၁၉၄ အချုပ်အနှောင်
၁
အခြားသူများ၏ စိတ်နှလုံးထဲရှိ ကျွန်ုပ်၏ အဆင့်အတန်းကို ကျွန်ုပ် တကယ်ဂရုစိုက်သည်။
အခြားသူများ၏ လေးစားခံရခြင်းကို ကျွန်ုပ်နှစ်သက်ပြီး ကောင်းစွာအရေးပေးခံရခြင်းကို ကျွန်ုပ်ပျော်မွေ့သည်။
မိမိကိုယ်ကို ရှေ့တွန်းတင်ရန်နှင့် အခြားသူများအပေါ် မိမိကိုယ်ကို ဆရာတင်ရန်အတွက်သာ အရှက်ရခြင်းကို ကျွန်ုပ် သည်းခံပြီး အလုပ်ကြိုးစားသည်။
ဤအရာမှာ ကျွန်ုပ်ကို အမြဲချည်နှောင်နေသည့် ကျွန်ုပ်၏အချုပ်အနှောင် ဖြစ်လာပေပြီ။
၂
နှစ်ပေါင်းများစွာ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်လာပြီဖြစ်သော်လည်း အခြားသူများအပေါ် ကျွန်ုပ်လွှမ်းမိုးဖို့ ကြိုစားနေဆဲဖြစ်ပြီး မိမိကိုယ်ကို ပွဲထုတ်ရသည်ကို ကျွန်ုပ်နှစ်သက်ပါသည်။
လေတစ်လုံးမိုးတစ်လုံး စကားအပြည့်ဖြင့် ဝိညာဉ်ရေးရာသီအိုရီများကို အခြားသူများအား ထောင်ချောက်ဆင်ဖို့ ကျွန်ုပ်ဟောပြောသည်။
ထိုသို့သော သူတော်ကောင်းအယောင်ဆောင် ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်သဘောထားကို ဟိုအရင်ကတည်းက ပုန်ကန်ပြစ်မှားခဲ့သဖြင့် ဘုရားသခင်က ကျွန်ုပ်ကို မုန်းပြီး ငြင်းပယ်ခဲ့သည်။
အမှောင်ထဲသို့ ကျွန်ုပ်ကျရောက်ခဲ့ပြီး ကျော်ကြားမှုနှင့် ကံကြမ္မာအားဖြင့် ချည်နှောင်ခံရခြင်း၏ နာကျင်မှုကို နက်နက်ရှိုင်းရှိုင်း မြည်းစမ်းခဲ့ရသည်။
၃
ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ သဘာဝကို ဖွင့်ပြကာ
ကျွန်ုပ်၏ စိတ်ဝိညာဉ်ထဲရှိ အကျည်းတန်မှုကို ခွဲပြရင်း သံလျက်ဓားသွားကဲ့သို့ ကျွန်ုပ် စိတ်နှလုံးကို ထိုးဖောက်သည်။
မာနထောင်လွှားမှုနှင့် မိမိကိုယ်ကိုအရေးပေးမှု၊ ထို့ပြင် အာဏာတပ်မက်မှုတို့က ကျွန်ုပ်၏ သဘာဝဖြစ်လာပြီကို ကျွန်ုပ် မြင်ရသည်။
လိုအပ်သည့် မည်သည့်နည်းလမ်းနှင့်မဆို ရာထူးနေရာအတွက် အလုအယက်ကြိုးပမ်းရင်း အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ကျွန်ုပ်ဆုံးရှုံးခဲ့သည်။
၄
ခရစ်တော်သည် အထွတ်အထိပ်ဖြစ်ပြီး မြင့်မြတ်သော်လည်း နှိမ့်ချကာ မိမိကိုယ်ကို ဘယ်သောအခါမျှ ဂုဏ်မဖော်ပေ။
ကျွန်ုပ်သည် မြေမှုန့်ဖြစ်သည်၊ နိမ့်ကျကာ အရေးမပါပေ၊ သို့သော် ကျွန်ုပ် အလွန်စိတ်ကြီးဝင်ကာ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသည်။
ဘုရားသခင်၏ စိတ်သဘောထား ဖြောင့်မတ်သည်၊ သန့်ရှင်းပြီး ချစ်ဖွယ်ဖြစ်သည်ကို သိလျက် ကျွန်ုပ်၏အရှက်ကို ကွယ်ဝှက်စရာ နေရာမရှိပေ။
ကျွန်ုပ် မည်မျှ ဖောက်ပြန်ပျက်စီးသည်ကို အကြီးအကျယ် ခံစားရပြီး ကျွန်ုပ်သည် လူသားတစ်ဦးနှင့်ပင် နီးစပ်အောင် မဆင်တူပေ။
၅
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို တွေ့ကြုံကာ ဘုရားသခင်ရှေ့မှောက် ကျွန်ုပ်လဲကျသည်။
သမ္မာတရားကို လိုက်စားဖို့၊ လူသစ်တစ်ဦးဖြစ်ဖို့နှင့် ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ဖို့ ကျွန်ုပ်စိတ်ပိုင်းဖြတ်ထားသည်။
ကျွန်ုပ်၏ ဇာတိပကတိကို စွန့်လွှတ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းဖြင့် ကျွန်ုပ်၏ ဆိုးယုတ်သော စိတ်သဘောထား သန့်စင်ခံနေရသည်။
ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်ကို ကယ်တင်လေပြီ၊ ဘုရားသခင်ကို ကျွန်ုပ် ကျေးဇူးတင်ကာ ချီးမွမ်းသည်။