မေးခွန်း (၄) သခင်ယေရှုက တပည့်တွေကို ကောင်းကင်နိုင်ငံတော်ရဲ့နက်နဲမှုတွေအကြောင်း ပြောခဲ့ပါတယ်။ ဒါကြောင့် သခင်ယေရှု ပြန်လာခြင်းဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကလည်း နက်နဲမှုတွေအများကြီးကို ထုတ်ဖော်ပြထားသလား အနန္တတန်ခိုးရှင်ဘုရားသခင် ထုတ်ဖော်ပြတဲ့ နက်နဲမှုတချို့ကို ကျွန်မတို့အတွက် မိတ်သဟာယ ပြုပေးနိုင်မလား ဒါက ဘုရားသခင်ရဲ့အသံတော်ကို ခွဲခြားရာမှာ ကျွန်မတို့အတွက် အများကြီးအထောက်အပံ့ရမှာပါ

အဖြေ- ဘုရားသခင် လူ့ဇာတိခံယူတဲ့အကြိမ်တိုင်းမှာ၊ သူဟာ သမ္မာတရားတွေ၊ နက်နဲမှုတွေအများကြီးကို ထုတ်ဖော်ပြပါတယ် ဒါက သံသယရှိစရာမလိုပါဘူး ဘုရားသခင်ဟာ လူတွေကိုကယ်တင်ဖို့အတွက် လူ့ဇာတိခံယူပါတယ် ဒါကြောင့် သူဟာ သမ္မာတရားအများအပြားကို ဖော်ပြရသလို၊ နက်နဲမှုတွေအများကြီးကိုလည်း ထုတ်ဖော်ပြရပါတယ် ကျေးဇူးတော်ခေတ်ကာလကို ဉပမာကြည့်ရင် လူ့ဇာတိခံ ဘုရားသခင်ဖြစ်တဲ့ သခင်ယေရှုဟာ အမှုတော်ကိုပြုရင်း ဟောကြားရင်းနဲ့၊ နက်နဲမှုအများအပြားကို ထုတ်ဖော်ပြခဲ့ပါတယ် “ကောင်းကင်နိုင်ငံတော်သည် တည်လုနီး ပြီ။ ထို့ကြောင့် နောင်တရကြလော့။” (ရှင်မဿဲခရစ်ဝင် ၄:၁၇) “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) ဒါတွေအပြင် တခြားနက်နဲမှုတွေအများကြီးကိုလည်း သခင်ယေရှုက ထုတ်ဖော်ပြခဲ့တာပါ လောလောဆယ်တော့ အဲဒါတွေအကြောင်း မပြောသေးပါဘူး နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ကြွလာခဲ့ပြီဖြစ်သလို၊ တရားစီရင်ခြင်းအမှုကိုလည်း ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ကာ ဆောင်ရွက်နေပါပြီ လူတွေကို သန့်စင်ခြင်း၊ ကယ်တင်ခြင်းအတွက် အလုံးစုံသောသမ္မာတရားတွေကိုလည်း ဖော်ပြထားပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှုရဲ့ပရောဖက်ပြုချက်တွေအားလုံးကို ပြီးမြောက်စေခဲ့ရုံမကပါဘူး ဘုရားသခင်ရဲ့စီမံခန့်ခွဲမှုအစီအစဉ်နဲ့ဆက်စပ်တဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုင်ရာ နက်နဲမှုကြီးတွေကိုလည်း ကျွန်မတို့အတွက် ထုတ်ဖော်ပြထားပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ခုကို ဖတ်ပြပါရစေ “ငါနှစ်ပေါင်းထောင်နှင့်ချီ စီမံခန့်ခွဲ လုပ်ဆောင်လာနေခဲ့သော အလုပ်ကို နောက်ဆုံးသော ကာလ၌သာ လူသားကို အပြည့်အစုံ ဖော်ပြသည်။ ယခုမှသာ ငါသည် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ လျှို့ဝှက်နက်နဲမှု အစုံအလင်ကို လူသားအား ဖွင့်ပြပြီး၊ ငါ့အလုပ်၏ ရည်ရွယ်ချက်ကို လူသားက သိခဲ့ပြီဖြစ်သည့်အပြင် ငါ၏ လျှို့ဝှက်နက်နဲမှုများ အားလုံးကိုလည်း နားလည်ပြီဖြစ်သည်။ သူစိုးရိမ်နေသည့် ခရီးပန်းတိုင် အကြောင်းကိုလည်း ငါက လူသားကို အားလုံးပြောပြပြီး ဖြစ်သည်။ နှစ်ပေါင်း ၅၉၀၀ ကျော် ဖုံးကွယ်ထားသည့် ငါ၏လျှို့ဝှက်နက်နဲမှုများ အားလုံးကိုလည်း လူသားအတွက် ဖော်ပြပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်)အမှု၏ ဤအဆင့်က သင့်အား ယေဟောဝါ၏ ပညတ်တရားနှင့် ယေရှု၏ ရွေးနှုတ်ခြင်းတို့ကို ရှင်းပြပေးမည်ဖြစ်ပြီး၊ အဓိကအားဖြင့် သင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ လုပ်ငန်းတစ်ခုလုံးကို နားလည်လျက် ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အရေးပါမှုနှင့် အနှစ်သာရအလုံးစုံကို တန်ဖိုးထားရန်၊ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုနှင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံး၏ ရည်ရွယ်ချက်ကို နားလည်ရန်နှင့် သင်၏ သမ္မာကျမ်းစာအပေါ် မျက်ကန်းယုံကြည်လက်ခံမှုနှင့် ကြည်ညိုမှုကိုပင်လျှင် နားလည်ရန် ဖြစ်သည်။ ၎င်းက သင့်အား ထိုအချက်များ အားလုံးကိုစေ့စပ်သေချာစွာ နားလည်လာစေလိမ့်မည်။ သင်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်ကိုရော ဘုရားသခင်၏ ယနေ့ အလုပ်ကိုပါ နားလည်လာလိမ့်မည်ဖြစ်သည်၊ သင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီး အားလုံးတို့ကို သိနားလည်လျက် မြင်လိမ့်မည် ဖြစ်သည်။...နောက်ဆုံးအဆင့်သည် ဘုရားသခင်၏ အမှုကို စုံလင်သော အဆုံးသတ်တစ်ခုသို့ ဆောင်ကြဉ်းပေးမည် ဖြစ်ပြီး ယင်း၏နိဂုံးကို စီစဉ်ပေးလိမ့်မည်ဖြစ်သည်။ အားလုံးက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်လျက် သိရှိလာလိမ့်မည်ဖြစ်သည်။ လူသားအတွင်းရှိ အယူအဆများ၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ ယွင်းမှားပြီး အဓိပ္ပာယ်မဲ့သည့် နားလည်မှု၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုအပေါ် သူ၏အယူအဆများ၊ တစ်ပါးအမျိုးသားများအပေါ် သူ၏ အမြင်များနှင့် သူ၏ အခြားလွဲချော်မှုများနှင့် အမှားများမှာ အမှားပြင်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် လူသားသည် အသက်တာ၏ မှန်ကန်သောလမ်းကြောင်းများအားလုံး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးနှင့် သမ္မာတရားတစ်ခုလုံးကို နားလည်လာလိမ့်မည်။ ထို့သို့ဖြစ်သည့်အခါ အမှု၏ လက်ရှိအဆင့်မှာ အဆုံးသတ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂))

အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူတွေကိုကယ်တင်ခြင်းအတွက် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ရဲ့နက်နဲမှုတွေအားလုံးကို ထုတ်ဖော်ပြထားပါတယ် လူသားတွေကို စီမံခန့်ခွဲရာမှာ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကိုလည်း အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောပြထားပါတယ် ဘုရားသခင်ဟာ လူတွေကိုကယ်တင်ဖို့အတွက် အမှုတော်အဆင့်သုံးဆင့်ကို ဘာကြောင့် လုပ်ဆောင်ထားရတယ် အဲဒီအမှုတော်အဆင့်သုံးဆင့်ဟာ တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လိုတိုးတက်လာတယ် အဲဒီအဆင့်တွေကြားမှာ ဘယ်လိုချိတ်ဆက်မှုနဲ့ ခြားနားမှုတွေ ရှိတယ်ဆိုတာတွေကိုလည်း ပြဆိုထားပါတယ် ဘုရားသခင် နာမတော်တွေရဲ့အဓိပ္ပာယ်နဲ့၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ဘယ်လိုဆောင်ရွက်တယ်ဆိုတာအပြင် တရားစီရင်ခြင်းအမှုရဲ့ရည်ရွယ်ချက်ကိုလည်း အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောဆိုထားပါတယ် လူ့ဇာတိခံယူခြင်းရဲ့နက်နဲမှုတွေနဲ့ သမ္မာကျမ်းရဲ့အတွင်းကျကျဖြစ်စဉ်ကိုလည်း ထုတ်ဖော်ပြထားပါတယ် အရာအားလုံးရဲ့အသက်တာရင်းမြစ်ဟာ ဘုရားသခင်ဖြစ်တယ်၊ ဘုရားသခင်ဟာ အရာအားလုံးအပေါ် ဘယ်လိုစိုးမိုးတယ်ဆိုတာကိုလည်း အနန္တတန်ခိုးရှင်ဘုရားသခင်က ထုတ်ဖော်ပြထားပါတယ် ဘုရားသခင်ရဲ့အတုမရှိတဲ့ ဩဇာအာဏာ၊ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထား၊ ဘုရားသခင်ရဲ့သန့်ရှင်းခြင်း၊ ဘုရားသခင်ရဲ့အနန္တတန်ခိုးနဲ့ ဉာဏ်ပညာ စတာတွေကိုလည်း အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောဆိုပြထားတယ် ဒါ့အပြင် လူသားတွေဟာ ဒီနေ့အချိန်အထိ ဘယ်လိုပြောင်းလဲလာခဲ့တယ်၊ စာတန်က လူတွေကိုဘယ်လိုဖျက်ဆီးထားတယ်ဆိုတာကို အနန္တတန်ခိုးရှင်ဘုရားသခင်က ထုတ်ဖော်ပြထားသလို စာတန်ကြောင့် ပျက်စီးနေတဲ့ လူသားတွေရဲ့အဖြစ်မှန်နဲ့ ဘုရားသခင်အပေါ် အကျင့်ပျက်လူသားတွေရဲ့ဆန့်ကျင်မှု၊ သစ္စာဖောက်မှု ဇာစ်မြစ် ဘုရားသခင်က လူတွေကို ကယ်တင်ဖို့ ဘယ်လိုဆောင်ရွက်တယ် ဘုရားသခင်ရဲ့အမှုတော်ကို နှောင့်ယှက်ဖို့အတွက် စာတန်က ကောက်ကျစ်တဲ့အကြံအစည်တွေကို ဘယ်လို အကောင်အထည်ဖော်ထားတယ် ဘုရားသခင်က စာတန်ကို အနိုင်ယူပြီး၊ စာတန်ရဲ့ကံကြမ္မာကို ဘယ်လိုအဆုံးသတ်စေတယ်ဆိုတာတွေကိုလည်း ပြောဆိုပြထားပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ကျွန်မတို့ကို စစ်မှန်တဲ့အသက်တာတစ်ခုရဲ့အဓိပ္ပာယ်ကို ပြဆိုထားပါတယ် လူတွေဟာ စစ်မှန်စွာပျော်ရွှင်နိုင်ဖို့ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာအပြင် လူအမျိုးမျိုးရဲ့ကွဲပြားတဲ့အဆုံးသတ်တွေနဲ့ လူတွေရဲ့မှန်ကန်တဲ့ ခရီးပန်းတိုင်အကြောင်း ဒါ့အပြင် ဘုရားသခင်က ဒီနေ့ခေတ်ကို ဘယ်လိုအဆုံးသတ်စေမယ် ခရစ်တော်ရဲ့နိုင်ငံတော်ဟာ ဘယ်လိုဖြစ်ပေါ်လာမယ် စသဖြင့် ပြဆိုထားတာပါ ဒီလိုနက်နဲမှုတွေအားလုံးကို အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်မတို့အတွက် ထုတ်ဖော်ပြထားတာ ဖြစ်ပါတယ် သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် ထုတ်ဖော်ပြတဲ့ သမ္မာတရားတွေ၊ နက်နဲမှုတွေကနေ ကျွန်မတို့မြင်နိုင်တာကတော့ ဒီနက်နဲမှုတွေအားလုံးဟာ ဘုရားသခင်နဲ့ဆက်နွှယ်နေသလို၊ ကောင်းကင်နိုင်ငံတော်နဲ့လည်း ဆက်နွှယ်နေတဲ့အပြင် ဘုရားသခင်က အနာဂတ်မှာ ဘယ်လိုပြီးမြောက်စေမယ်ဆိုတာနဲ့လည်း ဆက်နွှယ်နေပါတယ် ဒီနက်နဲမှုတွေအားလုံးဟာ ဘုရားသခင်ရဲ့စီမံခန့်ခွဲမှုအစီအစဉ်၊ လူသားတွေရဲ့ခရီးပန်းတိုင်နဲ့လည်း ချိတ်ဆက်နေပါတယ် ဒီနက်နဲမှုတွေကို ဘုရားသခင်ရဲ့ထုတ်ဖော်ပြခြင်းမှာ လေးနက်တဲ့အဓိပ္ပာယ် ရှိနေပါတယ် သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် ထုတ်ဖော်ပြတဲ့ သမ္မာတရားတွေ၊ နက်နဲမှုတွေကနေ ကျွန်မတို့ အတည်ပြုနိုင်တာကတော့ ဒီနှုတ်ကပတ်တော်တွေအားလုံးဟာ ဘုရားသခင်ရဲ့အသံတော် ဖြစ်တယ်ဆိုတာပါပဲ ဒီလိုနက်နဲမှုတွေကို ဘုရားသခင်ကလွဲရင် ဘယ်သူမှ မသိနိုင်ပါဘူး ဘုရားသခင်ကိုယ်တိုင်သာ သိပါတယ်။ ကောင်းကင်တမန်တွေလည်း မသိပါဘူး။ လူသားတွေ သိဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ပါဘူး ဒါကြောင့် သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် ထုတ်ဖော်ပြတဲ့ သမ္မာတရားတွေ၊ နက်နဲမှုတွေဟာ တစ်ပါးတည်းသော ဝိညာဉ်တော်ရဲ့ဖော်ပြမှု၊ တစ်ပါးတည်းသော ဘုရားသခင်ရဲ့အမှုတော်ပါပဲ အနန္တတန်ခိုးရှင်ဘုရားသခင် ဆောင်ရွက်တဲ့ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုဟာ သခင်ယေရှု ဆောင်ရွက်ခဲ့တဲ့ အမှုတော်ကနေ ဆက်ပြီးလုပ်ဆောင်တာ ဖြစ်ပါတယ် ဒါက သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို ပြည့်စုံစေတာပါပဲ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒီအချက်တွေက ဘာကိုသက်သေပြသလဲဆိုရင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာခြင်း ဖြစ်တယ် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်း ဖြစ်တယ်ဆိုတာပါပဲ

အကျင့်ပျက်လူသားတွေအနေနဲ့ ကယ်တင်ခံရဖို့အတွက် နားလည်သင့်တဲ့ ဝင်ရောက်သင့်တဲ့ သမ္မာတရားတွေ၊ နက်နဲမှုတွေအားလုံးကို အနန္တတန်ခိုးရှင်ဘုရားသခင်က ထုတ်ဖော်ပြပါတယ် ဒါကြောင့် ကျွန်မတို့ဟာ ဘုရားသခင်အပေါ်ယုံကြည်ခြင်းမှာ ရှင်းလင်းမှု၊ ငြိမ်းချမ်းမှု၊ တောက်ပမှုကို ခံစားရပါတယ် ဒီလိုနည်းနဲ့ ကျွန်မတို့ဟာ ဘုရားသခင်အပေါ်ယုံကြည်ခြင်း လမ်းကြောင်းမှန်အပေါ် ဝင်ရောက်နိုင်ကြပါတယ် ကျွန်မတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို လက်ခံ နာခံဖို့ပဲ လိုပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေအားလုံးကို ဝင်ရောက်နိုင်ဖို့ပဲ လိုပါတယ် ဒါမှသာ ကျွန်မတို့ဟာ သမ္မာတရားကို အသက်တာအဖြစ် ရရှိလာမှာဖြစ်သလို၊ ကယ်တင်ခြင်းကိုလည်း ရရှိပြီး၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်ကြရမှာပါ အနန္တတန်ခိုးရှင်ဘုရားသခင်က ဘုရားသခင်စိတ်သဘောထားရဲ့နက်နဲမှုကို ထုတ်ဖော်ပြတဲ့ ကျမ်းပိုဒ်တစ်ခုကို နားထောင်ကြည့်ကြရအောင် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ စိတ်နေသဘောထားမှာ သက်ရှိသက်မဲ့ အရာအားလုံးတို့ကို အုပ်စိုးသောသူနှင့် သက်ဆိုင်ပြီး ဖန်ဆင်းခြင်းခပ်သိမ်း၏ သခင်နှင့် သက်ဆိုင်သည်။ သူ၏ စိတ်နေသဘောထားသည် ဂုဏ်ပြုခြင်း၊ တန်ခိုး၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်းကို ကိုယ်စားပြုပြီး အရေးကြီးဆုံးမှာ သာလွန်ကြီးစိုးခြင်းကို ကိုယ်စားပြုသည်။ သူ၏စိတ်နေသဘောထားသည် သြဇာအာဏာ၏ သင်္ကေတဖြစ်ပြီး ဖြောင့်မတ်သောအရာအားလုံး၏ သင်္ကေတဖြစ်ကာ လှပ၍ ကောင်းမွန်သည့်အရာအားလုံး၏ သင်္ကေတလည်း ဖြစ်ပေသည်။ ထိုထက်မက ထိုစိတ်နေသဘောထားသည် အမှောင်ထုနှင့် မည်သည့် ရန်သူအင်အားကမျှ အနိုင်ယူ၍မရနိုင်သောက၊ သို့မဟုတ် ထိပါး၍ မရနိုင်သော သူ၏ သင်္ကေတဖြစ်ပြီး၊ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော (ပုန်ကန်ပြစ်မှားခြင်းကိုလည်း သူသည်းခံမည် မဟုတ်ပေ) သူ၏ သင်္ကေတလည်း ဖြစ်သည်။ သူ၏စိတ်နေသဘောထားသည် အမြင့်ဆုံးသောတန်ခိုး၏ သင်္ကေတဖြစ်၏။ မည်သည့်လူကမျှ၊ သို့မဟုတ် မည်သည့်လူအများကမျှ သူ၏အမှု၊ သို့တည်းမဟုတ် သူ၏စိတ်နေသဘောထားကို မနှောင့်ယှက်နိုင်ပေ၊ သို့မဟုတ် နှောင့်ယှက်ခွင့်ရှိမည်လည်း မဟုတ်ပေ။...ဘုရားသခင်၏ ဝမ်းသာခြင်းသည် ဖြောင့်မတ်ခြင်းနှင့် အလင်းတို့၏ တည်ရှိမှုနှင့် ထွက်ပေါ်လာမှုတို့ကြောင့်ဖြစ်သည်၊ အမှောင်ထုနှင့် ဆိုးယုတ်မှုတို့၏ ပျက်စီးမှုကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် အလင်းနှင့် ကောင်းမွန်သော အသက်တာကို ယူဆောင်လာပေးခြင်းအပေါ် သူဝမ်းမြောက်သည်၊ သူ၏ဝမ်းသာခြင်းသည် ဖြောင့်မှန်သော ဝမ်းသာခြင်းဖြစ်ပြီး အပြုသဘောဆောင်သော အရာအားလုံးတို့ တည်ရှိမှု၏ သင်္ကေတဖြစ်ကာ ထိုမျှမက မင်္ဂလာရှိခြင်း၏ သင်္ကေတလည်းဖြစ်၏။ ဘုရားသခင်၏ ဒေါသမှာ မတရားမှု၏ တည်ရှိခြင်းနှင့် နှောင့်ယှက်ခြင်းတို့က လူသားမျိုးနွယ်အပေါ် သင့်ရောက်စေသော အန္တရာယ်ကြောင့် ဖြစ်သည်၊ ဆိုးယုတ်မှုနှင့် အမှောင်ထုတို့၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ သမ္မာတရားကို နှင်ထုတ်သော အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ ထိုမျှမက ကောင်းမွန်ပြီး လှပသောအရာများကို ဆန့်ကျင်သည့် အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်။ သူ၏ဒေါသသည် အပျက်သဘောဆောင်သော အရာများအားလုံး မတည်ရှိတော့ခြင်း၏ သင်္ကေတဖြစ်ပြီး ထိုထက်ပို၍ သူ့သန့်ရှင်းခြင်း၏ သင်္ကေတပင်ဖြစ်သည်။ သူ၏ဝမ်းနည်းမှုမှာ မျှော်လင့်ချက်များ သူထားခဲ့သော်ငြားလည်း အမှောင်ထုထဲသို့ ကျဆင်းသွားသော လူသားမျိုးနွယ်ကြောင့်ဖြစ်ပြီး လူသားအပေါ် သူပြုသောအမှုမှာ သူ၏မျှော်မှန်းချက်များအတိုင်း ဖြစ်မလာ သောကြောင့်ဖြစ်ကာ သူချစ်သော လူသားမျိုးနွယ်မှာ အလင်းထဲတွင် အားလုံးမနေနိုင်ကြသောကြောင့်ဖြစ်သည်။ အပြစ်ကင်းမဲ့သော လူသားမျိုးနွယ်အတွက်၊ ရိုးသားသော်လည်း ပညာမဲ့သော လူသားအတွက်၊ ထို့ပြင် လူကောင်းဖြစ်သော်လည်း မိမိကိုယ်ပိုင်အမြင်များ ကင်းမဲ့နေသော လူသားအတွက် သူဝမ်းနည်းရသည်။ သူ၏ဝမ်းနည်းမှုမှာ သူ၏ကောင်းမြတ်ခြင်းနှင့် သူ့ကရုဏာတို့၏ သင်္ကေတဖြစ်ပြီး လှပခြင်းနှင့် ကြင်နာခြင်းတို့၏ သင်္ကေတဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် သူ၏ရန်သူများကို အနိုင်ရခြင်းနှင့် လူသား၏ စိတ်ရင်းကောင်းကို ရရှိခြင်းတို့မှ လာသည်မှာ မှန်ပေ၏။ ထိုမျှမက ထိုပျော်ရွှင်မှုသည် ရန်သူ့အင်အား အားလုံးတို့၏ နှင်ထုတ်ခံရခြင်းနှင့် ပျက်စီးခြင်းတို့မှ ပေါ်ပေါက်လာပြီး ကောင်းမွန်ပြီး ငြိမ်းအေးသော အသက်တာကို လူသားမျိုးနွယ်တို့ ရရှိခြင်းကြောင့် ပေါ်ပေါက်လာသည်။ ဘုရားသခင်၏ ပျော်ရွှင်မှုသည် လူသား၏ ဝမ်းသာမှုနှင့် မတူပေ၊ စင်စစ်အားဖြင့် ထိုပျော်ရွှင်မှုသည် အသီးအပွင့်ကောင်းများကို စုဆောင်းရခြင်း၏ ခံစားချက်ဖြစ်ပြီး ဝမ်းသာမှုထက် ပို၍ကြီးမားသော စိတ်ခံစားချက် ဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် ဤအချိန်မှစ၍ ရှေ့လျှောက်တွင် လူသားမျိုးနွယ်တို့ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်း၏ သင်္ကေတဖြစ်ပြီး အလင်းလောကသို့ လူသားမျိုးနွယ်ဝင်ရောက်ခြင်း၏ သင်္ကေတလည်း ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏)

ဘုရားသခင်ရဲ့စိတ်သဘောထားက ဘာကိုကိုယ်စားပြုတယ်ဆိုတာအပြင်၊ ဘုရားသခင်စိတ်သဘောထားရဲ့အမှတ်သညာသဘောနဲ့ အဓိပ္ပာယ်ကို အနန္တတန်ခိုးရှင်ဘုရားသခင်က ထုတ်ဖော်ပြထားတာ ဖြစ်ပါတယ် လူသားတွေနဲ့ ဘုရားသခင်ရဲ့စိတ်သဘောထားထဲက ကျေနပ်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကြား ဆက်သွယ်မှုကိုလည်း အနန္တတန်ခိုးရှင်ဘုရားသခင်က ထုတ်ဖော်ပြထားတာပါ ဘုရားသခင်ရဲ့စိတ်နေသဘောထားကို ဘုရားသခင်ကိုယ်တိုင်ကလွဲရင်၊ ဘယ်သူက ဒီလောက်ရှင်းလင်းအောင် ပြောဆိုနိုင်မှာလဲ ဘုရားသခင်စိတ်နေသဘောထားရဲ့အမှတ်သညာသဘောနဲ့ အဓိပ္ပာယ်ကို ဘယ်သူက သိနိုင်မှာလဲ ရှေးပဝေသဏီကနေ ဒီနေ့အထိ၊ ဘုရားသခင်ရဲ့စိတ်သဘောထားကို ဒီလောက် တိကျရှင်းလင်းတဲ့ သက်သေခံချက်မျိုး ပေးပြီး၊ ကျွန်မတို့ကိုလည်း အကြွင်းမဲ့လက်ခံယုံကြည်သွားအောင် လုပ်နိုင်တဲ့သူမျိုး မရှိခဲ့သေးပါဘူး ဘုရားသခင်ရဲ့ကျေနပ်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနဲ့ ပျော်ရွှင်မှုဟာ လူသားတွေကို စီမံခန့်ခွဲတဲ့ အမှုတော်တစ်ခုလုံးမှာ ထင်ရှားနေပါတယ် ကျွန်မတို့ဟာ ဘုရားသခင်ရဲ့အမှုတော်ကို တွေ့ကြုံရတဲ့အတွက်၊ ဘုရားသခင်ရဲ့စိတ်သဘောထားထဲက ကျေနပ်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနဲ့ ပျော်ရွှင်မှုဟာ စကားလုံးတွေ သက်သက်မဟုတ်တဲ့အပြင်၊ ဒါတွေဟာ လက်တွေ့ကျတယ်၊ စစ်မှန်ပြီး အထင်းသားရှိတယ်ဆိုတာကို ကျွန်မတို့ကလည်း စစ်မှန်စွာ ခံစားသိရှိနိုင်ကြပါတယ် ဘုရားသခင်ရဲ့ကျေနပ်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနဲ့ ပျော်ရွှင်မှုတွေအားလုံးဟာ ဘုရားသခင်ရဲ့အသက်တာအနှစ်သာရကို ဖော်ပြတာတွေ ဖြစ်ပါတယ် ဒါတွေဟာ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေရဲ့ အရှိတရားဖြစ်သလို၊ ဖြောင့်မတ်ခြင်းရဲ့သင်္ကေတတွေပါပဲ ဘုရားသခင်ရဲ့ လူသားတွေကိုကယ်တင်ခြင်းအမှုတော်မှာ ဘုရားသခင် ထုတ်ဖော်ပြတဲ့ ကျေနပ်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနဲ့ ပျော်ရွှင်မှုတွေဟာ လူသားတွေရဲ့ဆက်လက်ရှင်သန်နိုင်ရေးအတွက်ဖြစ်တယ်ဆိုတာကို ကျွန်မတို့တွေ့ရပါတယ် ဒါတွေအားလုံးဟာ လူသားတွေကို ကယ်တင်ဖို့အတွက်ပါပဲ။ ဒါမှသာ လူတွေဟာ စာတန်ရဲ့ဖိစီးမှုကနေ လွတ်မြောက်နိုင်ပြီး၊ အလင်းမှာ ရှင်သန်နိုင်ကြမှာပါ ဒါ့အပြင် ဒါတွေဟာ လူသားတွေကို လှပတဲ့ခရီးပန်းတိုင်ဆီ လမ်းပြဖို့အတွက်လည်း ဖြစ်ပါတယ် ဘုရားသခင်ရဲ့လူသားတွေကိုကယ်တင်ခြင်းဖြစ်စဉ်မှာ ကျွန်မတို့မြင်လိုက်ရတာကတော့ ဘုရားသခင်ဟာ အရာခပ်သိမ်းကို ထိန်းချုပ်တယ်၊ ပြဋ္ဌာန်းတယ်ဆိုတာပါပဲ ဘုရားသခင်ရဲ့စိတ်နေသဘောထားဟာ အမြင့်မားဆုံးသော ဩဇာအာဏာရဲ့သင်္ကေတပါပဲ ဘယ်လိုအမှောင်ထုမျိုးကမှ ဖိနှိပ်၊ အန္တရာယ်ပြုလို့မရတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ် ဘုရားသခင်အနေနဲ့ သူ့အလိုတော်ကို အနှောင့်အယှက်ကင်းကင်းနဲ့ ဆောင်ရွက်နိုင်စေတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ် ကျေးဇူးတော်ခေတ်ကို သတိရကြည့်ပါ။ သခင်ယေရှုက အမှုတော်ကိုပြုရင်း၊ ဟောပြောနေချိန်မှာ ဘာသာရေးအသိုင်းအဝိုင်းရဲ့ခေါင်းဆောင်တွေက သခင်ယေရှုကို အထိတ်တလန့်နဲ့ ရှုတ်ချဆန့်ကျင်ခဲ့ကြတယ် ယေရှုကို ကားတိုင်တင်သတ်နိုင်ဖို့ ရောမ အစိုးရနဲ့တောင်ပူးပေါင်းပြီး လုပ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ဉာဏ်ပညာဟာ စာတန်ရဲ့ကောက်ကျစ်တဲ့ အကြံအစည်တွေပေါ်မှာ တည်ဆောက်ခဲ့တာပါ ယေရှုရဲ့ကားတိုင်မှာ အသေခံခြင်းအားဖြင့်သာ လူသားတွေဟာ ရွေးနုတ်ခြင်းခံခဲ့ရတာပါ ဒီလိုနဲ့ သခင်ယေရှုရဲ့ဧဝံဂေလိတရားက စကြဝဠာအဆုံးထိ ပျံ့နှံ့သွားခဲ့တဲ့အပြင် ဘုရားသခင်ရဲ့အမှုတော်ကို ဆန့်ကျင်ရှုတ်ချခဲ့သူတွေဟာလည်း ဘုရားသခင်ရဲ့အပြစ်ပေးခြင်းကို ကြုံခဲ့ကြတယ် ဒီလိုသဘောကြောင့်၊ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့ စိတ်နေသဘောထားကို လူတွေက မချိုးဖောက်အပ်ဘူးဆိုတာကို ကျွန်မတို့မြင်ရပါတယ် ဒီနေ့ နိုင်ငံတော်ခေတ်ရောက်ရှိနေပါပြီ။ ကိုယ်တော်ဟာ တရားစီရင်ခြင်းအမှုတော်ကို၊ ဘုရားမဲ့ဝါဒခံတပ်ကြီးဖြစ်တဲ့ တရုတ်ပြည်မှာ စတင်ခဲ့တဲ့အတွက် လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ဘာသာရေးခေါင်းဆောင်တွေရဲ့အထိတ်တလန့်နဲ့ ဆန့်ကျင်ရှုတ်ချတာတွေကို ထပ်ပြီး ခံခဲ့ရပါတယ် ဆိုးယုတ်တဲ့ စီစီပီအစိုးရရဲ့ရက်ရက်စက်စက် ဖမ်းဆီး နှိပ်ကွပ်တာတွေကလည်း ရှိခဲ့ပါတယ် ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ယှဉ်တဲ့ ဧဝံဂေလိတရားကတော့ တရုတ်ပြည်မကြီးတစ်ခုလုံးကို ပျံ့နှံ့နေတုန်းပါပဲ ဘုရားသခင်ကို စစ်မှန်စွာယုံကြည်ကြတဲ့ အသင်းကွဲ ဂိုဏ်းကွဲအမျိုးမျိုးက လူတွေဟာလည်း ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့ကို ပြန်ပြီးရောက်ရှိနေကြပါပြီ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားတဲ့ သမ္မာတရားတွေအားလုံးကိုလည်း အွန်လိုင်းမှာ လူတိုင်းအတွက် ရရှိနိုင်ပါတယ် ကမ္ဘာ့နိုင်ငံအသီးသီး၊ နယ်မြေဒေသအသီးသီးကလူတွေ ရှာဖွေရရှိနိုင်အောင်လို့ပါ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ ဩဇာအာဏာနဲ့ တန်ခိုးကို ဆောင်ပါတယ်။ လူသန်းပေါင်းများစွာရဲ့နှလုံးသားတွေကိုလည်း သိမ်းပိုက်ထားပါပြီ အထူးသဖြင့်၊ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်တဲ့၊ မှန်ကန်တဲ့လမ်းကို ငတ်မွတ်တဲ့လူတွေဟာ ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့ကို ပြန်ပြီး ရောက်ရှိနေကြပါပြီ ဒါ့အပြင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအားဖြင့် ရေလောင်းအထောက်အပံ့ပေးခြင်းကို ခံစားနေကြပါပြီ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ အောင်နိုင်သူများအဖွဲ့တစ်ခုကို အမှန်တကယ် စုံလင်စေလိုက်တာဖြစ်သလို ဘုရားသခင်နဲ့ တညီတညွတ်တည်းရှိတဲ့ လူအုပ်စုတစ်ခုကို ရရှိလိုက်တာဖြစ်ပါတယ် တစ်ဖက်မှာတော့ ဘုရားသခင်ရဲ့အမှုတော်ကို ဆန့်ကျင်ရှုတ်ချကြတဲ့ ဘာသာရေးအသိုင်းအဝိုင်းထဲက လူတွေဟာ အမျိုးမျိုးသောအတိုင်းအတာအလိုက် အပြစ်ပေးဒဏ်ခတ်ခြင်းကို ခံလိုက်ကြရပါပြီ တချို့ကတော့ အန္တိခရစ်တွေအဖြစ် ထုတ်ဖော်ပြခံရပြီး၊ မခံမရပ်နိုင်အောင် ပြင်းထန်လှတဲ့ အပြစ်ပေးခြင်းကို ကြုံလိုက်ကြရပါပြီ သူတို့ရဲ့သေခြင်းဟာ ယုဒရဲ့သေခြင်းထက် ပိုပြီးဆိုးရွားသွားပါတယ် ဒီသဘောအရ၊ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စိတ်နေသဘောထားဟာ လူတွေအနေနဲ့ ချိုးဖျက်လို့မရနိုင်ဘူးဆိုတာကို ကျွန်မတို့တွေ့ရပါတယ် ဘုရားသခင်ကို ဘက်ပြိုင်ပြီး အန်တုထားတဲ့ စီစီပီအစိုးရဟာလည်း ဘုရားသခင်ရဲ့ဒဏ်ခတ်ခြင်းကို ခံထားရပါပြီ ဖျက်ဆီးခြင်းခံရမယ်ဆိုတာကတော့ ပြဋ္ဌာန်းပြီးသားပါ။ ဒါဟာလည်း ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စိတ်သဘောထားကို ထင်ရှားစေတာဖြစ်ပါတယ် ဘုရားသခင်ရဲ့ နှစ်ကြိမ်တိတိ လူ့ဇာတိခံယူခြင်းကို ကြည့်ခြင်းအားဖြင့် အရာခပ်သိမ်းကို ထိန်းချုပ်တဲ့ ဘုရားသခင်ရဲ့အတုမရှိတဲ့ ဩဇာအာဏာကို ကျွန်မတို့မြင်ရပါတယ် ဘုရားသခင်ရဲ့စိတ်နေသဘောထားဟာ ဘယ်လိုအမှောင်ထုအင်အားမျိုးနဲ့မှ ဖိနှိပ်လို့မရနိုင်တဲ့ သင်္ကေတတစ်ခုပါပဲ ဘုရားသခင်ကို ဆန့်ကျင်တဲ့အင်အားမှန်သမျှဟာ ဘုရားသခင်ရဲ့အပြစ်ပေးခြင်းထဲမှာ ပြိုလဲပြီး၊ ပျောက်ကွယ်သွားမှာပါ ဒါက အမှန်တကယ်ပါပဲ ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းကို ကျွန်မတို့ တွေ့ကြုံခဲ့ရပါပြီ ဘုရားသခင်ရဲ့စိတ်သဘောထားဟာ သနားညှာတာတတ်ရုံမကဘူး၊ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်ပြည့်ဝတယ်ဆိုတာကို ကျွန်မတို့ မြင်လိုက်ရပါတယ် ဘုရားသခင်ရဲ့အလိုတော်ကို နားမလည်တာကြောင့်၊ ကျွန်မတို့က နားလည်မှုလွဲခဲ့တဲ့ အချိန်တွေလည်း အများကြီး ရှိပါတယ် ဒါပေမဲ့ ဘုရားသခင်ကတော့ ကျွန်မတို့ကို သတိပေးတုန်း၊ နှစ်သိမ့်တုန်း၊ နှိုးဆော်တုန်းပါပဲ။ ဒါကြောင့်ပဲ ကျွန်မတို့ဟာ ဘုရားသခင်ရဲ့သနားညှာတာမှုကို တွေ့ကြုံခံစားမိကြတာပါ ဒါပေမဲ့ ကျွန်မတို့က ဘုရားသခင်ကို မနာခံတဲ့အခါ၊ ကျွန်မတို့ကို ပြင်းပြင်းထန်ထန် တရားစီရင်ပါတယ်၊ ထုတ်ဖော်ပြပါတယ်၊ ပြစ်ဒဏ်ပေးပါတယ် ဒါကလည်း ဘုရားသခင်ရဲ့စိတ်သဘောထားဟာ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်ရှိတဲ့အပြင်၊ လူတွေရဲ့စော်ကားမှုကို ခွင့်မပြုမှန်း ကျွန်မတို့ကို နားလည်စေတာပါ ကျွန်မတို့ရဲ့စစ်မှန်တဲ့ အတွေ့အကြုံတွေအရ ဘုရားသခင်ရဲ့စိတ်နေသဘောထားဟာ ဘယ်လောက်မှန်ကန်တယ်၊ စစ်မှန်ပြီး အထင်းသားရှိတယ်ဆိုတာကို မြင်လိုက်ရပါတယ် ဘုရားသခင်ဟာ သိပ်ကိုသန့်ရှင်းပါတယ်၊ သိပ်ကိုဖြောင့်မတ်ပါတယ်၊ သိပ်ကိုဖော်ရွေပြီး ကြည်ညိုစရာကောင်းပါတယ် ဘုရားသခင်ဟာ လူတွေကြားမှာ အမှုတော်ပြုဖို့အတွက် အမှန်တကယ် ပေါ်ထွက်လာပါပြီ ကျွန်မတို့နဲ့ မျက်နှာချင်းဆိုင် ရှိနေသလို၊ ကျွန်မတို့ကို ကိုယ်တိုင် လမ်းပြပါတယ်၊ ကယ်တင်ပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင် ဟာ ကျွန်မတို့ရဲ့ သခင်၊ ကျွန်မတို့ရဲ့ ဘုရားသခင်ပဲ။ ကောင်းကင်နဲ့ မြေကြီး၊ ခပ်သိမ်းသောအရာအားလုံးကို ဖန်ဆင်းသူ၊ စိုးစံသူ တစ်ဆူတည်းသောဘုရားသခင်ပါပဲ။

စောင့်လို့နေ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “အနိုင်ယူခြင်း မခံရနိုင်သော သင်္ကေတ။”

ခ။ မူရင်းစာသားတွင် “ပုန်ကန်ပြစ်မှားခြင်းကို မခံရနိုင်သော (ထို့ပြင် ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံသော) သင်္ကေတ။”

အရှေ့သို့- မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

နောက်တစ်ခုသို့- မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။