တာဝန်ခံယူမှုကို ကြောက်ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းများ

29.04.2024

ခေါင်ရင့် ဂျပန်နိုင်ငံ

ညီမက အသင်းတော်မှာ ရေလောင်းတဲ့အလုပ်ကို ဦးဆောင်ရတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လူတွေပိုလက်ခံလာတော့ ညီမတို့ အသင်းတော်က အသင်းတော်သုံးခု ကွဲသွားတယ်။ ညီမက အဲဒီထဲကတစ်ခုကို ဦးဆောင်ရတယ်။ အသင်းတော် ကွဲသွားပြီးတဲ့နောက်မှာ ပုံမှန်မစုဝေးကြတဲ့ လူသစ်တော်တော်များများကို ညီမအသင်းတော်ဆီလွှဲပေးထားတာကို တွေ့ရတယ်။ ညီမ တွေးမိတယ်။ ညီမတို့က ရေလောင်းဝန်ထမ်းနည်းနေတော့ ကောင်းကောင်း မစုဝေးကြတဲ့ ဒီလူတွေအကုန်လုံးကို ပံ့ပိုးပေးဖို့က အချိန်နဲ့ အားအင်တွေ အများကြီးလိုမှာပဲ။ သူတို့က ကောင်းကောင်းရေလောင်းမခံရလို့ ထွက်သွားကြရင် ညီမက မလုပ်နိုင်ဘူး၊ အစွမ်းအစနည်းတယ်လို့ ညီအစ်ကိုမောင်နှမတွေက ပြောနိုင်တယ်။ ဒါဆိုရင် တော်တော်ရှက်ဖို့ကောင်းမှာပဲ။ ပြီးရင် ညီမက ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရမယ်။ ဒါမှမဟုတ် သူတို့ထွက်သွားတာကို တာဝန်ခံရမယ်။ ညီမက ဦးမဆောင်ရဘဲ ရေလောင်းဝန်ထမ်းတစ်ယောက်ပဲဆိုရင် ဒီလို တာဝန်ခံရမှာမဟုတ်ဘူးပေါ့။ ဖိအားတွေ အများကြီးရှိသလို ခံစားမိတယ်။ ဝန်ထုပ်အကြီးကြီးကို ထမ်းထားရသလိုမျိုးပေါ့။ ညီမ စိတ်ထဲမှာ လေးလံနေတယ်။ ခေါင်းဆောင်က ညီမတို့ကို ရေလောင်းသူတွေ နည်းနေတာကို ကိုင်တွယ်ဖို့ လူတွေကိုပိုပြီး ပျိုးထောင်ပေးစေချင်တာ။ ဒါပေမဲ့ ယုံကြည်သူအသစ်ဘယ်လောက်က ကောင်းကောင်းမစုဝေးဘူးဆိုတာကိုမြင်တော့ ညီမတော်တော် အခက်ကြုံခဲ့ရတယ်။ ညီမက လူတွေကို အမြန်လေ့ကျင့်ပေးနိုင်မှာမဟုတ်ဘူးလို့ ခံစားမိပြီး စိတ်ပျက်မိတယ်။ အဲဒီနောက်တော့ ညီမက အလုပ်မှာ တော်တော် အပျက်သဘောဆောင်လာတယ်။ ညီမလေ့ကျင့်ပေးပြီး ရေလောင်းပေးသင့်တဲ့သူတွေကို လေ့ကျင့်တာ၊ ရေလောင်းတာ မလုပ်ပေးဘူး။ ဒါကြောင့် အလုပ်က ထိခိုက်တာပေါ့။ တော်တော် စိတ်မချမ်းမသာဖြစ်ပြီး အပြစ်ရှိသလိုခံစားရပြီး ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီးက ဝိညာဉ်ရင့်ကျက်မှုနည်းပါးနေပါတယ်။ ဒီအသင်းတော်သစ်မှာ အခက်အခဲတွေ၊ ပြဿနာတွေ ဘယ်လောက်များတယ်ဆိုတာကို မြင်တော့ သမီး လှည့်ထွက်သွားချင်ပါတယ်။ ဒါက ကိုယ်တော့်အလိုတော်မဟုတ်ဘူးဆိုတာ သမီးသိပါတယ်။ ဒီအလုပ်ကို သမီး လုပ်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သုံးသပ်တဲ့နေရာမှာ သမီးရဲ့ မမှန်ကန်တဲ့ အခြေအနေကို ပြောင်းလဲတဲ့နေရာမှာ လမ်းပြတော်မူပါ” ဆိုပြီးတော့။

ညီမ ဘုရားဝတ်ပြုရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် တာဝန်ခံယူရမည်ကို ကြောက်ရွံ့ကြသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခုလုပ်ရန် ပေးသောအခါ ၎င်းတို့သည် ထိုအလုပ်အတွက် ၎င်းတို့ တာဝန်ခံဖို့ လိုအပ်ခြင်းရှိမရှိကို ရှေးဦးစွာ ထည့်စဉ်းစားကြသည်။ တာဝန်ခံဖို့ လိုအပ်လျှင် ၎င်းတို့က အလုပ်ကို လက်ခံမည်မဟုတ်ပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ သတ်မှတ်ချက်များမှာ ပထမအနေဖြင့် ပေါ့ပေါ့ပါးပါးအလုပ်ဖြစ်ရမည်။ ဒုတိယအနေဖြင့် အလုပ်ရှုပ်ခြင်း၊ သို့မဟုတ် ပင်ပန်းခြင်းမရှိရပေ။ တတိယအနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် မည်သည့်တာဝန်ကိုမျှ ခံယူခြင်းမရှိရပေ။ ဤသည်မှာ ၎င်းတို့တာဝန်ယူဆောင်ရွက်မည့် တစ်ခုတည်းသော တာဝန်အမျိုးအစားဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ စိတ်မချရသော၊ လှည့်စားသောသူ မဟုတ်သလော။ ထိုသူသည် အနည်းဆုံးသော တာဝန် ပမာဏကိုပင် တာဝန်မခံလိုပေ။ သစ်ရွက်များက သစ်ပင်ပေါ်မှ ကြွေကျသောအခါ မိုးပြိုမည်ကို စိုးရိမ်သည်။ ဤသို့သောသူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။ သူ့အား ဘုရားအိမ်တော်တွင် မည်သို့ အသုံးချ၍ ရနိုင်သနည်း။ ဘုရားအိမ်တော်၏ အလုပ်သည် စာတန်အား ရင်ဆိုင်တိုက်ခိုက်ခြင်းအမှုအပြင် နိုင်ငံတော် ဧဝံဂေလိတရားအား ဖြန့်ခြင်းနှင့်လည်း သက်ဆိုင်သည်။ မည်သည့်တာဝန်က တာဝန်ခံယူခြင်း မလိုအပ်သနည်း။ ခေါင်းဆောင်ဖြစ်ခြင်းသည် တာဝန်ခံရသည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့၏ တာဝန်များသည် ပို၍ပင် မကြီးသလော။ ၎င်းတို့သည် ပို၍ပင် တာဝန်မခံယူရသလော။ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုများ ပြုလုပ်ခြင်းတို့ကဲ့သို့သောအရာများကို လုပ်ဆောင်သည်။ လက်တွေ့တွင် သင်လုပ်ဆောင်သည့်အလုပ်သည် မည်သည့်အရာဖြစ်စေ သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်သရွေ့ တာဝန်ခံယူဖို့ လိုအပ်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းက စည်းမျဉ်းနှင့်မညီလျှင် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်မည်။ သင်သည် တာဝန်ခံယူရန် ကြောက်ရွံ့လျှင် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်၍မရပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်း၌ တာဝန်ယူရန် ကြောက်ရွံ့သောသူသည် သတ္တိနည်းသောသူဖြစ်သလော၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသလော။ ကွာခြားချက်ကို သင် ပြောနိုင်ရမည်။ အမှန်က ဤသည်မှာ သတ္တိနည်းသည့် ပြဿနာတစ်ခုမဟုတ်ပေ။ ထိုသူသည် ချမ်းသာကြွယ်ဝမှုနောက်သို့ လိုက်လျှင်၊ သို့မဟုတ် မိမိကိုယ်ကျိုးစီးပွားတစ်ခုအတွက် လုပ်ဆောင်နေလျှင် အဘယ်သို့ အလွန်ရဲရင့်နိုင်ရသနည်း။ မည်သည့်စွန့်စားမှုကိုမဆို ၎င်းတို့ ပြုလုပ်လိမ့်မည်။ သို့သော် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ လုံးဝ စွန့်စားမှုမပြုလုပ်ပေ။ ဤသို့သော လူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ အားလုံးထဲတွင် သစ္စာအမဲ့ဆုံး ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းတွင် တာဝန်မခံယူသူ မည်သူမဆိုသည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ မပြောနှင့်၊ ဘုရားသခင်ကို အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိ။ မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သောသူမျိုးသည် လေးသောဝန်ကို ထမ်းရန် သတ္တိရှိသနည်း။ အရေးကြီးဆုံးဖြစ်သော၊ အရေးပါဆုံးဖြစ်သောအလုပ်ကို မြင်သောအခါ ဘုရားအိမ်တော်၏ အလုပ်တွင် အရေးပါသော အချိန်အခိုက်အတန့်၌ ဦးဆောင်ပြီး ရှေ့သို့ ရဲရင့်စွာသွားသောသူ၊ ကြီးလေးသော တာဝန်ကို ခံယူပြီး ကြီးစွာသော ဒုက္ခဆင်းရဲကို ခံယူရန် မကြောက်သောသူဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာရှိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းမှာ သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင်ရှိသော ပြဿနာဖြစ်သည်။ ၎င်းတို့တွင် တရားမျှတမှု၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ်မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ရိုးသားစစ်မှန်သော ယုံကြည်သူများမဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံပေ။ ဤအကြောင်းပြချက်များကြောင့် ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားကို ရရှိရန် ကြီးစွာသော အဖိုးအခကို ပေးဆပ်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အတားအဆီးများစွာကို ကြုံတွေ့ရမည်။ အမှုအရာများကို စွန့်လွှတ်ရမည်။ ၎င်းတို့၏ ဇာတိပကတိ အကျိုးစီးပွားများကို စွန့်လွှတ်ရမည်။ ဆင်းရဲဒုက္ခအချို့ကို သည်းခံရမည်။ ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်။ ဤသို့ဆိုလျှင် တာဝန်ယူရန် ကြောက်သောသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ သေချာပေါက် မလုပ်ဆောင်နိုင်ပေ။ သမ္မာတရားကို ၎င်းတို့ ရရှိခြင်းနှင့်ပတ်သက်ပြီး ပို၍ပင် ပြောစရာမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏ အကျိုးစီးပွား ဆုံးရှုံးခြင်းကို ခံရရန်ကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အရှက်ခွဲခံရခြင်း၊ ချိုးနှိမ်ခြင်း၊ ဝေဖန်အပြစ်တင်ခြင်းကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရဲပေ။ ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ပေ။ ဘုရားသခင်ကို နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ သူ၏ ကယ်တင်ခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈ (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်ထဲမှာ ဖွင့်ပြထားတဲ့ဟာကို မြင်ရတော့ ညီမ အနေရခက်သွားတယ်။ ကိုယ့်တာဝန်မှာ တာဝန်ခံဖို့ကြောက်တဲ့သူတွေက တစ်ကိုယ်ကောင်းအဆန်ဆုံး၊ အယုတ်မာဆုံး၊ အလှည့်စားဆုံးပဲလို့ ဘုရားက ပြောတယ်။ သူတို့တွေက သမ္မာတရားကို လက်တွေ့မလုပ်နိုင်ဘူး။ ကယ်တင်ခြင်းရဖို့ မဖြစ်နိုင်ဘူး။ ညီမက အဲဒီလိုမျိုး ပြုမူနေတာ။ ပုံမှန်မစုဝေးတဲ့ လူသစ်တွေနဲ့ လေ့ကျင့်ပေးဖို့ သင့်တော်တဲ့သူနည်းနည်းကို ညီမ တွေ့တော့ ဘုရားအလိုတော်ကို ဘယ်လို အလေးထားရမယ်၊ လမ်းမှန်ပေါ်မှာ အမြန် အုတ်မြစ်ချနိုင်ဖို့အတွက် အလားအလာရှိတဲ့ သင့်တော်သူတွေကို ဘယ်လိုပျိုးထောင်ပြီး ယုံကြည်သူအသစ်တွေကို ကောင်းကောင်းရေလောင်းပေးရမယ်ဆိုတာကို မစဉ်းစားဘူး။ ညီမက သူတို့ကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို မှတ်ယူနေတာ။ သူတို့ကို ပံ့ပိုးပေးဖို့အတွက် အချိန်နဲ့ အားအင် ဘယ်လောက်ကုန်မယ်၊ ညီမက ကောင်းကောင်းမလုပ်ရင် သူများတွေက ညီမကို အထင်သေးမယ်ဆိုတာတွေကို တွေးနေတယ်။ ညီမက ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရမယ်၊ ဒီထက်ပိုဆိုးရင် အပြစ်တင်ခံရမယ်ပေါ့။ ရလဒ်မရှိနိုင်မဲ့ ပင်ပန်းတဲ့အလုပ်ဖြစ်ပုံရပြီး ညီမက အတိုက်အခံဖြစ်နေတာပေါ့။ ကိုယ့်ကိုယ်ကိုယ်သာ အတင်းတွန်းနေတာ အပျက်သဘောဆောင်နေတယ်။ ညီမက တာဝန်မသိတတ်တော့ လေ့ကျင့်ပေးသင့်တဲ့သူတွေကို လေ့မကျင့်ပေးဘူး။ တချို့ကတော့ ပုံမှန်မလာကြတော့ဘူး။ ဘုရားရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားက အခုဆိုရင် အမြန် ပျံ့နှံ့လာနေပြီ။ ဘုရားဘက်ကိုလှည့်တဲ့သူတွေ ပိုများလာနေပြီ။ ယုံကြည်သူအသစ်တွေကို ကောင်းကောင်း ရေလောင်းပံ့ပိုးပေးဖို့က ချက်ချင်းအာရုံစိုက်ရမယ့် ဘုရားရဲ့ ဆန္ဒပဲ။ ဒါပေမဲ့ ညီမက ကိုယ့်အကျိုးအတွက်ပဲ စဉ်းစားတယ်။ ဘုရားအလိုတော်ကို မစဉ်းစားဘူး။ လူသစ်တွေရဲ့ အသက်ဝင်ရောက်မှုကိုလည်း မစဉ်းစားဘူး။ ညီမက တော်တော်တစ်ကိုယ်ကောင်းဆန်ပြီး ဘုရားအတွက် စိတ်ပျက်စရာပါပဲ။ တခြား အသင်းတော်သစ်တွေမှာ သူများတွေက သူတို့ရဲ့အကျိုးအမြတ်တွေ၊ ဆုံးရှုံးမှုတွေကို မစဉ်းစားဘဲ အသင်းတော်အလုပ်ကို ထိန်းသိမ်းနိုင်တယ်ဆိုတာ ညီမ သတိထားမိတယ်။ ဘယ်လောက်ပဲ ခက်ခက် ယုံကြည်သူအသစ်တွေကို ရေလောင်းဖို့ အစွမ်းကုန် လုပ်ကြတယ်။ သူတို့တွေက သူတို့တာဝန်အပေါ် ဆက်ကပ်တဲ့ စစ်မှန်တဲ့ ယုံကြည်သူတွေပဲ။ ညီမ ရှက်ပြီး သိက္ခာကျသလို ခံစားမိတယ်။ ညီမကိုယ်တိုင်ရဲ့ အကျိုးအတွက် စဉ်းစားပြီး အသင်းတော်အလုပ်ကို နှောင့်နှေးအောင်လုပ်နေတာကို ရပ်ရမယ်။ ဒီတာဝန်ကို ထမ်းရွက်ပြီး လူသစ်တွေကို အစွမ်းကုန် ကောင်းကောင်းရေလောင်းပေးဖို့ လိုတယ်ပေါ့။ အဲဒီနောက်တော့ ညီမ တက်တက်ကြွကြွနဲ့ ပူးပေါင်းလုပ်ကိုင်လာတယ်။ ပျိုးထောင်ပေးလို့ရနိုင်တဲ့ လူတချို့ကို ရေလောင်းပေးဖို့အတွက် အားစိုက်တယ်။ ဘုရားအလိုတော်ကို သူတို့ နားလည်သွားတာနဲ့ သူတို့လည်း သူတို့တာဝန်မှာ တက်ကြွလာတယ်။ ကိုယ့်အလုပ်ကို လုပ်ပြီး ယုံကြည်သူအသစ်တွေကို အတူပံ့ပိုးပေးဖို့ အလုပ်အတူလုပ်ကြတယ်။ အချိန်နည်းနည်းကြလာတော့ လူသစ်အတော်များများ ပုံမှန် စုဝေးလာကြတယ်။ ညီမ တော်တော်ပျော်ပြီး ဘုရားကို ကျေးဇူးတင်ခဲ့တယ်။

ဒါပေမဲ့ သိပ်မကြာဘူး။ အရင် အခြေအနေမျိုး ထပ်ပြီးကြုံရတယ်။ တစ်နေ့တော့ ခေါင်းဆောင်က ညီမကို ပြောတယ်။ “ရှီယွမ်အသင်းတော်က တည်ထောင်တာ မကြာသေးဘူး။ ယုံကြည်သူအသစ်တချို့က ပုံမှန်မစုဝေးကြဘူး။ ပြီးတော့ ရေကောင်းကောင်းလောင်းတတ်တဲ့သူတွေ နည်းနေတယ်။ အလုပ်က တိုးတက်တာ နှေးနေတယ်။ အဲဒီအသင်းတော်ကို ညီမကို အပ်ပါတယ်” တဲ့။ ခေါင်းဆောင်က ဒီလိုပြောတော့ ဒီအခြေအနေနောက်ကွယ်မှာ ဘုရားအလိုတော်ရှိတယ်ဆိုတာ ညီမ သဘောပေါက်လိုက်တယ်။ အရင်တစ်ခါ အသင်းတော်ကို ခွဲလိုက်တော့ ညီမက တာဝန်ယူရမှာကြောက်လို့ အသင်းတော်အလုပ် နှောင့်နှေးသွားတယ်။ ဒီတစ်ကြိမ်တော့ ညီမ နာခံပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်ပေါ့။ ဒါပေမဲ့ ရှီယွမ်အသင်းတော်ရဲ့ လက်ရှိအခြေအနေကို ထပ်ကြည့်လိုက်တော့ ညီမ တွေဝေသွားတယ်။ ညီမ ဦးဆောင်နေတဲ့ အသင်းတော်က ပိုအဆင်ပြေလာခါစပဲ ရှိသေးသလို လုပ်စရာအလုပ်တွေ အများကြီးရှိတယ်။ တခြားအသင်းတော်တစ်ခုကို တာဝန်ယူဖို့က အချိန်တွေ၊ အားအင်တွေ အများကြီးကုန်မယ်။ ညီမက ရှီယွမ်ကို လုံလုံလောက်လောက် ပံ့ပိုးမပေးနိုင်သလို ညီမရဲ့ လက်ရှိအသင်းတော်အလုပ်ကိုလည်း ဂရုမစိုက်နိုင်ရင် သူများတွေက ညီမကို ဘယ်လို ထင်မလဲပေါ့။ အသင်းတော်တစ်ခုကိုပဲ စီမံရတာက အရမ်းအလုပ်များမှာမဟုတ်ဘူး။ ကိုယ့်အလုပ်ကို ကောင်းကောင်းအားစိုက်လုပ်ဖို့ အာရုံစိုက်နိုင်တယ် ပေါ့။ ဒါဆိုရင် လူတိုင်းက ညီမကို လေးစားကြမယ်၊ ညီမက ရာထူးတောင် တိုးနိုင်တယ်ပေါ့။ ဒီလိုစဉ်းစားရင်းနဲ့ ရှီယွမ်အသင်းတော်ကို ကြီးကြပ်ရတာ ကသီလင်တများမယ်လို့ ခံစားမိတယ်။ ညီမအတွက် အကျိုးရှိမှာမဟုတ်တော့ ဒါကို လက်မခံချင်ဘူး။ ဒါပေမဲ့ ညီမက ဒါကို ငြင်းပြီး ဘယ်သူကမှ တာဝန်မယူရင် အသင်းတော်အလုပ်ကို ထိခိုက်မှာပဲ။ ညီမ စဉ်းစားရကျပ်သွားတယ်။ ညီမ ဘယ်အခြေအနေမျိုးကိုရောက်နေတယ်ဆိုတာ ခေါင်းဆောင်ကမြင်ပြီး ညီမကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် မျှဝေပေးတယ်။ “သင်သည် အတတ်ပညာဆိုင်ရာ အလုပ်တစ်မျိုးမျိုးကို အလွန်ကျွမ်းကျင်ပြီး အခြားလူများထက် အချိန်အနည်းငယ် ပိုကြာမြင့်စွာ လုပ်ဆောင်နေခြင်းဖြစ်လျှင် ပို၍ ခက်ခဲသောအလုပ်များကို သင့်အား တာဝန်ပေးသင့်သည်။ ဤတာဝန်ကို ဘုရားသခင်ထံမှ သင် လက်ခံရယူပြီး နာခံသင့်သည်။ ‘ဘာကြောင့် လူတွေက ငါ့အတွက် အမြဲတမ်း ခက်ခဲအောင် လုပ်နေတာလဲ။ လွယ်တဲ့အလုပ်မှန်သမျှ တခြားလူတွေကို ပေးတယ်။ ငါ့ကျတော့ ခက်တာတွေပေးတယ်။ ငါ့ဘဝကို ခက်ခဲအောင်လုပ်ဖို့ သက်သက်ကြိုးစားနေတာမဟုတ်ဘူးလား’ ဟူ၍ ပြောကာ ကြေးများပြီး စောဒကမတက်နှင့်။ ‘သင့်ဘဝကို ခက်ခဲအောင်လုပ်ဖို့ ကြိုးစားနေသည်’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အလုပ်အစီအစဉ်များသည် တစ်ဦးချင်းစီအတွက် အံဝင်ခွင်ကျဖြစ်အောင် စီမံပေးထားသည်။ လုပ်နိုင်သောသူများသည် အလုပ်ကို ပို၍ လုပ်သင့်သည်။ သင်သည် များစွာ သင်ယူခဲ့ပြီး ဘုရားသခင်က သင့်အား များစွာ ပေးခဲ့သည်။ ထို့ကြောင့် သင့်အတွက် ပို၍လေးလံသော ဝန်ကိုပေးခြင်းမှာ မှန်ကန်သင့်တော်ပေ၏။ ဤသည်မှာ သင့်အတွက် ခက်ခဲစေရန် လုပ်ဆောင်ခြင်းမဟုတ်ပေ။ သင့်ကိုပေးသော ဝန်ထုပ်ဝန်ပိုးသည် သင့်အတွက် အံဝင်ခွင်ကျပင် ဖြစ်သည်။ ဤသည်မှာ သင့်တာဝန်ဖြစ်၏။ ထို့ကြောင့် မိမိစိတ်ကြိုက် ရွေးချယ်ရန်သော်လည်းကောင်း၊ ငြင်းရန်သော်လည်းကောင်း၊ ခေါင်းရှောင်ရန်သော်လည်းကောင်း မကြိုးစားနှင့်။ ဤသည်မှာ ခက်ခဲသည်ဟု အဘယ်ကြောင့် သင်ထင်သနည်း။ အမှန်တကယ်တွင် သင်သည် ဤအရာကို စိတ်နှစ်ထားလျှင် ဖြစ်မြောက်အောင် လုပ်နိုင်စွမ်း အပြည့်အဝ ရှိလိမ့်မည်။ ဤတာဝန်ကို ခက်ခဲသည်ဟု သင်ခံစားရခြင်း၊ သင့်အနေဖြင့် မမျှမတ ဆက်ဆံခံရသည့်အလား၊ အကျပ်ရိုက်အောင် တမင်ပြုလုပ်ခံထားရသည့်အလား ခံစားရခြင်းသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု ပွင့်အန်ထွက်လာခြင်း ဖြစ်သည်။ ဤသည်မှာ မိမိတာဝန်ကို ထမ်းဆောင်ဖို့ ငြင်းဆန်ခြင်းဖြစ်ပြီး ဘုရားသခင်ထံမှ လက်မခံခြင်းဖြစ်သည်။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ သင်သည် သင့်တာဝန်ကို မိမိစိတ်ကြိုက် ရွေးချယ်ယူပြီး အနေချောင်ကာ လွယ်ကူသောတာဝန်ကို၊ သင့်အား အမြင်ကောင်းစေသော တာဝန်ကို လုပ်ဆောင်သောအခါ ဤသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ သင်သည် သင့်တာဝန်ကို လက်ခံခြင်းနှင့် နာခံခြင်းကို မစွမ်းဆောင်နိုင်လျှင် ဤသည်မှာ ဘုရားသခင်အပေါ် သင်ပုန်ကန်နေဆဲ ဖြစ်သည်ကိုလည်းကောင်း၊ သင်ပြန်လည်ခုခံနေကာ ငြင်းဆန်နေပြီး ရှောင်နေသည်ကိုလည်းကောင်း သက်သေပြ၏။ ယင်းသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဒီအပိုဒ်ကြောင့် ညီမ စိတ်ထိခိုက်ရတယ်။ ခေါင်းဆောင်က ညီမကို တခြားအသင်းတော်ကို တာဝန်ယူခိုင်းပြီး ညီမအတွက် အခက်အခဲဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ညီမက ရေလောင်းတဲ့အလုပ်ကို လုပ်နေတာ နည်းနည်းကြာပြီ။ ဒီတော့ ညီမက နည်းနည်းပိုပြီး အနစ်နာခံရင် ဒါကို စီမံနိုင်လောက်တယ်။ ညီမက အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အကျိုးအတွက်ပဲ စဉ်းစားနေပြီး ပိုပြီးတော့ အနစ်နာခံချင်စိတ်မရှိဘူး။ ညီမလုပ်တာ မကောင်းရင် သိက္ခာကျမှာလည်း ကြောက်နေတယ်။ ဒီတော့ ဒါကို တာဝန်မယူချင်ဘဲ ငြင်းဆန်ခဲ့တယ်။ ညီမက လုံးဝ နာခံခြင်းမရှိပါဘူး။ အသင်းတော်က ညီမကို ယုံကြည်သူအသစ်တွေကို ရေလောင်းတာလိုမျိုး အရေးကြီးတဲ့ ကိစ္စတစ်ခုကို အပ်နှံတာက ဘုရားရဲ့ ကျေးဇူးတော်နဲ့ ချီးမြှောက်ခြင်းပဲ။ ညီမက ဒါကို အကြွင်းမဲ့ နာခံပြီး အတတ်နိုင်ဆုံး လုပ်သင့်တယ်။ ဒါ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့သူတစ်ယောက်က လုပ်မဲ့အရာပဲ။ ဘုရားကို အမှီပြုပြီး ဘုရားနဲ့ တကယ် ပူးပေါင်းလုပ်ရင် အလုပ်ကို ကောင်းကောင်းလုပ်ဖို့အတွက် ဘုရားက ညီမကို လမ်းပြမှာပဲဆိုတာ ညီမသိတယ်။ နောက်တော့ ညီမစိတ်နှလုံးထဲကနေ ဘုရားကို ဆုတောင်းပြီး ကိုယ့်စိုးရိမ်မှုတွေ လွှတ်ချပြီး ဒီတာဝန်ကို ယူဖို့ အသင့်ဖြစ်နေခဲ့တယ်။

နောက်ပိုင်းမှာ ညီမ နည်းနည်း ဆင်ခြင်သုံးသပ်ပြီး ရှာဖွေကြည့်တယ်။ ညီမက ဘာလို့ တာဝန်တွေကို အမြဲတမ်းငြင်းပြီး ဝန်ထုပ်ကို လုံးဝ မထမ်းချင်ရတာလဲပေါ့။ ဘုရားနှုတ်ကပတ်တော်ထဲက တစ်ခုကို ညီမ ဖတ်ရတယ်။ “အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရင်ဦးဆုံး ထည့်စဉ်းစားပြီး အရာအားလုံးကို သေချာစဉ်းစားတွေးတောပြီးမှသာ ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ညှိနှိုင်းခြင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာ၊ ရိုးသားစစ်မှန်စွာ၊ အပြည့်အဝ လိုက်နာခြင်းမရှိဘဲ စိစိစစ်စစ်ရှိစွာနှင့် အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အကာအကွယ်ပေးရမည်ဖြစ်ပြီး၊ မည်သည့်ဆုံးရှုံးမှုကိုမျှ မခံရစေခြင်းဖြစ်သည်။ ဤအခြေအနေနှင့် ကိုက်ညီပြီးမှသာ ၎င်းတို့သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပြီး ရွေးချယ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ စေခိုင်းချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့်အရာများကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို အလေးအနက် စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို မည်သို့ဖြည့်ဆည်းရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ မည်သို့ထိန်းသိမ်းကာကွယ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမတို့အား မည်သို့ အကျိုးဖြစ်စေရမည်တို့ကို မစဉ်းစားပေ။ ဤအရာတို့သည် ၎င်းတို့ ထည့်စဉ်းစားသည့် အရာများမဟုတ်ပေ။ အန္တိခရစ်များသည် မည်သည့်အရာကို ထည့်စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ ထိခိုက်ခြင်းရှိမရှိနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ နိမ့်ကျခြင်းရှိမရှိတို့ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိစေသော်လည်း ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး လူများစွာတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို နားလည်သဘောပေါက်မိစေပြီး ၎င်းတို့တွင် မည်သည့်သဘာဝနှင့် အနှစ်သာရမျိုး ရှိသည်ကိုသိစေလျှင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအရ သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။ လက်တွေ့အလုပ်ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့ကို လူများက ပို၍ အထင်ကြီးစေလျှင် လေးစားစေလျှင်၊ အားကျစေလျှင်၊ သို့မဟုတ် ၎င်းတို့၏ စကားများအား သြဇာအာဏာကို သယ်ဆောင်စေပြီး ပိုများသော လူတို့အား ၎င်းတို့ကို နာခံကြစေလျှင် ထိုနည်းအတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို လျစ်လျူရှုရန် ရွေးချယ်ခြင်းကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃))လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာနောက်သို့ လိုက်သည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက်ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်ထဲမှာ အဖြေကို ညီမတွေ့သွားတယ်။ လေးလံတဲ့ဝန်ကို မထမ်းချင်တဲ့ အဓိကအကြောင်းရင်းက ညီမက အန္တိခရစ်ရဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေပြီး တစ်ကိုယ်ကောင်းဆန်၊ လှည့်စားတတ်လို့ပဲ။ ညီမလုပ်တဲ့အရာ တစ်ခုချင်းစီတိုင်းကို ကိုယ့်အကျိုးစီးပွားနဲ့ ဆက်စပ်ကြည့်တယ်။ ညီမရဲ့ တစ်ကိုယ်ရေ အကျိုးစီးပွားကို ထိခိုက်လို့မရဘူးဆိုတဲ့ ကြိုတင်သတ်မှတ်ချက်တစ်ခုနဲ့ပေါ့။ ဘုရားအလိုတော်ကို ထည့်မစဉ်းစားဘူး၊ ဒါမှမဟုတ် အသင်းတော်အလုပ်ကို မထိန်းသိမ်းဘူး။ ညီမရဲ့ အသင်းတော်အသစ်က လူသစ်တွေအများကြီးက ပုံမှန် မစုဝေးကြတာကို ညီမမြင်တော့ ညီမတာဝန်မှာရှိတဲ့ ညီမရဲ့ အောင်မြင်မှုကို ထိခိုက်ပြီး ညီမရဲ့ ဂုဏ်ကို ထိခိုက်လာမှာကို ကြောက်ခဲ့တယ်။ ခေါင်းဆောင်က ရှီယွမ်အသင်းတော်ကို ကြီးကြပ်ပေးဖို့ပြောတော့ အဲဒီက ယုံကြည်သူအသစ်တွေ အမြန်ရေလောင်းမခံရရင် ဘာသာရေးသင်းအုပ်ဆရာတွေရဲ့ နှောင့်ယှက်တာခံရပြီး ထွက်သွားနိုင်တာ ညီမ သိတယ်။ ဒါပေမဲ့ အဲဒီက ရေလောင်းအလုပ်ကို လက်မခံချင်ခဲ့ဘူး။ ညီမက ကိုယ့်အတွက် ကောင်းကျိုးတွေနဲ့ ဆိုးကျိုးတွေကို ချင့်ချိန်နေတယ်။ ညီမ တာဝန်ယူနေရတဲ့ အလုပ်ကိုပဲ ဘယ်လိုပြီးအောင်လုပ်ရမယ်ဆိုတာ စဉ်းစားတယ်။ ဒါဆိုရင် အရမ်း ဖိအားများမှာမဟုတ်ဘူး။ အများကြီး ဒုက္ခခံဖို့ လိုမှာမဟုတ်ဘူးပေါ့။ နောက်ဆုံးမှာ ညီမက တစ်ခုခုဖြစ်မြောက်သွားရင် သူများတွေက သဘောကျပြီး မကောင်းမြင်တာခံရမယ် ပေါ့။ ညီမက “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ ဆိုးယုတ်တဲ့ အဆိပ်နဲ့ အသက်ရှင်နေခဲ့တာပဲ။ ဘာနဲ့ပဲ ရင်ဆိုင်ရပါစေ ကိုယ့်ဂုဏ်သတင်းအတွက် ကောင်းမှာလားဆိုတာကို အရင်ဆုံးတွေးတယ်။ ညီမအကျိုးစီးပွား ထိခိုက်မယ်ဆိုရင် အသင်းတော်အလုပ်အတွက် ကောင်းမယ်ဆိုရင်တောင် မလုပ်ချင်ဘူး။ ညီမက အတိုက်အခံလုပ်ပြီး ငြင်းတယ်။ ဘုရားအပေါ် မရိုးသားဘူး၊ ဒါမှမဟုတ် လုံးဝ မနာခံဘူး။ ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံတာ မကြာသေးတဲ့သူတွေက သမ္မာတရားကို မသိသေးဘူး။ သူတို့တွေက သူတို့ကို လှည့််စားပြီး အဝေးကို တွန်းပို့မဲ့ သင်းအုပ်ဆရာတွေရဲ့ ကြားဝင်စွက်ဖက်မှုတွေကို ယုံလွယ်တယ်။ ဒါကြောင့် အသင်းတော်က သူတို့တွေကို ရေလောင်းပြီး ပံ့ပိုးပေးဖို့ ညီမကို တာဝန်ပေးတယ်။ ဒီလိုအဓိကကျတဲ့ တာဝန်ကို ရင်ဆိုင်ရတော့ ညီမက တာဝန်ယူပြီး ကိုယ့်တာဝန်ကို မဖြည့်ဆည်းချင်ဘူး။ ကိုယ်လုပ်တာမကောင်းရင် ညီမ ဂုဏ်ထိခိုက်မှာကို ကြောက်တယ်။ ဒါက အန္တိခရစ်လို စိတ်သဘောထားမျိုးပဲ။ တစ်ကိုယ်ကောင်းဆန်တယ်။ စက်ဆုပ်စရာကောင်းတယ်။ ကိုယ်ကျိုးပဲကြည့်တယ်။ ညီမ အရမ်းနောင်တရပြီး အပြစ်ရှိတယ်လို့ ခံစားမိတယ်။ ဘုရားအပေါ်ကို တကယ်ကို အကြွေးတင်သလို ခံစားရပြီး ဘုရားဆီမှာ နောင်တရချင်ခဲ့တယ်။

နောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တယ်။ “လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် မကောင်းမှုပြုသူဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထိုအစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အတိအကျဆိုလျှင် စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေးဘဲ၊ တကယ်တမ်းတွင် သင့်အမူအကျင့်မှာ ဆိုးယုတ်မှုသို့ ပြောင်းသွားပြီဖြစ်သည်။ ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်မည့်အပြင် သင်သည် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ ကြိုးစားသနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက တော်တော်ရှင်းတယ်။ ညီမတို့ ဘယ်လောက် ဒုက္ခခံတယ်ဆိုတာ ဘုရားက မကြည့်ဘူး။ ညီမတို့ စိတ်ထဲမှာ ဘာရှိတယ်၊ တာဝန်ထမ်းဆောင်တော့ ဘာတွေ ဖော်ပြတယ်၊ သမ္မာတရားကို လက်တွေ့လုပ်တဲ့ သက်သေခံချက်ရှိမရှိဆိုတာ ကြည့်တယ်။ လူတစ်ယောက်က သူ့တာဝန်မှာရှိတဲ့ ရည်ရွယ်ချက်က ဘုရားကို ကျေနပ်စေဖို့ မဟုတ်ဘူးဆိုရင် သူက သမ္မာတရားကို လက်တွေ့လုပ်နေတာမဟုတ်ဘူး။ ဒါဆိုရင် သူက ဘယ်လောက်ပဲ ပေးဆပ်ပါစေ ဘုရားက ဒါကို မကောင်းမှုလုပ်ပြီး သူ့ကို ဆန့်ကျင်နေတယ်လို့ မြင်တယ်။ ဒီအချိန်ကာလမှာ ညီမရဲ့ စိတ်ဓာတ်က ထုတ်ဖော်ပြတဲ့အရာကို စဉ်းစားကြည့်တော့ ညီမက ကိုယ့်အကျိုးစီးပွားအတွက်ပဲ အမြဲတမ်း စဉ်းစားပြီး စီစဉ်တယ်။ ကိုယ့်တာဝန်ကျတော့ ရှောင်ချင်တယ်။ ညီမက စိတ်မပါတပါနဲ့ လက်ခံခဲ့ပေမဲ့ တာဝန်မယူဘူး။ လေ့ကျင့်ပေးသင့်တဲ့သူတွေကို မလေ့ကျင့်ပေးဘူး။ ပြီးတော့ တချို့ ယုံကြည်သူအသစ်တွေက သူတို့ကို ညီမ အချိန်မီ ရေလောင်းမပေးတော့ ပုံမှန် မစုဝေးကြဘူး။ ညီမ ရည်ရွယ်ချက်တွေနဲ့ အပြုအမူတွေက ဘုရားအတွက် ရွံစရာဖြစ်ခဲ့တယ်။ ဘုရားအမြင်မှာ ညီမက မကောင်းမှုလုပ်ပြီး သူ့ကို အာခံနေတာပဲ။ ညီမက နှစ်တွေအကြာကြီး ယုံကြည်သူဖြစ်ခဲ့ပြီး ဘုရားဆီကနေ သမ္မာတရားရဲ့ အာဟာရကို အများကြီး ခံစားခဲ့တယ်။ ဒါပေမဲ့ ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ တစ်ခါမှ မတွေးခဲ့ဘူး။ အသင်းတော်အလုပ်က ပံ့ပိုးပေးဖို့ အလိုအပ်ဆုံးအချိန်မှာ ညီမက လေးလံတဲ့ ဝန်ကို မထမ်းချင်ခဲ့ဘူး။ ညီမက တာဝန်မထမ်းဆောင်ဘူး။ ဘုရားကို မကျေနပ်စေဘူး။ ညီမက တကယ်ကို အသိတရား၊ ဒါမှမဟုတ် လူ့သဘာဝတစ်ခုမှ မရှိပါဘူး။ ညီမ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီးတာဝန်မှာ သမီးက အသင်းတော်အလုပ်ကို လုံးဝ မကာကွယ်ဘဲ ကိုယ့်နာမည်နဲ့ အဆင့်အတန်းနောက်ကို လိုက်နေပါတယ်။ သမီးက အရမ်း တစ်ကိုယ်ကောင်းဆန်ပါတယ်။ သမီးတာဝန်ကို ကောင်းကောင်းမလုပ်ပါဘူး။ ကိုယ်တော့်အပေါ်မှာ အရမ်းကို အကြွေးတင်ပါတယ်။ ဘုရားသခင်၊ သမီးကို နောက်ထပ် အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သမီး နောင်တရချင်ပါတယ်။ ဒီဝန်ထုပ်ကို ယူချင်ပါတယ်။ အရင်က ပြစ်မှားမှုတွေအတွက် ပေးဆပ်ဖို့ ညီမတာဝန်ကို အစွမ်းကုန် လုပ်ဆောင်ချင်ပါတယ်” ဆိုပြီးတော့။

နောက်ပိုင်းမှာ ညီမကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ ဘုရားသခင်က ပြောသည်- “မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ အလိုတော်နှင့် အသင်းတော အလုပ်တို့ကို စဉ်းစားသင့်ပြီး၊ ဤအရာများကို ဦးစားပေးသင့်၏။ ထို့နောက်တွင်မှ၊ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ မြင်သည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို ဤအဆင့်များအဖြစ်သို့ ပိုင်းခြားလိုက်ပြီး အပေးအယူအချို့ ပြုလုပ်သည့်အခါ၊ အနည်းငယ် ပိုမို လွယ်ကူသွားသည်ဟု သင် မခံစားရသလော။ ခဏတာ ဤအရာကို သင် လက်တွေ့လုပ်ဆောင်လျှင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ခက်ခဲခြင်းမရှိဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင်၊ သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်သင့်သည်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်သင့်သည်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးများ၊ အသင်းတော်အလုပ်နှင့် သင်ထမ်းဆောင်သင့်သည့် တာဝန်တို့ကို ဦးစားပေးနိုင်သင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ ပြုမူကျင့်ကြံရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စက်ဆုပ်ဖွယ်‌ကောင်းခြင်းနှင့် ယုတ်မာခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကနေ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုကို ညီမ တွေ့သွားတယ်။ တစ်ခုခုဖြစ်လာတဲ့အခါ ကိုယ့်အကျိုးစီးပွားကို လက်လွှတ်ပြီး အသင်းတော်အကျိုးစီးပွားကို ရှေ့တန်းတင်ဖို့ပဲ။ ဘုရားနှုတ်ကပတ်တော်က ပြောတာကို ညီမ လုပ်ချင်ခဲ့တယ်။ ကိုယ့်အကျိုးစီးပွားကို ထိခိုက်မလား၊ မထိခိုက်ဘူးလားဆိုတာ၊ သူများတွေက ညီမကို ဘယ်လိုထင်မလဲဆိုတာ စဉ်းစားနေတာတွေကို ရပ်ချင်ခဲ့တယ်။ ညီမရဲ့ တာဝန်တွေကို ထမ်းဆောင်ပြီး အလုပ်ကို လုပ်ရမယ်။ ညီမက ခက်တဲ့အလုပ်တွေကို လုံးဝ မလုပ်ချင်ဘူး၊ အထင်သေးခံရမှာ၊ ကောင်းကောင်းမလုပ်ရင် ကိုင်တွယ်ဖြေရှင်းခံရမှာကို ကြောက်တာတွေကိုလည်း သဘောပေါက်သွားတယ်။ လူကို ကယ်တင်ဖို့ ဘုရားရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်တွေကို ညီမ နားမလည်ခဲ့ဘူး။ ပိုခက်တဲ့အလုပ်တွေကို ညီမကို ပေးတာက ဘုရားရဲ့ ကျေးဇူးတော်ပါ။ ညီမက ဘုရားကို ကိုးစားတတ်အောင်၊ ပြဿနာတွေဖြေရှင်းဖို့ သမ္မာတရားရှာတတ်အောင် ဘုရားက ဒီအခက်အခဲကို သုံးနေတာပါ။ ညီမရဲ့ တာဝန်တစ်လျှောက်မှာ လေးလံတဲ့ ဝန်ကို ထမ်းရတာ၊ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတာ၊ ဒါမှမဟုတ် အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာ ဖော်ထုတ်ခြင်းခံရတာတွေအားလုံးက ကောင်းတဲ့အရာတွေပဲ။ ဒါတွေက ကိုယ့်အမှားနဲ့ ပျော့ကွက်တွေကို ပိုပြီး မြင်ခွင့်ပေးတယ်။ ကိုယ့်အားနည်းချက်တွေကို ဖာထေးနိုင်ဖို့ သမ္မာတရား ရှာပြီး သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်တဲ့နေရာမှာ ပိုအာရုံစိုက်နိုင်တယ်။ ဒါက သမ္မာတရားအပေါ် ညီမရဲ့ နားလည်မှုနဲ့ အသက်တာမှာ တိုးတက်ဖို့အတွက် အကျိုးရှိတယ်။ ဒါ ဘုရားရဲ့ ချစ်ခြင်းပဲ။

ဘုရားအလိုတော်ကို ညီမ နားလည်တာနဲ့ ညီမတာဝန်အပေါ် သဘောထားက ပြောင်းသွားတယ်။ အသင်းတော်နှစ်ခုရဲ့ အလုပ်ကို စီမံဖို့က ကိုယ့်အရည်အချင်းတွေကိုပဲ အားကိုးလို့မရဘူးဆိုတာ ညီမမြင်သွားတယ်။ ညီမလုပ်နိုင်တဲ့အရာက အကန့်အသတ်ရှိတယ်။ ဒါကြောင့် လူတွေကို လေ့ကျင့်တဲ့နေရာမှာ အာရုံစိုက်ရမယ်။ ဘုရားအလိုတော်ကို သိတဲ့ ညီအစ်ကိုမောင်နှမတွေ ပိုများလာတာနဲ့ သူတို့က တာဝန်တွေကို ယူနိုင်တယ်။ ဒါဆိုရင် အလုပ်က ပိုလွယ်သွားမှာပဲ။ ဒါဆို ညီမက အရေးပါတဲ့တာဝန်တွေအပေါ်မှာ ကိုယ့်စွမ်းအားကို အာရုံစိုက်နိုင်တယ်။ အဲဒါနဲ့ ရေလောင်းအမှုထမ်းတွေနဲ့ လေ့ကျင့်ဖို့ လူတွေကို ညီမ ဆွေးနွေးပြီး အတည်ပြုခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ တကယ့်အခက်အခဲတွေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် စုဝေးပွဲတွေလုပ်ပြီး ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ဖို့ လုပ်တယ်။ တချို့ ညီအစ်ကိုမောင်နှမတွေက ဘုရားအမှုတော်ကို နားလည်သွားကြတော့၊ ယုံကြည်ခြင်းရပြီး တာဝန်ထမ်းဆောင်ချင်ကြတော့ ညီမ အံ့ဩမိတယ်။ ညီမတို့ အတူတူအလုပ်လုပ်ကြတော့ ညီမက တာဝန်မှာ တော်တော်ပိုပြီး ထိရောက်မှုရှိလာတယ်။ တချို့ ပရောဂျက်တွေက ဘယ်လောက်မှ မကြာဘဲ ပြီးသွားတယ်။ သူတို့လည်း အလေ့အကျင့်နည်းနည်းရပြီး သူတို့တာဝန်အတွက် ပိုပြီး အားရှိလာကြတယ်။ အချိန်ခဏကြာ ရေလောင်းပြီး ပံပိုးပေးခံရပြီးတဲ့နောက်မှာ ယုံကြည်သူအသစ်တော်တော်များများက ဘုရားအမှုတော်ကို နည်းနည်းနားလည်လာကြတယ်။ လမ်းမှန်ပေါ်မှာ အုတ်မြစ်ချပြီး စုဝေးပွဲတွေကို တက်တက်ကြွကြွနဲ့ တက်ကြတယ်။ ဒါတွေအားလုံးကို မြင်ရတာ ညီမစိတ်ထဲမှာ တော်တော်ခံစားရတယ်။ ကိုယ်ပိုင်အကျိုးစီးပွားတွေကို လက်လွှတ်ပြီး ဝန်ထုပ်ဝန်ပိုးထမ်းရွက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ အကောင်းဆုံး ကြိုးစားပြီးတဲ့နောက်မှာ ကိုယ်တိုင် သတိမထားမိခင်မှာဘဲ နည်းနည်းတိုးတက်မှုရှိလာပြီး ညီမတာဝန်မှာ တော်တော်ပိုပြီး အောင်မြင်လာတယ်။ အခုတော့ ညီမ တာဝန်ယူဖို့ မကြောက်တော့ဘူး။ ဘုရားကို ကျေနပ်စေဖို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ပြီး တာဝန်ထမ်းဆောင်ချင်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ငွေနှင့် ဂုဏ်အဆင့်အတန်းသည် ကျွန်မအတွက် မည်သည့်အရာကို လုပ်ဆောင်ပေးဖူးသနည်း

နီနာ အိုင်ဗရီကို့စ်နိုင်ငံ ကျွန်မက ပျက်စီးနေတဲ့ မိသားစုမှာ မွေးခဲ့တာပါ။ ကျွန်မအမေက ကျွန်မကို ကိုယ်ဝန်ရှိနေတုန်း ကျွန်မအဖေက...

စစ်ပွဲတွင် စာတန်ကို အနိုင်ယူခြင်း

ချမ်မိုရမ်၊ ဟီနန်စီရင်စု အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိန့်ကြားသည်။ “သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌...

ကိုင်တွယ်ဖြေရှင်းခံရခြင်းမှ ကျွန်မ ရရှိခဲ့တဲ့အရာ

ရှောင်မိ ဂျပန်နိုင်ငံ ၂၀၂၂ခုနှစ်၊ ဇွန်လမှာ ညီမက အသင်းတော်ခေါင်းဆောင်အနေနဲ့ အရွေးခံရတယ်။ ညီမ တာဝန်ယူရမဲ့ အလုပ်တွေ၊ ရမဲ့ အတော်များတဲ့...

ပိုကောင်းသည့် သက်သေခံတစ်ဦးဖြစ်ဖို့ သင်ယူခြင်း

မော့ယန် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဇွန်လကပေါ့၊ ရေလောင်းတဲ့ သင်းထောက်တစ်ယောက်အဖြစ်၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံပြီးခါစ လူတွေကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။