ပျက်ပြယ်မသွားသော နာကျင်မှုတစ်ခု

25.11.2024

၂၀၀၂ ခုနှစ်ရဲ့ နှောင်းပိုင်းကာလ ရက်တစ်ရက်မှာ၊ ကျွန်တော့်တာဝန်ကို ထမ်းဆောင်နေတုန်း ရုတ်တရက် ရဲအဖမ်းခံလိုက်ရတယ်။ သူတို့က ကျွန်တော့်ကို ဧည့်ဂေဟာဆီ ခေါ်သွားပြီး၊ ကျွန်တော့်ရဲ့ ဘဏ်ငွေအဝင်အထွက် ဗီဒီယိုကို ပြတယ်။ ငွေတွေကို ဘယ်ကရတယ်၊ ကျွန်တော် ဘယ်မှာနေတယ်၊ ဘယ်သူက အသင်းတော်ကို ဦးဆောင်တယ် ဆိုတာတွေကို မရပ်မနားမေးကြတယ်။ ကျွန်တော် ဖြေဖို့ငြင်းတော့ နည်းအမျိုးမျိုးနဲ့ ညှဉ်းဆဲတယ်။ ကျွန်တော့်ကို အတင်းဆောင့်ကြောင့်ထိုင်ခိုင်းတယ်၊ သားရေဖိနပ်တွေနဲ့ မျက်နှာကို ရက်ရက်စက်စက် ဖြတ်ရိုက်တယ်၊ ပြီးတော့ “အိပ်ခွင့်မပေးတဲ့” နည်းမျိုးတွေ သုံးပြီး ရဲဆယ်ယောက်ကျော်က ကျွန်တော့်ကို ဝိုင်းစစ်ဆေးကြတယ်၊ ကျွန်တော့်ကို ပေးမအိပ်ကြဘူးဆိုတဲ့ သဘောလေ။ ကျွန်တော် မျက်လုံးမှိတ်တဲ့အခါတိုင်းမှာ၊ ရဲတွေက မျက်နှာကို ခပ်ပြင်းပြင်း ဖြတ်ရိုက်တယ်၊ ကြမ်းကြမ်းတမ်းတမ်း ကန်တယ်။ ဒါမှမဟုတ် နားနားကပ်ပြီး ရုတ်တရက် အကျယ်ကြီး အော်တယ်။ အချိန်အကြာကြီး အိပ်ရေးပျက်ခဲ့ရတော့ စိတ်ရှုပ်ထွေးတာ၊ အပြင်းဖျားတာ၊ ခေါင်းမူးတာ၊ နားအူနေတာတွေကို တွေ့ကြုံခဲ့ရတယ်။ ကျွန်တော် နှစ်ထပ်တောင် စမြင်လာတယ်။ ရဲတွေ ညှဉ်းဆဲတာ ရက်နှစ်ဆယ်ပြည့်တဲ့အခါ ကျွန်တော့်ခန္ဓာကိုယ်က မခံနိုင်တော့ဘူး။ ကျွန်တော် မြေပေါ်ပြိုလဲသွားပြီး၊ ထဖို့ အားမမွေးနိုင်တော့ဘူး။ ကျွန်တော့်မျက်လုံးတွေ မပွင့်တော့ဘဲ သတိလစ်ချင်သလိုလိုဖြစ်လာပြီ။ အသက်ရှူရတာတောင် ခက်လာပြီး အချိန်မရွေး သေသွားနိုင်သလို ခံစားရတယ်။ ကျွန်တော် ကြောက်တဲ့စိတ်နဲ့ပြည့်သွားတယ်။ ကျွန်တော့်အမေ၊ မိန်းမနဲ့ ကလေးတွေအကြောင်းကို မနားတမ်း တွေးနေမိတယ်။ ကျွန်တော် သေသွားရင် သူတို့ဖြေမဆည်နိုင်ဘဲ အရမ်းစိတ်ထိခိုက်ကုန်ကြမှာကို စိုးမိတယ်။ အဲဒီနောက်မှာ သူတို့ဘယ်လို ဆက်အသက်ရှင်ကြမလဲပေါ့။ ရီဝေဝေဖြစ်နေချိန်မှာ၊ ရဲတွေက၊ “မင်းလို ခေါင်းမာတဲ့ ကောင်မျိုးတွေ သေသွားရင် ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ငါတို့ မင်းကို ဘယ်သူမှ မသိတဲ့တစ်နေရာရာမှာ မြေမြှုပ်ပစ်မှာ”လို့ ပြောတာကို ကြားလိုက်ရတယ်။ သူတို့က၊ “မင်းဘယ်မှာနေတယ်ဆိုတာပဲ ငါတို့ကို ပြော၊ ဒီအမှုကို ငါတို့ ပိတ်လိုက်မယ်။ ငါတို့ မင်းနဲ့ တစ်ညလုံး ဒုက္ခခံပြီး မနေချင်ဘူးကွ”လို့လည်း ပြောကြတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်။ “ဒီညမှာ ငါ ဘာတစ်ခုမှ မပြောရင်၊ ကျော်ဖြတ်ဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ဘူး။ အသေးအဖွဲလေးတစ်ခုခုလောက် ငါ ပြောလိုက်သင့်တယ်ထင်တယ်”လို့ပေါ့။ ကျွန်တော့်ကို ဧည့်ခံခဲ့တဲ့ အစ်မကြီးအကြောင်းကို တွေးမိတယ်။ သူက အသင်းတော်ကိစ္စတွေကို နည်းနည်းပဲ သိတယ်။ သူ့အိမ်မှာ ကျွန်တော် နေတာ ဝန်ခံလိုက်ရင်၊ အသင်းတော်ကို ထိခိုက်မှာ မဟုတ်ဘူး၊ မဟုတ်လားပေါ့။ ကျွန်တော် အဖမ်းခံခဲ့ရတာ ရက်နှစ်ဆယ်ဖြစ်နေပြီ။ သူ့အိမ်မှာရှိတဲ့ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို ရွှေ့ထားတာ ကြာလောက်ပြီလေ။ ဘာအထောက်အထားမှ သူတို့ မရှာနိုင်ခဲ့ရင် အဲဒီအစ်မကြီးကို ရဲတွေက ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး၊ မဟုတ်လား။ အဲဒီအစ်မကြီးရဲ့အိမ်ကို ကျွန်တော် ပြောပြလိုက်တယ်။ ကျွန်တော့်ပါးစပ်ကနေ စကားတွေ ထွက်သွားတာနဲ့ ကျွန်တော့်စိတ်က ချက်ချင်း ရှင်းသွားပြီး၊ ကျွန်တော် ယုဒတစ်ယောက် ဖြစ်လာခဲ့ပြီမှန်း သိလိုက်တယ်။ ကျွန်တော် တော်တော်ကြီး ပိုကြောက်လာပြီး တစ်ကိုယ်လုံး ကျောက်ရုပ်လိုဖြစ်သွားတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီး အရမ်း နောင်တရမိတယ်။ ကျွန်တော် ယုဒတစ်ယောက်ဖြစ်လာပြီး ညီအစ်မတစ်ယောက်ကို သစ္စာဖောက်ခဲ့ပုံကို မုန်းမိတယ်။ ကိုယ်ပြောခဲ့တာတွေ ပြန်ပြင်ဖို့ အဲဒီအချိန်ကို ပြန်သွားလိုက်ချင်တယ်။ ဒါပေမဲ့ အားလုံးက အရမ်းနောက်ကျသွားပြီ။ အဲဒီအစ်မက သူ့ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုကို အလေးမထားဘဲ ကျွန်တော့်ကို ဧည့်ခံခဲ့ပုံကို တွေးမိတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ သူ့ကို သစ္စာဖောက်မိခဲ့တယ်။ ကျွန်တော့်အသိစိတ်က ပိုလို့တောင် လိပ်ပြာမသန့်ဖြစ်ရပြီး ဘာလူ့သဘာဝမှမရှိခဲ့လို့ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ အထူးသဖြင့် ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတဲ့အခါမှာပေါ့။ “ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိ၏။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဒီနှုတ်ကပတ်တော်တွေက ကျွန်တော့်စိတ်နှလုံးကို ဓါးတစ်စင်းလို ထိုးဖောက်သွားတယ်။ ကျွန်တော့်ရဲ့ အသိစိတ်က ပိုလို့တောင် လိပ်ပြာမလုံဖြစ်ခဲ့ရတယ်။ ကျွန်တော့်စိတ်နှလုံးထဲ သိခဲ့တယ်။ ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်၊ သန့်ရှင်းတယ်၊ လူ့ရဲ့ ပုန်ကန်ပြစ်မှားမှုကို သည်းမခံဘူးဆိုတာပေါ့။ ဘုရားက ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ သူ့ကို သစ္စာဖောက်ပြီး ညီအစ်ကို မောင်နှမတွေကို ဖော်ကောင်လုပ်တဲ့သူတွေကို မုန်းတယ်။ အဲဒီညီအစ်မကို သစ္စာဖောက်ပြီးတော့ ကျွန်တော်က ရှက်စရာကောင်းတဲ့ ယုဒဖြစ်လာပြီး ဘုရားရဲ့ စိတ်နှလုံးကို နာကျင်စေခဲ့တယ်။ ဘုရားက ခုချိန်မှာ ကျွန်တော့်ကို ကယ်တင်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ဘုရားကိုယုံကြည်တဲ့ လမ်းကြောင်းကို ဖြတ်ပစ်ခဲ့တာ ကျွန်တော်ပါပဲ။ ဒီအရာအားလုံးကို စဉ်းစားကြည့်တဲ့အခါ၊ ကျွန်တော့်စိတ်နှလုံးက နာကျင်မှုနဲ့ အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲခံနေရသလို ခံစားရတယ်။ ကျွန်တော် တစ်ညပြီးတစ်ည အိပ်လို့မရဘူး၊ မချိတင်ကဲဝေဒနာနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး အသက်ရှင်ခဲ့တယ်။ ဘုရားနဲ့ အဲဒီအစ်မကြီးကို ကျွန်တော် အကြွေးတင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လို့မရခဲ့ဘူး။ အဲဒီနောက်မှာ၊ ကျွန်တော့်ဆီကနေ နောက်ထပ် ဘာတစ်ခုမှ မရနိုင်တာကို ရဲတွေက မြင်တော့၊ ကျွန်တော့်အပေါ် စွပ်စွဲချက်တွေ လုပ်ကြံဖန်တီးပြီး၊ ထောင်တစ်နှစ်ခွဲ ပြစ်ဒဏ်ချခဲ့ကြတယ်။ အဲဒီအချိန်မှာ၊ ကျွန်တော့် ခန္ဓာကိုယ်က အရမ်းအားနည်းတယ်။ အိမ်အပြင်ဘက် လေ့ကျင့်ခန်း လုပ်ရင်းနဲ့ ခြေလှမ်းနည်းနည်း လျှောက်ပြီးတဲ့အခါ ကျွန်တော် အရမ်းဟောဟဲလိုက်လာတယ်။ ရဲတွေက သူတို့ အသက်ဆုံးရှုံးသွားအောင် လုပ်မိမှာကို ကြောက်လို့ ရက်ငါးဆယ်အကြာမှာ ကျွန်တော့်ကို ဆေးခွင့်နဲ့ လွှတ်လိုက်ကြတယ်။ ဒါပေမဲ့ ဒေသတွင်းနယ်ပယ်ကနေ ကျွန်တော့်ကို ထွက်သွားခွင့်မပေးကြဘူး။ ကျွန်တော် ဘယ်မှာရှိတယ်ဆိုတာကို သူတို့ဆီ လတိုင်း အကြောင်းကြားရပြီး၊ သုံးလတစ်ကြိမ် ရဲစခန်းကို ယုံကြည်မှုသဘောထားနဲ့ပတ်သက်တဲ့အစီရင်ခံစာပို့ရတယ်။ အဲဒီအတောအတွင်းမှာ ရဲတွေက အဲဒီအစ်မရဲ့အိမ်ကို သွားကြပြီး၊ သူက သူ့တာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘူး။

ကျွန်တော် အိမ်မှာ တစ်လကျော် နေခဲ့ပေမဲ့ နောက်တော့ ရဲ့တွေကို ကျွန်တော့်ကို ထပ်လာဖမ်းတယ်။ ဒါကြောင့် အလုပ်လုပ်ဖို့ တခြားမြို့ကို ကျွန်တော် အမြန်ထွက်ပြေးခဲ့ရတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ၊ ရဲတွေက ကျွန်တော့်ကို ဖမ်းဖို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ခြေရာခံမိသွားတယ်။ အဲဒီလုပ်ငန်းခွင်ကနေ ကျွန်တော် ညတွင်းချင်း ထွက်ပြေးခဲ့ရတယ်။ အဲဒီကာလက ကျွန်တော့်အတွက် အခက်ခဲဆုံး အချိန်ပဲ။ အသင်းတော်နဲ့ အဆက်အသွယ်ပြတ်တယ်။ ကျွန်တော့် ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ကျွန်တော့်ကို အဆက်ဖြတ်ထားကြတယ်။ ကျွန်တော့်မှာ ပုန်းစရာနေရာမရှိဘဲ၊ နေရာအနှံ့ လျှောက်သွားခဲ့ရတယ်။ တံတားတွေအောက် ခဏခဏ အိပ်ခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော် တော်တော့်ကို ကူကယ်ရာမဲ့ခဲ့တယ်။ ဘုရားက ကျွန်တော့်ကို မလိုချင်တော့သလိုမျိုးခံစားရတယ်။ ဘုရားရဲ့ စိတ်သဘောထားကို ကျွန်တော် ပုန်ကန်ပြစ်မှားမိပြီး အဲဒီလို ပြစ်ဒဏ်မျိုးနဲ့ ထိုက်တန်မှန်း ကျွန်တော် သိတယ်။ တကယ်တော့၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ကျွန်တော် သည်းခံနိုင်ပေမဲ့၊ ဘုရားသခင်၊ အသင်းတော် အသက်တာနဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်နိုင်စွမ်းတွေကို ဆုံးရှုံးရတာတွေကြောင့် အသက်ရှင်ဖို့ထက် သေသာသေလိုက် ချင်ခဲ့တယ်။ ဘုရားကို ဆုမတောင်းရဲခဲ့ဘူး၊ သူ့ကို ဆုတောင်းဖို့ မထိုက်တန်သလို ခံစားခဲ့ရတယ်။ ကျွန်တော်က ဘုရားရဲ့ စက်ဆုပ်တာခံရတဲ့သူ ယုဒတစ်ယောက်ဖြစ်လာခဲ့သလိုမျိုး ခံစားရတယ်။ ဘုရားက ကျွန်တော့် ဆုတောင်းချက်တွေကို နားထောင်ပါဦးမလားပေါ့။ တစ်ညပြီးတစ်ည အိပ်လို့မရခဲ့သလို၊ နောင်တ အများကြီးနဲ့ ပြည့်နေခဲ့လို့ ကိုယ့်ကိုယ်ကို ဘယ်နှစ်ကြိမ်ဖြတ်ရိုက်နေခဲ့မိမှန်း မသိတော့ဘူး။ ခဏခဏဆိုသလို ကျွန်တော့်ရဲ့ နာကျင်မှုကို သေခြင်းနဲ့ အဆုံးသတ်လိုက်ချင်ခဲ့တယ်။ နောက်တော့၊ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိပြီး၊ သူ့ရည်ရွယ်ချက်ကို နည်းနည်းပို နားလည်လာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို မခံကြရဘဲ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့၊ ကျွန်တော် ရင်ဆိုင်နေရတဲ့ အခြေအနေတွေက ဘုရားရဲ့ ဖြောင့်မတ်ခြင်းဖြစ်မှန်းကို သဘောပေါက်လိုက်တယ်။ ကျွန်တော့်ရဲ့ ယုဒနဲ့တူတဲ့ လုပ်ရပ်တွေအတွက် ထိုက်တန်တဲ့ အပြစ်ဒဏ်တစ်ခုပဲ။ ဒါပေမဲ့ ကျွန်တော့်ကို ဘုရားက ဖန်ဆင်းခဲ့တာ၊ ကိုယ့်အတွက် သေခြင်းကို ကျွန်တော် မရွေးသင့်ဘူး။ ဘုရားရဲ့ အပြစ်ပေးတာကို ကျွန်တော် လက်ခံသင့်တယ်။ အနာဂတ်မှာ၊ ကျွန်တော် အခွင့်ရတဲ့အခါတိုင်း ဘုရားနောက်ကို ဆက်လိုက်မယ်။ ဘုရားအတွက် အစေခံရမဲ့ သဘောဖြစ်ရင်တောင်၊ လိုလိုလားလားနဲ့ လုပ်မယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ သေဖို့တွေးတဲ့ ဘယ်အတွေးကိုမဆို ကျွန်တော် ဖယ်ထုတ်ပြီး ဒူးထောက်ငိုယို ဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ ကျွန်တော် သေထိုက်ပါတယ်။ ကျွန်တော် ကျိန်ခြင်းခံထိုက်ပါတယ်...”လို့ပေါ့။ ဘုရားကို ဆုတောင်းတဲ့ အချိန်အကြာကြီးမှာ ကျွန်တော် ဒီတစ်ခုတည်းပဲ ပြောနိုင်ပြီး ရှေ့ဆက်ပြောဖို့ ဆို့နင့်နေခဲ့တယ်။

၂၀၀၈ ခုနှစ်မှာ၊ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို ရှာတွေ့ပြီး၊ အဲဒီအစ်မကို သစ္စာဖောက်တာက ကျွန်တော့်ဇာတိပကတိ အားနည်းတဲ့ အခိုက်အတန့်တစ်ခုဖြစ်တယ်၊ အဲဒါကြောင့်နဲ့တော့ အသင်းတော်ကို သိသာထင်ရှားတဲ့ ဆုံးရှုံးမှု ဖြစ်မသွားခဲ့ပါဘူးလို့ ပြောကြတယ်။ ကျွန်တော့်ရဲ့ တစ်သမတ်တည်း တာဝန်ထမ်းဆောင်မှုက ကောင်းတယ်၊ ပြီးတော့ အသင်းတော်ကို ကျွန်တော့်ကို တာဝန်တစ်ခု ထပ်ပေးတယ်လို့လည်း ပြောကြတယ်။ အဲဒီအချိန်မှာ မျက်ရည်တွေကျတဲ့အထိ ကျွန်တော် စိတ်ထိခိုက်ခံစားရတယ်။ ဘုရားကို သစ္စာဖောက်ပြီး ယုဒလုပ်တာက ငရဲကို သွားရမဲ့သဘောဖြစ်ရင်တောင် အပြစ်ဒဏ်နဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့တာလေ။ ဒါပေမဲ့ ဘုရားက ကျွန်တော့်ရဲ့ ပြစ်မှားမှုအတိုင်း ကျွန်တော့်ကို မဆက်ဆံခဲ့ဘူး။ နောင်တရဖို့ အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ ဘုရားကို ဘယ်လောက် အကြွေးတင်တယ်ဆိုတာကို သဘောပေါက်ပြီး ကျွန်တော် ပိုလို့တောင် နောင်တရမိသလို ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ကျွန်တော့် စိတ်နှလုံးထဲမှာ ဆုံးဖြတ်လိုက်တယ်။ အနာဂတ်မှာ အသင်းတော်က ဘယ်တာဝန်တွေကိုပဲ အပ်ပါစေ၊ ကျွန်တော် တန်ဖိုးထားပြီး ဘုရားကို ပြန်ဆပ်ဖို့ ကောင်းကောင်း ထမ်းဆောင်မယ်။ နောက်ပိုင်းမှာ၊ ကွန်မြူနစ်ပါတီက နေရာအမျိုးမျိုးက ယုံကြည်သူတွေကို စဖမ်းတယ်။ ကျွန်တော်တို့ အသင်းတော်က ခေါင်းဆောင်နှစ်ယောက်လည်း အဖမ်းခံခဲ့ရတယ်။ သိပ်မကြာခင်မှာပဲ သူတို့က ယုဒလုပ်ပြီး အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတာကို ကျွန်တော် ကြားရတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကိုယ့်ဘာသာ တွေးမိတယ်။ “ယုဒပြောင်းသွားဖို့ သူတို့ နှင်ထုတ်ခံရပြီး ငါလည်း အဲဒီလို ပြုမူခဲ့တယ်ဆိုရင်၊ ငါ နှင်ထုတ်ခံရဖို့က အချိန်နဲ့ပဲ ဆိုင်တယ် မဟုတ်လား”လို့ပေါ့။ ဒီအရာတွေကို တွေးရင်းနဲ့ ကျွန်တော့် စိတ်နှလုံးက နည်းနည်း ဆို့နင့်သွားတယ်။ ကျွန်တော့်ရဲ့ ပြစ်မှားမှုက အရမ်းကြီးပြီး၊ ကျွန်တော် ဘယ်လောက်ပဲ အားထုတ်လိုက်စားပါစေ၊ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်က နည်းပါးပုံရတယ်လို့ ခံစားရတယ်။ တစ်နေ့မှာ ကျွန်တော့်တာဝန်တွေကို လုပ်တဲ့နေရာမှာ အမှားလုပ်မိရင်၊ အသင်းတော်က ကျွန်တော့်ကို နှင်ထုတ်နိုင်တယ်။ အဲဒီအချိန်မှာ ကျွန်တော် ပိုလို့တောင် နောင်တရမိတယ်။ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ မရပ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ အဲဒီတုန်းက ကိုယ့်သက်သေခံချက်မှာသာ ခိုင်ခိုင်မာမာ ရပ်ခဲ့ရင် ဒီလို ဆင်းရဲဒုက္ခခံရမှာ မဟုတ်ဘူးလေ။ အားလုံးက ဘာလို့လဲဆိုတော့ ကျွန်တော်က သေဖို့ အရမ်းကြောက်ခဲ့ပြီး အညံ့စားဘဝကို အသက်ရှင်ဖို့ ပိုနှစ်သက်ခဲ့လို့ပဲ။ ကိုယ့်လမ်းကိုရွေးပြီးပြီဆိုတော့ ကိုယ့်ဒုက္ခကိုယ်ခံရမယ်။ တခြားဘယ်သူ့ကိုမှ အပြစ်တင်နေလို့မရဘူး။ ဒါကြောင့် ကျွန်တော့်တာဝန်တွေကို ကျွန်တော် ပိုအားထုတ်ပြီး ထမ်းဆောင်ခဲ့တယ်။ ကိုယ့်ပြစ်မှားမှုကို ကောင်းမှုများများနဲ့ ပေးချေဖို့ မျှော်လင့်ပြီးတော့ပေါ့။ လူတွေအတွက် ဘုရားရဲ့ ကောင်းကြီးတွေ၊ ကတိတွေနဲ့ နှစ်သိမ့်၊ အားပေးတဲ့ စကားတွေကိုတော့ အဲဒါတွေက ကျွန်တော်နဲ့ မပတ်သက်တော့သလို၊ မဆိုင်တော့သလို ခံစားရတယ်။ နောက်ပိုင်းမှာ၊ လူတွေကို ရှင်းလင်းဖို့အတွက် အချက်အလက်တွေကို စီစဉ်တဲ့နေရာမှာ ကျွန်တော် ပူးပေါင်းလုပ်ဆောင်တော့ ယုဒတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကျွန်တော် စုဆောင်း၊ စီစဉ်တဲ့အခါတိုင်းမှာ၊ ကိုယ်က ယုဒလုပ်ပြီး အဲဒီအစ်မကို ထိခိုက်နစ်နာစေခဲ့တာကို ကျွန်တော် သတိရခဲ့တယ်။ ဒီကိစ္စက ကျွန်တော့် စိတ်နှလုံးထဲမှာ တစ်သက်လုံးစွဲကျန်ရစ်ခဲ့တာ။ အဲဒါကို တွေးတဲ့အခါတိုင်းမှာ စွပ်စွဲခံရသလို ခံစားရပြီး နာကျင်မှုက ဓားနဲ့ အထိုးခံရသလိုပဲ။ ဒီကိစ္စက ကျွန်တာ့် စိတ်နှလုံးထဲမှာ အမြဲစွဲထင်တဲ့ အစွန်းအထင်းနဲ့ နာကျင်မှုတစ်ခု ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ၊ နှလုံးရောဂါနဲ့ သွေးတိုးလိုမျိုး ရောဂါအမျိုးမျိုး ကျွန်တော် ဖြစ်လာခဲ့ပြီး ကျွန်တော့် ကျန်းမာရေး ဆိုးသွားခဲ့တယ်။ ကျွန်တော် စတွေးမိတယ်။ ငါ ပြစ်ဒဏ်ပေးတာကို တွေ့ကြုံနေခဲ့ရတာလား။ ဒါမှမဟုတ် ဘုရားက ငါ့ကို စွန့်ပစ်ခဲ့ပြီလား။ ဒါက ကျွန်တော့် စိတ်နှလုံးမှာ ပိုတောင်ကြီးမားတဲ့ ဆင်းရဲဒုက္ခနဲ့ အားနည်းမှုကို ဖြစ်စေခဲ့တယ်။ တစ်ခါတလေ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ရာမှာ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြမိတဲ့အခါ၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖို့လိုမှန်း သိခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော့် ပြစ်မှားမှု ဘယ်လောက်ကြီးမားပြီး အဲဒါရဲ့ သဘာဝက ဘယ်လောက်ပြင်းထန်မှန်း စဉ်းစားမိခဲ့တော့ ကျွန်တော် တွေးမိတယ်။ ဘုရားက ငါ့ကို ကယ်တင်နိုင်ပါဦးမလား။ သမ္မာတရားကို နားလည်အောင် သူ ငါ့ကို ဉာဏ်အလင်းပေးဦးမလားလို့ပေါ့။ အဲဒီလိုနဲ့၊ စိတ်ဓာတ်ကျတဲ့ အခြေအနေမှာ ကျွန်တော် အသက်ရှင်နေခဲ့ရတယ်။

တစ်နေ့မှာ၊ ညီအစ်မတစ်ယောက်က ကျွန်တော့် အခြေအနေကို သိပြီး ကျွန်တော့်ကို ကူညီဖို့ သူ့အတွေ့အကြုံကို မိတ်သဟာယပြုခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကိုလည်း ကျွန်တော့်ကို ဖတ်ပြတယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်သည် လူတစ်ဦး ကယ်တင်ခံရမည်၊ မခံရမည်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အဆင့်အပေါ် အခြေခံ၍ ဆုံးဖြတ်သလော။ ၎င်းတို့ကို တရားစီရင်ရန်၊ မစီရင်ရန်ဖြစ်စေ၊ ပြစ်တင်ဆုံးမရန်၊ မဆုံးမရန်ဖြစ်စေ ၎င်းတို့၏ ပြစ်မှားမှု အတိုင်းအတာ၊ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ပမာဏအပေါ် အခြေခံ၍ သူ ဆုံးဖြတ်သလော။ ၎င်းတို့၏ ခရီးပန်းတိုင်နှင့် အဆုံးသတ်ကို ၎င်းတို့၏ ပုံပန်းများ၊ မိသားစု နောက်ခံ၊ ၎င်းတို့၏ အစွမ်းအစ အဆင့်၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခ ခံခဲ့ရသည်ဆိုသည်တို့အပေါ် အခြေခံ၍ သူ ဆုံးဖြတ်သလော။ ဘုရားသခင်သည် သူ၏ ဆုံးဖြတ်ချက်များအတွက် ဤအရာများကို အခြေခံအဖြစ် မသုံးခဲ့ပေ။ ဤအရာများကို သူ ကြည့်ပင်မကြည့်ပေ။ ထို့ကြောင့် ဘုရားသခင်သည် လူတို့ကို ဤအရာများပေါ် အခြေခံ၍ အကဲမဖြတ်သည့်အတွက် သင်သည်လည်း လူတို့ကို ဤအရာများပေါ် အခြေခံ၍ အကဲမဖြတ်သင့်ကြောင်းကို သင်နားလည်ရပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်သွားတယ်။ ဘုရားက လူတစ်ယောက်ရဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင်ကို သူတို့ရဲ့ ပြစ်မှားမှု အရွယ်အစား ဒါမှမဟုတ် သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှု အတိုင်းအတာပေါ် အခြေခံပြီး မဆုံးဖြတ်ဘူးဆိုတာပေါ့။ အဲဒီအစား၊ လူတစ်ယောက်က ပြစ်မှားမှုတွေ ကျူးလွန်ပြီးတဲ့နောက်မှာ တကယ် နောင်တရမရဆိုတာကို ဘုရားက ကြည့်ပြီး၊ သမ္မာတရားကို သူတို့ ပိုင်ဆိုင်ခြင်း ရှိမရှိဆိုတာနဲ့ သူတို့ရဲ့ စိတ်သဘောထားက ပြောင်းလဲပြီးခြင်း ရှိမရှိဆိုတောတွေပေါ် အခြေခံပြီး လူတစ်ယောက်ရဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင်ကို နောက်ဆုံးမှာ သူ ဆုံးဖြတ်တာပဲ။ ကျွန်တော့် ကိုယ်ပိုင် အယူအဆတွေကို ကျွန်တော် လက်လွှတ်သင့်တယ်။ သမ္မာတရား ရှာသင့်တယ်၊ ကိုယ့်ပြဿနာတွေကို သုံးသပ်ပြီး ဖြေရှင်းသင့်တယ်။ ဒါက ဘုရားရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတယ်။ ဒီအရာတွေကို သဘောပေါက်တာက နှစ်အတော်များများ ကျွန်တော် သယ်ဆောင်ခဲ့တဲ့ ချုပ်တည်းထားတဲ့ စိတ်ခံစားမှုတွေကို အများကြီး လွတ်မြောက်သွားစေခဲ့တယ်။ မျက်နှာပေါ် မျက်ရည်တွေ စီးကျရင်းနဲ့ ဘုရားဆီ ကျွန်တော် ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်။ နှစ်နဲ့ချီပြီး အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ကျွန်တော် အသက်ရှင်နေခဲ့ပါတယ်။ ကျွန်တော့်ရှေ့ရေးနဲ့ ခရီးပန်းတိုင်အတွက် စိုးရိမ်နေမိခဲ့ပြီး သမ္မာတရား လိုက်စားဖို့ မတွေးမိခဲ့ပါဘူး။ ဒီညီအစ်မကတစ်ဆင့် ကျွန်တော့်ကို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော့်ဆီ ကျွန်တော် နောင်တရလိုစိတ်ရှိပါတယ်။ အို ဘုရားသခင်။ ကျွန်တော့် ကိုယ်ပိုင် ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်တော့်ကို ဦးဆောင်ပါ”လို့ပေါ့။

ဆုတောင်းပြီးတဲ့နောက်မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုထဲသို့ လူတို့ ကျဆင်းကြခြင်းအတွက် အခြားသော အကြောင်းတရားတစ်ခုလည်း ရှိ၏။ ယင်းမှာ ၎င်းတို့ အသက်အရွယ် ရမလာမီ၊ သို့မဟုတ် လူကြီးများအဖြစ်သို့ ၎င်းတို့ အရွယ်ရောက်ပြီးနောက်တွင် လူတို့အပေါ် ဖြစ်ပျက်သည့် အချို့သော အမှုကိစ္စတစ်စုံတစ်ရာဖြစ်သည့် ပြစ်မှားမှုအချို့ကို ကျူးလွန်မိကြခြင်း၊ သို့မဟုတ် ရူးနှမ်းသော အရာများ၊ မိုက်မဲသော အရာများနှင့် မသိနားမလည်သော အရာများ အချို့ကို လုပ်ဆောင်မိကြခြင်း ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်မိပြီးဖြစ်သည့် ဤပြစ်မှားမှုများကြောင့်၊ ဤရူးနှမ်းပြီး မသိနားမလည်သော အရာများကြောင့် စိတ်ဓာတ်ကျခြင်းထဲသို့ ၎င်းတို့ ကျဆင်းကြသည်။ ဤစိတ်ဓာတ်ကျခြင်းမျိုးသည် မိမိကိုယ်ကို ရှုတ်ချခြင်းတစ်ခုဖြစ်ပြီး ၎င်းတို့ မည်သည့် လူစားမျိုးဖြစ်သည်ကို စိစစ်သတ်မှတ်ခြင်းမျိုးလည်း ဖြစ်သည်။...သမ္မာတရားနှင့် ပတ်သက်သည့် တရားဒေသနာ၊ သို့မဟုတ် မိတ်သဟာယတစ်ခုကို ၎င်းတို့ နားထောင်သည့်အခါတိုင်းတွင် ဤစိတ်ဓာတ်ကျခြင်းက ၎င်းတို့၏ စိတ်ထဲနှင့် ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးထဲ တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး ၎င်းတို့က ‘ငါ ဤအရာကို လုပ်ဆောင်နိုင်ပါသလား။ သမ္မာတရားကို ငါလိုက်စားနိုင်ပါသလား။ ကယ်တင်ခြင်းကို ငါ ရရှိနိုင်ပါသလား။ ငါသည် မည်သည့် လူစားမျိုးဖြစ်ပါသနည်း။ ထိုအရာကို ယခင်က ငါ လုပ်ခဲ့သည်၊ ထိုလူစားမျိုး ငါ ဖြစ်လေ့ရှိခဲ့သည်။ ငါသည် ကယ်တင်မခံရနိုင်တော့ပြီလား။ ဘုရားသခင်က ငါ့ကို ကယ်တင်ဦးမည်လား’ဟု မေးလျက် မိမိတို့ကိုယ်ကို ဖိ၍ စစ်ဆေးနေမိကြသည်။ လူအချို့သည် တစ်ခါတစ်ရံ ၎င်းတို့၏ စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်ကို လက်လွှတ်နိုင်ကြပြီး နောက်ချန်ထားရစ်နိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ရိုးသားစစ်မှန်မှုနှင့် မိမိတို့ စုစည်းနိုင်သည့် အားအင်ရှိသမျှကို ယူပြီး မိမိတို့အလုပ်၊ မိမိတို့၏ ဝတ္တရားများနှင့် တာဝန်များကို ထမ်းဆောင်ရာတွင် အသုံးပြုကြပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ ချင့်ချိန်စဉ်းစားရာတွင် စိတ်နှင့်နှလုံးကိုပင် အကြွင်းမဲ့ ထားရှိနိုင်ကြကာ ဘုရားနှုတ်ကပတ်တော်များထဲသို့ မိမိတို့ အားထုတ်မှုများကို စိုက်ထုတ်ကြသည်။ သို့သော် ထူးခြားသည့် အနေအထား၊ သို့မဟုတ် အခြေအနေ အစပြုလာသည့်အခိုက်တွင် စိတ်ဓာတ်ကျသည့် စိတ်ခံစားမှုက ၎င်းတို့ကို တစ်ဖန် ထိန်းချုပ်ပြီး မိမိတို့ စိတ်နှလုံးနက်နက်တွင် စွပ်စွဲခြင်း တစ်ဖန်ခံစားရစေသည်။ ၎င်းတို့က ‘ယခင်က ထိုအရာကို သင် လုပ်ဆောင်ခဲ့ပြီး သင်သည် ထိုလူစားမျိုး ဖြစ်သည်။ ကယ်တင်ခြင်းကို သင် ရရှိနိုင်ပါသလား။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိပါသလား။ သင် လုပ်ဆောင်မိပြီး ဖြစ်သည့်အရာအပေါ် ဘုရားသခင် မည်သည့်အရာကို တွေးပါသနည်း။ သင် လုပ်ဆောင်မိသည့်အတွက် ဘုရားသခင်က သင့်ကို ခွင့်လွှတ်လိမ့်မည်လား။ ယခုတွင် ဤသို့ အဖိုးအခပေးဆပ်ခြင်းသည် ထိုပြစ်မှားမှုအတွက် ထေမိစေနိုင်ပါသလား’ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မကြာခဏ အပြစ်ဖော်ဆုံးမကြပြီး စိတ်ထဲတွင် စွပ်စွဲခြင်းခံစားရကြသကဲ့သို့ မေးခွန်းများဖြင့် မိမိတို့ကိုယ်ကို အမြဲ သံသယထားနေကြသည်၊ အမြဲ ဖိစစ်နေကြလေသည်။ ၎င်းတို့သည် ဤစိတ်ဓာတ်ကျသည့် ခံစားချက်များကို လုံးဝ နောက်ချန်မထားနိုင်၊ သို့မဟုတ် မစွန့်ပယ်နိုင်ကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်မိပြီးဖြစ်သည့် ရှက်ဖွယ်သော အရာနှင့်ပတ်သက်၍ မစဲသော စိုးရိမ်ပူပန်မှု ခံစားချက်တစ်ခု ခံစားကြရသည်။ ထို့ကြောင့် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်လင့်ကစား ဘုရားသခင် ပြောဆိုပြီးသည့် အရာတစ်ခုတလေကို ၎င်းတို့ လုံးဝ နားမထောင်ဖူးသကဲ့သို့ နားမလည်ခဲ့သည့်အလား ဖြစ်လေသည်။ ထိုအရာမှာ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း ရရှိခြင်းသည် ၎င်းတို့နှင့် ပတ်သက်မှုတစ်ခုတလေ ရှိမရှိ၊ ၎င်းတို့ လွတ်ငြိမ်းခွင့်ပေးခံရပြီး ရွေးနုတ်ခံရနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကယ်တင်ခြင်းတို့ကို ရရှိရန် ၎င်းတို့ အရည်အချင်း ပြည့်မီခြင်းရှိမရှိဆိုသည်ကို ၎င်းတို့ မသိကြသည့်အလား ဖြစ်သည်။ ဤအရာအားလုံးကို ၎င်းတို့ မသိကြချေ။ မည်သည့် အဖြေကိုမျှ ၎င်းတို့ မရရှိသောကြောင့်၊ ပြီးလျှင် တိကျမှန်ကန်သည့် မည်သည့် ထင်မြင်ချက်တစ်ခုမျှ ၎င်းတို့ မရရှိကြသောကြောင့် စိတ်ထဲတွင် စဉ်ဆက်မပြတ် ၎င်းတို့ စိတ်ဓာတ်ကျကြသည်။ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးတွင် ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာကို အဖန်ဖန် ၎င်းတို့ အမှတ်ရကြသည်။ အားလုံး အစပြုခဲ့ပုံနှင့် အဆုံးသတ်ခဲ့ပုံကို သတိရလျက်၊ အစမှအဆုံးထိ အားလုံးကို သတိရလျက် မိမိတို့ စိတ်တွင် ထိုအရာကို အဖန်အဖန် ပြန်တွေးမိကြသည်။ ထိုအရာကို ၎င်းတို့ မည်သို့ပင် ပြန်လည်သတိရသည်ဖြစ်စေ ၎င်းတို့ အပြစ်ရှိသည်ဟု အမြဲ ခံစားရသောကြောင့် နှစ်ချီကြာ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ စဉ်ဆက်မပြတ် စိတ်ဓာတ်ကျခြင်းခံစားကြရသည်။ မိမိတို့တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည့် အချိန်တွင်ပင်၊ အလုပ်တစ်ခုခုကို ၎င်းတို့ ကြီးကြပ်သည့်အချိန်တွင်ပင် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိသကဲ့သို့ ၎င်းတို့ ခံစားကြရဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်းကို မည်သည့်အခါတွင်မျှ အတိအလင်း ရင်ဆိုင်ခြင်း မရှိကြသကဲ့သို့ ထိုအရာကို အမှန်ကန်ဆုံးနှင့် အရေးအကြီးဆုံးသော အရာတစ်ခုအဖြစ် မှတ်ယူခြင်း မရှိကြချေ။ ၎င်းတို့ ပြုလုပ်မိပြီးဖြစ်သည့် အမှား၊ သို့မဟုတ် အတိတ်ကာလက ၎င်းတို့ လုပ်ဆောင်ပြီးသည့် အရာကို လူအများစုက ဆိုးဝါးစွာ ထင်မြင်ခဲ့ကြကြောင်း၊ သို့မဟုတ် လူတို့၏ ရှုတ်ချခြင်းနှင့် စက်ဆုပ်ခြင်းကို ၎င်းတို့ ခံရနိုင်ကြောင်း၊ သို့မဟုတ် ဘုရားသခင်၏ ရှုတ်ချခြင်းကိုပင် ခံရနိုင်ကြောင်း ၎င်းတို့ ယုံကြည်ကြလေသည်။ ဘုရားသခင်၏ အမှုတော် မည်သည့်အဆင့်တွင် ရှိသည်ဖြစ်စေ၊ သို့မဟုတ် မိန့်မြွက်ချက် မည်မျှ သူပြုလုပ်ပြီးသည်ဖြစ်စေ သမ္မာတရား လိုက်စားခြင်း ကိစ္စရပ်ကို မှန်ကန်သည့် နည်းလမ်းဖြင့် ၎င်းတို့ လုံးဝ ရင်ဆိုင်ခြင်း မရှိကြချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်ဓာတ်ကျခြင်းကို နောက်ချန်ထားရန် သတ္တိ မရှိကြ။ ဤသည်မှာ ဤအရာများကို တွေ့ကြုံရခြင်းမှ ဤလူစားမျိုးက ကောက်ချက်ဆွဲသည့် နောက်ဆုံး ကောက်ချက်ဖြစ်ပြီး မှန်ကန်သည့် ကောက်ချက်ကို ၎င်းတို့ မဆွဲကြသောကြောင့် မိမိတို့၏ စိတ်ဓာတ်ကျခြင်းကို ၎င်းတို့ နောက်ချန်ထားရစ်နိုင်စွမ်း ရှိကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်စိတ်နှလုံးကို ထွင်းဖောက်သွားပြီး အဲဒါတွေ ဖော်ထုတ်တာက ကျွန်တော့်ရဲ့ တကယ့် အခြေအနေဖြစ်နေခဲ့တယ်။ ကျွန်တော်က အဖမ်းခံခဲ့ရပြီး ဘုရားကိုသစ္စာဖောက်၊ အဲဒီအစ်မကို ဖော်ကောင်လုပ်ရင်းနဲ့ ယုဒလုပ်နေမိခဲ့တယ်။ ဒီကိစ္စက ကျွန်တော့်စိတ်နှလုံးထဲမှာ တစ်သက်လုံးစွဲကျန်ရစ်ခဲ့တယ်။ အသင်းတော်က ကျွန်တော့်ကို လက်ခံပြီး ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်ခွင့်ပေးခဲ့ပေမဲ့ ဒီအခက်အခဲကို ကျွန်တော် လုံးဝ မဖြတ်ကျော်နိုင်ခဲ့ဘူး။ ယုဒလုပ်ပြီး၊ အဲဒီအစ်မကို ဖြစ်စေခဲ့တဲ့ ထိခိုက်နစ်နာမှုကို ကျွန်တော် စဉ်းစားမိတဲ့အခါတိုင်းမှာ၊ ကျွန်တော်က ကယ်တင်ခံရမဲ့ အခွင့်အရေးမရှိတဲ့ သူတစ်ယောက်ပဲလို့ သတ်မှတ်နေမိခဲ့တယ်။ အဖမ်းခံရပြီး ညှဉ်းဆဲခံခဲ့ရပေမဲ့ သူတို့ရဲ့ သက်သေခံချက်တွေမှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အတွေ့အကြုံဆိုင်ရာ ဗီဒီယိုတွေကို ကြည့်တဲ့အခါတိုင်းမှာ၊ ကျွန်တော် ရှက်မိတယ်၊ အပြစ်ရှိတဲ့စိတ်ခံစားရပြီး အသိစိတ်ထဲမှာ လိပ်ပြာမလုံဘူး။ ယုဒတွေကို ရှင်းလင်းတာနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို စုဆောင်းပြီး စီစဉ်တဲ့အခါတိုင်းမှာ၊ ကျွန်တော့် စိတ်နှလုံးက ဓားနဲ့ အထိုးခံရသလို ခံစားရတယ်။ အဲဒီအချိန်တုန်းက ကိုယ့်ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ မရပ်တည်မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ကျွန်တော် ခိုင်ခိုင်မာမာသာ ရပ်တည်ခဲ့ရင်၊ ကျွန်တော့် စိတ်နှလုံးက အဲဒီလို ညှဉ်းဆဲတာ ခံရမှာ မဟုတ်ဘူး။ အပြင်ပန်းမှာ ကျွန်တော်က ကိုယ့်တာဝန်တွေကို ထမ်းဆောင်ပေမဲ့၊ စိတ်ထဲမှာ ကျွန်တော် အမြဲ စိတ်ဓာတ်ကျတယ်။ ကိုယ်က တခြားလူတွေနဲ့ မတူဘူးလို့ ခံစားနေခဲ့ရတာပေါ့။ ဘုရားကို ကျွန်တော် သစ္စာဖောက်ခဲ့ပြီး ယုဒလုပ်ခဲ့မိတယ်။ ဘုရားရဲ့ စက်ဆုပ်ရွံရှာတာ ခံရတဲ့လူပဲပေါ့။ ဘုရားက ကျွန်တော့်ကို လိုချင်သေးရဲ့လား။ သူ ကျွန်တော့်ကို ကယ်တင်ပါဦးမလား။ ဒါတွေကိုတွေးတော့ ကျွန်တော့်မှာ နာကျင်မှု၊ မသက်မသာဖြစ်တဲ့စိတ်တွေနဲ့ ပြည့်သွားတယ်။ ဘုရားကို ဆုတောင် မတောင်းရဲတော့ဘူး။ ဘုရားက ကျွန်တော့်ကို စက်ဆုပ်ပြီး ကျွန်တော့် ဆုတောင်းချက်တွေကို နားထောင်မှာ မဟုတ်ဘူးလို့ ခံစားနေရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တာလည်း အဲဒီအတိုင်းပဲ။ တိုက်တွန်းတာ၊ နှစ်သိမ့်တာ၊ ကတိတော်တွေ ဒါမှမဟုတ် ကောင်းချီးတွေနဲ့ဆိုင်တဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါတိုင်းမှာ၊ အဲဒါတွေက ကျွန်တော့်လိုလူတစ်ယောက်အတွက် မရည်ရွယ်ဘူးလို့ ခံစားရတယ်။ ဘုရားရဲ့ ကတိတော်တွေ၊ ကောင်းချီးတွေနဲ့ ကျွန်တော် မတန်ခဲ့ဘူး။ ကျိန်ခြင်းတွေ၊ အပြစ်ဒဏ်ပေးတာတွေနဲ့ပဲ ထိုက်တန်ခဲ့တယ်။ ဘုရားကို အထင်လွဲတဲ့ အခြေအနေမှာ ကျွန်တော် အချိန်အတော်ကြာ အသက်ရှင်ခဲ့တယ်။ သမ္မာတရား လိုက်စားဖို့ စိတ်ပိုင်းဖြတ်ချက် မရှိဘဲနဲ့ပေါ့။ ကျွန်တော့် ပြစ်မှားမှုအတွက် အပြစ်ဖြေဖို့ အလုပ်ကို ကောင်းကောင်းလုပ်တာနဲ့ပဲ ကျေနပ်ခဲ့တယ်။ တကယ်တော့၊ ဘုရားက ကျွန်တော့်ကို သူ့နှုတ်ကပတ်တော်တွေကို စားသောက်ခွင့် မပိတ်ပင်ခဲ့ပါဘူး။ သူက ကျွန်တော့်ကို ကျွန်တော့်တာဝန်တွေကို လုပ်ပြီး သမ္မာတရား လိုက်စားခွင့်ပေးခဲ့တယ်။ ဒါတွေအားလုံးက ဘုရားရဲ့မျက်နှာသာပါ။ ဒါပေမဲ့ စိတ်ဓာတ်ကျတဲ့ အခြေအနေမှာ ကျွန်တော် အသက်ရှင်ခဲ့တယ်။ ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်ရာမှာ ဖောက်ပြန်ပျက်စီးခြင်း ပေါ်လွင်တဲ့အခါ၊ အဲဒါကို ဖြေရှင်းဖို့ သမ္မာတရား ရှာသင့်မှန်း သိခဲ့တယ်။ ဒါပေမဲ့ ယုဒလုပ်ခဲ့တာကို တွေးမိတဲ့အခါတိုင်းမှာ ကျွန်တော် ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ဘယ်လောက်ပဲ လိုက်စားပါစေ၊ အားလုံး အချည်းနှီးပဲလို့ ခံစားရတယ်။ သူ့ကို သစ္စာဖောက်တဲ့သူတွေကို ဘုရားက ကယ်နိုင်ဦးမလား။ ကျေရာကျေကြောင်းလုပ်ဖို့ ကျွန်တော် အလုပ်ကြိုးစားပြီး ကျွန်တော့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းရင်၊ တစ်နေ့မှာ ဘုရားက ကျွန်တော့်ရဲ့ သစ္စာစောင့်သိတဲ့ အလုပ်ကို မြင်ပြီး၊ အပြစ်ဒဏ်ပေးတာက ပိုပေါ့သွားမှာပဲ။ ကျွန်တော်က စိတ်ဓာတ်ကျတဲ့ အခြေအနေမှာ အသက်ရှင်ရင်းနဲ့ ကျွန်တော့်ရဲ့ ပြစ်မှားမှုကြောင့် စဉ်ဆက်မပြတ် ဝန်လေးနေခဲ့တယ်။ နှစ်တွေတစ်လျှောက်လုံးမှာ၊ ကိစ္စတွေ အများကြီး ဖြစ်ခဲ့ပေမဲ့၊ ကျွန်တော်က အသက်ဝင်ရောက်မှုကို အာရုံမစိုက်ဘဲ အားထုတ်တာလုပ်ပြီး ကိစ္စတွေကို ပြီးအောင်လုပ်တာနဲ့ပဲ ရောင့်ရဲကျေနပ်နေခဲ့တယ်။ သမ္မာတရားကို ရဖို့ အခွင့်အရေးအများကြီး လွဲချော်ခဲ့ရတယ်။

ကျွန်တော် ဆင်ခြင်သုံးသပ်ရာမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်တမဲ့ တွေ့တယ်။ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံ၊ သို့မဟုတ် အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သို့မဟုတ် အသင်းတော်အသက်တာကို ရှင်သန်သည်နှင့်အမျှ ၎င်းတို့၏ မိသားစုများကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ဝမ်းမြောက်စွာ အသုံးခံနိုင်သည်၊ ယခုအခါတွင် ကောင်းချီးရရန် ၎င်းတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုအပေါ် အသိရှိသည်၊ ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဘေးဖယ်ထားပြီးဖြစ်ကာ ဤအရာ၏ အုပ်စိုးခြင်း၊ သို့မဟုတ် ချုပ်ချယ်ခြင်းကို မခံရတော့ဟု မိမိတို့ကိုယ်ကို ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့တွင် ကောင်းချီးခံစားလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှု မရှိတော့ဟု ၎င်းတို့က ထင်မြင်ကြသည်။ သို့သော် ဘုရားသခင်က ဤသို့ မယုံကြည်ပေ။ လူတို့သည် အကြောင်းကိစ္စများကို အပေါ်ယံသာ ရှုမြင်သည်။ စမ်းသပ်မှုများမပါဘဲ ၎င်းတို့က မိမိတို့ကိုယ်ကို ကျေနပ်ကြသည်။ အသင်းတော်ကို ၎င်းတို့ မစွန့်ခွာသရွေ့၊ သို့မဟုတ် ဘုရားသခင်၏ အမည်နာမကို မငြင်းပယ်သရွေ့၊ ဘုရားသခင်အတွက် ဆက်လက် အသုံးခံသရွေ့ ၎င်းတို့က ပြောင်းလဲသွားပြီဟု ယုံကြည်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရာတွင် တစ်ကိုယ်ရေ စိတ်အားထက်သန်မှု၊ သို့မဟုတ် ခဏတာ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒတို့အားဖြင့် တွန်းအားပေးခြင်းမခံရတော့ဟု ခံစားမိကြသည်။ ထိုအစား ၎င်းတို့က သမ္မာတရားကို လိုက်စားနိုင်သည်၊ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို အဆက်မပြတ်ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဤနည်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သန့်စင်ခံရပြီး စစ်မှန်သော ပြောင်းလဲမှုအချို့ကို ရရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ခရီးပန်းတိုင်၊ အဆုံးသတ်တို့နှင့် တိုက်ရိုက်ဆက်နွှယ်သောအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့ မည်သို့ ပြုမူကြသနည်း။ သမ္မာတရားကို အလုံးစုံ ထုတ်ဖော်ပြထားပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားက သူ့ကို လူတွေရဲ့ ယုံကြည်မှုက ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ပါနေတာကို ဖော်ထုတ်တယ်။ အားလုံးက သူတို့ရဲ့ ကံကြမ္မာနဲ့ ရှေ့ရေးအပြင်၊ ကိုယ်ရေးကိုယ်တာ ကောင်းချီးတွေအတွက်ပဲဆိုတာပေါ့။ တစ်နေ့မှာ သူတို့ကကောင်းချီးတွေ မရနိုင်ရင် ဒါမှမဟုတ် ကံကြမ္မာ၊ ရှေ့ရေးတွေ မတွေ့ရရင်၊ ဘုရားကိုယုံကြည်တာက အဓိပ္ပာယ်မရှိဘူးလို့ ခံစားကြတယ်။ ရလဒ်အနေနဲ့ စိတ်ဓာတ်ကျတဲ့ အခြေအနေမှာ အသက်ရှင်ကြတယ်။ ပေါလုအကြောင်း စဉ်းစားမိတယ်။ ပထမတော့ သူက သခင့်ရဲ့ တပည့်တော်တွေကို ဖမ်းဆီး၊ နှိပ်စက်ရင်းနဲ့ သခင်ယေရှုကို အတိုက်အခံလုပ်ခဲ့တယ်။ အဲဒီနောက် ဒမာသက်လမ်းပေါ်မှာ ဘုရားက ပေါလုကို ကြီးမားတဲ့ အလင်းရောင်နဲ့ ရိုက်ချပြီး၊ သူ့ကို တမန်တော်တစ်ယောက်ဖြစ်ဖို့ ခေါ်ခဲ့တယ်။ ပေါလုက နှစ်အများကြီး ဧဝံဂေလိ ဖြန့်ဝေခဲ့တယ်။ အစမှာ သူ့အပြစ်တွေအတွက် အပြစ်ဖြေဖို့နဲ့ ကျေရာကျေကြောင်းလုပ်ဖို့ပေါ့။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲဖို့ သမ္မာတရားကို သူ မလိုက်စားခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ နှစ်အတော်များများ အလုပ်လုပ်ပြီးတဲ့နောက်မှာ၊ ဘုရားကို အတိုက်အခံလုပ်တဲ့ သူ့ရဲ့ စာတန်ဆန်တဲ့ သဘာဝကို သူ မပြောင်းလဲခဲ့သလို၊ သူ့ရဲ့ နှစ်အတော်ကြာ အားသွန်ခွန်စိုက်မှုနဲ့ အလုပ်လုပ်ခဲ့တာက သူ့အမှားတွေထက် ပိုများတဲ့ သူ့ရဲ့ ကောင်းမှုတွေနဲ့ သူ့အပြစ်တွေအတွက် ဖြေပေးပြီးသားဖြစ်တယ်လို့ သူ ခံစားနေသေးတယ်၊ ဘုရားဆီကနေ သရဖူကို ပွင့်ပွင့်လင်းလင်း တောင်းဆိုခဲ့တယ်။ နောက်ဆုံးမှာ ဘုရားရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်တဲ့အခါ၊ ပေါလုနဲ့ လမ်းကြောင်းတစ်ခုတည်းကို ကျွန်တော် လျှောက်ခဲ့မှန်း သဘောပေါက်လိုက်ရတယ်။ အဲဒီအစ်မကို သစ္စာဖောက်ပြီး ယုဒ လုပ်ခဲ့လို့ ကောင်းချီးတွေ ရဖို့ မျှော်လင့်ချက်က အားနည်းသွားပုံရတယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ အထူးသဖြင့် ယုဒအဖြစ်ကို ပြောင်းသွားလို့ အသင်းတော် ခေါင်းဆောင်နှစ်ယောက် နှင်ထုတ်ခံခဲ့ရတာကို မြင်တဲ့အခါ၊ တစ်နေ့မှာ ကျွန်တော့်လည်း အသင်းတော်က နှင်ထုတ်တာ ခံရမှာပဲလို့ စိုးရိမ်ခဲ့တယ်။ ကျွန်တော် သမ္မာတရားလိုက်စားဖို့ စိတ်ဆုံးဖြတ်ချက်မရှိဘဲ ပိုအပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျလာခဲ့တယ်။ ဘုရားက ကျွန်တော့်ကို ကယ်တင်တော့မှာ မဟုတ်ဘူးလို့ ခံစားခဲ့တယ်။ ဘယ်လောက်ပဲ ကျွန်တော် ကြိုးစားပါစေ၊ လိုက်စားပါစေ၊ ကျွန်တော့်အတွက် ကောင်းတဲ့ အဆုံးသတ်၊ ခရီးပန်းတိုင် ရှိမှာ မဟုတ်ဘူး။ ဘုရားကိုယုံကြည်ပြီး တာဝန်တွေကို လုပ်တဲ့နေရာမှာ ကျွန်တော့် ရည်ရွယ်ချက်က ကောင်းချီးတွေအတွက်ဖြစ်တယ်၊ သမ္မာတရား ရပြီး ဘုရားကို ကျိုးနွံနာခံဖို့ မဟုတ်ဘူး ဒါမှမဟုတ် ဖန်ဆင်းခံရဲ့ တာဝန်ကို ထမ်းဆောင်ပြီးတော့ သူ့ကို စိတ်ကျေနပ်စေဖို့ မဟုတ်တာကို တွေ့ခဲ့ရတယ်။ ပြီးခဲ့တဲ့ သုံးလေးနှစ်မှာ၊ ကျွန်တော့်ပြစ်မှားမှုရဲ့ ဒုက္ခပေးတာကို စဉ်ဆက်မပြတ် ခံနေခဲ့ရတယ်။ ကျွန်တော့်ရဲ့ ရှေ့ရေးနဲ့ ခရီးပန်းတိုင်အကြောင်းကို စိတ်သောကရောက်နေခဲ့တယ်။ ကျွန်တော့်ရဲ့ ပြစ်မှားမှုအတွက် နောင်တနဲ့ အမုန်းတရားတချို့ကို ကျွန်တော် ခံစားခဲ့ရပေမဲ့၊ ကောင်းချီးလိုက်စားတာနဲ့ဆိုင်တဲ့ ကျွန်တော့်ရဲ့ အရိုးစွဲတဲ့ ရှုထောင့်က ပြေလည်မသွားခဲ့ဘူး။ ဒါကြောင့် ဘုရားဆီမှာ နောင်တရရမဲ့အစား ကိုယ့်အသိစိတ်က လိပ်ပြာသန့်အောင် အဖိုးအခပေးပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံရင်း ဘုရားရှေ့မှာ ကိုယ့်ပြစ်မှားမှုအတွက် အပြစ်ဖြေဖို့ ကြိုးစားနေခဲ့မှန်း သဘောပေါက်သွားခဲ့တယ်။ ကျွန်တော်က အဲဒီလို မကောင်းမှုကြီးတစ်ခု ကျူးလွန်ပြီးတဲ့နောက်မှာ ဘုရားနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့သေးမှန်းကို မြင်ခဲ့ရတယ်။ ဒါက တကယ်ကို အကျည်းတန်တယ်၊ တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်တယ်။ အဲဒါက ကျွန်တော့်ကို ပိုလို့တောင် ဝမ်းနည်းပြီး ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်စေခဲ့တယ်။

ရှာဖွေနေတုန်းမှာ၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နည်းနည်းပိုနားလည်သွားစေတဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်တော် အမှတ်မထင် တွေ့ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “လူအများစုသည် ပြစ်မှားခြင်းအချို့ရှိကြပြီး နာမည်အချို့ပျက်ကြလေသည်။ ဥပမာ လူအချို့သည် ဘုရားသခင်ကို အာခံပြီး ပြစ်မှားစော်ကားသောအရာများကို ပြောဆိုကြပြီးဖြစ်သည်။ လူအချို့သည် ဘုရားသခင်၏ စေခိုင်းချက်ကို ငြင်းဆန်ခဲ့ကြပြီး ၎င်းတို့တာဝန်ကို မထမ်းဆောင်ကြဘဲ ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရပြီးဖြစ်သည်။ လူအချို့သည် စုံစမ်းသွေးဆောင်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြသည်။ လူအချို့သည် အဖမ်းခံရသည့်အခါတွင် ‘စာသုံးစောင်’ကို လက်မှတ်ထိုးခြင်းအားဖြင့် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြသည်။ အချို့မှာ လှူဖွယ်ပစ္စည်းများကို ခိုးယူခဲ့ကြသည်။ အချို့မှာ လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးခဲ့ကြသည်။ အချို့မှာ အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်ခဲ့ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကို ထိခိုက်နစ်နာစေကြသည်။ အချို့မှာ အုပ်စုများဖွဲ့ပြီး အခြားလူများကို ကြမ်းတမ်းစွာ ကိုင်တွယ်ကြကာ အသင်းတော်ကို ကမောက်ကမဖြစ်အောင် လုပ်ခဲ့ကြသည်။ အချို့မှာ အယူအဆများနှင့် သေခြင်းကို ဖြန့်ကြပြီး ညီအစ်ကိုမောင်နှမများကို နစ်နာစေခဲ့ကြသည်။ အချို့မှာ မကောင်းသောမေထုန်နှင့် လူတကာနှင့် မေထုန်မှီဝဲကြကာ ဆိုးဝါးသော ဩဇာလွှမ်းမိုးမှုတစ်ခု ဖြစ်နေခဲ့သည်။ လူတိုင်းက ပြစ်မှားမှုများနှင့် စွန်းထင်းမှုများရှိသည်ဟု ဆိုရန် လုံလောက်သည်။ သို့တိုင်အောင် လူအချို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး နောင်တရနိုင်သည်။ အခြားလူများက သမ္မာတရားကို လက်မခံနိုင်ဘဲ နောင်တရမည့်အစား သေသာသေလိုက်ကြမည်ဖြစ်သည်။ ထို့ကြောင့် လူတို့ကို ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့် ၎င်းတို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူတို့နှင့်အညီ ဆက်ဆံသင့်သည်။ နောင်တရနိုင်သောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်သည်။ သို့ရာတွင် အမှန်တကယ်ကို နောင်တမရနိုင်သူများအတွက်မူ ရှင်းလင်းပစ်ပြီး နှင်ထုတ်သင့်သည့်သူများကို ရှင်းလင်းပစ်သင့်ပြီး နှင်ထုတ်လိမ့်မည်။ အချို့သောလူတို့သည် ဆိုးယုတ်သည်။ အချို့က မသိနားမလည်ကြပေ။ အချို့ကမူ မိုက်မဲကြပြီး အချို့မှာ လူ့တိရစ္ဆာန်များ ဖြစ်သည်။ လူတိုင်း ကွဲပြားခြားနားကြသည်။ ဆိုးယုတ်သော လူအချို့သည် နတ်ဆိုးဝင်ပူးခြင်းခံရစဉ် အခြားသောလူများမှာမူ စာတန်နှင့် နတ်ဆိုးများ၏ လက်ပါးစေများဖြစ်သည်။ အချို့သည် သဘာဝအားဖြင့် အထူးတလည် ဒုက္ခပေးမည့် လက္ခဏာရှိစဉ် အချို့မှာမူ အထူးသဖြင့် လှည့်စားတတ်ကြသည်။ အချို့သည် ငွေနှင့်ပတ်သက်လာလျှင် အထူးသဖြင့် လောဘကြီးကြပြီး အခြားသောလူများမှာမူ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံရခြင်းကို ခုံမင်နှစ်သက်ကြသည်။ လူတိုင်း၏ အပြုအမူသည် ကွဲပြားခြားနားသောကြောင့် လူများအားလုံးကို ၎င်းတို့၏ သဘာဝများဖြင့်လည်းကောင်း၊ ၎င်းတို့၏ တစ်သမတ်တည်းသော အပြုအမူများဖြင့်လည်းကောင်း ပြည့်စုံကျယ်ပြန့်စွာ ရှုမြင်သင့်သည်။...လူတစ်ယောက်ကို ဘုရားသခင်က ကိုင်တွယ်ခြင်းသည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းပေ။ လူတစ်ယောက်အပေါ် သူ၏ သဘောထားသည် စက်ဆုပ်ခြင်း၊ သို့မဟုတ် ရွံရှာခြင်းဖြစ်သောအခါ၊ သို့မဟုတ် အဆိုပါအကြောင်းအရာတစ်ခုတွင် ဤလူက ပြောဆိုသည့်အရာနှင့် ပတ်သက်သည့်အခါ ဘုရားသခင်သည် ၎င်းတို့၏ အခြေအနေများကို ကောင်းစွာနားလည်သည်။ ဤသည်မှာ ဘုရားသခင်က လူ၏ စိတ်နှလုံးနှင့် အနှစ်သာရကို စိစစ်သောကြောင့်ဖြစ်သည်။ လူတို့က အစဉ် စဉ်းစားကြသည်။ ‘ဘုရားသခင်က သူ၏ ဘုရားသဘောသဘာဝ သာရှိသည်။ သူက ဖြောင့်မတ်ပြီး လူသားထံမှ ပုန်ကန်ပြစ်မှားမှုကို သည်းမခံပါ။ လူ၏ အခက်အခဲများကို ထည့်မတွက်ပါ၊ သို့မဟုတ် လူများကို ကိုယ်ချင်းမစာဘူး။ လူတစ်ယောက်က ဘုရားကို အာခံလျှင် ဘုရားက သူ့ကို အပြစ်ဒဏ်ပေးမည်သာဖြစ်သည်’ ဟူ၍ဖြစ်သည်။ အမှုကိစ္စများသည် လုံးဝ ဤသို့ မဟုတ်ပေ။ ဤသည်မှာ ဘုရား၏ ဖြောင့်မတ်ခြင်း၊ ဘုရား၏ အမှုတော်နှင့် လူတို့အပေါ် သူ၏ ဆက်ဆံမှုကို လူတစ်ယောက်က နားလည်သည့်ပုံစံဖြစ်လျှင် ထိုသူသည် အလွန်ပင် မှားယွင်းသည်။ လူတစ်ယောက်၏ အဆုံးသတ်အပေါ် ဘုရားသခင်၏ ဆုံးဖြတ်ချက်သည် လူ၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများအပေါ် အခြေမခံဘဲ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် အခြေခံသည်။ လူတစ်ယောက်ချင်းစီကို ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာနှင့်အညီ ဘုရားသခင်က ပြန်လည်ပေးဆပ်လိမ့်မည်။ ဘုရားသခင်က ဖြောင့်မတ်သည်။ အနှေးနှင့် အမြန် လူတိုင်းက လုံးလုံးလျားလျား လက်ခံယုံကြည်စေရန် ဘုရားသခင်က သေချာလုပ်ဆောင်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံရခြင်းကို လက်ခံပြီးဖြစ်သည့် လူအသီးသီးသည် ကယ်တင်ခြင်းအတွက် အခွင့်အရေးအချို့ကို ရရှိကြလိမ့်မည်။ ဤလူများထဲမှ အသီးသီးနှင့်ဆိုင်သည့် ဘုရားသခင်၏ကယ်တင်ခြင်းတွင် သူသည် တတ်နိုင်သမျှ အကြီးမားဆုံးအတိုင်းအတာအထိ သက်ညှာမှု ပေးလိမ့်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် အစွမ်းကုန် သက်ညှာမှု ပြသခံရကြလိမ့်မည်။ လူတို့သည် လမ်းမှားကို ကျောခိုင်းနေကြသရွေ့၊ ပြီးလျှင် ၎င်းတို့ နောင်တရနိုင်သရွေ့၊ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကိုရရှိရန် အခွင့်အရေးများအား ၎င်းတို့ကို ပေးလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘုရားရဲ့ စိတ်သဘောထားက တကယ်ကို ဖြောင့်မတ်မှန်း ကျွန်တော် နားလည်လာခဲ့တယ်။ သူ့ရဲ့ ဖြောင့်မတ်မှုမှာ၊ တရားစီရင်ခြင်းနဲ့ အမျက်ဒေါသတွေ ရှိရုံမက သနားကရုဏာနဲ့ သည်းခံခြင်းလည်း ရှိတယ်။ လူတွေအပေါ် ဘုရားဆက်ဆံတာက အထူးသဖြင့် စည်းမျဉ်းတွေမှာ အခြေပြုတယ်။ သူတို့ရဲ့ ယာယီ ပြစ်မှားမှုတွေကို အခြေခံပြီး သူတို့အပေါ် ထင်မြင်ချက် မပေးဘူး။ ဒါပေမဲ့ သူတို့လုပ်ရပ်တွေရဲ့ သဘာဝနဲ့ နောက်ခံအပြင် သူတို့ရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ သူတို့ဖြစ်စေတဲ့ အကျိုးဆက်တွေကို ပြည့်ပြည့်စုံစုံ အကဲဖြတ်တယ်။ လူတစ်ယောက်က အသင်းတော်အတွက် ဆုံးရှုံးမှုအများကြီး မဖြစ်စေဘဲ ဘုရားကို စိတ်အကြွင်းမဲ့ ငြင်းတာ၊ သစ္စာဖောက်တာ မရှိဘဲ ယာယီ အားနည်းချက်ကြောင့် တစ်ယောက်ယောက်ကို သစ္စာဖောက်ခဲ့ပြီး နောက်ပိုင်းမှာ တကယ် နောင်တရရင်၊ ဘုရားက သူတို့ကို သနားကရုဏာ ပြပြီး နောင်တရဖို့ အခွင့်အရေးပေးသေးတယ်။ လူတချို့က အဖမ်းခံရပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် အဆင်းနီတဲ့ နဂါးကြီးတဲ့ ပူးပေါင်းလိုက်ကြတယ်။ သူတို့က ညီအစ်ကို မောင်နှမတွေနဲ့ အသင်းတော်ရဲ့ အကျိုးစီးပွားကို သစ္စာဖောက်ပြီး အဆင်းနီတဲ့ နဂါးကြီးရဲ့ ကြံရာပါတွေတောင် ဖြစ်လာကြတယ်။ ကယ်တင်လို့မရတဲ့ မကောင်းမှုပြုသူတွေအနေနဲ့ သူတို့အားလုံး ထုတ်ဖော်ခံရတယ်။ အဲဒီလိုလူတွေအတွက်၊ ဘုရားက သနားကရုဏာ မပြဘူး။ အဖမ်းခံရပြီး ညှဉ်းဆဲခံခဲ့ရတဲ့ ကျွန်တော့်ကိုယ်ပိုင် အတွေ့အကြုံကို သတိရမိတယ်။ အချိန်အကြာကြီး အိပ်ရေးပျက်ခဲ့လို့ ခန္ဓာကိုယ်ရဲ့ သည်းခံနိုင်စွမ်းအား ကုန်သွားခဲ့တယ်။ နောက်တော့ အသင်းတော်ကို ဆုံးရှုံးမှုအများကြီးမဖြစ်စေပေမဲ့ အဲဒီအစ်မကြီးကို သစ္စာဖောက်ခဲ့မိတယ်။ အဲဒီနောက်မှာ အရမ်းနောင်တရပြီး ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ခဲ့တယ်။ ကျွန်တော့်လုပ်ရပ်က ပြင်းထန်တဲ့ ပြစ်မှားမှု ဖြစ်စေခဲ့ပြီး၊ ဘုရားအိမ်တော်က ကျွန်တော့်ကို နောင်တရဖို့ အခွင့်အရေး ပေးနေတုန်းပဲ။ အဲဒီ အသင်းတော် ခေါင်းဆောင်နှစ်ယောက်ကတော့ အဖမ်းခံရပြီး ဘာညှဉ်းဆဲမှုမှ မခံရဘဲနဲ့ သူတို့က ကိုယ်ခန္ဓာ ဒုက္ခခံစားရမှာကို ကြောက်လို့ ယုဒလုပ်ဖို့ ရွေးချယ်ခဲ့ကြတာပဲ။ “စာသုံးစောင်”ကို လက်မှတ်ထိုးခဲ့ရုံမက အသင်းတော် ဆယ်ခုကျော်မှာရှိတဲ့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကိုလည်း သစ္စာဖောက်ခဲ့တယ်။ အသင်းတော် အများကြီးရဲ့ အလုပ်တွေ တန့်သွားစေခဲ့သလို ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေခဲ့တယ်။ သူတို့ရဲ့ လုပ်ရပ်တွေက ယာယီ အားနည်းမှုကြောင့် မဟုတ်ခဲ့ဘူး။ သူတို့ရဲ့ အနှစ်သာရက ယုဒရဲ့ အနှစ်သာရဖြစ်ပြီး၊ သူတို့က အဖတ်ဆယ်လို့မရတဲ့ မကောင်းမှုပြုသူတွေပဲ။ သူတို့ကို နှင်ထုတ်ဖို့ အသင်းတော်ရဲ့ ဆုံးဖြတ်ချက်က စည်းမျဉ်းတွေနဲ့ လုံးဝ ညီတယ်။ ဘုရားရဲ့ ဖြောင့်မတ်မှုပဲ။ ကျွန်တော်က ဘုရားကို နှစ်အတော်များများ ယုံကြည်ခဲ့ပေမဲ့ သူ့ကို မသိခဲ့မှန်း သဘောပေါက်လိုက်တယ်။ ဘုရားကို အထင်လွဲပြီး သတိထားရှောင်တဲ့ အခြေအနေမှာ ကျွန်တော် အသက်ရှင်ခဲ့တယ်။ ဘုရားက လူသားတွေလောက်ကို သဘောထားသေးတယ်၊ လူတွေက ပြစ်မှားတာတွေ ကျူးလွန်တာနဲ့ သူတို့ကို ကယ်တင်ခြင်းအတွက် အခွင့်အရေးမပေးဘဲ ဘုရားက ရှုတ်ချတယ်လို့ ယုံကြည်နေခဲ့မိတယ်။ ကျွန်တော် လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်လာခဲ့ပုံကို မြင်ခဲ့ရတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အထင်လွဲမှုများကို ဖြေရှင်းလိုလျှင် တစ်နည်းအားဖြင့် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ သတိပြုကာ ၎င်းတို့၏ ယခင်က အမှားများ၊ မှားယွင်းသည့် လမ်းကြောင်းများ၊ ပြစ်မှားမှုများနှင့် ပေါ့ဆမှုတို့ကို စိစစ်ပြီး နားလည်ရမည်။ ဤနည်းဖြင့် မိမိတို့ကိုယ်ပိုင် သဘာဝကို ၎င်းတို့ ရှင်းလင်းစွာ နားလည်ကာ သိမြင်နိုင်ကြလိမ့်မည်။ ထို့အပြင် လူတို့ အဘယ်ကြောင့် လမ်းလွဲပြီး သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် အရာများစွာ လုပ်ဆောင်ကြသည်ဆိုသည်နှင့် ၎င်းတို့ လုပ်ရပ်များ၏ သဘာဝကို ရှင်းလင်းစွာ မြင်ရမည်။ ထို့အပြင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များအတိအကျနှင့် သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်၊ လူတို့က အဘယ်ကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အမြဲ ဆောင်ရွက်နိုင်စွမ်းမရှိသကဲ့သို့ သူ၏ ရည်ရွယ်ချက်များကို အဘယ်ကြောင့် အမြဲ ဆန့်ကျင်ကာ ၎င်းတို့ နှစ်သက်သည့်အရာ လုပ်ဆောင်ကြသည်ဆိုသည်ကို ၎င်းတို့ နားလည်ရမည်။ ဤအရာများကို ဘုရားသခင်ရှေ့ ယူဆောင်ကာ ဆုတောင်းလော့၊ ယင်းတို့ကို ရှင်းလင်းစွာ နားလည်လော့၊ ပြီးလျှင် သင်၏ အခြေအနေကို သင် ပြောင်းလဲနိုင်သည်၊ သင်၏ တွေးခေါ်မှုအလေ့အထကို ပြောင်းလဲကာ ဘုရားသခင်အပေါ် သင်၏ အထင်လွဲမှုကို ဖြေရှင်းနိုင်သည်။ လူအချို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မသင့်လျော်သည့် ရည်ရွယ်ချက်များ အမြဲ ထားရှိကြသည်၊ ဆိုးယုတ်သည့် စိတ်ကူးများ အမြဲရှိကြပြီး ၎င်းတို့၏အတွင်းပိုင်း အခြေအနေ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို မဆန်းစစ်နိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များအတိုင်း ထိုအရာကို မသိမြင်နိုင်ကြချေ။ ဤလူများသည် နားဝေတိမ်တောင်ဖြစ်ကြ၏။ နားဝေတိမ်တောင် ဖြစ်သည့် သူတစ်ဦး၏ အသိသာဆုံး စရိုက်လက္ခဏာများထဲမှ တစ်ခုမှာ မကောင်းသည့်အရာတစ်ခုကို လုပ်ဆောင်မိသည့်နောက်တွင် ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ စိတ်ပျက်အားလျော့ခြင်း၏ လွှမ်းမိုးမှုကို ခံစားရပြီး ၎င်းတို့ ဇာတ်သိမ်းပြီဖြစ်ကာ ကယ်တင်မခံရနိုင်ဟု သတ်မှတ်လျက် ဆက်လက် အပျက်သဘောဆောင်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်သည့် သူတစ်ဦး၏ သနားဖွယ်အကောင်းဆုံး အပြုအမူ မဟုတ်လော။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်အတိုင်း မိမိတို့ကိုယ်ကို ပြန်မသုံးသပ်နိုင်ကြသကဲ့သို့ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေနိုင်ကြချေ။ ဤသည်မှာ အလွန် နားဝေတိမ်တောင်ဖြစ်ခြင်း မဟုတ်လော။ စိတ်ပျက်အားလျော့ခြင်း၏ လွှမ်းမိုးမှုကို ခံစားရခြင်းသည် ပြဿနာများကို ဖြေရှင်းနိုင်သလော။ အပျက်သဘောဆောင်ခြင်းတွင် အမြဲ ရုန်းကန်ခြင်းက ပြဿနာများကို ဖြေရှင်းပေးနိုင်သလော။ လူတို့အနေဖြင့် အမှားတစ်ခု လုပ်မိလျှင် သို့မဟုတ် ပြဿနာတစ်ခုရှိလျှင် ထိုအရာကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေသင့်သည်ကို နားလည်သင့်ကြ၏။ ၎င်းတို့အနေဖြင့် မကောင်းမှုကို အဘယ်ကြောင့် ၎င်းတို့ ကျူးလွန်မိကြသည်၊ ထိုသို့လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် စမှတ်က မည်သည့်အရာဖြစ်သည်၊ ထိုအရာကို အဘယ်ကြောင့် ၎င်းတို့ လုပ်ဆောင်လိုပြီး ၎င်းတို့၏ ရည်မှန်းချက်က မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် တစ်စုံတစ်ဦးက ၎င်းတို့အား ထိုအရာကို လုပ်ဆောင်ရန် အားပေး၊ စေ့ဆော်ခြင်း သို့မဟုတ် အထင်အမြင်မှားစေခြင်း ရှိမရှိ သို့မဟုတ် ထိုအရာကို တမင်သက်သက် ၎င်းတို့ လုပ်ဆောင်ခဲ့သည်လောဆိုသည်တို့ကို ဦးစွာ ပြန်လည်သုံးသပ်ကာ နားလည်ရန် လိုအပ်သည်။ ဤမေးခွန်းများကို ပြန်လည်သုံးသပ်ကာ ရှင်းလင်းစွာ နားလည်ရမည်ဖြစ်ပြီး ထို့နောက်တွင် မည်သည့်အမှားများ ၎င်းတို့ ပြုလုပ်မိကာ မိမိတို့ကိုယ်တိုင်က မည်သည့်အရာများ ဖြစ်သည်ဆိုသည်ကို ၎င်းတို့ သိနိုင်ကြလိမ့်မည်။ သင်၏ မကောင်းမှုပြုခြင်း၏ အနှစ်သာရကို သင် သတိမပြုမိနိုင်လျှင် သို့မဟုတ် ထိုအရာမှ သင်ခန်းစာတစ်ခု မသင်ယူနိုင်လျှင် ပြဿနာကို ဖြေရှင်းမရနိုင်ပေ။ များစွာသောလူတို့သည် မကောင်းသည့်အရာများ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ ပြန်မသုံးသပ်ကြပေ။ ထို့ကြောင့် ထိုသို့သောလူများသည် အမှန်တကယ် တစ်ကြိမ်တစ်ခါမျှ နောင်တရနိုင်ကြသလော။ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်တစ်ခုတလေ ရှိသလော။ လူသားမျိုးနွယ်သည် စာတန်၏ သားသမီးများဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ ပုန်ကန်ပြစ်မှားမိသည်ဖြစ်စေ၊ မပြစ်မှားသည်ဖြစ်စေ ၎င်းတို့၏ သဘာဝအနှစ်သာရက အတူတူပင် ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ မိမိတို့ကိုယ်ကို သာ၍ သိရှိလာသင့်သည်၊ ဘုရားသခင်ကို မည်သည့်အတိုင်းအတာထိ ၎င်းတို့ ပုန်ကန်ကာ အတိုက်အခံ လုပ်မိသည်ဆိုသည်နှင့် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ကာ လက်တွေ့လုပ်ဆောင်နိုင်ဆဲ ရှိမရှိဆိုသည်တို့ကို ရှင်းလင်းစွာ မြင်သင့်သည်။ ဤအရာကို ၎င်းတို့ ရှင်းလင်းစွာ မြင်လျှင် ၎င်းတို့ မည်မျှ အန္တရာယ်ရှိသည်ကို သိကြလိမ့်မည်။ အမှန်တွင် ၎င်းတို့၏ သဘာဝ အနှစ်သာရများအရ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် အန္တရာယ်ရှိပေသည်။ ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် အားထုတ်မှုများစွာ လိုအပ်ပြီး မလွယ်ကူပေ။ လူအချို့သည် မကောင်းမှုကို ကျူးလွန်ကာ မိမိတို့၏ သဘာဝ အနှစ်သာရကို ထုတ်ဖော်ပြပြီးဖြစ်စဉ်တွင် အချို့မှာ မကောင်းမှုကို မကျူးလွန်သေးသော်လည်း အခြားသူများထက် မလွဲမသွေ များစွာ ပိုကောင်းခြင်းမျိုး မဟုတ်ချေ။ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့တွင် အခြေအနေ သို့မဟုတ် အခွင့်အရေး မရှိကြသေးခြင်းသာ ဖြစ်သည်။ သင့်ထံတွင် ဤပြစ်မှားမှုများ ရှိသည့်အတွက် ယခုတွင် မည်သည့် သဘောထားရှိသင့်သည်၊ ဘုရားသခင်၏ ရှေ့တွင် မည်သည့်အရာကို ဖြစ်ကြောင်းကုန်စင် ပြောပြသင့်သည်ဆိုသည်နှင့် ဘုရားသခင်က မည်သည့်အရာ မြင်လိုသည်ဆိုသည်တို့ကို သင်၏ စိတ်နှလုံးတွင် ရှင်းလင်းနေရမည်ဖြစ်သည်။ ဤအရာများကို ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းမှတစ်ဆင့် သင် ရှင်းလင်းရမည်။ ထို့နောက်တွင် အနာဂတ်၌ မည်သို့ လိုက်စားသင့်သည်ဆိုသည်ကို သင် သိရှိလိမ့်မည်ဖြစ်ကာ အတိတ်တွင် သင် ပြုလုပ်ခဲ့သည့် အမှားများ၏ လွှမ်းမိုးခြင်း သို့မဟုတ် ဘောင်ခတ်ခြင်းကို ခံရတော့မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ကျွန်တော့် စိတ်နှလုံး အရမ်းတို့ထိခံခဲ့ရတယ်။ ဘုရားက လူတွေရဲ့ အတိတ်က ပြစ်မှားတာတွေကိုပဲ မကြည့်ဘူး။ လူတစ်ယောက်က ဘုရားရှေ့ကို လာသရွေ့၊ သမ္မာတရားကို လက်ခံသရွေ့၊ သူတို့တာဝန်တွေကို သစ္စာစောင့်သိမှုနဲ့ တာဝန်သိစိတ်နဲ့ ထမ်းဆောင်ပြီး၊ တကယ့် လုပ်ရပ်တွေကတစ်ဆင့် နောင်တရမှန်းကို ပြသရွေ့၊ ဘုရားက ဒီလူရဲ့ ပြောင်းလဲမှုကို မြင်ရင်၊ သူတို့ကို ကယ်တင်ခြင်းအတွက် အခွင့်အရေး ပေးမှာပဲ။ ဥပမာအနေနဲ့ ပေတရုကို ကြည့်။ သခင်ယေရှု အဖမ်းခံခဲ့ရချိန်မှာ၊ ပေတရုက သူ့ကို သုံးကြိမ် ငြင်းခဲ့တယ်။ သူက အဲဒါကိုအရမ်းနောင်တရခဲ့ပြီး၊ နောက်ပိုင်းမှာ သမ္မာတရား လိုက်စားတာ၊ ဘုရားကို ချစ်ပြီး သူ့ကိုကျိုးနွံနာခံဖို့ ကြိုးစားတာကို အာရုံစိုက်ခဲ့တယ်။ နောက်ဆုံးမှာ ပေတရုက ဘုရားအတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရပြီး နှစ်သက်ဖွယ်ကောင်းတဲ့ သက်သေခံချက်ကို ပေးခဲ့တယ်။ ပြီးတော့ ဒါဝိဒ်ရှိတယ်။ သူက ဥရိယရဲ့ မိန်းမကို ယူမိပြီး ဘုရားဆီကလာတဲ့ ပြင်းထန်တဲ့ အပြစ်ဒဏ်ပေးခြင်းကို ကြုံခဲ့ရတယ်။ ဒါဝိဒ်က အရမ်းကို နောင်တရခဲ့သလို၊ သူအသက်ကြီးလာတော့ မိန်းမငယ်လေးတစ်ယောက်က သူ့အိပ်ရာထဲမှာ အနွေးဓာတ်လာပေးတဲ့အချိန်မှာတောင် အပြစ် ထပ်ပြီး မကျူးလွန်ခဲ့ဘူး။ သူက ဗိမာန်တော်ကို ဆောက်ဖို့ ပြင်ဆင်ရင်းနဲ့ သူ့ဘဝကို ကုန်ဆုံးခဲ့ပြီး၊ ဣသရေလူတွေကို ဘုရားကို ကိုးကွယ်ရာမှာ ဦးဆောင်ခဲ့တယ်။ နောင်တရတယ်ဆိုတာကို တကယ့်လုပ်ရပ်ကတစ်ဆင့် ဘုရားကို ပြခဲ့တယ်။ ပေတရုနဲ့ ဒါဝိဒ်တို့ရဲ့ အတွေ့အကြုံတွေကို သုံးသပ်ဆင်ခြင်တာက ကျွန်တော့်ကို ရှေ့ဆက်ရမဲ့လမ်းပြခဲ့တယ်။ ကျွန်တော့်ရဲ့ ပြစ်မှားမှုကို ကျွန်တော် မှန်မှန်ကန်ကန် ရင်ဆိုင်ဖို့ လိုတယ်။ ကိုယ့်ကိုယ်ကိုယ် စေ့စေ့စပ်စပ် သုံးသပ်ဖို့၊ ကျွန်တော့်ရဲ့ ပြစ်မှားမှုကို ဖြေရှင်းဖို့နဲ့ ဘုရားရှေ့မှာ အစစ်အမှန် နောင်တရဖို့ လိုတယ်။ နောက်ပိုင်းမှာ၊ အဲဒီအစ်မကို သစ္စာဖောက်ပြီးတော့ ကျွန်တော့် သက်သေကို ဆုံးရှုံးရတာ အဓိက အကြောင်းရင်းနှစ်ခုကြောင့်ဖြစ်မှန်း နားလည်သွားတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော့်ရဲ့ ချစ်ခင်တွယ်တာမှုတွေက ကျွန်တော့်ကို လွှမ်းမိုးခဲ့တာပဲ။ ရဲတွေ ကျွန်တော့်ကို ညှဉ်းဆဲပြီး ကျွန်တော့်အသက်ကို ခြိမ်းခြောက်တဲ့အချိန်မှာ၊ ကျွန်တော်က ကျွန်တော့် အမေ၊ သားသမီးတွေနဲ့ မိန်းမတွေကို မစွန့်လွှတ်နိုင်ခဲ့ဘူး။ ကျွန်တော် သေသွားရင်၊ ထိုးနှက်မှုကို သူတို့ မခံနိုင်မှာ ကြောက်ခဲ့တယ်။ ဒါကြောင့် ရှက်စရာကောင်းတဲ့ ယုဒလုပ်ပြီးတော့ ဘုရားကို သစ္စာဖောက်ပြီး အဲဒီအစ်မကို ဖော်ကောင်လုပ်ခဲ့တာပဲ။ တကယ်တော့၊ ကျွန်တော့် မိသားစုရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာရှိတယ်။ ဘဝမှာ သူတို့ သည်းညည်းခံရမဲ့ ဘယ်ဆင်းရဲဒုက္ခ၊ နာကျင်မှုကိုမဆို ဘုရားက ကြိုစီမံထားခဲ့ပြီးပြီ။ သူတို့ဘေးမှာ ကျွန်တော် ရှိနေခဲ့ရင်တောင် သူတို့ ရင်ဆိုင်ရမဲ့ဟာဖြစ်တဲ့ ဆင်းရဲဒုက္ခကို သူတို့ ရင်ဆိုင်ရဦးမှာပဲ။ ဒါက ကျွန်တော် လုံးဝ ပြောင်းလဲလို့မရတဲ့အရာတစ်ခုပဲ။ ဒါပေမဲ့ ဒီအရာတွေကို ကျွန်တော် မရိပ်စားမိနိုင်ခဲ့ဘူး။ ကျွန်တော်က ကျွန်တော့်ရဲ့ ချစ်ခင်တွယ်တာမှုတွေနဲ့ ဘောင်ခတ်ခံနေရတုန်းပဲ ဖြစ်ခဲ့တယ်။ အဲဒါ ကျွန်တော် တကယ်ကို စဉ်းစားဉာဏ်မရှိတာပဲ။ တခြားအကြောင်းရင်းကတော့ သေခြင်းနဲ့ဆိုင်တဲ့ ကိစ္စတွေကို ကျွန်တော် မရိပ်စားနိုင်ခဲ့လို့ပဲ။ ကျွန်တော့်မှာ ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိခဲ့ဘူး။ ရက်နှစ်ဆယ်ကြာ ရဲတွေရဲ့ ညှဉ်းဆဲတာ ခံခဲ့ရပြီးတဲ့အချိန်မှာ၊ ကျွန်တော့်ခန္ဓာကိုယ်ရဲ့ သည်းခံနိုင်စွမ်းအား ကုန်သွားခဲ့တယ်။ အဲဒီအချိန်မှာပဲ အထူးသဖြင့် သေဖို့ ကျွန်တော် ကြောက်ပြီး စာတန်နဲ့ အပေးအယူတစ်ခု လုပ်ခဲ့မိတယ်။ သခင့်ရဲ့ ဧဝံဂေလိ ဖြန့်ဖို့ သေတဲ့အထိ ကျောက်ခဲနဲ့ ပေါက်ခံရတဲ့သူတွေ၊ မြင်းတွေနဲ့ တရွတ်တိုက်ဆွဲခံရတဲ့သူတွေ၊ ဒါမှမဟုတ် ကားတိုင်မှာ သံမှိုရိုက်ခံခဲ့ရတဲ့သူတွေဖြစ်တဲ့ သခင်ယေရှုရဲ့ တပည့်တော်တွေအကြောင်းကို ကျွန်တော် စဉ်းစားမိတယ်။ သူတို့က ဖြောင့်မတ်ခြင်းတရားအတွက် နှိပ်စက်ညှဉ်းပန်းမှုကို ခါးစီးခံခဲ့ကြတယ်။ သူတို့ရဲ့ သေခြင်းတွေက စာတန်အပေါ် အောင်မြင်မှုရပြီး စာတန်ကို အရှက်ရစေတဲ့ သက်သေခံချက်တစ်ခုပဲ၊ သူတို့ကို ဘုရားက အမှတ်ရတယ်။ သခင်ယေရှုက ပြောခဲ့တယ်။ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၆:၂၅) ဒါပေမဲ့ ကျွန်တော်က အသက်ကို တပ်မက်ခဲ့ပြီး၊ သေဖို့ကြောက်ခဲ့တယ်။ အဲဒီအစ်မကို သစ္စာဖောက်ပြီး ရှက်စရာကောင်းတဲ့ ဖြစ်တည်မှုကို ဖက်တွယ်ခဲ့တယ်။ ကျွန်တော့် ခန္ဓာကိုယ် အသက်ရှင်သေးပေမဲ့၊ နေ့တိုင်း လမ်းလျှောက်နေတဲ့ အလောင်းကောင်ဘဝကို အသက်ရှင်ရင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှုကို ခါးစီးခံခဲ့ရတယ်။ အခု ကျွန်တော် နားလည်သွားတယ်။ ကျွန်တော့် ယုံကြည်ခြင်းအတွက် ရဲတွေကြောင့် ကျွန်တော် ကိုယ်လက်အင်္ဂါချို့တဲ့ရရင်တောင်၊ အသတ်ခံရရင်တောင်၊ အဲဒါက ဘုရားချီးကျူးတဲ့ အရာတစ်ခု ဖြစ်မှာပဲ။ ဒါကို အသိအမှတ်ပြုလိုက်ပြီးတော့ ကျွန်တော့် စိတ်နှလုံးထဲမှာ ဆုံးဖြတ်လိုက်တယ်။ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖမ်းတာကို ကျွန်တော် ထပ်ခံခဲ့ရရင်၊ ကျွန်တော့်အသက်ကို စွန့်ရမဲ့သဘောဖြစ်ရင်တောင်၊ ဘုရားအတွက် ကျွန်တော့် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး၊ ကျွန်တော့်ရဲ့ အတိတ်က ပြစ်မှားမှုကို ကျေရာကျေကြောင်း လုပ်မယ်လို့ပေါ့။

အဲဒီနောက် သိပ်မကြာခင်မှာပဲ၊ အသင်းတော်က နောက်ထပ် အကြီးအကျယ် ဖမ်းဆီးတာကို ရင်ဆိုင်ရတယ်။ အသင်းတော်က နောက်ဆက်တွဲအလုပ်ကို ကိုင်တွယ်ဖို့ ကျွန်တော့်ကို စီစဉ်ပေးတယ်။ အလုပ်တာဝန် အမျိုးမျိုးနဲ့ပတ်သက်လို့ ဆွေးနွေးနေချိန်မှာ ကျွန်တော် တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ စည်းမျဉ်းတွေအတိုင်း ပြုမူဆောင်ရွက်တာနဲ့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း အစွမ်းကုန် ဖြည့်ဆည်းတာတွေအပေါ် အာရုံစိုက်ခဲ့တယ်။ ကျွန်တော့်တာဝန်တွေကို လုပ်တဲ့ လုပ်ငန်းစဉ်မှာ၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သူ့ဘာသာ ပေါ်လာတဲ့အခါတိုင်းမှာ အဲဒါကို ဖြေရှင်းဖို့ သမ္မာတရားကို တက်တက်ကြွကြွ ရှာခဲ့တယ်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေကို ရေးတာလည်း ကျွန်တော် လက်တွေ့လုပ်ခဲ့တယ်။ ကျွန်တော့် စိတ်နှလုံးမှာ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့် အနာဂတ်မှာ ကောင်းမွန်တဲ့ အဆုံးသတ်၊ ခရီးပန်းတိုင် မရှိခဲ့ရင်တောင်၊ ကျွန်တော့်တာဝန်တွေကို ဖြည့်ဆည်းပြီး သမ္မာတရားကို လေးလေးနက်နက် လိုက်စားဖို့ ကြိုးစားဦးမှာပဲ။ ဘုရားရဲ့ စိတ်နှလုံးကို စိတ်သက်သာမှု နည်းနည်း ပေးပြီးတော့ပေါ့။

ဒီနှစ်တွေက ကျွန်တော်က စိတ်ဓာတ်ကျတဲ့ အခြေအနေမှာ အသက်ရှင်နေပြီးပြီ။ ကျွန်တော် နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မိပေမဲ့၊ ကျွန်တော့် ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သမ္မာတရားကို လုံးဝ မရှာခဲ့ဘူး။ အကျိုးဆက်ကတော့ ကျွန်တော့်ဘဝ ပြီးခဲ့တဲ့သုံးလေးနှစ်မှာ တိုးတက်အောင်မလုပ်နိုင်ခဲ့ဘဲ သမ္မာတရားရဖို့ အခွင့်အရေးအများကြီး လွဲသွားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကတစ်ဆင့်၊ ဘုရားကို ကျွန်တော့်ရဲ့ အထင်လွဲမှုတွေနဲ့ အတားအဆီးတွေကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ကျွန်တော့်ပြစ်မှားမှုရဲ့ ချည်နှောင်မှုနဲ့ ကန့်သတ်မှုကနေ ရုန်းထွက်လွတ်မြောက်ဖို့ အားထုတ်ခဲ့တယ်။ ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်ပြီး သမ္မာတရားကို ပုံမှန်အတိုင်း လိုက်စားနိုင်ခဲ့တယ်။ ဘုရားကို ကျွန်တော် တကယ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင့်မြတ်သော ပူးပေါင်းဆောင်ရွက်ခြင်းသို့ ကျွန်မ၏ ခက်ခဲသည့် လမ်းကြောင်း

ရှင်းချန် တရုတ်နိုင်ငံ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် အရွေးခံရတယ်။ ပြီးတော့ အစ်မချန်းနဲ့အတူ...

အသက်ဝင်ရောက်မှုကို မလိုက်စားခြင်း၏ အကျိုးဆက်များ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မနဲ့ တွဲလုပ်ရတဲ့ အစ်မက ရဲတွေ ဖမ်းတာခံလိုက်ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ပါ။...

ကျွန်မတာဝန်မှာ အဖိုးအခ မပေးဆပ်ချင်ခဲ့တဲ့ အကြောင်းရင်း

ချန်ကျင့် ကိုးရီးယားနိုင်ငံ ကျွန်မက ဂရတ်ဖစ်ဒီဇိုင်းမှာ လုပ်နေတာပါ။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ပုံအသစ်တစ်ခုဖန်တီးဖို့ တာဝန်ပေးတယ်။...

လှည့်စားခြင်းနှင့် သံသယဝင်ခြင်းသည် ဒုက္ခကိုသာ သယ်ဆောင်လာသည်

ကျန်ဟန် ဂရိနိုင်ငံ ကျွန်မက အသင်းတော်က ဗီဒီယိုထုတ်လုပ်ရေးသင်တန်းမှာ ဆက်တိုက်ရှိနေခဲ့တာ။ နောက်တော့ ၂၀၂၀ခုနှစ်၊ ဇွန်လရဲ့ နေ့တစ်နေ့မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
​ဘောင်အပြည့်ချဲ့ကြည့်မည်
​ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်