မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ အကုန်လွတ်ပြီ ကိုယ်တော်ဟာ တို့ကို အပြစ်သားတွေလို့ နောက်ထပ် မမြင်တော့ဘူး၊ တို့တွေဟာ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူတွေဖြစ်လာကြပြီ ဒါကြောင့် တို့တွေ အဆုံးတိုင် ကြံ့ကြံ့ခံကြသရွေ့၊ တို့တွေဟာ ကယ်တင်ခြင်းခံရလိမ့်မယ် ကိုယ်တော်ပြန်ကြွလာတဲ့အခါ ကောင်းကင်နိုင်ငံတော်ဆီကို တိုက်ရိုက်ချီဆောင်ခံရလိမ့်မယ် ကောင်းပြီ၊ အဲဒါ အမှန်ပဲလား ဒီအဆိုပြုချက်ကို ထောက်ခံတဲ့ သက်သေတစ်ခုခု ဘုရားသခင်က သူ့ရဲ့နှုတ်ကပတ်တော်ထဲမှာ ပေးဖူးသလား ဒီရှုထောင့်ဟာ သမ္မာတရားနဲ့မညီဘူးဆိုရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ တို့လို ကိုယ်တော့်ကို ယုံကြည်သူတွေဟာ အရာအားလုံးအတွက် အကိုယ်တော်တိုင်ပြောခဲ့တဲ့စကားတော်တွေကို အခြေခံအဖြစ် အသုံးပြုသင့်တယ် ကိုယ်တော့်ရဲ့ပြန်ကြွလာခြင်းကို ဘယ်လို သဘောထားရမယ် ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လာရင် အထူးသဖြင့် ဒါက မှန်ပါတယ် ဘယ်လို အခြေအနေတွေ အောက်မှာမှ ကိုယ်တော်ပြန်ကြွ လာခြင်းကို ကိုယ်ပိုင်အယူအဆ တွေ ထင်မြင်ချက်တွေ အပေါ်အခြေခံပြီးမသတ် မှတ်သင့်ဘူး၊ ဒီအပြုအမူရဲ့ အကျိုးဆက်တွေဟာ မှန်းဆ ဖို့တောင်မှ အရမ်းဆိုးရွား လွန်းပါတယ် အဲဒါဟာ ဖာရိရဲှတွေက သခင်ယေရှုကို ကားစင်တင်သတ်ပြီး မေရှိယလာတာကို မျှော်နေကြတာနဲ့ ဆင်တူပါတယ် ရလဒ်က ဘာဖြစ်နိုင်မလဲ သခင်ယေရှုဟာ လူသားတွေကို ရွေးနှုတ်ကယ်တင်ခဲ့ပြီးတာ မှန်ပါတယ် ဒါပေမဲ့ လူသားတွေအပေါ် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုတော်ဟာ ပြီးစီးခဲ့ပြီလား အဲဒါက သခင်ယေရှုအပေါ် တို့လိုယုံကြည်သူတွေအားလုံး ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရဖို့ အရည်အချင်းပြည့်တယ်လို့ ဆိုလိုတာလား ဘယ်သူမှ ဒီမေးခွန်းရဲ့အဖြေကို မသိကြဘူး ဘုရားသခင် တစ်ခါတုန်းက ပြောခဲ့ဖူးတယ် "သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။" တဲ့ (ရှင်မဿဲခရစ်ဝင် ၇:၂၁) "ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။"တဲ့ (ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအရဆိုရင် သေချာတာတစ်ခုက လုံးဝအပြစ်လွတ်ကင်းပြီး စင်ကြယ်နေတဲ့သူတွေသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရမှာဆိုတာပဲ သူတို့ဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်း လုပ်ဆောင်သူတွေဖြစ်ကြတယ်။ ဘုရားသခင်ကို ချစ်ကြောက်နာခံမြတ်နိုးသူတွေ ဖြစ်ကြတယ် ဘာလို့လဲဆိုတော့ ဘုရားသခင်ဟာ သန့်ရှင်းတော်မူပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရသူတွေဟာ ကိုယ်တော်နဲ့အတူ နေရလိမ့်မယ် တို့တွေဟာ စင်ကြယ်မှုမရှိသေးဘူးဆိုရင် ဘယ်လိုလုပ်ပြီး ကောင်းကင်နိုင်ငံတော်ဝင်ဖို့ အရည်အချင်းပြည့်မှာလဲ ဒါကြောင့် ကိုယ်တော်ဟာ တို့အပြစ်တွေကို ဖြေလွှတ်ပေးပြီးပြီမို့ ကောင်းကင်နိုင်ငံတော် ဝင်လို့ရပြီဆိုတဲ့ တို့ရဲ့ အယူအဆဟာ ဘုရားသခင်ရဲ့အလိုတော်အပေါ် လုံးဝ နားလည်မှုလွဲတာပဲ၊ ဒါဟာ လူ့စိတ်ကူးကနေ ပေါ်ပေါက်လာတာ၊ လူ့ရဲ့ ထင်မြင်ယူဆချက်ပဲ သခင်ယေရှုဟာ တို့ရဲ့အပြစ်တွေကို ဖြေလွှတ်ပေးပြီးပြီ၊ ဒါ မမှားပါဘူး ဒါပေမဲ့ တို့တတွေဟာ ကောင်းကင်နိုင်ငံတော်ဆီဝင်ခွင့်ရလောက်အောင် အပြစ်အားလုံးကင်းစင်ပြီး အရည်အချင်းပြည့်မီပြီလို့တော့ ဘယ်တုန်းကမှ သခင်ယေရှု မပြောဖူးပါဘူး ဘယ်သူမှ ဒီအချက်ကို မငြင်းနိုင်ဘူး ဒါဆို ဘာလို့ သစ္စာရှိသူတွေဟာ အပြစ်ကနေ လွတ်ပြီး ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရပြီလို့ တွေးထင် ယုံကြည်နေကြတာလဲ ဒီအတွက် အကိုးအကား ဘာရှိလဲ၊ ဒီအဆိုကို သူတို့ ဘယ်လို ထောက်ခံထားကြတာလဲ လူအများစုပြောကြတာကတော့ ဒီယုံကြည်ချက်ဟာ သမ္မာကျမ်းစာထဲက ရေးထားတဲ့အတိုင်း ရှင်ပေါလု နဲ့ တခြားတမန်တော်တွေရဲ့ စကားတွေအပေါ် အခြေခံထားကြတာတဲ့ ကောင်းပြီ၊ ဒါဆို မေးပါရစေ၊ ရှင်ပေါလု နဲ့ တခြားတမန်တော်တွေရဲ့စကားဟာ သခင်ယေရှုရဲ့စကားကို ကိုယ်စားပြုသလား သန့်ရှင်းသောဝိညာဉ်တော်ရဲ့ စကားကိုရော ကိုယ်စားပြုသလား လူ့စကားတွေဟာ သမ္မာကျမ်းထဲမှာ ပါကောင်းပါနိုင်ပါတယ်၊ ဒါပေမဲ့ ဒါတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ဖြစ်တယ်လို့ ဆိုလိုတာလား သမ္မာကျမ်းစာထဲကနေ ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ အချက်တစ်ခုရှိတယ် ဘုရားသခင်ရဲ့ချီးမြှောက်မှုကိုခံရတဲ့သူတွေကတော့ ကိုယ်တော့်စကားတော်ကို ကြားနာတတ်ပြီး အမှုတော်ကို နာခံတတ်တယ် သူတို့ဟာ ကိုယ်တော့်လမ်းစဉ်ကို လိုက်လျှောက်ကြပြီး ဘုရားသခင်ရဲ့ကတိတော်ကို အမွေခံဖို့ အရည်အချင်းပြည့်သူတွေပဲ ဒီအချက်ကို ဘယ်သူမှ မငြင်းနိုင်ပါဘူး တို့ရဲ့ အပြစ်တွေဟာ ယုံကြည်ချက်တစ်ခုအစွဲပြုလို့ အခွင့်လွှတ်ခံခဲ့ရပြီးတာတောင်မှ တို့ဟာ စင်ကြယ်မှုမရှိသေးဘဲ မကြာခဏအပြစ်ပြုရင်း ဘုရားသခင်ကိုဆန့်ကျင်နေဆဲပဲလေ ဘုရားသခင်က တို့တွေကို ရှင်းရှင်းလင်းလင်းပြောခဲ့တာက "ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။"တဲ့ (ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) "သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။" တဲ့ (ရှင်မဿဲ ၇:၂၁) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အရ အပြစ်ခွင့်လွှတ်ခြင်းခံရတဲ့ သူတွေအားလုံး ကောင်းကင်နိုင်ငံတော်ကို ဝင်ဖို့အရည်ချင်းမပြည့်ဘူးတဲ့ ကောင်းကင်နိုင်ငံတော်ဆီ မဝင်ရသေးခင် သူတို့ဟာ ဆေးကြောသန့်စင်ပေးခြင်းခံကြရမယ်၊ ဘုရားသခင်အလိုတော်ကို လက်တွေ့ ကျင့်ဆောင်သူတွေ ဖြစ်လာကြရမယ် ဒီအချက်က ချေပလို့ မရတဲ့ အချက်ပဲ သိရသလောက် ဘုရားသခင်ရဲ့အလိုတော်ကို နားလည်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး တို့တွေရဲ့အပြစ်တွေခွင့်လွှတ်ခံရပြီးတာလောက်နဲ့တော့ တို့တွေဟာ စင်ကြယ်သူတွေဖြစ်မလာကြသေးဘူးလေ တို့ဟာ ပထမဆုံး သမ္မာတရားရဲ့ စစ်မှန်မှုအချို့ကို ရရှိရမှာဖြစ်ပြီး ဘုရားသခင်ရဲ့ချီးမြှောက်မှုကို အရင်ဆုံး ရကြရမယ်၊ ဒါမှ ကောင်းကင်နိုင်ငံတော်ဆီဝင်ခွင့်ရဖို့ အရည်အချင်းတွေ ပြည့်မီသွားလိမ့်မယ တို့ဟာ အမှန်တရားကို မမြတ်နိုးဘဲ ငြီးငွေ့ပြီး စိတ်ပျက်မုန်းတီးနေမယ်ဆိုရင်၊ တို့တွေရဲ့ ကိုယ်ကျိုးစီးပွားနဲ့ သရဖူနောက်ကိုပဲ လိုက်နေပြီး ဘုရားသခင်ရဲ့အလိုတော်ကို ဂရုမစိုက်ဘူးဆိုရင်၊ ဘုရားသခင်ရဲ့အလိုတော်ကို လိုက်ဖို့ဆို ပိုလို့တောင်ဝေးနေရင် တို့တွေဟာ မကောင်းမှုကို ပြုနေကြတာပဲ မဟုတ်လား ကိုယ်တော်ဟာ ဒီလိုလူမျိုးကို ချီးကျူးပါ့မလား ဒီလိုဆိုရင် တို့တွေဟာ ကြောင်သူတော်ဖာရိရှဲတွေနဲ့ တူနေကြပြီ၊ အပြစ်တွေ ခွင့်လွှတ်ခံရပြီး တာတောင် ကောင်းကင်နိုင်ငံတော် မဝင်နိုင်ကြသေးဘူးလေ ဒါ ငြင်းလို့မရတဲ့ အချက်ပဲ။

ဆက်ပြီး မိတ်သဟာယဆွေးနွေးကြရအောင် သခင်ယေရှုဟာ တို့ရဲ့အပြစ်တွေအားလုံးကို ဖြေပေးခဲ့ပြီ၊ ဘယ်အပြစ်တွေကို သူက ဖြေပေးခဲ့တာလဲ ကိုယ်တော့်ကို စတင်ယုံကြည်လိုက်ပြီးတဲ့အချိန်မှာ ဘယ်လိုအပြစ်တွေကို တို့တွေဝန်ခံလိုက်တာလဲ တကယ့် အဓိကအပြစ်ကြီးတွေဆိုတာ ဘုရားသခင်ရဲ့တရားဥပဒေတွေ၊ ပညတ်တော်တွေ နဲ့ နှုတ်ကပတ်တော်တွေကို ချိုးဖောက်ဆန့်ကျင်တာကို ဆိုလိုတာပဲ တို့ လူသားတွေဟာ ကိုယ်တော့်ရဲ့တရားဥပဒေတွေ နဲ့ ပညတ်တော်တွေကို ချိုးဖောက်ကြတာမို့ တို့တွေဟာ ကိုယ်တော့်ရဲ့တရားဥပဒေအားဖြင့် အပြစ်ခံထိုက်သူတွေဖြစ်တယ် ဒါကြောင့် သခင်ယေရှုဟာ ရွေးနှုတ်ကယ်တင်ခြင်းအမှုတော်ကို ပြုဖို့ရောက်လာခဲ့တာပဲ ဒါကြောင့် ငါတို့တွေဟာ သခင်ယေရှုထံ တိုးဝင်ဆုတောင်းပြီး အပြစ်တွေအတွက် နောင်တရ တောင်းပန်ကြဖို့လိုတယ်၊ ဒါဆို ကိုယ်တော်ဟာ တို့အပြစ်တွေကို ခွင့်လွှတ်ပေးလိမ့်မယ် အဲဒီလို ခွင့်လွှတ်ခံရပြီးတာနဲ့ တို့တွေဟာ ပညတ်တရားအရ အပြစ်စီရင်ခြင်းမခံရတော့ဘူး ဘုရားသခင်ဟာ တို့ကို အပြစ်သားတွေဆိုပြီး ဆက်ဆံမှာ မဟုတ်တော့ဘူး ဒါကြောင့် တို့တွေဟာ ဘုရားသခင်ဆီ တိုက်ရိုက်ဆုတောင်းလို့ရတယ်၊ ဘုရားသခင်ဆီ ရင်ဖွင့်ငိုကြွေးလို့ရတယ်၊ ကိုယ်တော့်ရဲ့ ကြွယ်ဝတဲ့ ကျေးဇူးတော်တွေနဲ့ သမ္မာတရားတွေကို မျှဝေခံစားလို့ရတယ် ဒါဟာ တို့တွေ ကျေးဇူးတော်ခေတ်မှာ မကြာခဏ ပြောပြောနေခဲ့ကြတဲ့ ကယ်တင်ခြင်း ရဲ့ အဓိပ္ပါယ်အမှန်ပဲ ဒီကယ်တင်ခြင်းဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရဖို့၊ ဆေးကြောခံရဖို့နဲ့ ဘာမှမဆိုင်ဘူး၊ ကွဲပြားတဲ့အရာ ၂ ခုလို့ ပြောလို့ရတယ် ဘာလို့လဲဆိုတော့ အပြစ်တွေခွင့်လွှတ်ခံရပြီးသူတိုင်း ကောင်းကင်နိုင်ငံတော်ဆီဝင်လို့ရပြီလို့ သခင်ယေရှု ဘယ်တုန်းကမှ မပြောခဲ့လို့ပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဖတ်ကြည့်ရအောင်- "တစ်ချိန်တုန်းက ယေရှု၏ အမှုမှာ လူသားတစ်ရပ်လုံးကို ရွေးနုတ်ကယ်တင်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ပေးခြင်း ခံရပြီးလျက်၊ သူ့ကို ဆက်လက် ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်ကယ်တင်ပေးမည် ဖြစ်ပြီး၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်း ခံရပြီးလျက် သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်ဆိုခြင်းနှင့် ကယ်တင်ခြင်းခံရသည် ဆိုသည်မှာ ထိုအရာကို ဆိုလိုခြင်း ဖြစ်သည်။ ယုံကြည်ခဲ့ကြသည့် သူများအကြားတွင်ပင်လျှင်၊ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသူများ ကျန်နေသေး၍ ၎င်းတို့ကို တဖြည်းဖြည်းချင်းနှင့် ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းသည် လူသားကို ယေရှုက အပြည့်အဝ ပိုင်ဆိုင်ရရှိသွားပြီဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ထိုသူ၏ အပြစ်များ ခွင့်လွှတ်ခြင်း ခံရကာ အပြစ်တရားနှင့် ဆက်လက် မသက်ဆိုင်တော့ခြင်းကို ဆိုလိုပြီး၊ သင်ယုံကြည်ပြီ ဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)) "လူသည် ရွေးနှုတ်ခြင်း မခံမီ စာတန်၏ အဆိပ် အများအပြားသည် သူအတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်။ စာတန်၏ ယိုယွင်းပျက်စီးခြင်း နှစ်ထောင်ချီပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်အား ခုခံဆန့်ကျင်သော သဘာဝ ရှိလာခဲ့ပြီး ဖြစ်လာသည်။ သို့ဖြစ်ရာ လူသားကို ရွေးနှုတ်သောအခါ ယင်းသည် ရွေးနှုတ်ခြင်းထက် ဘာမှ မပိုဘဲ လူကို အဖိုးအခကြီးစွာ ပေးဝယ်ရသော်လည်း သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သည့် သဘာဝသည် ပျောက်ကွယ်သွားခြင်း မရှိပေ။ လူသည် ညစ်ညမ်းလွန်းသည်ဖြစ်ရာ ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်း ရှိရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်မှတစ်ဆင့် လူသားသည် သူ့အတွင်းတွင်ရှိသော ညစ်ညူးပြီး ပျက်စီးသော အရာများကို အပြည့်အဝ သိလာလိမ့်မည်ဖြစ်ပြီး သူသည် အလုံးစုံ ပြောင်းလဲလာကာ သန့်စင်ခြင်းသို့ ရောက်နိုင်လိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လည်ရောက်ရှိရန် ထိုက်တန်နိုင်ပေသည်။... လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းကို ခံရပြီး ဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ လွန်ကျူးခြင်းများကို သတိရမှု မရှိခြင်းနှင့် လူ၏ လွန်ကျူးခြင်းများနှင့်အညီ လူကို ဆက်ဆံခြင်း မပြုဟုသာ မှတ်ယူခဲ့သည်။ သို့ရာတွင် လူသည် ဇာတိပကတိတွင် နေထိုင်စဉ်တွင် သူ့ကို အပြစ်မှ လွှတ်ထားပြီးခြင်း မရှိသေးရာ သူသည် အပြစ်ကိုသာလျှင် ဆက်လုပ်နိုင်ပြီး ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားကို အဆုံးမရှိ ဖော်ထုတ်နေသည်။ ယင်းမှာ အပြစ်နှင့် ခွင့်လွှတ်ခြင်း၏ အဆုံးမရှိသော စက်ဝန်း ဖြစ်သည့် လူများ ဦးဆောင်သော အသက်တာဖြစ်သည်။ လူအများစုတို့မှာ ညနေပိုင်းတွင် အပြစ်ဝန်ခံရန် အတွက်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ သို့ဖြစ်ရာ အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ သက်ရောက်မှု ရှိနေလျှင်ပင် လူကို အပြစ်မှ ကယ်တင်ရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတွင် ယိုယွင်းပျက်စီးသော စိတ်သဘောထား ရှိနေဆဲဖြစ်ရာ ကယ်တင်ခြင်း လုပ်ငန်း တစ်ဝက်သာလျှင် ပြီးဆုံးပေသေးသည်။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဒီမေးခွန်းရဲ့ အဖြေကို ရှင်းရှင်းလင်းလင်း ပေးလိုက်ပြီ ဒါကိုကြားနာလိုက်ရတာနဲ့ တို့တတွေ တန်းပြီးသဘောပေါက်သွားတယ် ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက လူသားတွေရဲ့အပြစ်တွေအတွက် ရွေးနှုတ်ကယ်တင်ခြင်းအမှုကိုပဲ ပြုခဲ့တယ် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရစေပြီး ဖြောင့်မတ်သူတွေဖြစ်စေခဲ့တယ် ဒါပေမဲ့ အပြစ်တွေကနေ ခွင့်လွှတ်ခံရပြီးသူတိုင်း ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရပါပြီလို့တော့ သခင်ယေရှု ဘယ်တုန်းကမှ မပြောခဲ့ပါဘူး ဒါဟာ ဘာလို့လဲဆိုတော့ သခင်ယေရှုဟာ တို့ရဲ့အပြစ်တွေကို ဖြေလွှတ်ပေးခဲ့ပေမယ့် စာတန်ရဲ့သဘာဝတွေကိုတော့ သူ ဘယ်တုန်းကမှ မရှင်းပေးခဲ့ဘူး စိတ်ကြီးဝင်ခြင်း၊ တကိုယ်ကောင်းဆန်ခြင်း၊ လိမ်လည်ခြင်း၊ ယုတ်ညံ့ခြင်း စတဲ့ စာတန်ရဲ့ သဘာဝတွေဟာ တို့ရဲ့ပျက်ဆီးနေတဲ့ စိတ်သဘောထားထဲမှာ ကျန်နေတုန်းပဲ ဒီအချက်တွေဟာ အပြစ်တွေထက်တောင် နက်နဲပြီး တော်တော်လည်း ဖြေရှင်းဖို့ ခက်တယ် စာတန်ရဲ့သဘာဝတွေ၊ ပျက်စီးနေတဲ့စိတ်သဘောထားတွေဟာ ဘုရားသခင်ကို ဆန့်ကျင်နိုင်သေးတယ်၊ ဖျောက်ဖျက်ခြင်းမရသေးဘူး ဒါကြောင့် တို့တွေလည်း ဘာမှမတတ်နိုင်ကြဘဲ အပြစ်တွေပြုမိကြတယ် တို့တွေဟာ ပညတ်တော်တွေကို ချိုးဖောက်တာထက်တောင် ပိုဆိုးတဲ့ ကမ်းကုန်တဲ့အပြစ်တွေကို ပြုတတ်ကြသေးတယ် ဘာလို့ ဖာရိရှဲတွေဟာ သခင်ယေရှုကို ရှုတ်ချပြီး ဆန့်ကျင်ခဲ့ကြတာလဲ ဘာလို့ သူတို့ဟာ ကိုယ်တော့်ကို ကားတိုင်ထက်မှာ သတ်လိုက်ကြတာလဲ လူတွေမှာ စာတန်ရဲ့စရိုက်လက္ခဏာတွေ မစင်ကြယ်မချင်း အပြစ်ပြုတတ်တယ်၊ ဘုရားသခင်ကို ဆန့်ကျင် သစ္စာဖောက်နိုင်တယ်ဆိုတာ ဒီအချက်က သက်သေပြနေတာပဲ။

ကျွန်မတို့ဟာ ကိုယ်တော့်ကိုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး အမှုအရာတစ်ခုကို တွေ့ကြုံခဲ့ကြရတယ် အဲဒါကတော့ တို့ရဲ့အပြစ်တွေခွင့်လွှတ်ခံရပြီးတာတောင် တို့တွေဟာ ပုံမှန် အပြစ်ကျူးလွန်မိတတ်တဲ့စိတ်ကို မတွန်းလှန်နိုင်ကြသေးဘူး တို့တွေဟာ ခုချိန်ထိ လိမ်လည်တတ်တယ်၊ လှည့်ဖျားတတ်တယ်၊ တို့ရဲ့နာမည်ဂုဏ်သတင်းကျော်ဇောမှုအတွက် တစ်ပတ်ရိုက်တတ်တယ် တို့ရဲ့ ကိုယ်ကျိုးအတွက် ရေသာခိုပြီး သူတစ်ပါးကို ဒုက္ခတောင် ပေးတတ်ကြသေးတယ် ရောဂါတွေ၊ သဘာဝကပ်ဘေးတွေ၊ လူတွေကြောင့်ဖြစ်တဲ့ ကပ်ဘေးတွေ၊ အဖမ်းခံရတာတွေ၊ ဆင်းရဲဒုက္ခတွေကြုံတဲ့အခါ ဘုရားသခင်ကို သစ္စာဖောက်ပြီး ပြစ်တင်ရှုတ်ချကြသေးတယ် ဘုရားသခင်ရဲ့ အမှုတော်ဟာ တို့ရဲ့အတွေးအခေါ်အယူအဆနဲ့ မတူဘူးဆိုရင် ဘုရားသခင်ကို ငြင်းပယ်၊ အကဲဖြတ်၊ ဆန့်ကျင်တတ်ကြတယ် တို့ဟာ ဘုရားသခင်ရဲ့နာမတော်ကို ယုံကြည်ကြတယ်ဆိုပေမဲ့ တခြားပုထုဇဉ်လူသားတွေကို ကြည်ညိုပြီး နောက်လိုက်ကြတယ် ရာထူးအဆင့်အတန်းမြင့်လာပြီဆိုရင် တို့တွေဟာ ယဇ်ပုရောဟိတ်အကြီးအကဲတွေ၊ ကျမ်းတတ်ပုဂ္ဂိုလ်တွေနဲ့ ဖာရိရှဲတွေလို ကိုယ့်ကိုယ်ကိုယ် သက်သေခံပြီး ချီးမြှောက်တတ်ကြတယ် ပြီးတော့ တို့တွေဟာ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်လိုလိုဟန်ဆောင်ပြီး လူတွေရဲ့ ကြည်ညို ချီးမွမ်းမှုကို ခံကြသေးတယ် ဘုရားသခင်ကို ဆပ်ကပ်ဖို့ လှူထားတဲ့အရာတွေကိုတောင် တို့ဟာ တို့ကိုယ်ကျိုးအတွက် ခိုးယူတတ်ကြတယ် တို့ကြိုက်တဲ့အရာတွေအတွက်လည်း သဝန်တိုတတ်ကြတယ်၊ တို့ရဲ့အသွေးအသား နဲ့ ခံစားချက်တွေကိုလည်း ရှေ့တန်းတင်တတ်ကြတယ် တို့ဟာ ကိုယ့်အလံ ကိုယ်ထောင်ပြီး ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ်၊ နိုင်ငံလေးတွေထူထောင်နေကြသလိုပဲလေ ဒီအချက်တွေအားလုံးက တွေးကြည့်လိုက်ရင် ရှင်းနေတာပဲ တို့မှာရှိတဲ့ စာတန်ရဲ့စိတ်သဘောထားနဲ့ စရိုက်တွေဟာ မစင်ကြယ်သေးဘူးဆိုရင် တို့ရဲအပြစ်တွေကို ကြိမ်ဖန်များစွာခွင့်လွှတ်ခံခဲ့ရပြီးတာတောင် ကောင်းကင်နိုင်ငံဝင်ဖို့ အရည်အချင်းမပြည့်သေးဘူးဆိုတာ မြင်နိုင်တယ် တို့တွေဟာ အပြစ်တွေပြုပြီး ဘုရားသခင်ကို ပုန်ကန်နိုင်သေးတဲ့အချက်က တို့တွေဟာ စာတန်နဲ့ သက်ဆိုင်နေတုန်းပဲဖြစ်သလို ဘုရားသခင်ရဲ့ ရန်ဘက်တွေဖြစ်တယ်ဆိုတာကို ဖော်ပြပါတယ် ဒီတော့ ကိုယ်တော်က သေချာပေါက် စီရင်အပြစ်ပေး ဒဏ်ခတ်တာကို ခံရလိမ့်မယ် သမ္မာကျမ်းစာထဲမှာ ခုလိုပြောထားသေးတယ် "အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသာယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊ ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသောအကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။"တဲ့ (ဟေဗြဲ ၁၀:၂၆-၂၇) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ထပ်ဖတ်ကြည့်ရအောင်- "သင်ကဲ့သို့ အပြစ်သားတစ်ဦးသည် ရွေးနှုတ်ခြင်း ခံရပြီးစဖြစ်ပြီး မပြောင်းလဲသေး၊ သို့မဟုတ် ဘုရားသခင်အားဖြင့် ပြည့်စုံခြင်းသို့ မရောက်သေး သူအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီနိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့သည်မှာ မှန်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက သင်သည် မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်းသဏ္ဌာန်အားဖြင့် သင်သည် မသန့်ရှင်းခြင်း၊ အတ္တနှင့် ညစ်ကျယ်ကျယ်ဖြစ်ခြင်းတို့ဖြင့် ဖွဲ့စည်းထားသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲ ဖြစ်သည်၊ ယုတ္တိရှိလိုက်သည့် ဖြစ်ခြင်း။ သင်သည် သင်၏ ဘုရားသခင်ထံကို ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးနေသည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန် လိုသေးသောကြောင့် ဘုရားသခင်သည် သင့်ကို ပြောင်းလဲရန်နှင့် သန့်စင်စေရန် အလုပ်တို့ကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ကယ်နုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်ခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အလုပ်တွင် အဆင့်တစ်ဆင့်ကို လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ရွေးနုတ်ခြင်းကို မကြာသေးမီက ရရှိသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက် အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍) ရှင်တို့ မျက်မြင်ပဲ။ သခင်ယေရှုဟာ တို့တွေအတွက် ရွေးနှုတ်ကယ်တင်ခဲ့ပေးပြီးတာတောင် တို့တွေမှာ ဆိုးယုတ်တဲ့စိတ်သဘောထားတွေ ရှင်သန်နေပြီး မကြာခဏအပြစ်ပြုရင်း ကိုယ်တော့်ကို ဆန့်ကျင်နေမိကြသေးတယ် တို့တွေဟာ အပြစ်တွေကနေ အမြစ်ပြတ်လွတ်ပြီး ဘုရားသခင်ရဲ့ စိတ်နှလုံးထိတွေ့တာခံရဖို့ ကိုယ်တော့်ရဲ့ နောက်ဆုံးသောကာလ စီရင်ခြင်းနဲ့ ဆေးကြောခြင်းအမှုတော်တွေနဲ့ အတွေ့အကြုံရှိမှဖြစ်မယ်။ ဒါမှသာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရဖို့ တို့တတွေဟာ အရည်အချင်းပြည့်မီမယ် တကယ်တော့ သခင်ယေရှု တစ်ခါတုန်းက ပြောခဲ့ဖူးပါတယ်- "သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။" တဲ့ (ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃) ကိုယ်တော်ဟာ တို့တွေအတွက် နေရာပြင်ဆင်ပေးဖို့ ပြန်ကြွသွားခဲ့တယ်၊ နေရာပြင်ဆင်ပြီးတဲ့အခါ တို့တွေကို သိမ်းဆည်းဖို့ ပြန်ကြွလာလိမ့်မယ် တကယ်တော့ "သိမ်းဆည်းမယ်"ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ဟာ နောက်ဆုံးသောကာလမှာ တို့တွေကို ပြန်လည်မွေးဖွားစေမယ်ဆိုတဲ့ သူ့ရဲ့အစီအစဉ်ပါပဲ ကိုယ်တော်ဟာ သူ့ရဲ့အမှုတော်တွေပြုဖို့ ကြွလာတဲ့အခါ သူဟာ ငါတို့ကို သူ့ရဲ့နှုတ်ကပတ်တော်အားဖြင့် ဆေးကြောစီရင်ပေးပြီး စုံလင်သူတွေဖြစ်စေဖို့ သူ့ပလ္လင်တော်ရှေ့ကို ခေါ်ဆောင်လိမ့်မယ် ကိုယ်တော်ဟာ ကပ်ဘေးဒဏ်ကြီး မကျလာခင် တို့တွေကို အောင်မြင်သူတွေဖြစ်စေလိမ့်မယ် တို့ကို ကိုယ်တော်က လက်ခံတယ်ဆိုတာ တကယ်တော့ ကိုယ်တော်က တို့ကို ဆေးကြောပေးပြီး စုံလင်စေအောင် လုပ်ပေးမှာကို ပြောတာပါ ခုချိန်မှာ ကိုယ်တော်ဟာ နောက်ဆုံးသောကာလ သူ့ရဲ့ စီရင်ခြင်းအမှုတော်တွေပြုဖို့ ကမ္ဘာပေါ်ကိုပြန်ကြွလာခဲ့ပြီ တို့ဟာ ကိုယ်တော့်ရဲ့ပလ္လင်တော်ရှေ့မှာ ချီဆောင်ခံရပြီး ကိုယ်တော်နဲ့အတူတူ နေခွင့်ရခဲ့ပြီ ဒါဟာ ကိုယ်တော်က သူ ပြန်ကြွလာတဲ့အခါ တို့ကို လက်ခံမယ်ဆိုတဲ့ အနာဂတ္တိစကားပြည့်စုံလာတာပဲ မဟုတ်လား ကပ်ဘေးဒဏ်ကြီးပြီးတဲ့အခါမှာ ခရစ်တော်ရဲ့နိုင်ငံတော်ကို ကမ္ဘာပေါ်မှာ တည်ထောင်လိမ့်မယ် ကပ်ဘေးဒဏ်ကြီးရဲ့ စစ်ဆေးခြင်းကနေ လွတ်မြောက်ရှင်သန်ခွင့်ရသူအားလုံး ကောင်းကင်နိုင်ငံတော်မှာ နေရာရကြလိမ့်မယ်။

တို့တွေ ဒီလိုပြောကြရင် တချို့လူတွေက ရှင်ပေါလုလို တပည့်တော်ကြီးတွေတောင် ကိုယ်တော့်အတွက် ပေးဆပ်စွန့်လွှတ်အမှုတော်ဆောင်ပြီး ဆင်းရဲဒုက္ခခံခဲ့ကြသေးတာပဲ သူတို့အားလုံး ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရဖို့ အရည်အချင်းပြည့်ခဲ့တာပဲမဟုတ်လားဆိုပြီး ပြောကြတယ် ရှင်ပေါလုပြောဖူးတာက "ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါအဘို့သိုထားလျက်ရှိ၏။ "တဲ့ (၂ တိ ၄:၇-၈) လူအများစု ထင်ကြတာက ကောင်းပြီ၊ ရှင်ပေါလုက သခင့်အတွက် အလုပ်လုပ်ခဲပြီး ဓမ္မသရဖူကို ရခဲ့တယ် ငါတို့လည်း ရှင်ပေါလုလို လိုက်ကျင့်ကြသရွေ့ တို့အတွက် ဓမ္မသရဖူကို အမွေခံရပြီး ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရစေနိုင်မယ်လို့ ထင်ကြတယ်။ မှန်လား ဒါအမှန်ပဲ လား ရှင်ပေါလုပြောခဲ့တဲ့စကားဟာ တကယ်ပဲ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အပေါ် အခြေခံရဲ့လား ရှင်ပေါလုဟာ ဓမ္မသရဖူကို အမွေခံရပြီး ဆုလဒ်တွေရမယ်လို့ သခင်ယေရှုပြောခဲ့ဖူးလား သန့်ရှင်းသောဝိညာဉ်တော်ကကော ရှင်ပေါလုဟာ ကောင်းကင်နိုင်ငံတော်ဆီဝင်ခွင့်ရမယ်လို့ သက်သေခံခဲ့ဖူးလား ဒီလိုပြောခဲ့ပါတယ်လို့ တစ်ခုမှ ကျမ်းစာထဲမှာ ရေးမထားပါဘူး ဒါကြောင့် ရှင်ပေါလုရဲ့စကားတွေဟာ သက်သေမခိုင်လုံဘူးဆိုတာ ရှင်တို့ မြင်တဲ့အတိုင်းပဲ ဒါကြောင့် တို့တွေ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရဖို့ ရှင်ပေါလုရဲ့ စကားတွေကို အခြေခံပြီး မသုံးသင့်ဘူး ထာဝရအသက် နဲ့ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရဖို့ သခင်ယေရှုက တစ်ချိန်တုန်းက ရှင်းရှင်းလင်းလင်း ပြောခဲ့ဖူးပါတယ် "သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။" တဲ့ (ရှင်မဿဲ ၇:၂၁-၂၃) သခင်ယေရှုပြောခဲ့တဲ့စကားက သိပ်ကို ရှင်းပါတယ် ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရဖို့ လူတွေဟာ သူတို့မှာရှိနေတဲ့ မကောင်းတဲ့ဗီဇတွေ စင်ကြယ်ပြီး ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်လျှောက်ရမယ် စိတ်အားထက်သန်စွာနဲ့ စွန့်လွှတ်ပေးဆပ်အမှုတော်ဆောင်တယ်ဆိုပေမဲ့ ဘုရားသခင်ကို ဆန့်ကျင်နေပြီး ဘုရားသခင်ရဲ့လမ်းစဉ်ကို လိုက်မလျှောက်ဘူးဆိုရင် သူတို့ဟာ မကောင်းမှုကျူးလွန်သူတွေပဲ၊ ကောင်းကင်နိုင်ငံတော်ဆီ ကျိန်းသေ ဝင်ခွင့်ရကြမှာမဟုတ်ဘူး တခြားတဖက်မှာလည်း ရှင်ပေါလုက "ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ ပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီ၊ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ" ဒါကြောင့် ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ဆုကို ရပြီဆိုပြီး ပြောခဲ့ပြန်တယ် ဒါဟာ သခင်ယေရှုပြောခဲ့တဲ့စကားနဲ့ သိသိသာသာ လွဲနေတယ် မဟုတ်ဘူးလား ရှင်ပေါလုရဲ့ရှုထောင့်အရဆို တို့တတွေဟာ ကိုယ်တော့်အတွက် အမှုတော်ဆောင်နေသရွေ့ အကျိုးကျေးဇူးရရှိပြီး ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ဆုကိုလည်း ရလိမ့်မယ် ဒီလိုသာ ပြောကြေးဆိုရင် သခင်ယေရှုကို တော်လှန်ဆန့်ကျင်ပြီး ကုန်းကြောင်းရေကြောင်း ခရီးပတ် တရားဟောနေကြတဲ့ ဖာရိရှဲတွေလို လူတွေကရော ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရကြမှာလား ဘုရားသခင်ရဲ့လမ်းစဉ်ကိုမလိုက်ဘဲ ကိုယ်တော့်နာမတော်ကိုအမှီပြု တရားဟောပြီး နတ်ဆိုးနှင်ထုတ်တဲ့သူတွေကကော ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရဖို့ အရည်အချင်းပြည့်မီကြရဲ့လား ဒီအချက်ဟာ သိပ်ကို ဖြစ်နိုင်ချေမရှိတာပဲ မဟုတ်ပေဘူးလား ဖာရိရှဲတွေက ဘာပဲလုပ်လုပ် ဘာကြောင့် သူတို့ဟာ သခင်ယေရှုရဲ့ ချီးမြှောက်မှုကို ဘယ်တုန်းကမှ မရခဲ့ကြတာလဲ တကယ်တော့ သူတို့ဟာ ဒုက္ခဆင်းရဲခံပြီး တရားတွေလိုက်ဟောနေတယ်ဆိုတာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လုပ်နေတာဖြစ်လို့ပဲ ဘုရားသခင်ဟာ ဖြောင့်မတ်တော်မူတယ်၊ ဘုရားသခင်ဟာ လူတွေရဲ့ အတွင်းစိတ်နှလုံးကို မြင်နိုင်တယ် ဒါကြောင့် သခင်ယေရှုအမှုတော်ဆောင်တဲ့အချိန်တုန်းက သူ့တို့ကို ဖော်ထုတ်ခဲ့တာပေါ့ သူတို့ဟာ သူတို့ရဲ့ ရာထူးဂုဏ်သိမ် နဲ့ ဝမ်းရေးကို ကာကွယ်ဖို့ သခင်ယေရှုကို အပြင်းအထန် ရှုတ်ချဆန့်ကျင်ခဲ့ကြတယ် သူတို့ဟာ သခင်ယေရှုရဲ့ ရန်သူတွေဖြစ်ခဲ့ပြီး ကိုယ်တော့်ကို ကားတိုင်ပေါ်မှာ သတ်ပစ်ခဲ့တယ် နောက်ဆုံးရလဒ်အနေနဲ့ သူတို့ဟာ ဘုရားသခင်ရဲ့ ကျိန်ဆဲခြင်း နဲ့ ပြစ်ဒဏ်ပေးတာကို ခံခဲ့ကြရတယ် ဒီအချက်တွေဟာ သိပြီးသားတွေပါပဲ။

နောက်ဆုံးသောကာလမှာ ဘာသာရေးဘောင်ကလူတွေဟာ ဘာဖြစ်လာကြသလဲ ဒီလူအများစုဟာ ယုဒဖာရိရှဲတွေလိုဖြစ်လာကြတယ်လေ၊ ကိုယ်တော့်အတွက် အမှုတော်ဆောင်နေကြပေမဲ့ ကောင်းချီးဆုကျေးဇူးတွေ ရဖို့ နောက်လိုက်ပြီး အရာရာကိုလုပ်ဆောင်နေကြတာ သူတို့ဟာ ဆုကျေးဇူးနဲ့ သရဖူရဖို့ပဲ ကြိုးစားနေကြပြီး ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်ကိုလည်း မကျင့်ဆောင်ကြသလို ကိုယ်တော့်ကိုလည်း မနာခံကြဘူး ဒါကြောင့် သူတို့ စွန့်လွှတ်ပေးဆပ်ကြိုးစားတာတွေဟာ သူတို့ရဲ့ စိတ်ကူးပေါက်ရာ နဲ့ အလိုဆန္ဒတွေအပေါ် မူတည်ပြီး လုပ်ဆောင်နေကြတာ သူတို့ရဲ့ နာမည်ဂုဏ်သတင်း၊ ရာထူးတွေအတွက် သူတို့ကိုယ်သူတို့ ဂုဏ်ဖော်ပြီး သက်သေခံကြတယ် သူတို့ဟာ ဂိုဏ်းလေးတွေ ဖြစ်လာကြတယ်၊ ကိုယ်ပိုင် နိုင်ငံငယ်လေးတွေကို တည်ထောင်လာကြတယ် သူတို့ထဲကအများစုဟာ ဒုက္ခဆင်းရဲခံပြီး အမှုတော်ဆောင်ပြီးတာနဲ့ သူတို့ရဲ့ဝါရင့်မှုကို အကြောင်းပြပြီး ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ဘုရားသခင်ဆီ တောင်းခံလာကြတယ် ဒီလိုမျိုးလူတွေ၊ အထူးသဖြင့် သင်းအုပ်ဆရာတွေနဲ့ သင်းထောက်တွေဟာ ဘယ်လိုလုပ်ပြီး ဘုရားသခင်ရဲ့ချီးမြှောက်မှုကိုရနိုင်ကြမှာလဲ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ စီရင်ခြင်းအမှုတော်တွေနဲ့ ကြုံခဲ့တာတောင်မှ သူတို့ဟာ လက်မခံကြဘဲ သူတို့ရဲ့ ရာထူးဂုဏ်သိမ်တွေ နဲ့ ဝမ်းရေးကို ကာကွယ်ဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို တစ်ယူသန်စွာ ဆန့်ကျင်ရှုတ်ချကြတယ် သူတို့ဟာ ဘုရားသခင်ကို ကားတိုင်ပေါ်တင်ပြီး ပြန်သတ်နေသလိုပါပဲ၊ သူတို့ဟာ ကိုယ်တော့် စိတ်နေသဘောထားကို ပုတ်ခတ်နေခဲ့တာ အချိန်အတော်ကြာပါပြီ ဒါဟာ တကယ့်အချက်ပဲမဟုတ်လား၊ ဒါကို တို့တွေ ခုထိသဘောမပေါက်ကြသေးဘူးလား တို့တွေ ကိုယ်တော့်အတွက် စွန့်လွှတ်ပေးဆပ်အမှုတော်ဆောင်တိုင်းလည်း ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရဖို့ မရေရာဘူးဆိုတာကို ဒီအချက်က လုံလုံလောက်လောက်သက်သေ ပြနေတာပဲ တို့တွေဟာ ကိုယ်တော့်ကို ယုံကြည်ကြတယ်၊ ဒါပေမဲ့ သူ့ရဲ့နှုတ်ကပတ်တော်တွေကိုလည်း မကျင့်သုံးကြဘူး၊ သူ့ရဲ့ပညတ်တော်တွေကိုလည်း မလိုက်နာခဲ့ကြဘူး ဘုရားသခင်ကို တက်တက်ကြွကြွ မချစ်ပြကြသလို ကိုယ်တော့်ကို နာခံဖို့လည်း ဆန္ဒမရှိကြဘူး တို့တွေဟာ ကောင်းချီးခံစားရဖို့ နဲ့ ကောင်းကင်နိုင်ငံတော်ဝင်ဖို့အရေးပဲ လိုက်စားနေကြတယ်၊ တို့ဟာ ဘုရားသခင်ကို လှည့်စားပြီး ခေါင်းပုံဖြတ်နေကြသလိုပဲ တို့တွေ ဘယ်လောက်အလုပ်တွေကြိုးစားနေပါစေ၊ ဘယ်လောက် ဒုက္ခဝေဒနာတွေခံထမ်းနေပါစေ၊ ဘုရားသခင်ရဲ့ ချီးကျူးမှုကိုတော့ ရမှာမဟုတ်ဘူး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ဖတ်ကြည့်ကြရအောင်- "အပေါ်ယံ ရုတ်တရက်ကြည့်ပါက သက်ရှိလူသားများသည် ဘုရားသခင်အတွက် အလုပ်လုပ်ကာ အသုံးခံကြရင်း အစဥ်တစိုက် ပျားပန်းခတ်မျှ အလုပ်များနေဟန် ရှိကြသော်လည်း စင်စစ်မှာကား သူတို့သည် ကောင်းချီးများကို ရရှိနိုင်ရန် သို့မဟုတ် ရှင်ဘုရင်များအဖြစ် စိုးစံနိုင်ရန် သူတို့ တက်လှမ်းသင့်သည့် နောက်အဆင့်ကို သူတို့၏ အတွင်းဆုံးကျသော စိတ်နှလုံးများ၏ လျှို့ဝှက်သော အကန့်များထဲတွင် တွက်ချက်နေကြခြင်းသာ ဖြစ်သည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်အား ပျော်မွေ့နေသည့် တစ်ချိန်တည်းတွင်ပင် ၎င်းသည် ဘုရားသခင်အားတစ်ဖက်၌ ကြံစည် နေသည်ဟု တစ်ယောက်သောသူမှ ပြော၍ရပေသည်။ ဤအခြေအနေထဲတွင် ရှိသော လူသားမျိုးနွယ်သည် ဘုရားသခင်၏ အနက်ရှိုင်းဆုံးသော စက်ဆုပ်ခြင်း၊ ရွံရှာမုန်းတီးခြင်းနှင့် တွေ့ရပေသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ့အား အသုံးချသော သို့မဟုတ် လှည့်ဖြားသော မည်သည့် သက်ရှိလူသားကိုမဆို သည်းခံမည် မဟုတ်ပေ။" (အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်မျာ) "ဘုရားသခင်နောက်သို့လိုက်စဉ် သင်သည် ဒုက္ခဆင်းရဲ အမြဲခံစားရသည်၊ သူ့နောက်သို့ အေးအတူပူအမျှ လိုက်ခဲ့ပြီးပြီ၊ သူနှင့် ဆိုးတူကောင်းဖက် အတူဝေမျှခဲ့ပြီဟု သင်ဆိုသည်၊ သို့သော် သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများအတိုင်း မနေထိုင်ခဲ့ပါ၊ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် ပြေးလွှားလုပ်ဆောင်ပြီး ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိကာ အဓိပ္ပာယ်ရှိသော အသက်တာကို ရှင်သန်ရန်ကိုမူ ဘယ်သောအခါမျှ သင်မစဉ်းစားခဲ့ဟု သင်ပြောသည်။ 'အရာရာတွင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။ သူ့အတွက် ကျွန်ုပ်ဒုက္ခဆင်းရဲ ခံခဲ့ရသည်၊ သူ့အတွက် ကျွန်ုပ်ပြေးလွှားလုပ်ဆောင်သည်၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့ထံ၌ ပေးအပ်ဆက်ကပ်ထားသည်၊ မည်သည့်အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း ကျွန်ုပ်ကြိုးစားလုပ်ဆောင်၏။ သူကျွန်ုပ်ကို အမှတ်ရမည်မှာ သေချာပါသည်' ဟုလည်း သင်ပြောသည်။ ဘုရားသခင်သည် ဖြောင့်မတ်သည် ဆိုသည်မှာ အမှန်ဖြစ်၏။ သို့သော် ဖြောင့်မတ်မှုတွင် မည်သည့်မစင်ကြယ်ခြင်းမျှ စွန်းထင်းမနေပါ၊ ယင်းတွင် လူသားတို့၏ အလိုဆန္ဒမပါ၊ ဇာတိပကတိ သို့မဟုတ် လူသားတို့၏ ကိစ္စအဝဝတို့ဖြင့် အမည်းစက်ထင်ခြင်း မရှိပါ။ သူ့အား ပုန်ကန်သူ၊ ဆန့်ကျင်သူနှင့် သူ၏လမ်းကို မလိုက်လျှောက်သောသူ အားလုံးတို့သည် အပြစ်ဒဏ်ပေးခြင်းကို ခံရကြမည်၊ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရ၊ မည်သူ့ကိုမျှ ချမ်းသာမပေး။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) "မည်ကဲ့သို့သော လူမျိုးကို ငါနှစ်သက်သည်ကို သင်သိရမည်။ မသန့်စင်သော ထိုသူများအား နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြု၊ မသန့်စင်သော ထိုသူများအား သန့်ရှင်းသောမြေကို ညစ်ညူးစေရန် အခွင့်မပြု။ သင်သည် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ အဆုံး၌ သင်သည် ဆိုးရွားစွာပင် ညစ်ညမ်းနေဆဲ ဖြစ်မည်ဆိုပါက၊ သင် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။ လောကကြီးအား အုတ်မြစ်ချသည့် အချိန်မှစ၍ ယနေ့အထိ၊ မည်သည့်အခါမျှပင် ငါသည် ငါ့အား မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ လွယ်ကူစွာ ဝင်နိုင်ခွင့်ကို မပေးခဲ့။ ဤအရာသည် ကောင်းကင်ဆိုင်ရာ စည်းမျဉ်းပင် ဖြစ်ပြီး၊ ယင်းအား မည်သူမျှ မချိုးဖောက်နိုင်။... အကယ်၍ သင်သည် ဆုလာဘ်များကိုသာ ကြည့်ပြီး၊ သင့်ကိုယ်ပိုင် အသက်တာ စိတ်သဘောထားကို ပြောင်းလဲရန် မရှာဖွေပါလျှင်၊ သင်၏ ကြိုး စားအားထုတ်မှု အားလုံးသည် အချည်းနှီး သက်သက်သာ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ ဤအရာမှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ကြည့်ခြင်းအားဖြင့် သူဟာ သန့်ရှင်းဖြောင့်မတ်တော်မူတယ်ဆိုတာ သိနိုင်တယ် ဘုရားသခင်ဟာ ညစ်ပေပြီး အကျင့်ပျက်တဲ့လူတွေကို သူ့ရဲ့နိုင်ငံတော်ထဲ လုံးဝ ဝင်ခွင့်ပေးမှာမဟုတ်ဘူး ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဒါကို ဆုံးဖြတ်ပေးထားတာပါ ဒါကြောင့် တို့တွေဟာ သမ္မာတရားကိုရရှိဖို့၊ အကျင့်ပျက်စိတ်သဘောထားတွေကနေ လွတ်မြောက်ဖို့၊ ဘုရားသခင်အားဖြင့် ရရှိပြီး ကယ်တင်ခြင်းခံရကာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရဖို့ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့စီရင်ခြင်းနဲ့ ဆေးကြောခြင်းအမှုတော်ကို တွေ့ကြုံခံစားဖို့လိုတယ် ဒါဟာ သံသယဖြစ်စရာမရှိတဲ့ အချက်ပဲ။

အိပ်မက်မှ နိုးထလာခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၄) သခင်ယေရှုက တပည့်တွေကို ကောင်းကင်နိုင်ငံတော်ရဲ့နက်နဲမှုတွေအကြောင်း ပြောခဲ့ပါတယ်။ ဒါကြောင့် သခင်ယေရှု ပြန်လာခြင်းဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကလည်း နက်နဲမှုတွေအများကြီးကို ထုတ်ဖော်ပြထားသလား အနန္တတန်ခိုးရှင်ဘုရားသခင် ထုတ်ဖော်ပြတဲ့ နက်နဲမှုတချို့ကို ကျွန်မတို့အတွက် မိတ်သဟာယ ပြုပေးနိုင်မလား ဒါက ဘုရားသခင်ရဲ့အသံတော်ကို ခွဲခြားရာမှာ ကျွန်မတို့အတွက် အများကြီးအထောက်အပံ့ရမှာပါ

နောက်တစ်ခုသို့- မေးခွန်း (၄)- ကျွန်တော်တို့က သခင့်ကိုယုံကြည်ခဲ့ကြတာ နှစ်ပေါင်းများစွာရှိပါပြီ။ သခင့်အတွက် အမှုထမ်းတော့လည်း ရှင်ပေါလုရဲ့ဥပမာအတိုင်း လိုက်ခဲ့ကြတာပါ ကျွန်တော်တို့က သခင့်ရဲ့လမ်းခရီးနဲ့နာမတော်ကို သစ္စာရှိခဲ့ကြတာပါ ဒီတော့ ဖြောင့်မတ်ခြင်းသရဖူကလည်း ကျွန်တော်တို့ကို စောင့်နေမှာ သေချာတယ် ဒီနေ့၊ ကျွန်တော်တို့က သခင့်အတွက်အလုပ်ကြိုးစားဖို့နဲ့ သူ ပြန်လာခြင်းကို သတိနဲ့စောင့်ကြည့်ဖို့ကိုပဲ အာရုံစိုက်ဖို့လိုတယ် ဒီလိုမှပဲ ကျွန်တော်တို့အနေနဲ့ ကောင်းကင်နိုင်ငံတော်ဆီ ရောက်နိုင်မယ် သမ္မာကျမ်းစာမှာ အခုလိုပြောထားတယ် "…ငါ့ကို မြော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းမရှိ ကြောင်းကို၎င်း သင်သိလိမ့်မည်။" (ဟေရှာယအနာဂတ္တိကျမ်း ၄၉:၂၃) ကျွန်တော်တို့က သခင့်ကတိတော်ကို ယုံကြည်တယ်။ သူ ပြန်လာတဲ့အခါ ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်မယ်ဆိုတာလေ ဒီနည်းလမ်းကို ကျင့်သုံးတာက တစ်ခုခုများ မှားနိုင်လို့လား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။