၃၈၇ ယုံကြည်ခြင်းသော့ချက်က ဘုရား၏နှုတ်ကပတ်တော်ကို ဘဝ၏ အမှန်တရားအဖြစ် ခံယူခြင်းပေ
၁
ဘုရားကို ယုံကြည်ခြင်းက
အံ့ဖွယ် နိမိတ်လက္ခဏာ မြင်တွေ့ဖို့ မဖြစ်သင့်ပါ
ဘုရားကို ယုံကြည်ခြင်းက
မိမိ ဘဝသာယာ ဖို့အတွက်လည်း မဖြစ်သင့် ပါ
အမှန်တကယ် ဘုရား ရရှိဖို့အတွက်ပဲ
အမှန်တကယ် ဘုရားစကား နာခံဖို့အတွက်
ပေတရုလို အဆုံးတိုင်အောင် နာခံရင်းနှင့်
သင်ကြိုးစားရယူ အောင်မြင်နိုင်ဖို့အတွက်
ဘုရားအား ယုံကြည်ခြင်း ဆိုတာ
နှုတ်ကပတ်တော်ကို ဘဝ၌ စစ်မှန်မှုအဖြစ် လက်ခံခြင်း
နှုတ်ထွက် နှုတ်ကပတ်တော်ကို လက်တွေ့လိုက်နာကျင့်သုံးပြီး၊
ဘုရားအား ယုံကြည်ခြင်းဆိုတာ နှုတ်ကပတ်တော် အတိုင်း
လိုက်လျှောက်အသက်ရှင် ဆောင်ရွက်ခြင်း
ဒါဟာ ဘုရား၏ ရည်မှန်းချက်အထမြောက် အောင်မြင်ခြင်း၊
ဒါဘုရားအား ယုံကြည်ခြင်း
၂
ဘုရား၏ နှုတ်ကပတ်တော်ကို စားသုံးခြင်းသည် ဘုရားကို
မှန်ကန်စွာ သိရှိဖို့နှင့် ကျေနပ်စေဖို့ဖြစ်သည်။
ဘုရား၏ နှုတ်ကပတ်တော်ကို စားသုံးခြင်းသည်
ဘုရားကို ပိုမိုသိကျွမ်း ဖို့အတွက်လည်းဖြစ်
သို့မှသာ သင်သည် ဘုရားကို နာခံ၊ ချစ်မြတ်နိုးနိုင်မည်။
ဒါဟာ ဘုရားကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်ဖြစ်သင့်သည်။
ဘုရားအား ယုံကြည်ခြင်း ဆိုတာ
နှုတ်ကပတ်တော်ကို ဘဝ၌ စစ်မှန်မှုအဖြစ် လက်ခံခြင်း
နှုတ်ထွက် နှုတ်ကပတ်တော်ကို လက်တွေ့လိုက်နာကျင့်သုံးပြီး၊
ဘုရားအား ယုံကြည်ခြင်းဆိုတာ နှုတ်ကပတ်တော် အတိုင်း
လိုက်လျှောက်အသက်ရှင် ဆောင်ရွက်ခြင်း
ဒါဟာ ဘုရား၏ ရည်မှန်းချက်အထမြောက် အောင်မြင်ခြင်း၊
ဒါဘုရားအား ယုံကြည်ခြင်း
၃
ယုံကြည်ခြင်းဆိုသည်မှာ-
ဘုရား သင်၌ စုံလင်ခြင်းအမှုကိုပြုသောလမ်းကို လျှောက်လှမ်းခြင်း၊
ဘုရားကို အပြည့်အဝ နာခံခြင်းဖြစ်သည်။
သင်သည် ဘုရားကို မညည်းမညူဘဲ နာခံနိုင်ပြီး၊
သူ၏ အလိုတော်များကို သတိပြုနိုင်ပါက၊
ပေတရု၏ ဝိညာဉ်ရေး ရှင်သန်သောအသက်တာ ရှိပါက
သင်သည် သင့်ယုံကြည်ခြင်း၌ အောင်မြင်ပြီး သင့်ကို ဘုရား ရရှိသွားပြီ။
အကယ်၍ သင်သည် အံ့ဖွယ်ရာ၊
နိမိတ်လက္ခဏာ တွေ့ဖို့သာ ကြိုးစာပါက၊
သင်၏ ယုံကြည်ခြင်း ဆိုင်ရာ အမြင် လွဲမှားနေ သည်။
ဘုရားအား ယုံကြည်ခြင်း ဆိုတာ နှုတ်ကပတ်တော်ကို
ဘဝ၌ စစ်မှန်မှုအဖြစ် လက်ခံခြင်း
နှုတ်ထွက် နှုတ်ကပတ်တော်ကို လက်တွေ့လိုက်နာကျင့်သုံးပြီး၊
ဘုရားအား ယုံကြည်ခြင်းဆိုတာ နှုတ်ကပတ်တော်အတိုင်း
လိုက်လျှောက်အသက်ရှင် ဆောင်ရွက်ခြင်း
ဒါဟာ ဘုရား၏ ရည်မှန်းချက်အထမြောက် အောင်မြင်ခြင်း၊
ဒါဘုရားအား ယုံကြည်ခြင်း
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်