၄၄ ဘုရား၏အမှုတော်များ စကြဝဠာပြင်ကျယ်ကြီးအား ဖြည့်ဆည်ဆည်း
၁
ဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကောင်းကင်ဘုံမှ ကြည့်ရှု
ခပ်သိမ်းသောအရာတို့ကို ကောင်းကင်ဘုံမှ အုပ်စိုးတော်မူ
ထိုအတိုင်း မြေကြီးပေါ်သို့ သူ၏ကယ်တင်ခြင်း စေလွှတ်ခဲ့ပြီ
ဘုရားသည် သူ၏လူမမြင်နိုင်သောနေရာမှ
လူသားများ၏လုပ်ဆောင်ချက်တိုင်း၊
ပြုမူပြောဆိုသမျှအရာအားလုံး စောင့်ကြည့်မနေသော
အခိုက်တန့် လုံးဝမရှိ
ဘုရားအဖို့ လူသားများဟာ ဖွင့်ထားသော စာအုပ်လိုပါပဲ
သူတို့အားလုံးကို ဘုရားသခင် သိမြင်တော်မူ
သူ၏လူမမြင်နိုင်သောနေရာသည် ဘုရား၏အိမ်တော်
ဘုရား တည်ရှိရာ အမြင့်ဆုံးအရပ်
စာတန်၏အစွမ်းတန်ခိုး ဘုရားဆီသို့ မရောက်နိုင်
ဘုရားသည် ဘုန်းတန်ခိုး၊
ဖြောင့်မတ်ခြင်းနှင့်တရားစီရင်ခြင်းနှင့် ပြည့်
၂
ဘုရားသည် စကြာဝဠာကို နင်းလျှောက်သွားကာ
စကြဝဠာတစ်ခွင်လုံးကို ဖြန့်ကြက်
လူတို့ကြားမှာ လျှောက်လှမ်းခဲ့ရင်း
လူ့ဘဝ၏ အချို၊ အချဉ်၊ ခါးသီးမှု အမျိုးစုံ မြည်းစမ်းခဲ့သည်
သို့သော် လူသားများသည် ဘုရားကို
မည်သည့်အခါမှ အမှန် မသိရှိခဲ့ကြပါ
ဘုရားဖြတ်လျှောက်သွားသည်ကိုလည်း သတိ မပြုမိခဲ့
သူသည် တိတ်ဆိတ်ပြီး သဘာဝလွန်အမှုများကို မလုပ်ဆောင်ခဲ့၍
ဒီအတွက်ကြောင့် သူ့ကို ဘယ်သူမှ အမှန်တကယ် မမြင်တွေ့ခဲ့
ယခု အရင်လို မဟုတ်တော့ပေ
ဖန်ဆင်းခြင်းစ ကတည်းက
ကမ္ဘာကြီး မမြင်တွေ့ဖူးသော အမှုအရာများ
ဘုရား လုပ်ဆောင်သွားလိမ့်မည်
ခေတ်အဆက်ဆက် လူသားများ လုံးဝမကြားဖူးသေးသော
စကားများ သူ မြွက်ဆိုမည်
အကြောင်းမူကား လူသားအားလုံး
သူ့ကို လူ့အသွင်သဏ္ဍာန်ဖြင့်
သူ့ကို သိရှိနားလည်ဖို့ ဘုရားအလိုတော်ရှိ
အကြောင်းမူကား လူသားအားလုံး
သူ့ကို လူ့အသွင်သဏ္ဍာန်ဖြင့်
သူ့ကို သိရှိနားလည်ဖို့ ဘုရားအလိုတော်ရှိ
ဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကောင်းကင်ဘုံမှ ကြည့်ရှု
ခပ်သိမ်းသောအရာတို့ကို ကောင်းကင်ဘုံမှ အုပ်စိုးတော်မူ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၅)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်