၂၄၀ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို စွန့်ပယ်သူများသည် ထာဝရ အပြစ်ဒဏ်ပေးခြင်းကို ခံစားရလိမ့်မည်
ဘုရားပြောသည့်အရာကို လူတို့သည် ဂရုမစိုက်ဘဲ
နေကောင်း နေနိုင်ပေမယ့် ယေရှု၏ နောက်လိုက်များဖြစ်သည့်
သန့်ရှင်းသူအဖြစ် ခေါ်ခြင်းခံရသောသူတိုင်း သူပြောပြလိုသေး၏
၁
မိုးတိမ်ပေါ်မှ ယေရှုကြွလာခြင်းကို သင်တို့မျက်စိဖြင့် မြင်သောအခါ
ဒါဟာ ဖြောင့်မတ်ခြင်းနေမင်း၏ လူသိရှင်ကြားပေါ်ထွက်ခြင်းဖြစ်လိမ့်မည်။
သင်သည် ယေရှုကြွလာခြင်းကို မြင်ဖို့ စိတ်လှုပ်ရှားနိုင်ပေမယ့်လည်း
သင့်တွက် ငရဲ၌ အပြစ်ပေးခံရမည့်အချိန် ဖြစ်သည်ကိုလည်း သိထားပါ။
ဒါ ဘုရား၏ ခန့်ခွဲမှုအစီအစဉ် ပြီးဆုံးချိန်လည်းဖြစ်၏။
ကောင်းသူကို ဘုရားဆုပေးကာ ဆိုးယုတ် သူကို အပြစ်ပေးလိမ့်မည်။
သမ္မာတရားကိုသာ ဖော်ပြသည့်အချိန် လူတို့နိမိတ်လက္ခဏာမတွေ့မီတွင်
ဘုရား၏ တရားစီရင်ခြင်း သည် အဆုံးသတ်သည့်အတွက်ကြောင့်တည်း။
၂
သမ္မာတရားလက်ခံပြီး နိမိတ်လက္ခဏာမရှာသူတို့သည် စင်ကြယ်မှုရပြီး
ပလ္လင်တော်ရှေ့သို့ သူတို့ ပြန်ရောက်ကာ
ဘုရားရင်ခွင်ထဲ ဝင်စားကြလိမ့်မည်။
သို့သော် မိုးတိမ်ဖြူ မစီးသော ယေရှုကို ခရစ်တော်မမှန်ဟု
ယုံကြည်နေသေးသောသူတို့သည် ထာဝရအပြစ်ပေးခြင်းခံမည်။
နိမိတ်လက္ခဏာပြသူ ယေရှုကိုဘဲ သူတို့ယုံကြည်ပြီး
စစ်မှန်သည့် အသက်လမ်းပေး၊
ကြမ်းတမ်းစွာ စီရင်သောယေရှုကို မယုံသည့်အတွက်
ယေရှုသည် ထင်ရှားစွာ မိုးတိမ်ဖြူစီးလျက် ပြန်ကြွ လာသောအခါ
သူတို့နှင့် စာရင်းရှင်းလိမ့်မည်။
နိမိတ်လက္ခဏာပြသူ ယေရှုကိုဘဲ သူတို့ယုံကြည်ပြီး
စစ်မှန်သည့် အသက်လမ်းပေး၊
ကြမ်းတမ်းစွာ စီရင်သော သူကို မယုံသည့်အတွက်
ယေရှုသည် ထင်ရှားစွာ မိုးတိမ်ဖြူစီးလျက် ပြန်ကြွ လာချိန်
သူတို့နှင့် စာရင်းရှင်းလိမ့်မည်။ မိုးတိမ်ဖြူစီးလျက် ပြန်ကြွ လာချိန်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်