၃၉၇ ဘုရားကို ယုံကြည်ခြင်းမှာ သူ့ကို သိကျွမ်းရန် ကြိုးစားခြင်းတည်းကျူး
၁ သင်သည် မည်သည့်အရာကို ရှာဖွေနေသည်ဖြစ်စေ၊ အားလုံးသည် ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရရန်သာ၊ အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြုံတွေ့ခံစားရန်အလို့ငှာသာ၊ ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေရန်သာ ဖြစ်သည်၊ သင်မည်သည့်အရာကို ရှာဖွေသည်ဖြစ်စေ၊ ဘုရားသခင်၏ နှစ်သက်ဖွယ်ရာကို ဖွေတွေ့ရှိရန်သာဖြစ်သည်၊ ပုန်ကန်ထကြွတတ်သည့် မိမိတို့၏ စိတ်သဘောထားများကို ခဝါချနိုင်ရန်၊ သင်၏အတွင်း၌ မှန်ကန်သော အနေအထားကို ရရှိရန်၊ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီနိုင်ရန်၊ မှန်ကန်သောသူတစ်ဦး ဖြစ်ရန်နှင့် သင်လုပ်သမျှအရာ အားလုံးတွင် မှန်ကန်သော အကြောင်းရင်း ရှိရန် ရည်ရွယ်ချက်ဖြင့် စစ်မှန်သော အတွေ့အကြုံကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုကို ရှာဖွေရန်သာ ဖြစ်သည်။ ဤအရာများအားလုံးကို ကြုံတွေ့နေရခြင်းသည် ဘုရားသခင်ကို သိရှိလာရန်နှင့် အသက်တာတွင် တိုးပွားမှုရရှိရန် ဖြစ်သည်။
၂ သင်ကြုံတွေ့နေရသောအရာသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် စစ်မှန်သည့် အဖြစ်အပျက်များ၊ လူများ၊ အကြောင်းအရာများနှင့် သင်၏ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသောအရာများ ဖြစ်သော်လည်း၊ အဆုံးတွင်မူ သင်သည် ဘုရားသခင်ကို သိနိုင်ပြီး ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်ပေသည်။ သင်သည် ယခု ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေသည်ဖြစ်စေ၊ ဘုရားသခင်အတွက် သက်သေခံရန် ကြိုးစားသည် ဖြစ်စေ၊ ခြုံငုံကြည့်လျှင် ဤအရာများသည် အဆုံးတွင် ဘုရားသခင်ကို သိရှိရန်အတွက် ဖြစ်သည်။ ယင်းသည် ဘုရားသခင် သင့်အထဲတွင် လုပ်ဆောင်နေသည့် အရာများသည် အချည်းနှီး မဟုတ်စေရန်၊ အဆုံးတွင် သင်သည် ဘုရားသခင်၏ လက်တွေ့ကျမှုကို သိရှိလာကာ၊ ဘုရားသခင်၏ ကြီးမြတ်မှုကို သိရှိလာရန် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ နှိမ့်ချမှုနှင့် သိုဝှက်မှု၊ သင့်အထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် မြောက်များစွာသော အလုပ်ကိုပမာဏကိုလည်း သိရှိလာရန် သာ၍ဖြစ်သည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်