မချိုးနှိမ်နိုင်သော ယုံကြည်ခြင်း
မန့်ယုံ တရုတ်နိုင်ငံ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ကျွန်တော်နှင့် ညီအစ်ကို မောင်နှမအချို့သည် နေရာတစ်ခုသို့ ဧဝံဂေလိတရား ဖြန့်ဝေရန်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျန်းကန်၊ လောင်နင်စီရင်စု
ကျွန်မတို့ မိသားစုတွင် အယောက်တိုင်းက အမြဲပင် လွန်စွာ ဆက်ဆံရ အဆင်ပြေကြသည်။ ကျွန်မ၏ ယောက်ျားသည် အလွန်စာနာထောက်ထားတတ်ပြီး ဂရုစိုက်တတ်သူတစ်ဦး ဖြစ်သည်။ ကျွန်မ၏ သားမှာ အလွန်စဉ်းစားချင့်ချိန်တတ်ကာ သူ့ထက်ကြီးသူများကို အစဉ်အမြဲ ရိုသေလေသည်။ ထို့အပြင် ကျွန်မတို့ အတော်လေးချမ်းသာပါသည်။ သဘောတရားအရ၊ ကျွန်မ အလွန်ပျော်ရွှင်ခဲ့သင့်သော်လည်း လက်တွေ့ဘဝတွင် ထိုသို့ မဖြစ်ခဲ့ပါ။ ကျွန်မ၏ ယောက်ျားနှင့် သားတို့က ကျွန်မကို မည်မျှကောင်းကောင်း ဆက်ဆံခဲ့ကြပြီး ကျွန်မတို့ မည်မျှချမ်းသာကြသော်လည်း မည်သည့်ထိုအရာကမျှ ကျွန်မကို မပျော်ရွှင်စေနိုင်ခဲ့ပါ။ ကျွန်မ အဆစ်ယောင်နာဖြစ်ပြီး ဆိုးရွားသည့် အိပ်မပျော်ခြင်းရောဂါကိုလည်း ခံစားခဲ့ရသောကြောင့် ကျွန်မမှာ ညတွင် မည်သည့်အခါမျှ အိပ်မပျော်နိုင်ဖြစ်ပြီး ယင်းက ကျွန်မ၏ ဦးနှောက်ဆီ သွေးလည်ပတ်မှုကို လျော့ကျစေကာ ကျွန်မ၏ ခြေလက်အင်္ဂါများ၌ အဘက်ဘက်မှ အားနည်းခြင်းကို ဖြစ်စေခဲ့သည်။ ဤရောဂါများ၏ ညှဉ်းပန်းမှုနှင့်ပေါင်းစပ်ပြီး စီးပွားရေးတစ်ခုကို စီမံနေရခြင်း၏ အတောမသတ်သော ဖိအားက ကျွန်မကို ပြောမထွက်နိုင်အောင်ဆိုးရွားသော ဆင်းရဲဒုက္ခထဲတွင် အသက်ရှင်ဖို့ ဖြစ်စေခဲ့သည်။ ယင်းကို အောင်မြင်ကျော်လွှားဖို့ ကျွန်မ အမျိုးမျိုးသော နည်းလမ်းများစွာဖြင့် ကြိုးစားခဲ့သော်လည်း မည်သည့်အရာမျှ အလုပ်ဖြစ်မည့်ပုံ မပေါ်ခဲ့ပါ။
၁၉၉၉ ခုနှစ် မတ်လတွင်၊ မိတ်ဆွေတစ်ဦးက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ကျွန်မဆီ ဖြန့်ဝေခဲ့သည်။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ဝတ်ပြုအစည်းအဝေးများ တက်ရောက်ခြင်းနှင့် ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့်အတူ မိတ်သဟာယပြုခြင်းတို့မှတဆင့်၊ သမ္မာတရားအချို့ကို ကျွန်မ နားလည်လာခဲ့သည်၊ ဤအချိန်အထိ ကျွန်မ မသိခဲ့သည့် နက်နဲမှုများစွာတို့ကို သိရှိလာခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ဟူသည့် ကျွန်မ၏ ယုံကြည်မှုက ခိုင်မာလာခဲ့သည်။ ဤအရာအားလုံးကြောင့် ကျွန်မ အလွန့်အလွန် စိတ်လှုပ်ရှားခဲ့ပြီး နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်စွာ အငမ်းမရဖတ်ခဲ့သည်။ မကြာခဏ ဝတ်ပြုစည်းဝေးရင်း၊ ဆုတောင်းရင်းနှင့် ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့်အတူ ဘုရားသခင်ကို ချီးမွမ်းရာတွင် ဓမ္မသီချင်းများကို သီဆိုကခုန်ရင်း၊ အသင်းတော်အသက်တာတွင်လည်း ကျွန်မ ပါဝင်ခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း အသိစိတ်တစ်ခုခံစားခဲ့ရပြီး ကျွန်မ၏ စိတ်ဓါတ်နှင့် အမြင်တို့ သည် ကုန်လွန်သွားသည့် ရက်တိုင်းနှင့်အတူ တိုးတက်လာခဲ့သည်။ ဖြည်းဖြည်းချင်းဖြစ်သော်လည်း တကယ့်ကို ကျွန်မ၏ အမျိုးမျိုးသော အသေးစားဖျားနာမှုများမှလည်း ကျွန်မ စတင် သက်သာလာခဲ့သည်။ ကျွန်မဘဝတွင် ဤအပြုသဘောဆောင်သော တိုးတက်မှုများအတွက် ဘုရားသခင်ကို မကြာခဏ ကျွန်မ၏ ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ကျွန်မ ပူဇော်ခဲ့ပြီး၊ အားလုံးက ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာ ပို၍ပင်များသော လူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဧဝံဂေလိတရားအား ဖြန့်ဝေချင်ခဲ့သည်။ ထို့နောက်မကြာမီတွင်၊ ဧဝံဂေလိ ဖြန့်ဝေဖို့ ၎င်း၏ လုပ်ငန်းတွင် အသင်းတော်က ကျွန်မကို ကြီးကြပ်သူအဖြစ် ထားရှိခဲ့သည်။ ဇောသန်သော စိတ်အားထက်သန်မှုဖြင့် ဤအလုပ်ကို ကျွန်မ ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့သော်လည်း ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ဖူးသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ညနေတွင်၊ ညီအစ်မ လေးဦးနှင့် အစည်းအဝေးပြီးသည်နှင့် ကျွန်မ ပြန်တော့မည့်အခိုက်တွင်၊ ကျယ်လောင်သော ကျိုးပဲ့သံတစ်ခု ကျွန်မတို့ ကြားရကာ အရှေ့တံခါး ကန်ဖွင့်ခံရပြီး အရပ်ဝတ်နှင့် ရဲ ခုနှစ်ဦး ရှစ်ဦးသည် ကျွန်မတို့ကို၊ “ဘယ်သူမှ မလှုပ်နဲ့၊ မင်းတို့ လက်တွေမြောက်ထား” ဟု အော်ဟစ်ရင်း အခန်းထဲသို့ ရုတ်တရက်ဝင်ရောက်လာကြသည်။ သက်သေခံအထောက်အထား စာရွက်စာတမ်းတစ်ခုမျှ မပြဘဲ၊ ကျွန်မတို့ကို အတင်းအကျပ် ဆက်လက် ရှာဖွေခဲ့ကြပြီး၊ ကျွန်မတို၏ သက်သေခံကဒ်များနှင့် အသင်းတော် ရန်ပုံငွေများနှင့်ဆိုင်သည့် ၇၀၀၀၀ တန် ငွေပေးငွေယူ ပြေစာတစ်ခုတို့ကို သိမ်းဆည်းမိခဲ့ကြသည်။ ပြေစာကို သူတို့ မြင်လျှင်မြင်ချင်း တကယ့်ကို စိတ်လှုပ်ရှားသွားကြပြီး ကျွန်မတို့ကို ရဲကားထဲသို့ တွန်းကာ ဆွဲထည့်လိုက်ကြကာ စခန်းဆီ ခေါ်သွားကြလေသည်။ ရဲစခန်းတွင်၊ ကျွန်မတို့၏ ဆဲလ်ဖုန်းများ၊ MP5 စက်များ နှင့် ယွမ် ၂၀၀ တို့ကို ကျွန်မတို့၏ အိတ်များမှ သူတို့ သိမ်းဆည်းရမိလေသည်။ ထိုအချိန်တွင်၊ ညီအစ်မများထဲမှ တစ်ဦးနှင့် ကျွန်မကို အသင်းတော်ထဲက ခေါင်းဆောင်များအဖြစ် သူတို့ သံသယရှိခဲ့ကြသည်၊ ထို့ကြောင့် ကျွန်မတို့နှစ်ယောက်ကို စည်ပင်သာယာ ပြည်သူ့ လုံခြုံရေး ဌာန၏ ပြစ်မှုဆိုင်ရာ စစ်ဆေးမေးမြန်းရေး ဌာနသို့ ထိုညတွင် လွှဲပြောင်းလိုက်ကြလေသည်။
ကျွန်မတို့ ရောက်သွားကြသည့်အခါ၊ ရဲများက ကျွန်မတို့ကို ခွဲထားလိုက်ပြီး တစ်ဦးချင်း စစ်မေးခဲ့ကြသည်။ သူတို့က ကျွန်မကို သတ္တုထိုင်ခုံတစ်ခုတွင် လက်ထိပ်ခတ်လိုက်ကြပြီးနောက် အရာရှိတစ်ဦးက ကျွန်မကို ကြမ်းတမ်းစွာ စစ်မေးခဲ့သည်- “ယွမ် ၇၀၀၀၀ က ဘာကိစ္စလဲ။ ဘယ်သူက ငွေပို့တာလဲ။ အခု အဲဒါ ဘယ်မှာလဲ။ မင်းရဲ့ အသင်းတော် ခေါင်းဆောင်က ဘယ်သူလဲ။” ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အဆက်မပြတ် ဆုတောင်းခဲ့ပါသည်- “ချစ်သော ဘုရားသခင်။ ဒီရဲတွေက အသင်းတော် ခေါင်းဆောင်တွေကို ကျွန်မ ဖော်ပြီး အသင်းတော်ရဲ့ ငွေတွေကို လွှဲအပ်အောင် အတင်းအကျပ် ကြိုးစားနေကြပါတယ်။ ကျွန်မ ယုဒတစ်ယောက် ဖြစ်လာပြီး ကိုယ်တော့်ကို သစ္စာလုံးဝ မဖောက်နိုင်ပါဘူး။အို ဘုရားသခင်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကိုယ်တော့်လက်ထဲမှာ ထားချင်ပါတယ်။ကိုယ်တော် ကျွန်မကို ယုံကြည်ခြင်း၊ သတ္တိနဲ့ ဉာဏ်ပညာတို့ကို ပေးသနားဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်။ ကျွန်မဆီက သတင်းအချက်အလက်ကို ရဲတွေက ဘယ်လိုပဲ ခြိမ်းခြောက်ညှစ်ယူဖို့ ကြိုးစားကြပါစေ၊ ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ ကျွန်မ လိုလားပါတယ်။” ထို့နောက် သူတို့ကို ကျွန်မ ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ကျွန်မ မသိဘူး။” ဤအရာက ထိုရဲကို ဒေါသထွက်စေခဲ့သည်။ မြေပေါ်မှ ဖိနပ်တစ်ခုကို သူ ကောက်ကိုင်လိုက်ပြီး၊ “ကြိုးစားပြီးသာ တိတ်တိတ်နေ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကြိုးစားပြီးသာ ယုံလိုက်။မင်း ဘယ်လောက်ကြာကြာ ယုံနိုင်မလဲဆိုတာ ငါတို့ မြင်ရမှာပါ” ဟု ဝေဖန်ပြောဆိုရင်း ကျွန်မ ခေါင်းကို ရက်စက်စွာ စတင် ရိုက်နှက်လေတော့သည်။ ရိုက်နှက်ခံရရာမှ ကျွန်မ၏ မျက်နှာ နာကျင်စွာ ကျိန်းစပ်သွားခဲ့ပြီး လျင်မြန်စွာ ရောင်ကိုင်းလာကာ တဒုတ်ဒုတ်ကိုက်ခဲသည့် ခေါင်းကိုက်ဝေဒနာ ကျွန်မ ရခဲ့သည်။ အသင်းတော်၏ ငွေများ မည်သည့်နေရာတွင် သိမ်းထားသည်ကို သူတို့အား ပြောစေဖို့ရန် ရဲ လေးဦး ငါးဦးက ကျွန်မကို အလှည့်ကျ ရိုက်နှက်ခဲ့သည်။ သူတို့ထဲမှ အချို့က ကျွန်မ၏ ခြေထောက်များကို ကန်ကျောက်ခဲ့သည်၊ အချို့က ကျွန်မ၏ ဆံပင်များကို ဖမ်းဆုပ်ကာ ဆွဲလိုက်ပြီး ရှေ့နောက် လှုပ်ခါသည်။ အခြားသူများက ကျွန်မ ပါးစပ်ကို လက်ဝါးဖြင့် ရိုက်ကြလေသည်။ ကျွန်မ ပါးစပ်မှ သွေးများ စထွက်လာသော်လည်း သူတို့က သွေးများကို သုတ်ကာ ကျွန်မကို ဆက်ရိုက်ခဲ့ကြသည်။ သူတို့ ကျွန်မကို ရိုက်နှက်ကြစဉ်၊ အလျဉ်းသင့်သလို လျှပ်စစ်တုတ်တစ်ခုဖြင့်လည်း ထိုးခဲ့ကြပြီး၊ “မင်း ပြောမလား မပြောဘူးလား။ ဝန်ခံစမ်း” ဟု အော်ကြလေသည်။ ကျွန်မ စကားပြောဖို့ ငြင်းဆန်နေဆဲဖြစ်သည်ကို သူတို့ မြင်ကြသည့်အခါ၊ ပေါင်ခြံနှင့် ရင်ဘတ်တို့ကို သူတို့ လျှပ်စစ်တို့ကြလေသည်။နာကျင်မှုက အလွန်ပြင်းထန်လှသည်။ ကျွန်မ၏ နှလုံးက တဒိန်းဒိန်းခုန်နေခဲ့ပြီး ကျွန်မ အသက်ရှူရခက်လာကာ သိမ့်သိမ့်တုန်လျက် ကျွန်မ ကွေးသွားခဲ့သည်။ သေခြင်းက ကျွန်မဆီ တစ်လှမ်းချင်း တဖြည်းဖြည်း နီးကပ်လာသကဲ့သို့ ခံစားခဲ့ရသည်။ ပါးစပ်ကို ကျွန်မ ချုပ်ထားကာ စကားတစ်လုံးမှ မပြောသော်လည်း၊ ကျွန်မ၏ စိတ်နှလုံးတွင် အလွန့်အလွန် အားနည်းခဲ့ပြီး ကျွန်မ နောက်ထပ်များစွာ ခံနိုင်တော့မည်မဟုတ်ဟု ခံစားခဲ့ရသည်။ ကျွန်မ၏ ဆင်းရဲဒုက္ခအလယ်တွင်၊ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခြင်း မရပ်တန့်ခဲ့ပါ- “အို ဘုရားသခင်။ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်မ သန္နိဋ္ဌာန် ချထားခဲ့ပေမယ့်၊ ကျွန်မ၏ ခန္ဓာကိုယ်က အားနည်းပြီး အစွမ်းမဲ့ပါတယ်။ ကိုယ်တော့်အတွက် သက်သေရပ်တည်နိုင်ဖို့ရန် ခွန်အားနှင့် ကျွန်မကို ပြည့်ဝစေဖို့ ကိုယ်တော့်ကို ကျွန်မ ဆုတောင်းပါတယ်။” ထိုအခိုက်အတန့်တွင်၊ ကားတိုင်ထက်တွင် သခင်ယေရှု သံမှိုရိုက်နှက်မခံရမီ၊ ရောမ စစ်သားများဖြင့် သူ မည်သို့ရိုက်နှက်ခံခဲ့ရသည်ကို ကျွန်မ ရုတ်တရက် တွေးမိခဲ့သည်။ သူ အရိုက်နှက်ခံရပြီး သွေးများဖြင့် စိုရွဲသည်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဒဏ်ရာများ ဖုံးလွှမ်းသွားခဲ့သည်...၊ သို့တိုင် စကားတစ်လုံးမျှ သူ မဆိုခဲ့ပါ။ ဘုရားသခင်သည် သန့်ရှင်းပြီး အပြစ်ကင်းစင်သော်လည်း၊ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့အလို့ငှာ အလွန်ကြီးမားသော အရှက်ရခြင်းနှင့် ညှဉ်းပန်းမှုတို့ကို သူ ဒုက္ခခံခဲ့ပြီး ကားစင်တင်ခံရဖို့ လိုလားခဲ့သည်။ ကျွန်မ မိမိဘာသာ တွေးမိခဲ့သည်- “ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်က သူ့ရဲ့ ကိုယ်ခန္ဓာကို ပူဇော်နိုင်တယ်ဆိုရင်၊ ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့ ငါလည်း ဆင်းရဲဒုက္ခကို ကြုံသင့်တယ်။” ဘုရားသခင်၏ မေတ္တာအားဖြင့် ခွန်အားပေးခံရလျက်၊ ကျွန်မသည် မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ပြန်ရရှိခဲ့ပြီး ဘုရားသခင်ထံ ကျမ်းသစ္စာဆိုခဲ့ပါသည်- “ချစ်သော ဘုရားသခင်၊ ကိုယ်တော် ကြုံရတဲ့ ဘယ်ဆင်းရဲဒုက္ခကိုမဆို၊ ကျွန်မလည်း ကြုံသင့်ပါတယ်။ အဲဒီဆင်းရဲဒုက္ခခွက်ဖလားကနေပဲ ကိုယ်တော့်လို ကျွန်မ သောက်သုံးရမှာပါ။ ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ ကျွန်မ ဘဝကို ပူဇော်ပါမယ်။”
ဤညှဉ်းပန်းမှုက ညအများစု ဆက်သွားခဲ့ပြီးနောက်၊ ကျွန်မ၏ ခန္ဓာကိုယ်ထဲတွင် ခွန်အားတစ်စက်မျှပင် မကျန်တော့သည့်အထိ ကျွန်မ အရိုက်နှက်ခံခဲ့ရသည်။ ကျွန်မ အလွန်ပင်ပန်းခဲ့သည်မှာ ကျွန်မ၏ မျက်လုံးများကို မဖွင့်နိုင်လောက်အောင်ဖြစ်ခဲ့သော်လည်း ကျွန်မ၏ မျက်လုံးများကို စမှိတ်လိုက်သည်နှင့်တစ်ပြိုင်နက်၊ သူတို့က ရေဖြင့် ကျွန်မကို ပက်ကြလေသည်။ အအေးဒဏ်ဖြင့် ကျွန်မ ခိုက်ခိုက်တုန်နေခဲ့ရသည်။ ဤသားရဲတစ်သိုက်က ကျွန်မကို ထိုအခြေအနေတွင် မြင်ကြသည့်အခါ၊ ရက်စက်စွာ သူတို့ ကြိမ်းဝါးကြလေသည်- “မင်းက ပါးစပ် မဖွင့်ချင်သေးဘူးပေါ့၊ ဟုတ်လား။ ဒီနေရာမှာ၊ မင်းကို သေတဲ့အထိ ငါတို့ ညဉ်းပန်းလို့ရတယ်၊ ပြီးတော့ ဘယ်သူကမှ သိမှာမဟုတ်ဘူးကွ။” သူတို့ကို ကျွန်မ လျစ်လျူရှုလိုက်သည်။ ထို့နောက် ထိုဆိုးယုတ်သော ရဲများထဲမှ တစ်ဦးက နေကြာစေ့ခွံတစ်ခုကို ယူပြီး ကျွန်မ၏ လက်သည်းထဲသို့ အတင်းထိုးသွင်းလိုက်သည်။ ဤအရာက မခံမရပ်နိုင်အောင် နာကျင်ပြီး ကျွန်မ၏ လက်ချောင်းများကို ကျွန်မ မရပ်မနား ခါယမ်းနေမိခဲ့သည်။ ထို့နောက် သူတို့က ကျွန်မ မျက်နာပေါ် ရေကို ဆက်လက်ပက်ခဲ့ကြပြီး ကျွန်မ၏ လည်ပင်းထိရောက်အောင် လောင်းချလိုက်ကြသည်။ အရိုးခိုက်အောင် အေးလွန်းသည့် ရေများက ကျွန်မကို အအေးဓါတ်ဖြင့် ခိုက်ခိုက်တုန်စေခဲ့သည်။ ကျွန်မသည် လုံးဝ မချိတင်ကဲ ဝေဒနာကှိုခံစားနေ ခဲ့ရသည်။ ထိုညတွင်၊ ကိုယ်တော့်ကို ကျွန်မ စွန့်ခွာမိလျှင်၊ ကျွန်မ ဆက်လက် အသက်မရှင်နိုင်မည်ကို ကြောက်ရွံ့ရင်း၊ ဘုရားသခင်ထံ ကျွန်မ အဆက်မပြတ် ဆုတောင်းခဲ့သည်။ ဘုရားသခင်သည် ကျွန်မ နံဘေးတွင် အမြဲရှိခဲ့ပြီး သူ၏ နှုတ်ကပတ်တော်များက ကျွန်မကို အတောမသတ်သော ခွန်အားပေးမှုဖြင့် ထောက်ပံ့ပေးခဲ့သည်- “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီ...” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက မ ကျွန်မကို ကုန်ခမ်းနိုင်သော ခွန်အား ပေးခဲ့သည်။ “အဲဒါ မှန်တယ်၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်က ချုပ်ခြာအုပ်စိုးပြီး အရာခပ်သိမ်းက သူ့လက်ထဲမှာ ရှိတာပဲ။ ဆိုးယုတ်တဲ့ ရဲတွေက ငါ့ခန္ဓာကို သေတဲ့အထိ ညှဉ်းပန်းရင်တောင်၊ ငါ့ရဲ့ ဝိညာဉ်က ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိတယ်လေ” ဟု မိမိဘာသာ ကျွန်မ တွေးမိခဲ့သည်။ ကျွန်မကို အားပေးသည့် ဘုရားသခင်နှင့်အတူ၊ သစ္စာဖောက်တစ်ယောက်ဖြစ်ပြီး၊ ဇာတိပကတိ အလိုဖြည့်ဆည်းသည့် အဓိပ္ပါယ်မဲ့သော အသက်တာတစ်ခုကို အသက်ရှင်ဖို့ မပြောနှင့်၊ စာတန်ကိုပင် ကျွန်မ မကြောက်တော့ပါ။ ထိုသို့ဖြင့်၊ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ ကျွန်မ သစ္စာဆိုခဲ့ပါသည်။ “ချစ်သော ဘုရားသခင်။ အဲဒီ မကောင်းဆိုးဝါးတွေက ကျွန်မရဲ့ ခန္ဓာကို ညှဉ်းပန်းနေပေမယ့်လည်း၊ ကိုယ်တော့်ကို ကျွန်မ စိတ်ကျေနပ်စေပြီး ကိုယ့်ကိုယ်ကိုယ် ကိုယ်တော့်လက်ထဲမှာ ထားဖို့ လိုလားနေဆဲ ဖြစ်ပါတယ်။ အဲဒါက ကျွန်မ သေရမယ့်သဘောရှိရင်တောင်မှ၊ ကိုယ်တော့်အတွက် ကျွန်မ သက်သေရပ်တည်ပြီး၊ စာတန်ရှေ့မှာ ဘယ်တော့မှ ကျွန်မ ဒူးထောက်မှာ မဟုတ်ပါဘူး။” ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့်အတူ၊ စိတ်ချမှုနှင့် ယုံကြည်မှု အပြည့် ကျွန်မ ခံစားခဲ့ရသည်။ ရဲများက ကျွန်မ၏ ခန္ဓာကို ညှဉ်းပန်းကာ နှိပ်စက်နေကြပြီး ကျွန်မ၏ ခံနိုင်ရည် အဆုံးစွန်ထိ ကျွန်မ အတွန်းပို့ခံရနှင့်ပြီးဖြစ်သော်လည်း၊ ဘုရားသခင်က ကျွန်မကို ထောက်ကန်ပေးခြင်းနှင့်အတူ၊ ကျွန်မ မသိလိုက်မီတွင် နာကျင်မှုများစွာ လျော့ပါးသွားခဲ့သည်။
နောက်နေ့မနက်တွင်၊ ဆိုးယုတ်သော ရဲများက ကျွန်မကို ဆက်လက် မေးမြန်းစစ်ဆေးခဲ့ကြပြီး၊ “ဒီနေ့ မင်း စကားမပြောရင်၊ ငါတို့ မင်းကို အထူးရဲဌာနကို လွှဲအပ်မယ်- သူတို့မှာ မင်းကို စောင့်ဆိုင်းနေတဲ့ ညှဉ်းပန်းတဲ့ ကိရိယာ ၁၈ မျိုးရှိတယ်” ဟု ပြော၍လည်း ကျွန်မကို ခြိမ်းခြောက်ခဲ့သည်။ ကျွန်မကို အထူးရဲဌာနဆီ သူတို့ လွှဲအပ်တော့မည်ကို ကြားရသည့်အခါ၊ ကျွန်မက၊ “အထူးရဲတွေက ဒီလူတွေထက် သေချာပေါက် ကြမ်းကြုတ်ကြတယ်။ မတူညီတဲ့ ညှဉ်းပန်းမှု ၁၈ မျိုးကို ငါ ဘယ်လို ရှင်သန်ဖြတ်သန်းရမလဲ” ဟု မိမိဘာသာတွေးရင်း ကြောက်လန့်မလာဘဲ မနေနိုင်ခဲ့ပါ။ ကြောက်စိတ်မွှန်ခြင်း အသွင်သို့ ကျွန်မ ချင်းနင်းဝင်ရောက်စဉ်တွင်ပင်၊ ဘုရားနှုတ်ကပတ်တော် စာတစ်ပိုဒ်ကို ကျွန်မ တွေးမိခဲ့သည်- “အောင်မြင်သောသူဆိုသည်မှာ အဘယ်နည်း။ ခရစ်တော်၏ စစ်သည်ကောင်းများသည် ရဲရင့်ရမည်ဖြစ်ပြီး၊ ဝိညာဉ်ရေးရာ ခွန်အားကြီးရန် ငါ့အပေါ် မှီခိုရမည်ဖြစ်သည်။ ၎င်းတို့သည် စစ်သူရဲများ ဖြစ်လာရန် တိုက်ခိုက်ပြီး စာတန်ကို အသေအကြေ စစ်ထိုးရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ဗျာများနေပြီး၊ အထိတ်တလန့်ဖြစ်သည့် စိတ်နှလုံးကို အလျင်အမြန် တည်ငြိမ်စေခဲ့သည်။ ဤသည်မှာ ဝိညာဉ်တိုက်ပွဲဖြစ်ပြီး ဘုရားသခင်က ကျွန်မကို သက်သေခံစေလိုသည့် အချိန်အခိုက်အတန့် ရောက်လာခဲ့ပြီဖြစ်သည်ကို နားလည်ဖို့ ကျွန်မကို ထိုနှုတ်ကပတ်တော်များက ကူညီခဲ့သည်။ ကျွန်မကို အားပေးနေသည့် ဘုရားသခင်နှင့်အတူ၊ ကြောက်စရာ ဘာမျှမရှိပါ။ မည်သည့် ရူးလောက်စရာ နည်းဗျူဟာမျိုးများကို ဆိုးယုတ်သော ရဲများက အသုံးပြုကြပါစေ၊ ခရစ်တော်၏ စစ်သည်တော်ကောင်းတစ်ဦး ဖြစ်ဖို့ရန် ဘုရားသခင်အပေါ် ကျွန်မ မှီခိုရမည်ဖြစ်ပြီး ဘယ်သောအခါမျှ အရှုံးမပေးဘဲ စာတန်ကို သေသည်အထိ တိုက်ခိုက်ရမည်ဖြစ်သည်။
ထိုနေ့လည်တွင် စည်ပင်သာယာ ပြည်သူ့လုံခြုံရေးဌာနမှ ဘာသာရေးကိစ္စများနှင့်ဆိုင်သည့် ကြီးကြပ်ရေးအရာရှိနှစ်ဦး ကျွန်မကို စစ်ဆေးမေးမြန်းဖို့ ရောက်လာခဲ့ကြသည်။ “မင်းရဲ့ အသင်းတော် ခေါင်းဆောင်က ဘယ်သူလဲ” ဟု သူတို့မေးခဲ့ကြသည်။ “ကျွန်မ မသိဘူး” ဟု ကျွန်မ ပြန်ဖြေခဲ့သည်။ ကျွန်မစကားပြောရန် ငြင်းဆန်သည်ကို သူတို့ မြင်ကြသည့်အခါ သူတို့က အနုနှင့်အကြမ်း နည်းဗျူဟာများကြား တစ်လှည့်စီ လုပ်ဆောင်ခဲ့ကြသည်။ သူတို့ထဲမှ တစ်ဦးက ကျွန်မ၏ ပုခုံးကို သူ၏ လက်ဖြင့် အလွန်တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီ်း အခြားတစ်ဦးက ချော့မော့မြောက်ပင့်နားချဖို့ရန်အတွက် ဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်သည့် အဓိပ္ပါယ်မရှိသော သဘောတရားများကို စတင်၍ ကရားရေလွှတ်ပြောတော့ခဲ့သည်- “စင်္ကြဝဠာထဲက အရာအားလုံးဟာ သဘာဝဖြစ်စဉ်တွေကနေ ဖြစ်ပေါ်လာကြတာပါ။ မင်း ပိုပြီး လက်တွေ့ကျဖို့လိုတယ်- ဘုရားသခင်ကို ယုံကြည်တာက မင်းဘဝမှာ ဘာပြဿနာကိုမှ ဖြေရှင်းဖို့ ကူညီပေးမှာ မဟုတ်ဘူး။ မင်းကိုယ်မင်း မှီခိုအားကိုးပြီး အလုပ်ကြိုးစားပြီးတော့ပဲ မင်းလုပ်ဆောင်နိုင်တာပါ။ မင်းနဲ့ မင်းရဲ့သားအတွက် ငါတို့ အလုပ် ကူရှာပေးနိုင်ပါတယ်...။” ကျွန်မ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်နှင့်အတူ ကျွန်မ ဆက်လက်၍သာ စကားပြောဆိုနေခဲ့ပြီးနောက်၊ သူ၏ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ တွေးမိခဲ့သည်။ “သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။...” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၇)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက စာတန်၏ ဒုက္ခပေးသောအကြံကို ထိုးထွင်းမြင်တွေ့ခွင့်ပေးရင်း ကျွန်မကို ချက်ချင်း ဉာဏ်အလင်းပေးခဲ့သည်။ ကျွန်မ မိမိဘာသာ တွေးမိခဲ့သည်- “ဆိုးယုတ်တဲ့ရဲက သူ့ရဲ့ အဓိပ္ပါယ်မရှိတဲ့ သဘောတရားတွေနဲ့ ငါ့ကို လှည့်ဖြားဖို့ ကြိုးစားနေသလို၊ အရေးမပါတဲ့ အကူအညီတွေနဲ့ ငါ့ကို လာဘ်ထိုးဖို့ ကြိုးစားနေတယ်။ငါစာတန်ရဲ့ လှည့်ကွက်တွေကို အလှည့်ခံလို့ မဖြစ်ဘူး၊ ဒါ့အပြင် အဲဒါထက်ပိုပြီးတော့ ဘုရားသခင်ကို သစ္စာဖောက်ပြီး ယုဒတစ်ယောက် ဖြစ်မလာရဘူး။” ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းက ကျွန်မအား ဆိုးယုတ်သောရဲ၏ အန္တရာယ်ပေးမည့်သဘောရှိသည့် ရည်ရွယ်ချက်များကို မြင်တွေ့ခွင့် ပေးခဲ့သည်၊ ထို့ကြောင့် ကျွန်မအပေါ် မည်သို့သော အနုအကြမ်း နည်းဗျူဟာများ သူတို့သုံးပါစေ၊ သူတို့ကို ကျွန်မ လျစ်လျူသာရှုလိုက်သည်။ ထိုညတွင် ကျွန်မကို စစ်ဆေးမေးမြန်းဖို့ အခြားတစ်စုံတစ်ဦး လာနေကြောင်းနှင့် ကျွန်မတွင် ပြစ်မှုမှတ်တမ်းတစ်ခုရှိသည်ဟု သူတို့ အခိုင်အမာ ပြောဆိုနေကြသည်ကို ကျွန်မကြားခဲ့ရသည်။ မည်သည့်အရာ မျှော်လင့်ရမည်၊ မည်သည့်အရာ ဖြစ်လာမည်ကို ကျွန်မ မသိခဲ့သောကြောင့် ဘုရားသခင်ကို ကျွန်မ စိတ်နှလုံးထဲတွင် လမ်းပြမှုအတွက် အော်ခေါ်ရုံသာ တတ်နိုင်ခဲ့သည်။ မည်သို့သော နှိပ်စက်ညှဉ်းပန်းမှုနှင့် အခက်အခဲမျိုးများ ကျွန်မ ရင်ဆိုင်နေရပါစေ၊ ဘုရားသခင်ကို ကျွန်မ သစ္စာမဖောက်နိုင်သည်ကို ကျွန်မသိသည်။ အနည်းငယ်ကြာပြီးနောက် ကျွန်မ သန့်စင်ခန်းကို အသုံးပြုနေစဉ်တွင် ရင်တုန်ပန်းတုန်ဖြစ်ခြင်းကို ကျွန်မ ရုတ်တရက် စတင်ခံစားခဲ့ရသည်။ ကျွန်မ ခေါင်းမူလာခဲ့ပြီး ကြမ်းပြင်ပေါ် သတိလစ်သွားခဲ့သည်။ တစ်ခုခုဖြစ်နေသည်ကို ရဲများက ကြားသည့်အခါ ချက်ချင်း အပြေးအလွှား ဝင်လာကြပြီး ကျွန်မ အနီးတွင် စုဝေးကြလေသည်။ တစ်စုံတစ်ဦးက၊ “သူ့ကို မီးသင်္ဂြိုလ်ရုံကို ယူသွားလိုက်၊ သူ့ကို မီးရှို့ပြီး လက်စသတ်လိုက်ကြ” ဟု ရက်စက်ယုတ်မာစွာ ပြောသည်ကို ကျွန်မ ကြားခဲ့ရသည်။ သို့သော် ကျွန်မ သေသွားပြီး ကျွန်မ၏ သေခြင်းအတွက် သူတို့တာဝန်ယူရမည်ကို ကြောက်ကာ သူတို့က အရေးပေါ်ဌာနများကို ဖုန်းခေါပြီး အစစ်ဆေးခံဖို့အတွက် ဆေးရုံသို့ လူနာတင်ယာဉ်တစ်စီးအား ကျွန်မကို ခေါ်ဆောင်သွားစေလျက် အဆုံးသတ်ခဲ့သည်။ သိလိုက်ရသည်မှာ၊ ယခင်က ကျွန်မတွင် နှလုံးရောဂါရှိခဲ့ပြီး နှလုံးနံရံကြွက်သားအတွင်း သွေးဝင်စီးဆင်းမှုအားနည်းခြင်းရောဂါ အကြွင်းအကျန်လည်း ရှိခဲ့ပေသည်။ စစ်ဆေးမေးမြန်းမှုကို ရပ်ဆိုင်းရမည်ဖြစ်သည့်အတွက် သူတို့က ကျွန်မကို ထိန်းသိမ်းရေးစခန်းတစ်ခုဆီ ခေါ်သွားခဲ့ကြသည်။ ဆိုးယုတ်သောရဲများ၏ မျက်နှာများပေါ်မှ စိတ်ပျက်သည့် အရိပ်အယောင်များကို မြင်သည့်အခါ ကျွန်မ အလွန့်အလွန် ဝမ်းသာမိခဲ့သည်- လက်ရှိအချိန်တွင် နောက်ထပ် မည်သည့် စစ်ဆေးမေးမြန်းခြင်းကိုမျှ ကျွန်မ မကြုံရစေရန်အလို့ငှာ ဘုရားသခင်က ကျွန်မအတွက် ထွက်ပေါက်တစ်ခုကို ဖွင့်ပေးခဲ့ပြီဖြစ်သည်။ ထိုအရာကို လက်မတင်လေး ရှောင်ရှားနိုင်ခြင်းက ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မျက်မြင်ကြုံတွေ့ခွင့်အား ကျွန်မကိုပေးခဲ့သည်။ ဘုရားသခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပြီး ချီးမွမ်းမိပါသည်။
နောက်ထပ် ဆယ်ရက်သာသာအတွင်း၌ ကျွန်မထံမှ အသင်းတော်ငွေများ၏ တည်နေရာကို မရရှိပြီးခင် တရုတ်ကွန်မြူနစ်ပါတီအစိုးရက လက်လျှော့မည်မဟုတ်မှန်း သိလျက် မည်သည့်အရာဖြစ်ပါစေ ဘုရားသခင်ဘက်ွတွေင် ကျွန်မ ခိုင်ခိုင်မာမာရပ်တည်ပြီး သူ့ကို လုံးဝသစ္စာမဖောက်ဘဲ မှန်သော လမ်းခရီးကို မစွန့်လွှတ်မိဖို့ရန်အလို့ငှာ ကျွန်မ၏နှုတ်နှင့် နှလုံးသားတို့ကို စောင့်ရှောက်ကွယ်ကာပေးဖို့ တောင်းလျှောက်ရင်း နေ့တိုင်း ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့သည်။ တစ်နေ့ ဆုတောင်းပြီးနောက်တွင် သူ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် ဓမ္မသီချင်းတစ်ပုဒ်ကို ပြန်အမှတ်ရဖို့ရန် ကျွန်မကို အခွင့်ပေးကာ ဘုရားသခင်က ကျွန်မကို ဉာဏ်အလင်းပေးခဲ့သည်။ “ဘုရားသခင်သည် သင့်အပေါ် မည်သည့်အရာတောင်းဆိုသည်ဖြစ်စေ၊ ယင်းအား သင်၏အလုံးစုံကိုသာ ပေးရန်လို၏။ သင်သည် အဆုံး၌ ဘုရားသခင်၏ရှေ့မှောက်တွင် သူ့အား သင်၏သစ္စာရှိမှုကို ပြနိုင်မည်ဟု မျှော်လင့်ရသည်၊ ထို့အပြင် ဘုရားသခင်၏ ပလ္လင်တော်ပေါ်၌ သူ၏ကျေနပ်နှစ်သက်သော အပြုံးကို သင်မြင်နိုင်သမျှ၊ သင်သေဆုံးသည့်အချိန်ဖြစ်သော်လည်း၊ သင်၏မျက်လုံးများပိတ်စဉ် သင်သည် ရယ်နိုင်၍ ပြုံးနိုင်လိမ့်မည်။ သင်ကမ္ဘာမြေကြီးပေါ် ရှိနေချိန်အတွင်း ဘုရားသခင်အတွက် သင်၏နောက်ဆုံးတာဝန်ကို ဆောင်ရွက်ရမည်။ အတိတ်က ပေတရုသည် ဘုရားသခင်အတွက် ကားစင်တင်၍ ဇောက်ထိုး အဆုံးစီရင်ခံခဲ့ရ၏၊ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဖန်ဆင်းခံလူသားများ ဘုရားထံ အသနားခံရမည်”) ဓမ္မသီချင်းကို အဖန်ဖန် ကျွန်မ စိတ်နှလုံးထဲတွင် သီဆိုပြီး အာရုံပြုခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတဆင့်၊ ကျွန်မအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သတ်မှတ်ချက်များကို ကျွန်မ နားလည်လာခဲ့သည်။ စင်္ကြဝဠာထဲရှိ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သည့် အဖန်ဆင်းခံ သတ္တဝါများအားလုံးနှင့် ကမ္ဘာမြေပေါ်က ဘုရားသခင်နောက်လိုက်သည့် လူအားလုံးထဲမှ၊ အလွန်အမင်း နည်းပါးသည့် အရေအတွက်ကသာ စာတန်ရှေ့တွင် အမှန်တကယ် သက်သေရပ်တည်နိုင်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ပုံကို ကျွန်မ တွေးမိခဲ့သည်။ ဤအခြေအနေမျိုးကို ကျွန်မ ရင်ဆိုင်ရလောက်အောင် ကံကောင်းသည်မှာ ဘုရားသခင်က ကျွန်မကို ထူးခြားသော နည်းလမ်းတစ်ခုဖြင့် ချီမခဲ့ခြင်းဖြစ်ပြီး ယင်းက ကျွန်မအတွက် ကိုယ်တော်၏ မျက်နှာသာပေးခြင်းကို ပြသပါသည်။ အထူးသဖြင့် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များက ကျွန်မကို နက်နက်နဲနဲ ခွန်အားပေးခဲ့ပါသည်- “အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။” ဘုရားသခင်ထံ ဆုတောင်းချက်တစ်ခုကို ကျွန်မ ထိန်းမထားနိုင်ခဲ့ပါ- “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ အတိတ်မှာ၊ ပေတရုက စာတန်ရဲ့ရှေ့မှာ ကိုယ်တော့်အတွက် သူ့ရဲ့ ချစ်ခြင်းကို သက်သေခံရင်း ကိုယ်တော့်အတွက် ကားတိုင်မှာ ပြောင်းပြန် သံမှိုရိုက်နှက်တာကို ခံနိုင်ခဲ့ပါတယ်။ အခု၊ တရုတ်ပြည်မှာ လက်ရှိအုပ်ချုပ်နေတဲ့ ပါတီက ကျွန်မကို ဖမ်းဆီးခြင်းမှာ ကိုယ်တော်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ပါရှိပါတယ်။ ကျွန်မရဲ့ ဝိညာဉ်ရေးရာ အသက်တာက အရမ်းနုနယ်လွန်းလှပြီး ပေတရုနဲ့ ကျွန်မ လုံးဝ နှိုင်းလို့မရနိုင်ပေမယ့်၊ ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ အခွင့်အရေးရတာဟာ ကျွန်မရဲ့ ကြီးမားတဲ့ ဂုဏ်ဖြစ်ပါတယ်။ ကိုယ်တော့်ထံ ကျွန်မရဲ့ အသက်ကို လွှဲအပ်ဖို့ ကျွန်မ လိုလားနေပြီး၊ ကျွန်မကနေတဆင့် နှစ်သိမ့်မှုအချို့ကို ကိုယ်တော် ရရှိနိုင်ဖို့အလို့ငှာ ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ ကျွန်မ သေဖို့အဆင်သင့်ပါပဲ။”
ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်တွင်၊ စည်ပင်သာယာ ပြည်သူ လုံခြုံရေး ဌာနက ကျွန်မကို စစ်ဆေးမေးမြန်းဖို့ အရာရှိအချို့ကို စေလွှတ်ခဲ့သည်။ စစ်မေးခန်းထဲသို့ ကျွန်မ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ဆိုးယုတ်သော ရဲတစ်ဦးက ကျွန်မ၏ ချည်သား ဘောင်းဘီရှည်များနှင့် အပေါ်အင်္ကျီများကို ချွတ်ခိုင်းလိုက်ပြီး၊ “ငါတို့ အခု မင်းရဲ့ ညီမလေးနဲ့ သားကို ထိန်းသိမ်းထားတယ်။ မင်းရဲ့ တစ်မိသားစုလုံးက ယုံကြည်သူတွေဆိုတာ ငါတို့ သိတယ်။ ငါတို့ မင်းယောက်ျားရဲ့ အလုပ်ခွင်ကို သွားခဲ့ပြီး၊ မင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ၂၀၀၈ ခုနှစ်မှာ စယုံကြည်ခဲ့တယ်ဆိုတာ ငါတို့ သိလိုက်ရတယ်...” ဟု ကျွန်မကို ပြောလေသည်။ သူ၏ စကားများက ကျွန်မ၏ အကြီးမားဆုံး အားနည်းချက်ကို အပြည့်အဝအသုံးချခဲ့ပြီး ကျွန်မ၏ စိတ်အခြေအနေအပေါ် ဗြောင်းဆန်အောင် အကြီးအကျယ်ထိခိုက်စေခဲ့သည်။ ကျွန်မ၏ သားနှင့် ညီမလေးကိုလည်း သူတို့က အချုပ်ထဲသို့ ခေါ်ဆောင်ထိန်းသိမ်းလိမ့်မည်ကို ကျွန်မ လုံးဝ မတွေးမိခဲ့ပါ။ ခံစားချက်ဖြင့် ရုတ်တရက် လွှမ်းမိုးသွားလျက်၊ သူတို့၏ အခြေအနေကို ကျွန်မ စတင်စိုးရိမ်ခဲ့ပြီး ကျွန်မ၏ စိတ်နှလုံးက ဘုရားသခင်ထံမှ အမှတ်တမဲ့ လွှင့်ပါသွားခဲ့သည်။ ကျွန်မ အဖန်ဖန် ဆက်တွေးတောနေခဲ့သည်- “သူတို့ အရိုက်ခံနေရသလား။ အဲဒီလို ဆက်ဆံတာကို ငါ့သားက ခံနိုင်ပါ့မလား...။” ထို့နောက်တွင်ပင်၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်ရမိခဲ့သည်- “ဤသည်မှာ လူတစ်ဦး ဒုက္ခခံရမည့် ပမာဏနှင့် ၎င်း၏ လမ်းကြောင်းအပေါ် ၎င်း လျှောက်လှမ်းရမည့် အကွာအဝေးကို ဘုရားသခင်က စီမံထားပြီး မည်သူမျှ အခြားတစ်ဦးတစ်ယောက်ကို တကယ် မကူညီနိုင်ဟု ငါ အမြဲ ယုံကြည်ထားသောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၆)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်ခံစားချက်အခြေအနေမှ ကျွန်မကို ချက်ချင်း ဆွဲထုတ်ခဲ့ပြီး၊ လူတိုင်း၏ ယုံကြည်ခြင်း လမ်းကြောင်းမှာ ဘုရားသခင်အားဖြင့် အဆုံးအဖြတ်ပေးသည်ကို ကျွန်မကို နားလည်ခွင့်ပေးခဲ့သည်။ လူတိုင်း စာတန်ရှေ့တွင် ဘုရားသခင်ကို သက်သေခံသင့်သည်။စာတန်ရှေ့တွင် ဘုရားသခင်အဖို့ သက်သေရပ်တည်သည်မှာ သူတို့အတွက် ကြီးမားသော ကောင်းချီးမင်္ဂလာ ဖြစ်လိမ့်မည်မဟုတ်ပါလား။ ဤအရာကို ကျွန်မ တွေးရင်းဖြင့်၊ ကျွန်မ စိုးရိမ်နေမှု ရပ်တန့်သွားခဲ့ပြီး သူတို့အတွက် မပူပန်တော့ပါ။ သူတို့ကို ဘုရားသခင်ထံ လွှဲအပ်ဖို့နှင့် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးကာ သူ၏ အစီအစဉ်များကို လုပ်ဆောင်ခွင့်ပေးဖို့ ကျွန်မ လိုလားခဲ့သည်။ ထို့နောက်တွင်ပင်၊ နောက်ထပ်ရဲတစ်ဦးက အခြားသော ညီအစ်မများ အမည်အနည်းငယ်ကို ပြောလိုက်ပြီး အမည်များကို ကျွန်မ မှတ်မိသည် မမှတ်မိသည်ကို မေးခဲ့ကြသည်။ မည်သည့်အမည်ကိုမျှ ကျွန်မ မမှတ်မိကြောင်း ကျွန်မ ပြောသည့်အချိန်တွင်၊ သူ၏ ထိုင်ခုံမှ သူခုန်ထလိုက်ပြီး ပြတင်းပေါက်နားရှိ သတ္တုထိုင်ခုံဆီ ကျွန်မကို ဒေါသတကြီး ဒရွတ်တိုက်ဆွဲသွားသည်၊ ထိုထိုင်ခုံတွင် ကျွန်မကို လက်ထိပ်ခတ်လိုက်ပြီး အလွန်အေးသော ပြင်ပလေများက ကျွန်မအပေါ် စတင် တိုက်ခတ်စေဖို့ရန် ပြတင်းတံခါးကို ရုတ်တရက် ဖွင့်လိုက်လေသည်။ ထို့နောက် ကျွန်မကို မသတီစရာ စကားလုံးများဖြင့် ဆဲဆိုလျက် ရေအေးဖြင့် ကျွန်မအပေါ် ပစ်လောင်းပြီးနောက် ဖိနပ်တစ်ခုဖြင့် ကျွန်မ မျက်နှာကို အကြိမ်များစွာ တစ်ဆက်တည်း ရိုက်လေသည်။ ကျွန်မကို သူ ဆိုးရွားစွာ ရိုက်နှက်သည်မှာ ကျွန်မ စတင်၍ မူးဝေလာခဲ့ပြီး ကျွန်မ၏ နားများ အူကာ ပါးစပ်မှ သွေးများ တစ်စက်တစ်စက်ကျလာခဲ့သည်။
ထိုညတွင်၊ ရဲအချို့က ကျွန်မကို အအေးဆုံးအခန်းတစ်ခုဆီ ပြောင်းရွှေ့ခဲ့ကြသည်။ ပြတင်းပေါက်များက ရေခဲဖြင့် လုံးဝ ဖုံးလွှမ်းထားလေသည်။ သူတို့က ကျွန်မ၏ အဝတ်အစားများအားလုံးကို အတင်းအကျပ် ဖယ်ရှားလိုက်ကြပြီး လုံးဝ ကိုယ်လုံးတီး ဖြစ်စေလျက်၊ ပြတင်းပေါက်နားရှိ သတ္တုထိုင်ခုံတစ်ခုပေါ်တွင် ကျွန်မကို ထိုင်စေခဲ့သည်။ ကျွန်မတစ်လက်မပင် ရွေ့၍မရနိုင်စေဖို့ ကျွန်မ၏ နောက်ကျောဖက် သတ္တုထိုင်ခုံ၏ ကျောခံတွင် ကျွန်မ၏ လက်များကို လက်ထိပ်ခတ်လိုက်ကြသည်။ ယုတ်မာသော ရဲများထဲမှ တစ်ဦးက ကျွန်မကို အေးစက်စက်နိုင်ပြီး အန္တရာယ်ပြုမည့် လက္ခဏာရှိသော လေသံဖြင့်၊ “ငါတို့က လိင်အမျိုးအစားအပေါ် အခြေခံပြီး ငါတို့ရဲ့ စစ်မေးတဲ့ နည်းဗျူဟာတွေကို မပြောင်းဘူးကွ” ဟု ကျွန်မကို ပြောလေသည်။ ဤအရာကို ပြောစဉ် ပြတင်းပေါက်ကို သူ ဖွင့်လိုက်ပြီး အရိုးစိမ့်အောင်အေးသည့် လေက ကျွန်မအပေါ် တိုက်ခတ်သွားသည်။ ကျွန်မ၏ ခန္ဓာကိုယ်က ဓါးအစင်းတစ်ထောင်ဖြင့် လှီးဖြတ်ခံရသကဲ့သို့ ကျွန်မ ခံစားခဲ့ရသည်။ အအေးဒဏ်ဖြင့် ခိုက်ခိုက်တုန်ရင်း၊ သွားချင်းရိုက်ကာ တုန်နေရာမှ ကျွန်မ ပြောလိုက်သည်။ “ဒီလို အအေးဒဏ်မျိုးကို ကျွန်မ ခံလို့မဖြစ်ဘူး၊ ကျွန်မမှာ သားဖွားပြီးတဲ့နောက်ဖြစ်တဲ့ အဆစ်ရောင်ရောဂါ ရှိတယ်ရှင့်။” သူက ကြမ်းကြုတ်စွာ ပြန်ဖြေခဲ့သည်။ “အို၊ ကောင်းပြီလေ၊ ဒါက မင်းရဲ့ အဆစ်ရောင်ရောဂါကို တာဝန်ယူသွားလိမ့်မယ်။ ရှေ့ဆက်ပြီး ဆီးချိုနဲ့ ကျောက်ကပ်ရောဂါတွေလည်း မင်းရဦးမှာကွ။ ဆရာဝန် ဘယ်နှစ်ယောက်ကိုပဲ မင်းပြပါစေ၊ လုံးဝ သက်သာမှာမဟုတ်ဘူး။” သို့ဖြင့်၊ သူက ရေအေးအပြည့် ပုံးတစ်ပုံးကို ယူလာစေပြီး ထိုအထဲကို ကျွန်မ၏ ခြေထောက်များ ထားစေလေသည်။ ထို့နောက် သူက ကျွန်မကို၊ “အဲဒီ ပုံးထဲကနေ ရေတစ်ပေါက်တောင် မစဉ်စေနဲ့” ဟု အမိန့်ပေးခဲ့သည်။ ကျွန်မ၏ ကျောကို နောက်ထပ်ရေအေးဖြင့် သူက ပက်ခဲ့ပြီးနောက်၊ ကတ်ထူပြားတစ်ပြားဖြင့် ကျွန်မ၏ နောက်ကျောကို ယပ်ခတ်လေသည်။ အပူချိန်မှာ အနုတ် ၄ ဒီဂရီ ဖာရင်ဟိုက်ဖြစ်သည်။ ထိုအရိုးစိမ့်အောင် အေးသောရေက ကျွန်မကို အအေးဒဏ်ခံစားစေခဲ့သည်မှာ ကျွန်မ၏ ခြေထောက်များကို အလိုလို ဆွဲထုတ်မိခဲ့သော်လည်း၊ အရာရှိတစ်ဦးက ချက်ချင်း ကျွန်မကို အတင်းပြန်ထားစေပြီး ခြေထောက်များကို တစ်ဖန်မလှုပ်ရှားဖို့ တားမြစ်ခဲ့သည်။ ကျွန်မ အလွန်ချမ်းအေးလှသည်မှာ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးက တင်းတင်းဆုပ်ထားခံရကာ မရပ်မနားနိုင်အောင် ခိုက်ခိုက်တုန်ခဲ့လေသည်။ သွေးများက ကျွန်မ၏ သွေးပြန်ကြောများထဲတွင် ခဲသွားသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မကို ထိုသို့မြင်ရသည်ကို သူတို့ ပျော်မြူးနေကြပြီး၊ “မင်းက စည်းချက်မှန်မှန် ကနေတာပဲ” ဟု ပြောခြင်းဖြင့် ကျွန်မကို လှောင်ပြောင်လျက်အကျည်းတန်သော ရယ်သံများ ပွင့်ထွက်လာကြလေသည်။ ဤလူတစ်ပိုင်း မကောင်းဆိုးဝါးများနှင့် သားရဲများအဖွဲ့ကို ကျွန်မ အဆုံးစွန်အထိ မုန်းတီးမိခဲ့သည်။ လူများကို အပျော်အတွက် ညှဉ်းဆဲကြပြီး အခြားသူများ၏ ဆင်းရဲဒုက္ခမှ မွေ့ပျော်မှုကို ရရှိကြသည့် ငရဲ၏ မကောင်းဆိုးဝါးများကို သရုပ်ဖော်ပြသည့် ဗီဒီယိုတစ်ခုကို ကျွန်မ ရုတ်တရက် သတိရခဲ့သည်။ ၎င်းတို့သည် အကြမ်းဖက်မှုနှင့် ညှဉ်းဆဲမှုတို့ကိုသာ သိလျက် စိတ်ခံစားချက်နှင့် လူသားသဘာဝ ကင်းမဲ့ကြလေသည်။ ဤဆိုးယုတ်သော ရဲများသည် ငရဲ၏ မကောင်းဆိုးဝါးများနှင့် ဘာမျှမခြားပါ- အမှန်တွင်၊ သူတို့က သာ၍ပင် ဆိုးသည်။ တစ်နေ့နှင့် တစ်ညလုံးလုံး၊ အသင်းတော်၏ ငွေများအကြောင်း သတင်းအချက်အလက်အား ကျွန်မကို အတင်းထုတ်ပြောစေဖို့ သူတို့ ကြိုးစားကြရင်း၊ ကျွန်မ၏ မျက်နှာကို မရေတွက်နိုင်အောင် အကြိမ်များစွာ ဖြတ်ရိုက်ခဲ့ကြသည်။ သူတို့၏ ရိုက်နှက်မှုများမှ ကျွန်မ၏ မျက်နှာ ရောင်ကိုင်းလာခဲ့သည့်အခါ၊ အရောင်လျော့သွားစေဖို့ ရေခဲကို သူတို့ အသုံးပြုကြပြီးနောက် ဆက်လက်ရိုက်နှက်ခဲ့ကြသည်။ ဘုရားသခင်၏ ကွယ်ကာမှုကြောင့်မဟုတ်လျှင်၊ ထိုအချိန်မတိုင်မီ ကြာမြင့်စွာက ကျွန်မ သေပြီးဖြစ်ပေလိမ့်မည်။ ကျွန်မ စကားမပြောလိုသေးသည်ကို ထိုဆိုးယုတ်သော အရာရှိများက မြင်ကြသည့်အခါ၊ ကျွန်မ၏ ပေါင်များနှင့် ပေါင်ခြံများကို လျှပ်စစ်တုတ်တစ်ခုဖြင့် စတင်တို့ခဲ့ကြသည်။ ကျွန်မကို သူတို့ လျှပ်စစ်တို့သည့်အကြိမ်တိုင်း၊ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးက အကြောဆွဲကာ နာကျင်မှုဖြင့် ဆန့်ငင်ဆန့်ငင်ဖြစ်သွားခဲ့သည်။ သူတို့က ကျွန်မကို သတ္တုထိုင်ခုံတွင် လက်ထိပ်ခတ်ထားသောကြောင့်၊ ရှောင်ဖို့ မဖြစ်နိုင်ပါ၊ ထို့ကြောင့် သူတို့ ပေးသည့် မည်သည့် ရက်စက်သော ရိုက်နှက်ခြင်းများ၊ နင်းခြေခြင်းနှင့် အရှက်ခွဲခြင်းများကိုမဆို ကျွန်မ ခံရဖို့သာ ရှိခဲ့သည်။ ကျွန်မ ကြုံတွေ့နေခဲ့ရသည့် ပြင်းထန်သော မချိတင်ကဲဝေဒနာကို စကားလုံးများနှင့် ဖော်မပြနိုင်ပါ၊ သို့သော် တစ်လျှောက်လုံး၊ ရဲများက ခွက်ထိုးခွက်လန် ရယ်မောရုံသာ ရယ်မောကြလေသည်။ ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ၊ အသက်ပိုငယ်သည့် ရဲတစ်ဦးက ကျွန်မ၏ နို့သီးခေါင်းများကို မြဲမြဲညှပ်ထားဖို့ တူတစ်စုံကို အသုံးပြုခဲ့ပြီးနောက် ယင်းကို သူက ပြင်းနိုင်သမျှ ပြင်းပြင်း ဆွဲလိမ်လေသည်။ အလွန်နာကျင်လွန်းသည်မှာ ကျွန်မ အလွန်ကျယ်လောင်စွာ အော်ဟစ်နေမိခဲ့သည်။ ကျွန်မ၏ ခြေထောက်ကြား ပေါင်ခြံတွင် ရေခဲရေအေး ပုလင်းတစ်ခုကိုလည်း ထားကြပြီး အထဲတွင် ဝါဆာဘီ အမှုန့်များ ပျော်ဝင်နေသည့် ရေများကို ကျွန်မ၏ နာခေါင်းထဲ အတင်းထည့်ကြလေသည်။ ကျွန်မ၏ နာခေါင်းပေါက်တစ်ခုလုံးက ပူလောင်သွားပြီး လောင်မြိုက်နေသော အပူဒဏ်က ကျွန်မ၏ ဦးနှောက်ထဲထိ တည့်တည့် ထိုးသွားသကဲ့သို့ ထင်ရလေသည်။ ကျွန်မ အသက်မရှူသွင်း ဝံ့ခဲ့ပါ။ နောက်ထပ် ဆိုးယုတ်သော ရဲတစ်ဦးက သူ၏ စီးကရက်မှ ဆေးလိပ်တစ်ဖွာကခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး ကျွန်မ၏ နာခေါင်းတည့်တည့်သို့ မီးခိုးကို မှုတ်ထုတ်လိုက်ကာ၊ ကျွန်မကို ဆိုးဆိုးရွားရွား ချောင်းဆိုးရလောက်အောင် ဖြစ်စေခဲ့သည်။ ကျွန်မ ပုံမှန်အသက်မရှူဖို့ အခွင့်အရေးတစ်ခု မရမီ၊ နောက်တစ်ဦးက သစ်သားထိုင်ခုံတစ်ခုကို ပြောင်းပြန်လှန်လိုက်ပြီး ကျွန်မ၏ ခြေဖဝါးများ ပေါ်လွင်သွားစေဖို့ ထိုအပေါ်သို့ ကျွန်မ၏ ခြေထောက်များကို ထားလိုက်လေသည်။ ထို့နောက် သူက သတ္တု အချောင်းအတံတစ်ခုကို ယူလိုက်ပြီး ကျွန်မ ခြေထောက်နှစ်ဖက်လုံး၏ ခြေဖဝါးများကို အကြိမ်များစွာ ရိုက်လေတော့သည်။ အလွန်ပြင်းထန်စွာ နာကျင်လှသည်မှာ ကျွန်မ၏ ခြေထောက်များ ကျိုးထွက်သွားသည့်အလား ခံစားခဲ့ရသည်။ နာကျင်မှုဖြင့် အဖန်ဖန် ကျွန်မ အော်ဟစ်မိခဲ့သည်။ နောက်မကြာမီတွင် ကျွန်မ၏ ခြေဖဝါးများ ရောင်ကိုင်းကာ ရဲရဲနီသွားသည်။ ဆိုးယုတ်သော ရဲက ကျွန်မကို မရပ်မနား ညှဉ်းဆဲခဲ့သည်။ ကျွန်မ၏ နှလုံးက ပြင်းထန်စွာ ခုန်နေခဲ့ပြီး ကျွန်မ သေလုနီးနီး ဖြစ်နေသည်ဟု တွေးမိခဲ့သည်။ ထို့နောက် သူတို့က အရေးပေါ် တရုတ်ရိုးရာ နှလုံးဆေးကို ကျွန်မကို ပေးခဲ့ကြပြီး ကျွန်မ ပြန်သက်သာလျှင် သက်သာချင်း၊ ကျွန်မကို တစ်ဖန် စတင်ရိုက်နှက်ကြကာ၊ “မင်း စကားမပြောရင်၊ မင်းကို ငါတို့ သေတဲ့အထိ အအေးဒဏ်ခံခိုင်းပြီး ရိုက်မှာ။ နောက်ဆုံး ဘယ်သူမှ သိကြမှာမဟုတ်ဘူး။ မင်း ဒီနေ့ ဝန်မခံရင် နောက်ထပ် ရက်အနည်းငယ် ငါတို့ ဆက်အချိန်ဆွဲထားနိုင်တယ်၊ ပြီးရင် ဘယ်သူက ဘယ်သူထက် ပိုကြာကြာခံနိုင်လဲဆိုတာ တွေ့ကြရမှာပေါ့လေ။ အခု မင်း ဘယ်လိုပုံပေါက်နေတယ်ဆိုတာ မြင်ရဖို့ မင်းရဲ့ယောက်ျားနဲ့ ကလေးကို ငါတို့ အထဲခေါ်လာမယ်၊ ပြီးတော့ ငါတို့ကို မင်း မပြောသေးဘူးဆိုရင်တော့၊ သူတို့ အလုပ်ထုတ်ခံရဖို့ ငါတို့ သေချာလုပ်မှာ” ဟု ပြောရင်း ကျွန်မကို ခြိမ်းခြောက်နေခဲ့လေသည်။ သူတို့က၊ “ဘုရားသခင်ကို မင်း ယုံကြည်တယ်မဟုတ်လား။ ဘာလို့ မင်းဘုရားက မင်းကို လာမကယ်တာလဲ။ နောက်ဆုံးတော့ မင်းရဲ့ ဘုရားက အဲဒီလောက် မကြီးမြတ်ဘူး ထင်တာပဲ” ဟု ပြောရင်း ကျွန်မကို ငေါ့သော ထိုးနှက်ချက်များကိုပင် လုပ်ဆောင်လေသည်။ ရန်လိုပြီး ဆိုးယုတ်ကာ ရက်စက်ကြမ်းကြုတ်သော ဤသားရဲအဖွဲ့ကို ကျွန်မ စိတ်ဝိညာဉ်တစ်ခုလုံးဖြင့် စက်ဆုပ်ရွံရှာမိခဲ့သည်။ သူတို့၏ ရက်စက်သော ညှဉ်းပန်းမှုများကို တောင့်ခံဖို့ အလွန့်အလွန် ခက်ခဲလှသလို၊ ဘုရားသခင်ကို သူတို့၏ အသရေဖျက်မှုများကို သည်းခံဖို့ရန် သာ၍ပင် ခက်ခဲလှပေသည်။ ထိုသို့ဖြင့်၊ ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့အလို့ငှာ ကျွန်မကို ကာကွယ်ပေးဖို့၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် ယုံကြည်ခြင်း၊ ခွန်အားနှင့် အလိုဆန္ဒတို့ဖြင့် ကျွန်မကို ပြည့်စေဖို့ အနူးအညွှတ်တောင်းလျှောက်ရင်း ဘုရားသခင်ထံ ကျွန်မ အသည်းအသန် အော်ဟစ်ခဲ့သည်။ ထို့နောက်တွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်ထဲ ပေါ်လာခဲ့သည်- “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ကျွန်မ မိမိဘာသာ တွေးမိခဲ့သည်- “အဲဒါ မှန်တယ်။ ငါ့အတွက် ဘုရားသခင်ရဲ့ အလိုတော်က စာတန်ရှေ့မှာ သူ့အတွက် သက်သေခံဖို့ပဲ၊ ဒီတော့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဒီနာကျင်မှုနဲ့ အရှက်ကွဲခြင်းတွေအားလုံးကို ငါ တောင့်ခံသင့်တယ်။ ငါ့မှာ ထွက်သက်တစ်ခုပဲ ကျန်ရင်တောင်၊ ဘုရားသခင်ကို ဆက်သစ္စာရှိရမယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ခိုင်မာပြီး ထူးကဲတဲ့ သက်သေခံချက်ကို ဖန်တီးထားတဲ့အရာ ဖြစ်လို့ပဲ၊ ပြီးတော့ ဒါက နတ်ဆိုးအိုကို အရှက်ရစေမယ့်အရာ ဖြစ်တယ်။” ဘုရားနှုတ်ကပတ်တော်၏ လမ်းပြမှုဖြင့်၊ ကျွန်မ စိတ်နှလုံးထဲတွင် စိတ်ချမှုနှင့် ယုံကြည်ခြင်းနှင့်ဆိုင်သော ပြန်လည်ဆန်းသစ်လာသည့် အသိစိတ်တစ်ခု ခံစားခဲ့ရသည်။ အမှောင်၏ အင်အားများကို ထိုးဖောက်ထွက်ဖို့ ကျွန်မ လိုလားနေခဲ့သည်။ ကျွန်မ သေရမည်ဆိုလျှင်ပင်၊ ဤတစ်ကြိမ်တွင် ဘုရားသခင်ကို ကျွန်မ စိတ်ကျေနပ်စေရမည်။ ထို့နောက် အသင်းတော် ဓမ္မသီချင်းတစ်ပုဒ်က စိတ်ထဲ ရောက်လာသည်- “ကျွန်ုပ်၏ ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား ကျွန်ုပ်ပေးကာ၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းမည်။ ဘုရားသခင်အပေါ် သက်သေခံချက်အတွက် ရပ်တည်ကာ စာတန်ကို လုံးဝ အလျော့မပေးဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားသည်။ အို ကျွန်ုပ်၏ ဦးခေါင်းကွဲကြေပြီး သွေးများ စီးဆင်းနိုင်၏၊ သို့သော် ဘုရားသခင်၏ လူတို့၏ သတ္တိသွေးများ မဆုံးရှုံးနိုင်ပေ။ ဘုရားသခင်၏ တိုက်တွန်းမှုက စိတ်နှလုံးတွင် တည်ထားသည်၊ နတ်ဆိုးစာတန်ကို အရှက်ရစေရန် ကျွန်ုပ် ဆုံးဖြတ်သည်။ နာကျင်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ဘုရားသခင် ကြိုတင်ပြဠာန်းထားပေ၊ ကိုယ်တော့်ကို သစ္စာရှိဖို့ အရှက်ရခြင်းကို ကျွန်ုပ် သည်းခံမည်။ ဘုရားသခင်ကို တစ်ဖန် ဘယ်သောအခါမျှ ကျွန်ုပ် မျက်ရည်ကျစေမည် မဟုတ် သို့မဟုတ် စိုးရိမ်စေမည် မဟုတ်ပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်”) “အဲဒါ မှန်တယ်” ဟု ကျွန်မ မိမိဘာသာ တွေးမိခဲ့သည်။ “ငါ့ရဲ့ ဇာတိပကတိ အလိုကို ငါ မဖြည့်သင့်ဘူး။ စာတန်ကို အရှက်ရစေပြီး ဘုရားသခင်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်စေဖို့ အခွင့်အရေး ရှိသမျှကာလပတ်လုံး၊ ဘုရားသခင်ဆီ ငါ့အသက်ကို ပူဇော်ဖို့ ငါ လိုလားနေတယ်။” ကျွန်မ၏ ရည်ရွယ်ချက်များတွင် ကျွန်မ ပြတ်သားလာသည်နှင့် တစ်ပြိုင်နက်၊ ဤမကောင်းဆိုးဝါးများက ကျွန်မကို မည်သို့ညှဉ်းပန်းကြပါစေ၊ သူတို့၏ ဒုက္ခပေးသော အကြံများနှင့် ကျွန်မကို လှည့်ဖြားဖို့ မည်သို့ ကြိုးစားကြပါစေ၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် အစမှအဆုံးထိ ဘုရားသခင်အပေါ် ကျွန်မ မှီခိုခဲ့ပါသည်။ ကျွန်မကို ယုံကြည်ခြင်းနှင့်ခွန်အားပေးရင်း၊ ကျွန်မ ခန္ဓာ၏ အားနည်းမှုကို အောင်မြင်ကျော်လွှားနိုင်ဖို့ ကျွန်မကို အခွင့်ပေးရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို အတွင်းမှ ဉာဏ်အလင်းပေးကာ လမ်းပြခဲ့သည်။ ဆိုးယုတ်သော ရဲများက အအေးဒဏ်ဖြင့် ကျွန်မကို ဆက်လက် ညှဉ်းဆဲခဲ့ကြသည်။ သူတို့က ရေခဲတုံးများဖြင့် ကျွန်မ၏ တစ်ကိုယ်လုံးကို ပွတ်တိုက်ခဲ့ကြပြီး၊ ကျွန်မကို အလွန်အေးခဲပြီး ခိုက်ခိုက်တုန်ရစ်စေခဲ့ကြသည်မှာ ရေခဲဂူတစ်ခုထဲတွင် ကျွန်မ လှောင်ပိတ်ခံခဲ့ရသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မ၏ သွားများက ကျယ်လောင်စွာ သွားချင်းရိုက်နေခဲ့ပြီး ကျွန်မ၏ အသားအရေက ပြာနှမ်းသွားသည်။ နံနက် နှစ်နာရီခန့်တွင်၊ သေဖို့ တောင့်တနေမိသည်အထိ ကျွန်မ ညှဉ်းပန်းခံနေခဲ့ရရင်း၊ နောက်တစ်ဖန် ကျွန်မ စတင် အားမနည်းလာဘဲ မနေနိုင်ခဲ့ပါ။ ထိုဆင်းရဲဒုက္ခကို မည်မျှကြာကြာ ကျွန်မ တောင့်ခံရမည်ကို မသိဘဲလျက်၊ ကျွန်မ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အဖန်ဖန် တောင်းပန်ရုံသာ တတ်နိုင်ခဲ့သည်- “ချစ်သော ဘုရားသခင်၊ ကျွန်မ ခန္ဓာ ကအလွန့်အလွန် အားနည်းလှပြီး ကျွန်မ နောက်ထပ် မခံနိုင်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါ။” ကျွန်မ၏ ဆုတောင်းချက်ကို နားညောင်းသည့်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ကျွန်မ မည်သို့မျှ မခံနိုင်တော့သည့်အချိန်တွင်ပင်၊ ဆိုးယုတ်သော ရဲများက ရလဒ်တစ်ခုတစ်လေမျှ မထွက်သောကြောင့် သူတို့၏ စစ်ဆေးမေးမြန်းမှုကို ရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်ခဲ့ကြလေသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လည် ၂ နာရီနောက်ပိုင်း တစ်ချိန်တွင်၊ ဆိုးယုတ်သောရဲများက ကျွန်မကို ကျွန်မ၏ အကျဉ်းခန်းလေးဆီ တရွတ်တိုက်ပြန်ဆွဲသွားကြသည်။ ကျွန်မမှာ ခေါင်းထက်မှခြေဖျားအထိ ပွန်းပဲ့ဒဏ်ရာများရပြီး ဖွတ်ဖွတ်ကြေခဲ့လေသည်။ ကျွန်မ၏ လက်များက ပူဖောင်းများကဲ့သို့ ရောင်ကိုင်းသွားခဲ့သည်။ ၎င်းတို့အားလုံးက အညို အမဲစွဲသွားခဲ့သည်။ ကျွန်မ၏မျက်နှာမှာ သူ့နဂိုအရွယ်ထက် သုံးဆရောင်ကိုင်းခဲ့သည်၊ စိမ်းပြာရောင်သန်းပြီး၊ ထိကြည့်လျှင် မာတောင့်နေကာ လုံးဝထုံထိုင်းသွားခဲ့သည်။ ကျွန်မခန္ဓာကိုယ်ပေါ်က နေရာတစ်ချို့တွင် လျှပ်စစ်ကျင်စက်တို့ခံရခြင်းမှ အပူလောင်ဒဏ်ရာများ ရှိလေသည်။ ထိုအချိန်တွင် အကျဉ်းခန်းထဲ၌ အကျဉ်းသားနှစ်ဆယ်ကျော်ရှိခဲ့ပြီး ထိုမကောင်းဆိုးဝါးများ၏ ညှဉ်းဆဲခြင်းကို ကျွန်မမည်သို့ခံခဲ့ရသည်ကို သူတို့ မြင်ကြသည့်အခါ သူတို့အားလုံး ငိုကြွေးခဲ့ကြလေသည်။ သူတို့ထဲမှအချို့က ကျွန်မကို ကြည့်ပင် မကြည့်ဝံ့ခဲ့ကြသလို ငယ်ရွယ်သော ကွန်မြူနစ်ပါတီ အဖွဲ့သားတစ်ယောက်က- “ငါ ဒီကနေထွက်တဲ့အခါ ငါအဖွဲ့ဝင်ဖြစ်တာကို ရုတ်သိမ်းမယ်” ဟု ပြောလေသည်။ ဥပဒေရေးရာ ကိုယ်စားလှယ်တစ်ဦးက ကျွန်မကို “မင်းကို ရိုက်နှက်တဲ့လူတွေက ဘယ်ဌာနမှာ လုပ်ကြတာလဲ။ သူတို့ရဲ့ နာမည်တွေက ဘာတွေလဲ။ ငါ့ကိုပြော၊ နိုင်ငံခြားဝက်ဘ်ဆိုက်တွေမှာ အားလုံးကို ငါတင်ပြီး သူတို့ကို ဖော်ထုတ်မယ်။ တရုတ်နိုင်ငံက လူသားဆန်တဲ့ နေရာတစ်ခုလို့ သူတို့ပြောကြတယ်၊ ဒါပေမယ့် ဒီထဲမှာ ဘယ်မှာ လူသားဆန်ခြင်း ရှိလို့လဲ။ ဒါက ရက်စက်ကြမ်းကြုတ်မှု စစ်စစ်ပဲ” ဟု မေးလေသည်။ ကျွန်မ၏ အတိဒုက္ခက အကျဉ်းသားများစွာ၏ ဒေါသကို ဆွပေးခဲ့ပြီး သူတို့က ဒေါသတကြီး အံ့အားသင့်စွာ ပြောကြလေသည်- “ကွန်မြူနစ်ပါတီက အရမ်းရက်စက်နိုင်မယ်လို့ ငါ လုံးဝ စိတ်မကူးမိခဲ့ဘူး။ ဒီလိုမျိုး ဖောက်ပြန်တဲ့လုပ်ရပ်တွေကို သူတို့ကျူးလွန်တာ ငါမယုံနိုင်ဘူး။ ဘုရားသခင်ကို ယုံကြည်တာက ကောင်းတဲ့အရာပဲလေ၊ အဲဒါက လူတွေကို ပြစ်မှုတွေ မကျူးလွန်ဖို့ ထိန်းပေးတယ်။ တရုတ်နိုင်ငံမှာ ဘာသာရေးလွတ်လပ်မှုရှိတယ်လို့ သူတို့ ပြောကြတယ်မဟုတ်လား။ ဒါက ဘာသာရေးလွတ်လပ်မှု မဟုတ်တာ အသေအချာပဲ။ တရုတ်နိုင်ငံမှာ ငွေနဲ့ အာဏာရှိရင် အရာရာကို မင်းပိုင်ပြီပဲ။ တကယ့်ရာဇဝတ်ကောင်တွေက လွတ်နေဆဲဖြစ်ပြီး သူတို့ကို ဘယ်သူမှ မဖမ်းရဲကြဘူး။ သေမိန့်ကျခံထားရတဲ့ အကျဉ်းသားတွေက အစိုးရအရာရှိတွေကို လာဘ်ထိုးလိုက်တာနဲ့ လွှတ်ပေးခံရတာပဲ။ ဒီနိုင်ငံမှာ တရားမျှတမှု ဒါမှမဟုတ် တန်းတူညီမျှမှုကို ရှာလို့မတွေ့ဘူးဟေ့...။” ထိုအခိုက်အတန့်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဤစကားများကို ကျွန်မ အမှတ်မရဘဲ မနေနိုင်ခဲ့ပါ- “ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) “သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်တကယ် မုန်းတီးသလော။ သင်တို့သည် အမှန်တကယ်၊ ရိုးသားစစ်မှန်စွာ ယင်းကို မုန်းတီးသလော။ ငါသည် ကြိမ်ဖန်များစွာ သင်တို့ကို အဘယ်ကြောင့် မေးလေပြီနည်း။ ငါသည် အဘယ်ကြောင့် ဤမေးခွန်းကို သင်တို့အား အဖန်ဖန် မေးမြဲမေးနေရသနည်း။ သင်တို့၏ နှလုံးသားထဲတွင် အဆင်းနီသောနဂါးကြီး၏ မည်သည့်ပုံရိပ် ရှိသနည်း။ ယင်းကို အမှန်တကယ် ဖယ်ရှားပြီးပြီလော။ ၎င်းကို သင်တို့၏ဖခင်အဖြစ် သင်တို့ အမှန်ပင် မမှတ်ယူပေဘူးလော။ ငါ၏မေးခွန်းများထဲက ငါ၏ရည်ရွယ်ချက်ကို လူအပေါင်းတို့ သိမြင်သင့်သည်။ ယင်းမှာ လူတို့၏ ဒေါသကို ဆွပေးရန်မဟုတ်သကဲ့သို့၊ လူသားတို့အလယ် ပုန်ကန်မှုကို လှုံ့ဆော်ရန် မဟုတ်၊ လူသားသည် မိမိ၏ ကိုယ်ပိုင် ထွက်ပေါက်ကို ရှာတွေ့နိုင်ရန် မဟုတ်ဘဲ၊ လူအားလုံးကို အဆင်းနီသောနဂါးကြီး၏ ကျေးကျွန်ဘဝမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေခွင့်ပေးရန် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မအတွက် ကြီးမားသောနှစ်သိမ့်မှု ဖြစ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ရက်စက်၊ ဆိုးယုတ်ပြီး မကောင်းဆိုးဝါးဆန်သော အနှစ်သာသည် ကျွန်မခံစားခဲ့ရသည့် ရက်စက်သောညှဉ်းပန်းမှုမှတစ်ဆင့် ဖော်ထုတ်ခံရနိုင်ကြောင်း၊ ဤအရာက မယုံကြည်သူများအား တရုတ်ကွန်မြူနစ်ပါတီ အစိုးရက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို မြင်တွေ့ခွင့်ပေးပြီး အတူတကွနိုးထလျက် ထိုနတ်ဆိုးအိုကို စက်ဆုပ်ကာ စွန့်ပစ်စေနိုင်ကြောင်းတို့ကို ကျွန်မ လုံးဝစိတ်မကူးမိခဲ့ပါ။ ဤသည်မှာ အမှန်တကယ် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့၏ လုပ်ဆောင်ချက်ဖြစ်သည်။ အတိတ်တွင် ကျွန်မက တရုတ်ကွန်ုမြူနစ်ပါတီကို ကြီးမြတ်သော အနီရောင်နေမင်း၊ လူတို့၏ကယ်တင်ရှင်အဖြစ် မြင်ခဲ့သော်လည်း တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ လူမဆန်သော နှိပ်စက်မှုနှင့် ညှဉ်းဆဲမှုတို့ကို ဒုက္ခခံရသူအဖြစ်သို့ ရောက်ပြီးနောက်တွင် ၎င်းအပေါ် ကျွန်မ၏အမြင်က လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ ၎င်း၏ လူ့အသက်အား လုံးဝအရေးမထားမှု၊ ဘုရားသခင်၏ ရွေးချယ်ခံများကို ၎င်းက မည်သို့ ရိုင်းစိုင်းကြမ်းကြုတ်စွာ နှိပ်စက်ပြီး ကောင်းကင်ဘုံကို ဆန့်ကျင်ကာ အလွန်ဆိုးရွားသော ပြစ်မှုများကို ကျူးလွန်နေသည့် ဝိညာဉ်ဆိုးတစ်ပါး ဖြစ်သည်ကို ကျွန်မ အမှန်တကယ် မြင်ခဲ့ရသည်- ၎င်းသည် နတ်ဆိုးမှ လူပြန်ဝင်စားခြင်းဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်သည့် မကောင်းဆိုးဝါးတစ်ကောင်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်း၏ အရှင်ဖြစ်ပြီး လူသားများသည် အဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ ဘုရားသခင်ကို ယုံကြည်သည်မှာ သဘာဝကျပြီး မှန်ကန်သည်၊ သို့တိုင် တရုတ်ကွန်မြူနစ်ပါတီအစိုးရက ဘုရားသခင်နောက်လိုက် အကုန်လုံးကို ရှင်းရှင်းလင်းလင်း ဖယ်ရှားဖို့ အသည်းအသန်မျှော်လင့်ရင်း၊ အကြောင်းမဲ့သက်သက် ဖမ်းဆီးပြီး ညှဉ်းဆဲဖို့ မမှန်ကန်သော စွပ်စွဲချက်များကို အကွက်ဆင်လေသည်။ ထိုသို့ လုပ်ဆောင်ရာတွင် သူတို့သည် ဘုရားသခင်ကို မုန်းတီးပြီး ဘုရားသခင်ကို ရန်မူသည့် ၎င်းတို့၏ နည်းလမ်းများ၏ ဆိုးယုတ်သောသဘာဝကို အကုန်အစင် ဖော်ထုတ်ပြီးဖြစ်လေသည်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက အဖြည့်ခံအဖြစ် အစေခံခြင်းနှင့်အတူ၊ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာ၏ အနှစ်သာရက ကျွန်မအဖို့ သာ၍ပင် သိသာထင်ရှားလာခဲ့သည်။ ဘုရားသခင်သည် လူ့ဇာတိ နှစ်ကြိမ်ခံယူခဲ့ပြီး ဖြစ်ရပ်နှစ်ခုလုံးတွင် အလွန့်အလွန်ကြီးမားသော နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အခက်အခဲများအပြင် နတ်ဆိုး၏ လိုက်လံဖမ်းဆီးမှုကိုလည်း ဒုက္ခခံရပြီးဖြစ်သည်။ သို့တိုင် တစ်လျှောက်လုံး၌ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏အမှုတော်ကို ဆောင်ရွက်ရင်း တိုက်ခိုက်မှုနှင့် ဆင်းရဲဒုက္ခအလုံးစုံတို့ကို တိတ်ဆိတ်စွာ ကြံ့ကြံ့ခံခဲ့သည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက အမှန်တကယ် ကြီးမြတ်ပါသည်တကား။ ထိုအခိုက်အတန့်တွင် ထိုမကောင်းဆိုးရွားတစ်သိုက်ကို ကျွန်မ၏ စိတ်နှလုံးအကြွင်းမဲ့နှင့် ဉာဏ်ရှိသမျှဖြင့် စက်ဆုပ်မိခဲ့ပြီး အတိတ်တွင် သမ္မာတရားကို စိတ်အားထက်သန်စွာ ကျွန်မ မလိုက်စားမိခဲ့သည်ကို သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မ၏ တာဝန်အား မဖြည့်ဆည်းခဲ့သည်ကို ကျွန်မ အမှန်တကယ် နောင်တရမိခဲ့သည်။ တစ်နေ့တွင် ကျွန်မ ဤနေရာမှ အသက်ရှင်လျက်နှင့် ထွက်သွားနိုင်ခဲ့လျှင် ကျွန်မ၏တာဝန်များကို ဖြည့်ဆည်းရာ၌ မိမိကိုယ်ကိုယ် သာ၍မြှုပ်နှံမည်ဖြစ်ပြီး ကျွန်မ၏နှလုံးသားကို ဘုရားသခင်အား ရယူခွင့်ပေးမည်ဟု ကျွန်မ မိမိဘာသာ စဉ်းစားခဲ့ပါသည်။
နောက်ပိုင်းတွင်၊ ဆိုးယုတ်သောရဲများက ကျွန်မကို နောက်ထပ် လေးကြိမ် စစ်ဆေးမေးမြန်းခဲ့ကြသည်။ ကျွန်မထံမှ မည်သည့်အရာမျှ သူတို့ မရနိုင်ခဲ့ကြသောကြောင့် သူတို့က “ပြည်သူလူထု ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်ခြင်း” ဟူသည့် စွပ်စွဲချက်တစ်ခုကိုသာ အကွက်ဆင်ခဲ့ကြပြီး ယွမ်ငွေ ၅၀၀၀ သတ်မှတ်သည့် တစ်နှစ်အာမခံဖြင့် တရားရင်ဆိုင်မှုကို ဆိုင်းငံ့ရင်း ကျွန်မကိုလွှတ်ပေးခဲ့ကြသည်။ ကျွန်မမိသားစုက ကျွန်မအတွက် အာမခံငွေကို ပို့ပေးခဲ့ပြီးသည့်နောက်၊ နောက်ဆုံးတွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့၌ ကျွန်မလွတ်လာခဲ့သည်။ ကျွန်မ အိမ်ပြန်ရောက်ပြီးနောက်တွင် ပြတင်းပေါက်ပေါ်မှတစ်ဆင့် ရေခဲများကိုတွေ့သည့်အခါတိုင်း ကျွန်မ၏ နှလုံးကခုန်စမြန်လာတတ်သည်။ ကျွန်မ၏ အမြင်အာရုံက သိသိသာသာ အားနည်းသွားသည်၊ ကျွန်မ၏ အဆစ်ရောင်ရောဂါကလည်း ဆိုးရွားခဲ့ပြီး ကျွန်မ ကျောက်ကပ်ရောဂါ တကယ်ရလာခဲ့လေသည်။ မကြာခဏ အအေးဒဏ်ခံစားရပြီး ရုတ်တရက် ကြောက်စိတ်လွန်ကဲခြင်းရောဂါများကို ကျွန်မ ခံရလေ့ရှိသည်၊ ကျွန်မ၏ လက်နှစ်ဖက်လုံး ထုံထိုင်းသွားခဲ့သည်၊ ကျွန်မ၏မျက်နှာက အရေးပြားတစ်လွှာ ကွာကျသွားခဲ့ပြီး ကျွန်မကို အိပ်စက်ရာမှ လန့်နိုးစေသည်အထိ ကျွန်မ၏ ပေါင်အတွင်းပိုင်းတွင် မခံမရပ်နိုင်သော နာကျင်မှု မကြာခဏ ရှိခဲ့လေသည်။ ဤအရာအားလုံးမှာ ထိုနတ်ဆိုးများ၏ ညှဉ်းဆဲမှု သက်သေဖြစ်ခဲ့လေသည်။
တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ လူမဆန်စွာ ရက်စက်သော နှိပ်စက်ညှဉ်းပန်းမှုကို ကြုံရပြီးသည့်နောက်၊ ခန္ဓာ၏ ညှဉ်းဆဲမှုမျိုးစုံကို ကျွန်မ ဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်နှင့် ကျွန်မ၏ ဆက်ဆံရေးတွင် ပိုမိုနီးကပ်ခဲ့ပြီး ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုး၊ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့နှင့်ဆိုင်သော ပိုမိုလက်တွေ့ကျသည့် သိနားလည်မှုတစ်ခုကို ရရှိခဲ့ကာ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ရန် ကျွန်မ၏ သန္နိဋ္ဌာန်က အားကောင်းလာခဲ့လေသည်။ ကျွန်မ၏ ကျန်ရှိသည့် ဘဝတစ်လျှောက် ဘုရားသခင်နောက်လိုက်ပြီး ဘုရားသခင်ကို ချစ်သောသူတစ်ဦး ဖြစ်လာဖို့ ကြိုးစားရန် ကျွန်မ သန္နိဋ္ဌာန်ချခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ရက်စက်သော နှိပ်စက်ညှဉ်းပန်းမှုမှတစ်ဆင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုနှင့် ကွယ်ကာမှုတို့ကို ကျွန်မ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က လမ်းခရီး၏ ခြေလှမ်းတိုင်းတွင် ကျွန်မကို ခွန်အားနှင့် ယုံကြည်ခြင်းပေးလျက်သာ လမ်းမပြခဲ့လျှင်၊ ကျွန်မဒုက္ခခံခဲ့ရသည့် လူမဆန်သော ညှဉ်းပန်းမှုနှင့် ညှဉ်းဆဲမှုအားလုံးကို ကျွန်မ လုံးဝ ကြံ့ကြံ့ခံနိုင်ခဲ့လိမ့်မည်မဟုတ်ပါ။ ဤတစ်မူထူးသော အခြေအနေအား ကျွန်မ၏ တွေ့ကြုံခြင်းအားဖြင့် တရုတ်ကွန်ုမြူနစ်ပါတီမှာ ဘုရားသခင်ကို ဆန့်ကျင်သည့်၊ ဘုရားသခင်ကို ရန်မူသည့် စာတန်နတ်ဆိုးသာဖြစ်သည်ကို ကျွန်မ အပြည့်အဝ သိမြင်လာခဲ့ရသည်။ တရုတ်နိုင်ငံကို ဘုရားမဲ့နိုင်ငံအဖြစ် ပြောင်းလဲဖို့နှင့် ကမ္ဘာလောကကို သိမ်းပိုက်ဖို့အတွက် ၎င်း၏ ကြိုးပမ်းအားထုတ်မှုတွင်၊ ဘုရားသခင်ကို ဤကမ္ဘာလောကမှ မောင်းထုတ်ဖို့ရန် ၎င်းသည် ရပ်တန်းကမရပ်ဘဲ သူလုပ်နိုင်စွမ်းရှိသမျှ အရာတိုင်းကို လုပ်ဆောင်လေသည်။ ၎င်းသည် ဘုရားသခင်၏နောက်လိုက်များအားလုံးကို ချေမှုန်းသုတ်သင်ဖို့၊ ၎င်းတို့အားလုံးကို သူ၏ ပိုက်ကွန်ဖြင့် ဖယ်ရှားပစ်ပြီးသကာလ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်၏ အမှုတော်ကို လုံးဝဖျက်သိမ်းဖို့ဟူသော ရည်မှန်းချက်နှင့်အတူ ဘုရားသခင်နောက်လိုက်သည့်သူများကို ၎င်းက အရူးအမူး လိုက်လံ၊ ဖမ်းဆီးကာ နှိပ်စက်ညှဉ်းပန်းလေသည်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် အမှန်ပင် အလွန့်အလွန် ဆိုးယုတ်ပါသည်တကား။ ၎င်းသည် လူတို့ကို အကောင်လိုက်ဝါးမျိုသည့် ဘီလူးသရဲစီးသော သားရဲတစ်ကောင်ထက် ဘာမျှမပိုပါ- ၎င်းသည် စဉ်းလဲသောသူ၊ ကောင်းကင်ဘုံကို ဖီဆန်ကာ၊ တရားမျှတမှုကို ကဖျက်ယဖျက်လုပ်ပြီး၊ မကောင်းမှုကို လုပ်စေနိုင်စွမ်းရှိသည့် အမှောင်၏ ဆိုးယုတ်သောအင်အားစု ဖြစ်လေသည်။ တရုတ်နိုင်ငံတွင် သာမန်လူကောင်းများကို ဖိနှိပ်ကာ စော်ကားနေကြသည့် မကောင်းမှုပြုသူများကို တရုတ်ကွန်မြူနစ်ပါတီ အစိုးရက စိတ်ကြိုက်လုပ်ခွင့်ပေးပြီး သူတို့ကို ဥပဒေရေးရာနှင့် အစိုးရအာဏာကိုပင် ဝေမျှခံစားစေကြလေသည်။ ပြည့်တန်ဆာမှု၊ လောင်းကစားနှင့် မူးယစ်မှောင်ခိုမှုတို့၌ ၎င်းတို့ ပါဝင်ကြကာ လူးဆိုးဂိုဏ်းဝင်များ၊ လူလိမ်လူညစ်များနှင့် အရောဝင်ပြီး အားအားယားယား လျှောက်လည်ကြလေသည်။ ၎င်းတို့၏ အကျိုးအမြတ်များကိုပင် သူတို့ ကူညီကာကွယ်ပေးကြလေသည်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရကို အကြောင်းမဲ့သက်သက် ဖိနှိပ်ရင်းနှင့် ဖမ်းဆီးရင်း၊ ယုံကြည်သူမိသားစုများစွာ တစ်စစီပြိုကွဲကာ၊ ချစ်ခင်ရသူများ တကွဲတပြားစီ လူစုကွဲကြရပြီး သူတို့ အိမ်ကိုမပြန်နိုင်ကြသည်အထိ ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းရင်း ၎င်း၏ ရန်သူအဖြစ် သတ်မှတ်သည်မှာ ဘဝတွင် လမ်းမှန်ကိုလျှောက်ကြသည့် ဘုရားသခင်နောက်လိုက်သူများပင် ဖြစ်ကြသည်။ သူတို့ထဲမှ များစွာတို့သည် အခြေမချနိုင်ကြဘဲ အိမ်မှဝေးရသည့် အခြေမဲ့အနေမဲ့ ဘဝတစ်ခုကို ဆိုက်ရောက်ကြရပေမည်။ အခြားသူများသည် ရက်စက်သော ညှဉ်းဆဲမှုကို ခံနေကြရဆဲဖြစ်ပြီး ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းအတွက် သွက်ခြာပါဒဖြစ်သည်အထိ သို့မဟုတ် သေသည်အထိပင် အရိုက်နှက်ခံကြရလေသည်။ … တရုတ်ကွန်ုမြူနစ်ပါတီအစိုးရသည် ကြမ်းကြုတ်စွာ လူမဆန်သူ၊ ရက်စက်ကြမ်းကြုတ်သော လူသတ်သမား၊ နတ်ဆိုး၊ စာတန်ဖြစ်သည်မှာ များစွာထင်ရှားနေပေသည်။ အဆုံးသတ်တွင် ၎င်းကျုးလွန်ခဲ့ပြီးသည့် အလွန်ဆိုးရွားသော အပြစ်များအတွက် ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ဒဏ်ပေးခြင်းကို လွတ်မြောက်လိမ့်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ဟိုးအရင်ကတည်းက ပြောဆိုခဲ့သောကြောင့်ဖြစ်သည်- “မကောင်းဆိုးဝါးများ၏ အသိုက်သည် ဘုရားသခင်၏ အပိုင်းပိုင်း ဆုတ်ဖြဲခြင်းကို ဧကန်မုချ ခံရလိမ့်မည်ဖြစ်ပြီး သင်တို့သည် ဘုရားသခင်၏ နံဘေးတွင် ရပ်ရကြလိမ့်မည်— သင်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်ကြပြီး ဤကျွန်များ၏ အင်ပါယာနှင့် မသက်ဆိုင်ကြပေ။ ဘုရားသခင်သည် ကြာမြင့်စွာကတည်းက ဤအမှောင် လူမှုအဖွဲ့အစည်းကို သူ၏ အရိုးများထိတိုင် စက်ဆုပ်ရွံရှာပြီး ဖြစ်သည်။ ဘုရားသခင်သည် အံသွားခဲကြိတ်သည်၊ ဤဆိုးယုတ်သည့် အလွန်ယုတ်မာသော မြွေအိုအနေဖြင့် တစ်ဖန် လုံးဝ မထကြွဖို့ရန်နှင့် လူသားကို တစ်ဖန် လုံးဝ မနှိပ်စက်ရန်အလို့ငှာ၊ ယင်းအပေါ် သူ၏ ခြေများကိုချဖို့ စိတ်ထက်သန်လေသည်။ ဘုရားသခင်သည် ယင်း၏ အတိတ်က လုပ်ရပ်များကို ခွင့်လွှတ်မည်မဟုတ်၊ လူသားအား ၎င်း၏ လှည့်ဖြားမှုကို သည်းခံလိမ့်မည် မဟုတ်သကဲ့သို့၊ ခေတ်ကာလများ တစ်လျှောက် ၎င်း၏ အပြစ် တစ်ခုစီတိုင်းအတွက် ဆပ်ပေးစေလိမ့်မည်။ ဘုရားသခင်သည် ဆိုးညစ်မှုအားလုံး၏ ဤခေါင်သူကြီးအား၁ စိုးစဉ်းမျှ အသက်ရှူချောင်ခွင့် ပေးလိမ့်မည်မဟုတ်၊ သူသည် ၎င်းကို လုံးလုံးလျားလျား ဖျက်ဆီးလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် ချီးမွမ်းခြင်းနှင့် ချီးကျူးခြင်းတို့ဖြင့် ထိုက်တန်ပြီး၊ စာတန်၏ နိုင်ငံကို သူ မောင်းထုတ်ကာ ဖျက်ဆီးလိမ့်မည်။ ဤကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ နိုင်ငံတော် တည်ထောင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ဘုန်းအသရေသည် စင်္ကြဝဠာတစ်ခွင်လုံး ဧကန်မုချ ပျံ့နှံ့ပါလိမ့်မည်။
အောက်ခြေမှတ်စု(များ)-
၁။ “ဆိုးညစ်မှုအားလုံး၏ ခေါင်သူကြီး” သည် နတ်ဆိုးအိုကို ရည်ညွှန်းသည်။ ဤစကားစုသည် အလွန်အမင်း မနှစ်သက်ခြင်းကို ဖော်ပြသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
မန့်ယုံ တရုတ်နိုင်ငံ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ကျွန်တော်နှင့် ညီအစ်ကို မောင်နှမအချို့သည် နေရာတစ်ခုသို့ ဧဝံဂေလိတရား ဖြန့်ဝေရန်...
ကျိုးလီ တရုတ်နိုင်ငံ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ နေ့လည်နေ့ခင်းတစ်ခုမှာ၊ တခြားညီအစ်မ သုံးယောက်နဲ့ ကျွန်မ စုဝေးပွဲကို သွားနေတုန်းမှာ...
လီကျီ၊ လောင်နင်စီရင်စု၂၀၀၀ ခုနှစ်တွင် ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို ကြားဖို့ အခွင့်ကောင်းရခဲ့သည်။ ဘုရား...
ချိုကျန်း တရုတ်နိုင်ငံ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊ မနက် ၅ နာရီ လောက်မှာ၊ ကျွန်မ တွေ့ဆုံပွဲတစ်ခုကို အသွား လမ်းဘေးမှာ ရပ်ထားတဲ့...