အချိန်နှောင်းပြီဖြစ်သော နိုးထမှုတစ်ခု
၂၀၁၃ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မက တော်တော်စိတ်အားထက်သန်တယ်။ ဘုရားနှုတ်ကပတ်တော်ကို ခဏခဏဖတ်တယ်။ အစည်းအဝေးတွေသွားတယ်။ တက်တက်ကြွကြွနဲ့ မိတ်သဟာယပြုတယ်။ မကြာခင်မှာပဲ ခေါင်းဆောင်က ကျွန်မကို အစည်းအဝေးအုပ်စုတချို့ကို ဦးဆောင်ခိုင်းတယ်။ ပြီးတော့ ကျွန်မကို သမ္မာတရားကို လိုက်စားဖို့လည်း ခဏခဏ အားပေးတိုက်တွန်းပြီး ကျွန်မကို ရေလောင်းသင်းထောက်အဖြစ် လေ့ကျင့်ပေးဖို့ ပြင်ဆင်တယ်။ အဲဒီအချိန်တုန်းက တန်ဖိုးအထားခံရတဲ့ ခံစားချက်ကို ကျွန်မ နှစ်သက်ခဲ့တာပေါ့။ အဲဒါနဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အားစိုက်ခဲ့ပါတယ်။ လူတိုင်းက ကျွန်မကို အထင်ကြီးလေးစားပြီး ကျွန်မမှာ အစွမ်းအစကောင်းရှိတယ်၊ ယုံကြည်တာ အချိန်တိုလေးပဲရှိသေးပေမဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တယ်၊ သမ္မာတရားကို လိုက်စားသူတစ်ယောက်ဖြစ်တယ်လို့ ကျွန်မ ပြောစေချင်ခဲ့ပါတယ်။
မကြာခင်မှာပဲ အစ်မရှောင်ကျန်းက ကျွန်မတို့ အသင်းတော်ကို ပြောင်းလာတယ်။ အစတော့ ကျွန်မက သူ့ကိုရေလောင်းပြီး သူနဲ့တွေ့ဖို့ ဦးဆောင်ရတယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ အသင်းတော်က ရွေးကောက်ပွဲကျင်းပတယ်။ သူက ကောင်းကောင်းလိုက်စားတယ်၊ အစွမ်းအစကောင်းရှိတယ်၊ သမ္မာတရားကို သန့်သန့်စင်စင်နဲ့ လက်ခံရရှိတယ်လို့ သူများတွေက မြင်ကြတယ်။ အဲဒါနဲ့ သူ့ကို ရေလောင်းသင်းထောက်အဖြစ် ရွေးချယ်ခဲ့ကြတာပေါ့။ အဲဒီအချိန်တုန်းက ညီအစ်ကိုမောင်နှမတွေက သူ့ကို အထင်ကြီးလေးစားတာ၊ ခေါင်းဆောင်က သူ့ကို တန်ဖိုးထားတာကို ကျွန်မ မြင်ပြီး ကျွန်မက အမေ့လျော့ခံရလိုက်ရသလို ခံစားမိတယ်။ မနာလိုဖြစ်ပြီး အရမ်းဝမ်းနည်းတာပေါ့။ ကျွန်မ စဉ်းစားတယ်။ “ရှောင်ကျန်းက ဒီမှာမရှိရင် ခေါင်းဆောင်က သူ့အစားငါ့ကို ပျိုးထောင်ပေးမှာပဲ။ ဒါပေမဲ့ အခု သူက ရောက်လာပြီး ငါ့ရဲ့ ဂုဏ်ကျက်သရေကို ခိုးယူသွားတယ်။ သူက နည်းနည်းသာ ဆက်ပြီး လေ့ကျင့်ရင် ငါ့ကို ကျော်သွားမှာပဲ။ ညီအစ်ကိုမောင်နှမတွေက သူ့ကို ပိုပြီးတော့ အထင်ကြီးလေးစားကြမှာပဲ” ပေါ့။ စဉ်းစားကြည့်လေလေ၊ စိတ်မချမ်းမသာဖြစ်လေလေဖြစ်ပြီး အိပ်လို့မရတဲ့အထိပဲ။ ခေါင်းဆောင်က ရှောင်ကျန်းကို ပျိုးထောင်ပေးတာကို တားဆီးဖို့အတွက် ခေါင်းဆောင်ရှေ့မှာ ကျွန်မ ခဏခဏပြောတယ်။ “ရှောင်ကျန်းက ယုံကြည်တာ မကြာသေးဘူး။ ဒီတော့ သမ္မာတရားကို သူနားမလည်ဘူး။ ပြီးတော့ ပြဿနာတွေကို သမ္မာတရားနဲ့ မဖြေရှင်းနိုင်ဘူး။ သူက ရေလောင်းအလုပ်နဲ့ မသင့်တော်ဘူး” ပေါ့။ ကျွန်မက မနာလိုဖြစ်တဲ့ အခြေအနေမှာရှိနေတာကို ခေါင်းဆောင်က တွေ့သွားပြီး ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ ကျွန်မ ပြဿနာတွေကို ထောက်ပြပြီး ကျွန်မက ဂုဏ်အဆင့်အတန်းကို လိုချင်တယ်၊ သူများတွေကို မနာလိုဖြစ်တယ်၊ သူများတွေက ကျွန်မထက် သာသွားမှာကို မကြည့်နိုင်ဘူး၊ ဒါတွေက မကောင်းတဲ့လူ့သဘာဝရဲ့ သရုပ်သကန်တွေပဲလို့ ပြောတယ်။ ရှောင်ကျန်းကို မနာလိုဖြစ်တာက မှားတယ်၊ ဘုရားက ဒါကို မုန်းတယ်၊ ကျွန်မက ဒီလိုဆက်သွားလို့မဖြစ်ဘူးဆိုတာ သိခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်မက အပြင်ပန်းမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းခဲ့ပြီး ရှောင်ကျန်းအကြောင်း မပြောတော့ဘူး။ ဒါပေမဲ့ ကျွန်မ သူ့အပေါ် မနာလိုဖြစ်နေတာကို လွတ်မချနိုင်ဘူး။ တစ်ခါတလေမှာ သူက အလုပ်က ကိစ္စတွေအကြောင်းမသိတော့ ကျွန်မကို မေးတယ်။ လူသစ်တွေကို ပံ့ပိုးဖို့ ကျွန်မကို စီစဉ်ပေးတယ်။ ဒါက ကျွန်မကို တော်တော်မချင့်မရဲဖြစ်စေတယ်။ ကျွန်မ စဉ်းစားတယ်။ “ကျွန်မက ရှင့်ကို ရေလောင်းပေးခဲ့ဖူးတယ်။ ဒါပေမဲ့ အခု ရှင်က ရာထူးရှိပြီး ကျွန်မကို အမိန့်ပေးတယ်။ ကျွန်မက ရှင့်အမိန့်တွေကို နာခံရမှာလား။ ကျွန်မက ခေါင်းဆောင်၊ အမှုဆောင်တစ်ယောက် ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမဲ့ ရှင့်ထက်တော့” မညံ့ဘူး ဆိုပြီးတော့။ ကျွန်မ စဉ်းစားတယ်။ “ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿာနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ငါ ပိုပြီး မိတ်သဟာယဖွဲ့ဖို့လိုတယ်။ ဒီလိုဆိုရင် ငါက ရှောင်ကျန်းထက်သာတယ်လို့ သူတို့ ထင်ကြမှာပဲ။ ဒါဆို သူတို့လေးစားတာကို ငါပိုပြီး ရမယ်” ပေါ့။ အဲဒီနောက်မှာတော့ ညီအစ်ကိုမောင်နှမတွေက အခက်အခဲတွေ၊ ဒုက္ခခံစားရတာတွေကို မြင်တဲ့အခါတိုင်း ကျွန်မက ဒါတွေကို မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကို ကြိုတင်ပြီးရှာတယ်။ ကျွန်မက ကောင်းကောင်း မိတ်သဟာယပြုနိုင်တယ်လို့ လူတိုင်းကပြောပြီး ကျွန်မ တော်တော်ပျော်ခဲ့တာပေါ့။
တစ်ခါတော့ ရှောင်ကျန်းက လျန်ကျင်းရဲ့ ပြဿနာတွေကို ထောက်ပြတယ်။ ဒါပေမဲ့ လျန်ကျင်းက လက်မခံဘူး။ အစည်းအဝေးမှာ ရှောင်ကျန်းအပေါ် တစ်ဖက်သတ်အမြင်တွေ၊ ထင်မြင်ချက်တွေရှိခဲ့တယ်။ ကျွန်မက ဒါကိုကြားရတော့ ပျော်သွားတာပေါ့။ “လူတိုင်းက သူနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေရှိတာကို မြင်ရတာ ကောင်းတယ်။ ဒီလိုဆိုရင် ညီအစ်ကိုမောင်နှမတွေရဲ့ နှလုံးသားထဲမှာ သူက နေရာရှိမှာမဟုတ်ဘူး” ပေါ့။ လျန်ကျင်းပြီးတဲ့နောက်မှာ ကျွန်မက အမြန်ဝင်ပြောလိုက်တယ်။ “ကျွန်မလည်း ရှောင်ကျန်းကို အကောင်းမြင်တာမရှိဘူး။ အခုသူက ရေလောင်းသင်းထောက်ဖြစ်ပြီဆိုတော့ သူက တချို့အရာရှိတွေလိုမျိုး ပြုမူတယ်လို့ ထင်တယ်။ သူက ကျွန်မကို အမြဲတမ်း အမိန့်တွေပေးတယ်” ဆိုပြီးတော့။ ကျွန်မပြောပြီးသွားတော့ လျန်ကျန်းနဲ့ တခြားအစ်မတို့နှစ်ယောက်လုံးက သဘောတူတယ်။ ရှောင်ကျန်းက အပေါ်ယံအတွေ့အကြုံတွေရှိပြီး ကိစ္စတွေကိုနားမလည်ဘူး၊ စကားပြောတာ ကျယ်လွန်းတယ်လို့ ကျွန်မ ပြောလိုက်တယ်။ ကျွန်မပြောတာကို ကြားပြီးတော့ လျန်ကျန်းရဲ့ ရှောင်ကျန်းအပေါ် တစ်ဖက်သတ်အမြင်က ပိုပြီးတော့တောင် ကြီးလာတာပေါ့။ နောက်ပိုင်းမှာ အစည်းအဝေးမှာ ရှောင်ကျန်းက မိတ်သဟာယဖွဲ့တဲ့အခါ လျန်ကျန်းက မကြည်မသာတဲ့ မျက်နှာနဲ့ နားထောင်တယ်။ တစ်ခါတလေမှာ သူက အသေးအဖွဲကိစ္စတွေကို ရှောင်ကျန်းနဲ့ အဆက်မပြတ်ငြင်းတယ်။ ဒါကြောင့်မို့ ရှောင်ကျန်းက စိတ်ကျဉ်းကျပ်ရပြီး အသင်းတော်အသက်တာကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မက လျန်ကျန်းကို ရှောင်ကျန်းကို မှန်မှန်ကန်ကန်ဆက်ဆံသင့်တယ်ဆိုပြီး သာမန်ကာလျှံကာနဲ့ မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက တော်တော်ပျော်တယ်။ လျန်ကျန်းက ရှောင်ကျန်းနဲ့အမြဲတမ်းငြင်းခုံတယ်။ ဒီဟာကြောင့် ရှောင်ကျန်းရဲ့ အခြေအနေကို သေချာပေါက် ထိခိုက်တာပေါ့။ သူက အပျက်သဘောဆောင်ပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ပျက်ကွက်ရင် သူက လူစားထိုးခံရမှာလေ။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက သူ့ကို သိပ်အထင်ကြီးမှာမဟုတ်တော့ဘူး။ ရှောင်ကျန်းရဲ့ အခြေအနေက အမြန်ပြောင်းလဲသွားတော့ ကျွန်မ အံ့သြသွားတယ်။ သူက သူ့တာဝန်မှာ တာဝန်ယူပြီး အသင်းတော်အလုပ်ကို ကာကွယ်နေတုန်းပါပဲ။ တရားမျှတမှုအသိစိတ်ရှိတုန်းပါပဲ။ သုံးလေးလကြာပြီးတဲ့နောက်မှာ ရှောင်ကျန်းက အသင်းတော်ကို ဦးဆောင်ဖို့ အရွေးခံရတယ်။ ညီအစ်ကိုမောင်နှမတွေက အရာရာတိုင်းအတွက် သူ့ဆီကိုသွားတယ်။ ကျွန်မ တော်တော်စိတ်ထိခိုက်မိတယ်။ ကျွန်မက တွေးတယ်။ “ပြဿနာတချို့ကို ငါဖြေရှင်းနိုင်တယ်။ ငါက သူ့ထက် မညံ့ပါဘူး။ ဒါပေမဲ့ အခု သူက ခေါင်းဆောင်ဖြစ်နေတယ်။ အခုကစပြီး ညီအစ်ကိုမောင်နှမတွေက သူတို့နှလုံးသားထဲမှာသူပဲရှိနေတော့မှာ။ ငါမဟုတ်ဘူး” ဆိုပြီးတော့။ ကျွန်မ ဒီလိုတွေးရင်းနဲ့ မနာလိုဖြစ်ပြီး အတိုက်အခံဖြစ်လာတယ်။ နောက်ပိုင်း အစည်းအဝေးတွေမှာ ကျွန်မ သူ့ကို စကားမပြောချင်ဘူး။ သူ့မိတ်သဟာယက မရှင်းလင်းတာ၊ တချို့အလုပ်က ကောင်းကောင်းမပြီးတာကို မြင်တဲ့အခါ ကျွန်မက ဖာထေးပြီးလုပ်ပေးဖို့၊ ပြင်ပေးဖို့ မကြိုးစားဘူး။ ကျွန်မက သူ့ကို နာမည်ပျက်အောင် သူ့ပြဿနာတွေကိုတောင် ဖော်ထုတ်ပြီးတော့ သူ့ကို ပစ်မှတ်ထားခဲ့တယ်။
တစ်ခါတော့ အစည်းအဝေးတစ်ခုမှာ အစ်မနှစ်ယောက်က သူတို့ရဲ့ မတူတဲ့အမြင်တွေကြောင့် ငြင်းခုံကြတယ်။ ဒါကြောင့်မို့ အသင်းတော်အသက်တာကို အနှောင့်အယှက်ဖြစ်သွားခဲ့တယ်။ ဒါကို ရှောင်ကျန်းဆီကို ကျွန်မ သတင်းပို့လိုက်တယ်။ ဒါပေမဲ့ သူက တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေပြီး ဒါကို အချိန်မီဖြေရှင်းဖို့ မိတ်သဟာယမပြုနိုင်ဘူး။ အဲဒါနဲ့ ကျွန်မက ဒီပြဿနာကိုပဲ တွယ်ကပ်ပြီး သူက လက်တွေ့အလုပ်ကိုမလုပ်ဘူးဆိုပြီး လူတိုင်းရဲ့ရှေ့မှာပြောလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေက သူ့ကို အထင်မကြီးတော့အောင် မျှော်လင့်ပြီးတော့ပေါ့။ တချို့လူတွေက ဒါကိုကြားပြီးတော့ သူ့ကို ပြဿနာတွေမဖြေရှင်းလို့ဆိုပြီး အပြစ်တင်ကြတယ်။ ဒါကြောင့်မို့ ရှောင်ကျန်းက နည်းနည်း အပျက်သဘောဆောင်ပြီး အရှက်ရသွားတာပေါ့။ နောက်ပိုင်းမှာ အစည်းအဝေးတွေမှာ ရှောင်ကျန်းရှိနေတဲ့အခါ ကျွန်မက သူနဲ့ အမြဲတမ်း ယှဉ်ပြိုင်တယ်။ သူ့ကို နာမည်ပိုပျက်ပြီး လူတိုင်းက ကျွန်မကို အထင်ကြီးလေးစားအောင်လုပ်ဖို့အတွက် တစ်ယောက်ယောက်က ပြဿနာရှိရင် ကျွန်မက ဘုရားနှုတ်ကပတ်တော်ရဲ့ ဘယ်အပိုင်းက ဒါကို ဖြေရှင်းပေးတယ်ဆိုတာ အမြန်အဖြေရှာပြီး အရင်ဦးဆုံး မိတ်သဟာယဖွဲ့ပေးတယ်။ ရှောင်ကျန်းက ကျွန်မအရင်လုပ်ပြီး ကျွန်မက ကြွားလုံးထုတ်ဖို့ အခွင့်အရေးမရှိမှာကို ကြောက်နေခဲ့တာပေါ့။ ကျွန်မက ပြဿနာကို ဖြေရှင်းလိုက်တာကို ရှောင်ကျန်းကမြင်တော့ သူက ထပ်ပြီး မိတ်သဟာယမဖွဲ့တော့ဘူး။ ကျွန်မက ခဏခဏကြွားဝါတော့ လူတိုင်းက ကျွန်မကို လေးစားကြတယ်။ အဖွဲ့ခေါင်းဆောင်အစည်းအဝေးပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေအားလုံးက သူတို့အာရုံကိုကျွန်မအပေါ်မှာ ဗဟိုပြုထားတယ်။ ကျွန်မက မိတ်သဟာယဖွဲ့ပြီး သူတို့မှာရှိတဲ့ အခြေအနေ၊ အခက်အခဲတစ်ခုခုကို ဖြေရှင်းပေးဖို့ မျှော်လင့်ကြတယ်။ အဖွဲ့ခေါင်းဆောင်တစ်ယောက်က ကျွန်မကို သတိပေးတယ်။ ကျွန်မက ဂုဏ်သတင်းနဲ့ ရာထူးနေရာနောက်လိုက်နေပြီး အန္တိခရစ်လမ်းကြောင်းကို လျှောက်နေတယ်ဆိုပြီးတော့။ ဒါပေမဲ့ ကျွန်မက အလေးအနက်မထားခဲ့ဘူး။ နောက်ပိုင်းမှာ ရှောင်ကျန်းက သူ့တာဝန်မှာ ပိုပြီး စိတ်ကျဉ်းကျပ်လာပြီး အစည်းအဝေးတွေမှာ သိပ်မိတ်သဟာယမဖွဲ့တော့ဘဲ အပျက်သဘောဆောင်တဲ့ အခြေအနေမှာရှိနေတယ်။ သူ့တာဝန်ကို လွှဲယူလိုက်တာက ကျွန်မအတွက် ပိုကောင်းမယ်လို့ သူကပြောတယ်။ သူက သုံးလေးခါလောက် အလုပ်ထွက်ဖို့တောင် တောင်းဆိုတယ်။ အဆုံးမှာတော့ သူက မကောင်းတဲ့အခြေအနေမှာရှိနေပြီး သူ့တာဝန်ကို ကောင်းကောင်းမထမ်းဆောင်တာကြောင့် အထုတ်ခံလိုက်တယ်။ ကျွန်မက သိသွားတော့ ပျော်တာပေါ့။ ကျွန်မ စဉ်းစားတယ်။ “နောက်ဆုံးတော့ ရှောင်ကျန်းက အထုတ်ခံလိုက်ရပြီ။ အခု သူက ငါ့ထက်မသာနိုင်တော့ဘူး။ ငါက သူ့ထက်ပိုညံ့တယ်လို့ ညီအစ်ကိုမောင်နှမတွေက ထင်မှာမဟုတ်တော့ဘူး” ပေါ့။
မကြာခင်မှာပဲ ကျွန်မခေါင်းဆောင်က ကျွန်မအပြုအမူကို သိသွားပြီး ကျွန်မနဲ့ မိတ်သဟာယဖွဲ့ဖို့လာတယ်။ သူက ကျွန်မကို အသင်းတော်မှာ အပြုသဘောဆောင်တဲ့နေရာကနေ မနေတဲ့အတွက်၊ ဂုဏ်အဆင့်အတန်းအတွက် ရှောင်ကျန်းနဲ့ ယှဉ်ပြိုင်တဲ့အတွက် သူ့ကို ခဏခဏ သေးသိမ်စေပြီး၊ ဝေဖန်အပြစ်တင်ပြီး၊ ဖယ်ကြဉ်ပြီးတော့ ဒါတွေကြောင့်မို့ သူက အပျက်သဘောဆောင်လာပြီး စိတ်ကျဉ်းကျပ်လာပြီးတော့ တာဝန်ထမ်းဆောင်ဖို့ မဖြစ်နိုင်အောင်လုပ်တဲ့အတွက်၊ နောက်ဆုံးမှာ သူ့ကို အလုပ်ထွက်ချင်အောင်လုပ်တဲ့အတွက်ဆိုပြီး ကျွန်မကို ဖော်ထုတ်ခဲ့ပါတယ်။ ဒါဟာ သူ့ကိုတိုက်ခိုက်တာပဲ။ ပြီးတော့ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို အပြင်ပန်းကနေ ဖြေရှင်းပေးတာက ကျွန်မကို တာဝန်သိတတ်တဲ့ပုံစံဖြစ်စေပေမဲ့ တကယ်တမ်းက ကြွားဝါနေပြီး သူများတွေကို ကိုယ့်ရှေ့ကိုခေါ်ဆောင်နေတာဖြစ်တယ်ဆိုတာကိုလည်း ခေါင်းဆောင်က ထောက်ပြခဲ့ပါတယ်။ နောက်ဆုံးမှာ ခေါင်းဆောင်က တာဝန်ကနေ ကျွန်မကို ထုတ်ပြီး တခြားလူတွေနဲ့ခွဲလိုက်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်ဖို့ ပြောတယ်။ အပြင်ပန်းမှာတော့ ကျွန်မက လက်ခံပြီး နာခံခဲ့တယ်။ ဒါပေမဲ့ အတွင်းမှာတော့ တရားမမျှတသလို ခံစားရတယ်။ ခေါင်းဆောင်က ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဆုပ်ကိုင်ပြီး ကျွန်မကို အပြစ်ဒဏ်ပေးဖို့ ပြဿနာလုပ်နေတယ်လို့ ထင်တာပေါ့။ အစည်းအဝေးတွေမှာ ကျွန်မရဲ့ မကျေနပ်မှုကို ဖွင့်ချတယ်။ ကျွန်မခေါင်းဆောင်က စည်းမျဉ်းတွေကို မလိုက်နာဘူး၊ ကျွန်မကို စိတ်ထင်သလို အပြစ်ဒဏ်ပေးတယ် စသဖြင့် ပြောဆိုတာပေါ့။ အဲဒါနဲ့ လူတိုင်းက ကျွန်မဘက်ကိုပါပြီး ခေါင်းဆောင်ကို ဝေဖန်အပြစ်တင်ကြတယ်။ ကျွန်မက ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်တာကြောင့်၊ အုပ်စုဖွဲ့တာကြောင့်၊ အသင်းတော်အလုပ်ကို တော်တော်ကို နှောင့်ယှက်ခဲ့တာကြောင့် ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ၊ ညီအစ်ကိုမောင်နှမတွေက သုံးလေးခါ ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေးမှ မဆင်ခြင်၊ နောင်တမရတာကြောင့် နောက်ဆုံးမှာ အသင်းတော်ကနေ ထုတ်ပယ်ခံလိုက်ရတယ်။
ဒီအစီအစဉ်ကို ကျွန်မကြားတော့ အံ့အားသင့်သွားတယ်။ အရမ်းကို နာကျင်ပြီး တော်တော်ငိုခဲ့ရတာ။ ကျွန်မ စဉ်းစားတယ်။ “ငါ့အတွက်တော့ လုံးဝ သွားပြီပဲ။ အသင်းတော်အသက်တာကို ရှင်သန်ပြီး တာဝန်ကို ထမ်းဆောင်နိုင်မှာမဟုတ်တော့ဘူး။ ကယ်တင်ခြင်း ခံရမှာမဟုတ်ဘူး။” ကျွန်မက ဘုရားအိမ်တော်ကနေ ထုတ်ခံရတာကြောင့် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရတယ်လို့ ခံစားမိတယ်။ ဘုရားကို ဆုတောင်းတဲ့အခါမှာ ဘုရားရဲ့ မျက်မှောက်တော်ကို ကျွန်မ မခံစားရဘူး။ သေနေသလိုမျိုးပဲ။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဖော်ထုတ်တဲ့ အချက်ကို ရင်ဆိုင်ရပြီး ကျွန်မရဲ့ နာကျင်မှုနဲ့ စိတ်ပျက်အားငယ်မှုအပြင် နာကျည်းချက်တွေ အတိုက်အခံတွေ အများကြီးဖြစ်ခဲ့တယ်။ ကျွန်မ တွေးမိတယ်။ “ငါက တကယ်ကို မကောင်းမှုတွေ အများကြီးလုပ်ခဲ့တာလား။ ဒီလောက်ဆိုးတာလား။ ငါက ဘယ်လိုကြွားဝါနေတာလဲ။ ငါ့မိတ်သဟာယအားလုံးက ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံတာမဟုတ်ဘူးလား။ ပြီးတော့ ငါက ဘုရားကို ယုံကြည်တာ လေးနှစ်ပဲရှိသေးတယ်။ သမ္မာတရားကို နားမလည်သေးဘူး။ ဒါကြောင့် ငါက ဖောက်ပြန်ပျက်စီးမှုနည်းနည်း ဖော်ပြပြီး မကောင်းမှုနည်းနည်းလုပ်ရင်တောင် ဒါက ခွင့်လွှတ်နိုင်တာပဲ။ ငါ့ကို ရှင်းပစ်ဖို့ မတန်ပါဘူး။ မဟုတ်ဘူးလား။ ငါ့ကို ဒီလိုကိုင်တွယ်တာ မကြမ်းလွန်းဘူးလား” ပေါ့။ ကျွန်မ စဉ်းစားလေလေ အပျက်သဘောဆောင်လေလေပဲ။ ဘုရားသခင်အပေါ် ကျွန်မယုံကြည်ခြင်းအတွက် မျှော်လင့်ချက်မရှိတော့ဘူး၊ အဆုံးသတ်ပန်းတိုင်မရှိနေဘူးလို့ တွေးမိတယ်။ ကျွန်မ မျက်ရည်တွေက ထိန်းလို့မရအောင် စီးကျလာတယ်။ ရက်တွေနဲ့ချီပြီး မစားနိုင် မအိပ်နိုင်ခဲ့ဘူး။ ကျွန်မခေါင်းက ပွင့်ကွဲထွက်လာသလို နာတယ်။ ဆင်းရဲဒုက္ခရောက်ပြီး မျှော်လင့်ချက်မရှိသလို ခံစားမိခဲ့ပါတယ်။ ကျွန်မ တွေးမိတယ်။ “ဘဝက အရမ်းနာကျင်ရတော့ သေလိုက်ပြီး အားလုံးကို အဆုံးသတ်လိုက်တာ ပိုကောင်းတယ်” ပေါ့။
သုံးလေးရက်ကြာတော့ အစ်မတစ်ယောက်က ကျွန်မကို လာတွေ့တယ်။ သူက ကျွန်မရဲ့ ဖြူဖပ်ဖြူရော်မျက်နှာကိုမြင်ပြီး အားနည်းနေတဲ့အသံကိုကြားပြီးတော့ ကျွန်မက အပျက်သဘောဆောင်နေတဲ့ အခြေအနေမှာရှိနေသေးတာကို သဘောပေါက်သွားတယ်။ အဲဒါနဲ့ သူက ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ သူကပြောတယ်။ “ဒီလိုပတ်ဝန်းကျင် ရောက်လာတဲ့အခါမှာ ဘုရားသခင်က ကျွန်မတို့ကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ကြည့်စေချင်တယ်။ ကျွန်မတို့ရဲ့ မကောင်းတဲ့ အရင်းအမြစ်ကို သိလာပြီး နောင်တရပြီး ပြောင်းလဲစေချင်တယ်။ ဒါပေမဲ့ ဘုရားအလိုတော်ကို ကျွန်မတို့ နားမလည်ရင်၊ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန်နဲ့ မဆင်ခြင်ရင် ကျွန်မတို့ရဲ့ ကိုယ်ပိုင်ရလဒ်တွေကိုပဲ ထည့်စဉ်းစားပြီး မတက်မကြွနဲ့ ဆန့်ကျင်ရင် ကျွန်မတို့က ဒီလိုဆက်သွားရင် ဘုရားက မုန်းတီးတာကို တကယ်ခံရပြီး ဖယ်ရှားခံရမှာပါ” တဲ့။ သူက ပြောသေးတယ်။ “နိနဝေမြို့က လူတွေရဲ့ မကောင်းမှုတွေက ဘုရားကို ပုန်ကန်ပြစ်မှားခဲ့တယ်။ ဒါပေမဲ့ သူတို့အပြစ်တွေကို အမှန်တကယ်ဝန်ခံပြီး ဘုရားထံမှာ နောင်တရတဲ့အခါ ဘုရားက သူ့ရဲ့ အမျက်ဒေါသကို ရုတ်သိမ်းပြီး သူတို့ကို သက်ညှာခဲ့တယ်” တဲ့။ အဲဒီအစ်မရဲ့ မိတ်သဟာယကို ကြားပြီးတဲ့နောက်မှာ ကျွန်မ နည်းနည်း သက်သာရာရသွားတယ်။
သူထွက်သွားပြီးတော့ ကျွန်မ ဘုရားနှုတ်ကပတ်တော်စာအုပ်ကို ဖွင့်ပြီး ဒီအပိုဒ်ကို ဖတ်တယ်။ “နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပင် စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး ပြာများနှင့် လျှော်တေအဝတ်ကို ဝတ်ဆင်ပြီးသည်နှင့် သူ၏နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ၏စိတ်ကို သူစတင်ပြောင်းခဲ့၏။ သူတို့၏မြို့ကို သူဖျက်ဆီးမည့်အကြောင်း သူတို့ကို ကြေညာလိုက်သည့်အခါ- သူတို့၏အပြစ်များအတွက် သူတို့၏ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ မတိုင်ခင်အချိန်၌- ဘုရားသခင်က သူတို့ကို ဒေါသထွက်နေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်တသီတသန်းကြီးကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ဒေါသသည် သူတို့အတွက် သနားကရုဏာနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။...ဘုရားသခင်က လူတို့အား အောက်ပါအကြောင်းများကိုပြောဖို့ သူ၏သဘောထားကို အသုံးပြုခဲ့သည်- ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားကရုဏာ မပြလိုခြင်းမျိုး မဟုတ်ဘဲ စင်စစ်အားဖြင့် လူတို့က ဘုရားသခင်အပေါ် အမှန်တကယ် နောင်တရခြင်းသာ ရှားပါးနေခြင်းဖြစ်၏၊ ထို့ပြင် လူတို့က မိမိတို့၏ဆိုးယုတ်သည့်လမ်းများကို အမှန်တကယ်ထားခဲ့ပြီး မိမိတို့၏လက်ထဲမှာရှိသည့် အဓမ္မအမှုများကို စွန့်လွှတ်ခြင်းက ရှားပါးနေခြင်းသာဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်၏။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူဧကန်အမှန်မျှော်လင့်သည်။ ထိုကဲ့သို့ဖြစ်လာပါက သူသည် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ရက်ရက်ရောရော ဆက်လက်၍ ချပေးသနားမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ ဆိုးယုတ်သည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေသော်လည်း ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့၌ အမှန်တကယ် နောင်တရသူများအပေါ်၊ ထို့ပြင် မိမိတို့၏ဆိုးယုတ်သည့်လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ်၌မူ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ချပေးသနားသည်။ နိနေဝေမြို့သားများအပေါ် သူ၏ဆက်ဆံမှုတွင် ဘုရားသခင်၏ သဘောထားကို အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ လုံးဝမခဲယဉ်းပေ။ သူတောင်းဆိုသည့်အရာမှာ စစ်မှန်သည့် နောင်တဖြစ်သည်။ လူတို့အနေဖြင့် မိမိတို့၏ ဆိုးယုတ်သည့်လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုများကို စွန့်လွှတ်လျှင် ဘုရားသခင်က သူ၏နှလုံးသားကို ပြောင်းလဲမည်ဖြစ်ပြီး သူတို့အပေါ် သူ၏သဘောထားကို ပြောင်းလဲမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ တော်တော်တို့ထိခြင်းခံရတယ်။ နိနဝေမြို့သားတွေက မကောင်းမှုတွေ အများကြီးလုပ်ပြီး ဘုရားကို ပုန်ကန်ပြစ်မှားခဲ့တယ်။ ဘုရားက သူတို့ကို ဖျက်ဆီးဖို့ ကပ်ဘေးတွေ စေလွှတ်မှာ။ ဒါပေမဲ့ သူတို့က ယောနရဲ့ ကြေညာချက်ကိုကြားတော့ သူတို့ဟာ အပြစ်တွေကို ရိုးရိုးသားသား ဝန်ခံနိုင်ပြီး နောင်တရနိုင်တယ်။ အကြမ်းဖက်မှုကို ရပ်တန့်ပြီး မကောင်းမှုကို မလုပ်ဘဲနေနိုင်ခဲ့တယ်။ ဒီအချိန်မှာ ဘုရားသခင်က သူ့စိတ်ကို ပြောင်းလဲပြီး သည်းခံခြင်းနှင့် ကြင်နာခြင်းကို သူတို့ကို ပြခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို မျှော်လင့်ချက်ပေးခဲ့ပါတယ်။ ကျွန်မရဲ့ လုပ်ဆောင်မှုတွေက အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ ဒါက ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပစ်မှားခဲ့တာကြောင့် အသင်းတော်ကနေ ရှင်းလင်းခံလိုက်ရတယ်။ ဒါဟာ ကျွန်မအပေါ် ဘုရားရဲ့ အမျက်ဒေါသပဲ။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ ပြစ်တင်ဆုံးမခြင်းလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို ဖယ်ရှင်းဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ဘုရားသခင်က ကျွန်မကို ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားကို သတိပြုမိပြီး စစ်မှန်စွာ နောင်တရစေချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မက ဘာလုပ်ခဲ့လဲ။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မကြည့်ခဲ့ဘူး။ ဘုရားသခင်ကို ကျွန်မ အပြစ်တွေကို ဝန်ချပြီး နောင်တရတာတွေ မလုပ်ခဲ့ဘူး။ ကျွန်မက အပျက်သဘောဆောင်နေပြီး ဆန့်ကျင်နေတုန်းပဲ။ ကျွန်မကိုယ်တိုင်ရဲ့ သေခြင်းနဲ့ ဘုရားကိုတောင် တိုက်ခိုက်ချင်ခဲ့တယ်။ ဘာက ကျွန်မအတွက် ကောင်းတယ်ဆိုတာ မသိခဲ့ပါဘူး။ ကျွန်မက တော်တော်ကျိုးကြောင်းမသင့်ခဲ့တာပဲ။ ကျွန်မကို အသင်းတော်က ရှင်းလင်းလိုက်ပေမဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုက မပြီးသွားသေးပါဘူး။ ဒီတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရှုံးပေးလို့မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်ရမယ်။ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ဆီမှာ နောင်တရရမယ်။
နောက်တော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ကြည့်ဖို့အတွက် ဘုရားကိုဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပါတယ်။ တစ်ခါတော့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့အား လူတို့နားထောင်နေခြင်း၊ ကိုးကွယ်နေခြင်းနှင့် ဗဟိုပြုနေခြင်းတို့ကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ ပိုမြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) “ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ပြစားဝင့်ဝါလိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး လူများအား သင့်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ သရုပ်သကန်ကို ဖွင့်ပြတယ်။ ကျွန်မမှာ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်တဲ့ စိတ်သဘောထားတွေရှိတယ်။ မိတ်သဟာယမှာ ကြွားဝါချင်ပြီး လူတွေကို ကျွန်မနားမှာပဲရှိစေချင်တယ်။ လူတွေရဲ့ နှလုံးသားမှာ နေရာတစ်နေရာကို ရယူချင်ပြီး ကျွန်မကို အထင်ကြီးလေးစားအောင် လုပ်ချင်တယ်။ ကျွန်မ အသက်ရှင်နေထိုင်တဲ့အရာက မကောင်းဆိုးဝါးရဲ့ သဘာဝတစ်ခုပဲ။ စာတန်လိုပေါ့။ အစကတော့ ခေါင်းဆောင်က ကျွန်မကို ပျိုးထောင်ဖို့ အာရုံစိုက်တယ်။ ကျွန်မက အရမ်းပျော်ခဲ့တာပေါ့။ နောက်တော့ ခေါင်းဆောင်က ရှောင်ကျန်းကို တန်ဖိုးထားပြီး ပျိုးထောင်ပေးတာကို ကျွန်မ တွေ့တယ်။ ကျွန်မက ဘေးကျပ်နံကျပ်ဖြစ်သလိုခံစားရပြီး ကျွန်မနေရာကို ယူသွားမှာကို စိတ်ပူမိတယ်။ ဒါကြောင့် ကျွန်မက သူ့ကို မနာလိုဖြစ်တယ်။ အရာရာမှာ သူနဲ့ ဖက်ပြိုင်တယ်။ သူ့ကို ဖိနှိပ်ဖို့ မျှော်လင့်ပြီးတော့ပေါ့။ စုဝေးပွဲတွေမှာ ရှောင်ကျန်းရှိတဲ့အချိန်တိုင်းမှာ ကျွန်မရဲ့ ထင်ပေါ်မှုကို ခိုးယူသွားမှာကြောက်ပြီး သူမလုပ်နိုင်ခင်မှာ ကျွန်မက မိတ်သဟာယပြုဖို့ ကြိုးစားတယ်။ ညီအစ်ကိုမောင်နှမတွေ ကျွန်မကို အထင်ကြီးလေးစားအောင်လုပ်ဖို့အတွက် ကျွန်မက သမ္မာတရားကို နားလည်ပြီး သူတို့ရဲ့ အသက်ဝင်ရောက်မှုမှာ တာဝန်ခံယူတယ်ဆိုတာကို ကြွားဝါဖို့အတွက် ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေ၊ အခြေအနေတွေကို မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကို ကြိုတင်စီမံပြီး အသုံးပြုခဲ့တယ်။ နေရာတကာမှာလည်း ကြားဝါခဲ့တယ်။ ဒါကြောင့်မို့ ညီအစ်ကိုမောင်နှမတွေအားလုံးက လှည့်စားခံရပြီး ကျွန်မကို အထင်ကြီးလေးစားလာကြတယ်။ သူတို့ရဲ့ အခက်အခဲတွေ၊ အခြေအနေတွေနဲ့ ကျွန်မဆီလာကြတယ်။ ကျွန်မက လူတွေကို ကိုယ့်ရှေ့ကို ခေါ်ဆောင်နေတာ သက်သက်မဟုတ်ဘူးလား။ ကျွန်မက ဘယ်သူ့ကိုမှ မလေးစားဘဲ စိတ်နှလုံးထဲမှာ ဘုရားမရှိတော့တဲ့အထိ မာနထောင်လွှားလာတာကို မြင်ခဲ့ပါတယ်။ ကျွန်မက ဘယ်သူနဲ့မှ ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေတာမဟုတ်ပါဘူး။ ကျွန်မက လူတွေရဖို့အတွက် ဘုရားနဲ့ ယှဉ်ပြိုင်နေတာဖြစ်ပြီး ဒါကြောင့် ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပါတယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်တယ်။ “အန္တိခရစ်က မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အကြီးတန်းနေရာတွင်ထားပြီး ဦးဆောင်ဖို့ ကြိုးစားလိမ့်မည်။ ၎င်းတို့သည် မည်သည့်အခါမျှ စိတ်ငြိမ်စွာဖြင့် သာမန်နောက်လိုက်တစ်ယောက် မဖြစ်နိုင်ပေ။ ၎င်းတို့သည် မည်သည့်အရာကို အစွဲလမ်းဆုံး ဖြစ်သနည်း။ လူတို့၏ ရှေ့တွင် ရပ်ပြီး အမိန့်များပေးခြင်း၊ လူတို့ကို ဆူငေါက်ခြင်း၊ လူတို့ကို သူတို့ပြောသည့်အတိုင်း လုပ်စေခြင်းတို့ဖြစ်သည်။ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေဖို့ကို မဆိုထားနှင့်၊ ၎င်းတို့၏ တာဝန်ကို မည်သို့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို လုံးဝ မစဉ်းစားကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်လာပြီး အခြားလူတို့ကို ဦးဆောင်နိုင်ရန်အတွက် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခြင်းခံရအောင် ပြုလုပ်ရန်၊ ခေါင်းဆောင်များက ၎င်းတို့ကို အထင်ကြီးပြီး ရာထူးတိုးပေးစေရန် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤသည်မှာ တစ်နေကုန် ၎င်းတို့စဉ်းစားပြီး မျှော်လင့်လျက် အချိန်ကုန်စေသည့်အရာဖြစ်သည်။ အန္တိခရစ်များသည် တာဝန်ကို တိတ်ဆိတ်စွာဖြင့် မထင်မရှားထမ်းဆောင်ရန်ကို မဆိုထားနှင့်၊ အခြားလူတို့၏ ဦးဆောင်မှုကို မခံယူလိုသကဲ့သို့ သာမန်နောက်လိုက်တစ်ယောက်လည်း မဖြစ်လိုကြပေ။ ၎င်းတို့၏တာဝန်များသည် မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့က အရေးပါသည့်သူမဖြစ်ပါက၊ ၎င်းတို့က သူတစ်ပါးတို့အထက်တွင်ရှိပြီး ခေါင်းဆောင်ဖြစ်၍မရပါက၊ မိမိတို့၏တာဝန်များ ဖြည့်ဆည်းခြင်း၌ ရည်ရွယ်ချက်ကို ၎င်းတို့ မရှာနိုင်ကြဘဲ၊ အပျက်သဘောဆောင်လာပြီး အားလျော့လာကြသည်။ သူတစ်ပါးတို့၏ ချီးမွမ်းမှု၊ သို့မဟုတ် လေးစားမှုမပါဘဲနှင့် ယင်းသည် ၎င်းတို့အတွက် သာ၍ပင် စိတ်ဝင်စားမှုနည်းပါးဖွယ် ဖြစ်လာပြီး၊ မိမိတို့၏တာဝန်များကို ဖြည့်ဆည်းဖို့ ၎င်းတို့ စိတ်ဆန္ဒများ သာ၍ပင် နည်းပါးလာလေသည်။ သို့ရာတွင် ၎င်းတို့က မိမိတို့၏တာဝန်များကို ထမ်းဆောင်စဉ်တွင် အရေးပါသည့်သူဖြစ်ပြီး အဆုံးသတ်ဆုံးဖြတ်ချခွင့်ရနိုင်ပါက၊ ၎င်းတို့သည် အင်အားခိုင်မာပြီး မည်သည့်ဒုက္ခဆင်းရဲကိုမဆို ခံလိမ့်မည်။ ၎င်းတို့၏စိတ်နှလုံးများထဲတွင်၊ အခြားသူများကို သာလွန်ဖို့ ၎င်းတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ၎င်းတို့၏စိတ်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းလျက်၊ ၎င်းတို့၏တာဝန်များသည် အခြားသူများထက် များစွာ သာလွန်သည်ဟု သဘောပေါက်ထားသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ထင်ပေါ်ဖို့၊ ထိပ်တွင်ရောက်ဖို့၊ အခြားလူများအထက်သို့ရောက်ဖို့ ကိစ္စရပ်တိုင်းတွင် ယှဉ်ပြိုင်လျက်ဖြင့် အလွန်အမင်း ယှဉ်ပြိုင်တတ်သည့်အပြင် ၎င်းတို့၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာတို့ကို ခိုင်မာစေရန်နည်းလမ်းကိုလည်း စဉ်းစားနေကြသည်။ ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းကို ခြိမ်းခြောက်သည့်သူ တစ်စုံတစ်ယောက်ရှိလျှင် ထိုသူကို ဖြိုလဲပြီး ဖယ်ကြဉ်ဖို့အတွက် မည်သည့်အရာကိုမဆို လုပ်ကြမည် ဖြစ်ကာ ညှာတာမှုမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်သောသူ၊ မိမိတာဝန်ကို သစ္စာရှိမှု၊ တာဝန်သိတတ်မှုဖြင့် ထမ်းဆောင်သောသူတို့ကို တိုက်ခိုက်ရန် စက်ဆုပ်ဖွယ်နည်းလမ်းများကိုပင် အသုံးပြုကြသည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို အကောင်းဆုံးထမ်းဆောင်သော ညီအစ်ကိုမောင်နှမများအပေါ်သို့လည်း မနာလိုမှုနှင့် မုန်းတီးမှုအပြည့်ရှိကြသည်။ ညီအစ်ကိုမောင်နှမများက ထောက်ခံပြီး အတည်ပြုလက်ခံသောသူတို့အပေါ်ကို ၎င်းတို့က အထူးသဖြင့် မုန်းတီးကြသည်။ ထိုသို့သောလူတို့သည် ၎င်းတို့ ကြိုးပမ်းသည့်အရာအတွက်၊ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က ‘သင်၊ သို့မဟုတ် ငါ၊ ငါ သို့မဟုတ် သင်ဖြစ်ရမည်။ ငါတို့နှစ်ယောက်လုံးအတွက် နေရာမရှိပေ။ ငါက သင့်ကို ဖြိုလှဲပြီး ရှင်းမပစ်ရလျှင် ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မည်မဟုတ်။’ ဟု ကျိန်ဆိုကြသည်။ မတူညီသော ထင်မြင်ချက်ရှိသော၊ ၎င်းတို့၏ အားနည်းချက်အချို့ကို ဖော်ထုတ်သော၊ သို့မဟုတ် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်သော ညီအစ်ကိုမောင်နှမများအပေါ်တွင် ၎င်းတို့က မသက်ညှာပေ။ ထိုညီအစ်ကိုမောင်နှမများအပေါ် ထိခိုက်စေမည့် သတင်းအချက်အလက်ကို ရယူရန်၊ အပုပ်ချပြီး သေးသိမ်စေရန် ၎င်းတို့တတ်နိုင်သမျှ မည်သည့်အရာကိုမဆို စဉ်းစားပြီး မလုပ်ရမချင်း စိတ်ကျေနပ်မည် မဟုတ်ချေ။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၇)”) “အန္တိခရစ်များသည် မည်သည့်နည်းလမ်းများဖြင့် လူတို့ကို လှည့်စားပါစေ၊ သွေးဆောင်ဖြားယောင်းဖို့ ကြိုးစားပါစေ တစ်ချက်ကတော့ သေချာသည်။ ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် ဂုဏ်အဆင့်အတန်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်များကို ရရှိရန် ဦးနှောက်ခြောက်ခံစဉ်းစားပြီး နည်းလမ်းတိုင်းကို လိုသလို အသုံးပြုကြသည်။ အခြားအချက်တစ်ခုမှာလည်း သေချာသည်။ ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ယင်းမှာ မိမိတို့ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် မဆိုထားနှင့်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်နေကြခြင်းပင် မဟုတ်ဘဲ၊ အသင်းတော်အတွင်းရှိ အာဏာကို ရယူခြင်းဖြစ်သော ၎င်းတို့၏ ရည်ရွယ်ချက်ကို ရရှိရန်ဖြစ်သည်။ ထို့အပြင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ဘုရားသခင်ရွေးချယ်ထားသောသူများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားမှုတစ်ခုခု ရှိရန်မဆိုထားနှင့်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုပင် လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိပေ။ အန္တိခရစ်၏ အဘိဓာန်တွင် ဤအရာများထဲမှ မည်သည့်အရာကိုမျှ သင် လုံးဝ တွေ့ရှိလိမ့်မည်မဟုတ်ပေ။ နှစ်ခုလုံးသည် ၎င်းတို့ထဲတွင် ပင်ကိုအားဖြင့် မရှိပေ။ ၎င်းတို့သည် မည်သည့် ခေါင်းဆောင်အဆင့်ဖြစ်ပါစေ၊ ဘုရားအိမ်တော်နှင့် ဘုရားသခင်ရွေးချယ်ထားသောသူတို့၏ အကျိုးစီးပွားများကို လုံးဝ စိတ်ဝင်စားခြင်းမရှိပေ။ ၎င်းတို့၏ စိတ်တွင်၊ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ နှစ်ခုလုံးကို ၎င်းတို့က မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် အကျိုးစီးပွားများကိုသာ ထည့်သွင်းစဉ်းစားကြသည်။ ဤအရာမှနေ၍ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရသည် ဆိုးယုတ်ရုံသာမကဘဲ အလွန်ပင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်ကို ကျွန်ုပ်တို့မြင်နိုင်သည်။ ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ စည်းစိမ်နှင့် နေရာကို အစေခံရန်အတွက်သာ ပြုမူဆောင်ရွက်ကြသည်။ အခြားလူများက သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဂရုမစိုက်ကြပေ။ ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုပြုသော မည်သူကိုမဆို ဖိနှိပ်ရန်၊ ဖယ်ကြဉ်ရန်၊ လူမဆန်စွာ တိုက်ခိုက်ရန် မည်သည့်မသမာသော နည်းလမ်းကိုမဆို အသုံးပြုလိမ့်မည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့ကို ဝေခွဲမရဖြစ်စေပြီး သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ကာ ထိန်းချုပ်လေ၏”) ဘုရားနှုတ်ကပတ်တော်ကိုဖတ်တာဟာ စိတ်နှလုံးကို တကယ်ကို ရိုက်ခတ်တယ်။ ကျွန်မရဲ့ သရုပ်သကန်နဲ့ စိတ်သဘောထားဟာ ဘုရားဖော်ပြတဲ့ အန္တိခရစ်တွေနဲ့ အတူတူပဲဆိုတာ မြင်ခဲ့ပါတယ်။ အန္တိခရစ်တွေက တစ်ကိုယ်ကောင်းဆန်တယ်။ စက်ဆုပ်စရာကောင်းတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ထည့်စဉ်းစားတယ်။ သူများတွေရဲ့ ခံစားချက်ကို လုံးဝထည့်မတွက်ဘူး။ ဘုရားမိသားစုရဲ့အလုပ်ကို မကာကွယ်ပေးဘူး။ တစ်ယောက်ယောက်က သူတို့ရဲ့ရာထူးကို ခြိမ်းခြောက်လာရင် သူတို့က မနာလိုဖြစ်တယ်။ မုန်းတီးတယ်။ ဒီလိုလူတွေကို မရိုးမဖြောင့်နဲ့ တိုက်ခိုက်ပြီး ဖယ်ရှားတယ်။ ဒီလိုလူတွေက အပျက်သဘောဆောင်ပြီး ရှုံးနိမ့်မသွားမချင်း မကျေနပ်ကြဘူး။ ကျွန်မလည်း အတူတူပဲဆိုတာ သဘောပေါက်မိတယ်။ ရှောင်ကျန်းက ရေလောင်းသင်းထောက်အဖြစ် အရေးခံရတုန်းက ခေါင်းဆောင်တွေက အထင်ကြီးတာခံရပြီး ညီအစ်ကိုမောင်နှမတွေက လေးစားကြတုန်းက ကျွန်မက ရှောင်ကျန်းကို မျက်လုံးထဲက ဆူးတစ်ချောင်းလို မှတ်ယူခဲ့ပြီး သူ့ကို အမြဲတမ်း ဖိနှိပ်ပစ်ချင်ခဲ့တယ်။ ခေါင်းဆောင်က သူ့ကို လူစားထိုးဖို့ စိတ်ထက်ထက်သန်သန်နဲ့ မျှော်လင့်ပြီးတော့ ခေါင်းဆောင်ရှေ့မှာ သူ့အားနည်းချက်တွေကိုလည်း ကျွန်မ ခဏခဏ ဖော်ထုတ်တယ်။ ဒီလိုနဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မအပေါ် အာရုံစိုက်ဖို့အတွက်ပေါ့။ ရေလောင်းသင်းထောက်အနေနဲ့ ရှောင်ကျန်းက ကျွန်မကို ကိစ္စတွေလုပ်ဖို့ စီစဉ်ပေးတာက သူ့လုပ်ပိုင်ခွင့်ထဲမှာရှိတာပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် နာခံအောင် မလုပ်နိုင်ခဲ့ဘူး။ ကျွန်မက သူ့ကို အမြဲတမ်း မကြည်တဲ့ပုံစံပြပြီး သူ့အလုပ်နဲ့ ပူးပေါင်းလုပ်ဖို့ ငြင်းဆန်တာကြောင့် သူ့တာဝန်မှာ စိတ်ကျဉ်းကျပ်ခဲ့ရတယ်။ သူက ခေါင်းဆောင်တစ်ယောက်အနေနဲ့ စလုပ်ရုံရှိသေးတယ်။ ဒီတော့ တချို့အလုပ်တွေက ကောင်းကောင်းလုပ်မပြီးတာက သာမန်ပဲ။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေ သူ့ကို ငြင်းပယ်ပြီး သူပြောတာ နားမထောင်အောင်လုပ်ဖို့ ကျွန်မက သူ့တာဝန်က အလွဲတွေ၊ သတိမမူမိတာတွေကို ဆုပ်ကိုင်ပြီး အထိအနကောက်ခဲ့တယ်။ သူ့အားနည်းချက်တွေကို ဖော်ထုတ်ခဲ့တယ်။ သေးသိမ်အောင်လုပ်တယ်။ ညီအစ်ကိုမောင်နှမတွေရှေ့မှာ သူ့ကို ဝေဖန်ပြစ်တင်တယ်။ သူ့နောက်ကွယ်မှာ သဘောထားကွဲလွဲအောင်လုပ်ပြီး လူတချို့ကို သူ့အပေါ် တစ်ဖက်သက်အမြင်ဖြစ်အောင် သူ့အလုပ်ကို မပံ့ပိုးအောင်၊ သူ့ကို သီးခြားထားပြီး ဖယ်ကြဉ်အောင် ကျွန်မ လုပ်ခဲ့တယ်။ ဒါက အသင်းတော်အသက်တာကို နှောင့်ယှက်ရုံမကဘဲ သူ့ကို အရှက်ရပြီး အပျက်သဘောဆောင်စေပြီးတော့ နောက်ဆုံးမှာ အလုပ်ထွက်ချင်အောင် လုပ်ခဲ့တယ်။ ရှောင်ကျန်းက အပျက်သဘောဆောင်ပြီး ဖိနှိပ်ခံရတာကို မြင်တော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ရုံမကဘဲ သူဒုက္ခရောက်တာကို ကျွန်မ ပျော်ခဲ့တယ်။ သူ အထုတ်ခံရပြီးတာနဲ့ ကျွန်မ ထင်ပေါ်လာနိုင်တယ်လို့ ခံစားမိခဲ့တယ်။ ကျွန်မက တော်တော်ကို ကြမ်းတမ်းပြီး စက်ဆုပ်စရာကောင်းခဲ့ပါတယ်။ ရှောင်ကျန်းက ယုံကြည်တာ မကြာသေးပေမဲ့၊ ချွတ်ယွင်းချက်နဲ့ အားနည်းချက်တချို့ရှိပေမဲ့ သူ့မှာ အစွမ်းအစကောင်းရှိတယ်။ ရိုးသားပြီး တရားမျှတစိတ်ရှိတယ်။ သူများတွေက ပြဿနာတွေ၊ အလွဲတွေရှိတာကို သူမြင်ရတဲ့အခါမှာ သူက ကူညီလမ်းပြပေးနိုင်တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကိုလည်း ကာကွယ်ပေးနိုင်တယ်။ သူ့ကို ခေါင်းဆောင်အဖြစ်ထားတာက ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိပါတယ်။ ကျွန်မက သူ့ကို ပံ့ပိုးပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ဘုရားအိမ်တော်ရဲ့အလုပ်ကို ထည့်မစဉ်းစားဘဲ ကျွန်မက မနာလိုဖြစ်ပြီးတော့ သူနဲ့ ယှဉ်ပြိုင်ဖို့၊ သူ့ကိုဖိနှိပ်ဖို့ မသမာတဲ့နည်းတွေသုံးခဲ့တယ်။ သူ့တာဝန်ကို ဆက်ပြီး မထမ်းဆောင်နိုင်တော့တဲ့အထိ လုပ်ခဲ့ပါတယ်။ ကျွန်မလုပ်ခဲ့တာက ရှောင်ကျန်းကို နာကျင်ထိခိုက်စေရုံမကဘဲ ဘုရားအိမ်တော်ရဲ့အလုပ်ကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ ကျွန်မမှာ တော်တော်ဆိုးတဲ့ လူ့သဘာဝနဲ့ ကြမ်းတမ်းတဲ့ စိတ်သဘောထားတစ်ခုရှိတာကို မြင်ခဲ့ရတယ်။ ဂုဏ်အဆင့်အတန်းကိုရဖို့ သူများတွေကို အပြစ်ဒဏ်ပေးဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။ အဆင်းနီသောနဂါးကြီးဟာ သူ့ရဲ့ အုပ်စိုးမှုကိုတည်ငြိ်မ်စေဖို့အတွက် ဘယ်သူမဆို၊ ဘယ်အင်အားကမဆို သူ့ရဲ့ အဆင့်အတန်းကို ထိခိုက်လာတဲ့အခါမှာ အောင်နိုင်ပြီး ဝေဖန်ဖို့အတွက် နည်းလမ်းတိုင်းကို သုံးပြီး လူတွေကို သေအောင်တောင်လုပ်တာကို ကျွန်မ တွေးမိတယ်။ ကျွန်မ သဘာဝက အဆင်းနီသောနဂါးကြီးလိုပဲ ကြမ်းတမ်းပြီး ဆိုးယုတ်တာကို တွေ့ခဲ့ပါတယ်။ ဒါကို ကျွန်မ သဘောပေါက်တော့ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် မုန်းတီးခဲ့တယ်။ သမ္မာတရားကို ကျွန်မ လိုက်စားနိုင်ဖို့ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်နိုင်ဖို့၊ ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ သူတို့ရဲ့ အားသာချက်တွေကနေ သင်ယူပြီး အသင်းတော်အလုပ်ကို ကာကွယ်နိုင်ဖို့အတွက် တာဝန်ကို ဖြည့်ဆည်းဖို့ အခွင့်အရေးတစ်ခုကို ဘုရားသခင်က ကျွန်မကို ပေးခဲ့ပါတယ်။ အဲဒီလိုလုပ်ရမယ့်အစား ကျွန်မက ဒါကို လျော့ပါးအောင်လုပ်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်တဲ့ ဆိုးယုတ်တဲ့အမှုတွေကို ထပ်ခါထပ်ခါလုပ်ခဲ့တယ်။ ကျွန်မက အသိစိတ်၊ လူ့သဘာဝ လုံးဝ မရှိပါဘူး။ လူသားလို့ မခေါ်ထိုက်ဘူး။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ကူညီဖို့ ခဏခဏ သတိပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းဘက်ကို အရမ်းစိတ်ရောက်နေပြီး လုံးဝ အလေးအနက်မထားခဲ့ဘူး။ ခုခံတာတောင် လုပ်ခဲ့ပြီး နောင်တမရချင်ခဲ့ဘူး။ အထုတ်ခံရပြီးတဲ့နာက်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မဆင်ခြင်ခဲ့ဘူး။ ကျွန်မ နာကျည်းချက်တွေကို တိုင်တန်းခဲ့တယ်။ ကျွန်မရဲ့ မကျေနပ်ချက်ကို ခေါင်းဆောင်ဆီ ဖြန့်ခဲ့တယ်။ ခေါင်းဆောင်ကို ဝေဖန်အပြစ်တင်ဖို့ ညီအစ်ကိုမောင်နှမတွေကို ဆွဲခေါ်ခဲ့ပြီး အသင်းတော်အသက်တာကို ဆက်ပြီး နှောင့်ယှက်ခဲ့တယ်။ ဒီလမ်းဆုံးနေတဲ့ လမ်းကြောင်းကျွန်မ မလျှော့တမ်းလျှောက်ခဲ့တယ်။ အသင်းတော်ကနေ ဖယ်ရှင်းပစ်တာကိုခံရတော့မှ စပြီးတော့ ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ်သိလာတယ်။ ကျွန်မ စိတ်သဘောထားက ခေါင်းမာလွန်းတယ်။ သမ္မာတရားကို စက်ဆုပ်ရွံရှာတယ်။ ခဏခဏ ကိုင်တွယ်ဖြေရှင်းခံရပြီး ပဲ့ပြင်ဆုံးမခံရတာတောင်မှ နောင်တမရခဲ့ဘူး။ ကျွန်မက ဘုရားသခင်အပေါ် ခေါင်းမာမာနဲ့ ရန်လိုနေတုန်းပဲ။ ကျွန်မက သမ္မာတရားကိုလိုက်စားတဲ့သူကို အောက်ဆွဲချပြီး အနိုင်ယူဖို့အတွက် စက်ဆုပ်စရာနည်းလမ်းတွေကို အသုံးပြုခဲ့တယ်။ ဘုရားအမှုတော်ရဲ့နေရာမှာ နှောင့်နှေးအောင်လုပ်ပြီး စကားများခဲ့ပြီးတော့ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ သမ္မာတရားကိုရပြီး ကယ်တင်ခံရဖို့ ဘုရားသခင် ကျွန်မကို ပေးတဲ့ အခွင့်အရေးကို ဖျက်ဆီးခဲ့တယ်။ ကျွန်မက အသင်းတော်ကနေ ရှင်းလင်းခံရတာက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းပါ။ ဒါ ကျွန်မကိုယ်တိုင်ရဲ့ အမှားပဲ။ ကျွန်မက လုံးဝ မတရားခံရတာမဟုတ်ပါဘူး။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “ငါသည် သင်တို့ကြားတွင် အလွန်များလှစွာသော အမှုများကို ပြုပြီးဖြစ်ကာ အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးလေပြီ- ထိုအရာထဲမှ သင်တို့ အမှန်တကယ် မည်မျှနားဝင်ခဲ့သနည်း။ သင်တို့ မည်မျှ နာခံဖူးပါသနည်း။ ငါ၏ အမှုအဆုံးသတ်သည့်အခါ၊ ယင်းသည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်သည့်အချိန်၊ ငါ့ကို ဆန့်ကျင်ရပ်တည်ခြင်းအား သင် ရပ်တန့်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ အမှုပြုစဉ်၊ သင်တို့သည် စဉ်ဆက်မပြတ် ငါ့ကို ဆန့်ကျင်ပြုမူ၏။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဘယ်သောအခါမျှ မလိုက်နာကြ။ ငါ၏ အမှုကို ငါလုပ်ဆောင်ပြီး သင်သည် သင်၏ ကိုယ်ပိုင်နိုင်ငံငယ်ကို ဖန်တီးရင်း သင်၏ ကိုယ်ပိုင် ‘အလုပ်’ ကို လုပ်သည်။ သင်တို့သည် ငါ့ကို အရာရာတွင် ငါ့ကို ဆန့်ကျင်နေသည့် မြေခွေးများနှင့် ခွေးများ တစ်အုပ်သာဖြစ်သည်။...လူတို့ကြား သင်တို့၏ သိက္ခာကို မဆိုနှင့်ဦးတော့၊ သင်တို့၏ ပုံရိပ်သည် ဘုရားသခင်၏ ပုံရိပ်ထက်ပင် ကြီးမား၏၊ သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက်ပင် မြင့်မား၏- သင်တို့သည် လူတို့ကိုးကွယ်သည့် ရုပ်တုဆင်းတုများ ဖြစ်လာကြပေပြီ။ သင်သည် ကောင်းကင်တမန်မင်း ဖြစ်လာပြီ မဟုတ်လော။ ကယ်တင်ခြင်း အမှု အဆုံးသတ်ဖို့ နီးမည့်အချိန်လည်းဖြစ်သော လူတို့၏နိဂုံး ထုတ်ဖော်ပြခံရသည့် အချိန်တွင်၊ သင်တို့သည် ကယ်တင်မရသည့် အလောင်းကောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ပယ်ရှင်းခံရကြပေမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)) “ငါ၏ အမျက်ဒေါသကို ဆွခဲ့သူ အားလုံးကို ငါ၏အပြစ်ဒဏ် ခံစားစေမည်၊ တစ်ချိန်က ငါ၏ တန်းတူရည်တူများအဖြစ် ငါ့အပေါ်တွင် ရပ်တည်လိုသော ဆန္ဒရှိသော်လည်း၊ ငါ့ကိုကိုးကွယ်ခြင်းနှင့် နာခံခြင်းမရှိခဲ့သော ထိုသားရဲများအပေါ် ငါ၏အမျက်ဒေါသ အကုန်အစင် သွန်းမည်၊ တစ်ချိန်က ငါ၏ပြုစုစောင့်ရှောက်မှု၊ ငါပြောကြားခဲ့သည့် နက်နဲမှုများကို မွေ့လျော်ခဲ့သူများနှင့် ငါ့ထံမှ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများကို ရယူရန် ကြိုးပမ်းခဲ့သော ထိုတိရစ္ဆာန်များအပေါ် လူသားကို ရိုက်နှက်သော ငါ၏လှံတံသည် ကျရောက်လိမ့်မည်။ ငါ့နေရာကို ယူရန် ကြိုးပမ်းသည့် မည်သူကိုမျှ ငါခွင့်လွှတ်မည် မဟုတ်ပေ။ ငါ့ထံမှ အစားအစာနှင့် အဝတ်အထည်များကို ဆွဲလုရန် အားထုတ်ကြိုးပမ်းသူများကို ငါချမ်းသာပေးမည် မဟုတ်ပေ။ ယခုတွင် သင်တို့သည် ဘေးအန္တရာယ်မှ လွတ်မြောက်လျက်ရှိနေပြီး သင်တို့ ငါ့အား တောင်းဆိုမှုများကို ရှိထားသည့်အခွင့်ထက်ပိုပြီး ဆက်လက်ပြုလုပ်နေသည်။ ဒေါသနေ့ရက် ကျရောက်လာသောအခါ၊ သင်တို့သည် ငါ့ကို နောက်ထပ် တောင်းဆိုမှုတစ်ခုတစ်လေ ပြုတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် သင်တို့၏ စိတ်နှလုံးကျေနပ်သည့်အထိ သင်တို့ကိုယ်သင်တို့ ‘ပျော်ရွှင်ကြည်နူး’ ခွင့်ကို ငါ ပေးမည်၊ သင်တို့ မည်သည့်အခါမျှ ပြန်မထလာနိုင်အောင် သင်တို့မျက်နှာကို မြေကြီးထဲသို့ အတင်းဖိသွင်းမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) ဘုရားသခင်ရဲ့ ဘုန်းအာနုဘော်ဖြစ်ပြီး အမျက်ဒေါသပါတဲ့ နှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးကို နှိုးဆွပေးခဲ့တယ်။ ဘုရားရဲ့ အမျက်ဒေါသကို ကျွန်မခံစားခဲ့ရပြီး ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားလို့ မရနိုင်ဘူးဆိုတာ မြင်ခဲ့ပါတယ်။ ဘုရားသခင်က ရာထူးအတွက် သူနဲ့ ယှဉ်ပြိုင်သူတွေအားလုံးကို မုန်းတီးတယ်။ ဒီလိုလူတွေက ဘုရားသခင်ရဲ့ ကျိန်ဆဲခြင်း၊ အပြစ်ဒဏ်ပေးခြင်းကို ခံရမှာဖြစ်ပြီး ဘယ်သူမှ မလွတ်မြောက်နိုင်ပါဘူး။ ဂုဏ်အဆင့်အတန်းရဖို့ ကျော်ကြားမှုနဲ့ စည်းစိမ်ကိုရဖို့ သူများတွေနဲ့ ကျွန်မ ယှဉ်ပြိုင်ခဲ့တယ်။ သမ္မာတရားကို လိုက်စားသူတွေက တိုက်ခိုက်ပြီး ငြင်းပယ်တယ်။ နေရာတကာမှာလည်း ကြွားဝါပြီး လူတွေကို ကျွန်မရှေ့ကို ခေါ်ဆောင်တယ်။ ကျွန်မက ရာထူးရဖို့၊ လူတွေကိုရဖို့ ဘုရားနဲ့ ဖက်ပြိုင်နေတာပါ။ ဒါက ဘုရားရဲ့ စိတ်သဘောထားကို အရမ်းကို ပုန်ကန်ပြစ်မှားခဲ့ပါတယ်။ ကျွန်မက သိပ်ကြီးတဲ့ မကောင်းမှုကိုလုပ်ခဲ့ပြီး ခွင့်လွှတ်လို့မရတဲ့ အပြစ်ကို ကျူးလွန်ခဲ့တယ်လို့ ခံစားမိခဲ့တယ်။ ငရဲတံခါးတွေကို ခေါက်ပြီး ဖွင့်လိုက်သလိုပါပဲ။ ကျွန်မက အရမ်းကြောက်လန့်ပြီး အသက်ရှူဖို့တောင် ခက်တယ်။ ဘုရားသခင်ရဲ့ သက်ညှာမှုကို ရပါဦးမလားဆိုတာ မသိခဲ့ပါဘူး။ ဘုရားသခင်က ကျွန်မကို ခွင့်မလွှတ်လောက်ဘူးပေါ့။ ကျွန်မကို အချိန်မရွေးသတ်ပြီး ဖျက်ဆီးပစ်မှာလားပေါ့။ ဝေဒနာကြားကနေ ကျွန်မဆုတောင်းဖို့၊ အပြစ်တွေကို ဝန်ချပြီး နောင်တရဖို့ ဘုရားသခင်ရှေ့ကို ခဏခဏလာခဲ့တယ်။ ကျွန်မ ပြောလိုက်တယ်။ “ဘုရားသခင် သမီး မကောင်းမှုလုပ်ခဲ့ပါတယ်။ ကိုယ်တော်ကို အာခံပြီး ကိုယ်တော့်စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပါတယ်။ အဲဒီအပြစ်ဒဏ်နဲ့ ကျိန်ဆဲမှုတွေက သမီးဆီ အချိန်မရွေး ရောက်လာနိုင်တာကို ကြောက်ပြီး နေ့တိုင်းပဲ ကြောက်လန့်ပြီး နေရပါတယ်။ ဘုရားသခင် သမီးနောင်တရချင်ပါတယ်။ သမီးကို ကယ်တင်တော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ နည်းနည်းစိတ်ပိုငြိမ်သွားတယ်။
ကျွန်မ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်နေတုန်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို တွေ့ခဲ့ပါတယ်။ “ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သင်သည် မိမိကိုယ်ကိုယ် သိရှိဖို့အလို့ငှာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ မနာခံတတ် ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အတွေ့အကြုံ ရရှိဖို့နည်းလမ်းလည်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။...စဉ်းစားကြည့်ကြလော့- ကြွလာရာတွင် ငါ၏ ရည်ရွယ်ချက်သည် သင်တို့ကို ကယ်တင်ဖို့ထက် ရှုတ်ချရန်နှင့် အပြစ်ပေးရန်ဖြစ်ပါက၊ သင်တို့၏နေ့ရက်များသည် အလွန် ကြာရှည်နိုင်ခဲ့မည်လော။ အသွေးအသား ရှိသည့် အပြစ်နှင့်ပြည့်သော သင်တို့သည် ယနေ့ထိတိုင် ရှင်သန်နိုင်ခဲ့မည်လော။ အကယ်၍ ငါ၏ ရည်မှန်းချက်သည် သင်တို့ကို အပြစ်ပေးရုံမျှ ပေးရန်သာဖြစ်ခဲ့ပါက၊ ငါသည် အဘယ့်ကြောင့် လူ့ဇာတိကိုခံယူပြီး ထိုသို့သော ကြီးမားသည့် လုပ်ငန်းတစ်ခုနှင့်ပတ်သက်၍ စတင်ခဲ့မည်နည်း။ သေမျိုးမျှသာဖြစ်သော သင်တို့အား အပြစ်ပေးခြင်းသည် စကားတစ်ခွန်းကို မြွက်ဆိုခြင်းမျှအားဖြင့် လုပ်ဆောင်နိုင်သည်မဟုတ်လော။ ငါသည် သင်တို့ကို တမင်သက်သက် ရှုတ်ချပြီးနောက် သင်တို့ကို ဖျက်ဆီးရန် လိုလိမ့်ဦးမည်လော။ ငါ၏ ဤနှုတ်ကပတ်တော်များကို သင်တို့ မယုံကြည်ကြသေးသလော။ ငါသည် ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာမှတစ်ဆင့်သာ လူကို ကယ်တင်နိုင်မည်လော။ သို့တည်းမဟုတ် လူကို ကယ်တင်ရန် ကားစင်တင်ခံရခြင်းကို ငါ အသုံးပြုနိုင်မည်လော။ ငါ၏ဖြောင့်မတ်သောစိတ်သဘောထားသည် လူကို လုံးဝ နာခံလာစေရန် ပို၍ ထောက်ကူသည် မဟုတ်လော။ ယင်းသည် လူကို သာ၍ ကယ်တင်နိုင်စွမ်း ရှိသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းတို့ထိခြင်းခံရတယ်။ ဘုရားသခင်က ကျွန်မကို ဖော်ထုတ်ပြီး တရားစီရင်ဖို့၊ ရှုတ်ချပြီး ကျိန်ဆဲဖို့ကိုတောင်မှ ခက်ထန်တဲ့နှုတ်ကပတ်တော်တွေကို အသုံးပြုပေမဲ့ ကျွန်မကို ပျက်စီးခြင်းရောက်ဖို့ ဒီလိုလုပ်တာမဟုတ်ဘူးဆိုတာကိုလည်း နားလည်ခဲ့ပါတယ်။ အဲဒီအစား ဒါဟာ ကျွန်မက ကိုယ့်ကိုယ်ကိုယ်သိပြီး ဘုရားကို ခုခံတဲ့ ကျွန်မရဲ့ ဆိုးယုတ်တဲ့သဘာဝကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ နောင်တရြ့ပီး ပြောင်းလဲနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း ကျွန်မကို သိခွင့်ပေးဖို့ဖြစ်တယ်။ လူတွေက အဆင့်အတန်းအတွက် ယှဉ်ပြိုင်တဲ့အခါ၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ဖျက်ဆီးတဲ့အခါမှာ ဘုရားသခင်က ဒါကိုမုန်းပြီး သည်းမခံနိုင်ပါဘူး။ ဘုရားသခင်က အပြုသဘောဆောင်တဲ့အရာတွေအားလုံးရဲ့ အရင်းအမြစ်ပဲ။ ဘုရားသခင်က အပျက်သဘောဆောင်ခြင်းတည်ရှိမှုနဲ့ မကောင်းတဲ့အရာတွေကို သည်းမခံဘူး။ အသင်းတော်ဟာ ဘုရားသခင်ရွေးချယ်ထားတဲ့သူတွေက ဘုရားကို ကိုးကွယ်ပြီး သမ္မာတရားကိုလိုက်စားတဲ့နေရာပါ။ ဘုရားရဲ့အလိုတော်က တားဆီးခြင်းမခံရတဲ့ နေရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ အသင်းတော်မှာ အပြုသဘောဆောင်တဲ့နေရာမှာ မနေခဲ့ဘူး။ ကျွန်မလုပ်သမျှက အမှုကိစ္စတွေကို နှောင့်ယှက်ဖျက်ဆီးတာပဲ။ ဒါကြောင့် ဘုရားရဲ့ အမျက်ဒေါသက ကျွန်မအပေါ် ကျရောက်ပြီး အသင်းတော်ကနေ ရှင်းပစ်ခံရတာပါ။ ဒါဟာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းပဲ။ ဒီနှစ်တွေအားလုံးမှာ ကျွန်မက သမ္မာတရားကို လိုက်စားနေတာမဟုတ်ဘူး။ ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းကိုပဲ လိုက်စားနေတာပါ။ တစ်ယောက်ယောက်က ကျွန်မရာထူးကို ထိခိုက်ရင် ကျွန်မက မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်လာတယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်တယ်။ ဒါက အန္တိခရစ်ရဲ့လမ်းကြောင်းပဲ။ ကျွန်မက မကောင်းမှုတွေ အများကြီးလုပ်ခဲ့ပြီး ဘုရားရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံထိုက်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မလုပ်ခဲ့တဲ့ မကောင်းမှုနဲ့အညီ ကျွန်မကို မဆက်ဆံခဲ့ဘူး။ ကျွန်မက နာကျင်စိတ်အားငယ်ခြင်းနဲ့ ရှိနေတဲ့အခါ၊ သေဖို့စဉ်းစားနေတဲ့အခါမှာ စာတန်ရဲ့လှည့်ကွက်ထဲကို ကျွန်မ သက်ဆင်းမှာကို ဘုရားက စိုးရိမ်တယ်။ ဒါကြောင့် ကျွန်မကို ဉာဏ်အလင်းဖွင့်ပြဖို့၊ လမ်းပြဖို့၊ ကျွန်မရဲ့ အပျက်သဘောဆောင်မှုထဲကနေ ခေါ်ထုတ်ဖို့ အစ်မရဲ့ မိတ်သဟာယနဲ့ သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တယ်။ ဒါတွေအားလုံးက ဘုရားရဲ့ချစ်ခြင်းနဲ့ ကယ်တင်ခြင်းဆိုတာ ကျွန်မစိတ်နှလုံးအတွင်းထဲမှာ ခံစားမိခဲ့တယ်။
ဘုရားအလိုတော်ကို ကျွန်မနားလည်လိုက်တာနဲ့ ကျွန်မဆက်ပြီး စိတ်ဓာတ်မကျချင်တော့ဘူး။ နောက်တော့ ဘုရားနှုတ်ကပတ်တော်နောက်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို စိတ်မလုံမလဲဖြစ်ပြီး အရှက်ရစေခဲ့တယ်။ ကျွန်မက သိပ်သေးငယ်တဲ့ဖန်ဆင်းခံတစ်ယောက်၊ ညစ်ပေတဲ့၊ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက်သက်သက်ပါ။ ဒါတောင်မှ ကျွန်မက သူများတွေ အထင်ကြီးလေးစားတာကို ခံချင်ခဲ့တယ်။ နေရာတကာမှာ ကြွားဝါတယ်။ ဘယ်ကိုသွားသွား ထင်ပေါ်မှုကို ခိုးယူဖို့ ကြိုးစားတယ်။ သူများတွေကို မိတ်သဟာယဖွဲ့ဖို့ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုတယ်။ ကျွန်မက တကယ်ကို ဘာအသိစိတ်မှမရှိခဲ့ပါဘူး။ သမ္မာတရားစစ်မှန်မှုတစ်ခုမှမပိုင်ဆိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် သိမြင်မှုမရှိခဲ့ဘူး။ ကျွန်မပြောသမျှက စာတွေနဲ့ အယူဝါဒတွေပဲ။ ဒါတောင်မှ ကျွန်မက ပြောပြီးရင်းပြောနေတော့တယ်။ ကျွန်မစကားတွေရဲ့ အနှစ်သာရက ရှုပ်ထွေးသွားစေဖို့ပဲ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လုံးဝ သိမြင်မှုမရှိဘူး။ ဒါတောင်မှ ရှောင်ကျန်းကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ခဲ့တယ်။ ကျွန်မက ကျိုးကြောင်းမသင့်အောင်ကို မာနထောင်လွှားခဲ့တယ်။ တော်တော်အကျည်းတန်ပြီး ရွံစရာကောင်းပါတယ်။ ကျွန်မ ရည်မှန်းချက်တွေ၊ ဆန္ဒတွေကို လက်လွတ်သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်ပြုမူသင့်တယ်။ ကိုယ်နဲ့သင့်တော်တဲ့နေရာမှာ နေသင့်တယ်။ တာဝန်ကို လက်တွေ့ကျကျပုံစံနဲ့ ထမ်းဆောင်သင့်တယ်။ ဒါဟာ ဖန်ဆင်းခံတစ်ယောက် ပိုင်ဆိုင်သင့်တဲ့ အသိစိတ်တစ်ခုပဲ။ ကျွန်မရဲ့ ရလဒ်က ဘာဖြစ်ပါစေ ကျွန်မတာဝန်ကို ကောင်းစွာထမ်းဆောင်မယ်လို့ ကတိပြုခဲ့တယ်။ ကျွန်မ အသက်ရှင်နေသရွေ့ ဘုရားသခင်ရဲ့ စိတ်နှလုံးကို သက်သာစေဖို့အတွက် သမ္မာတရားကို လိုက်စားရမယ်၊ ဖောက်ပြန်ပျက်စီးခြင်းကနေ လွတ်မြောက်ရမယ်၊ လူသားပုံသဏ္ဍန်တစ်ခုကို အသက်ရှင်နေထိုင်ရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မ နောင်တရပြီး ပြောင်းလဲနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်တဲ့နေရာမှာ ကျွန်မကို လမ်းပြဖို့ ဘုရားကို တောင်းလျှောက်ဖို့အတွက် နေ့တိုင်း ဘုရားကို ဆုတောင်းတယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်တဲ့အခါမှာ ကိုယ်နဲ့ယှဉ်ကြည့်ဖို့၊ နေ့စဉ် ကျွန်မ ထုတ်ဖော်ပြတဲ့အရာကို ချင့်ချိန်စဉ်းစားပြီး စစ်ဆေးဖို့ အာရုံစိုက်တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထား၊ မကောင်းမှုတွေ၊ ကျွန်မရဲ့ ပင်ကိုလက္ခဏာနဲ့ အဆင့်အတန်းအပေါ် နည်းနည်းသိမြင်မှုရှိလာတယ်။ ဧဝံဂေလိကို ကျွန်မ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ အသိတွေဆီကို ဖြန့်ဝေဖို့၊ ကိုယ့်တာဝန်ကိုယ်လုပ်နိုင်တဲ့ နေရာတွေမှာ အသင်းတော်အလုပ်ကို ကူညီဖို့ အကောင်းဆုံးလုပ်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေကို ခဏခဏ ဧည့်ခံခဲ့ပါတယ်။ ကျွန်မ အရမ်းပျော်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ဘယ်လိုဆက်ဆံခဲ့ပါစေ ကျွန်မမှာ ကောင်းတဲ့ခရီးပန်းတိုင်ရှိရှိမရှိရှိ အလဲအလှယ်လုပ်တာ၊ တောင်းဆိုတာတွေကို တစ်ခုမှ အားမထုတ်ဘဲ တာဝန်ကို ကောင်းကောင်းထမ်းဆောင်မယ်လို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။
မမျှော်လင့်ဘဲနဲ့ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလရဲ့ နေ့တစ်နေ့မှာ ကျွန်မကို အသင်းတော်က ပြန်လက်ခံတယ်၊ အသင်းတော်အသက်တာကို ပြန်နေထိုင်နိုင်တယ်လို့ ခေါင်းဆောင်က ကျွန်မကို အသိပေးခဲ့တယ်။ ဒီသတင်းကိုကြားတော့ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး မျက်ရည်တွေက မျက်လုံးမှာ ဝဲလာတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါက မကောင်းတာတွေ အများကြီးလုပ်ခဲ့တယ်။ ဒါပေမဲ့ စစ်မှန်စွာ နောင်တရတဲ့အခါ အသင်းတော်က ပြန်လက်ခံတယ်။ ဒါက တကယ်ပဲ ဘုရားရဲ့ချစ်ခြင်းနဲ့ ကြင်နာခြင်းပဲ” ပေါ့။ ပြန်ကြည့်ကြည့်တော့ ကျွန်မက ကောင်းကောင်းလိုက်စားအားထုတ်တယ်၊ တာဝန်ခံယူမှုရှိတယ်၊ ညီအစ်ကိုမောင်နှမတွေကို ချစ်တယ်လို့ အမြဲတမ်း ခံစားမိတယ်။ ဖော်ထုတ်ခံရခြင်း၊ ရှင်းလင်းခံရခြင်း၊ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ဖွင့်ပြခြင်းကတစ်ဆင့်မှပဲ ကျွန်မက လူသားမဆန်တော့တဲ့အထိ၊ ကျွန်မစဉ်းစားသမျှက မကောင်းမှုဖြစ်တဲ့အထိ စာတန်ရဲ့ ဖျက်ဆီးခြင်းကို ခံထားရတယ်ဆိုတာ ကျွန်မ မြင်ခဲ့တာပါ။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကြောင့်သာမဟုတ်ရင် ကျွန်မက ကျွန်မရည်မှန်းချက်နဲ့ ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် ဂုဏ်အဆင့်အတန်းနောက်ကို ဆက်လိုက်နေဦးမှာပဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ဆင်ခြင်ကြည့်မှာမဟုတ်ဘူး။ ဘယ်တော့မှ နိုးထမှာမဟုတ်ဘူး။ ဘုရားပြောတာကို ကျွန်မ တကယ်ကြုံတွေ့ခဲ့ရတယ်။ “ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဒါတွေကို ကြုံတွေ့ပြီးတဲ့နောက်မှာ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ မြင်ခဲ့ပါတယ်။ ကျွန်မအတွက် ဘုရားရဲ့ ကွယ်ကာမှုနဲ့ ကယ်တင်ခြင်းကိုလည်း ကျွန်မ မြင်ခဲ့တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သိပ်ဆိုးပေမဲ့ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံဖို့ ကျွန်မစိတ်သဘောထားကိုပြောင်းပြီး လူသားပုံသဏ္ဍန်နဲ့ အသက်ရှင်နေထိုင်ခြင်းကို လိုက်စားဖို့အတွက် ကြိုးစားလုပ်ဖို့ ဆန္ဒရှိနေပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။