၅၉ သမ္မာတရားကို လက်ခံခြင်းမှာ ပညာသတိရှိသော သတို့သမီးများဖြစ်ခြင်းပင်

၁ ဤနှစ်ပေါင်းများစွာ ယုံကြည်လျက် ချီဆောင်ခြင်းကို မျှော်လင့်ကာ သခင့်နာမကို ကျွန်ုပ်ဖက်တွယ်ခဲ့သည်။ သခင့်ကို ယုံကြည်ကာ ကျွန်ုပ်၏အပြစ်များ ခွင့်လွှတ်ခံရလျှင် ဆုလာဘ်ချီးမြင့်ခံရမည်ဟု ကျွန်ုပ်တွေးထင်ခဲ့သည်။ ခြေတစ်လှမ်းဖြင့် ကောင်းကင်သို့ ကျွန်ုပ်တက်ပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်မည်ဟု ဆန္ဒပြုလျက်၊ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းအကြောင်း ကျွန်ုပ် စိတ်ကူးယဉ်ခဲ့သည်။ သခင်ယေရှု၏ ပရောက်ဖက်ပြုချက်များနှင့်ဆိုင်သော စစ်မှန်သည့် အဓိပ္ပါယ်ကို မည်သူမျှ အမှန်တကယ် နားမလည်ကြပေ။ ပေါလု၏ စကားများကို အခြေခံကာ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အိပ်မက်များကို တည်ဆောက်ကြသည်။ သခင်က မိုးတိမ်စီးလျက် ရုတ်တရက် ရောက်ရှိမည်ဟု သူတို့ အချည်းနှီး မျှော်လင့်ကြသည်။ ၎င်းတို့၏ မျက်လုံးများက ကြီးမားသော ကပ်ဘေးကို မြင်သော်လည်း သခင်၏ ပေါ်ထွန်းခြင်းကို သူတို့ မရှုမြင်ကြသေး။ သခင်ယေရှု၏ စကားများက အချိန်အကြာကြီးကတည်းက ပြည့်စုံခဲ့သည်ကို သူတို့မသိကြ။ မိုက်မဲသော သတို့သမီးတို့သည် မိမိတို့၏ အယူအဆများကို ခေါင်းမာမာ ဖက်တွယ်ကြသည်၊ ဘုရားသခင်၏ အသံတော်ကို နားမထောင်ကြ။ ထို့ကြောင့် ချီဆောင်ခြင်းအခွင့်အရေးနှင့် လွဲချော်ရပြီး အဆုံးစွန် ဝမ်းနည်းမှုကို သူတို့ ခံစားရမည်ပင်။

၂ လူကို တရားစီရင်ကာ သန့်စင်စေဖို့ နောက်ဆုံးသောကာလ၏ ခရစ်တော်သည် သမ္မာတရားကို ဖော်ပြသည်။ ပညာသတိရှိသော သတို့သမီးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကာ သခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုကြသည်။ ဘုရားနှုတ်ကပတ်တော်များကို သူတို့ စားသောက်ကြပြီး သိုးသငယ်၏ မင်္ဂလာဆောင်စားပွဲသို့ တက်ရောက်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို သူတို့ နားလည်ကြပြီး ဘုရားသခင်၏ မျက်နှာတော်ကို မြင်ကြသည်။ တရားစီရင်ခြင်းကို တွေ့ကြုံပြီးသည့်နောက် ဘုရားသခင်၏ စိတ်သဘောထား သန့်ရှင်းဖြောင့်မတ်သည်ကို သူတို့ရှုမြင်ရသည်။ လူတို့သည် အကြီးအကျယ်မှပင် ဖောက်ပြန်ပျက်စီးခဲ့ကြသည်၊ အာခံမှုဖြင့် ပြည့်ကာ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြပေ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်ရှင်းစေခြင်းတို့ကို လက်ခံခြင်းအားဖြင့်သာ လူတို့ အပြည့်အဝ ကယ်တင်ခံရနိုင်သည်။ ဘုရားသခင်သည် သူ့ကို ခုခံသည့် သူတော်ကောင်းယောင်ဆောင်သူများကို ဧကန်မုချ ကျိန်ဆဲလိမ့်မည်။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကာ ဤအရာ မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်။ ခရစ်တော်နောက်လိုက်ကာ မိမိတို့၏ တာဝန်များကို ဆောင်ရွက်သူတို့သာ ဘုရားသခင်ကို နာခံသည့်လူများ ဖြစ်ကြသည်။ ဘုရားသခင်ကို အမှန်တကယ် ချစ်ကာ သက်သေခံကြသူတို့သာ စုံလင်အောင်ပြုခြင်း ခံရနိုင်ပေသည်။

အရှေ့သို့- ၅၈ အိမ်ပြန်ခြင်း

နောက်တစ်ခုသို့- ၆၀ ကျွန်ုပ်တို့သည် မျိုးဆက်များအားလုံးထဲ၌ မင်္ဂလာအရှိဆုံးဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။