၃၈၆ လူသားများ ဘုရားရှင်ကို ယုံကြည်ရသည့် ရည်ရွယ်ချက်
၁
ဘုရားရှင်၌ စစ်မှန်သော ယုံကြည်ခြင်းမှာ
သူ၏စစ်မှန်သော အချစ်ကို ရဖို့ရန်
နှုတ်ကပတ်တော်ကို သင့်ဘဝ၌ အမှန်တရားအဖြစ် ခံယူခြင်း
နှုတ်ကပတ်တော်မှ ဘုရားရှင်ကို သိကျွမ်းခြင်းပါ
ပိုရှင်းအောင် ပြောရရင် ဘုရားရှင်ကို ယုံကြည်ခြင်း ဆိုတာ
ဘုရားရှင်ကို နာခံမြတ်နိုးတတ်ရန်
ဘုရား၏ဖန်ဆင်းခံများ လုပ်ဆောင်ရမည့်
တာဝန်များကို ထမ်းဆောင်ခြင်းပေ
ဒါ ဘုရားရှင်ကို ယုံကြည်ရသော ရည်ရွယ်ချက်ပဲ
ဘုရားရှင်၏ ချစ်ဖွယ်ကောင်းမှု
သူ၏ကိုးကွယ်ကြောက်ရွံ့ထိုက်ပုံ
ဖန်ဆင်းခံတို့ကို ကယ်တင်ခြင်း
နှင့် စုံလင်စေခြင်းအမှု ဆောင်ရွက်ပုံတို့အား သိနားလည်ရန်
ဒါ ဘုရားရှင်ကို ယုံကြည်ခြင်း၌
အနည်းဆုံး ပိုင်ဆိုင်ရမည့် အချက်တွေပဲ
ဘုရားရှင်ကို ယုံကြည်ခြင်းက နိမိတ်လက္ခဏာ၊
အံ့ဖွယ်ရာများ မြင်ရဖို့သာ မဟုတ်ရဘူး
သွေးသားဇာတိအတွက် လည်း မဖြစ်ရပါ
ပေတရုလို သက်ဆုံးထိနာခံရင်း
ဘုရားရှင်ကို သိကျွမ်းဖို့ရာ ကြိုးပမ်းခြင်းပင်
ဒါ အဓိက ကြိုးပမ်းရယူရမည့် အရာတွေပဲ
၂
ဘုရားရှင်ကို ယုံကြည်ခြင်းမှာ အဓိကအားဖြင့်
ဇာတိပကတိ အသက်တာမှ ဘုရားရှင်ကို ချစ်မြတ်နိုးသည့် အသက်တာသို့၊
ဇာတိအသက်တာမှ ဝိညာဉ်အသက်တာသို့
သင့်အသက်တာ ပြောင်းလဲခြင်းပါ
ဘုရားရှင်ကို ကျိုးနွံကာ
ဘုရားရှင်၏ကာကွယ် စောင့်ရှောက်မှုအောက်တွင် အသက်ရှင်ရန်
စာတန်၏အုပ်စိုးမှုအောက်မှ ရုန်းထွက်ခြင်းပါ
သွေးသားဇာတိကို လိုက်နာခြင်းမဟုတ်
သင့်နှလုံးသား တစ်ခုလုံးအား ဘုရားရှင်ထံ ပုံအပ်ခြင်းပါ
သင့်အား စုံလင်စေရန် ဘုရားရှင်ကို အခွင့်ပေးကာ
စာတန်၏ဖောက်ပြန်သောစိတ်သဘောမှ
သင့်ကိုယ်သင် ရုန်းလွတ်ခြင်းပါ
ဘုရားရှင်ကို ယုံကြည်ခြင်းမှာ အဓိကအားဖြင့်
အခွင့်အာဏာ တန်ခိုးတော်ကို သင့်အထဲ၌ ထင်ရှားဖို့ပေ
ဘုရားရှင်ကို ယုံကြည်ခြင်းက နိမိတ်လက္ခဏာ၊
အံ့ဖွယ်ရာများ မြင်ရဖို့သာ မဟုတ်ရဘူး
သွေးသားဇာတိအတွက်လည်း မဖြစ်ရပါ
ပေတရုလို သက်ဆုံးထိနာခံရင်း
ဘုရားရှင်ကို သိကျွမ်းဖို့ရာ ကြိုးပမ်းခြင်းပင်
ဒါ အဓိက ကြိုးပမ်းရယူရမည့် အရာတွေပဲ
၃
သင့်အထဲ၌ ဘုရား၏ တန်ခိုးတော်များ ထင်ရှားဖို့ရန်
ထိုသို့ဖြင့် အလိုတော်ကို ဆောင်ရွက်နိုင် ကာ
ဘုရားရှင်၏ အကြံအစည်ကို ပြီးမြောက်နိုင်မည်
စာတန်ရှေ့မှောက် ဘုရားသခင် သက်သေခံနိုင်လိမ့်မည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်