အခန်း ၆၁

သင်ကိုယ်တိုင်၏ အခြေအနေကို သင် သတိပြု မိသောအခါ၊ ငါ၏အလိုတော်ကို သင် ဖြည့်ဆည်းကောင်း ဖြည့်ဆည်းနိုင်လိမ့်မည်။ အမှန်စင်စစ် ငါ၏အလိုတော်သည် နားလည်သဘောပေါက်ရန် ခက်ခဲသည်မဟုတ်။ အတိတ်ကာလတွင် သင်သည် ငါ၏ရည်ရွယ်ချက်များနှင့်အညီ မည်သည့်အခါကမှ မရှာဖွေခဲ့သောကြောင့်သာ ဖြစ်သည်။ လူတို့၏ အတွေးအခေါ်များ သို့မဟုတ် အယူအဆများကို ငါအလိုမရှိ၊ သင်၏ငွေ သို့မဟုတ် သင်၏ ပိုင်ဆိုင်မှုများကို သာ၍ပင် ငါ အလိုမရှိ။ ငါ အလိုရှိသည်မှာ သင်၏ နှလုံးသား ဖြစ်၏။ သင်နားလည်သလော။ ဤအရာသည် ငါ၏အလိုတော် ဖြစ်၏၊ ထို့အပြင် ၎င်းသည် ငါရရှိလိုသော အရာလည်း ဖြစ်သည်။ လူတို့သည် ငါ့ကို အကဲဖြတ်ဝေဖန်ဖို့ သူတို့၏ ကိုယ်ပိုင်အယူအဆများကို အမြဲ အသုံးပြုကြပြီး အားဖြင့် ငါ၏ဝိညာဉ်ရင့်သန်မှုကို ချင့်တွက်သတ်မှတ်ဖို့ သူတို့၏ စံများကို အသုံးပြုကြသည်။ ဤအရာသည် လူသားမျိုးနွယ်နှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် အခက်ခဲဆုံးသော အရာဖြစ်ပြီး၊ ဤအရာသည် ငါအမုန်းတီးဆုံးနှင့် စက်ဆုပ်အရွံရှာဆုံးသော အရာဖြစ်၏။ သင် ယခုသိပြီလော။ အကြောင်းမူကား ဤအရာသည် စာတန်၏ အမြင်သာဆုံးသော စိတ်သဘောထား ဖြစ်ခြင်းကြောင့်ပင်တည်း။ ထို့အပြင် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် နည်းပါးလှသောကြောင့်၊ သင်တို့သည် စာတန်၏ စဉ်းလဲသော အကြံအစည်များထဲသို့ မကြာခဏ ကျရောက်တတ်ကြသည်။ သင်တို့သည် ထိုအရာတို့ကို ယတိပြတ် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။ စာတန်၏ လိမ်လည်လှည့်စားမှုကို မခံရခြင်းအလို့ငှာ အချိန်တိုင်း၊ အရာရာတိုင်း၌ သတိရှိကြရန် သင်တို့ကို ငါအကြိမ်ကြိမ် ပြောပြီးဖြစ်သည်။ သို့သော်လည်း သင်တို့သည် နားမထောင်ဘဲ၊ ယင်းအစား ငါပြောသောအရာကို ပေါ့ပေါ့တန်တန် လျစ်လျူရှု၏။ ရလဒ်အနေဖြင့် အသက်တာ၌ ဆုံးရှုံးမှုကြုံတွေ့ခြင်းဖြင့် သင်ဇာတ်သိမ်းပြီး၊ ထို့နောက်တွင်မူ နောင်တတရားများအတွက် အလွန်တရာ နောက်ကျချေပြီ။ သင့်အနေဖြင့် ဤအရာကို သင်၏ အနာဂတ် ရှာဖွေမှုအတွက် သင်ခန်းစာတစ်ခုအဖြစ် မှတ်ယူရန်မှာ အလွန်ကောင်းသော စိတ်ကူးအကြံဉာဏ်တစ်ခု ဖြစ်မည် မဟုတ်သလော။ သင့်ကို ငါပြောမည်၊ အပျက်သဘောဆောင်လွယ်ခြင်းသည် သင်၏ အသက်တာ၌ အဆုံးစွန် ပြင်းထန်သော ဆုံးရှုံးမှုများကို ဖြစ်စေလိမ့်မည်။ ဤအရာကို သိရှိပါလျက်၊ ယင်းသည် သင်နိုးထပြီးသည့်အချိန် မဟုတ်လော။

လူတို့သည် လျင်မြန်သော ရလဒ်များအတွက် စိတ်မရှည်ကြဘဲ၊ သူတို့ရှေ့တည့်တည့်တွင် ရှိသောအရာကိုသာ မြင်ကြသည်။ ငါသည် အာဏာရှိသူများကို ပြစ်ဒဏ်စပေးပြီဟု ပြောသောအခါ၊ သင်တို့သည် “အဘယ်ကြောင့် ထိုသူတို့ အာဏာရှိနေသေးသနည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အချည်းနှီးသာဖြစ်၏ဟု ဤသည်က မဆိုလိုသလော။” ဟုမေးလျက်၊ သာ၍ပင် စိုးရိမ်ပူပန် လာကြသည်။ လူသားအယူအဆများသည် အလွန်ခိုင်မာစွာ အမြစ်တွယ်နေကြသည်။ ငါပြောသော အရာ၏ဆိုလိုရင်းကို သင်တို့နားမလည်။ ငါပြစ်ဒဏ်ပေးသော သူတို့မှာ ဆိုးယုတ်သူများ၊ ငါ့ကိုဖီဆန်သူများ၊ ငါ့ကို မသိသောသူများ ဖြစ်ကြပြီး သမ္မာတရားကို မရှာဖွေဘဲ၊ ငါ့ကိုယုံကြည်ရုံသာ ယုံကြည် သောသူတို့ကိုမူ ငါလျစ်လျူရှု၏။ သင်တို့သည် ဧကန် မသိနားမလည်ကြပေတကား။ ငါပြောခဲ့ပြီးသော အရာ၏ဆံခြည်တစ်မျှင်မျှကိုပင် သင်တို့ နားမလည်ကြ။ သို့ဖြစ်စေကာမူ သင်တို့သည် မိမိကိုယ်ကို ရင့်ကျက်ပြီဟု လည်းကောင်း၊ သင်တို့သည် အမှုအရာများကို နားလည်ပြီဟု လည်းကောင်း၊ သင်တို့သည် ငါ၏အလိုတော်ကို နားလည်နိုင်ပြီဟု လည်းကောင်း တွေးထင်နေကြရင်း သင်တို့ကိုယ်သင်တို့ ချီးကျူးကြဆဲ ဖြစ်၏။ အရာခပ်သိမ်းနှင့် ကိစ္စရပ်များသည် ခရစ်တော်အတွက် အစေခံမှုပေးကြသည်ဟု ငါမကြာခဏပြောသော်လည်း၊ ဤနှုတ်ကပတ်တော်များကို စစ်မှန်စွာ သင်နားလည်သလော။ ၎င်းတို့ မည်သည်ကို ဆိုလိုကြောင်း အမှန်စင်စစ် သင်သိသလော။ ငါသည် မည်သူ့ကိုမှ မဆင်မခြင် အပြစ်ဒဏ် မပေးကြောင်း ရှေးမဆွက ငါပြောခဲ့ပြီးပြီ။ စကြဝဠာ ကမ္ဘာရှိ လူပုဂ္ဂိုလ် တစ်ယောက်ချင်းစီတိုင်းသည် ငါ၏လျော်ကန်သော စီစဉ်ချက်များကို လိုက်နာကြသည်။ ငါ၏ အပြစ်ဒဏ် ပေးခြင်းကို ခံရသူများ၊ ခရစ်တော်အတွက် အစေခံမှု ပေးသောသူများ (ထိုသူတို့ကို ငါမကယ်တင်)၊ ငါရွေးကောက်သောသူများနှင့်၊ ငါရွေးကောက်သော်လည်း၊ နောက်မှ ပယ်ထုတ်ခံရသောသူများ- ဤအားလုံးတို့ကို ငါ့လက်၌ ငါကိုင်ထားသည်၊ ငါ ရွေးကောက်ထားပြီး ငါ ပို၍ နားလည်ထားသော သင့်ကိုမူ ပြောစရာပင်မလို။ ဤအဆင့်အတွင်းတွင် လည်းကောင်း၊ နောက်အဆင့်အတွင်းတွင် လည်းကောင်း ငါပြုသမျှ အရာခပ်သိမ်းတို့သည် ငါ၏ ဉာဏ်ပညာရှိသော စီစဉ်မှုများအတိုင်း လိုက်လျှောက်ကြသည်။ သင်သည် ငါ့အတွက် စီစဉ်မှုများကို ကြိုလုပ်ထားရန် မလို။ စောင့်ဆိုင်းပြီးသာ မွေ့လျော်လော့။ ဤသည်မှာ သင်ထိုက်တန်သောအရာ ဖြစ်သည်။ ငါ့အပိုင်ဖြစ်သော အရာများကို ငါအုပ်စိုး၍ ငါ့ကို စောဒကတက်ဝံ့သော သူတို့ကိုလည်းကောင်း၊ ငါနှင့်ပတ်သက်ပြီး အခြားအယူအဆများ ရှိသူတို့ကို လည်းကောင်း ငါသည် ပေါ့တန်စွာ သက်ညှာချမ်းသာခွင့်မပေး။ ငါစီစဉ်ပြီးဖြစ်သော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ အစီအစဉ်သည် ဤအဆင့်သို့ အခြေအနေ တိုးတက်လာသောကြောင့်၊ ငါသည် ယခုကာလတွင် မကြာခဏ ဒေါသထွက်လျက်ရှိသည်။ ငါ့တွင် ခံစားချက်များမရှိဟု မယူဆကြနှင့်။ ဤသည်မှာ ရှေးမဆွက ငါပြောခဲ့ပြီးသည့်အတိုင်း အဘယ်အရာ၊ အဘယ်ပုဂ္ဂိုလ် သို့မဟုတ် အဘယ်အဖြစ်အပျက်ကမျှ ငါ၏ရှေ့ဆက် ခြေလှမ်းများကို ဟန့်တားရန် မဝံ့ရဲကြသောကြောင့် ဖြစ်လေသည်။ ငါသည် ပြောသည့်အတိုင်း လုပ်၏၊ ယင်းသည် ငါ၏ဖြစ်ခြင်း ဖြစ်၏။ ထို့အပြင် ဤသည်မှာ ငါ့စိတ်သဘောထား၏ အမြင်သာဆုံး သရုပ်သကန်ဖြစ်သည်။ သင်တို့အားလုံးသည် ငါ၏သားများဖြစ်သောကြောင့်၊ ငါသည် လူများအားလုံးကို ညီတူညီမျှဆက်ဆံပြီး၊ သင်တို့ တစ်ယောက်ချင်းစီတိုင်းကို ငါချစ်သည်။ အဘယ်မည်သော ဖခင်သည် သူ့သား၏ဘဝအတွက် တာဝန်မယူဘဲ နေမည်နည်း။ အဘယ်မည်သော ဖခင်သည် သူ့သား၏ အနာဂတ်အတွက် နေ့ရောညပါ အလုပ်မလုပ်ဘဲ နေမည်နည်း။ ယင်းကို သင်တို့ထဲမှ အဘယ်သူ အသိအမှတ်ပြုသနည်း။ အဘယ်သူက ငါ့စိတ်နှလုံးကို စာနာထောက်ထားမှု ပြသနိုင်မည်နည်း။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင် ကာမဂုဏ်ခံစားသာယာမှုများအတွက် အစီအစဉ်များနှင့် အကြံအစည်များကို အဆက်မပြတ် ပြုလုပ်ကြပြီး ငါ၏ စိတ်နှလုံးကို ဘာဆိုဘာမျှ နားမလည်ကြပေ။ ငါ၏စိတ်နှလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သည်အထိ သင်တို့အတွက် ငါပူပန်သော်လည်း၊ သင်တို့သည် ကာမဂုဏ် ခံစားသာယာမှုများ၊ စားသောက်ခြင်း၊ အိပ်စက်ခြင်းနှင့် အဝတ်အထည်များကို အမြဲ စွဲလမ်းတောင့်တကြသည်။ သင်တို့၌ အသိတရား စိုးစဉ်းမျှပင် မရှိကြသလော။ အကယ်၍ ဤသို့ဖြစ်လျှင်၊ သင်တို့သည် လူ့အဝတ်အစား ဝတ်ထားသော သားရဲတိရစ္ဆာန်များသာ ဖြစ်ကြသည်။ ငါပြောသော စကားသည် မလွန်ကဲသောကြောင့်၊ သင်တို့သည် ဤစကားလုံးများကို ခံနိုင်သင့်သည်။ ၎င်းသည် သင်တို့ကို ကယ်တင်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပြီး၊ ၎င်းသည် ငါ၏ ဉာဏ်ပညာတည်ရာ သာ၍ပင် ဖြစ်လေသည်၊ စာတန်၏ အဓိက အားနည်းချက်ကို ထိုးနှက်ကာ ၎င်းကို လုံးလုံးလျားလျား အနိုင်ယူပြီး အလျှင်း ဖျက်ဆီးထားခဲ့လော့။ သင်သည် နောင်တရပြီး သင်၏ ဗီဇဟောင်းကို ဖယ်ရှားကာ လူသစ်တစ်ဦး၏ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန် ငါ့အပေါ် သင်အားထားကြောင်း သေချာအောင်ပြုနေသရွေ့၊ ယင်းသည် သာမန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်ခြင်း၊ ငါ့နာမကို သက်သေခံခြင်း မည်သောကြောင့်၊ ငါသည် အပြည့်အဝ ကျေနပ်အားရမည်ဖြစ်၏။ ငါ့ကို ထို့ထက်ပို၍ ပျော်ရွှင်စေသော အရာမရှိ။

သင်သည် ငါနှင့် အစဉ်နီးကပ်စွာ နေရမည်။ ငါ၏အဟုန်သည် တစ်နေ့တခြား မြန်ဆန်လာသည်မှာ ထင်ရှားမြင်သာ၏။ သင်၌ ဝိညာဉ်ရေးရာ မိတ်သဟာယ အခိုက်အတန့်မျှ ကင်းမဲ့လျှင်ပင်၊ ငါ၏တရားစီရင်ခြင်းသည် သင့်ထံ ချက်ချင်း ရောက်ရှိလာလိမ့်မည်။ ဤအချက်၌ သင်သည် အပြည့်အဝ သဘောပေါက် နားလည်ခြင်း ရရှိပြီးဖြစ်သည်။ သင့်ကို ငါဆုံးမသည်မှာ ငါ သင့်ကို မချစ်သောကြောင့်မဟုတ်။ ယင်းအစား ငါသည် သင့်ကို ချစ်သောကြောင့် ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်။ ထိုသို့မပြုလျှင် သင်သည် ကြီးထွားတိုးတက်လိမ့်မည် မဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အထိန်းအကွပ်များ ကင်းမဲ့လျက်၊ အစဉ်အမြဲ ကိုယ်ကျင့်တရား ပျက်နေလိမ့်မည်။ ယင်းက ငါ့ဉာဏ်ပညာကို တိုး၍ ထင်ရှားစေပေသည်။

အရှေ့သို့- အခန်း ၆၀

နောက်တစ်ခုသို့- အခန်း ၆၂

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။