၆၉၇ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် ရသည့် အကျိုးကြီးမားလေ
၁
လူသား ဆက်ပြောသည်
ဤသေးနုပ်သောလူသား ငါတို့အား ဘုရားအမှု၌ တစ်ဆင့်ချင်း လမ်းပြ
စုံစမ်းခြင်းများနှင့် ဆုံးမခြင်းများစွာ ငါတို့ဖြတ်ကျော်
သေမင်းနှင့်လည်း စုံစမ်းခံရ
ဘုရား၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော် ငါတို့သိမြင်
ကရုဏာနှင့် မေတ္တာတော်၌ မွေ့လျော်သည်
ဘုရား၏ ဉာဏ်ပညာနှင့် တန်ခိုးတော်ကို နားလည်ကြပါ၏
သူ၏နှစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားကို ကယ်တင်ဖို့
စိတ်အားထက်သန်ခြင်းကို မြင်ရသည်
ဤသာမန်လူသားနှုတ်မှ ဘုရား၏ သဘော သဘာဝ၊
အလိုတော်နှင့် စိတ်သဘောထားများကို ငါတို့သိရ
လူ့သဘာဝနှင့် သဘောကိုလည်း သိခွင့်ရ၏
ကယ်တင်ခြင်း၊ စုံလင်ခြင်းလမ်း မြင်တွေ့ပြီ
၂
သူ့နှုတ်ကပတ်တော်ကြောင့် ငါတို့ သေဆုံးပြီး တစ်ဖန်မွေးဖွား
အပြစ်နှင့် ကျေးဇူးတော်ကို မြင်တွေ့သည်
သို့သော် ငါတို့ဆီသို့ နှစ်သိမ့်မှုများစွာ ယူဆောင်
နှုတ်ကပတ်တော်သည် ကြီးစွာ နာကျင်စေလည်း
ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းပေး
အမျက်တော်ကြောင့် တစ်ခါတစ်ရံ ငါတို့မှာ
လောင်ကျွမ်းပြာကျသွားသည့် ရန်သူများကဲ့သို့
တစ်ခါတစ်ရံ သူ၏သတ်ဖြတ်ခြင်းခံရသော သိုးသူငယ်လို၊
တစ်ခါတစ်ရံ သူ၏မျက်ရှုပမာဖြစ်သည်
ငါတို့သည် သူကယ်တင်ခဲ့ သူများ၊ သူ့အမြင်၌ လောက်ကောင်များ
နေ့ညမပြတ် သူရှာဖွေသည့် ပျောက်ဆုံးသိုးသူငယ်များဖြစ်သည်
ဤသာမန်လူသားနှုတ်မှ ဘုရား၏ သဘော သဘာဝ၊
အလိုတော်နှင့် စိတ်သဘောထားများကို ငါတို့သိရ
လူ့သဘာဝနှင့် သဘောကိုလည်း သိခွင့်ရ၏
ကယ်တင်ခြင်း၊ စုံလင်ခြင်းလမ်း မြင်တွေ့ပြီ
၃
ငါတို့ကို သနားသောသူ၊ ပြုစုပေးသူ၊ ရွံမုန်းသူ
နှစ်သိမ့်အားပေးသူ၊ လမ်းပြအလင်းပေးသူဖြစ်သည်
ဆုံးမပဲ့ပြင်သောသူ၊ ကျိန်ဆဲသောသူ
နေ့ညမပြတ် စိုးရိမ် ကွယ်ကာပေးသူဖြစ်သည် စောင့်ရှောက်သောသူ
ငါတို့နံဘေး အမြဲရှိလျက် စောင့်ရှောက်မှုအလုံးစုံကိုပေးသူဖြစ်သည်
ငါတို့အဖို့ အဖိုးအခ အားလုံးကို သူပေးခဲ့ပြီးပါပြီ
နှုတ်ကပတ်တော်၌ ဘုရား၏အလုံးစုံကို ခံစားခဲ့ပြီ
သူပေးထားသော ပန်းတိုင်ကို မြင်တွေ့ခဲ့ပြီ
ဤသာမန်လူသားနှုတ်မှ ဘုရား၏ သဘော သဘာဝ၊
အလိုတော်နှင့် စိတ်သဘောထားများကို ငါတို့သိရ
လူ့သဘာဝနှင့် သဘောကိုလည်း သိခွင့်ရ၏
ကယ်တင်ခြင်း၊ စုံလင်ခြင်းလမ်း မြင်တွေ့ပြီ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်