်ဖို့ အချည်းနှီးမျှော်လင့်ကြ၏။ နှစ်ပေါင်းမြောက်မြားစွာ ကုန်ဆုံးသွားခဲ့သော်လည်း ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ဘုရားသခင်၏ ချီးကျူးခြင်းကို ရရှိနိုင်စွမ်း မရှိရုံသာမက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံစဉ်တွင် ၎င်းတို့လိုက်လျှောက်သင့်သည့် လမ်းခရီးကို ရှာဖွေနိုင်စွမ်း မရှိရုံသာမက၊ အခြားသူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးစဉ်တွင် မိမိတို့ကိုယ်ကို ထောက်ပံ့နိုင်စွမ်းသော်လည်းကောင်း၊ ပံ့ပိုးနိုင်စွမ်းသော်လည်းကောင်း မရှိရုံသာမက၊ ဤအရာအားလုံးကို လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်ကို သိကျွမ်းနိုင်စွမ်းသော်လည်းကောင်း၊ မိမိတို့အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သော ရိုသေလေးမြတ်မှု နိုးကြားလာအောင် လုပ်နိုင်စွမ်းသော်လည်းကောင်း မရှိသည်သာမကသေးဘဲ၊ ဆန့်ကျင်ဖက်အားဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အထင်လွဲမှုများသည်လည်း တိုး၍တိုး၍ နက်ရှိုင်းလာသည်၊ သူ့အပေါ် ၎င်းတို့၏ အယုံအကြည် ကင်းမဲ့မှုများသည်လည်း ပို၍ပို၍ ဆိုးရွားလာသည်၊ ထို့ပြင် သူနှင့်ပတ်သက်သည့် ၎င်းတို့၏စိတ်ကူးများသည်လည်း ပို၍ပို၍ ချဲ့ကားလာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများအားဖြင့် ထောက်ပံ့ပြီး လမ်းညွှန်ခံရလျက်၊ ၎င်းတို့သည် ၎င်းတို့နှင့် လုံးဝအံကိုက်ဖြစ်သည့် အနေအထား၌ ရောက်နေသည့်အလား ထင်ရသည်၊ ၎င်းတို့၏ကျွမ်းကျင်မှုများကို အားမစိုက်ရဘဲ သက်သောင့်သက်သာ အသုံးပြုနေကြသည့်အလား၊ အသက်တာ၌ ၎င်းတို့၏ရည်ရွယ်ချက်၊ ဘဝပေးတာဝန်ကို ရှာတွေ့ထားပြီဖြစ်သည့်အလား ထင်ရသည်၊ ထို့ပြင် ၎င်းတို့သည် အသက်တာအသစ်တစ်ခုကို ကြိုးပမ်းရရှိပြီး ကယ်တင်ခံထားရပြီးသည့်အလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ရွတ်ဆိုရာတွင် ထိုနှုတ်ကပတ်တော်များက ၎င်းတို့၏နှုတ်လျှာမှ ကျစ်လျစ်ပြည့်စုံစွာ လှိမ့်ဆင်းလာ၍ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိပြီးဖြစ်သည့်အလား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီးဖြစ်သည့်အလား၊ ထို့ပြင် ဘုရားသခင်ကို သိကျွမ်းခြင်း လမ်းကြောင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်သည့်အလား ထင်ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ၎င်းတို့သည် ဘုရားသခင်နှင့် မကြာခဏ မျက်နှာချင်းဆိုင်တွေ့ရပြီးဖြစ်သည့်အလား ထင်ရသည်။ ထို့အပြင် ၎င်းတို့သည် မကြာခဏ ငိုပွဲများဆင်နွှဲကြသည်ထိ “တို့ထိ” ခံကြရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် “ဘုရားသခင်” ၏ မကြာခဏ ဦးဆောင်လမ်းပြခြင်းကို ခံကြရသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အလွန်စိတ်ထက်သန်သော ဂရုဓမ္မပြုမှုနှင့် ကြင်နာသော ရည်ရွယ်ချက်တို့ကို မရပ်မနား နားလည်သဘောပေါက်နေသည်ဟု ထင်ရပြီး၊ တစ်ချိန်တည်းမှာပင် လူသားကို ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏စီမံခန့်ခွဲမှုတို့ကို နားလည်သဘောပေါက်ထားပြီး သူ၏အနှစ်သာရကို သိကျွမ်းထားသည့်အပြင် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ထားသည်ဟု ထင်ရသည်။ ဤအခြေခံအုတ်မြစ်ပေါ် အခြေပြု၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ပို၍ပင် ခိုင်မာစွာ ယုံကြည်နေကြပုံရကာ၊ သူ၏ချီးမြှောက်ခံရသည့် အခြေအနေကို ပို၍သတိပြုမိကြပြီး၊ သူ၏ကြီးကျယ်ခမ်းနားခြင်းနှင့် ထူးကဲသာလွန်ခြင်းတို့ကို ပို၍ပင် နက်နက်ရှိုင်းရှိုင်း ခံစားနေကြပုံရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အပေါ်ယံမျှသာ သိသည့်အသိတွင် စုံးစုံးမြုပ်နေ၍ ၎င်းတို့၏ ယုံကြည်မှုသည် ကြီးထွားလာသည့်ပုံ၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံမည့် ၎င်းတို့၏ သန္နိဌာန်က အားကောင်းလာသည့်ပုံ ထင်ရသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏သိခြင်းက ပို၍နက်ရှိုင်းလာသည့်ပုံ ထင်ရပေလိမ့်မည်။ ၎င်းတို့လုံးဝ မသိသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အမှန်တကယ် တွေ့ကြုံခံစားခြင်း မရှိသေးခင်အထိ ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အသိပညာများနှင့် ထင်မြင်ချက်များအားလုံးသည် ၎င်းတို့ဖြစ်စေချင်သော စိတ်ကူးများနှင့် မှန်းဆချက်များမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်မှုသည် ဘုရားသခင်ထံမှလာသည့် မည်သည့်စမ်းသပ်မှုမျိုးကိုမျှ ခံနိုင်မည် မဟုတ်ပေ၊ ၎င်းတို့၏ ဝိညာဉ်ရေးနှင့် ဝိညာဉ်ရင့်ကျက်မှုဟု ဆိုသောအရာတို့သည် ဘုရားသခင်၏ စမ်းသပ်မှုကိုဖြစ်စေ၊ စစ်ဆေးမှုကိုဖြစ်စေ အကယ်ပင် ခံနိုင်မည် မဟုတ်ချေ၊ ၎င်းတို့၏ သန္နိဌာန်သည် သဲပေါ်တွင်ဆောက်ထားသည့် ရဲတိုက်တစ်ခုမျှသာ ဖြစ်၏၊ ထို့ပြင် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာဟုဆိုသောအရာမှာလည်း ၎င်းတို့၏ စိတ်ကူးအထင်သက်သက်သာ ဖြစ်တော့သည်။ စင်စစ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး လုံ့လများစွာ စိုက်ထည့်ထားသည့် ဤလူများသည် စစ်မှန်သော ယုံကြည်မှု၊ စစ်မှန်သော နာခံခြင်း၊ စစ်မှန်သော အရေးစိုက်မှု၊ သို့မဟုတ် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့သည် မည်သည့်အရာ ဖြစ်သည်ကို လုံးဝနားမလည်ကြဘိသည့်အလားပင် ဖြစ်ပေသည်။ ၎င်းတို့သည် အယူအဆ၊ စိတ်ကူးစိတ်သန်း၊ အသိပညာ၊ ဆုကျေးဇူး၊ ရိုးရာဓလေ့၊ အယူသီးကြီးခြင်းတို့အပြင် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကိုပင် ယူကြကာ ထိုအရာတို့ကို ဘုရားသခင်အား ယုံကြည်ခြင်းနှင့် သူ့နောက်လိုက်ခြင်းတို့အတွက် “အရင်းအနှီး” နှင့် “လက်နက်အမျိုးမျိုး” အဖြစ် ပြုလုပ်ကြသည်သာမကဘဲ ဘုရားသခင်အား ၎င်းတို့ယုံကြည်ခြင်းနှင့် သူ့နောက် ၎င်းတို့လိုက်ခြင်းတို့အတွက် အခြေခံအုတ်မြစ်များအဖြစ်ပင် ပြုလုပ်ကြလေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ စစ်ဆေးခြင်းများ၊ စမ်းသပ်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ခြင်းနှင့် ဖြေရှင်းခြင်းတို့အတွက် ဤအရင်းအနှီးနှင့် လက်နက်အမျိုးမျိုးတို့ကို ယူကာ ဘုရားသခင်ကို သိကျွမ်းဖို့ အသုံးပြုသည့် မှော်အဆောင်လက်ဖွဲ့များအဖြစ် ပြုလုပ်ကြသည်။ အဆုံး၌ ၎င်းတို့ရှာမှီးသည့်အရာတွင် ဘုရားသခင်အကြောင်း ကောက်ချက်များဖြစ်သည့် ဘာသာရေးဂယက်အနက်တွင်လည်းကောင်း၊ ခေတ်နောက်ကျနေသည့် အယူသီးမှုတွင်လည်းကောင်း၊ စိတ်ကူးယဉ်ဆန်ကာ သဘာဝမကျသကဲ့သို့ ပဟေဠိဆန်သောအရာအားလုံးထဲတွင်လည်းကောင်း စုံးစုံးမြုပ်နေသည့် ကောက်ချက်များသာ ပါဝင်နေသည်။ ဘုရားသခင်ကို ၎င်းတို့သိကျွမ်းပြီး အဓိပ္ပာယ်ဖွင့်သည့်ပုံမှာ အထက်ကောင်းကင်ဘုံကိုသာ ယုံကြည်သော၊ သို့မဟုတ် မိုးကောင်းကင်ရှိ အဘိုးအိုကိုသာ ယုံကြည်ကြသော လူများနှင့် တစ်ထေရာတည်းပင်ဖြစ်သည်၊ သို့သော်လည်း စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်နှင့် ဆက်နွှယ်လျက်ရှိသော အရာအားလုံးဖြစ်သည့် ဘုရားသခင်၏ စစ်မှန်မှု၊ သူ၏အနှစ်သာရ၊ သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းစသည်တို့မှာမူ ၎င်းတို့၏ အသိပညာက နားလည်နိုင်ခြင်းမရှိသည့် အရာများဖြစ်နေသည်၊ ထိုအရာများသည် ၎င်းတို့၏ အသိပညာနှင့် လုံးလုံးကင်းကွာပြီး၊ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတမျှပင် ဝေးကွာလေသည်။ ဤနည်းအားဖြင့် ဤလူများသည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် အာဟာရဖြည့်ပေးခြင်းကို ခံယူလျက် အသက်ရှင်ကြသော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း လမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းနိုင်ခြင်းမရှိကြပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းမှန်မှာ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သိကျွမ်းခဲ့ဖူးခြင်းမရှိသကဲ့သို့၊ သူနှင့် စစ်မှန်သော ဆက်သွယ်မှု၊ သို့မဟုတ် စစ်မှန်သော ဆက်ဆံရေးလည်း မရှိသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် အပြန်အလှန် နားလည်သဘောပေါက်မှု ရရှိဖို့ မဖြစ်နိုင်သကဲ့သို့၊ ၎င်းတို့အတွင်း၌ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း၊ ဘုရားသခင်နောက်ကို လိုက်ခြင်း၊ သို့မဟုတ် ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့ နိုးကြားလာအောင် လုပ်ရန်လည်း မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ကို ဤနည်းဖြင့် သဘောထားကြသည်- ဤအမြင်ရှုထောင့်နှင့် သဘောထားတို့က ၎င်းတို့ကို ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုများမှ လက်ချည်းသက်သက်လှည့်ပြန်ရကိန်း ဆိုက်စေခဲ့ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း လမ်းကြောင်းကို ထာဝရလျှောက်လှမ်းနိုင်စွမ်း မရှိသည့်ကိန်း ဆိုက်စေသည်။ ၎င်းတို့ရည်မှန်းနေသည့် ပန်းတိုင်နှင့် ၎င်းတို့သွားနေသည့် ဦးတည်ချက်တို့က ၎င်းတို့သည် ထာဝရကာလတိုင် ဘုရားသခင်၏ရန်သူများ ဖြစ်လာမည် ဖြစ်ကြောင်းနှင့် ကယ်တင်ခြင်းကို ထာဝရကာလတိုင် လုံးဝရရှိနိုင်မည် မဟုတ်ကြောင်း ညွှန်ပြနေပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

(၁၀၄) ငါ့အမှု၏ နှစ်ကာလများစွာအတွင်းတွင် လူတို့သည် များစွာ ရရှိကြပြီးဖြစ်ကာ များစွာ စွန့်လွှတ်ကြပြီးဖြစ်သည်၊ သို့သော် ၎င်းတို့သည် ငါ့ကို အမှန်တကယ် မယုံကြည်ကြဟု ငါ ပြောဆဲ ဖြစ်သည်။ အကြောင်းမှာ၊ လူတို့သည် ငါဘုရားသခင်ဖြစ်သည်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုရုံမျှပြုကြသော်လည်း၊ ငါပြောဆိုသော သမ္မာတရားများကို ၎င်းတို့ သဘောမတူကြသည့်အပြင်၊ ၎င်းတို့ကို ငါ စေခိုင်းသည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြချေ။ ယင်းမှာ လူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကိုသာ အသိအမှတ်ပြုကြသော်လည်း၊ သမ္မာတရား၏ တည်ရှိခြင်းကို အသိအမှတ်မပြုကြ။ လူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အသိအမှတ်ပြုကြသော်လည်း၊ အသက်၏ တည်ရှိခြင်းကို အသိအမှတ်မပြုကြ။ လူတို့သည် ဘုရားသခင်၏နာမကို အသိအမှတ်ပြုကြသော်လည်း သူ၏ အနှစ်သာရကို အသိအမှတ်မပြုကြဟု ဆိုလိုသည်။ ၎င်းတို့သည် ငါ့ကိုလှည့်ဖြားဖို့ သာယာသော စကားများကိုသာ အသုံးပြုကြသည့်အတွက်၊ ငါသည် ၎င်းတို့ကို ၎င်းတို့၏စိတ်အားထက်သန်မှုအတွက် စက်ဆုပ်ရွံရှာ၏။ ၎င်းတို့ထဲမှ မည်သူမျှ ငါ့ကို အမှန်တကယ် မကိုးကွယ်ကြချေ။ သင်တို့၏ စကားများသည် မြွေ၏သွေးဆောင်ဖြားယောင်းခြင်း ပါရှိ၏။ ထို့အပြင်၊ ယင်းတို့သည် ကောင်းကင်တမန်မင်း၏ ကြေငြာချက်သဖွယ် လွန်လွန်ကဲကဲ စိတ်ကြီးဝင်ကြလေသည်။ ထို့အပြင်၊ သင်တို့၏ လုပ်ဆောင်ချက်များသည် အလွန်ဆိုးဝါးသော အတိုင်းအတာတစ်ခုထိ စုတ်ပြတ်ကာ ပေါက်ပြဲနေသည်။ သင်တို့၏ လွန်ကြူးသော စိတ်ဆန္ဒများနှင့် တပ်မက်သော ရည်ရွယ်ချက်များသည် နားကြားပြင်းကပ်စရာ ဖြစ်ကြသည်။ သင်တို့အားလုံးသည် ငါ၏အိမ်တွင် ပိုးဖလံများ၊ စက်ဆုပ်ရွံ့ရှာခြင်းဖြင့် စွန့်ပစ်ရမည့်အရာဝတ္ထုများ ဖြစ်သွားကြပြီးဖြစ်သည်။ အကြောင်းမှာ သင်တို့ထဲမှ မည်သူမျှ သမ္မာတရားကို မချစ်ပေ။ ထိုအစား၊ သင်တို့သည် ကောင်းချီးမင်္ဂလာ ခံစားရန်၊ ကောင်းကင်ဘုံသို့ တက်ရန်၊ ကမ္ဘာမြေပေါ်၌ ခရစ်တော်က သူ၏ တန်ခိုးအာဏာ ကိုင်စွဲခြင်းနှင့်ဆိုင်သည့် ခမ်းနားသော ရူပါရုံကို ရှုမြင်ရန် ဆန္ဒရှိကြပေသည်။ သို့သော်၊ သင်တို့ကဲ့သို့ ဘုရားသခင် အဘယ်အရာဖြစ်သည်ကို မသိလေသူ၊ အလွန်အမင်း ဖောက်ပြန်ပျက်စီးနေသောသူ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏နောက်လိုက်ခြင်းငှာ အဘယ်သို့ ထိုက်တန်နိုင်မည်ကို သင်တို့ တွေးကြဖူးပါသလော။ ကောင်းကင်ဘုံသို့ သင်တို့ အဘယ်သို့ တက်ရောက်နိုင်ကြမည်နည်း။ ထိုသို့သော ခမ်းနားသည့် မြင်ကွင်းများ၊ ၎င်းတို့၏ ထည်ဝါမှုတွင် အစဉ်အလာမရှိသည့် မြင်ကွင်းများကို ရှုမြင်ခြင်းငှာ သင်တို့ အဘယ်သို့ ထိုက်တန်နိုင်ကြမည်နည်း။ သင်တို့၏ နှုတ်များသည် လှည့်ဖြားတတ်ကာ ညစ်ညူးသော စကားလုံးများ၊ သစ္စာဖောက်တတ်ပြီး မာနထောင်လွှားသော စကားများဖြင့် ပြည့်နေသည်။ သင်တို့သည် ငါကို ရိုးသားစစ်မှန်မှု စကားများ၊ သန့်ရှင်းသော စကားများ၊ ငါ၏ နှုတ်ကပတ်တော်ကို တွေ့ကြုံပြီးနောက် ငါ့ကို ကျိုးနွံနာခံခြင်း စကားများအား မည်သည့်အခါတွင်မျှ သင်တို့ မပြောဖူးကြပေ။ နောက်ဆုံးတွင်၊ သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာနှင့် တူသနည်း။ သင်တို့၏ စိတ်နှလုံးများထဲတွင် လိုချင်တပ်မက်မှုနှင့် ငွေကြေးကလွဲ၍ မည်သည့်အရာမျှမရှိသကဲ့သို့၊ သင်တို့၏ စိတ်များထဲတွင် ရုပ်ဝတ္ထုပစ္စည်းများမှလွဲ၍ မည်သည့်အရာမျှမရှိပေ။ နေ့တိုင်း၊ သင်တို့သည် ငါ့ထံမှ တစ်စုံတစ်ရာ မည်သို့ရရှိမည်ကို တွက်ချက်ကြသည်။ နေ့တိုင်း၊ သင်တို့သည် ငါ့ထံမှ ချမ်းသာကြွယ်ဝမှု မည်မျှနှင့် ရုပ်ဝတ္ထုပစ္စည်း မည်မျှ ရရှိပြီးဖြစ်သည်ကို ရေတွက်နေကြသည်။ နေ့တိုင်း၊ သင်တို့သည် သင်တို့ မွေ့လျော်ခံစားနိုင်သည့် အရာများကို သာ၍များပြားသော အရေအတွက်များနှင့် သာ၍ မြင့်မားသော အဆင့်အတန်းတစ်ခုဖြင့် မွေ့လျော်ခံစားနိုင်ဖို့အလို့ငှာ၊ သင်တို့အပေါ် ကောင်းချီးမင်္ဂလာများ ယခင်ထက် သာ၍ သက်ဆင်းလာဖို့ရန် သင်တို့ စောင့်စားကြ၏။ သင်တို့၏ အတွေးများ၌ အချိန်တိုင်းရှိသည်မှာ ငါမဟုတ်သကဲ့သို့၊ ငါ့ထံမှလာသော သမ္မာတရားလည်း မဟုတ်ဘဲ၊ ယင်းထက်၊ သင်တို့၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်တို့၏ သားများနှင့် သမီးများ၊ ပြီးလျှင် သင်တို့ စားသောက်ပြီး ဝတ်ဆင်သောအရာများ ဖြစ်ကြ၏။ သင်တို့သည် ယခင်ထက် သာ၍ ကြီးမားသည့်၊ ယခင်ထက် သာ၍ မြင့်မားသည့် ပျော်ရွှင်မှု မည်သို့ရရှိနိုင်သည်ကို စဉ်းစားကြသည်။ သို့သော်၊ သင်တို့သည် ကွဲထွက်မတတ် သင်တို့၏ ဗိုက်များကို ဖြည့်ပြီးသည့်အချိန်တွင်ပင်၊ အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ ဖြစ်သည် မဟုတ်လော။ အပြင်ပန်းအားဖြင့်၊ သင်တို့သည် အင်မတန် လှပသည့် အဝတ်အစားဖြင့် မိမိတို့ကိုယ်ကိုယ် ဆင်မြန်းကြသည့်အချိန်တွင်ပင်၊ သင်တို့သည် အသက်ကင်းမဲ့သည့် လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ မဟုတ်လော။ သင်တို့၏ ဆံပင်များ အဖြူရောင်ဖြင့် အစင်းအကျားဖြစ်သည်အထိ၊ သင်တို့၏ ဝမ်းဗိုက်အတွက် သင်တို့ ပင်ပန်းကြီးစွာအလုပ်လုပ်ကြ၏၊ သို့သော်၊ သင်တို့ထဲမှ မည်သူမျှ ငါ၏အမှုအတွက် ဆံချည်တစ်ပင်မျှ မစွန့်လွှတ်ကြချေ။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ဇာတိခန္ဓာအတွက်နှင့် သင်တို့၏သားများနှင့် သမီးများအတွက် သင်တို့၏ခန္ဓာကို ခက်ခဲပင်ပန်းစေကာ ဦးနှောက်ခြောက်အောင် စဉ်းစားရင်း၊ စဉ်ဆက်မပြတ် အလုပ်များနေသည်- သို့သော်၊ သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ငါ၏ အလိုအတွက် စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်း တစ်ခုတစ်လေမျှ မပြပေ။ ငါ့ထံမှ ရရှိဖို့ သင်တို့ မျှော်လင့်ကြသေးသည်မှာ မည်သည့်အရာနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏

(၁၀၅) ငါသည် နှုတ်ကပတ်တော်များစွာကို ဖော်ပြခဲ့ပြီးဖြစ်ပြီး ငါ၏အလိုဆန္ဒနှင့် စိတ်သဘောထားတို့ကိုလည်း ဖော်ပြခဲ့ပြီး ဖြစ်၏။ သို့သော်ငြားလည်း လူတို့သည် ငါ့ကို သိနိုင်စွမ်းနှင့် ငါ့ကို ယုံကြည်နိုင်စွမ်း မရှိကြသေးပေ။ သို့မဟုတ် လူတို့သည် ငါ့ကို နာခံနိုင်စွမ်း မရှိကြသေးဟု ဆိုနိုင်ပေသည်။ သမ္မာကျမ်းစာအတွင်းတွင် နေထိုင်သူများ၊ ပညတ်‌တော်အတွင်းတွင် နေထိုင်သူများ၊ လက်ဝါးကပ်တိုင်ပေါ်တွင် နေသူများ၊ အယူဝါဒအတိုင်း နေထိုင်သူများ၊ ယနေ့ ငါပြုသည့်အမှုအကြား နေသူများ— ၎င်းတို့အနက် မည်သူသည် ငါနှင့် သဟဇာတဖြစ်သနည်း။ သင်တို့သည် ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များကို ရရှိရန်သာ စဉ်းစား၍ ငါနှင့် မည်သို့ သဟဇာတဖြစ်ရန် သို့မဟုတ် ငါကိုဆန့်ကျင်ခြင်းမပြုရန် သင်တို့ကိုယ်သင်တို့ မည်သို့ တားဆီးရမည်ကို စိုးစဉ်းမျှပင် မည်သည့်အခါကမျှ မစဉ်းစားခဲ့ကြဖူးပေ။ ငါသည် သင်တို့အပေါ် လွန်စွာစိတ်ပျက်၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သင်တို့ကို များစွာပေးခဲ့ပြီးဖြစ်သော်လည်း ငါသည် သင်တို့ထံမှ အနည်းငယ်သာ ရရှိခဲ့၏။ သင်တို့၏ လှည့်ဖြားမှု၊ သင်တို့၏မောက်မာမှု၊ သင်တို့၏လောဘ၊ သင်တို့၏ လွန်ကဲသောအလိုဆန္ဒများ၊ သင်တို့၏ သစ္စာဖောက်မှု၊ သင်တို့၏ မနာခံမှု— ၎င်းတို့အနက် မည်သည့် အရာသည် ငါ၏သတိပြုမိခြင်းမှ လွတ်မြောက်နိုင်မည်နည်း။ သင်တို့သည် ငါ့အား ပေါ့ပေါ့ဆဆ သဘောထား၏၊ ငါ့အား လှည့်စား၏၊ ငါ့အား စော်ကား၏၊ ငါ့အား နားပူနားဆာလုပ်၏၊ ယဇ်ကောင်များအတွက် ငါ့အား အတင်းအကျပ်တောင်းဆို၏၊ ငါ့ထံမှ အဓမ္မယူ၏— ထိုကဲ့သို့သော ဒုစရိုက်သည် ငါ၏အပြစ်ဒဏ်မှ မည်သို့ ရှောင်တိမ်းနိုင်မည်နည်း။ ဤဆိုးယုတ်မှုတစ်ခုလုံးသည် ငါ့အပေါ် သင်တို့၏ရန်လိုသောသဘော၏ အထောက်အထားဖြစ်ပြီး၊ သင်တို့သည် ငါနှင့်သဟဇာတမဖြစ်ကြောင်း အထောက်အထားဖြစ်၏။ သင်တို့ တစ်ဦးချင်းစီသည် သင်တို့ကိုယ်သင်တို့ ငါနှင့်အလွန်သဟဇာတဖြစ်သည်ဟု ယူဆကြ၏။ သို့သော် ထိုသို့ဖြစ်ပါက မှားယွင်းကြောင်းမငြင်းဆိုနိုင်သော ဤအထောက်အထားသည် မည်သူနှင့် သက်ဆိုင်သနည်း။ သင်တို့ကိုယ်သင်တို့ ငါ့အပေါ် အဆုံးစွန်သော စစ်မှန်မှုရှိပြီး သစ္စာရှိသည်ဟု ယူဆကြ၏။ သင်တို့သည် ကြင်နာလွန်း၍ ကရုဏာတရားကြီးမားလွန်းကာ ငါ့ကို လွန်စွာဆက်ကပ်ခဲ့ပြီးပြီဟု ထင်ကြ၏။ သင်တို့သည် ငါ့အတွက် လုံလောက်သည်ထက်ပို၍ ဆောင်ရွက်ပေးခဲ့ပြီးပြီဟု ထင်ကြ၏။ သို့သော် ဤထင်မြင်ချက်ကို သင်တို့၏ အပြုအမူများနှင့် နှိုင်းယှဉ်ခဲ့ဖူးသလော။ သင်တို့သည် လွန်စွာမောက်မာသည်၊ လွန်စွာ လောဘကြီးသည်၊ ဝတ်ကျေတမ်းကျေသာ လွန်စွာပြုသည်ဟု ငါဆို၏။ သင်တို့ငါ့အားလှည့်စားသည့် လှည့်ကွက်များသည် လွန်စွာပါးနပ်ပြီး၊ သင်တို့တွင် လွန်စွာစက်ဆုပ်ဖွယ်ကောင်းသော ရည်ရွယ်ချက်များနှင့် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများရှိကြ၏။ သင်တို့၏ သစ္စာရှိမှုသည် လွန်စွာနည်းပါး၏။ သင်တို့၏ စိတ်အားထက်သန်မှုသည် လွန်စွာသေးနုပ်၍ သင်တို့၏ အသိတရားသည် ပို၍ပင်မရှိ ဖြစ်နေ၏။ သင်တို့၏နှလုံးသားများတွင် မလိုမုန်းထားမှုများ များလွန်း၍ သင်၏မလိုမုန်းထားမှုမှ မည်သူမျှ မကင်းလွတ်၊ ငါသည်ပင် မကင်းလွတ်ပေ။ သင်တို့၏သားသမီးများအတွက်၊ သို့မဟုတ် သင်တို့၏ ခင်ပွန်းအတွက် သို့မဟုတ် သင်တို့ကိုယ်တိုင် ရှင်သန်မှုအတွက် ကြိုးပမ်းရန် သင်တို့သည် ငါ့ကို ပယ်ထားကြ၏။ ငါ့အပေါ်ဂရုစိုက်မည့်အစား သင်တို့သည် သင်တို့၏မိသားစု၊ သင်တို့၏သားသမီးများ၊ သင်တို့၏ဂုဏ်သိမ်၊ သင်တို့၏အနာဂတ်နှင့် သင်တို့ကိုယ်တိုင် အားရကျေနပ်ရန်အတွက် သင်တို့ အာရုံစိုက်ကြ၏။ သင်တို့ပြောဆိုလုပ်ကိုင်ခဲ့စဉ် မည်သည့်အခါက သင်တို့သည် ငါ့ကို စဉ်းစားမိခဲ့ဖူးသနည်း။ ရာသီဥတုအလွန်အေးစိမ့်သည့် နေ့များတွင် သင်တို့၏အတွေးများသည် သင်တို့၏သားသမီးများ၊ သင်တို့၏ ခင်ပွန်း၊ သင်တို့၏ဇနီး၊ သို့မဟုတ် သင်တို့၏ မိဘများထံသို့ ရောက်သွားကြ၏။ ရာသီဥတုအလွန်ပူပြင်းသည့် နေ့များတွင်လည်း ငါသည် သင်တို့၏ အတွေးများတွင် နေရာမရရှိပေ။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါ သင်ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ သင်ကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေး၊ သင်၏မိသားစုဝင်များကို စဉ်းစားနေ၏။ သင်သည် ငါ့အတွက် မည်သည့်အရာ ဆောင်ရွက်ခဲ့ဖူးသနည်း။ သင်သည် ငါ့ကို မည်သည့်အခါက စဉ်းစားခဲ့ဖူးသနည်း။ မည်သို့ပင်အနစ်နာခံရသည်ဖြစ်စေ ငါနှင့် ငါ၏အမှု အတွက် သင့်ကိုယ်သင် မည်သည့်အခါက ဆက်ကပ်ခဲ့ဖူးသနည်း။ ငါနှင့်သင် သဟဇာတဖြစ်မှုအထောက်အထားက အဘယ်မှာနည်း။ ငါ့အပေါ် သင်၏သစ္စာရှိမှု၏ စစ်မှန်မှုက အဘယ်မှာနည်း။ ငါ့အပေါ် သင်၏နာခံမှု၏ စစ်မှန်မှုက အဘယ်မှာနည်း။ သင်၏ရည်ရွယ်ချက်များသည် ငါ၏ကောင်းချီးမင်္ဂလာများကို ခံစားရရေးအတွက် မဟုတ်သည့်အချိန်သည် မည်သည့်အခါက ဖြစ်ခဲ့ဖူးသနည်း။ သင်တို့သည် ငါ့ကိုလှည့်စား၍ လှည့်ဖြား၏။ သင်တို့သည် သမ္မာတရားနှင့်ကစားကာ၊ သမ္မာတရားရှိကြောင်း ဖုံးကွယ်ထားကြလျက် သမ္မာတရား၏ အနှစ်သာရကို သစ္စာဖောက်ကြ၏။ ဤနည်းဖြင့် ငါ့ကို ဆန့်ကျင်ခြင်းအားဖြင့် အနာဂတ်တွင် သင်တို့ကို မည်သည့်အရာက စောင့်နေသနည်း။ သင်တို့သည် ဝေဝါးသော ဘုရားသခင်တစ်ပါးနှင့် သဟဇာတဖြစ်ရေးကိုသာ ကြိုးစားကြ၍ ဝေဝါးသော ယုံကြည်ခြင်းကိုသာ ရှာဖွေကြ၏။ သို့ရာတွင် သင်တို့သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပေ။ သင်တို့၏ဒုစရိုက်သည် ဆိုးယုတ်သူတို့ရရှိထိုက်သည့် ဒဏ်ခတ်ခြင်းကို မရရှိထိုက်ပေဘူးလော။ ထိုအချိန်တွင် ခရစ်တော်နှင့်သဟဇာတမဖြစ်သူ မည်သူမျှ အမျက်တော်ထွက်ရာနေ့မှ မလွတ်မြောက်နိုင်ကြောင်းကို သင်တို့ သိကြလိမ့်မည်ဖြစ်၍၊ ခရစ်တော်ကို ဆန့်ကျင်သူများအပေါ် မည်ကဲ့သို့သော ပြစ်ဒဏ်မျိုးကျရောက်မည်ကိုလည်း သင်တို့ တွေ့ရှိကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

(၁၀၆) သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင်နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ “ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်” ဟူ၍ ယုံကြည် ကြသေးသည်။ လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ သင်တို့၏ လက်ရှိအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ “ငါသည် ဘုရားသခင်ကို ယုံကြည်သည့် အတွက် ငါ့အား ကောင်းချီးမင်္ဂလာများကိုသာ သွန်းလောင်း ပေးသင့်ပြီး ငါ၏ အဆင့်အတန်းသည် မည်သည့်အခါမျှ ကျဆင်းခြင်း မရှိမည့်အကြောင်းနှင့် ၎င်းသည် မယုံကြည်သူများ၏ အဆင့်အတန်းထက် ပို၍ မြင့်မားသည်မှာ သေချာစေသင့်သည်။” ဟူ၍ ဤကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ သင်တို့သည် ထိုကဲ့သို့ ရှုထောင့်အမြင်မျိုးကို တစ်နှစ် သို့မဟုတ် နှစ်နှစ်သာမဟုတ်ဘဲ နှစ်ပေါင်းများစွာ သင်တို့အထဲ၌ သိုထားကြလေပြီ။ သင်တို့၏ အလဲအလှယ် သဘောတွေးခေါ်ပုံသည် အလွန်အကျွံ တိုးတက်လျက်ရှိသည်။ သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။ လူတို့သည် ၎င်းတို့၏ သက်သောင့်သက်သာ ရှိလိုသောဆန္ဒကို မည်သည့်အခါမျှ ဘေးဖယ်ထားခဲ့ခြင်း မရှိကြပေ။...ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း

(၁၀၇) လူသည် အလင်းအလယ်တွင် နေထိုင်သော်ငြားလည်း၊ သူသည် အလင်း၏ အဖိုးတန်မှုကို မသိချေ။ သူသည် အလင်း၏ အနှစ်သာရနှင့် အလင်း၏ အရင်းအမြစ်၊ ထို့အပြင် အလင်းက မည်သူနှင့် သက်ဆိုင်သည် ဆိုသည်တို့ကို မသိနားမလည်ချေ။ ငါသည် လူသားအလယ် အလင်းကို အပ်နှင်းသောအခါ၊ ငါသည် လူသားအလယ်ရှိ အခြေအနေများကို ချက်ချင်း စစ်ဆေးသည်- အလင်းကြောင့် လူအပေါင်းတို့သည် ပြောင်းလဲနေကြပြီး၊ ကြီးထွားနေကြကာ၊ အမှောင်ထုကို စွန့်ခွာကြပြီးဖြစ်သည်။ ငါသည် စကြဝဠာ၏ နေရာတိုင်းကို မျှော်ကြည့်ကာ၊ တောင်များကို မြူဖြင့် လွှမ်းခြုံထားကြောင်း၊ ရေများသည် အအေးဓာတ်ဖြင့် အေးခဲပြီး ဖြစ်ကြောင်းနှင့် အလင်း၏ ရောက်လာခြင်းကြောင့် လူများသည် သာ၍ အဖိုးတန်သောအရာ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိနိုင်ရန်အလို့ငှာ အရှေ့အရပ်ကို ကြည့်ကြကြောင်းကို ငါမြင်၏- သို့သော် လူသည် မြူခိုးများအတွင်းတွင် ရှင်းလင်းသော ဦးတည်ချက်တစ်ခုအား သိမြင်နိုင်စွမ်း မရှိဘဲ နေလေသည်။ လောကကြီးတစ်ခုလုံးသည် မြူ၏ ခြုံလွှမ်းခြင်းကို ခံထားရသောကြောင့်၊ တိမ်များအလယ်မှ ငါကြည့်လေသောအခါ ငါ၏တည်ရှိမှုကို ရှာဖွေတွေ့ရှိသည့် လူသားတစ်ဦး မည်သည့်အခါမျှ မရှိပေ။ လူသည် ကမ္ဘာမြေကြီးပေါ်တွင် တစ်စုံတစ်ရာကို ရှာဖွေလျက်ရှိသည်။ သူသည် လိုက်ရှာနေဟန်ရှိသည်။ သူသည် ငါ၏ရောက်လာမှုကို စောင့်မျှော်ရန် ရည်ရွယ်နေဟန်ရှိသည်- သို့သော်ငြားလည်း သူသည် ငါ၏နေ့ရက်ကို မသိသကဲ့သို့၊ အရှေ့အရပ်ရှိ ခပ်မှိန်မှိန်အလင်းကိုသာ မကြာခဏ ကြည့်ရုံမျှသာ တတ်နိုင်သည်။ လူအပေါင်းတို့ အလယ်တွင်၊ ငါကိုယ်တိုင်၏ စိတ်နှလုံးနှင့် ဧကန်အမှန် ညီညွတ်သောသူများကို ငါသည် ဖွေရှာ၏။ လူအပေါင်းတို့အလယ်တွင် ငါသည် လျှောက်လှမ်းသွားပြီး၊ လူအပေါင်းတို့အလယ်တွင် နေထိုင်၏၊ သို့သော် ကမ္ဘာမြေပေါ်ရှိ လူသားသည် ဘေးကင်းလုံခြုံလျက် ရှိသည်၊ ထို့ကြောင့် ငါကိုယ်တိုင်၏ စိတ်နှလုံးနှင့် ဧကန်အမှန် ညီညွတ်သောသူ တစ်ယောက်မျှ မရှိပေ။ လူများသည် ငါ၏ အလိုကို မည်ကဲ့သို့ အလေးထားရမည်ကို မသိချေ၊ ၎င်းတို့သည် ငါ၏ လုပ်ဆောင်ချက်များကို မမြင်နိုင်ကြသကဲ့သို့ အလင်း၏အလယ်တွင် လှုပ်ရှားနိုင်ခြင်း မရှိဘဲ အလင်း၏ ထွန်းတောက်ခြင်းကိုလည်း မခံနိုင်ကြချေ။ လူသားသည် ငါ၏နှုတ်ကပတ်တော်များကို အစဉ် တန်ဖိုး ထားသော်ငြားလည်း၊ သူသည် စာတန်၏ လှည့်ဖြားသော အကြံအစည်များကို ရိပ်စားမိနိုင်စွမ်း မရှိချေ။ လူသား၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် သေးနုပ်သောကြောင့်၊ သူသည် သူ၏စိတ်နှလုံး ဆန္ဒရှိသည့်အတိုင်း မလုပ်ဆောင်နိုင်ချေ။ လူသားသည် ငါ့ကို စိတ်ရင်းအမှန်နှင့် မည်သည့်အခါမျှ မချစ်ဖူးပေ။ ငါသည် သူ့ကို ချီးမြှောက်သောအခါ၊ သူသည် မိမိကိုယ်ကိုယ် မထိုက်တန်ဟု ခံစားရသည်၊ သို့သော် ဤအရာသည် သူ့အား ငါ့ကို ကျေနပ်စေရန် ကြိုးစားခြင်းငှာ မပြုပေ။ ငါသည် သူ့ကို ပေးထားပြီးဖြစ်သည့် “ရာထူးနေရာ” ကိုသာ သူ၏လက်ထဲတွင် ကိုင်ထားရုံမျှ ကိုင်ထားပြီး၊ ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရုံမျှ စစ်ဆေးလေသည်။ ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို ခံစားနိုင်ခြင်း မရှိဘဲလျက်၊ ယင်းအစား သူသည် သူ့ရာထူးနေရာ၏ ကောင်းချီးများကို လောဘတကြီး ဝါးမျိုခြင်းကိုသာ မဆုတ်မနစ်ပြုလျက်ရှိသည်။ ဤသည်မှာ လူသား၏ ချို့တဲ့ခြင်း မဟုတ်ပေလော။ တောင်များ ရွေ့လျားသောအခါ၊ ယင်းတို့သည် သင်၏ရာထူးနေရာအတွက် ကွေ့ရှောင်သွားခြင်းကို ပြုနိုင်မည်လော။ ရေများသည် စီးဆင်းသောအခါ၊ ၎င်းတို့သည် လူ၏ ရာထူးနေရာရှေ့တွင် ရပ်တန့်နိုင်မည်လော။ လူ၏ရာထူးနေရာအားဖြင့် ကောင်းကင်နှင့် မြေကြီးသည် ပြောင်းပြန် ဖြစ်နိုင်မည်လော။ ငါသည် တစ်ချိန်က လူသားအပေါ် အထပ်ထပ် သနားကရုဏာရှိခဲ့သည်- သို့သော်ငြားလည်း မည်သူမျှ ဤအရာကို မြတ်နိုးခြင်း သို့မဟုတ် တန်ဖိုးထားခြင်း မရှိပေ။ ၎င်းတို့သည် ယင်းကို ပုံပြင်တစ်ပုဒ်မျှကဲ့သို့ နားထောင်သည် သို့မဟုတ် ဝတ္ထုတစ်ပုဒ်ကဲ့သို့ ဖတ်ရှုလေသည်။ ငါ၏နှုတ်ကပတ်တော်များသည် လူသား၏နှလုံးသားကို အမှန်တကယ် မထိတွေ့လေသလော။ ငါ၏ မိန့်မြွက်ချက်များသည် အမှန်တကယ် အကျိုးသက်ရောက်မှု မရှိလေသလော။ မည်သူကမျှ ငါ၏တည်ရှိမှုကို မယုံကြည်ခြင်း ဖြစ်နိုင်မည်လော။ လူသားသည် မိမိကိုယ်ကိုယ် မချစ်ပေ။ ထိုအစား သူသည် ငါ့ကို တိုက်ခိုက်ရန် စာတန်နှင့် ပူးပေါင်းပြီး၊ ငါ့ကို အစေခံဖို့ စာတန်ကို “အဖိုးတန်အရာ” အဖြစ် အသုံးပြုသည်။ ငါသည် စာတန်၏ လှည့်ဖြားသော အကြံအစည်များ အားလုံးကို ထိုးထွင်းသိမြင်မည် ဖြစ်ပြီး ကမ္ဘာမြေ၏ လူတို့ကို စာတန်၏ တည်ရှိခြင်းကြောင်း ငါ့ကို မဆန့်ကျင်ကြဖို့အလို့ငှာ စာတန်၏ လှည့်ဖြားခြင်းများကို လက်ခံနေခြင်းမှ တားဆီးမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၂)

(၁၀၈) ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် ကောင်းချီးကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သြဇာအာဏာရှိသော အနေအထားမှ အခြားသူများအပေါ် ဆရာလုပ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်- ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ရည်ရွယ်ချက်များရှိငြား၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မမှန်ကန်ကြဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် အကွက်ဆင်ပြီး လှည့်ဖြားကြသည်။ ထို့အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့်၊ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံဝံ့မည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း

(၁၀၉) လူအများစုသည် ဘုရားသခင်ကို ၎င်းတို့အစေခံမှုတွင် သတ်မှတ်ချက်များနှင့် ပတ်သက်၍ပင် ပြောဆိုကြသည်- သူသည် လူသားဖြစ်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင် ဖြစ်သည်ဖြစ်စေ သူတို့ အလေးမထားကြပေ၊ ပြီးလျှင် သူတို့ကိုယ်တိုင်၏ အခြေအနေများ အကြောင်းကိုသာ ပြောကြပြီး၊ ၎င်းတို့ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းဖို့ကိုသာ ကြိုးစားကြသည်။ သင်တို့သည် ငါ့အတွက် အစားအစာချက်သောအခါ၊ ဝန်ဆောင်ခ တောင်းကြသည်။ ငါ့အတွက် ပြေးလွှားရသောအခါ၊ ပြေးလွှားခ တောင်းကြသည်၊ ငါ့အတွက် အလုပ်လုပ်သောအခါ၊ လုပ်အားခ တောင်းကြသည်၊ ငါ့အဝတ်အစားများကို လျှော်ဖွပ်သောအခါ၊ လျှော်ဖွပ်ခ တောင်းကြသည်၊ အသင်းတော်ကို သင် ထောက်ပံ့သောအခါ ပြန်ထေမိရန် ကုန်ကျစရိတ်များ တောင်းခံကြသည်၊ စကားပြောရသောအခါ၊ ဟောပြောခ တောင်းကြသည်၊ စာအုပ်ဖြန့်ဝေသောအခါ၊ ဖြန့်ဖြူးခ တောင်းကြသည်၊ ပြီးလျှင် စာရေးသောအခါ၊ စာရေးခ တောင်းကြသည်။ ငါ ကိုင်တွယ်ဖြေရှင်းခဲ့သော သူများသည် ငါ့ထံမှ လျော်ကြေးငွေပင် တောင်းခံနေစဉ်တွင်၊ အိမ်ပြန်ခိုင်းခြင်း ခံရသောသူများသည် ၎င်းတို့၏ အမည် ထိခိုက်ခြင်းအတွက် လျော်ကြေးငွေ တောင်းကြသည်။ အိမ်ထောင်မကျသေးသော သူများသည် သတို့သား၊ သတို့သမီး တင်တောင်းခ သို့မဟုတ် ငယ်ရွယ်နုပျိုမှု ဆုံးရှုံးခ တောင်းကြသည်၊ ကြက်သတ်သူများသည် သားသတ်ခ တောင်းကြသည်၊ အစားအစာ ကြော်သူများသည် ကြော်ခ တောင်းကြသည်၊ ပြီးလျှင် ဟင်းချိုချက်သူများသည်လည်း ယင်းအတွက် အခကြေးငွေ တောင်းကြသည်။... ဤသည်မှာ သင်တို့၏ မြင့်မြတ် ကြီးမားသော လူ့သဘာဝနှင့် သင်တို့၏ နွေးထွေးသောအသိစိတ်က သတ်မှတ်ပေးသည့် လုပ်ရပ်များပေတည်း။ သင်တို့၏ အသိစိတ် ဘယ်မှာနည်း။ သင်တို့၏ လူ့သဘာဝ ဘယ်မှာနည်း။ သင်တို့ကို ငါပြောမည်။ သင်တို့ ဤသို့ ဆက်လက် လုပ်ဆောင်ပါက၊ သင်တို့အကြားတွင် ဆောင်ရွက်နေခြင်းကို ငါရပ်ဆိုင်းမည်။ လူ့အဝတ်၀တ်ဆင်ထားသော သားရဲအုပ်အကြား ငါ အမှုပြုမည်မဟုတ်၊ ထို့ကြောင့် ရိုင်းစိုင်းသောစိတ်နှလုံးများကို လှပသောမျက်နှာများဖြင့် ဖုံးထားသည့် ဤလိုလူစုအတွက် ငါ ဒုက္ခခံမည်မဟုတ်၊ ကယ်တင်ခြင်းအလားအလာ စိုးစဉ်းမျှမရှိသော ထိုကဲ့သို့သော တိရစ္ဆာန်တစ်အုပ် အတွက် ငါ သည်းခံမည်မဟုတ်။ သင်တို့ကို ငါကျောခိုင်းသည့်နေ့သည် သင်တို့သေရမည့်နေ့ ဖြစ်သည်၊ ယင်းမှာ သင်တို့အပေါ် အမှောင်ထု ကျရောက်သည့်နေ့၊ အလင်းသည် သင်တို့အား စွန့်ခွာသည့်နေ့ ဖြစ်သည်။ သင်တို့ကို ငါပြောမည်။ ငါသည် သင်တို့ကဲ့သို့သော တိရစ္ဆာန်ထက်ပင် နိမ့်ကျသည့် လူစုအပေါ် စေတနာ ထားရှိမည် မဟုတ်ပေ။ ငါ့နှုတ်ကပတ်တော်များနှင့် ငါ့လုပ်ဆောင်မှုများအတွက် အကန့်အသတ်ရှိသည်၊ ပြီးလျှင် သင်တို့၏ လူ့သဘာဝနှင့် အသိစိတ်၏ လက်ရှိအခြေအနေ ဤသို့ဖြစ်နေသောကြောင့်၊ သင်တို့သည် အသိစိတ် အလွန်ကင်းမဲ့ကာ၊ ငါ့ကို များစွာ နာကျင်စေပြီးဖြစ်သည့်အပြင်၊ သင်တို့၏ စက်ဆုပ်ဖွယ်အပြုအမူသည် ငါ့ကို များစွာ ရွံရှာစေသောကြောင့် ငါ ဆက်အမှုပြုတော့မည် မဟုတ်ပေ။ လူ့သဘာဝနှင့် အသိစိတ် လွန်စွာချို့ယွင်းနေသူတို့သည် ကယ်တင်ခြင်းရရှိနိုင်သည့် အခွင့်အရေး လုံးဝရှိလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့ အသနားအကြင်နာကင်းမဲ့ပြီး ကျေးဇူးကန်းသူတို့ကို ငါ မည်သည့်အခါမျှ ကယ်တင်မည် မဟုတ်ပေ။ ငါ၏နေ့ရက်ကာလ ကျရောက်လာသောအခါ၊ ကြောက်မက်ဖွယ်ကောင်းသော ငါ၏အမျက်ဒေါသကို တစ်ချိန်က ဆွခဲ့သည့် ငြင်းဆန်သောသူတို့အပေါ် ငါ၏ ပူပြင်းလှသော မီးလျှံကို ထာဝရ ငါရွာသွန်းမည်၊ တစ်ချိန်က ငါ့ကို ဆဲရေးပြီး ငါ့ကို ပစ်ပယ်သွားသော ထိုတိရစ္ဆာန်များကို ငါ၏ထာဝရ ပြစ်ဒဏ်ချမှတ်မည်၊ တစ်ချိန်က ငါနှင့်အတူ နေထိုင်စားသောက်ခဲ့သော်လည်း၊ ငါ့ကိုမယုံကြည်သည့်အပြင် ငါ့ကို စော်ကားပြီး သစ္စာဖောက်သွားသော ငြင်းဆန်သော သူတို့ကို ငါ၏ ဒေါသမီးဖြင့် အချိန်ပြည့် လောင်ကျွမ်းစေမည်။ ငါ၏ အမျက်ဒေါသကို ဆွခဲ့သူ အားလုံးကို ငါ၏အပြစ်ဒဏ် ခံစားစေမည်၊ တစ်ချိန်က ငါ၏ တန်းတူရည်တူများအဖြစ် ငါ့အပါးတွင် ရပ်တည်လိုသော ဆန္ဒရှိသော်လည်း၊ ငါ့ကိုကိုးကွယ်ခြင်းနှင့် နာခံခြင်းမရှိခဲ့သော ထိုသားရဲများအပေါ် ငါ၏အမျက်ဒေါသ အကုန်အစင် သွန်းမည်၊ တစ်ချိန်က ငါ၏ပြုစုစောင့်ရှောက်မှု၊ ငါပြောကြားခဲ့သည့် နက်နဲမှုများကို မွေ့လျော်ခဲ့သူများနှင့် ငါ့ထံမှ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများကို ရယူရန် ကြိုးပမ်းခဲ့သော ထိုတိရစ္ဆာန်များအပေါ် လူသားကို ရိုက်နှက်သော ငါ၏လှံတံသည် ကျရောက်လိမ့်မည်။ ငါ့နေရာကို ယူရန် ကြိုးပမ်းသည့် မည်သူကိုမျှ ငါခွင့်လွှတ်မည် မဟုတ်ပေ။ ငါ့ထံမှ အစားအစာနှင့် အဝတ်အထည်များကို ဆွဲလုရန် အားထုတ်ကြိုးပမ်းသူများကို ငါချမ်းသာပေးမည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

(၁၁၀) သင်တို့ ယနေ့တွေ့ရသော အရာသည် ငါ၏နှုတ်မှ ထက်သော ဓားသာ ဖြစ်သည်။ ငါ၏လက်ထဲ၌ရှိသော တုတ်ကို သော်လည်းကောင်း လူသားကို ငါလောင်ကျွမ်းစေသည့် မီးကို သော်လည်းကောင်း သင်တို့ မမြင်ရသေးပေ။ ထို့ကြောင့် သင်တို့သည် ငါ၏ ရှေ့မှောက်၌ မောက်မာနေဆဲ၊ စောင့်စည်းမှု မရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ငါ၏ အိမ်တော်၌ သင်တို့သည် ငါ့နှုတ်ဖြင့် မြွက်ခဲ့သည့်အရာကို လူသား၏လျှာကိုသုံးပြီး အငြင်းပွားလျက် ငါနှင့် တိုက်ခိုက်နေဆဲဖြစ်သည်။ လူသားသည် ငါ့ကို ကြောက်ရွံ့ခြင်းမရှိ၊ ယနေ့တိုင်ငါ့ကို ရန်တွေ့နေသော်လည်း သူသည် ကြောက်ရွံ့ခြင်း လုံးဝမရှိပေ။ သင်တို့၏ နှုတ်များ၌ မဖြောင့်မတ်သော လျှာများ၊ သွားများ ရှိကြသည်။ သင်တို့၏ စကားများနှင့် လုပ်ဆောင်သော အရာများသည် ဧဝကို အပြစ်လုပ်အောင် သွေးဆောင်ခဲ့သည့် မြွေ၏ လုပ်ရပ်များကဲ့သို့ ဖြစ်သည်။ သင်တို့သည် တစ်ယောက်ကို တစ်ယောက် မျက်လုံးတစ်လုံးဖျက်လျှင် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းချိုးလျှင် သွားတစ်ချောင်းဆိုပြီး တောင်းဆိုပြီး၊ ငါ၏ မျက်မှောက်၌ နေရာရဖို့၊ ကျော်ကြားဖို့၊ အမြတ်ရဖို့အတွက် သင်တို့သည် တစ်ယောက်ထံမှ တစ်ယောက် လုယူရန် အပြင်းအထန် ကြိုးပမ်းကြသည်။ သို့သော် သင်တို့ ပြောသောစကားများနှင့် သင်တို့၏ လုပ်ရပ်များကို ငါတိတ်တဆိတ် စောင့်ကြည့်နေကြောင်းကို သင်တို့ မသိကြ။ သင်တို့ ငါ့မျက်မှောက်သို့ မလာခင်၌ပင် ငါသည် သင်တို့နှလုံးသားများကို အောက်ခြေအထိတိုင်အောင် ကောင်းစွာ နားလည်ပြီး ဖြစ်သည်။ လူသားသည် အစဉ်သဖြင့် ငါ့လက်၏ ဆုပ်ကိုင်ခြင်းမှ ရုန်းထွက်လိုကြပြီး ငါ့ မျက်စိ၏ စောင့်ကြည့်ခြင်း မှလည်း ရှောင်ထွက်လိုကြသည်။ သို့သော် ငါမူကား သူပြောသော စကားများနှင့် သူလုပ်သော အရာများကို တစ်ကြိမ်တစ်ခါမျှ မရှောင်ခဲ့ပေ။ ထိုသို့ရှောင်မည့်အစား လူသား၏ မဖြောင့်မတ်မှုကို ပြစ်တင်ဆုံးမပြီး သူ၏ပုန်ကန်ခြင်းကို တရားစီရင်ရန်အတွက် သူပြောသောစကားများနှင့် သူလုပ်သော အရာများကို ငါ့မျက်စိအတွင်း ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်စေခဲ့သည်။ ထို့ကြောင့် သူလျှို့ဝှက်စွာ ပြောဆိုခဲ့သည့် စကားနှင့် လျှို့ဝှက်စွာ လုပ်ခဲ့သည့် အရာများသည် ငါ၏ တရားစီရင်သည့် ပလ္လင်ရှေ့၌ အစဉ် ရှိနေပြီး၊ လူသား၏ ပုန်ကန်မှုသည် လွန်ကဲလှသောကြောင့် ငါ၏ တရားစီရင်ခြင်းသည် လူသားထံမှ မည်သည့်အခါမျှ ထွက်ခွာသွားခြင်း မရှိပေ။ ငါ၏အလုပ်သည် ငါ၏ ဝိညာဉ်ရှေ့၌ လူသား ပြောဆိုခဲ့သည့်စကားများ၊ လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များကို လောင်ကျွမ်းစေပြီး သန့်ရှင်းစေဖို့ ဖြစ်သည်။ ဤနည်းအားဖြင့် ဤကမ္ဘာမှ ငါထွက်ခွာသောအခါ လူတို့သည် ငါ့အပေါ် ဆက်လက် သစ္စာရှိနေမည် ဖြစ်သည်။ ငါ၏အလုပ်အတွက် ငါ၏ သန့်ရှင်းသော အစေခံများအဖြစ် ငါ့ကို ဆက်လက် အစေခံဦးမည်ဖြစ်ပြီး ဤကမ္ဘာရှိ ငါ၏အလုပ် ပြီးသည့်နေ့ အထိ ဆက်လုပ်စေမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

(၁၁၁) အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သင်တို့သည် သမ္မာတရားများစွာကို မြင်ခဲ့ပြီးဖြစ်သည်၊ သို့သော် ငါ၏နားက မည်သည့်အရာများ ကြားခဲ့သည်ကို သင်တို့သိသလော။ သင်တို့အထဲမှ လူမည်မျှသည် သမ္မာတရားကို လက်ခံရန် လိုလားကြသနည်း။ သမ္မာတရားအတွက် အဖိုးအခကိုပေးရန် သင်တို့လိုလိုလားလား ရှိသည်ဟု သင်တို့အားလုံးယုံကြည်ကြသည်၊ သို့သော် သင်တို့ထဲမှ လူမည်မျှသည် သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ မဖြောင့်မတ်မှုများသာ ရှိသောကြောင့် မည်သူပင်ဖြစ်ပါစေ လူတိုင်းသည် ညီတူညီမျှပင် လိမ်လည်လှည့်ဖျားတတ်ပြီး ကောက်ကျစ်ကြသည်ဟု သင်တို့ယုံကြည်ကြ သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူတစ်ယောက် ကဲ့သို့ပင် ကြင်နာတတ်သော နှလုံးသား၊ သို့မဟုတ် စေတနာ မေတ္တာမရှိသူဟုပင် ယုံကြည်ကြသည်အထိ ဖြစ်တော့၏။ ထိုမျှမကသေး မြင့်မြတ်သော စရိုက်နှင့် သနားကြင်နာတတ်ကာ ကောင်းမြတ်သော သဘာဝသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌သာလျှင် ရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ထိုသို့သော သန့်ရှင်းသူမျိုးမရှိကြောင်း၊ မြေကြီးပေါ်တွင် အမှောင်ထုနှင့် ဆိုးယုတ်မှုကသာ အုပ်စိုးကြောင်း သင်တို့ယုံကြည်ကြပြီး ဘုရားသခင်ဆိုသည်မှာမူ ကောင်းသောအရာများ နှင့် လှပသောအရာများကို တောင့်တသော လူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည့်သူ၊ လူတို့က လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ သင်တို့၏စိတ်ထဲတွင် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် အလွန်တော်မှန်၍ ဖြောင့်မတ်ကာ ကြီးမြတ်ပြီး ကိုးကွယ်ခြင်းနှင့် နှစ်သက်လေးစားခြင်းကို ခံထိုက်သည်ဟု မြင်ကြပြီး မြေကြီးပေါ်၌ရှိသော ဤဘုရားသခင်မှာမူ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို အစားထိုးထားသူဖြစ်ပြီး တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်ဟု မြင်ကြသည်။ ဤဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် မတူညီနိုင်၊ တစ်တန်းတည်းထား၍ ဖော်ပြဖို့ဆိုသည်မှာ သာ၍မဖြစ်နိုင်ဟု သင်တို့ယုံကြည်ကြသည်။ ဘုရားသခင်၏ ကြီးမြတ်မှု၊ ဂုဏ်အသရေ နှင့်ပတ်သက်လာပါက ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့်သက်ဆိုင်သော်လည်း လူတို့၏သဘာဝ၊ ဖောက်ပြန်မှု နှင့်ပတ်သက်၍မူ ၎င်းတို့သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်နှင့် ဆိုင်သည့် ဂုဏ်သတ္တိများ ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် ထာဝစဉ်မြင့်မြတ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ အစဉ်သဖြင့် အရေးမပါဘဲ အားနည်းကာ အရည်အချင်း မပြည့်မီဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် စိတ်ခံစားမှုအတိုင်းမလုပ်တတ်၊ ဖြောင့်မတ်ခြင်းသာ ဖြစ်သော်လည်း မြေကြီးပေါ်တွင်ရှိသော ဘုရားသခင်၌မူ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များသာရှိပြီး မည်သည့်တရားမျှတမှု၊ သို့မဟုတ် မည်သည့်ဆင်ခြင်တုံတရားမျှ မရှိဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၌ ကောက်ကျစ်မှု အနည်းငယ်မျှ မရှိ၊ သူသည် အစဉ်အမြဲ သစ္စာရှိသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၌မူ မရိုးသားသောသဘောထား အစဉ်အမြဲရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် လူသားကို မြတ်မြတ်နိုးနိုး ချစ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ လူသားကို ကောင်းကောင်း ဂရုမစိုက်၊ လုံးဝလျစ်လျူရှုထားခြင်းပင် ပြုသည်ဟု သင်တို့ယုံကြည် ကြသည်။ ဤမှားယွင်းသည့်အသိကို သင်တို့၏နှလုံးသားများထဲ၌ သိုထားသည်မှာ အချိန်ကြာပြီဖြစ်ပြီး အနာဂတ်တွင်လည်း အလားတူ ဆက်ဖြစ်နေနိုင်သည်။ ခရစ်တော်၏ လုပ်ဆောင်ချက်အားလုံးကို သင်တို့သည် မဖြောင့်မတ်သောသူတို့၏ ရှုထောင့်ဖြင့် ကြည့်ကြကာ ခရစ်တော်၏အလုပ်အပြင် ခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကိုလည်း သင်တို့သည် ကောက်ကျစ်သူတို့၏ ရှုထောင့်မှ သုံးသပ်ကြသည်။ သင်တို့ရှေ့မှလူများ မည်သည့်အခါကမျှ မလုပ်ဖူးသည့် ကြီးမားသော အမှားတစ်ခုကို သင်တို့ ကျူးလွန်ခဲ့ကြပြီ။ တစ်နည်းဆိုသော် ဦးခေါင်း၌ သရဖူဆောင်းထားသည့် ကောင်းကင်ဘုံရှိ မြင့်မြတ်သော ဘုရားသခင်ကိုသာ သင်တို့အစေခံကြပြီး အလွန်အရေးမပါလွန်းသဖြင့် သင်တို့အတွက် မြင်နိုင်စွမ်းမရှိဟု မှတ်ယူသည့် ဘုရားသခင်ကိုမူ မည်သည့်အခါကမျှ သင်တို့အစေမခံပေ။ ဤသည်မှာ သင်တို့၏အပြစ် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားမှု၏ ဖြစ်ရိုးဖြစ်စဉ်နမူနာတစ်ခု မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ကိုးကွယ်ကြသည်။ မြင့်မားသော ရုပ်တုများကို မြတ်နိုးကြပြီး နှုတ်ရေးကြွယ်ခြင်းကြောင့် ကျော်ကြားသူများကို အထင်ကြီးကြသည်။ သင်၏လက်ထဲသို့ ကြွယ်ဝချမ်းသာမှုများ ဖြည့်ပေးသော ဘုရားသခင်၏ အမိန့်ပေးခြင်းကို သင်ဝမ်းမြောက်စွာခံယူ၍ သင်၏အလိုဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေး နိုင်သည့် ဘုရားသခင်ကို အလွန်တမ်းတသည်။ သင်မကိုးကွယ်သည့် တစ်ဦးတည်းသောသူမှာ မမြင့်မြတ်သော ဤဘုရားသခင်သာ ဖြစ်သည်၊ သင်မုန်းသည့် တစ်ခုတည်းသောအရာမှာ မည်သည့်လူကမျှ အထင်မကြီးနိုင်သည့် ဤဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းပင် ဖြစ်သည်။ သင်မလုပ်လိုသည့် တစ်ခုတည်းသောအရာမှာ သင့်ကို အသပြာတစ်ပြားမျှ မပေးဖူးသည့် ဤဘုရားသခင်ကို အစေခံခြင်းပင် ဖြစ်သည်၊ သူ့ကို သင်တောင့်တလာအောင် မလုပ်နိုင်သည့် တစ်ဦးတည်းသော သူမှာ ချစ်ဖွယ်မကောင်းသော ဤဘုရားသခင် ဖြစ်သည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် သင်၏ဆန္ဒကို ဖြည့်ဆည်းပေးဖို့ရန် မဆိုထားနှင့် သင်၏အမြင်ကျယ်လာအောင်၊ ရတနာတစ်ခုကိုတွေ့သကဲ့သို့ သင်ခံစားရအောင် မလုပ်ပေးနိုင်သော ဘုရားသခင်ဖြစ်သည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သူ့နောက်ကို လိုက်သနည်း။ ဤသို့သောမေးခွန်းမျိုးကို သင်တွေးတောခဲ့ ဖူးသလော။ သင်ပြုသောအရာသည် ခရစ်တော်ကို စော်ကားသည်သာ မဟုတ်ပေ၊ သာ၍အရေးကြီးသည်မှာ ထိုအရာသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်ကိုလည်း စော်ကားခြင်းဖြစ်၏။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့စော်ကားဖို့ မဟုတ်ဟု ငါထင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ

(၁၁၂) အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

(၁၁၃) သင်တို့ စိတ်နှလုံးများအတွင်းတွင် တည်ရှိသော လှည့်ဖြားမှုကို ငါ နက်နက်ရှိုင်းရှိုင်း နားလည်သည်။ သင်တို့ထဲမှ အများစုမှာ သိချင်စိတ်ပြင်းပြမှုဖြင့် ငါ့နောက်လိုက်ကြပြီး၊ အနှစ်မဲ့မှုကြောင့် ငါ့ကို ရှာဖို့ လာကြလေပြီ။ အေးချမ်းပြီး ပျော်သည့် ဘဝတစ်ခုအတွက်ဖြစ်သည့် သင်တို့၏ တတိယဆန္ဒ ပြိုကွဲသည့်အခါ၊ သင်တို့၏ သိချင်စိတ်ပြင်းပြမှုသည်လည်း ပျောက်ကွယ်လေသည်။ သင်တို့ အသီးသီး၏ စိတ်နှလုံးများအတွင်း တည်ရှိသော လှည့်ဖြားမှုသည် သင်တို့၏ စကားများနှင့် လုပ်ရပ်များမှတဆင့် ဖော်ထုတ် ခံရသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ သင်တို့သည် ငါ့အကြောင်းကို သိလိုစိတ်ပြင်းပြရုံသာရှိကြပြီး ငါ့ကို မကြောက်ရွံ့ကြ။ သင်တို့၏ အပြုအမူများ၌ ချုပ်တည်းမှုကို ကျင့်ကြံဖို့ ဝေးစွ၊ သင်တို့၏လျှာများကိုပင် သင်တို့ သတိမထားကြ။ ထိုသို့ဆိုလျှင် မည်သည့် ယုံကြည်ခြင်းမျိုး သင်တို့ ဧကန်အမှန် ရှိကြသနည်း။ ယင်းသည် စစ်မှန်ပါ၏လော။ သင်တို့၏ စိုးရိမ်ပူပန်မှုများကို ပပျောက်စေရန်နှင့် သင်တို့၏ ငြီးငွေ့ခြင်းကို သက်သာစေရန်၊ သင့်ဘဝ၏ ကျန်ရှိနေသော နေရာလပ်များကို ဖြည့်ဆည်းရန်သာ ငါ၏နှုတ်ကပတ်တော်များကို သင်တို့အသုံးပြုကြသည်။ သင်တို့အထဲမှ အဘယ်သူသည် ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သနည်း။ အဘယ်သူသည် စစ်မှန်သော ယုံကြည်ခြင်းရှိသနည်း။ ဘုရားသခင်သည် လူတို့၏ နှလုံးသားများထဲ နက်နက်ရှိုင်းရှိုင်း မြင်တွေ့သော ဘုရားသခင်ဖြစ်ကြောင်း သင်တို့ ဆက်လက်ကြွေးကြော်နေကြသော်လည်း သင်တို့နှလုံးသားများထဲက သင်တို့ကြွေးကြော်သည့် ဘုရားသခင်သည် ငါနှင့် အဘယ်သို့ သဟဇာတဖြစ်သနည်း။ ဤကဲ့သို့ သင်တို့ကြွေးကြော်နေကြသည့်နောက်တွင် အဘယ့်ကြောင့် ထိုကဲ့သို့ပြုမူကြသနည်း။ ဤသည်မှာ သင်တို့ ငါ့ကို ပြန်လည်ပေးလိုသော ချစ်ခြင်းမေတ္တာ ဖြစ်နိုင်မည်လော။ သင်တို့၏ နှုတ်များဖြင့် ဆက်ကပ်မှု ပမာဏကား နည်းလှသည်မဟုတ်၊ သို့သော် သင်တို့၏ စွန့်လွှတ်မှုများနှင့် ကောင်းသောလုပ်ရပ်များမှာ အဘယ်မှာနည်း။ ငါ၏နားထဲသို့ ရောက်ရှိသည့် သင်တို့၏ စကားများအတွက် မဟုတ်ပါက၊ သင်တို့ကို အဘယ်သို့ ငါသည် အလွန်မုန်းတီးနိုင်မည်နည်း။ သင်တို့သည် ငါ့ကို အမှန်တကယ် ယုံကြည်ခဲ့ပါက၊ ထိုသို့ စိတ်သောက ရောက်သည့် အခြေအနေတစ်ခုထဲသို့ အဘယ်သို့ ကျရောက်နိုင်မည်နည်း။ သင်တို့သည် မရဏာနိုင်ငံတွင် စမ်းသပ်မှုခံလျက် နေရဘိသကဲ့သို့ သင်တို့၏မျက်နှာများ ပေါ်တွင် ဝမ်းနည်းညှိုးငယ်သော အသွင်များရှိနေသည်။ သင်တို့သည် တက်ကြွမှု စိုးစဉ်းမျှပင်မရှိသကဲ့သို့ သင်တို့၏ စိတ်အတွင်းက သဘောထားနှင့်ပတ်သက်၍ သင်တို့ ချည့်နဲ့စွာ ပြောကြသည်။ သင်တို့သည် မကျေမနပ်ဖြစ်ခြင်းများနှင့် ကျိန်ဆဲခြင်းများဖြင့်ပင် ပြည့်နှက် နေကြသည်။ သင်တို့သည် ငါ လုပ်ဆောင်သည့်အရာ၌ အချိန်ကြာမြင့်စွာကတည်းက ယုံကြည်မှု ပျောက်ဆုံးခဲ့ကြပြီး သင်တို့၏ နဂိုမူလ ယုံကြည်မှုပင် ကွယ်ပျောက်ပြီးဖြစ်သည်၊ ထို့ကြောင့် သင်တို့သည် အဆုံးတိုင်အောင် အဘယ်သို့ လိုက်လျှောက်ဖို့ ဖြစ်နိုင်မည်နည်း။ ဤသို့ဖြစ်သည့်အတွက်၊ သင်တို့သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ

(၁၁၄) လူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံ မည်သည့်အခါတွင်မျှ တိုးဝင်ချဉ်းကပ်ခြင်း မရှိသကဲ့သို့၊ သူသည် ဘုရားသခင်ကို အမြဲ ရှောင်တိမ်းသည့်အတွက်၊ လူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ လူ၏ စိတ်နှလုံး၌ ဘုရားသခင် မရှိသကဲ့သို့၊ သူသည် ဘုရားသခင်ကို အဘယ်သို့ ချစ်ရမည်ကို မသိနားမလည်သည်သာမက၊ ဘုရားသခင်ကို မချစ်လိုပေ။ အကျိုးဆက်အနေဖြင့် လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးကွာသွားပြီဖြစ်သည်။ သို့ဆိုလျှင် သူ၏ စိတ်နှလုံးသည် မည်သည့်နေရာတွင် ရှိသနည်း။ အမှန်တွင် လူ၏စိတ်နှလုံးသည် မည်သည့်နေရာကိုမျှ ရောက်သွားခြင်း မရှိပေ- ယင်းကို ဘုရားသခင်အား ပေးမည့်အစား သို့မဟုတ် ဘုရားသခင် မြင်စေရန် ယင်းကို ထုတ်ဖော်ပြမည့်အစား၊ သူသည် ယင်းကို သူကိုယ်တိုင် အတွက် သိမ်းထားလေပြီ။ ဤသည်မှာ အချို့က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ စိတ်နှလုံးကို ကြည့်ရှုတော်မူပါ- ကျွန်ုပ်တွေးသော အရာမှန်သမျှကို ကိုယ်တော် သိပါ၏၊” ဟု မကြာခဏ ဆုတောင်းကာ ဆိုတတ်ကြသော်ငြားလည်း၊ အချို့တို့က အကယ်၍ ၎င်းတို့၏ ကျမ်းသစ္စာကို ၎င်းတို့ ချိုးဖောက်မိပါက၊ အပြစ်ဒဏ်ခတ်ခြင်းကို ခံရကောင်း ခံရရန် ၎င်းတို့အပေါ် ဘုရားသခင် ကြည့်စေရန် ကျိန်ဆိုခြင်းကိုပင် ပြုကြသည်။ လူသည် ဘုရားသခင်ကို သူ၏ စိတ်နှလုံးအတွင်းသို့ ကြည့်ရန် အခွင့်ပေးသော်လည်း၊ ဤသည်မှာ ထိုလူသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်စွမ်း ရှိသည်ဟု မဆိုလိုသကဲ့သို့၊ သူသည် သူ၏ ကံကြမ္မာ၊ တက်လမ်းများနှင့် သူ၏အရာအားလုံးကို ဘုရားသခင်၏ ထိန်းချုပ်မှုအောက်၌ ချန်ထားပြီးဖြစ်သည်ဟုလည်း မဆိုလိုပေ။ ထို့ကြောင့် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ကြည့်ရန်သာ ခွင့်ပြုသော်လည်း၊ ယင်းကို ထိန်းချုပ်ရန် သူ့ကို အခွင့်မပေးသည့်အတွက်၊ ဘုရားသခင်ထံ သင် ပြုသည့် ကျမ်းသစ္စာများ သို့မဟုတ် သူ့ထံ သင် တရားဝင်ကြေငြာသည့် အရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အမြင်တွင် သင်၏စိတ်နှလုံးသည် သူနှင့် နီးကပ်လျက်ရှိသေး၏။ တစ်နည်းအားဖြင့် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ မပေးသေးသကဲ့သို့၊ ဘုရားသခင် နားထောင်ဖို့အတွက် ကြားကောင်းသော စကားများကိုသာ ပြောလေသည်။ ထိုအတောအတွင်းတွင် သင်သည် သင်၏ လျှို့ဝှက်ကြံစည်ခြင်းများ၊ အကြံအစည်များနှင့် အစီအစဉ်များနှင့်အတူ သင်၏ လှည့်စားတတ်သော ရည်ရွယ်ချက် အမျိုးမျိုးကို ဘုရားသခင်ထံမှ ကွယ်ဝှက်ထားပြီး၊ သင်သည် သင်၏ တက်လမ်းများနှင့် ကံကြမ္မာကို ဘုရားသခင်က ထိုအရာများအား ယူဆောင်သွားမည်ကို အလွန်အမင်း စိုးရွံ့လျက်၊ သင်၏ လက်ထဲတွင် ဖမ်းဆုပ်ထားလေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အပေါ် လူသား၏ ရိုးသားစစ်မှန်မှုကို မည်သည့်အခါမျှ မရှုမြင်ရပေ။ ဘုရားသခင်သည် လူ၏ စိတ်နှလုံး အတိမ်အနက်ကို စောင့်ကြည့်လေ့လာပြီး လူက စဉ်းစားနေသော အရာနှင့် သူ၏စိတ်နှလုံးထဲ၌ ပြုလိုသော အရာများကို မြင်နိုင်ကာ၊ သူ၏ စိတ်နှလုံးအတွင်း၌ မည်သည့် အရာများ သိမ်းထားသည်ကို မြင်နိုင်သော်လည်း၊ လူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် မသက်ဆိုင်သကဲ့သို့ သူသည် ယင်းကို ဘုရားသခင်၏ ထိန်းချုပ်မှုသို့ မပေးအပ်ရသေးချေ။ ဤသည်မှာ ဘုရားသခင်သည် စောင့်ကြည့်ပိုင်ခွင့်ရှိသော်လည်း၊ ထိန်းချုပ်ပိုင်ခွင့် မရှိဟု ဆိုရပေမည်။ လူ၏ ဓမ္မဓိဌာန်မကျသော အသိဉာဏ်ထဲတွင်၊ လူသည် သူ့ကိုယ်သူ ဘုရားသခင်၏ အစီအစဉ်များသို့ မလွှဲအပ်လိုပေ သို့မဟုတ် လွှဲအပ်ရန် မရည်ရွယ်ပေ။ လူသည် ဘုရားသခင်ထံ မိမိကိုယ်ကို ပိတ်ပင်ထားပြီးဖြစ်သည်သာမက၊ မှားယွင်းသော ထင်မြင်ချက်ကို ဖန်တီးရန်နှင့် ဘုရားသခင်၏ ယုံကြည်မှုကို ရယူရန် ပြေပြစ်သော အပြောအဆိုနှင့် မြှောက်လုံးပင့်လုံးကို အသုံးပြုရင်း၊ ပြီးလျှင် ဘုရားသခင်၏ မြင်ကွင်းမှ မိမိတို့၏ စရိုက်အမှန်ကို ဖုံးကွယ်ရင်း၊ မိမိတို့၏ စိတ်နှလုံးများကို လျှို့ဝှက်ဖို့ နည်းလမ်းများကို စဉ်းစားသော လူများပင် ရှိကြလေသည်။ ဘုရားသခင်ကို မြင်ခွင့်မပေးခြင်းတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့ အမှန်တကယ် မည်သည့်အရာနှင့် တူသည်ကို ဘုရားသခင်အား သိမြင်ခွင့်မပေးဖို့ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား မပေးလိုကြဘဲ၊ ၎င်းတို့ ကိုယ်တိုင်အတွက် သိမ်းထားလိုကြသည်။ ဤအရာ၏ ဝှက်ထားသော အဓိပ္ပာယ်မှာ လူပြုသောအရာနှင့် သူအလိုရှိသော အရာအားလုံးကို လူကိုယ်တိုင်က စီစဉ်ထားခြင်းဖြစ်သည်၊ တွက်ချက်ထားခြင်းဖြစ်ပြီး ဆုံးဖြတ်ထားခြင်း ဖြစ်ပေသည်။ သူသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်ခြင်းတို့ကို လိုအပ်ဖို့မဆိုထားနှင့် ဘုရားသခင်၏ ပါဝင်ခြင်း သို့မဟုတ် ကြားဝင်ခြင်းကိုပင် မလိုအပ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အမိန့်များ၊ သူ၏ တာဝန်ပေးစေခိုင်းချက် သို့မဟုတ် လူနှင့်သက်ဆိုင်၍ ဘုရားသခင် ပြုလုပ်သော သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လူ၏ဆုံးဖြတ်ချက်များသည် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် အကျိုးစီးပွားများ၊ ထိုအချိန်က သူ၏ ကိုယ်ပိုင်အနေအထားနှင့် အခြေအနေများအပေါ် မူတည် ပေသည်။ လူသည် သူ လျှောက်သင့်သည့်လမ်းကြောင်းကို အကဲဖြတ်ကာ ရွေးချယ်ဖို့ သူ ရင်းနှီးကျွမ်းဝင်သော အသိ၊ ထိုးထွင်းအမြင်များနှင့် သူ၏ ကိုယ်ပိုင် အသိဉာဏ်ကို အမြဲ အသုံးပြုပြီး၊ ဘုရားသခင်၏ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို အခွင့်မပေးပေ။ ဤသည်မှာ ဘုရားသခင် မြင်သော လူ၏ စိတ်နှလုံး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

(၁၁၅) များစွာသော လူတို့သည် ငါ့အား အမှန်တကယ် ချစ်ရန် ဆန္ဒရှိကြသည်၊ သို့သော် ၎င်းတို့၏ နှလုံးသားများမှာ ၎င်းတို့ ကိုယ်ပိုင်မဟုတ်သောကြောင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြချေ။ များစွာသော လူတို့သည် ငါပေးသော စမ်းသပ်မှုများကို တွေ့ကြုံကြသည်နှင့်အမျှ ငါ့ကို အမှန်တကယ် ချစ်ကြသည်၊ သို့သော်ငြားလည်း ၎င်းတို့သည် ငါ အမှန်တကယ် တည်ရှိသည်ကို သဘောပေါက်နိုင်စွမ်း မရှိကြသကဲ့သို့၊ ငါ့ကို အနှစ်မဲ့ခြင်းဖြင့် ချစ်ရုံမျှ ချစ်ကြကာ၊ ငါ၏ တကယ့် တည်ရှိခြင်းကြောင့် မဟုတ်ပေ။ များစွာသော လူတို့သည် ငါ၏ရှေ့တွင် သူတို့၏ နှလုံးသားများကို ချခင်းထားပြီး၊ ထို့နောက်တွင် ၎င်းတို့၏ စိတ်နှလုံးများကို အာရုံမစိုက်ကြချေ။ ထို့ကြောင့် ၎င်းတို့၏ နှလုံးသားများသည် အခွင့်အရေးရသည့် အချိန်တိုင်း စာတန်၏ ဆတ်ခနဲ လုယူသွားခြင်းကို ခံကြရပြီး၊ ထို့နောက်တွင် ၎င်းတို့သည် ငါ့ကို စွန့်ခွာသွားကြလေသည်။ များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးသောအခါ ငါ့ကို အမှန်တကယ် ချစ်ကြသည်၊ သို့သော်ငြားလည်း ၎င်းတို့၏ စိတ်ဝိညာဉ်များထဲတွင် ငါ၏ နှုတ်ကပတ်တော်များကို ချစ်မြတ်နိုးခြင်းမရှိ၊ ထိုအစား ထိုနှုတ်ကပတ်တော်များကို အများပြည်သူပိုင်သည့် ပစ္စည်းကဲ့သို့ သာမန်ကာလျှံကာမျှသာ အသုံးပြုကြပြီး ၎င်းတို့ ဆန္ဒရှိသည့်အခါတိုင်း ယင်းတို့ကို လာသည့်နေရာသို့ ပြန်ပစ်ပေးနေကြသည်။ လူသားသည် နာကျင်မှုအလယ်၌ ငါ့ကိုရှာပြီး၊ စမ်းသပ်မှုများအလယ်တွင် ငါ့ထံမှ အကူအညီရဖို့ကို မျှော်လင့်လေသည်။ ငြိမ်းချမ်းသော အချိန်များ အတောအတွင်းတွင်၊ သူသည် ငါ့ကို မွေ့လျော်ခံစားသည်၊ ဘေးအန္တရာယ် ကျရောက်ချိန်တွင် ငါ့ကို ငြင်းပယ်သည်၊ သူ အလုပ်များချိန်တွင် ငါ့ကို မေ့လျော့ပြီး၊ သူ အလုပ်မရှိသောအခါ၌ ငါ့အတွက် ဟန်ဆောင်လုပ်ပြလေသည်- သို့သော်ငြားလည်း မည်သူမျှ ၎င်းတို့၏ တစ်သက်တာလုံးတစ်လျှောက် ငါ့ကို လုံးဝ မချစ်ဖူးပေ။ လူသားသည် ငါ့ရှေ့တွင် စိတ်အားထက်သန်ရန် ငါအလိုရှိသည်။ ငါကို တစ်စုံတစ်ခု ပေးရန် သူ့ကို ငါမတောင်းဆိုဘဲ၊ ငါ့ကို မြှောက်ထိုးပင့်ကော် လုပ်မည့်အစား၊ လူအားလုံးသည် ငါ့ကို အလေးအနက် မှတ်ယူကြရန်နှင့်၊ လူသား၏ စစ်မှန်ရိုးသားမှုကို ပြန်ဆောင်ကြဉ်းဖို့ ငါ့ကို ခွင့်ပြုရန်သာ ငါ တောင်းဆိုသည်။ ငါ၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ အလင်းပေးခြင်းနှင့် ငါ၏အားထုတ်မှုများ၏ တန်ဖိုးသည် လူအားလုံးကို စိမ့်ဝင်ပျံ့နှံ့ဝင်သည်၊ သို့သော် လူသား၏ လုပ်ရပ်တိုင်း၏ စစ်မှန်သော အချက်သည်လည်း ငါနှင့်ဆိုင်သည့် ၎င်းတို့၏ လှည့်ဖြားမှုနည်းတူ၊ လူအားလုံးတို့ကို စိမ့်ဝင်ပျံ့နှံ့လေသည်။ ယင်းမှာ လူသား၏ လှည့်ဖြားမှု၏ ပါဝင်သောအရာများသည် အမိဝမ်းကတည်းက သူနှင့်အတူ ရှိပြီးဖြစ်သည့်အလား၊ သူသည် ဤလိမ့်လည်လှည့်စားမှု နှင့်ဆိုင်သည့် အထူး ကျွမ်းကျင်မှုများကို မွေးကတည်းက ပိုင်ဆိုင်ပြီး သည့်အလား ဖြစ်သည်။ ထို့အပြင် သူသည် မည်သည့်အခါမျှ သူ၏လျှို့ဝှက်ချက်ကို မလှစ်ဟပြဖူးပေ။ မည်သူမျှ ဤလှည့်ဖြားသော အတတ်များ၏ ရင်းမြစ်ကို မရိပ်စားမိဖူးပေ။ အကျိုးဆက်အနေဖြင့်၊ လူသားသည် နားမလည်လိုက်ဘဲနှင့် လှည့်ဖြားမှုအလယ်တွင် နေထိုင်ပြီး၊ ယင်းမှာ သူသည် မိမိကိုယ်ကိုယ် ခွင့်လွှတ်သည့်အလား၊ ယင်းမှာ ငါ့အပေါ် သူ၏ တမင်တကာ လှည့်ဖြားမှုအစား ဘုရားသခင်၏ စီစဉ်မှုများ ဖြစ်သည့်အလား ဖြစ်သည်။ ဤသည်မှာ ငါ့အပေါ် လူသား၏လှည့်ဖြားမှု၏ တကယ့်ရင်းမြစ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သူ၏ ကောက်ကျစ်စဉ်းလဲသော အကြံအစည် ဖြစ်သည် မဟုတ်ပေလော။ ငါသည် လူသား၏ အနှစ်သာရကို အချိန်ကြာမြင့်စွာက သဘောပေါက်ခဲ့သည့်အတွက်၊ မည်သည့်အခါမျှ ငါသည် လူသား၏ မြှောက်လုံးများနှင့် ယုံအောင် လှည့်စားပြောဆိုမှုကြောင့် စိတ်မရှုပ်ထွေးဖူးပေ။ သူ၏အသွေးထဲတွင် မသန့်စင်မှု မည်မျှရှိသည်ကို မည်သူသိနိုင်မည်နည်း၊ ပြီးလျှင် သူ၏ခြင်ဆီထဲတွင် စာတန်၏ အဆိပ် မည်မျှရှိသည်ကို မည်သူသိနိုင်မည်နည်း။ လူသားသည် ကုန်လွန်သွားသည့် နေ့ရက်အသီးသီးနှင့်အတူ ထိုအရာကို သာ၍ ကျင့်သားရလာခဲ့သည်မှာ၊ သူသည် စာတန် လုပ်ဆောင်သည့် ဘေးအန္တရာယ်ကို မခံစားရသကဲ့သို့၊ ထိုသို့ဖြင့် “ကောင်းမွန်စွာ တည်ရှိခြင်း အတတ်ပညာတစ်ခု” ကို ရှာဖွေခြင်းတွင် စိတ်ဝင်စားမှု မရှိသည်အထိ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၁)

(၁၁၆) လူသားများအားလုံးသည် မိမိကိုယ်ကိုယ် သိသော အသိပညာမရှိသည့် သတ္တဝါများ ဖြစ်ကြပြီး ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မသိရှိနိုင်ကြချေ။ သို့သော် အခြားသူများ လုပ်ဆောင်သမျှနှင့် ပြောဆိုပြီးသမျှတိုင်းသည် ၎င်းတို့ ရှေ့တည့်တည့်တွင် ၎င်းတို့၏ “စစ်ဆေးခြင်း” ကို ဦးစွာ ခံရပြီး မလုပ်ဆောင်မီ ၎င်းတို့၏ လက်ခံမှုကို ရရှိသည့်အလား၊ အခြားအယောက်တိုင်းကို ၎င်းတို့ ကောင်းစွာ သိကြလေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အခြား အယောက်တိုင်းကို ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများထိ အပြည့်အဝ အကဲဖြတ်ပြီးသည့်အလားပင် ဖြစ်လေသည်။ လူသားများသည် ဤကဲ့သို့သာ ဖြစ်ကြသည်။ ၎င်းတို့သည် ယနေ့တွင် နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ပြီး ဖြစ်သော်လည်း၊ ၎င်းတို့၏ သဘာဝသည် မပြောင်းမလဲ ရှိနေသည်။ ၎င်းတို့သည် ငါ၏ ရှေ့မှောက်တွင် ငါလုပ်ဆောင်သည့်အရာကို လုပ်ဆောင်ကြဆဲဖြစ်ပြီး၊ ငါ့နောက်ကွယ်တွင်မူ ၎င်းတို့သည် ၎င်းတို့၏တစ်မူထူးသော ကိုယ်ပိုင် “စီးပွားရေးလုပ်ငန်း” ကို စတင် ဆောင်ရွက်ကြလေသည်။ သို့သော် နောက်ပိုင်းတွင်၊ ငါ၏ရှေ့မှောက်သို့ ၎င်းတို့ လာကြချိန်တွင်၊ ၎င်းတို့သည် သိသိသာသာ တည်ငြိမ်အေးဆေးကာ အကြောက်အလန့် မရှိဘဲလျက်၊ စိတ်ချုပ်ထိန်းထားသာ မျက်နှာများနှင့် တည်ငြိမ်သော သွေးခုန်နှုန်းဖြင့်၊ လုံးဝ မတူကွဲပြားသော လူများကဲ့သို့ ဖြစ်ကြသည်။ ဤသည်မှာ လူသားများအား အလွန် စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေသောအရာ အတိအကျ မဟုတ်လော။ များလှစွာသော လူတို့သည် လုံးဝ မတူကွဲပြားသော မျက်နှာနှစ်ခုကို ဆင်မြန်းထားကြသည်- တစ်ခုမှာ ငါ၏ရှေ့တွင် ရှိစဉ်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ငါ၏နောက်ကွယ်တွင် ရှိသည့်အခါ ဖြစ်သည်။ ၎င်းတို့ထဲမှ များလှစွာသောသူတို့သည် ငါ၏ရှေ့တွင် ရှိသည့်အခါ၊ မွေးကင်းစ သိုးသငယ်များကဲ့သို့ ပြုမူကြသော်လည်း၊ ငါ၏နောက်ကွယ်တွင် ရှိသည့်အခါ၊ ၎င်းတို့သည် ကြမ်းကြုတ်သော ကျားများအဖြစ်သို့ ပြောင်းလဲသွားကြပြီး၊ ထို့နောက်တွင် တောင်ကုန်းများ တစ်ဝိုက်တွင် ပျော်ရွှင်မြူးထူးစွာ လူးလာပျံသန်းနေသော ငှက်ငယ်များကဲ့သို့ ပြုမူကြလေသည်။ လွန်စွာ များလှသောသူတို့သည် ငါ၏မျက်နှာစေ့စေ့ကြည့်ပြီး ရည်ရွယ်ချက်နှင့် သန္နိဌာန်တို့ကို ပြသကြသည်။ အလွန်များစွာသော သူတို့သည် ငါ၏နှုတ်ကပတ်တော်များကို ဆာငတ်မှုနှင့် တောင့်တခြင်းတို့ဖြင့် ရှာဖွေရင်း ငါ၏ ရှေ့မှောက်သို့ လာကြသော်လည်း၊ ငါ၏နောက်ကွယ်တွင် ငါ၏ မိန့်မြွက်ချက်များက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ခဲ့သည့်အလား၊ ယင်းတို့ကို တိုး၍ ငြီးငွေ့ကာ စွန့်ပယ်ကြလေသည်။ ကြိမ်ဖန်များစွာ၊ ငါ့ရန်သူအားဖြင့် လူသားမျိုးနွယ် ဖောက်ပြန်ပျက်စီးသည်ကို မြင်နေရသည့်အခါ၊ ငါသည် လူသား၌ ငါ၏မျှော်လင့်ချက်များ ထားရှိခြင်းကို လက်လျှော့လိုက်ပြီဖြစ်သည်။ ကြိမ်ဖန်များစွာ၊ ခွင့်လွှတ်ခြင်းကို မျက်ရည်စက်လက်ဖြင့် ရှာဖွေရင်း၊ ငါ၏ ရှေ့သို့ ၎င်းတို့လာကြသည့်ကို မြင်ရသည့်အခါ၊ မည်သို့ပင်ဆိုစေ ငါသည် ၎င်းတို့၏ မိမိကိုယ်ကိုယ် လေးစားမှု ကင်းမဲ့ခြင်းနှင့် ခေါင်းမာသည့် ပြုပြင်မရခြင်းတို့ကြောင့် ၎င်းတို့၏စိတ်နှလုံးများ စစ်မှန်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များ စစ်မှန်သောအခါတွင်ပင်၊ ၎င်းတို့၏ လုပ်ရပ်များကို ငါသည် အမျက်ဒေါသဖြင့် လျစ်လျူရှုပြီးဖြစ်သည်။ ကြိမ်ဖန်များစွာ၊ ငါ၏ ရှေ့မှောက်၌ ရှိချိန်တွင် ငါ၏ ထွေးပိုက်မှု၏ နွေးထွေးမှုကို မြည်းစမ်းရင်း၊ ငါ၏ ထွေးပိုက်မှုတွင် ရှိပုံရသည့် လူတို့သည် ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရလောက်အောင် စိတ်ချယုံကြည်မှုရှိသည်ကို ငါ မြင်ပြီးဖြစ်သည်။ ကြိမ်ဖန်များစွာ၊ ငါရွေးချယ်ထားသော လူများ၏ အပြစ်ကင်းခြင်း၊ ဖျတ်လတ်တက်ကြွခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ကို မျက်မြင် တွေ့ရလျက်၊ ဤအရာများကြောင့် ငါသည် ကြီးစွာ မပျော်ရွှင်နိုင်ရမည်နည်း။ လူသားများသည် “ကောင်းချီးမင်္ဂလာများ” နှင့် “ဆင်းရဲဒုက္ခ” နှစ်ခုလုံးက မည်သည့်အရာကို အတိအကျ ဆိုလိုသည်ကို နားမလည်ကြသည့်အတွက်၊ ၎င်းတို့သည် ငါ၏လက်များ၌ရှိ ၎င်းတို့၏ ရှေးမဆွက ခွဲခန့်မှတ်သားထားသည့် ကောင်းချီးမင်္ဂလာများအား မည်ကဲ့သို့ မွေ့လျော်ရမည်ကို မသိကြချေ။ ဤအကြောင်းရင်းကြောင့်၊ လူသားများသည် ငါ့ကို စိတ်ရင်းအတိုင်း ရှာဖွေခြင်းမှ အလှမ်းဝေးပေသည်။ အကယ်၍ မနက်ဖြန်သာ မရှိခဲ့ပါက၊ ငါ၏ရှေ့မှောက်တွင် ရပ်နေသော သင်တို့ထဲမှ မည်သူသည် လေသယ်ဆောင်သွားသော နှင်းပွင့်ကဲ့သို့ ဖြူစင်ကာ ကျောက်စိမ်းကဲ့သို့ ပြစ်မျိုးမှဲ့မထင်ဖြစ်မည်နည်း။ ငါ့အား သင်တို့၏ ချစ်ခြင်းသည် အရသာရှိသော အစာတစ်ခု၊ အထက်တန်းကျသော ဝတ်စုံတစ်စုံ၊ သို့မဟုတ် များပြားလှသော လစာများနှင့် မြင့်မားသော ရာထူးတို့ဖြင့် လဲလှယ်၍ရသည့် အရာတစ်ခုသာ ဖြစ်နိုင်မည်လော။ ယင်းကို အခြားသူများက သင့်အတွက် ထားရှိသော ချစ်ခြင်းမေတ္တာဖြင့် အလဲအလှယ်ပြု၍ ရနိုင်သလော။ စမ်းသပ်မှုများကို ကြုံရခြင်းသည် ငါ့အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာကို စွန့်လွတ်ခြင်း အဖြစ်သို့ လူတို့ကို အမှန်တကယ် လှုံ့ဆော်ပေးနိုင်မည်လော။ ဆင်းရဲဒုက္ခနှင့် အတိဒုက္ခများသည် ၎င်းတို့အား ငါ၏ အစီအစဉ်များနှင့် ပတ်သက်၍ စောဒကတက်စေလိမ့်မည်လော။ ငါ့နှုတ်ထဲရှိ ထက်မြသော ဓားကို မည်သူမျှ အမှန်တကယ် နားမလည်ဖူးကြချေ။ ၎င်းတို့သည် ထိုအရာ ဖြစ်ပေါ်စေသည့်အရာကို အမှန်တကယ် သဘောပေါက်ခြင်း မရှိဘဲ ယင်း၏ အပေါ်ယံအဓိပ္ပာယ်ကိုသာ သိကြလေသည်။ အကယ်၍ လူသားများသည် ငါ့ဓား၏ ထက်မြမှုကို စစ်မှန်စွာ မြင်တွေ့နိုင်ခဲ့ကြမည် ဆိုပါက၊ ၎င်းတို့သည် ကြွက်များကဲ့သို့ ၎င်းတို့၏ တွင်းများထဲသို့ သုတ်သုတ်ပျာပျာ ပြေးသွားကြမည် ဖြစ်သည်။ ၎င်းတို့၏ ထုံထိုင်းမှုကြောင့်၊ လူသားများသည် ငါ့နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ်နှင့်ဆိုင်သည့် မည်သည့်အရာကိုမျှ နားလည်ခြင်း မရှိကြပေ၊ ထို့ကြောင့် ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များက မည်မျှ ရှိန်လောက်စရာ ကောင်းသည် သို့မဟုတ် ယင်းတို့က လူသား သဘာဝအား မည်မျှ ထုတ်ဖော်ပြပြီး၊ ထိုနှုတ်ကပတ်တော်များအားဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှု မည်မျှပင် တရားစီရင်ခံရပြီး ဖြစ်သည်ကို ၎င်းတို့ ဘာမျှမသိချေ။ ဤအကြောင်းရင်းကြောင့်၊ ငါပြောသည့်အရာနှင့်ပတ်သက်၍ ၎င်းတို့၏ မနူးမနပ် စိတ်ကူးများ၏ အကျိုးဆက်အနေဖြင့်၊ လူအများစုသည် ဟက်ဟက်ပက်ပက် မရှိသော သဘောထားတစ်ခုကို ခံယူကြပြီးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၅)

(၁၁၇) ခေတ်ကာလများ တစ်လျှောက်တွင်၊ များစွာသောသူတို့သည် ဤလောကမှ စိတ်ပျက်မှုနှင့် မလိုလားခြင်းဖြင့် ထွက်ခွာသွားကြပြီးဖြစ်ကာ၊ များစွာသောသူတို့သည် မျှော်လင့်ချက်နှင့် ယုံကြည်ခြင်းတို့ဖြင့် ဝင်လာကြပြီးဖြစ်သည်။ ငါသည် များစွာသောသူတို့ လာကြဖို့ စီမံပြီးဖြစ်ကာ များစွာသောသူတို့ကို အဝေးပို့လိုက်ပြီးဖြစ်သည်။ မရေတွက်နိုင်သော လူများသည် ငါ၏ လက်များမှတစ်ဆင့် ဖြတ်သန်းသွားကြပြီးဖြစ်သည်။ ဝိညာဉ်များစွာတို့ သည် မရဏနိုင်ငံထဲသို့ ပစ်ချခြင်း ခံကြရပြီးဖြစ်သည်၊ များစွာ သောသူတို့သည် ဇာတိပကတိထဲတွင် အသက်ရှင်ကြပြီးဖြစ်ကာ များစွာသောသူတို့သည် ကမ္ဘာမြေပေါ်တွင် သေဆုံးကြပြီး၊ ပြန်လည်မွေးဖွားကြပြီး ဖြစ်သည်။ သို့သော် ၎င်းတို့အထဲမှ မည်သူကမျှ ယနေ့ နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို ပျော်မွေ့ခံစားရန် မည်သည့်အခါမျှ အခွင့်အရေး မရရှိကြဖူးပေ။ စာတန်၏ အင်အားစုများ၏ ပြင်းထန်သော တိုက်ခိုက်မှုသည် သူ့ကို ငါ၏ ချမ်းသာကြွယ်ဝမှုများ အားလုံးအား မွေ့လျော်မခံစားနိုင်ဖို့ ကျန်ရစ်စေပြီး ဖြစ်သည့်အတွက်၊ ငါသည် လူကို များစွာ ပေးထားပြီးဖြစ်သော်လည်း၊ သူသည် အနည်းငယ်မျှသာ ရရှိပြီးဖြစ်သည်။ သူသည် မျှော်ကြည့်ရန် ကောင်းမွန်သော အခွင့်အလမ်းသာ ရှိခဲ့သော်လည်း၊ မည်သည့်အခါမျှ ယင်းတို့ကို အပြည့်အဝ မမွေ့လျော် မခံစားနိုင်ဖူးပေ။ လူသည် ကောင်းကင်ဘုံ၏ ကြွယ်ဝ ချမ်းသာမှုများကို ရရှိရန်အလို့ငှာ သူ၏ ခန္ဓာထဲရှိ ဘဏ္ဍာတိုက်ကို မည်သည့်အခါကမျှ ရှာဖွေတွေ့ရှိခြင်း မရှိဖူးပေ၊ ထိုကြောင့် သူ့အပေါ် ငါအပ်နှင်းထားပြီးဖြစ်သော ကောင်းချီးမင်္ဂလာများကို သူဆုံးရှုံးရလေပြီ။ လူ၏ စိတ်ဝိညာဉ်သည် ငါ၏ဝိညာဉ်တော်နှင့် သူ့ကို ဆက်သွယ်ပေးသော တကယ့် အစွမ်းအစ ဖြစ်သည် မဟုတ်လော။ အဘယ့်ကြောင့် လူသည် ငါ့အား သူ၏ဝိညာဉ်ဖြင့် မည်သည့်အခါမျှ ထိတွေ့ဆက်ဆံခြင်း မရှိရသနည်း။ အဘယ့်ကြောင့် သူသည် ငါ့ထံသို့ ဇာတိပကတိဖြင့် တိုးဝင်ချဉ်းကပ်သော်လည်း၊ ဝိညာဉ်ဖြင့် ထိုသို့လုပ်ဆောင်နိုင် စွမ်း မရှိရသနည်း။ ငါ၏ စစ်မှန်သော မျက်နှာသည် ဇာတိပကတိနှင့်ဆိုင်သည့် မျက်နှာတစ်ခုလော။ လူသည် အဘယ့်ကြောင့် ငါ၏ အနှစ်သာရကို မသိရှိသနည်း။ လူ၏ စိတ်ဝိညာဉ်ထဲတွင် ငါ၏ အရိပ်လက္ခဏာ တစ်ခုတစ်လေမျှ အမှန်တကယ် မရှိဖူးပါသလော။ လူ၏ စိတ်ဝိညာဉ်မှ ငါသည် လုံးဝ ပျောက်ကွယ်သွားပြီလော။ အကယ်၍ လူသည် ဝိညာဉ်လောကထဲသို့ ဝင်ရောက်ခြင်း မရှိပါက၊ ငါ၏ ရည်ရွယ်ချက်များကို မည်သို့ သဘောပေါက်နိုင်မည်နည်း။ လူ၏ အမြင်တွင်၊ ဝိညာဉ်လောကကို တိုက်ရိုက် ထွင်းဖောက်နိုင်သော အရာ ရှိသလော။ ငါသည် လူသားကို ငါ၏ ဝိညာဉ်တော်ဖြင့် ကြိမ်ဖန်များစွာ ခေါ်ဆိုပြီးဖြစ်သော်လည်း၊ လူသားက ငါ့ကို အဝေးမှ လေ့လာလျက်၊ သူ့ကို အခြားလောကထဲသို့ ငါ ဦးဆောင်ခေါ်သွားမည်ကို အလွန်ကြောက်ရွံ့မှုဖြင့်၊ ငါ့အားဖြင့် စိတ်အနှောင့်အယှက် ဖြစ်သည့်အလား ပြုမူလေသည်။ ကြိမ်ဖန်များစွာ ငါသည် လူ၏ စိတ်ဝိညာဉ်ထဲတွင် မေးမြန်းခဲ့သော်ငြားလည်း၊ ငါသည် သူ၏ အိမ်အထဲသို့ ဝင်ရောက်၍ သူ၏ ပိုင်ဆိုင်မှုများ အားလုံးကို သူ့ထံမှ ယူဆောင်သွားရန် အခွင့်အရေးအား မလွတ်တမ်း အသုံးချမည်ကို အကြီးအကျယ် ကြောက်ရွံ့လျက်၊ လုံးဝ သတိမမူဘဲရှိလေသည်။ ထို့ကြောင့် သူသည် အေးစက်ကာ တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးကိုသာ ငါ့အား ရင်ဆိုင်စေခဲ့လျက်၊ ငါ့ကို အပြင်တွင် ပိတ်ထားလေသည်။ ကြိမ်ဖန်များစွာ လူသည် လဲကျပြီးဖြစ်ကာ ငါသည် သူ့ကို ကယ်တင်ပြီးဖြစ်ကာ၊ သို့သော် နိုးထပြီးနောက်တွင် သူသည် ငါ့ကို ချက်ချင်း စွန့်ခွာသွားပြီး၊ ငါ၏ ချစ်ခြင်းမေတ္တာဖြင့် တို့ထိခံရခြင်းမရှိဘဲ၊ ငါ့ကို သတိထားသော အကြည့်ဖြင့် ကြည့်လေသည်။ ငါသည် လူ၏နှလုံးသားကို မည်သည့်အခါမျှ မနွေးထွေးစေဖူးပေ။ လူသည် ခံစားချက်ကင်းမဲ့သည့်၊ သွေးအေးသတ္တဝါ ဖြစ်သည်။ သူသည် ငါ၏ ထွေးပွေ့မှုအားဖြင့် နွေးထွေးရသော်လည်း၊ ယင်းဖြင့် အလွန်အမင်း တို့ထိခံရခြင်း မရှိဖူးပေ။ လူသည် တောင်ပေါ်လူရိုင်း တစ်ဦးကဲ့သို့ ဖြစ်သည်။ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ငါ၏ ချစ်မြတ်နိုးမှု အားလုံးကို သူ မည်သည့်အခါတွင်မျှ တန်ဖိုးမထားဖူးပေ။ သူသည် သားရဲအရိုင်းအစိုင်းများ၏ ခြိမ်းခြောက်မှုကို ကြံ့ကြံ့ခံနေရသည့် တောင်များထဲတွင် နေထိုင်ရန် သာ၍ နှစ်သက်လျက် ငါ့ထံ ချဉ်းကပ်ရန် လိုလားခြင်းမရှိပေ- သို့တိုင် သူသည် ငါ၌ ခိုလှုံဖို့ လိုလားနေခြင်းမရှိသေး။ ငါသည် မည်သည့် လူကိုမျှ အတင်းအကျပ်မပြု။ ငါ၏ အမှုကို ငါ လုပ်ဆောင်ရုံမျှ လုပ်ဆောင်သည်။ လူသားသည် ကမ္ဘာမြေပေါ်က ကြွယ်ဝချမ်းသာမှု အားလုံးကို မွေ့လျော်ခံစားဖို့နှင့် ပင်လယ်၏ ဝါးမျိုခြင်း ခံရမည့်ဘေးကို ချန်ထားခဲ့နိုင်ရန်အလို့ငှာ၊ အားကြီးသော သမုဒ္ဒရာ၏ အလယ်မှ လူသည် ငါ့ဘက်သို့ ကူးခတ်သည့်နေ့ရက် ရောက်လာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၀)

(၁၁၈) သင်တို့၏ ယုံကြည်ခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်း၏။ သင်တို့သည် ငါ၏အမှုကိုယ်စား သင်တို့၏အသက်တာ တစ်ခုလုံးကို အသုံးပြုရန် လိုလားလျက်ရှိပြီး၊ ယင်းအတွက် သင်တို့၏ အသက်တာများကို စွန့်လွှတ်ရန် လိုလားလျက်ရှိသည်ဟု သင်တို့ဆိုကြသည်၊ သို့သော် သင်တို့၏ စိတ်သဘောထားများမှာ များစွာ ပြောင်းလဲခြင်း မရှိသေးပေ။ သင်တို့၏ တကယ့်အပြုအမူသည် အလွန် စိတ်ပျက်စရာ ဖြစ်သော်လည်း၊ သင်တို့သည် မာနထောင်လွှားစွာသာ စကားပြောဆို ကြသည်။ လူတို့၏ လျှာနှင့် နှုတ်ခမ်းတို့သည် ကောင်းကင်တွင် ရှိသော်လည်း ၎င်း၏ ခြေထောက်များမှာ အလွန် အောက်ဝေးဝေးက ကမ္ဘာမြေကြီးပေါ်တွင်ရှိကြသည့်အလား ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် ၎င်းတို့၏ နာမည်ဂုဏ်သတင်းများသည် စုတ်ပြတ်ကာ ပြိုပျက်လျက် ရှိကြဆဲ ဖြစ်သည်။ သင်တို့၏ နာမည်ဂုဏ်သတင်းများသည် ဖျက်ဆီးခံရပြီးဖြစ်သည်၊ သင်တို့၏ အမူအရာသည် ပျက်ပြား၏၊ သင်တို့၏ စကားပြောဆိုပုံသည် အောက်တန်းကျပြီး၊ သင်တို့၏ အသက်တာများမှာ စက်ဆုပ်ဖွယ်ကောင်းလေသည်။ သင်တို့၏ လူသားသဘာဝတစ်ခုလုံးပင် ယုတ်ညံ့သော အောက်တန်းကျမှုတွင် နစ်မြုပ်နေလေပြီ။ သင်တို့သည် အခြားသူများအပေါ် သဘောထားကျဉ်းမြောင်းပြီး၊ သေးငယ်သော အရာတိုင်းအပေါ် သင်တို့ ကတ်သီးကတ်သတ် ပြောဆိုကြသည်။ သင်တို့သည် ငရဲနှင့် မီးအိုင်ထဲသို့ ဆင်းသက်ရန် လိုလားကြသည်အထိပင်၊ သင်တို့ကိုယ်တိုင်၏ နာမည်ဂုဏ်သတင်းများနှင့် အဆင့်အတန်း အပေါ် ငြင်းခုံတတ်ကြသည်။ သင်တို့၏ လက်ရှိ စကားများနှင့် လုပ်ရပ်များသည် သင်တို့ အပြစ်ရှိကြောင်း ငါဆုံးဖြတ်ဖို့အတွက် လုံလောက်ပေသည်။ ငါ၏အမှုအပေါ် သင်တို့၏ သဘောထားသည် သင်တို့အား မတရားသော သူများ ဖြစ်သည်ဟု ငါဆုံးဖြတ်ရန်အတွက် လုံလောက်ပြီး သင်တို့၏ စိတ်သဘောထားများ အားလုံးမှာ သင်တို့သည် စက်ဆုပ်ရွံ့ရှာမှုများဖြင့် ပြည့်နှက်နေသော ညစ်ညမ်းသည့် ဝိညာဉ်များဖြစ်သည်ဟု ထောက်ပြဖို့ရန် လုံလောက်ပေသည်။ သင်တို့၏ သရုပ်သကန်များနှင့် သင်တို့ ထုတ်ဖော်ပြသော အရာများမှာ သင်တို့သည် ညစ်ညူးသော ဝိညာဉ်များ၏သွေးကို အဝသောက်ပြီးသော လူများ ဖြစ်သည်ဟု ဆိုရန် လုံလောက်ပေသည်။ နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကို ဖော်ပြသည့်အခါ၊ သင်တို့သည် သင်တို့၏ ခံစားချက်များကို ထုတ်ဖော်ပြခြင်း မရှိပေ။ သင်တို့ ယခု ဖြစ်နေသည့်ပုံစံသည် ငါ၏ ကောင်းကင်နိုင်ငံတော်သို့ သွားရာ တံခါးကို ဖြတ်လျှောက်ဖို့ သင်တို့အတွက် လုံလောက်သည်ဟု သင်တို့ ယုံကြည်ကြသလော။ သင်တို့ကိုယ်တိုင်၏ စကားများနှင့် လုပ်ရပ်များက ငါ၏ စမ်းသပ်ခြင်းကို ဦးစွာ မခံရဘဲ၊ ငါ၏ အမှုတော်နှင့် နှုတ်ကပတ်တော်များ၏ သန့်ရှင်းသောပြည်ထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်သည်ဟု ယုံကြည်ကြသလော။ အဘယ်သူသည် ငါ့ကို မမှန်မကန်ပြောခြင်းဖြင့် လှည့်စားနိုင်သနည်း။ သင်တို့၏ စက်ဆုပ်ဖွယ်ကောင်းသော၊ အောက်တန်းကျသော အပြုအမူများနှင့် စကားပြောဆိုမှုများသည် ငါ၏အမြင်မှ ရှောင်လွှဲနိုင်မည်နည်း။ သင်တို့သည် ငါ့ ရှေ့မှောက်၌ ညစ်ညူးသော ဝိညာဉ်များကို နေ့စဉ် အတုခိုးကြသောကြောင့် ငါသည် သင်တို့၏ ဘဝများကို ညစ်ညူးသော ဝိညာဉ်များ၏ အသွေးကိုသောက်ပြီး အသားကို စားသော ဘဝများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ငါ၏ ရှေ့တွင် သင်တို့၏အပြုအမူသည် အထူးသဖြင့် ဆိုးရွား၏၊ ထို့ကြောင့် ငါ သင့်ကို မရွံရှာဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သင်တို့၏ စကားများသည် ညစ်ညူးသော ဝိညာဉ်များ၏ မစင်ကြယ်မှုများ ပါရှိသည်- သင်တို့သည် မှော်အတတ်၌ ပါဝင်ပတ်သက်သော သူတို့ကဲ့သို့နှင့် ဖောက်ပြန်ပြီး မတရားသော သူတို့၏အသွေးကို သောက်သောသူတို့ကဲ့သို့ နားပူနားဆာ လုပ်တတ်ကြသည်၊ ဖုံးကွယ်တတ်ကြပြီး မြှောက်ပင့်ပြောဆို တတ်ကြလေသည်။ လူသားအားလုံး၏ ထုတ်ဖော်ပြမှုအားလုံးမှာ အလွန့်အလွန် မတရားသောကြောင့် ဖြောင့်မတ်သောသူများရှိသည့် သန့်ရှင်းသော ပြည်ထဲတွင် လူအားလုံးကို မည်ကဲ့သို့ ထားရှိနိုင်မည်နည်း။ သင်၏ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူက သင့်အား မတရားသော သူများနှင့် နှိုင်းယှဉ်ရာတွင် သန့်ရှင်းသူအဖြစ် ခြားနားစေနိုင်သည်ဟု သင်ထင်သလော။ ပျက်စီးစေတတ်ပြီး စက်ဆုပ်ရွံရှာဖွယ်ရာများကို လုပ်ဆောင်သော သင်၏ ဇာတိပကတိကို သင်၏ မြွေဆိုးကဲ့သို့သော လျှာသည် နောက်ဆုံးတွင် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး၊ ညစ်ညူးသော ဝိညာဉ်များ၏အသွေးဖြင့် ဖုံးလွှမ်းနေသော သင်၏ လက်များသည်လည်း သင်၏ဝိညာဉ်ကို နောက်ဆုံးတွင် ငရဲထဲသို့ ဆွဲချလိမ့်မည်။ ထိုသို့ဖြစ်လျှင် ညစ်ညမ်းမှုဖြင့် ဖုံးလွှမ်းနေသော သင်၏လက်များကို သန့်စင်ရန် ဤအခွင့်အရေးကို သင် အဘယ်ကြောင့် မဆိုင်းမတွ မရယူသနည်း။ ပြီးလျှင် မတရားသော စကားများကို ပြောဆိုသော သင်၏ လျှာကို ဖြတ်ပစ်ရန်အတွက်ဤ အခွင့်အရေးကို သင်အဘယ်ကြောင့် အသုံးမချသနည်း။ သင်၏လက်များ၊ လျှာနှင့် နှုတ်ခမ်းများအတွက် ငရဲ မီးလျှံထဲတွင် ဝေဒနာခံစားရန် သင်လိုလားနေခြင်း ဖြစ်နိုင်သလော။ လူသားမျိုးနွယ်ကို ငါ မဖန်ဆင်းမီ အချိန်များစွာ ကြာကတည်းက ၎င်းတို့၏ စိတ်နှလုံးများကို ငါ၏ လက်အတွင်းတွင် ဆုပ်ကိုင်ထားခဲ့ပြီး ဖြစ်သောကြောင့် လူတိုင်း၏ စိတ်နှလုံးကို ငါ၏ မျက်စိနှစ်ဘက်ဖြင့် ငါ ဆက်လက်စောင့်ကြည့်၏။ ငါသည် အချိန်များစွာ ကြာကတည်းက လူတို့၏ စိတ်နှလုံးကို ရိပ်စားမိခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ အကြံအစည်များသည် ငါ၏ အမြင်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ငါ၏ဝိညာဉ်ဖြင့် လောင်ကျွမ်းခံရခြင်းကို ရှောင်လွှဲဖို့ အဘယ်သို့ မနောက်ကျလွန်းဘဲ နေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား

(၁၁၉) သင်၏နှုတ်ခမ်းတို့သည် ခိုများထက် သာ၍ နှစ်လိုဖွယ် ဖြစ်သော်လည်း၊ သင်၏စိတ်နှလုံးသည် ရှေးမြွေဟောင်းထက် ပို၍ ဆိုးယုတ်ပေသည်။ သင်၏ နှုတ်ခမ်းတို့သည် လေဗနုန်အမျိုးသမီးများ ကဲ့သို့ပင် အဆင်းလှသော်လည်း သင်၏ စိတ်နှလုံးသည် လေဗနုန် အမျိုးသမီးများ၏ စိတ်နှလုံးများထက် သာ၍မကြင်နာသည့်အပြင်၊ ယင်းသည် ခါနန်သူများ၏ အလှနှင့် ဧကန်မုချ နှိုင်းယှဉ်၍ မရနိုင်ပေ။ သင်၏ စိတ်နှလုံးသည် လွန်စွာ စဉ်းလဲဖောက်ပြန်တတ်၏။ ငါ စက်ဆုပ်သောအရာများသည် မတရားသော သူတို့၏ နှုတ်ခမ်းများနှင့် ၎င်းတို့၏ စိတ်နှလုံးများသာ ဖြစ်ပြီး၊ လူတို့အပေါ် ငါ၏သတ်မှတ်ချက်များမှာ သန့်ရှင်းသူများအပေါ် ငါ မျှော်လင့်သည့်အရာထက် လုံးဝ သာ၍မမြင့်မားပေ။ ငါသည် မတရားသောသူတို့၏ ဆိုးယုတ်သော လုပ်ရပ်တို့အတွက် ရွံရှာမှုကို ခံစားရခြင်းသာ ဖြစ်ပြီး၊ ၎င်းတို့သည် မတရားသော သူတို့မှ ပိုမိုပေါ်လွင်နိုင်ပြီး ဖြောင့်မတ်သော သူတို့နှင့်အတူ အသက်ရှင်ပြီး သန့်ရှင်းနိုင်ကြဖို့အလို့ငှာ၊ မတရားသော သူတို့သည် ၎င်းတို့၏ ညစ်ညမ်းမှုကို စွန့်ပစ်နိုင်ပြီး ၎င်းတို့၏ လတ်တလော အကျပ်အတည်းမှ လွတ်မြောက်နိုင်မည်ဟု ငါ မျှော်လင့်သည်။ သင်တို့သည် ငါကဲ့သို့ အလားတူ အခြေအနေများတွင် ရှိကြသည့်၊ သို့သော် သင်တို့သည် ညစ်ညမ်းမှုနှင့် ဖုံးလွှမ်းလျက်ရှိကြ၏။ သင်တို့သည် အစအဦး၌ ဖန်ဆင်းခံခဲ့ရသည့် လူသားများ၏ မူလသဏ္ဌာန် အနည်းငယ်မျှပင် မရှိ။ ထို့အပြင် သင်တို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို လုပ်ဆောင်ရင်းနှင့် ၎င်းတို့ ပြောသည့်အရာကို ပြောဆိုရင်း၊ ညစ်ညူးသော ဝိညာဉ်များ၏ သဏ္ဌာန်ကို နေ့စဉ် အတုခိုးကြသောကြောင့် သင်တို့၏ အစိတ်အပိုင်းအားလုံး၊ သင်တို့၏ လျှာနှင့် နှုတ်ခမ်းများသည်ပင် ၎င်းတို့၏ မိလ္လာရေထဲတွင် စိမ်ခြင်းခံရကြသည်မှာ သင်တို့သည် ထိုအစွန်းအထင်းများဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းခံရပြီး သင်တို့၏ အစိတ်အပိုင်းတစ်ခုမျှ ငါ၏ အမှုအတွက် အသုံးပြု၍ မရသည်အထိ ဖြစ်သည်။ ယင်းသည် အလွန် စိတ်နှလုံးကြေကွဲစရာ ဖြစ်ပေတကား။ သင်တို့သည် မြင်းများ နှင့် ကျွဲနွား တိရစ္ဆာန်များ၏ ထိုသို့သောလောကထဲတွင် အသက်ရှင်ကြသည်၊ သို့သော် စင်စစ်တွင် သင်တို့သည် သောကမရောက်ကြပေ။ သင်တို့သည် ဝမ်းမြောက်မှုနှင့် ပြည့်ကြပြီး လွတ်လပ်စွာနှင့် လွယ်ကူစွာ အသက်ရှင်ကြသည်။ သင်သည် ထိုမိလ္လာရေထဲတွင် ဟိုဟိုသည်သည် ကူးခတ်နေ သော်လည်း ထိုသို့သော အကျပ်အတည်းထဲသို့ သင် ကျရောက်ကြသည်ကို အမှန်တကယ် နားမလည်ချေ။ နေ့စဉ်၊ သင်သည် ညစ်ညူးသော ဝိညာဉ်များနှင့် ပေါင်းကာ “မစင်” နှင့် ဆက်ဆံလျက်ရှိသည်။ သင်တို့၏ ဘဝများသည် အတော်အတန် အောက်တန်းကျသော်လည်း သင်တို့သည် လူ့လောကကြီးထဲ၌ လုံးဝ မတည်ရှိကြသကဲ့သို့၊ သင်တို့ကိုယ်သင်တို့ ထိန်းချုပ်ခြင်းမရှိသည်ကို အကယ်စင်စစ် မသိကြချေ။ သင်၏ အသက်တာသည် လွန်ခဲ့သည့် ကာလများစွာကတည်းက ညစ်ညူးသော ဝိညာဉ်များ၏ နင်းခြေခြင်းကို ခံခဲ့ရသည် သို့မဟုတ် သင်၏ အကျင့်စရိုက်သည် လွန်ခဲ့သည့် အချိန်ကာလများစွာကတည်းက မိလ္လာရေဖြင့် ညစ်ပေခဲ့ကြောင်းကို သင်မသိသလော။ သင်သည် လောကီ ပရဒိသုဘုံထဲတွင် အသက်ရှင်နေထိုင်ကြပြီး၊ ပျော်ရွှင်မှု အလယ်တွင် ရှိသည်ဟု ထင်သလော။ သင်သည် ညစ်ညူးသော ဝိညာဉ်များ နှင့်အတူ ဘဝတစ်ခုကို အသက်ရှင်ပြီးဖြစ်ကာ၊ သင့်အတွက် ပြင်ဆင်ထားသည့် အရာတိုင်းနှင့် သင်အတူတကွ ယှဉ်တွဲနေထိုင်ပြီး ဖြစ်သည်ကို သင်မသိသလော။ သင် အသက်ရှင်သည့် နည်းလမ်းသည် အဓိပ္ပါယ် တစ်စုံတစ်ရာ မည်သို့ ရှိနိုင်မည်နည်း။ သင်၏ အသက်တာသည် တန်ဖိုး တစ်စုံတစ်ရာ မည်သို့ ရှိနိုင်မည်နည်း။ သင်သည် ညစ်ညူးသော ဝိညာဉ်များ၏ မိဘများဖြစ်သည့်၊ သင်၏ မိဘများအတွက် ဟိုသည် ပြေးလွှား နေခဲ့သော်လည်း သင့်အား ပိတ်လှောင်နေသော သူများမှာ သင့်ကို မွေးဖွားခဲ့ကာ ပြုစုပျိုးထောင်ခဲ့သော၊ ညစ်ညူးသော ဝိညာဉ်များ၏ မိဘများဖြစ်သည်ကို သင် အမှန်တကယ် မသိပေ။ ထို့အပြင် သင်၏ ညစ်ညမ်းမှုအားလုံးသည် အကယ်စင်စစ် ၎င်းတို့က သင့်အား ပေးခဲ့ခြင်းဖြစ်သည်ကို သင်မသိ။ သင် သိသမျှမှာ ၎င်းတို့က သင့်အား “သာယာကြည်နူးမှု” ပေးနိုင်သည်၊ ၎င်းတို့က သင့်အား ပြစ်တင်ဆုံးမခြင်းမရှိသကဲ့သို့ တရားစီရင်ခြင်းလည်း မရှိ၊ ပြီးလျှင် သင့်အား အထူးသဖြင့် ကျိန်ဆဲခြင်း မရှိဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ သင့်အပေါ် အမျက်ဒေါသ ပေါက်ကွဲခြင်း မရှိခဲ့ဘဲ ချစ်ခင်မှုနှင့် ကြင်နာမှုတို့ဖြင့် သင့်ကို ဆက်ဆံလေသည်။ သင် မျက်စိလည်လမ်းပျောက်သွားစေဖို့အလို့ငှာ ၎င်းတို့၏ စကားများက သင်၏ စိတ်နှလုံးကို အားဖြစ်စေပြီး သင့်ကို ဆွဲဆောင်ပြီး၊ နားမလည်လိုက်ဘဲနှင့် သင်သည် ပါဝင်ပတ်သက်မိပြီး ၎င်းတို့၏ ထွက်ပေါက်နှင့် အစေခံဖြစ်လာရင်း၊ ၎င်းတို့အား အစေခံရန် လိုလားလျက် ရှိလေသည်။ သင်သည် စောဒကတက်ခြင်းလုံးဝ မရှိဘဲ၊ ၎င်းတို့အတွက် ခွေးများ၊ မြင်းများသဖွယ် အလုပ်လုပ်ရန် လိုလားလျက် ရှိလေသည်။ သင်သည် ၎င်းတို့၏ လှည့်ဖြားခြင်းကို ခံနေရသည်။ ဤအကြောင်းကြောင့်၊ သင်သည် ငါပြုသောအမှုကို လုံးဝ တုံ့ပြန်မှု မရှိပေ။ သင်သည် အမြဲတစေ ငါ၏ လက်ထဲမှ တိတ်တဆိတ် လစ်ထွက်သွားလိုသည်မှာ မထူးဆန်းသကဲ့သို့၊ ငါ့ထံမှ မျက်နှာသာရခြင်းကို လှည့်ဖြား၍ ညှစ်ယူဖို့ ချိုသာသော စကားများကို အမြဲတစေ အသုံးပြုလိုသည်မှာ မထူးဆန်းပေ။ ဖြစ်ချင်တော့၊ သင်သည် အခြားအစီအစဉ်၊ အခြားအစီအမံတစ်ခု ရှိနှင့်ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်အဖြစ် ငါ၏ လုပ်ဆောင်ချက်အနည်းငယ်ကို သင် မြင်နိုင်သော်လည်း ငါ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ နှင့်ဆိုင်သော အသိပညာ အနည်းငယ်မျှ သင်၌ မရှိပေ။ ငါ၏ ပြစ်တင်ဆုံးမခြင်း မည်သည့် အချိန်တွင် စတင်ခဲ့သည်ကို သင် မသိ။ ငါ့အား မည်သို့ လိမ်ညာရမည်ကိုသာ သင်သိ၏၊ သို့သော် ငါသည် လူသားထံမှ မည်သည့် စော်ကားခြင်းကိုမျှ သည်းမခံသည်ကို သင် မသိ။ သင်သည် ငါ့ကို အစေခံရန် စိတ်ပိုင်းဖြတ်နှင့်ပြီး ဖြစ်သည့်အတွက်၊ ငါသည် သင့်ကို အလွတ်ပေးမည် မဟုတ်။ ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်ပြီး လူသားမျိုးနွယ်ကို အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင် ဖြစ်၏။ သင်သည် သင်၏ စကားများကို ယဇ်ပလ္လင်ထက် ထားရှိနှင့်ပြီးဖြစ်သည့်အတွက်၊ ငါ၏ ပကတိ မျက်စိရှေ့မှ သင် ထွက်ပြေးသည်ကို ငါ သည်းခံမည် မဟုတ်သကဲ့သို့၊ သခင်နှစ်ဦးအား သင်အစေခံနေသည်ကို ငါ သည်းခံမည် မဟုတ်။ ငါ၏ ယဇ်ပလ္လင်ထက်နှင့် ငါ၏ မျက်စိရှေ့တွင် သင်၏ စကားများကို ထားရှိပြီးနောက်၊ သင် ဒုတိယအချစ် ရှိနိုင်မည်ဟု သင် ထင်ခဲ့လေသလော။ ငါသည် လူတို့ကို ထိုပုံစံဖြင့် ငါ့ကို အရူးလုပ်ရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။ သင်သည် ငါ့အား အဓိဌာန်များနှင့် သစ္စာများကို သာမန်ကာလျှံကာ ပြုနိုင်မည်ဟု ထင်ခဲ့သလော။ အမြင့်ဆုံးသော ဘုရားသခင်၊ ငါ၏ပလ္လင်ဖြင့် သင်သည် သစ္စာများကို အဘယ်သို့ ကျိန်ဆိုနိုင် မည်နည်း။ သင်၏ သစ္စာများသည် ဆိတ်သုဉ်းနှင့်ပြီဟု သင် ထင်ခဲ့သလော။ သင်တို့ကို ငါ ပြောမည်- သင်တို့၏ ဇာတိခန္ဓာ ဆိတ်သုဉ်းသွားသော်လည်း၊ သင်တို့၏ သစ္စာများ မဆိတ်သုဉ်းနိုင်။ နောက်ဆုံးတွင် ငါသည် သင်တို့၏ သစ္စာများအပေါ် အခြေခံကာ သင်တို့ကို စီရင်မည်ဖြစ်သည်။ သို့ရာတွင် သင်တို့၏စကားများကို ငါ့ရှေ့တွင် ထားရှိလျက် ငါ့ကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး၊ သင်တို့၏ စိတ်နှလုံးများက ညစ်ညူးသော ဝိညာဉ်များနှင့် နတ်ဆိုးများကို အစေခံနိုင်သည်ဟု သင်တို့ ယုံကြည်ကြသည်။ ငါ၏ အမျက်ဒေါသသည် ငါ့ကို လိမ်လည်လှည့်ဖြားသော ခွေးတူ၊ ဝက်တူ လူများကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါဆောင်ရွက်ရမည်ဖြစ်ပြီး၊ ငါ့အား စည်းစနစ်ကျသော ပုံစံဖြင့် “လိုလေသေးမရှိ ပြုစု” နိုင်ကြဖို့၊ ငါ၏နွားထီးများ၊ ငါ၏မြင်းများဖြစ်ကာ ငါ၏ သတ်ဖြတ်ခြင်းမှ ချမ်းသာရာရရှိကြဖို့အလို့ငှာ၊ ငါ၌ ယုံကြည်ခြင်းရှိသော ကိန်းကြီးခန်းကြီးနိုင်သော၊ “ဘာသာတရားကိုင်းရှိုင်းသော” သူများအားလုံးကို ညစ်ညူးသော ဝိညာဉ်များ၏ လက်ထဲမှ ငါ ပြန်ဆွဲလုရမည်။ ငါသည် သင့်အား သင်၏ ယခင်က စိတ်ပိုင်းဖြတ်ချက်ကို ကောက်ယူပြီး ငါ့အား နောက်တစ်ဖန် ပြန်အစေခံစေမည်။ ငါ့ကို လိမ်လည်လှည့်ဖြားသော မည်သည့် ဖန်ဆင်းခြင်းကိုမျှ ငါ သည်းခံမည် မဟုတ်။ သင်သည် ငါ၏ ရှေ့တွင် လက်လွတ်စပယ် တောင်းဆိုမှုများသာ ပြုပြီး လိမ်ညာနိုင်မည်ဟု သင် ထင်ခဲ့သလော။ ငါသည် သင်၏စကားများနှင့် လုပ်ဆောင်ချက်များကို မကြား သို့မဟုတ် မမြင်ခဲ့ဟု သင် ထင်ခဲ့သလော။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ငါ၏ မြင်ကွင်းတွင် အဘယ်သို့ မရှိနိုင်မည်နည်း။ ငါသည် လူတို့ကို ထိုသို့ ငါ့ကို လှည့်ဖြားရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား

(၁၂၀) ငါသည် နွေဦးနှင့် ဆောင်းဦး ကာလတစ်ချို့တွင် သင်တို့ကို ပေါင်းဖော်ရင်း၊ သင်တို့အကြားတွင် ရှိနေခဲ့၏။ ငါသည် အချိန်ကြာမြင့်စွာ သင်တို့ အကြားတွင် အသက်ရှင်ပြီးဖြစ်ကာ သင်တို့နှင့်အတူ အသက်ရှင်ပြီး ဖြစ်သည်။ သင်တို့၏ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူမည်မျှသည် ငါ၏ မျက်စိရှေ့ တည့်တည့်တွင် လွတ်ထွက်ပြီးပြီနည်း။ သင်တို့၏ အူလှိုက်သည်းလှိုက် စကားများသည် ငါ၏ နားထဲတွင် စဉ်ဆက်မပြတ် ပဲ့တင်သံထပ်နေသည်။ သင်တို့၏ သန်းချီသော ပြင်းပြသည့် အလိုဆန္ဒများသည် ငါ၏ ပလ္လင်ပေါ်တွင် ခင်းထား၏- မရေမတွက်နိုင်အောင် များပြားလွန်းလှပေသည်။ သို့သော်၊ သင်တို့၏ ဆက်ကပ်မှုနှင့် သင်တို့ အသုံးပြုခဲ့သည့်အရာများကိုမူ၊ သင်တို့သည် အနည်းငယ်မျှပင် မပေးကြပေ။ ငါ၏ ပလ္လင်ပေါ်တွင် ရိုးသားစစ်မှန်မှု တစ်စက်လေးမျှပင် သင်တို့ မထားရှိကြ။ ငါ့ကို သင်တို့၏ ယုံကြည်မှု အသီးအပွင့်များမှာ ဘယ်မှာနည်း။ သင်တို့သည် ငါ့ထံမှ အဆုံးမရှိသော ကျေးဇူးတော်ကို ရရှိပြီးဖြစ်ကာ၊ ကောင်းကင်မှ အဆုံးမရှိသော နက်နဲမှုများကို သင်တို့ မြင်ကြရပြီး ဖြစ်သည်။ ကောင်းကင်၏ မီးတောက်မီးလျှံများကိုပင် သင်တို့အား ငါ ပြသပြီးဖြစ်သော်လည်း၊ ငါသည် သင်တို့ကို လောင်မြိုက်စေခြင်း မပြုရက်ပေ။ သို့ဖြစ်စေကာမူ၊ သင်တို့သည် အတုံ့အလှည့်အနေဖြင့် ငါ့ကို မည်မျှ ပေးပြီးကြပြီနည်း။ ငါ့ကို သင်တို့ မည်မျှပေးဖို့ လိုလားကြသနည်း။ သင်၏လက်၌ ငါ ပေးပြီးသော အစားအစာဖြင့်၊ သင်သည် လှည့်ပြီး ထိုအရာကို ငါ့အား ပူဇော်သည်မှာ၊ ယင်းသည် သင် ကိုယ်တိုင် ကြိုးစားအားထုတ်သည့် ချွေးစက်အတွက် ပြန်လည်ရရှိသည့် အရာတစ်ခုဖြစ်ပြီး သင်၌ ရှိသမျှကို ငါ့အား သင် ပူဇော်ခြင်း ဖြစ်သည်ဟု ဆိုသည်အထိ ဖြစ်သည်။ ငါ့အား သင် “ပေးလှူသောအရာများ” မှာ ငါ၏ ပလ္လင်မှ အခိုးယူခံခဲ့ရသော အရာများအားလုံးသာဖြစ်သည်ကို သင် အဘယ်သို့ မသိနိုင်ရသနည်း။ ထို့အပြင်၊ သင်သည် ထိုအရာများကို ငါ့အား ယခု ပေးလှူနေသည်၊ ငါ့ကို သင် လိမ်လည်လှည့်ဖြားနေခြင်း မဟုတ်လော။ ယနေ့ ငါ မွေ့လျော်သော အရာများအားလုံးမှာ ငါ၏ ပလ္လင်ပေါ်မှယဇ်များ ဖြစ်ကာ၊ သင်၏ ကြိုးစားအားထုတ်သော လုပ်ဆောင်မှုမှ ရရှိပြီးနောက် ငါ့အား ပေးလှူသောအရာများ မဟုတ်သည်ကို သင် အဘယ်သို့ မသိရသနည်း။ ဤနည်းဖြင့် သင်တို့ ငါ့ကို အမှန်တကယ် လိမ်လည်လှည့်ဖြားဝံ့ကြ၏၊ ထို့ကြောင့် သင်တို့ကို ငါ အဘယ်သို့ ခွင့်လွှတ်နိုင်မည်နည်း။ ဤအရာကို ငါ ဆက်၍သည်းခံဖို့ သင် အဘယ်သို့ မျှော်လင့်နိုင်သနည်း။ ငါသည် အရာရာကို သင်တို့အား ပေးပြီးဖြစ်၏။ သင်တို့ထံ အရာရာကို ငါ ဖွင့်ပြပြီးဖြစ်သည်၊ သင်တို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးပြီးဖြစ်ကာ၊ သင်တို့၏ မျက်စိများကို ဖွင့်ခဲ့သော်လည်း၊ သင်တို့၏ အသိစိတ်ကို လျစ်လျူရှုရင်း သင်တို့သည် ငါ့ကို ဤသို့ လိမ်လည်လှည့်ဖြားကြ၏။ သင်တို့သည် ဒုက္ခဆင်းရဲခံရသော်လည်း ငါ ကောင်းကင်မှ ယူဆောင်လာခဲ့သော အရာခပ်သိမ်းကို သင်တို့သည် ငါ့ထံမှ ရရှိပြီးဆဲ ဖြစ်ဖို့ရန်အလို့ငှာ ငါသည် ကိုယ်ကျိုးမငဲ့ဘဲ အရာခပ်သိမ်းကို သင်တို့အပေါ် ပေးအပ်လေပြီ။ ဤသို့ဖြစ်စေကာမူ၊ သင်တို့သည် ဆက်ကပ်မှု လုံးဝမရှိပေ၊ ထို့အပြင် ပါဝင်ပေးလှူမှုလေးတစ်ခု သင် ပြုလုပ်ပြီးလျှင်ပင်၊ နောက်ပိုင်းတွင် ငါနှင့် “စာရင်းရှင်းဖို့” ကြိုးစားကြ၏။ သင်၏ ပါဝင်ပေးလှူမှုသည် အချည်းနှီး ဖြစ်မည် မဟုတ်လော။ သင် ငါ့ကို ပေးပြီးသော အရာမှာ သဲတစ်ပွင့်မျှ ဖြစ်သော်လည်း၊ သင် ငါ့ထံမှ တောင်းသောအရာမှာ ရွှေတစ်တန် ဖြစ်သည်။ သင်သည် တကယ်ကို မလျော်ကန်သည် မဟုတ်သလော။ ငါသည် သင်တို့အကြားတွင် အမှု ပြု၏။ နောက်ထပ် ယဇ်ပူဇော်မူများ တစ်ခုတစ်လေ မပြောနှင့်၊ ငါကို ပေးသင့်သော တစ်ဆယ်ရာခိုင်နှုန်း၏ အရိပ်အယောင် လုံးဝ မရှိပေ။ ထို့အပြင်၊ ဘုရားတရားကိုင်းရှိုင်းသူတို့ ပေးလှူသော ထိုတစ်ဆယ်ရာခိုင်နှုန်းသည် စဉ်းလဲသူတို့၏ သိမ်းပိုက်ခြင်းကို ခံရလေသည်။ သင်တို့အားလုံးသည် ငါ့ထံမှ လူစုကွဲသွားကြပြီ မဟုတ်လော။ သင်တို့ အားလုံးသည် ငါ့အပေါ် ရန်လိုကြသည် မဟုတ်လော။ သင်တို့ အားလုံးသည် ငါ ယဇ်ပလ္လင်ကို ဖျက်ဆီးနေကြသည် မဟုတ်လော။ ထိုသို့သော လူများကို ငါ၏ မျက်စိတွင် ရတနာများအဖြစ် အဘယ်သို့ မြင်နိုင်မည်နည်း။ ၎င်းတို့သည် ငါ စက်ဆုပ်သော ဝက်များနှင့် ခွေးများ ဖြစ်ကြသည် မဟုတ်လော။ သင်တို့၏ မကောင်းမှုဒုစရိုက်ကို ရတနာတစ်ပါးအဖြစ် ငါ အဘယ်သို့ ရည်ညွှန်းနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား

(၁၂၁) သင်တို့ နားမလည်သည့် နည်းလမ်းများစွာ၊ သင်တို့ မသိမှတ်သေးသည့် ကိစ္စရပ်များစွာ ရှိသည်။ သင်တို့သည် မသိနားမလည်လွန်းလှပေသည်။ ငါသည် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် သင်တို့၏အားနည်းချက်များကို အပြည့်အဝ ကောင်းစွာသိ၏။ ထို့ကြောင့်၊ သင်တို့ နားလည်နိုင်စွမ်း မရှိသည့် နှုတ်ကပတ်တော်များစွာ ရှိသော်လည်း သင်တို့၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှုတွင် သင်တို့အနေဖြင့် ငါ့အဖို့ သင်တို့၏ သက်သေခံချက်တွင် မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိမရှိဆိုသည်ကို ငါ စိုးရိမ်မြဲ စိုးရိမ်နေမိသောကြောင့်၊ သင်တို့ယခင်က တစ်ခါမျှ သဘောပေါက်လက်ခံလွယ်ခဲ့ဖူးခြင်း မရှိသည့် ဤသမ္မာတရား အားလုံးကို သင်တို့အား ပြောပြရန် ငါ လိုလားနေဆဲ ဖြစ်သည်။ ယင်းမှာ ငါသည် သင်တို့ကို အထင်သေး၍မဟုတ်ပေ။ သင်တို့အားလုံးသည် ငါ၏ ပုံစံတကျ လေ့ကျင့်မှုကို မကြုံရသေးသည့် တောကောင်များဖြစ်ကာ သင်တို့အတွင်းတွင် ဘုန်းအသရေ မည်မျှရှိသည်ကို ငါ လုံးဝ မမြင်ရပေ။ သင်တို့အပေါ် အမှုပြုခြင်း၌ ငါသည် အားအင်များစွာ အသုံးပြုပြီး ဖြစ်သော်လည်း၊ သင်တို့အတွင်းရှိ အပြုသဘောဆောင်သော အရိပ်လက္ခဏာများသည် မရှိလုနီးပါး ဖြစ်သကဲ့သို့၊ အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို လက်ချိုးရေတွက်၍ ရပြီး စာတန်ကိုအရှက်ရစေသည့် သက်သေခံချက်များအဖြစ်သာ အသုံးဝင်ကြလေသည်။ သင်တို့ အတွင်းရှိ အခြားအရာရာတိုင်းသည် စာတန်၏ အဆိပ်သာ ဖြစ်၏။ ငါ့အဖို့ သင်တို့သည် ကယ်တင်၍ မရနိုင်သည့်ပုံ ဖြစ်သည်။ ဤသို့ဖြစ်သည်နှင့်အမျှ၊ ငါသည် သင်တို့၏ အမျိုးမျိုးသော မျက်နှာထားများနှင့် ပြုမူပြောဆိုပုံတို့ကို ကြည့်ကာ၊ နောက်ဆုံးတွင် သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို သိ၏။ ထို့ကြောင့် ငါသည် သင်တို့အပေါ် အမြဲ ပူပန်နေရခြင်း ဖြစ်သည်- မိမိတို့ဘာသာ ဘဝကို ရှင်သန်ခွင့် ရပါက၊ လူသားများသည် ယနေ့ ၎င်းတို့ဖြစ်နေသည်ထက် အမှန်တကယ် သာ၍ အဆင်ပြေကြသလော၊ သို့မဟုတ် ယနေ့ ၎င်းတို့ ဖြစ်နေသည့်အရာနှင့် အလားတူမည်လော။ သင်တို့၏ ကလေးဆန်သည့် ဝိညာဉ်ရင့်ကျက်မှုက သင်တို့ကို ပူပန်စေခြင်း မရှိသလော။ သင်တို့သည်- အချိန်တိုင်းတွင် ငါနှင့် ငါတစ်ဦးတည်းကိုသာ သစ္စာစောင့်သိနိုင်သည့်- အရွေးချယ်ခံ ဣသရေလလူမျိုးကဲ့သို့ ဖြစ်နိုင်သလော။ သင်တို့အထဲ၌ ထုတ်ဖော်ပြသည့်အရာမှာ ၎င်းတို့၏ မိဘများထံမှ လမ်းလွဲသွားကြသည့် ကလေးသူငယ်များ၏ ကျီစယ်တတ်ခြင်း မဟုတ်ဘဲ၊ ၎င်းတို့သခင်၏ ကျာပွတ်များ လက်လှမ်းမမီနိုင်သည့် တိရစ္ဆာန်များမှ ပေါက်ထွက်လာသော ရက်စက်ကြမ်းကြုတ်မှု ဖြစ်သည်။ သင်တို့သည် သင်တို့အားလုံး၌ရှိသည့် အားနည်းချက်လည်း ဖြစ်သည့်၊ သင်တို့၏ သဘာဝကို သိထားသင့်သည်။ ယင်းသည် သင်တို့အားလုံးတွင် ဖြစ်သည့် ဖျားနာမှုဖြစ်သည်။ ထို့ကြောင့်၊ ယနေ့ သင်တို့အဖို့ ငါ၏ တစ်ခုတည်းသော တိုက်တွန်းချက်မှာ ငါ့အဖို့ သင်တို့၏ သက်သေခံချက်တွင် မြဲမြံစွာ ရပ်တည်ရန် ဖြစ်သည်။ မည်သည့် အခြေအနေတွင်မဆို၊ အနာဟောင်းကို တစ်ဖန်ပြန်၍ ထကြွခွင့် မပြုလေနှင့်။ သက်သေခံခြင်းသည် အရေးကြီးဆုံးသော အရာ ဖြစ်သည်- ယင်းသည် ငါ့အမှု၏ အချက်အချာ ဖြစ်သည်။ မာရိသည် အိပ်မက်တွင် သူမထံ ရောက်လာခဲ့သည့် ယေဟောဝါ၏ ဗျာဒိတ်ကို ယုံကြည်ခြင်းပြီးနောက် နာခံခြင်းအားဖြင့် လက်ခံခဲ့သကဲ့သို့ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို လက်ခံသင့်ကြသည်။ ဤအရာသည်သာ ဖြူစင်ရာရောက်သည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြားနာရဆုံးသောသူများ ဖြစ်သည့်အတွက်၊ ငါ၏ ကောင်းချီးမင်္ဂလာ ခံစားရဆုံးသူများ ဖြစ်သည်။ ငါသည် သင်တို့ကို ငါ၏ အဖိုးတန် ပိုင်ဆိုင်မှုများအားလုံးကို ပေးထားပြီးဖြစ်သည်၊ သင်တို့အပေါ် အရာရာကို ငါ အပ်နှင်းပြီးဖြစ်သည်၊ သို့ရာတွင် သင်တို့သည် ဣသရေလလူမျိုးတို့နှင့် အင်မတန် အလွန့်အလွန် ကွာခြားသည့် အဆင့်အတန်း ရှိကြသည်။ သင်တို့သည် လုံးဝခြားနား၏။ သို့ရာတွင် ၎င်းတို့နှင့် နှိုင်းယှဉ်ပါက၊ သင်တို့သည် များစွာပို၍ ရရှိကြပြီးဖြစ်သည်။ ၎င်းတို့သည် ငါ၏ ပေါ်ထွန်းခြင်းကို အသည်းအသန် စောင့်ဆိုင်းစဉ်တွင်၊ သင်တို့သည် ငါ၏ ရက်ရောမှုကို မျှဝေခံစားရင်း၊ သာယာသော နေ့ရက်များကို ငါနှင့်အတူ ဖြတ်သန်းကြရသည်။ ဤခြားနားမှုကို ထည့်သွင်းစဉ်းစားပါက၊ ငါနှင့်ပတ်သက်၍ မြည်တွန်တောက်တီးကာ စကားများပြီး ငါ၏ ပိုင်ဆိုင်မှုများထဲမှ သင်တို့၏ ဝေစုကို တောင်းဆိုရန် အခွင့်ကို မည်သည့်အရာက သင်တို့အား ပေးသနည်း။ သင်တို့သည် များစွာ ရရှိပြီးဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကို များစွာပေးသော်လည်း အပြန်အလှန်အားဖြင့် သင်တို့ ငါ့ကို ပေးသည်မှာ ငါ့ကို အသည်းကွဲစေသည့် ဝမ်းနည်းမှုနှင့် စိုးရိမ်သော‌က၊ ထိန်းချုပ်မရသည့် မကျေချမ်းမှုနှင့် မကျေနပ်မှုတို့သာ ဖြစ်၏။ သင်တို့သည် အလွန် မနှစ်မြို့စရာ ဖြစ်သည်- သို့သော် သနားကရုဏာသက်စရာလည်း ဖြစ်၏၊ ထို့ကြောင့် ငါသည် ငါ၏ မကျေချမ်းမှုကို မျိုသိပ်ကာ ငါ၏ ကန့်ကွက်ချက်များကို သင်တို့ထံ အဖန်ဖန် ဖွင့်ဟဖို့မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။‌ အမှု၏နှစ်ထောင်ပေါင်း များစွာအတွင်းတွင်၊ လူသား၏ တိုးတက်ဖြစ်ထွန်းမှုတစ်လျှောက် ရှေးခေတ်အချိန်ကာလများ၏ ကျော်ကြားသော ဘိုးဘေးများက သင်တို့ထံ ချန်ထားခဲ့သည့် တန်ဖိုးရှိသော အမွေအနှစ်များကဲ့သို့ ကျော်ကြားဆုံးဖြစ်လာခဲ့ဖြစ်သည်မှာ သင်တို့အကြား “လှည့်ကွက်များ” သာ ဖြစ်သည်ကို ငါ တွေ့ရှိပြီးဖြစ်သောကြောင့် လူသားမျိုးနွယ်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ငါ မကန့်ကွက်ဖူးပေ။ ထိုလူစဉ်မမီသော ဝက်များနှင့် ခွေးများကို ငါမုန်းတီးလိုက်လေစွ။ သင်တို့တွင် အသိတရား ကင်းမဲ့လွန်းကြ၏။ သင်တို့သည် အလွန် ယုတ်ညံ့လွန်းသည့် အကျင့်စရိုက်တစ်ခု ရှိကြသည်။ သင်တို့၏ နှလုံးသားများသည် မာကြောလွန်းလှ၏။ ငါသည် ထိုသို့သော နှုတ်ကပတ်တော်များနှင့် အမှုတို့ကို ဣသရေလလူမျိုးများထံသို့ ယူဆောင်သွားခဲ့မည်ဆိုပါက၊ အချိန်ကြာမြင့်စွာကတည်းက ငါသည် ဘုန်းအသရေ ရရှိပြီးဖြစ်ပေမည်။ သို့သော် သင်တို့အကြားတွင် ဤသည်ကို ကြိုးပမ်းရယူ၍ မရနိုင်ပေ။ သင်တို့အကြားတွင် ရက်စက်သည့် လစ်လျူရှုမှု၊ သင်တို့၏ တမင်အဖက်မလုပ်ခြင်းနှင့် သင်တို့၏ ဆင်ခြေများသာ ရှိသည်။ သင်တို့သည် အကြင်နာကင်းမဲ့လွန်းသကဲ့သို့ အလွန်အမင်း သုံးမရဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း

(၁၂၂) အတိတ်ကို ပြန်တွေးကြည့်လော့- မည်သည့်အချိန်တွင် သင်တို့အပေါ် ငါ၏အကြည့်သည် ဒေါသခိုးလျှံထန်ဖူးကာ ငါ၏အသံ တင်းမာဖူးသနည်း။ ဘယ်အချိန်က သင်တို့နှင့်ပတ်သက်၍ ငါ ရေးကြီးခွင်ကျယ် လုပ်ဖူးသနည်း။ ဘယ်အချိန်က သင်တို့ကို လွန်လွန်ကဲကဲ ငါအပြစ်ဖော်ဆုံးမဖူးသနည်း။ မည်သည့်အချိန်တွင် ငါသည် သင်တို့ကို ဗြောင်ကျကျ အပြစ်ဖော် ဆုံးမဖူးသနည်း။ သင်တို့ကို သွေးဆောင်ဖြားယောင်းခြင်းတိုင်းမှ ထိန်းသိမ်းရန် ငါ့ခမည်းတော်ကို ငါတောင်းခံသည်မှာ ငါ၏ အမှုအတွက် ဖြစ်သည် မဟုတ်လော။ သင်တို့သည် အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြသနည်း။ သင်တို့ ကိုယ်ခန္ဓာကို ဒဏ်ခတ်ဖို့ ငါ၏ ဩဇာအာဏာကို ငါ အသုံးပြုဖူးပါသလော။ အဘယ်ကြောင့် ငါ့ကို ဤသို့ ပြန်ဆပ်ကြသနည်း။ ငါ့အပေါ် သင်တို့၏ သဘောထားကို ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းပြီးနောက်၊ သင်တို့သည် အေးလည်းမအေး၊ ပူလည်းမပူသကဲ့သို့၊ ထို့နောက်တွင် သင်တို့သည် ငါ့ကို နားပူနားဆာလုပ်ရန်နှင့် ငါ့ထံမှ အမှုအရာများကို ကွယ်ဝှက်ရန် ကြိုးစားကြပြီး၊ သင်တို့၏ နှုတ်များသည် မဖြောင့်မတ်သောသူများ၏ တံတွေးဖြင့် ပြည့်နှက်လေသည်။ သင်တို့၏ လျှာများသည် ငါ၏ ဝိညာဉ်တော်ကို လိမ်လည်နိုင်မည်ဟု သင်တို့ ထင်ကြသလော။ သင်တို့၏ လျှာများသည် ငါ၏အမျက်ဒေါသမှ ရုန်းထွက်လွတ်မြောက်နိုင်မည်ဟု သင်တို့ ထင်ကြသလော။ သင်တို့၏ လျှာများသည် ၎င်းတို့ ဆန္ဒရှိသည်အတိုင်း ငါ ယေဟောဝါ၏ လုပ်ဆောင်ချက်များအပေါ် အကဲဖြတ်ဝေဖန်နိုင်သည်ဟု သင်တို့ ထင်ကြသလော။ ငါသည် လူသားက အကဲဖြတ်ဝေဖန်ခံရသည့် ဘုရားသခင် ဖြစ်သလော။ သေးငယ်သော လောက်ကောင်တစ်ကောင်ကို ငါ့ကို ထိုသို့ ပြစ်မှားစော်ကားဖို့ ငါခွင့်ပြုနိုင်မည်လော။ ထိုသို့သော ငြင်းဆန်သောသူတို့ကို ငါ၏ ထာဝရ ကောင်းကြီးမင်္ဂလာများအလယ် အဘယ်သို့ ငါ ထားရှိနိုင်မည်နည်း။ သင်တို့၏စကားများနှင့် လုပ်ရပ်များသည် အချိန်ကြာမြင့်စွာကတည်းက သင်တို့ကို ဖော်ထုတ်ကာ ပြစ်တင်ရှုတ်ချကြပြီး ဖြစ်သည်။ ငါသည် မိုးကောင်းကင်ကို ဖြန့်ကြက်ပြီး အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ ငါသည် အမှုအရာတစ်ခုတစ်လေက ငါ၏ အမှုနှင့် စီမံခန့်ခွဲခြင်းကို ဆန္ဒရှိသည်အတိုင်း နှောင့်ယှက်ခွင့်ပေးဖို့ မဆိုထားနှင့်၊ မည်သည့် အဖန်ဆင်းခံ သတ္တဝါကိုမျှ ၎င်းတို့ နှစ်သက်သည်အတိုင်း ပါဝင်ရန် ငါ အခွင့်မပေးခဲ့ပေ။ ငါသည် မည်သည့် လူသား သို့မဟုတ် မည်သည့်အရာဝတ္ထုကိုမျှ သည်းမခံပေ။ ငါ့အပေါ် ရက်စက်ပြီး လူမဆန်သောသူများကို ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်မည်နည်း။ ငါ၏ စကားများကို ပုန်ကန်သောသူတို့အား အဘယ်သို့ ငါခွင့်လွှတ်နိုင်မည်နည်း။ ငါ့ကို မနာခံသောသူတို့ကို ငါအဘယ်သို့ ချမ်းသာပေးနိုင်မည်နည်း။ လူသား၏ ကံကြမ္မာသည် ငါ၊ အနန္တတန်ခိုးရှင်၏ လက်တွင် ရှိသည်မဟုတ်လော။ သင်၏ မဖြောင့်မတ်ခြင်းနှင့် မနာခံခြင်းတို့ကို သန့်ရှင်းသည်ဟု အဘယ်သို့ ငါမှတ်ယူနိုင်မည်နည်း။ သင်၏အပြစ်သည် ငါ၏သန့်ရှင်းခြင်းကို အဘယ်သို့ ညစ်ညမ်းစေနိုင်မည်နည်း။ ငါသည် မဖြောင့်မတ်သော သူများ၏ မစင်ကြယ်ခြင်းဖြင့် အညစ်ညမ်းမခံသကဲ့သို့၊ မဖြောင့်မတ်သူများ၏ လှူဖွယ်ပစ္စည်းများကိုလည်း ငါမမွေ့လျော်ပေ။ ယေဟောဝါဖြစ်သည့် ငါ့အပေါ် သင်သည် သစ္စာစောင့်သိခဲ့မည်ဆိုပါက၊ ငါ၏ယဇ်ပလ္လင်ပေါ်ရှိ ပူဇော်သက္ကာကို သင့်အတွက် သင် ယူဆောင်နိုင်မည်လော။ ငါ၏သန့်ရှင်းသောနာမကို ပြစ်မှားစော်ကားရန် အဆိပ်ရှိသော သင်၏လျှာကို သင် အသုံးပြုနိုင်မည်လော။ ဤနည်းဖြင့် ငါ၏စကားများကို သင် ပုန်ကန်နိုင်မည်လော။ ငါ၏ဘုန်းအသရေနှင့် သန့်ရှင်းသော အမည်နာမကို ဆိုးယုတ်သောသူ ဖြစ်သည့် စာတန်ကို အစေခံရန် တန်ဆာပလာ တစ်ခုအဖြစ် သင် အသုံးပြုနိုင်မည်လော။ ငါ၏ အသက်ကို သန့်ရှင်းသောသူများ၏ ပျော်မွေ့ခြင်းအတွက် ပေးထားခြင်း ဖြစ်သည်။ သင် ဆန္ဒရှိသည့်အတိုင်း ငါ၏အသက်ကို ကစားရန် နှင့် သင်တို့အလယ် သဘောထားကွဲလွဲမှုအတွက် တန်ဆာပလာတစ်ခုအဖြစ် အသုံးပြုရန် အဘယ်သို့ ငါခွင့်ပြုပေးနိုင်မည်နည်း။ အဘယ်ကြောင့် သင်တို့သည် ငါ့အပေါ် ဆက်ဆံရာတွင်၊ အလွန်အကြင်နာကင်းမဲ့ကာ ကောင်းမြတ်သောသူ၏ ပြုမူပုံ အလွန် ချို့တဲ့လွန်းရသနည်း။ အသက်နှင့်ဆိုင်သော ဤနှုတ်ကပတ်တော်များတွင် သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များကို ရေးသားထားနှင့်ပြီး ဖြစ်သည်ကို သင်တို့ မသိကြသလော။ ငါသည် အဲဂုတ္တုပြည်ကို ဆုံးမသောအချိန်၌ အမျက်ဒေါသ ကျရောက်မည့်နေ့ကို သင်တို့ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ဤနည်းဖြင့် ငါ့ကို ထပ်ခါတလဲလဲ ဆန့်ကျင်ကာ အာခံရန်၊ ငါသည် သင်တို့ကို အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ သင်တို့ကို ငါ ရှင်းရှင်းလင်းလင်း ပြောမည်- အချိန်ကျရောက်သောအခါ၊ သင်တို့ကို ပြစ်တင်ဆုံးမခြင်းသည် အဲဂုတ္တုပြည်၏ ပြစ်တင်ဆုံးမခြင်းထက် သာ၍ မခံမရပ်နိုင်အောင် ဖြစ်လိမ့်မည်။ ငါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အဘယ်သို့ သင်တို့ လွတ်မြောက်နိုင် မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

(၁၂၃) ဘုရားသခင်တွင် စိတ်ခံစားချက်ရှိသောကြောင့် လူသားက ဘုရားသခင်ကို မရရှိနိုင်ခြင်း မဟုတ်၊ သို့မဟုတ် ဘုရားသခင်က လူသား၏ ရရှိခြင်းကို လိုလားခြင်း မရှိသောကြောင့် မဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်ကို မရရှိလိုသောကြောင့်ဖြစ်ကာ လူသားသည် ဘုရားသခင်ကို အပူတပြင်း မရှာဖွေသောကြောင့် ဖြစ်ပေသည်။ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသော လူသားတစ်ဦးအား ဘုရားသခင်က မည်သို့ ကျိန်ဆဲနိုင်မည်နည်း။ အကောင်းပကတိ အသိစိတ်နှင့် စာနာတတ်သော အသိတရား ရှိသူတစ်ယောက်ကို ဘုရားသခင်က မည်သို့ ကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်ပြီး အစေခံသူတစ်ဦးကို သူ၏ဒေါသမီးဖြင့် မည်သို့ လောင်ကျွမ်းစေနိုင်မည်နည်း။ ဘုရားသခင်ကို နာခံဖို့ ဆန္ဒရှိသူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်မှ ကန်ထုတ်ခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ ဘုရားသခင်ကို ချစ်၍မဝသူ တစ်ဦးသည် ဘုရားသခင်၏ ပြစ်ဒဏ်ပေးမှု၌ မည်သို့ နေနိုင်မည်နည်း။ ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်ဖို့ ဆန္ဒရှိသူတစ်ဦးသည် မည်သည့်အရာမျှ မရှိသူတစ်ဦးအဖြစ် မည်သို့ ချန်ရစ် ခံရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နောက်သို့ လိုက်ရန် လိုလိုလားလား မရှိ၊ မိမိ၏ ပစ္စည်းဥစ္စာများကို ဘုရားသခင်အတွက် အသုံးခံရန် လိုလိုလားလား မရှိ၊ ထို့အပြင် မိမိတစ်သက်တာ လုံ့လစိုက်မှုများကို ဘုရားသခင်ထံ ဆက်ကပ်ရန် လိုလိုလားလား မရှိ၊ ယင်းအစား ဘုရားသခင်သည် လက်ခံနိုင်သည့် အတိုင်းအတာ ကျော်လွန်သွားပြီဖြစ်ကြောင်း၊ ဘုရားသခင်နှင့် ပတ်သက်သည့် အရာများစွာသည် လူ့စိတ်ကူးများနှင့် ဆန့်ကျင်ကြောင်း ပြောသည်။ သင်တို့သည် ဘုရားသခင်ကို ရှာဖွေခြင်းမရှိသည့် အဖြစ်မှန်ကို မဆိုထားဘိ၊ သင်တို့၏ ကြိုးစားအားထုတ်မှုများတွင် မဆုတ်မနစ်ရှိသော်လည်း၊ ဤလူ့သဘာဝမျိုးဖြင့် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်ဦးမည် မဟုတ်သေးပေ။ သင်တို့သည် လူသားမျိုးနွယ်၏ အပြစ်အနာအဆာရှိသော ကုန်ပစ္စည်းများဖြစ်သည်ကို မသိကြသလော။ သင်တို့၏ လူ့သဘာဝထက် ပို၍ အောက်တန်းကျသည့် လူ့သဘာဝ မရှိသည်ကို သင်တို့ မသိကြသလော။ သင်တို့ကို ဂုဏ်ပြုဖို့ အခြားသူများက သင်တို့အား မည်သို့ခေါ်သည်ကို သင်တို့ မသိကြသလော။ ဘုရားသခင်အပေါ် အမှန်တကယ် ချစ်သူများက သင်တို့ကို ဝံပုလွေ၏ဖခင်၊ ဝံပုလွေ၏မိခင်၊ ဝံပုလွေ၏သား၊ ဝံပုလွေ၏မြေးဟု ခေါ်ကြသည်။ သင်တို့သည် ဝံပုလွေ၏ သားစဉ်မြေးဆက်၊ ဝံပုလွေ၏လူမျိုး ဖြစ်ကြပြီး၊ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ပင်ကိုလက္ခဏာကို သိထားသင့်ပြီး မည်သည့်အခါမျှ မမေ့လျော့သင့်ပေ။ သင်တို့သည် အများတကာထက် သာလွန်သည့် ပုဂ္ဂိုလ်တစ်ယောက်ဟု မိမိကိုယ်ကိုယ် မတွေးထင်နှင့်- သင်တို့သည် လူသားမျိုးနွယ်အလယ်တွင် လူသားမဟုတ်သောသူများတွင် အဆိုးယုတ်ဆုံး အုပ်စုဖြစ်သည်။ သင်တို့အကြား အမှုပြုခြင်းအားဖြင့် ငါမည်မျှ အရဲစွန့်ခဲ့သည်ကို သင်တို့ သိကြသလော။ သင်တို့သည် ဤအရာတစ်ခုကိုမျှ မသိကြသလော။ သင်တို့အလယ်တွင် အမှုပြုခြင်းအားဖြင့် ငါမည်မျှ အရဲစွန့်ခဲ့သည်ကို သင်တို့ သိကြသလော။ အကယ်၍ သင်တို့၏ အသိစိတ်သည် ပုံမှန် ပြန်မရောက်နိုင်ပါက၊ ပြီးလျှင် သင်တို့၏ အသိတရားသည် ပုံမှန်အလုပ် မလုပ်နိုင်ပါက၊ “ဝံပုလွေ” ဆိုသည့် အမည်နာမကို သင်တို့ မည်သည့်အခါမျှ ဖယ်ရှားမည်မဟုတ်၊ ကျိန်ဆဲရာနေ့ရက်မှ မည်သည့်အခါမျှ လွတ်မြောက်မည် မဟုတ်၊ ပြီးလျှင် သင်၏ အပြစ်ဒဏ် ခံရမည့်နေ့မှလည်း မည်သည့်အခါမျှ လွတ်မြောက်မည် မဟုတ်ပေ။ သင်တို့သည် နိမ့်ကျစွာ မွေးဖွားလာသည့် တန်ဖိုးမရှိသောအရာဖြစ်သည်။ သင်တို့သည် သဘာဝဗီဇအားဖြင့် ဆာလောင်သော ဝံပုလွေ အုပ်စုတစ်စုဖြစ်ပြီး၊ အပျက်အစီးအစအနနှင့် အမှိုက် အပုံတစ်ပုံသာ ဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကဲ့သို့မဟုတ်၊ မျက်နှာသာရရန် သင်တို့အပေါ် ငါအမှုပြုခြင်း မဟုတ်ဘဲ၊ အမှု၏ လိုအပ်ချက်ကြောင့်သာ ဖြစ်သည်။ သင်တို့သည် ငါ့ကို ဤနည်းဖြင့် ဆက်လက်ပုန်ကန်နေမည် ဆိုပါက၊ ငါသည် ငါ့အမှုကို ရပ်တန့်ကာ မည်သည့်အခါမျှ သင်တို့အပေါ် အမှုပြန်ပြုတော့မည် မဟုတ်။ ဆန့်ကျင်ဖက်အားဖြင့် ငါ့ကိုရန်လိုသော သူများအား ကြည့်ရှုရန် ငါလိုလိုလားလား မရှိသောကြောင့်၊ ငါ့ကို စိတ်ချမ်းသာစေသည့် နောက်ထပ် လူတစ်စုထံသို့ ငါ၏ အမှုကို လွှဲပြောင်းပေးပြီး ဤနည်းဖြင့် သင်တို့အား ငါ ထာဝရ စွန့်ပစ်မည် ဖြစ်သည်။ သို့ဆိုလျှင် သင်တို့သည် ငါနှင့် သဟဇာတ ဖြစ်လိုသလော၊ သို့မဟုတ် ငါ့ကိုရန်ဘက်ပြုလိုသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

(၁၂၄) ယနေ့လမ်းကြောင်းကို သင်တို့လျှောက်လှမ်းကြသည်နှင့်အမျှ အသင့်တော်ဆုံးသော လိုက်စားမှုမျိုးမှာ အဘယ်နည်း။ သင်၏လိုက်စားမှု၌ သင့်ကိုယ်သင် မည်သို့သောလူစားမျိုးအဖြစ် မြင်သင့်သနည်း။ စမ်းသပ်မှုများ ဖြစ်စေ၊ အခက်အခဲများဖြစ်စေ၊ သို့မဟုတ် ရက်စက်သော ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ဖြစ်စေ သင့်အပေါ် ယနေ့ကျရောက်သည့် အရာအားလုံးအပေါ် ချဉ်းကပ်ပုံချဉ်းကပ်နည်းကို သင်သိသင့်၏။ ထိုအရာအားလုံးနှင့် ရင်ဆိုင်ရသည့်အခါ ကိစ္စရပ်တိုင်း၌ ၎င်းတို့ကို သေချာသုံးသပ်သင့်၏။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ ထိုအရာကို ငါပြောရခြင်းမှာ ယနေ့ သင့်အပေါ် ကျရောက်သည့်အရာများသည် စင်စစ်အားဖြင့် ထပ်တလဲလဲ ဖြစ်ပေါ်သည့် တိုတောင်းသော စမ်းသပ်မှုများ ဖြစ်သောကြောင့် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ၊ သင်၏အမြင်တွင် ယင်းတို့သည် စိတ်ဝိညာဉ်အတွက် အထူးတလည် ခက်ခဲပင်ပန်းသော အရာများမဟုတ်သောကြောင့် သင်သည် အမှုအရာတို့ကို ၎င်းတို့၏သဘာဝဖြစ်စဉ်အတိုင်း ရွေ့လျားဖြစ်ပေါ်စေပြီး တိုးတက်မှုကို လိုက်စားရာတွင် အဖိုးတန်သော အရာတစ်ခုအဖြစ် ၎င်းတို့ကို မမှတ်ယူပေ။ သင်သည် အရေးမထားလွန်းလှပါတကား။ မည်မျှအထိနည်းဆိုလျှင် အဖိုးတန်သော ဤအရာကို သင်၏မျက်လုံး ရှေ့တွင် လွင့်ပါးနေသည့် တိမ်တစ်ခုကဲ့သို့ သင်တွေးထင်နေသည်အထိပင် ဖြစ်တော့သည်။ အကြိမ်ကြိမ် တသွင်သွင်သွန်ချသည့် ဤပြင်းထန်သော ထိုးနှက်ချက်များ- တိုတောင်းပြီး သင့်အဖို့ အားပျော့ပုံရသည့် ထိုးနှက်ချက်များကို သင်သည် တန်ဖိုးမထားဘဲ၊ စိမ်းစိမ်းကားကား ကြည့်ကာ ၎င်းတို့ကို နှလုံးမသွင်းဘဲလျက်၊ တိုက်တိုက်ဆိုင်ဆိုင် ခံရသော ထိုးနှက်ချက်တစ်ခုအဖြစ်သာ သင်သဘောထားလေသည်။ သင်သည် အလွန်ပင် မာနထောင်လွှားပါတကား။ ထပ်ဖန်တလဲလဲ ရောက်လာတတ်သော မုန်တိုင်းများနှင့်ဆင်တူသည့် ဤကြမ်းကြုတ် ရက်စက်သော တိုက်ခိုက်မှုများကို သင်သည် ပေါ့ပေါ့တန်တန်သာ လျစ်လျူရှုထားလေသည်။ တစ်ခါတစ်ရံ သင်၏ လုံးဝဥဿုံ စိတ်မဝင်စားသည့် မျက်နှာထားကို ထုတ်ဖော်ပြလျက် အေးစက်စက် ပြုံးပြသည်အထိပင် သင်ပြုသည်- အကြောင်းမှာ ထိုသို့သော “ကံအကြောင်းမလှသည့် ဖြစ်ရပ်များ” ကို သင့်အနေဖြင့် အဘယ်ကြောင့် ဆက်၍ခံစားနေရသည်ကို တွေးဆဆင်ခြင်ဖူးခြင်း မရှိသောကြောင့် ဖြစ်သည်။ ငါသည် လူသားအပေါ် အလွန်အကျွံ မတရားရာကျနေခြင်းများ ဖြစ်နိုင်သလော။ ငါသည် သင့်ကို တကူးတက အပြစ်ရှာနေသလော။ သင်၏ စိတ်နေစိတ်ထားနှင့်ပတ်သက်သည့် ပြဿနာများသည် ငါဖော်ပြသမျှလောက် ပြင်းထန်ချင်မှ ပြင်းထန်မည်ဖြစ်သော်လည်း၊ သင်၏ အပြင်ပန်း တည်ငြိမ်အေးဆေးမှုမှတစ်ဆင့် သင်သည် သင့်အတွင်းကမ္ဘာ၏ စုံလင်သော ပုံရိပ်တစ်ခုကို အချိန်ကြာမြင့်စွာကတည်းက ခြယ်မှုန်းပြီး ဖြစ်လေသည်။ သင်၏စိတ်နှလုံးအတွင်းရှိ နက်ရှိုင်းသောနေရာများတွင် ဖုံးကွယ်နေသည့် တစ်ခုတည်းသောအရာမှာ ရုန့်ရင်းသော ပုတ်ခတ်ပြစ်တင်ခြင်းနှင့် အခြားသူများအတွက် မြင်သာရုံမျှဖြစ်သော ဝမ်းနည်းမှုအရိပ်အယောင်ရေးရေးတို့သာဖြစ်သည်ကို သင့်အား ငါပြောပြနေစရာ မလိုပေ။ သင့်အနေဖြင့် ထိုသို့သော စမ်းသပ်မှုများကို ခံစားလာခဲ့ရသည်မှာ အလွန်မတရားဟု ခံစားရသောကြောင့် သင်ကျိန်ဆဲလေသည်။ ထို့အပြင် ထိုစမ်းသပ်မှုများက လောက၏ အဖော်မဲ့သည့်ဆင်းရဲဒုက္ခကို သင့်အား ခံစားစေသောကြောင့် သင်သည် ညှိုးမှိုင်ခြင်းနှင့် ပြည့်လေ၏။ ဤဆက်ကာဆက်ကာဖြစ်သော ထိုးနှက်မှုများနှင့် ဆုံးမပဲ့ပြင်သည့် လုပ်ရပ်တို့ကို အကောင်းတကာ့ အကောင်းဆုံးသော အကွယ်အကာအဖြစ် မြင်ရန်ဝေးစွ၊ ၎င်းတို့ကို ကောင်းကင်ဘုံ၏ အဓိပ္ပာယ်မဲ့သော ပြဿနာရှာခြင်းအဖြစ်၊ သို့မဟုတ် သင့်အပေါ်သို့ရောက်သည့် သင့်တင့်သော ဒဏ်ခတ်ခံရခြင်းအဖြစ် သင်ရှုမြင်၏။ သင်သည် အလွန်ပင် ပညာမဲ့လိုက်လေတကား။ သင်သည် အချိန်အခါကောင်းများကို အမှောင်ထဲတွင် ရက်ရက်စက်စက် ပိတ်လှောင်ထား၏။ အံ့ဖွယ်စမ်းသပ်မှုများနှင့် ဆုံးမပဲ့ပြင်ခြင်း လုပ်ရပ်တို့ကို သင်၏ရန်သူများထံမှ တိုက်ခိုက်မှုများအဖြစ် အထပ်ထပ်အကြိမ်ကြိမ် သင်ရှုမြင်သည်။ သင်သည် သင်၏ ပတ်ဝန်းကျင်နှင့် မည်ကဲ့သို့အလိုက်သင့်နေရမည်ကို မသိသကဲ့သို့၊ ထိုသို့နေရန် သာ၍ပင် မလိုလားပေ၊ အကြောင်းမှာ ထပ်တလဲလဲဖြစ်သော ဤပြစ်တင်ဆုံးမမှု၊ သင့်အဖို့ ရက်စက်သည့် ဤပြစ်တင်ဆုံးမမှုမှ သင့်အနေဖြင့် မည်သည့်အရာကိုမျှ မရရှိလိုသည့်အတွက် ဖြစ်သည်။ သင်သည် ရှာဖွေရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် စူးစမ်းစစ်ဆေးရန် ကြိုးပမ်းခြင်းတို့ မပြုဘဲ သင်၏ကံကြမ္မာကိုသာ ကြိတ်မှိတ်လက်ခံထားကာ၊ ကံစေညွှန်ရာသို့ သွားသည်။ သင့်အဖို့ ရက်စက်ကြမ်းကြုတ်သော ပြစ်တင်ဆုံးမခြင်း လုပ်ရပ်များဟု ထင်ရနိုင်သည့် အရာသည် သင်၏စိတ်နှလုံးကို မပြောင်းလဲစေသကဲ့သို့၊ သင်၏စိတ်နှလုံးကို သိမ်းလည်း မသိမ်းပိုက်ထားပေ။ ယင်းအစား၊ ထိုလုပ်ရပ်တို့က သင့်နှလုံးသားကို ထိုးသွင်းကြသည်။ ဤဘဝ၌ သင်သည် ဤ “ရက်စက်သော ပြစ်တင်ဆုံးမခြင်း” ကို သင်၏ရန်သူအဖြစ်သာ မြင်၏၊ ထို့ကြောင့် ဘာကိုမျှ သင်မရရှိထားပေ။ သင်သည် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု အလွန်မှတ်ယူသည်တကား။ သင်သည် အလွန်စက်ဆုပ်ဖွယ် ဖြစ်သောကြောင့် ထိုသို့သော စမ်းသပ်မှုများကို ခံရသည်ဟု သင်ယုံကြည်ခဲလှ၏။ ယင်းအစား၊ သင်သည် မိမိကိုယ်ကို အလွန်ကံခေသည်ဟု မှတ်ယူပြီး၊ ငါသည် သင့်ကို အမြဲအပြစ်ရှာနေသည်ဟု သင်ပြော၏။ ယခုတွင် အမှုအရာတို့သည် ဤအခြေအနေထိ ဆိုက်ရောက်လာပြီးဖြစ်ရငြား၊ ငါပြောဆို လုပ်ဆောင်သည့်အရာကို သင်သည် အမှန်တကယ်မည်မျှသိသနည်း။ သင်သည် ကောင်းကင်ထက် အနည်းငယ်မျှသာ နိမ့်ကျသော်လည်း ကမ္ဘာမြေထက် အဆုံးမရှိ မြင့်မားသော မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် အခြားမည်သူမဆိုထက် တော်နေရန်ဝေးစွ၊ ငါ၏လုပ်ရပ်များကို အသေးစိတ်အကျဆုံးကအစ ရိပ်စားနိုင်ပုံရနေဘိသည့်အလား မိမိကိုယ်ကိုယ် အလွန်အထင်ကြီးကာ သိမ်ငယ်စိတ် လုံးဝမရှိဖူးသည့်အတွက် သင်သည် ကမ္ဘာမြေပေါ်မှ ဆင်ခြင်တုံတရား ရှိသည့် မည်သူမဆိုထက် သာ၍မိုက်မဲနေပုံမှာ ချစ်စဖွယ်ပင် ကောင်းနေသေးတော့သည်ဟု ဆိုနိုင်ပေသည်။ အမှန်တွင်၊ သင်သည် ငါလုပ်ဆောင်ရန် ကြံရွယ်ထားသောအရာကို မသိသကဲ့သို့၊ ယခု ငါလုပ်ဆောင်နေသည့်အရာကို သာ၍ပင် သတိမမူမိသည့်အတွက် အခြေခံအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် လူ့ဘဝအပေါ် သိမြင်နားလည်ခြင်း ရေးရေးမျှပင် မရှိသော်လည်း၊ မြေကို ထွန်ယက်စိုက်ပျိုးစဉ် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများအပေါ် လုံးဝမှီခိုအားထားသော လယ်သမားဖြစ်သည့် မြေပေါ်၌ ပင်ပင်ပန်းပန်းအလုပ်လုပ်နေသည့် လယ်သမားအိုတစ်ဦးနှင့်ပင် သင်သည် တန်းတူမဟုတ်ဟု ငါဆို၏။ သင်သည် မိမိ၏အသက်တာအဖို့ နှစ်ခါမတွေး၊ ကျော်ကြားမှုနှင့်ပတ်သက်၍ သင့်အနေဖြင့် ဘာမျှ မသိသကဲ့သို့၊ သင်၌ မိမိကိုယ်ကိုယ် သိသောအသိ သာ၍မရှိချေ။ သင်သည် အလွန် “မြင့်မြတ်” ပါသည်တကား။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော

(၁၂၅) အချို့သည် မိမိတို့ကိုယ်ကိုယ် လှလှပပ ဆင်ယင်ကြသော်လည်း အပေါ်ယံဖြစ်၏။ ညီအစ်မများသည် မိမိတို့ကိုယ်ကိုယ် ပန်းများကဲ့သို့ လှလှပပ ဆင်ယင်ကြပြီး ညီအစ်ကိုများသည် မင်းညီမင်းသားများ သို့မဟုတ် ချမ်းသာကြွယ်ဝသော ဂိုက်ထုတ်လွန်းသူများကဲ့သို့ ဝတ်စားကြသည်။ ၎င်းတို့စားသည့်အရာနှင့် ဝတ်သည့်အရာများ ကဲ့သို့သော အပေါ်ယံ အရာများနှင့်ပတ်သက်၍သာ ၎င်းတို့ ဂရုစိုက်ကြသည်။ အတွင်းတွင်၊ ၎င်းတို့သည် ခိုကိုးရာမဲ့ဖြစ်ကာ ဘုရားသခင်နှင့်ဆိုင်သော အသိပညာ အနည်းငယ်မျှ မရှိကြချေ။ ဤတွင် မည်သည့် အဓိပ္ပါယ်ရှိနိုင်သနည်း။ ပြီးလျှင်၊ ဆင်းရဲနုံချာသော သူတောင်းစားများကဲ့သို့ ဝတ်ဆင်ကြသူအချို့ ရှိ၏- ၎င်းတို့သည် အရှေ့ အာရှကျွန်များနှင့် အမှန်တူကြ၏။ သင်တို့ကို ငါ တောင်းဆိုသည့်အရာကို သင်တို့ အမှန်တကယ် နားမလည်ကြသလော။ သင်တို့ကိုယ်ကြား ဆွေးနွေးကြလော့။ မည်သည့်အရာကို သင်တို့ အမှန်ရရှိကြပြီနည်း။ သင်တို့သည် ဤနှစ်ကာလများအားလုံး၌ ဘုရားသခင်ကို ယုံကြည်ကြပြီး ဖြစ်သော်လည်း သင်တို့ ရိတ်သိမ်းကြသည်မှာ ဤမျှသာ ဖြစ်သည်- သင်တို့ ကသိကအောက်မဖြစ်ကြဘူးလော။ သင်တို့ မရှက်ကြဘူးလော။ ဤနှစ်ကာလများအားလုံးတွင် မှန်သော လမ်းခရီးကို သင်တို့ လိုက်စားနေခဲ့ကြပြီးဖြစ်သော်လည်း ယနေ့ သင်တို့၏ ဝိညာဉ်အသက်တာသည် စာငှက်တစ်ကောင်ထက် နိမ့်ကျဆဲဖြစ်၏။ သင်တို့ကြားက ငယ်ရွယ်သော အမျိုးသမီးများကို ကြည့်လော့၊ သင်တို့အချင်းချင်း နှိုင်းယှဉ်နေကြရင်း သင်တို့၏ အဝတ်အစားများနှင့် မိတ်ကပ်ဖြင့် ဓါတ်ပုံများကဲ့သို့ လှပနေကြ၏- သင်တို့ မည်သည့်အရာကို နှိုင်းယှဉ်ကြသနည်း။ သင်တို့၏ သာယာမှုလော။ သင်တို့၏ တောင်းဆိုမှုများလော။ ငါသည် စံပြမယ်များကို စုဆောင်းရန် ကြွလာပြီဟု သင်တို့ ထင်ကြသလော။ သင်တို့တွင် အရှက်မရှိကြ။ သင်တို့၏ အသက်တာသည် အဘယ်မှာနည်း။ သင်တို့ လိုက်စားသည့်အရာမှာ သင်တို့၏ ကိုယ်ပိုင် လွန်ကဲသော စိတ်ဆန္ဒသာ ဖြစ်သည် မဟုတ်လော။ သင်သည် အလွန် လှပသည်ဟု သင်ထင်၏၊ သို့သော် ဝတ်ကောင်းစားလှ မျိုးစုံဖြင့် သင် ဝတ်ဆင်ကောင်း ဝတ်ဆင်နိုင်သော်လည်း၊ အမှန်တွင် သင်သည် နောက်ချေးပုံတစ်ခု၌ မွေးဖွားသည့် လူးလွန့်လှုပ်ရှားနေသည့် လောက်ကောင်တစ်ကောင် ဖြစ်သည် မဟုတ်လော။ ယနေ့တွင်၊ သင်သည် ကောင်းကင်ဘုံ နှင့်ဆိုင်သော ဤကောင်းချီးမင်္ဂလာများကို မွေ့လျော်ဖို့ ကံကောင်းသည်မှာ သင်၏ လှပသော မျက်နှာကြောင့်မဟုတ်ဘဲ၊ ဘုရားသခင်သည် သင့်ကို ချီးမြှောက်ခြင်းအားဖြင့် ချွင်းချက်တစ်ခု ပြုလုပ်နေသောကြောင့် ဖြစ်သည်။ သင် မည်သည့်နေရာမှ လာသည်ကို သင် မရှင်းမလင်း ဖြစ်နေဆဲလော။ အသက်တာဟု ပြောလိုက်လျှင်ပင်၊ သင်သည် ရုပ်တုတစ်ခုကဲ့သို့ ဆွံ့အလျက်၊ သင်သည် နှုတ်ပိတ်ပြီး ဘာမျှမပြောပေ၊ သို့တိုင် သင်သည် မိမိကိုယ်ကိုယ် ဝတ်စား ဆင်ယင်ဝံ့သေး၏။ သင်၏ မျက်နှာကို ပါးနီနှင့် ပေါင်ဒါတို့ လိမ်းဖို့ လိုလားသေး၏။ ၎င်းတို့၏ မျက်နှာများပေါ်တွင် ခပ်တည်တည် မျက်နှာပေးများဖြင့် စိမ်ပြေနပြေ လမ်းလျှောက်ရင်း တစ်နေ့လုံး အချိန်ကုန်ဆုံးနေသော၊ ထိန်းမနိုင် သိမ်းမရသော သင်တို့ကြားက ဂိုက်ထုတ်လွန်းသူ ထိန်းရကျောင်းရ ခက်သည့် အမျိုးသားများကို ကြည့်လော့။ ဤသည်မှာ လူတစ်ဦး ပြုမူသင့်သည့် ပုံလော။ သင်တို့ကြားက အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ အသီးသီးတို့သည် တစ်နေ့လုံး သင်တို့၏ အာရုံကို မည်သည့်အရာ၌ မြှုပ်နှံထားသနည်း။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ကျွေးမွေးဖို့ရန် မည်သူ့အပေါ် မှီခိုသည်ကို သိကြသလော။ သင်၏ အဝတ်အစားကို ကြည့်လော၊ သင်၏လက်၌ ရိတ်သိမ်းခဲ့သည့်အရာကို ကြည့်လော့၊ သင်၏ ဝမ်းဗိုက်ကို ပွတ်လော့- ဤယုံကြည်ခြင်း နှစ်ကာလများတစ်လျှောက်လုံး သင် ပေးဆပ်ပြီးဖြစ်သည့် သွေးနှင့်ချွေး အဖိုးအခမှ မည်သည့်အရာကို သင် အကျိုးအမြတ် ရရှိပြီနည်း။ ရှုခင်းသွားကြည့်ဖို့ သင် တွေးသေး၏၊ သင်၏ အပုပ်နံ့ထွက်နေသော ခန္ဓာကို တန်ဆာဆင်ဖို့ သင် တွေးဆဲဖြစ်သည်- သုံးမရသော လိုက်စားမှုများပေတည်း။ ပုံမှန် လူတစ်ဦးဖြစ်ဖို့ သင့်ကို တောင်းဆိုထားသော်လည်း၊ ယခုတွင် သင်သည် တကယ်ကို မူမမှန်ရုံသာမက၊ ဖောက်ပြန်ပေသည်။ ထိုသို့သော လူတစ်ဦးသည် ငါ့ရှေ့သို့လာဖို့ရန် အဘယ်သို့ ရဲတင်းမှု ရှိနိုင်ရသနည်း။ ဤသို့သော လူ့သဘာဝတစ်ခုဖြင့်၊ သင်၏ ဆွဲဆောင်မှုများကို ထုတ်ပြရင်းနှင့် သင်၏ ခန္ဓာကိုယ်ကို ကြွားလုံးထုတ်ရင်း၊ ဇာတိပကတိ၏ တပ်မက်မှုများအတွင်း အစဉ်အမြဲ အသက်ရှင်ရင်း- သင်သည် ညစ်ညူးသော နတ်ဆိုးများနှင့် ဝိညာဉ်ဆိုးများ၏ သားမြေးစဉ်ဆက်တစ်ဦး ဖြစ်သည် မဟုတ်လော။ ထိုသို့သော ညစ်ညူးသည့် နတ်ဆိုးတစ်ဦးကို အချိန်ကြာမြင့်စွာ တည်ရှိမြဲတည်ရှိဖို့ရန် ငါသည် ခွင့်ပြုလိမ့်မည်မဟုတ်။ ပြီးလျှင် သင်၏ နှလုံးသားထဲ၌ သင် တွေးသည့်အရာကို ငါ မသိဟု မထင်လေနှင့်။ သင်တို့အနေဖြင့် မိမိ၏ တပ်မက်မှုနှင့် မိမိ၏ ဇာတိပကတိကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သင့်၏၊ သို့သော် သင်၏ စိတ်နှလုံးထဲက သင် သိုထားသည့် အတွေးများကို အဘယ်သို့ ငါ မသိနိုင်ရမည်နည်း။ သင်၏ မျက်လုံးများ တပ်မက်သည့်အရာအားလုံးကို အဘယ်သို့ ငါ မသိနိုင်ရမည်နည်း။ သင်တို့၏ ခန္ဓာကိုယ်ကို ထုတ်ပြဖို့အလို့ငှာ အသင် မိန်းမငယ်တို့သည် မိမိတို့ကိုယ်ကိုယ် အလွန်လှပစေကြသည် မဟုတ်လော။ ယောက်ျားများသည် သင်တို့အဖို့ အဘယ်အကျိုးရှိ သနည်း။ သင်တို့ကို ဒုက္ခပင်လယ်မှ ၎င်းတို့က အမှန်ပင် ကယ်တင်နိုင်သလော။ သင်တို့ကြားက ဂိုက်ထုတ်လွန်းသူများအတွက်မူ၊ သင်တို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် မွန်မွန်ရည်ရည် ရှိပြီး ခံ့ညားသည့်ပုံပေါ်စေဖို့ ဝတ်ဆင်ကြ၏၊ သို့သော် ဤသည်မှာ သင်တို့၏ မြူးကြွားကြွရွ နှစ်လိုဖွယ်ကောင်းသော ပုံပန်းများဆီသို့ အာရုံစိုက်စေဖို့ စီစဉ်ထားသည့် မာယာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤအရာကို သင်တို့ မည်သူ့အတွက် လုပ်ဆောင်နေကြသနည်း။ မိန်းမများသည် သင်တို့အဖို့ မည်သည့် အကျိုးရှိသနည်း။ ၎င်းတို့သည် သင်တို့ အပြစ်၏ အရင်းအမြစ် ဖြစ်ကြသည် မဟုတ်လော။ အသင် ယောက်ျားနှင့် မိန်းမတို့၊ သင်တို့ကို နှုတ်ကပတ်တော်များစွာ ငါ ပြောပြီးလေပြီ၊ သို့တိုင် သင်တို့သည် ၎င်းတို့အနည်းငယ်မျှကိုသာ လိုက်နာခဲ့ပြီးဖြစ်သည်။ သင်တို့ နားများသည် ထိုင်းကြ၏၊ သင်တို့ မျက်စိများ မှုန်သွားကြပြီး သင်တို့၏ စိတ်နှလုံးများက မာကျောကြသည်မှာ သင်တို့ ခန္ဓာကိုယ်များတွင် တပ်မက်မှုကလွဲ၍ ဘာမျှမရှိသည်အထိ၊ ထိုအထဲတွင် သင်တို့ မိနေကြပြီး မလွတ်မြောက်နိုင်သည်အထိ ဖြစ်သည်။ လောက်ကောင်များဖြစ်သည့်၊ ညစ်ညူးမှုနှင့် အညစ်အကြေးထဲတွင် လူးလွန့်ကြသည့် သင်တို့အနီး မည်သည့်နေရာကိုမဆို အဘယ်သူ သွားချင်မည်နည်း။ သင်တို့သည် နောက်ချေးပုံထဲမှ ငါ ချီးမြှောက်ခဲ့သည့်သူများထက် ဘာမျှမပိုသည်ကို၊ နဂိုမူလအားဖြင့် ပုံမှန် လူ့သဘာဝအား သင်တို့ မပိုင်ဆိုင်ခဲ့ကြသည်ကို မမေ့လျော့နှင့်။ သင်တို့ကို ငါ တောင်းဆိုသော အရာမှာ မူလက သင်တို့ မပိုင်ဆိုင်ခဲ့ကြသည့် ပုံမှန် လူ့သဘာဝဖြစ်သည်၊ သင်တို့၏ တပ်မက်မှုကို ထုတ်ပြဖို့ မဟုတ်သကဲ့သို့၊ နှစ်ပေါင်းအလွန်များစွာကြာ နတ်ဆိုးက လေ့ကျင့်ပေးခဲ့သည့် သင်တို့၏ ဆီချေးစော်နံသော ဇာတိပကတိကို အတားအဆီးမဲ့ ပြုမူခွင့်ပေးဖို့ မဟုတ်ချေ။ ထိုသို့ သင်တို့ကိုယ်သင်တို့ ဝတ်ဆင်ကြသည့်အခါ၊ သင်တို့ ပိုမို နက်ရှိုင်းစွာ ကျော့ကွင်း မိလာကြမည်ကို မကြောက်ကြသလော။ သင်တို့သည် နဂိုမူလက အပြစ်နှင့်သက်ဆိုင်သည်ကို မသိကြသလော။ သင်တို့၏ ခန္ဓာကိုယ်များသည် သင်တို့၏ အခြေအနေများကို သည်းမခံနိုင်အောင် အကျည်းတန်ပြီး ညစ်ညူးသော နတ်ဆိုးများအဖြစ် ထုတ်ဖော်ပြရင်း သင်တို့၏ အဝတ်အစားမှပင် ယိုစိမ့်သည့် တပ်မက်မှုဖြင့် အလွန်ပြည့်လှသည်ကို သင်တို့ မသိကြသလော။ ဤအရာကို သင်တို့သည် မည်သူမဆိုထက် သာ၍ ရှင်းလင်းစွာ သိကြသည်မှာ မှန်သည် မဟုတ်လော။ သင်တို့၏ စိတ်နှလုံးများ၊ သင်တို့၏ မျက်စိများ၊ သင်တို့၏ နှုတ်ခမ်းများ- ၎င်းတို့အားလုံးကို ညစ်ညူးသော နတ်ဆိုးများက ညစ်ညမ်းစေပြီး ဖြစ်သည် မဟုတ်လော။ သင်၏ ဤအစိတ်အပိုင်းများသည် ညစ်ညူးကြသည် မဟုတ်လော။ သင် မပြုမူသရွေ့ အသန့်ရှင်းဆုံး ဖြစ်သည်ဟု သင် ထင်သလော။ လှပသော အဝတ်အစားများကို ဝတ်ဆင်ခြင်းက သင်တို့၏ ယုတ်ညံ့သော ဝိညာဉ်များကို ဖုံးကွယ်နိုင်သည်ဟု သင် ထင်သလော။ ယင်းက အလုပ်ဖြစ်မည် မဟုတ်။ သာ၍ လက်တွေ့ကျရန် သင်တို့ကို ငါ အကြံပေး၏။ အယောင်မဆောင်၊ ဟန်မဆောင်နှင့်၊ ပြီးလျှင် မိမိတို့ကိုယ်ကိုယ် ပြစားဝင့်ဝါခြင်း မရှိနှင့်။ သင်တို့သည် အချင်းချင်း သင်တို့၏ တပ်မက်မှုကို ကြွားလုံးထုတ်ကြသည်၊ သို့သော် အပြန်အလှန်အားဖြင့် သင်တို့ ရရှိမည့်အရာမှာ ထာဝရ ဆင်းရဲဒုက္ခခံစားခြင်းနှင့် ရက်စက်သော ပြစ်တင်ဆုံးမခြင်းသာ ဖြစ်သည်။ သင်တို့ အချင်းချင်း မျက်စပစ်ဖို့နှင့် စိတ်ကူးယဉ်ချစ်ဇာတ်လမ်းထဲ မွေ့လျော်ဖို့ အဘယ်လိုအပ်သနည်း။ ဤသည်မှာ သင်တို့၏ ဂုဏ်သိက္ခာ အတိုင်းအဆ၊ သင်တို့၏ တည်ကြည်မှု အတိုင်းအတာလော။ သင်တို့ထဲမှ မကောင်းသော ဆေးနှင့် နတ်ဝိဇ္ဇာအတတ်တို့တွင် ပါဝင်ပတ်သက်သူများကို ငါ စက်ဆုပ်၏။ သင်တို့အထဲတွင် မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိကို ချစ်သော ငယ်ရွယ်သည့် ယောက်ျားများနှင့် မိန်းမများကို ငါ စက်ဆုပ်၏။ ယခု သင်တို့ကို ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်ဖို့ သတ်မှတ်ထားပြီး သင်တို့၏ တပ်မက်မှုကို သင်တို့အား ကြွားလုံးထုတ်ခွင့် မပြုထားသောကြောင့် သင်တို့ မိမိကိုယ်ကိုယ် ချုပ်တည်းပါက ပိုကောင်းပေမည်- သို့တိုင် သင်တို့၏ ဇာတိပကတိသည် အလွန်ပေါများပြီး သင်တို့၏ တပ်မက်မှုက အလွန်ကြီးမားသည့်အတွက် သင်တို့သည် ရရှိနိုင်သော အခွင့်အရေးတိုင်းကို အရယူကြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)

(၁၂၆) ၎င်းတို့၏ ဇာတိပကတိကိုသာ စဉ်းစားသူနှင့် ဇိမ်ခံစရာကို မွေ့လျော်သောသူများ၊ ယုံကြည်သည်ဟု ထင်ရသော်လည်း အမှန်တကယ် မယုံကြည်သူများ၊ မကောင်းသောဆေးနှင့် နတ်ဝိဇ္ဇာအတတ်၌ ပါဝင်ပတ်သက်သူများ၊ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံကာ စုတ်ဖွာပြီး စုတ်ပြတ်နေသူများ၊ ယေဟောဝါထံ ယဇ်ပူဇော်မှုများနှင့် သူ၏ ပိုင်ဆိုင်မှုများကို ခိုးယူသောသူများ၊ တံစိုးလက်ဆောင်များကို နှစ်သက်သောသူများ၊ ကောင်းကင်သို့ တက်ကြွရန် အလဟဿ အိပ်မက်မက်နေသူများ၊ မာန်မာနထောင်လွှားပြီး စိတ်ကြီးဝင်သူများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာအတွက်သာ ကြိုးပမ်းကြသူများ၊ ရိုင်းပျသော စကားများကို ဖြန့်ဖြူးသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ပြစ်မှားစော်ကားသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ဝေဖန်မှုများပြုပြီး အသရေပျက်အောင် လုပ်ကြံပြောဆိုသည်မှလွဲ၍ ဘာမျှမလုပ်ဆောင်သောသူများ၊ အုပ်စုများဖွဲ့ပြီး လွတ်လပ်မှုကို ရှာဖွေသောသူများ၊ ဘုရားသခင်ထက် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သောသူများ၊ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့မှု၌ မိနေသည့် ပေါ့ပျက်ပျက် လူငယ်၊ သက်လတ်ပိုင်းနှင့် သက်ကြီး အမျိုးသားများနှင့် အမျိုးသမီးများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာ၌ မွေ့လျော်ပြီး အခြားအရာများအပြင် ပုဂ္ဂိုလ်ရေး အဆင့်အတန်းနောက် လိုက်သူများ၊ အပြစ်၌ ပိတ်မိနေသည့် နောင်တမရသော လူများ- ၎င်းတို့ အားလုံးသည် ကယ်တင်မရသောသူများ ဖြစ်ကြသည်မဟုတ်လော။ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း၊ အပြစ်နှင့်ပြည့်ခြင်း၊ မကောင်းသောဆေး၊ နတ်ဝိဇ္ဇာအတတ်၊ ရိုသေလေးမြတ်မှုမရှိသော အပြုအမူနှင့် ရိုင်းပျသော စကားများအားလုံးသည် သင်တို့ကြားတွင် သောင်းကျန်းနေ၏။ ပြီးလျှင် သမ္မာတရားနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များသည် သင်တို့အလယ်တွင် နင်းချေခံရကြပြီး သန့်ရှင်းသော ဘာသာစကားသည် သင်တို့ကြားတွင် ညစ်ညမ်းလေသည်။ အညစ်အကြေးနှင့် မနာခံမှုတို့ဖြင့် ပွထနေသည့် အသင် တပါးအမျိုးသားတို့။ သင်တို့၏ နောက်ဆုံး ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဇာတိပကတိကို နှစ်သက်သူ၊ ဇာတိပကတိနှင့်ဆိုင်သည့် နတ်ဝိဇ္ဇာအတတ်ကို ကျူးလွန်သောသူနှင့် လိင်ကိစ္စ၌ ကိုယ်ကျင့်သိက္ခာမဲ့သည့် အပြစ်တွင် မိနေသောသူတို့သည် အဘယ်သို့ ဆက်လက်ရှင်သန်ဖို့ ရဲတင်းနိုင်သနည်း။ သင်တို့ကဲ့သို့သော လူတို့သည် ကယ်တင်မရသည့် လောက်ကောင်များ ဖြစ်ကြသည်ကို သင် မသိသလော။ ဟိုဟို သည်သည် တောင်းဆိုဖို့ မည်သည့်အရာက သင့်ကို အခွင့်ရှိစေသနည်း။ ယနေ့ထိ၊ သမ္မာတရားကို မနှစ်သက်သောသူနှင့် ဇာတိပကတိကိုသာ ချစ်သောသူတို့၌ ပြောင်းလဲမှု စိုးစဉ်းမျှ မရှိလေပြီ- ထိုသို့သော လူတို့သည် အဘယ်သို့ ကယ်တင်ခံရနိုင်အံ့နည်း။ အသက်လမ်းခရီးကို မနှစ်သက်သောသူ၊ ဘုရားသခင်ကို ချီးမြှောက်ခြင်း မရှိသကဲ့သို့ သူ့ကို သက်သေမခံသောသူ၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းအဖို့ လျှို့ဝှက်ကြံစည်သောသူ၊ မိမိတို့ကိုယ်ကိုယ် ထောမနာပြုသောသူများ- ၎င်းတို့သည် ယနေ့တွင်ပင် ဤအတိုင်း ရှိနေသေးသည် မဟုတ်လော။ ၎င်းတို့ကို ကယ်တင်ရာတွင် အဘယ်တန်ဖိုး ရှိသနည်း။ သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင် မည်မျှဝါရင့်သည် သို့မဟုတ် နှစ်ပေါင်းမည်မျှ သင် အလုပ်လုပ်နေခဲ့ပြီး ဖြစ်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိပေ၊ သင့်တော်သော အရည်အချင်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင် မည်မျှတည်ဆောက်ပြီးပြီဆိုသည့်အပေါ် သာ၍ပင် မူတည်ခြင်းမရှိပေ။ ယင်းထက်၊ ထိုအရာသည် သင်၏လိုက်စားခြင်းက အသီးသီးခြင်း ရှိမရှိ ဆိုသည့်အပေါ် မူတည်လေသည်။ ကယ်တင်ခံရသူတို့သည် အသီးသီးသည့် “သစ်ပင်များ” ဖြစ်ပြီး၊ စိမ်းလန်းစိုပြေသော သစ်ရွက်များ၊ အလျှံပယ်သော ပန်းပွင့်များနှင့် ဖြစ်သော်လည်း မသီးပွင့်သည့် သစ်ပင်များ မဟုတ်သည်ကို သင် သိသင့်သည်။ လမ်းများတွင် နှစ်များစွာ လှည့်လည်သွားလာရင်း သင် အချိန်ကုန်ဆုံးပြီးဖြစ်လျှင်ပင်၊ ယင်းက မည်သည့်အရေးနည်း။ သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ ကြည်ညိုခြင်းသည် သင့်ကိုယ်သင် ချစ်ခြင်းနှင့် သင်၏ ရမ္မက်ကြီးသော ဆန္ဒများထက် များစွာ လျော့လေသည်- ဤကဲ့သို့သော လူမျိုးသည် အကျင့်ပျက်သော သူတစ်ဦး ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အဘယ်သို့ နမူနာနှင့် စံပုံစံ ဖြစ်နိုင်မည်နည်း။ သင်၏ သဘာဝဗီဇသည် ပြုပြင်မရ၊ သင်သည် အလွန်ပုန်ကန်လွန်းလှပြီး၊ သင့်ကို ကယ်တင်၍ ရနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူတို့သည် ပယ်ရှင်းခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ ငါ၏ အမှုပြီးစီးသည့် အချိန်သည် သင်၏ နောက်ဆုံးနေ့ရက် ရောက်ရှိသည့်အချိန် ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကြားတွင် အလွန်များလှစွာသော အမှုများကို ပြုပြီးဖြစ်ကာ အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးလေပြီ- ထိုအရာထဲမှ သင်တို့ အမှန်တကယ် မည်မျှနားဝင်ခဲ့သနည်း။ သင်တို့ မည်မျှ နာခံဖူးပါသနည်း။ ငါ၏ အမှုအဆုံးသတ်သည့်အခါ၊ ယင်းသည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်သည့်အချိန်၊ ငါ့ကို ဆန့်ကျင်ရပ်တည်ခြင်းအား သင် ရပ်တန့်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ အမှုပြုစဉ်၊ သင်တို့သည် စဉ်ဆက်မပြတ် ငါ့ကို ဆန့်ကျင်ပြုမူ၏။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဘယ်သောအခါမျှ မလိုက်နာကြ။ ငါ၏ အမှုကို ငါလုပ်ဆောင်ပြီး သင်သည် သင်၏ ကိုယ်ပိုင်နိုင်ငံငယ်ကို ဖန်တီးရင်း သင်၏ ကိုယ်ပိုင် “အလုပ်” ကို လုပ်သည်။ သင်တို့သည် ငါ့ကို အရာရာတွင် ငါ့ကို ဆန့်ကျင်နေသည့် မြေခွေးများနှင့် ခွေးများ တစ်အုပ်သာဖြစ်သည်။ ၎င်းတို့၏ မဆုတ်မနစ်သော ချစ်ခြင်းမေတ္တာကို သင့်အား ပေးသောသူတို့ကို ထွေးပိုက်ရန် သင်တို့ စဉ်ဆက်မပြတ် ကြိုးစားနေကြ၏- သင်တို့၏ ရိုသေမှုမှာ အဘယ်မှာနည်း။ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသော အရာဖြစ်သည်။ သင်တို့တွင် နာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသကဲ့သို့ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသောအရာနှင့် ပြစ်မှား စော်ကားသောအရာ ဖြစ်၏။ ထိုသို့သော လူတို့သည် ကယ်တင်ခံရ နိုင်သလော။ ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်ပြီး ကာမရာဂ စိတ်ပြင်းပြသော သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပျော်မွေ့ခြင်းအတွက် မြူဆွယ်တတ်သော မိန်းမပျက်တို့ကို မိမိတို့ထံ အစဉ်အမြဲ ဆွဲခေါ်လိုကြလေသည်။ ထိုသို့သော ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်သော မကောင်းဆိုးဝါးများကို ငါသည် လုံးဝ ကယ်တင် လိမ့်မည်မဟုတ်။ ညစ်ညူးသော မကောင်းဆိုးဝါးတို့၊ အသင်တို့ကို ငါ မုန်း၏၊ ပြီးလျှင် သင်၏ ကာမရာဂစိတ်ပြင်းပြမှုနှင့် မြူဆွယ်ခြင်းတို့သည် သင်တို့ကို ငရဲသို့ ထိုးဆင်းစေလတ္တံ့။ သင်တို့ကိုယ်သင်တို့ မည်သို့ ရှင်းပြမည်နည်း။ အသင် ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများတို့သည် ရွံ့ရှာဖွယ်ဖြစ်၏။ သင်တို့သည် စက်ဆုပ်ဖွယ် ဖြစ်၏။ ထိုသို့သော အမှိုက်သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ အပြစ်ထဲ၌ မိနေသည့် ၎င်းတို့သည် ကယ်တင်ခံရနိုင်သေးသလော။ ယနေ့၊ ဤသမ္မာတရား၊ ဤလမ်းခရီးနှင့် ဤအသက်တို့ကို သင်တို့ စိတ်မဝင်စားစေပေ။ ယင်းထက်၊ သင်တို့သည် အပြစ်နှင့်ပြည့်ဝခြင်း၊ ငွေ၊ ရပ်တည်ချက်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ဇာတိပကတိ၏ ပျော်မွေ့ခြင်း၊ အမျိုးသားများ၏ ချောမောခန့်ညားခြင်းနှင့် အမျိုးသမီးတို့၏ ဆွဲဆောင်မှုတို့ကို စိတ်ဝင်စားကြ၏။ ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန် သင်တို့ကို မည်သည့်အရာက အရည်အချင်းနှင့် ပြည့်မီစေသနည်း။ လူတို့ကြား သင်တို့၏ သိက္ခာကို မဆိုနှင့်ဦးတော့၊ သင်တို့၏ ပုံရိပ်သည် ဘုရားသခင်၏ ပုံရိပ်ထက်ပင် ကြီးမား၏၊ သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက်ပင် မြင့်မား၏- သင်တို့သည် လူတို့ကိုးကွယ်သည့် ရုပ်တုဆင်းတုများ ဖြစ်လာကြပေပြီ။ သင်သည် ကောင်းကင်တမန်မင်း ဖြစ်လာပြီ မဟုတ်လော။ ကယ်တင်ခြင်း အမှု အဆုံးသတ်ဖို့ နီးမည့်အချိန်လည်းဖြစ်သော လူတို့၏နိဂုံး ထုတ်ဖော်ပြခံရသည့် အချိန်တွင်၊ သင်တို့သည် ကယ်တင်မရသည့် အလောင်းကောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ပယ်ရှင်းခံရကြပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)

(၁၂၇) ယင်းမှာ လူသားများသည် မိမိတို့ကိုယ်ကိုယ် တန်ဖိုးမထားကြသောကြောင့် အသုံးမကျသော ကံဆိုးသူများဟု ဆိုနိုင်ပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ပင် မချစ်ဘဲ၊ ထိုအစား မိမိတို့ကိုယ်ကိုယ် နင်းခြေကြပါက၊ ဤသည်မှာ ၎င်းတို့၏ အသုံးမကျမှုကို ပြသည် မဟုတ်လော။ လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ် လှည့်စားကာ ကျူးလွန်ခြင်းခံရရန် မိမိကိုယ်ကိုယ် အခြားသူများထံ လိုလိုလားလား ပေးသော အကျင့်ပျက် အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်လျက်ပင် လူတို့သည် ၎င်းတို့ မည်မျှပင်နိမ့်ကျသည်ကို သတိမပြုမိဆဲ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သူတစ်ပါး၏ ထိန်းချုပ်မှုအောက်တွင် ထားလျက်၊ အခြားသူများအတွက် အလုပ်လုပ်ခြင်း၊ သို့မဟုတ် အခြားသူများနှင့် ပြောဆိုခြင်းတွင် ပျော်မွေ့ကြသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ ညစ်ညူးမှု အတိအကျ ဖြစ်သည် မဟုတ်လော။ ငါသည် လူသားမျိုးနွယ်အလယ် ဘဝတစ်ခုကို တွေ့ကြုံရခြင်း မရှိသေးသကဲ့သို့၊ လူ့ဘဝကို အမှန်တကယ် မတွေ့ကြုံရသေးသော်လည်း၊ ငါသည် လူသား ပြုလုပ်သည့် လှုပ်ရှားမှုတိုင်း၊ လုပ်ရပ်တိုင်း၊ စကားလုံးတိုင်း၊ ရည်ရွယ်လုပ်ဆောင်ချက်တိုင်းနှင့်ဆိုင်သော အလွန်ရှင်းလင်းသည့် သိနားလည်မှုကို ရရှိကြပြီး ဖြစ်သည်။ ငါသည် လူသားများအား ၎င်းတို့၏ ကိုယ်ပိုင် လျှို့ဝှက်ကြံစည်မှုကို ထုတ်ဖော်မပြမဝံ့တော့သည်အထိ သို့မဟုတ် ၎င်းတို့၏ တပ်မက်ခြင်းကို အလျှော့မပေးဝံ့တော့သည်အထိ ၎င်းတို့၏ အနက်ရှိုင်းဆုံးသော အရှက်ကိုပင် ငါဖော်ထုတ်နိုင်၏။ ၎င်း၏အခွံထဲသို့ ပြန်ဝင်သွားသော ပက်ကျိများကဲ့သို့၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျည်းတန်သော အခြေအနေများကို မဖော်ထုတ်ဝံ့တော့ပေ။ လူသားများသည် မိမိတို့ကိုယ်ကိုယ် မသိကြသောကြောင့်၊ ၎င်းတို့၏ အကြီးမားဆုံးအပြစ်အနာအဆာမှာ ၎င်းတို့၏ အကျည်းတန်သော မျက်နှာများကို ကြွားဝါရင်း၊ အခြားသူများရှေ့တွင် ၎င်းတို့၏ ဆွဲဆောင်မှုများကို ထုတ်ပြဖို့ လိုလားမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်အရွံရှာဆုံးသော အရာတစ်ခုဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အကြား ဆက်နွှယ်မှုများသည် မူမမှန်သကဲ့သို့၊ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် ပုံမှန်ဆက်ဆံရေး ရှိဖို့မဆိုထားနှင့်၊ လူတို့ကြားတွင်ပင် ပုံမှန်အချင်းချင်း ဆက်ဆံရေးများ မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၄)

(၁၂၈) လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ ဒုစရိုက်ကိုပြုသူအချို့ကို ၎င်းတို့ အဘယ်ကြောင့် မကောင်းမှုပြုကြသည်ကို သင်မေးပါက၊ သူတို့က “လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်” ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း၊ ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင် အကျိုးအတွက်သာ အသက်ရှင်သင့်ပြီး၊ အစားအစာနှင့် ကောင်းမွန်သော အဝတ်အစားအတွက် ရာထူးကောင်းတစ်နေရာ ရရှိရန် သူတို့ အရာရာကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်သည်ဟု အယောက်တိုင်းက ထင်မှတ်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။ စာတန်ပြုသမျှအရာတိုင်းမှာ ၎င်းအတွက်သာပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်ထက် သာလွန်ရန်၊ ဘုရားသခင်ထံမှ လွတ်မြောက်ကင်းကွာရန်၊ ၎င်းကိုယ်တိုင် တန်ခိုးကိုင်စွဲရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခြင်း အားလုံးကို ပိုင်ဆိုင်ရန် ဆန္ဒရှိသည်။ ထို့ကြောင့် လူသား၏ သဘာဝဗီဇသည် စာတန်၏ သဘာဝဗီဇဖြစ်သည်။ အမှန်တွင် လူများစွာတို့၏ ဆောင်ပုဒ်များသည် ၎င်းတို့၏ သဘာဝကို ကိုယ်စားပြုပြီး ထင်ဟပ်နိုင်၏။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ရန် မည်သို့ ကြိုးစားပါစေ၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် ပြောသမျှတိုင်းတွင်၊ ၎င်းတို့ မည်သူဖြစ်သည်ကို မဖုံးကွယ်နိုင်ကြ။ အမှန်တရားကို ဘယ်သောအခါမျှ မပြောဘဲ ဟန်ဆောင်ကောင်းသောသူ အချို့ရှိ၏၊ သို့သော် အခြားသူများက ၎င်းတို့နှင့် တစ်ခဏကြာ အပြန်အလှန် ဆက်ဆံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ လှည့်ဖြားတတ်သော သဘာဝနှင့် လုံးဝ မရိုးဖြောင့်မှုကို မြင်တွေ့ရပေသည်။ နောက်ဆုံးတွင် အခြားသူတို့သည် အောက်ပါ ကောက်ချက်ကို ချကြလေသည်- ထိုလူသည် ဘယ်သောအခါမျှ မှန်သည့်စကား တစ်လုံးကို မပြောသကဲ့သို့ လှည့်ဖြားတတ်၏။ ဤထွက်ဆိုချက်သည် လူတစ်ဦး၏ သဘာဝကဲ့သို့သောအရာကို ကိုယ်စားပြုပေသည်။ ယင်းသည် ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့်ဆိုင်သော အကောင်းဆုံး သာဓကနှင့် သက်သေ ဖြစ်၏။ ၎င်းတို့၏ ဘဝဒဿနမှာ မည်သူ့ကိုမျှ အမှန်တရား မပြောရန်ဖြစ်သည့်အပြင်၊ မည်သူ့ကိုမျှလည်း မယုံကြည်ရန် ဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝတွင် ဤအတွေးအခေါ် အမြောက်အမြား ပါဝင်သည်။ သင်သည် တစ်ခါတစ်ရံ သင်ကိုယ်တိုင် ယင်းကို သတိပင်မထားမိသကဲ့သို့ နားမလည်ပေ၊ သို့သော် သင့်ဘဝ၏ တဒင်္ဂတိုင်းသည် ယင်းအပေါ် အခြေခံလေသည်။ ထို့အပြင် ဤအတွေးအခေါ်မှာ အတော်အတန် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်ကာ လုံးဝ မမှားယွင်းဟု သင်ထင်သည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်သည် လူတို့၏ သဘာဝ ဖြစ်လာပြီးဖြစ်ကာ၊ ၎င်းတို့သည် ယင်းကို စိုးစဉ်းမျှ တွန်းလှန်ခြင်းမရှိဘဲ၊ ယင်းနှင့်လုံးဝအညီ အသက်ရှင်နေကြသည်ကို ပြသရန် လုံလောက်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကို စဉ်ဆက်မပြတ် ထုတ်ဖော်နေကြပြီး၊ ကဏ္ဍအားလုံးတွင် ၎င်းတို့သည် စာတန်၏ အတွေးအခေါ်အားဖြင့် ဆက်လက် အသက်ရှင်ကြလေသည်။ စာတန်၏ သဘာဝသည် လူသားမျိုးနွယ်၏ အသက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

(၁၂၉) လူသား၏ သဘာဝဗီဇသည် ငါ၏ အနှစ်သာရနှင့် အတော်အတန် ကွဲပြား၏။ အဘယ်ကြောင့်ဆိုသော် လူသား၏ ဖောက်ပြန်ပျက်စီးသော သဘာဝမှာ စာတန်ထံမှ လုံးလုံးလျားလျား အစပြုသည့်အတွက်၊ လူသား၏ သဘာဝဗီဇသည် စာတန်၏ စီမံပြုပြင်ခြင်းခံရပြီး ဖျက်ဆီးခြင်းခံရသည့်အတွက် ဖြစ်၏။ ယင်းမှာ လူသားသည် စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှု၏ လွှမ်းမိုးမှုအောက် အသက်ရှင်ခြင်းဖြစ်သည်။ လူသားသည် သမ္မာတရား၏ လောက သို့မဟုတ် သန့်ရှင်းသော ပတ်ဝန်းကျင် တစ်ခုထဲတွင်ပင် မကြီးပြင်းပေ၊ ထို့အပြင် အလင်းထဲတွင် အသက်ရှင်ခြင်း သာ၍ပင် မရှိပေ။ ထို့ကြောင့်၊ မည်သူမဆိုသည် မွေးဖွားခြင်း အခိုက်အတန့်မှ ၎င်းတို့၏ သဘာဝဗီဇအတွင်းတွင် သမ္မာတရားကို ပိုင်ဆိုင်ဖို့မှာ မဖြစ်နိုင်သကဲ့သို့၊ မည်သူမဆို ဘုရားသခင်ကို ကြောက်ရွံ့ပြီး နာခံသော အနှစ်သာရတစ်ခုဖြင့် မွေးဖွားဖို့ သာ၍ မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် ဘုရားသခင်ကို အာခံသည့်၊ ဘုရားသခင်ကို မနာခံသည့် သဘာဝဗီဇတစ်ခုရှိပြီး သမ္မာတရားအတွက် ချစ်ချင်းမေတ္တာ မရှိချေ။ ဤသဘာဝဗီဇသည် ငါ ဆွေးနွေးချင်သည့် ပြဿနာ- သစ္စာဖောက်ခြင်း- ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

(၁၃၀) ငါ့ကို အကြွင်းမဲ့ မနာခံနိုင်သော အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ့အပေါ် သစ္စာမစောင့်သိနိုင်သည့် အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ ငါ့ကို လှည့်ဖြားခြင်းနှင့် ငါ့ကို လှည့်စားရန် မုသားများကို သုံးခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ အယူအဆများစွာကို သိုထားခြင်းနှင့် ထိုအယူအဆများကို နေရာအနှံ့တွင် ဖြန့်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ၏ သက်သေခံချက်များနှင့် အကျိုးစီးပွားများကို မထိန်းသိမ်းနိုင်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ စိတ်နှလုံးထဲ၌ ငါနှင့် ဝေးကွာချိန်တွင် ဟန်ဆောင်အပြုံးများ ပြုံးပြခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ဤအရာများအားလုံးသည် သင်တို့ အမြဲလုပ်နိုင်စွမ်းရှိခဲ့သည့် သစ္စာဖောက်ခြင်း လုပ်ရပ်များဖြစ်ပြီး၊ ၎င်းတို့သည် သင်တို့ကြားတွင် မဆန်းတော့ပေ။ သင်တို့ထဲမှ မည်သူမျှက ဤအရာကို ပြဿနာတစ်ခုအဖြစ် ထင်ကြမည် မဟုတ်နိုင်သော်လည်း၊ ငါ တွေးထင်သည်မှာ ဤသို့မဟုတ်ပေ။ ငါသည် ငါ့အပေါ် လူတစ်ဦး၏ သစ္စာဖောက်ခြင်းအား အရေးမကြီးသော ကိစ္စတစ်ခုအဖြစ် သဘောမထားနိုင်သကဲ့သို့၊ ထိုအရာကို ဧကန်မုချ ငါ လျစ်လျူမရှုနိုင်။ ယခုတွင် ငါသည် သင်တို့အလယ် အလုပ်လုပ်သည့်အချိန်တွင်၊ သင်တို့သည် ဤနည်းဖြင့် ပြုမူကြ၏- သင်တို့ကို စောင့်ရှောက်မည့်သူ တစ်ဦးမျှမရှိသည့် နေ့ရောက်လာပါက၊ သင်တို့သည် မိမိတို့၏ တောင်သေးလေးများ၏ ရှင်ဘုရင်များအဖြစ် မိမိတို့ကိုယ်ကိုယ် ကြွေးကြော်ခဲ့ကြသည့် ဓားပြများကဲ့သို့ ဖြစ်ကြလိမ့်မည် မဟုတ်လော။ ထိုသို့ ဖြစ်ပျက်ပြီး ကပ်ဘေးတစ်ခုကို သင်တို့ ဖြစ်စေသည့်အခါ၊ သင့်နောက်တွင် ရှင်းလင်းဖို့ မည်သူ ရှိလိမ့်မည်နည်း။ အချို့သော သစ္စာဖောက်သည့် လုပ်ရပ်များသည် သင်တို့၏ ထပ်တလဲလဲ ဖြစ်သော အပြုအမူမဟုတ်ဘဲ၊ ရံဖန်ရံခါဖြစ်တတ်သော ဖြစ်ရပ်များမျှသာ ဖြစ်ပြီး၊ သင်တို့၏ မာနကို ထိခိုက်သည့်နည်းလမ်းဖြင့် ထိုသို့ ပြင်းပြင်းထန်ထန် ဆွေးနွေးဖို့ မထိုက်တန်ဟု သင်တို့ ထင်ကြသည်။ သင်တို့သည် ထိုသို့အမှန်တကယ် တွေးထင်ပါက၊ သင်တို့သည် အသိစိတ်မဲ့ကြပေသည်။ ထိုသို့တွေးခြင်းသည် ပုန်ကန်မှု၏ နမူနာနှင့် ပုံစံတစ်ခု ဖြစ်သည်။ လူသား၏ သဘာဝသည် သူ၏အသက် ဖြစ်သည်။ ယင်းသည် သူ ရှင်သန်ဖို့ အားထားသည့် စည်းမျဉ်းတစ်ခု ဖြစ်ပြီး၊ ယင်းကို သူ မပြောင်းလဲနိုင်ပေ။ သစ္စာဖောက်ခြင်း၏ သဘောသဘာဝကို နမူနာအဖြစ် ကြည့်လော့။ သင်သည် ဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ဦးကို သစ္စာဖောက်ဖို့ တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ပါက၊ ယင်းသည် သင့်ဘဝ၏ အစိတ်အပိုင်းဖြစ်ပြီး မွေးရာပါ သဘာဝ ဖြစ်သည်ကို သက်သေပြပေသည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့် အရာတစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)

(၁၃၁) မည်သူမဆို မိမိတို့၏ စစ်မှန်သော သွင်ပြင်ကို ကိုယ်စားပြုဖို့ မိမိတို့၏ ကိုယ်ပိုင် စကားများနှင့် လုပ်ရပ်များကို အသုံးပြုနိုင်၏။ ဟုတ်ပေ၏၊ ဤစစ်မှန်သော သွင်ပြင်သည် ၎င်းတို့၏ သဘာဝ ဖြစ်သည်။ သင်သည် ဝေ့လည်ကြောင်ပတ် နည်းလမ်းဖြင့် စကားပြောသူ ဖြစ်ပါက၊ သင်သည် ကွေ့ကောက်သော သဘာဝ ရှိ၏။ သင်၏သဘာဝသည် ကောက်ကျစ်စဉ်းလဲပါက၊ သင်သည် လှည့်ဖြားတတ်သော နည်းလမ်းဖြင့် ပြုမူပြီး အခြားသူများအနေဖြင့် သင်၏ လှည့်ဖြားမှုကို ခံရဖို့ အလွန် လွယ်ကူစေသည်။ သင်၏ သဘာဝသည် အလွန်ယုတ်မာပါက၊ သင်၏စကားများသည် နားဝင်ချိုလိမ့်မည် ဖြစ်သော်လည်း၊ သင့်အပြုအမူများသည် သင်၏ ယုတ်မာသော လှည့်ကွက်များကို မဖုံးကွယ်နိုင်ပေ။ သင်၏သဘာဝသည် ပျင်းရိပါက၊ သင် ပြောသမျှအားလုံးသည် သင်၏ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းနှင့် ပျင်းရိမှုအတွက် တာဝန်ယူမှုကို ခေါင်းရှောင်ရန်သာ ရည်ရွယ်သည်။ ပြီးလျှင် သင်၏ လုပ်ရပ်များသည် နှေးကွေးကာ ဝတ်ကျေတမ်းကျေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ဖုံးကွယ်ရာတွင် အတော်အတန် ကျွမ်းကျင်လိမ့်မည်။ သင်၏သဘာဝသည် စာနာတတ်ပါက၊ သင်ပြောသော စကားသည် အကျိုးသင့် အကြောင်းသင့် ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုပ်ဆောင်ချက်များသည်လည်း သမ္မာတရားနှင့် ကောင်းစွာ ကိုက်ညီလိမ့်မည်။ သင်၏သဘာဝသည် သစ္စာရှိပါက၊ သင်၏စကားများသည် ဧကန်မုချ ရိုးသားစစ်မှန်ပြီး သင် လုပ်ဆောင်ပုံသည် သင်၏ သခင်ကို မသက်မသာ ဖြစ်စေနိုင်မည့် မည်သည့်အရာမဆိုနှင့် ကင်းရှင်းလျက် အခြေခိုင်ပေသည်။ သင်၏သဘာဝသည် ရာဂစိတ်ပြင်းထန်ပါက သို့မဟုတ် ငွေကို တပ်မက်ခြင်းရှိပါက၊ သင်၏စိတ်နှလုံးသည် ဤအရာများဖြင့် မကြာခဏ ပြည့်နှက်နေလိမ့်မည်ဖြစ်ကာ၊ သင်သည် လူတို့ ပေါ့ပေါ့တန်တန် မေ့ပျောက်မည် မဟုတ်သကဲ့သို့၊ လူတို့ကို စက်ဆုပ်ရွံရှာစေမည့် စံသွေပြီး အကျင့်ပျက်သော လုပ်ဆောင်ချက်များကို အမှတ်တမဲ့ ကျူးလွန်မိလိမ့်မည်။ ငါပြောခဲ့သည့်အတိုင်းပင်၊ သင်သည် သစ္စာဖောက်တတ်သော သဘာဝရှိပါက၊ ထိုသဘာဝမှ သင့်ကိုယ်သင် မည်သည့်အခါမျှ မလွတ်မြောက်စေနိုင်ပေ။ သင်သည် အခြားသူများအပေါ် အမှားမကျူးလွန်ဖူးပါက၊ သင်၌ သစ္စာဖောက်တတ်သော သဘာဝ မရှိဟူ၍ ကံကို မကိုးစားနှင့်။ သင်ဤသို့တွေးထင်ပါက၊ သင်သည် အကယ်ပင် ရွံစရာကောင်းပေသည်။ ငါပြောသည့် အကြိမ်တိုင်း၊ ငါ၏စကားများ အားလုံးသည် လူတစ်ဦး သို့မဟုတ် လူတစ်မျိုးကိုသာ မရည်ရွယ်ဘဲ၊ လူအားလုံးကို ရည်ရွယ်ပေသည်။ ကိစ္စတစ်ခု၌ ငါ့ကို သင် သစ္စာမဖောက်ခြင်းကြောင့်သာ အခြားမည်သည့်ကိစ္စတွင်မျှ ငါ့ကို သင် သစ္စာမဖောက်နိုင်ဟု သက်သေမပြပေ။ လူအချို့သည် ၎င်းတို့၏ အိမ်ထောင်ရေးထဲက ဆုတ်ဆိုင်းမှုများ အတောအတွင်းတွင် သမ္မာတရားကို ရှာဖွေရာ၌ ၎င်းတို့၏ ယုံကြည်မှုစိတ်ချမှု ပျောက်ဆုံးကြသည်။ လူအချို့သည် မိသားစု ပြိုကွဲသည့် အတောအတွင်းတွင် ငါ့ကို သစ္စာရှိဖို့ ၎င်းတို့၏ တာဝန်ကို စွန့်လွှတ်ကြသည်။ လူအချို့သည် တဒင်္ဂ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို ရှာရန် ငါ့ကို စွန့်ပစ်ကြသည်။ လူအချို့မှာ အလင်းတွင် အသက်ရှင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၌ မွေ့လျော်ခြင်းကို ရရှိသည်ထက် မှောင်မိုက်သော လျှိုထဲ ကျဆင်းလိုကြသည်။ လူအချို့သည် မိမိတို့၏ ကြွယ်ဝချမ်းသာမှုကို တပ်မက်မောခြင်းကို ဖြည့်ဆည်းဖို့အတွက် မိတ်ဆွေများ၏ အကြံပြုချက်ကို လျစ်လျူရှုကြပြီး၊ ယခုပင်လျှင် ၎င်းတို့၏ အမှားများကို ဝန်မခံနိုင်ကြသကဲ့သို့၊ ၎င်းတို့၏ လမ်းကြောင်းကို မပြောင်းလဲနိုင်ကြပေ။ လူအချို့သည် ငါ၏ကွယ်ကာမှုကို ရရှိရန်အလို့ငှာ ငါ့နာမအောက်တွင် ခဏတစ်ဖြုတ် အသက်ရှင်ကြစဉ်တွင်၊ အခြားသူတို့မှာ အသက်ကို ဖက်တွယ်ပြီး သေခြင်းကို ကြောက်ရွံ့ကြသောကြောင့် မတတ်သာ၍ ငါ့ထံ အနည်းငယ်မျှသာ ဆက်ကပ် အပ်နှံကြလေသည်။ ဤအရာများနှင့် အခြားသော အကျင့်ပျက်သည့်အပြင် သိက္ခာမဲ့သော လုပ်ရပ်များသည် လူတို့ ၎င်းတို့ စိတ်နှလုံး အတွင်းနက်ရှိုင်းသော နေရာထဲတွင် အချိန်ကြာမြင့်စွာကတည်းက ငါ့ကို သစ္စာဖောက်ကြပြီးဖြစ်သည့် အပြုအမူများ ဖြစ်သည် မဟုတ်လော။ ဟုတ်ပေ၏၊ လူတို့သည် ငါ့ကို သစ္စာဖောက်ဖို့ ကြိုတင်မစီစဉ်ကြသည်ကို ငါ သိ၏။ ၎င်းတို့၏ သစ္စာဖောက်ခြင်းသည် ၎င်းတို့၏ သဘာဝဗီဇ၏ သဘာဝအလျောက် ဖော်ပြချက်ဖြစ်သည်။ မည်သူမျှ ငါ့ကို သစ္စာမဖောက်လိုကြသကဲ့သို့၊ ငါ့ကို သစ္စာဖောက်ဖို့ တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့သောကြောင့် မည်သူမျှ မပျော်ရွှင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့သည် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကြသည် မဟုတ်လော။ ထို့ကြောင့် ဤသစ္စာဖောက်မှုများကို မည်သို့ အဖတ်ဆယ်ကြမည်ဆိုသည်နှင့် လက်ရှိအခြေအနေကို မည်သို့ ပြောင်းလဲမည်ဆိုသည်ကို သင်တို့ တွေးနေကြသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)

(၁၃၂) သင်တို့သည် ရွှံ့မြေမှ ဖယ်ထုတ်ခြင်းကို ခံခဲ့ကြရပြီး၊ မည်သို့ပင်ဖြစ်ပါစေ၊ သင်တို့သည် အနည်အနှစ်မှ ရွေးချယ်ခြင်း ခံခဲ့ရသည့် ညစ်ညမ်းကာ ဘုရားသခင် မုန်းတီးသော အရာဖြစ်ခဲ့ကြလေသည်။ သင်တို့သည် စာတန်နှင့် သက်ဆိုင်ခဲ့ကြပြီး တစ်ချိန်က နင်းခြေခံခဲ့ရပြီး ၎င်း၏ စွန်းထင်းစေခြင်းကို ခံခဲ့ကြရသည်။ ယင်းမှာ သင်တို့သည် ရွှံ့မြေမှ ဖယ်ထုတ်ခြင်းကို ခံခဲ့ကြရပြီး၊ သန့်ရှင်းနေဖို့ အလှမ်းဝေးလျက် ယင်းအစား အချိန်ကြာမြင့်စွာ စာတန်၏ လိမ်လည်လှည့်စားမှု ခံခဲ့ရသည့် လူသားမဟုတ်သည့်အရာများ ဖြစ်ကြသည်ဟု ဆိုရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ သင်တို့နှင့်သက်ဆိုင်သည့် အသင့်လျော်ဆုံးသော ချင့်ချိန်ဆုံးဖြတ်ချက် ဖြစ်သည်။ သင်တို့ထံမှ ပျော်ရွှင်မှုပေးသည့် မည်သည့်အရာမျှ မရရှိနိုင်သည့်အတွက်၊ သင်တို့သည် ငါးနှင့်ပုစွန်များကဲ့သို့ လိုချင်စဖွယ်ဖြစ်သော ဖမ်းမိသည့်အရာများနှင့် တခြားစီဖြစ်လျက်၊ မူလက ရေပုပ်နှင့် ရွှံ့မြေထဲတွင် တွေ့ရှိရသော အညစ်အကြေးများ ဖြစ်ခဲ့ကြသည်ကို သိဖို့လိုအပ်၏။ တဲ့တိုးပြောရမည်ဆိုပါက၊ သင်တို့သည် ဝက်များနှင့် ခွေးများထက် ဆိုးရွားသည့်၊ နိမ့်ကျသော လူ့အဖွဲ့အစည်း၏ အဆင့်အနိမ့်ကျဆုံးသော သားရဲများ ဖြစ်ကြပေသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက၊ သင်တို့အား ထိုသို့သော ဝေါဟာရများဖြင့် ခေါ်ဝေါ်ရန်မှာ ပုံကြီးချဲ့ခြင်း မဟုတ်သကဲ့သို့ ချဲ့ကားပြောဆိုခြင်းလည်း မဟုတ်ပေ။ ထို့ထက် ယင်းသည် ပြဿနာကို ရိုးရှင်းလွယ်ကူစေ၏။ သင်တို့အား ထိုသို့သော ဝေါဟာရများဖြင့် ခေါ်ဝေါ်ခြင်းသည် သင်တို့ကို အရိုအသေပေးသည့် နည်းလမ်းတစ်ခုဟုပင် ဆိုနိုင်မည်ဖြစ်သည်။ လူသားများအဖြစ် သင်တို့၏ ထိုးထွင်းသိမြင်မှု၊ စကား၊ အပြုအမူနှင့် ရွှံ့မြေထဲမှ သင်တို့၏ အဆင့်အတန်းအပါအဝင် သင်တို့ အသက်တာ၏ ကဏ္ဍတိုင်းသည် သင်တို့၏ ကိုယ်ပိုင်လက္ခဏာမှာ “ထူးထူးခြားခြား” ဖြစ်သည်ကို သက်သေပြရန် လုံလောက်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသား၏ ပင်ကို ကိုယ်ပိုင်လက္ခဏာနှင့် ၎င်း၏ တန်ဖိုး- ထိုအရာများသည် အမှန်တကယ် မည်သည့်အရာများနှင့် တူပါသနည်း

(၁၃၃) လူသားမျိုးနွယ်သည် ငါ၏ရန်သူသာ ဖြစ်သည်...။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်ကာ မနာခံသည့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏ကျိန်ခြင်းခံထားရသော ဆိုးယုတ်သူ တစ်ဦး၏ သားသမီးသာ ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ့ကို သစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်သာ ဖြစ်သည်။ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာက ငါ၏ ပစ်ပယ်ခြင်း ခံခဲ့ရပြီး၊ ထိုအချိန်ကတည်းက ငါနှင့် မကျေအေးနိုင်သော ရန်သူဖြစ်ပြီးလေသည့် နတ်ဆိုး၏ အမွေအနှစ်သာ ဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးအထက်က ကောင်းကင်သည် ရှင်းလင်းပြတ်သားမှု အသွင် စိုးစဉ်းမျှမရှိဘဲ၊ နောက်ကျိကာ မှောင်မည်းပြီး၊ လူ့လောကထဲ အသက်ရှင်သောသူတစ်ဦးသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက်ကိုပင် မမြင်နိုင်ရန် သို့မဟုတ် သူ၏ ခေါင်းကို မော့သည့်အခါ နေကို မမြင်နိုင်ဖို့အလို့ငှာ၊ လူ့လောကသည် ပိန်းပိတ်အောင် မည်းမှောင်သည့် အမှောင်ထုထဲသို့ ထိုးဆင်းလေသည်။ ဗွက်ထူကာ ချိုင့်များထူပြောသည့် သူ၏ခြေအောက်က လမ်းသည် အကွေ့အကောက်ဖြင့် လှည့်ပတ်ကွေ့ကောက် သွားလေသည်။ မြေတစ်ပြင်လုံး အလောင်းကောင်များ ပြန့်ကျဲနေသည်။ မှောင်မည်းနေသော ထောင့်နေရာများသည် လူသေအလောင်းများဖြင့် ပြည့်နေပြီး၊ အေးစက်ပြီး မှောင်ရိပ်ကျနေသည့် ထောင့်နေရာများတွင် မကောင်းဆိုးဝါးတစ်သိုက် နေထိုင်ကြပြီး ဖြစ်သည်။ လူသားကမ္ဘာ၏ နေရာအနှံ့တွင် မကောင်းဆိုးဝါးများသည် အုံလိုက်ကျင်းလိုက် သွားလာနေကြသည်။ အညစ်အကြေးဖြင့် ဖုံးလွှမ်းလျက် သားရဲမျိုးစုံ၏ သားသမီးများသည် ပြင်းထန်သော အနီးကပ် တိုက်ပွဲ၌ ပိတ်မိနေကြသည်၊ ထိုတိုက်ပွဲ၏အသံသည် စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေ၏။ ထိုသို့သော အချိန်ကာလများတွင်၊ ထိုသို့သောလောကတစ်ခု၊ ထိုသို့သော “လောက ပရဒိသုဘုံ” တစ်ခုတွင်၊ ဘဝ၏ ကြီးစွာသော ဝမ်းမြောက်ခြင်းကို အဘယ်မှာ သွားရှာရမည်နည်း။ မိမိဘဝ၏ ခရီးပန်းတိုင်ကို ရှာတွေ့ရန် အဘယ်သို့ သွားနိုင်မည်နည်း။ စာတန်၏ ခြေအောက်၌ အချိန်ကြာမြင့်စွာက နင်းခြေခြင်းခံခဲ့ရသော လူသားမျိုးနွယ်သည် အစကတည်းက စာတန်၏ သဏ္ဌာန်ကို ဆောင်ထားသော သရုပ်ဆောင် ဖြစ်သည်- ထို့ထက်ပို၍ လူသားမျိုးနွယ်သည် စာတန်၏ ပြယုဂ်ဖြစ်ပြီး၊ စာတန်ကို သိသာထင်ရှားစွာ သက်သေခံသည့် သက်သေအထောက်အထားအဖြစ် အစေခံပေသည်။ ထိုသို့သော လူသားမျိုးနွယ်၊ ထိုသို့သော အကျင့်ပျက် လူဖျင်းတစ်သိုက်၊ ဤဖောက်ပြန်ပျက်စီးသည့် လူမိသားစု၏ ထိုသို့သော သားသမီးများသည် ဘုရားသခင်အဖို့ အဘယ်သို့ သက်သေခံနိုင်မည်နည်း။ ငါ၏ဘုန်းအသရေသည် အဘယ်ကလာသနည်း။ ငါ၏သက်သေကို မည်သည့်နေရာမှ စ၍ပြောဆိုနိုင်မည်နည်း။ အကြောင်းမှာ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေလျက် ငါ့ကိုဆန့်ကျင်သည့် ရန်သူသည် လူသားမျိုးနွယ်ကို- ကာလကြာမြင့်စွာက ငါဖန်ဆင်းခဲ့ပြီး ငါ၏ဘုန်းအသရေနှင့် ငါ၏အသက်ရှင်နေထိုင်ခြင်းတို့နှင့် ပြည့်နေခဲ့သည့် လူသားမျိုးနွယ်ကို- ယူဆောင်သွားနှင့်ပြီးဖြစ်ကာ ညစ်ပေစေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းသည် ငါ၏ဘုန်းအသရေကို လုယူသွားပြီးဖြစ်ကာ ၎င်းက လူသားကို ပြည့်ဝစေပြီးဖြစ်သည့်အရာ အားလုံးမှာ စာတန်၏ အကျည်းတန်မှုဖြင့် အလွန်အကျွံ ဖွဲ့နှောင်ထားသည့် အဆိပ်နှင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးမှ အရည်တို့ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ

(၁၃၄) ငါ့ရှေ့တွင် သင်တို့၏နှစ်ပေါင်းများစွာ အပြုအမူသည် ယခင်က ငါတစ်ကြိမ်တစ်ခါမျှ မရဖူးသော အဖြေကို ငါ့အား ပေးခဲ့ပြီး ဤအဖြေ၏ မေးခွန်းမှာ- “သမ္မာတရားနှင့် စစ်မှန်သော ဘုရားသခင် ရှေ့တွင် လူသား၏ သဘောထားသည် အဘယ်နည်း။” ဟူ၍ ဖြစ်သည်။ လူသားအဖို့ ငါဆက်ကပ်သော အားထုတ်မှုများသည် လူသားအတွက် ငါ၏ချစ်ခြင်းမေတ္တာ၏ အနှစ်သာရကို သက်သေပြပြီး၊ ငါ၏ရှေ့မှောက်က လူသား၏ လုပ်ရပ်တိုင်းသည် သမ္မာတရားအပေါ် ၎င်း၏ စက်ဆုပ်ရွံရှာမှုနှင့် ငါ့ကို ဆန့်ကျင်ခြင်းတို့၏ အနှစ်သာရကို သက်သေပြပေသည်။ အချိန်တိုင်း၊ ငါသည် ငါ့နောက်သို့ လိုက်သောသူ အားလုံးအတွက် စိတ်ပူပန်၏၊ သို့ရာတွင် ငါ့နောက်လိုက်သူများသည် ငါ၏နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လက်ခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ငါ၏အကြံပေးချက်များကိုပင် လက်မခံနိုင်ကြ။ ဤသည်မှာ ငါ့ကို အားလုံးထဲမှ ဝမ်းအနည်းစေဆုံးသော အရာ ဖြစ်သည်။ ငါ၏သဘောထားသည် စစ်မှန်ပြီး ငါ၏နှုတ်ကပတ်တော်များသည် နူးညံ့သော်လည်း၊ မည်သူမျှ ငါ့ကို နားမလည်နိုင်ဖူးကြသည့်အပြင်၊ ငါ့အား မည်သူမျှ လက်မခံနိုင်ဖူးကြပေ။ အယောက်တိုင်းသည် ၎င်းတို့အား ငါပေးအပ်သည့် အလုပ်ကို မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း လုပ်ဆောင်ဖို့ ကြိုးစားကြသည်။ ၎င်းတို့အား ငါ တောင်းဆိုသည့်အရာကို မေးမြန်းဖို့ မဆိုထားနှင့်၊ ငါ၏ ရည်ရွယ်ချက်များကို ၎င်းတို့ မရှာဖွေကြပေ။ ၎င်းတို့သည် ငါ့ကို ဆန့်ကျင်ပုန်ကန်ကြစဉ်တွင်၊ ငါ့ကို သစ္စာစောင့်သိစွာ အစေခံကြောင်း အခိုင်အမာဆိုကြသေး၏။ များစွာသောသူတို့သည် ၎င်းတို့ လက်မခံနိုင်သည့် သမ္မာတရားများ သို့မဟုတ် ၎င်းတို့ လက်တွေ့မကျင့်သုံးနိုင်သည့် သမ္မာတရားများသည် သမ္မာတရားများ မဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့သော လူသားများတွင်၊ ငါ၏သမ္မာတရားများသည် ငြင်းပယ်ခံရကာ ဘေးဖယ်ထားခံရသည့် အရာတစ်ခု ဖြစ်လာသည်။ တစ်ချိန်တည်းတွင်၊ ငါ့ကို ဘုရားသခင်အဖြစ် လူတို့သည် စကားဖြင့် အသိအမှတ်ပြုသော်လည်း၊ သမ္မာတရား၊ လမ်းခရီး သို့မဟုတ် အသက်မဟုတ်သည့် အပြင်လူတစ်ဦးအဖြစ်လည်း ငါ့ကို ယုံကြည်ကြလေသည်။ ဤအမှန်တရားကို မည်သူမျှ မသိပေ- ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ၎င်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ ကိုယ်တိုင်၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင်၊ မည်သည့်လူသားမျှ ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ၎င်းတို့၏မစမှုကို ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍၊ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ၊ ငါ၏ ရပ်တည်မှုသည်- အချိန်နှင့် အမှန်တရားများသည် ငါ၏ သက်သေဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို ပြသပါစေဟူ၍သာ ဖြစ်သည်။ ၎င်းတို့သည် ငါပြောသမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ဖြည့်ဆည်းထားသင့်သည့်အရာ ဖြစ်သည်၊ ထို့အပြင် လူသားက လက်ခံသင့်သည့်အရာဖြစ်သည်ကို ပြသပါစေ။ ငါ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးနိုင်သူများ၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို ရှာမတွေ့နိုင် သူများနှင့် ငါ၏နှုတ်ကပတ်တော်များကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်သူများသည် ငါ့နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချခြင်းခံ ရပြီးဖြစ်သည့်အပြင် ငါ၏ ကယ်တင်ခြင်းကို ဆုံးရှုံးပြီးသောသူများ ဖြစ်ကာ ငါ၏ တုတ်သည် ၎င်းတို့ထံမှ မည်သည့်အခါတွင်မျှ သွေဖည်မည် မဟုတ်ပေ- ဟူသည့် အမှန်တရားကို ငါ့နောက်လိုက်သော သူအားလုံးအား ငါ သိရှိစေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်

အောက်ခြေမှတ်စု(များ)-

က။ ကမ်းခြေသို့ ပြန်ဆိုက်- ဤသည်မှာ တရုတ်ဓလေ့သုံးစကားဖြစ်ပြီး “ဒုစရိုက်လမ်းများကို ကျောခိုင်းသည်” ဟု အဓိပ္ပာယ်ရ၏။

ခ။ မူရင်းစာသားတွင် “ဤနည်းအားဖြင့်” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- (က) လူသားမျိုးနွယ်ကို စာတန် မည်သို့ ဖောက်ပြန်ပျက်စီးစေပုံကို ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- (ဂ) ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘာသာရေး အယူအဆများ၊ အယူလွဲမှားမှုများ၊ အတွေးမှားခြင်းများတို့ကို ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သော နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။