၁၈၅ တရားစီရင်ခြင်းမှာ လူကိုစုံလင်စေရန် ဘုရား၏ အဓိကနည်းလမ်း
၁
လူသားကို ဘုရား၏ စုံလင်အောင် ပြုလုပ်ပေးခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရား၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး ဘုရားသည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူတချို့က နားမလည်ဘဲ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က “ဘုရားသည် လူသားကို ကျိန်ဆဲလျှင် လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ ဘုရားသည် လူသားကို တရားစီရင်လျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။
၂
ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ ပုန်ကန်ခြင်းကို ဖြစ်ပြီး သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသည် လူ၏ခံစားချက်များကို လုံးဝမငဲ့ကွက်ဘဲ ပြင်းထန်စွာ မိန့်တော်မူသော်လည်း ကိုယ်တော်သည် လူ၏အတွင်း၌ရှိသော အရာခပ်သိမ်းကို ထုတ်ဖော်တော်မူ၏၊ ပြင်းထန်သော နှုတ်ကပတ်တော်အချို့အားဖြင့် လူ၏အတွင်း၌ရှိသော အခြေအမြစ်ကျသည့်အရာကို ထုတ်ဖော်တော်မူသည့် ဤသို့သော တရားစီရင်မှုအားဖြင့် ကိုယ်တော်သည် လူအား ဇာတိပကတိ၏ အခြေအမြစ်ကို နက်ရှိုင်းစွာ သိရှိနားလည်စေတော်မူပြီး သို့ဖြစ်၍ လူသည် ဘုရား၏ ရှေ့တော်၌ ကျိုးနွံနာခံ။ လူသား၏ ဇာတိပကတိသည် အပြစ်နှင့်လည်းကောင်း၊ စာတန်နှင့်လည်းကောင်း ဆိုင်၍ ပုန်ကန်တတ်ကာ ဘုရား၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရား၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်။ ထိုအခါမှသာလျှင် ဘုရား၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည် မှ