၅၉၀ အရာခပ်သိမ်းတွင် ဘုရားသခင်၏ အလိုတော်ကို သင်ရှာဖွေရမည်

၁ လူတို့သည် ၎င်းတို့၏ အလုပ်တာဝန်များကို ဖြည့်ဆည်းရာ၌ အလျင်စလို ပြုသည်နှင့် တစ်ပြိုင်နက် သူတို့၌ မည်သို့တွေ့ကြုံခံစားရမည်ကို သိနားလည်ခြင်း ရပ်တန့်သွားသည်၊ အကြောင်းကိစ္စများနှင့် သူတို့ အလုပ်ရှုပ်လာ သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့၏ ဝိညာဉ်ရေးရာ အခြေအနေများ ဒုက္ခတွေ့လာပြီးလျှင် ပုံမှန်အနေအထားကို ထိန်းသိမ်းနိုင်စွမ်း သူတို့ ဆုံးရှုံးကြသည်။ ဤအရာမှာ အဘယ်သို့ ဤသို့ဖြစ်နိုင်သနည်း။ သေးငယ်သောအလုပ်တစ်ခု လုပ်ရန် သင့်ကိုတောင်းဆိုသည့်အခါ၊ သင်သည် မထိန်းနိုင်မသိမ်းနိုင် ပြင်းပြခြင်း၊ အကန့်အသတ်မရှိတော့ခြင်း၊ ဘုရားသခင်ကို ချဉ်းကပ်ရန် လိုလိုလားလား မရှိခြင်းနှင့် ဘုရားသခင်ထံမှ ကင်းကွာခြင်းတို့ ဖြစ်လာသည်။ ဤအရာက လူတို့သည် မည်သို့ တွေ့ကြုံခံစားရမည်ကို မသိကြောင်း သက်သေပြသည်။ သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အဘယ်ကြောင့် သင်လုပ်ဆောင်နေသည်၊ ဤအရာကို လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်က သင့်ကို ညွှန်ကြားသည်၊ ယင်းကို လုပ်ဆောင်ရာတွင် မည်သည့် အဓိပ္ပါယ်ရှိသည်ဆိုသည်၊ ထိုကိစ္စရပ်၏ သဘောသဘာဝမှာ မည်သည့်အရာဖြစ်သည်နှင့် သင်လုပ်ဆောင်နေသည့်အရာက အပြုသဘောဆောင်သည့်အရာ သို့မဟုတ် အပျက်သဘောဆောင်သည့်အရာ ဟုတ်မဟုတ် ဆိုသည်တို့ကို ဦးစွာပထမ သင်နားလည်သင့်၏။ ဤကိစ္စရပ်အားလုံးကို သင် ရှင်းရှင်းလင်းလင်း သိနားလည်ရမည်၊ ကိုယ်ကျင့်တရားနှင့် ပြုမူနိုင်ရန် ဤအရာက အတော်လေး လိုအပ်ပေသည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ တစ်စုံတစ်ရာကို သင်လုပ်ဆောင်နေပါက၊ သင် တွေးဆသင့်၏- ဤအရာကို ကျွန်ုပ် မည်သို့ လုပ်သင့်သနည်း။ ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်မနေဖို့ရန်အလို့ငှာ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် မည်သို့ ကောင်းစွာ ဖြည့်ဆည်းသင့်သနည်း။ ဤကိစ္စရပ်တွင် ဘုရားသခင်ထံ သင် တိုးဝင်ချဉ်းကပ်သင့်၏။

၂ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်းဟူသည်မှာ ဤကိစ္စရပ်တွင် သမ္မာတရားကို ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်းနှင့် ဘုရားသခင်ကို မည်သို့စိတ်ကျေနပ်စေရမည်ကို ရှာဖွေခြင်းတို့ ဖြစ်သည်။ ယင်းတွင် ဘာသာရေး အခမ်းအနားတစ်ခု သို့မဟုတ် အပြင်ပန်း လုပ်ရပ်တစ်ခု ဆောင်ရွက်ခြင်း မပါဝင်ပေ၊ ဘုရားသခင်၏ အလိုတော်အား ရှာဖွေပြီးနောက် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း ရည်ရွယ်ချက်အတွက် ယင်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းနေချိန် သို့မဟုတ် တစ်စုံတစ်ရာ လုပ်ဆောင်နေချိန်တွင်၊ သင် အမြဲ စဉ်းစားသင့်၏- ဤတာဝန်ကို ကျွန်ုပ် မည်သို့ ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။ ယင်းမှာ သင်လုပ်နေသည့် အရာမှတစ်ဆင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ဖို့ ဖြစ်သည်။ ပြီးလျှင်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်၏ လုပ်ရပ်များနောက်ကွယ်က အခြေခံသဘောတရားများနှင့် သမ္မာတရားအပြင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး သင် မည်သည့်အရာ လုပ်ဆောင် သည်ဖြစ်စေ ဘုရားသခင်ထံမှ လမ်းမလွဲဖို့ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည်သာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏။ ယနေ့အချိန်တွင် လူတို့သည် အမှုအရာများကို ကြုံလာတိုင်း သူတို့သည် ခေါင်းမာစွာပင် ရှေ့ဆက်တတ်ပြီး၊ ၎င်းတို့၏ တစ်ကိုယ်ရေ ကြံရွယ်ချက်များအတိုင်း ပြုမူကြသည်။ ထိုသို့သောလူတို့သည် ၎င်းတို့၏ နှလုံးသားများထဲ၌ ဘုရားသခင် မရှိပေ၊ ၎င်းတို့၏ နှလုံးသားများထဲ၌ ၎င်းတို့ကိုယ်တိုင်သာ ရှိပြီး၊ သူတို့ပြုသည့်အရာတိုင်း၌ သမ္မာတရားအား တကယ့်ကို လက်တွေ့မကျင့်သုံးနိုင်ကြပေ။

၃ သမ္မာတရားနှင့်အညီ မပြုမူခြင်းမှာ ၎င်းတို့၏ မိမိအလိုအတိုင်း အမှုအရာများ ပြုလုပ်ခြင်းကို ဆိုလိုပြီး၊ ၎င်းတို့၏ မိမိအလိုအတိုင်း အမှုအရာများ ပြုလုပ်ခြင်းမှာ ဘုရားသခင်အား စွန့်ခွာခြင်းကို ဆိုလိုသည်၊ တစ်နည်းအားဖြင့် သူတို့သည် သူတို့၏ နှလုံးသားများထဲ၌ ဘုရားသခင်မရှိပေ။ လူသားတို့၏ အတွေးအခေါ်များသည် လူတို့အတွက် အများအားဖြင့် ကောင်းမွန်၍ မှန်ကန်ပုံရပြီး ၎င်းတို့သည် သမ္မာတရားကို ထိုမျှလောက် ချိုးဖောက်မည်မဟုတ်ဟု ထင်ရသည်။ လူတို့က ထိုပုံစံအတိုင်း အမှုအရာများကိုပြုခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ဖြစ်မည်ဟု ထင်ကြသည်၊ အမှုအရာများကို ထိုနည်းအတိုင်းပြုခြင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်မည်ဟု သူတို့ထင်ကြသည်။ အကယ်စင်စစ် လူတို့မှာ ဘုရားသခင်ကို အမှန်တကယ်ရှာဖွေနေခြင်းနှင့် ဤအရာအကြောင်းကို ဘုရားသခင်ထံ ဆုတောင်းနေခြင်း မဟုတ်သကဲ့သို့၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းမွန်စွာ ကြိုးပမ်းလုပ်ဆောင်နေကြခြင်း မဟုတ်ပေ။ သူတို့၌ ဤစစ်မှန်သောအခြေအနေ မရှိကြသကဲ့သို့၊ သူတို့၌ ဤမျှလောက် ဆန္ဒလည်း မရှိကြချေ။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်မှု၌ ၎င်းတို့ပြုကြသော အကြီးဆုံးအမှား ဖြစ်၏။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သင်သည် ဘုရားသခင်ကိုသင်၏ စိတ်နှလုံးထဲ၌ ထိန်းသိမ်းမထားပေ။ ဤအရာမှာ အပြစ်တစ်ခုမဟုတ်ဘဲ အဘယ်သို့ ဖြစ်မည်နည်း။ သင့်ကိုယ်သင် လိမ်လည်လှည့်ဖြားနေသည် မဟုတ်လော။ ထိုပုံစံဖြင့် သင် ဆက်လက်ယုံကြည်နေပါက မည်သည့် အကျိုးသက်ရောက်မှုမျိုးများကို သင်ရိတ်သိမ်းနိုင်မည်နည်း။ ထို့ပြင် ယုံကြည်ခြင်း၏ အရေးပါမှုကို အဘယ်သို့ ပေါ်လွင်အောင်ပြသနိုင်မည်နည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၈၉ ဘုရားဟာဟိုးအရင်တည်းကလူသားတို့အတွက် အားလုံးပြင်ဆင်ထားသည်

နောက်တစ်ခုသို့- ၅၉၁ ဘုရားအိမ်တော်တွင် သင့်သစ္စာစောင့်သိမှုကို ဆက်ကပ်လော့ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။