၂၇၂ လူသားမျိုးနွယ်၏လောကကို ဘုရားသခင်အဆုံးသတ်၏
၁
နောက်ဆုံးနေ့ ဘုရားရဲ့ တရားစီရင်ခြင်းဟာ
တစ်စုံတစ်ဦးအတွက်ပဲမဟုတ်ပါ
သူ့စိတ်သဘောထား လူအားဖော်ပြဖို့ပါ
အလုပ်ရှုပ်၊ အချိန်မရှိခြင်း အကြောင်းအမျိုးမျိုးတို့ကြောင့်
သူ့စိတ်သဘောအရ လူကို သူ့အား သိခွင့်မပေးခဲ့။
ဘုရားသည် သူ့နောက်ဆုံးအမှုသစ်နှင့်
အစီအစဉ်ထဲသို့ ခြေလှမ်းနေသည်
သူရှိနေတဲ့အတွက် သူ့ကို မြင်တွေ့သူတိုင်း
သူတို့ရင်ကိုခတ် ပြီး ငိုကြွေးကြမည်
လူတို့၏နိဂုံးကို လောကသို့ ဘုရားယူဆောင်လာ
သူ့စိတ်သဘောထားကို အားလုံး၏ရှေ့တွင် ဖော်ပြသည်
ဒီလောကသို့ သူကြွလာခဲ့ကြောင်း
သူ့ကိုသိသူ၊ မသိသူအားလုံး မြင်တွေ့ဖို့
ဒါ ဘုရားရဲ့အစီအစဉ်၊ လူကိုဖန်ဆင်းကတည်းက
တစ်ခုတည်းသော သူ့ဖွင့်ပြချက်
၂
ဘုရားသည် သင်တို့အား သူ့ကို အပြည့်အဝ အရေးထားစေချင်
သူလုပ်ဆောင်သမျှတိုင်းအား မြင်စေချင်
သူ့ကို ဆန့်ကျင်သောသူအားလုံးနှင့် လူသားအတွက်
သူ့ကြိမ်တော်သည် တစ်ဖန် နီးကပ်လာသည်။
သူ့အား ဆန့်ကျင်သောသူအားလုံးတွက်
ဘုရားသည် သူ့နောက်ဆုံးအမှုသစ်နှင့်
အစီအစဉ်ထဲသို့ ခြေလှမ်းနေသည် (harmony - နောက်ဆုံးအမှု)
သူရှိနေတဲ့အတွက် သူ့ကို မြင်တွေ့သူတိုင်း
ရင်ကိုခတ် ပြီး ငိုကြွေးကြမည်
လူတို့၏နိဂုံးကို လောကသို့ ဘုရားယူဆောင်လာ
သူ့စိတ်သဘောထားကို အားလုံး၏ရှေ့တွင် ဖော်ပြသည်
ဒီလောကသို့ သူကြွလာခဲ့ကြောင်း
သူ့ကိုသိသူ၊ မသိသူအားလုံး မြင်တွေ့ဖို့
ဒါ ဘုရားရဲ့အစီအစဉ်၊ လူကိုဖန်ဆင်းကတည်းက
တစ်ခုတည်းသော သူ့ဖွင့်ပြချက်၊ တစ်ခုတည်းသော သူ့ဖွင့်ပြချက်
နောက်ဆုံးနေ့ ဘုရားရဲ့ တရားစီရင်ခြင်းဟာ
တစ်စုံတစ်ဦးအတွက်ပဲမဟုတ်ပါ
သူ့စိတ်သဘောထား လူအားဖော်ပြဖို့ပါ
အို...သူ့စိတ်သဘောထား ဖော်ပြဖို့
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်