ဧဝံဂေလိဖြန့်ဝေခြင်း လမ်းကြမ်း (၂)

28.08.2023

မြန်မာနိုင်ငံ အမ်းရှင်း

၂၀၂၂ခုနှစ်၊ စက်တင်ဘာလမှာ ယုံကြည်သူသစ်တစ်ယောက်က ကျွန်မတို့ကို သူ့မိဘတွေရဲ့ ရွာဆီ ဧဝံဂေလိဟောဖို့ ခေါ်သွားတယ်။ အဲဒီမှာ လူ ၄၀ ကျော်က စစ်မှန်တဲ့ လမ်းခရီးကို စိတ်ဝင်စားကြတယ်။ ကျွန်မ အရမ်း ဝမ်းသာပြီး ဘုရားရဲ့ နောက်ဆုံးသော ကာလအမှုတော်နဲ့ ပတ်သက်လို့ သူတို့ကို သက်သေခံချက် စပြီး ဝေမျှခဲ့တယ်။ အဲဒီနောက် ဒေသအစိုးရက သူတို့ အစည်းအဝေးမှာ ကျွန်မက ရဲက အလိုရှိနေတဲ့သူဖြစ်တယ်လို့ ပြောပြီးတော့ ကျွန်မဓာတ်ပုံကိုပြပြီး ကျွန်မ ဧဝံဂေလိ ဟောနေတာတွေ့ရင် အကြောင်းကြားဖို့ လူတွေကို ပြောတယ်ဆိုတဲ့ သတင်းရတယ်။ ရဲတွေကလည်း စစ်ဆေးရေးဂိတ်တွေနဲ့ ကားတွေကို တားပြီး ကျွန်မကို ရှာနေကြတယ်။ ကျွန်မတွေးနေမိတယ်၊ ကျွန်မကို နေရာတကာမှာ ရဲတွေက ရှာနေတော့ တစ်နေ့နေ့ ကျွန်မကို သူတို့မိသွားရင် သတ်နိုင်တယ်လို့ပေါ့။ ကျွန်မ ဧဝံဂေလိ ဆက်ဝေမျှသင့်လား။ ရပ်လိုက်ရင် ဘုရားအမှုတော်ကို စုံစမ်းနေရင်းတန်းလန်းနဲ့ ရွာသားတွေ ဘယ်လိုလုပ်မလဲ။ ဘုရားအသံကို သူတို့ကြားပြီး သူ့ရဲ့အမှုတော်သစ်ကို လက်ခံနိုင်ကြတော့မှာ မဟုတ်ဘူး။ ကျွန်မက ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖြစ်မှာ မဟုတ်ဘူး။ ညီအစ်ကို မောင်နှမတွေက ကျွန်မရဲ့ လုံခြုရေးအတွက် စဉ်းစားပြီးတော့ ကျွန်မကို အဝေးပို့ချင်ကြတယ်။ ကျွန်မလည်းကြောက်နေလို့ ကောက်ကာငင်ကာ ထွက်လာလိုက်တယ်။ အဲဒီနောက်တော့ တော်တော် အပြစ်ရှိတဲ့စိတ်ခံစားရတယ်။ ကျွန်မ ပြန်သွားပြီး အဲဒီရွာသားတွေကို ဧဝံဂေလိ ဆက်ဟောချင်တယ်။ အဲဒါနဲ့ ဘုရားဆီ ဆုတောင်းတယ်။ “ဘုရားသခင်၊ ရဲတွေက နေရာတကာ ကျွန်မကို ရှာနေသလိုပြီး ကျွန်မ ကြောက်နေပါတယ်။ ဒါပေမဲ့ ကျွန်မ အဖမ်းခံရခြင်း ရှိမရှိက လုံးဝ ကိုယ်တော့်လက်ထဲမှာရှိမှန်း သိပါတယ်။ အရာရာကို ကိုယ်တော့်ဆီ ကျွန်မ အပ်နှံချင်ပါတယ်။ ကျွန်မ ဆက်တရားဟောပြီး ကိုယ်တော့်ကို သက်သေခံဖို့ ယုံကြည်ခြင်းရှိအောင် လမ်းပြတော်မူပါ”လို့ပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေမှာ တစ်ခုကို ကျွန်မ ဖတ်ရတယ်။ “သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဖြစ်ခြင်း၏ ခိုင်မာသောအသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ နောက်ဆုံး စာရင်းချုပ်လိုက်ပါက၊ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အဓိပ္ပာယ် ကောက်မည်နည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ဘုရားသခင်ကို အစေခံသည့် လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဋ္ဌာန်နှင့် ယုံကြည်စိတ်ချမှုတို့ အမှန်တကယ် ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဘုရားနှုတ်ကပတ်တော်တွေက တကယ် ခွန်အားရပေမဲ့ အပြစ်ရှိတဲ့စိတ်လည်း ခံစားမိစေတယ်။ လူအတော်များများက ဘုရားရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်မခံသေးသလို စာတန်ရဲ့ တန်ခိုးအာဏာအောက်မှာ အသက်ရှင်နေတုန်းပဲ။ သူတို့က ကူကယ်ရာမဲ့ပြီး နာကျင်နေကြတယ်။ သူတို့အတွက် ဘုရားက ဝမ်းနည်းပြီး စိတ်စောနေတယ်။ သူတို့ထဲကတချို့က ငွေရှာဖို့ တစ်ရက်တစ်ရက်ကို နာရီအများကြီး ခြေကုန်လက်ပမ်းကျအောင် အလုပ် လုပ်ရတယ်၊ ခက်ခက်ခဲခဲ အသက်ရှင်ရတယ်၊ ဘဝတွေက ပင်ပန်းပြီး ငွေနည်းနည်း ရပြီးတဲ့နောက်မှာတောင် တချို့က စိတ်ထဲမှာ ဟာတာတာနဲ့ စိတ်ဆင်းရဲနေကြတုန်းပဲ။ လူ့ဘဝရဲ့ တန်ဖိုးကို သူတို့ မသိကြသလို ဘာဦးတည်ချက်မှ ရှာမတွေ့နိုင်ကြဘူး။ လူတချို့က စစ်မှန်တဲ့ လမ်းခရီးကို ရှာချင်ကြပေမဲ့ အစိုးရရဲ့ ဖိနှိပ်မှုနဲ့ အဖမ်းအဆီးတွေကြောင့် အရမ်းကြောက်ကြတယ်။ ဆိုလိုတာက ကျွန်မတို့က သူတို့ကို ဘုရားနှုတ်ကပတ်တော်တွေနဲ့ မိတ်သဟာယပြုဖို့၊ ဘုရားအမှုတော်ကို သက်သေခံဖို့နဲ့ သူတို့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အသုံးပြုဖို့လိုတယ်။ အဲဒါမှ ဘုရားနှုတ်ကပတ်တော်တွေမှာ သမ္မာတရား၊ အလင်းနဲ့ မျှော်လင့်ချက်ကို သူတို့ မြင်နိုင်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို လက်ခံနိုင်ကြမှာလေ။ ပြီးတော့ ဒီခေတ်မှာ ကပ်ဘေးတွေက ဆိုးသထက်ဆိုးနေသလို လူတော်တော်များများက ဘုရားအသံကို မကြားကြသေးဘူး။ ကပ်ဘေးမှာ သူတို့ အားကိုးစရာ မရှိဘူး။ ဒီလူတွေကို ဧဝံဂေလိတရား ဝေမျှတာက ကျွန်မရဲ့ တာဝန်ပဲ။ ဘုရားက သူကယ်တင်ချင်တဲ့ ဘယ်သူကိုမဆို ကပ်ဘေးတွေကို မလွန်ဆန်နိုင်တာ မဖြစ်စေချင်ဘူး။ ကိုယ်ဘေးကင်းဖို့အတွက် ဧဝံဂေလိ ဖြန့်တာကို ရပ်လိုက်ရင် ကိုယ့်တာဝန်ကို ကျွန်မ စွန့်လွှတ်တာပဲဖြစ်မှာ။ အဲဒါဆိုရင် ဘုရားအပေါ် ကျွန်မ အရမ်းအကြွေးတင်ပြီး သူ့မိသားစုဝင်လို့ အခေါ်ခံထိုက်မှာ မဟုတ်ဘူး။ ကျွန်မလည်း ဘာရည်မှန်းချက်၊ မျှော်လင့်ချက်မှမရှိဘဲ စာတန်ရဲ့ ထိန်းချုပ်မှုအောက် အသက်ရှင်ရင်းနဲ့ အဲဒီရွာသားတွေလိုပဲ ဖြစ်ခဲ့ဖူးတာကို တွေးမိတယ်။ ကျွန်မနဲ့ ဧဝံဂေလိ မျှဝေဖို့ ဘုရားက ညီအစ်ကို မောင်နှမတွေကို အကြိမ်ကြိမ် လှုံ့ဆော်ခဲ့တာဟာဆိုရင် နောက်ဆုံးမှာ ဘုရားအသံကို ကျွန်မကြားပြီး သူ့ရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို ရခဲ့တဲ့အထိပဲလေ။ အဲဒါ ကျွန်မအတွက် ဘုရားရဲ့ မေတ္တာနဲ့ သနားကရုဏာပဲ။ ဘုရားအလိုတော်ကို ကျွန်မ စဉ်းစားရမယ်၊ ပြီးတော့ ဘုရားအမှုတော်ကို သက်သေခံပြီး သူ့မေတ္တာကို ပြန်ပေးဆပ်ဖို့ တတ်စွမ်းသမျှ လုပ်ရမယ်။ နောက်နေ့မှာ ဧဝံဂေလိ ဆက်ဝေမျှဖို့ အဲဒီရွာကို ကျွန်မ ပြန်သွားခဲ့တယ်။ ဒါပေမဲ့ ရက်နည်းနည်းအကြာမှာပဲ ကျွန်မတို့ကို အဲဒီနေရာ ခေါ်သွားတဲ့ လူသစ်က အရေးပေါ်ကိစ္စနဲ့ ပြန်သွားတယ်။ ကျွန်မ နည်းနည်း စိုးရိမ်သွားတယ်။ ဒေသခံရဲ့ ကာကွယ်ပေးမှုမရှိဘဲနဲ့ နောက်ဆုံးမှာ ကျွန်မ အဖမ်းခံလိုက်ရတော့မှာလားပေါ့။ ဒါပေမဲ့ ဧဝံဂေလိ ဝေမျှတာကို ရပ်လိုက်ရင် စစ်မှန်တဲ့ လမ်းခရီးကို စုံစမ်းကြသူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံရာမှာ နှောင့်နှေးသွားမှာ။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်အတွင်းမှာ သူတို့က ရှာဖွေ၊ စုံစမ်းဖို့ အားထုတ်တဲ့အနေနဲ့ ကျွန်မတို့ ဟောတာကို နားထောင်ရအောင် တောင်ကုန်းတွေဆီ ခိုးထွက်နေခဲ့ကြတာလေ။ အဲဒါကို သူတို့ အရမ်းတောင့်တနေခဲ့ကြတာ။ ကျွန်မက ဆက်ပြီး တရားဟောချင်စိတ်မရှိဘဲ အဖမ်းခံရမှာ ကြောက်လို့ ထွက်ပြေးသွားရင် သူတို့ကို အကြွေးတင်မှာဖြစ်ပြီး ဘုရားကို လည်းနာကျင်စေမှာပဲ။ ဒါကြောင့် အဲဒီစစ်မှန်တဲ့ လမ်းခရီးရှာချင်သူတွေကို ကျွန်မ တစ်ယောက်ချင်းတွေ့ပြီး သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြတယ်။ နောက်ဆုံးမှာ သူတို့အယောက်တိုင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခဲ့ကြတယ်။ အဲဒီနောက်မှာ ကျွန်မတို့ တရားဒေသနာတွေ နားထောင်ဖို့ တခြားလူတွေကို သူတို့ ခေါ်လာကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားပြီးတဲ့နောက်မှာ ဘုရားအမှုတော်သစ်ကို လက်ခတဲ့လူတွေ ပိုပိုများလာတယ်။ ဘုရားရဲ့လမ်းပြမှုကိုမြင်တော့ ကျွန်မ သကို အရမ်းကျေးဇူးတင်မိတယ်။ ရွာက လက်နက်ကိုင်တွေက ညနေပိုင်ကင်းလှည့်တာတွေကို ခဏခဏလုပ်တော့ ကျွန်မတို့ စုဝေးပွဲတွေက အကန့်အသတ်ရှိလာတယ်။ ဒါကြောင့် ယုံကြည်သူအသစ်တွေကို စာတန်ရဲ့ လှည့်ကွက်တွေ ရိပ်စားမိပြီး တိတ်တဆိတ် စုဝေးတတ်အောင် ကူညီဖို့ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုပေးတယ်။ အဲဒါကိုသိတော့ သူတို့က အစိုးရရဲ့ ကန့်သတ်ချုပ်ချယ်မှုကို ဘယ်လိုမှ မခံစားရတော့ဘူး။ ညမှာ စုဝေးဖို့ တောင်ကုန်းတွေ၊ ဟင်းသီးဟင်းရွက် ခင်းတွေထဲ အားလုံး တိတ်တိတ်လေး ထွက်လာကြတယ်။ အဲဒါကိုတွေ့တဲ့အခါ တရားဟောဖို့အတွက် ကျွန်မမှာ ပိုလို့တောင် အားရှိသွားတယ်။

တစ်ခါ သတိရသေးတယ်၊ ကျွန်မ တရားဟောခဲ့တဲ့ လူတချို့က ကျွန်မတို့တရားတွေကို နားထောင်လို့ အစိုးရ ဖမ်းတာကို ခံခဲ့ရတယ်လို့ ပြောတဲ့ ညီအစ်မတစ်ယောက်ရှိတယ်။ သူတို့ရဲ့ မယုံကြည်သူ မိသားစုက ကျွန်မကို သတ်မယ်ပြောပြီး ကျွန်မကို အိမ်မှာ သွားရှာကြတယ်တဲ့။ ကျွန်မကို ဂရုစိုက်ဖို့ ကျွန်မအစ်မက ပြောတယ်။ ကျွန်မအတွက်တော့ လန့်စရာပဲလေ။ အဲဒီအချိန်မှာ အိမ်မှာ ကျွန်မရှိနေခဲ့ရင် သူတို့ ကျွန်မကို ဘာလုပ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ အဲဒီမှာ ဧဝံဂေလိကို ကျွန်မ ဆက်ဖြန့်နေခဲ့ပြီး သူတို့ ကျွန်မကို မိသွားရင် ကျွန်မကို လွယ်လွယ် လွတ်ပေးမှာ မဟုတ်ဘူး။ အဲဒီနေရာကနေ ကျွန်မထွက်သွားချင်ခဲ့ပြီး ဧဝံဂေလိ မဝေမျှချင်တော့ဘူး။ ဒါပေမဲ့ ထွက်သွားဖို့ စဉ်းစားတာက တကယ် ကျွန်မအတွက် စိတ်မကောင်းစရာပဲလေ။ အဲဒီအချိန်မှာ ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “သင့်ကို ဝန်းရံသည့် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ငါ၏အခွင့်အားဖြင့်ဖြစ်သည်၊ ငါ စီစဉ်ထားခြင်းသာ ဖြစ်သည်ကို သင်သိထား၏။ ရှင်းရှင်းလင်းလင်း မြင်ကာ သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ၏စိတ်နှလုံးကို ဖြည့်ဆည်းလော့။ မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) ကျွန်မ ဒီအခြေအနေကို ဘုရားရဲ့ခွင့်ပြုချက်နဲ့ ရင်ဆိုင်နေရမှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ မြင်နိုင်ခဲ့တယ်။ ကျွန်မက ဘုရားအမှုတော်အကြောင်း သက်သေခံရင်းနဲ့ ဧဝံဂေလိ ဝေမျှနေတဲ့အတွက် ဧဝံဂေလိ ဆက်ဖြန့်ဖို့ အရမ်းကြောက်သွားအောင်လို့ စာတန်က ကျွန်မကို တားဆီးဖို့ ကျွန်မရဲ့ စိတ်အခြေအနေကို နှောင့်ယှက်ဖို့ ဘာမဆိုလုပ်မှာပဲ။ အဲဒါ စာတန်ရဲ့ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်ပဲ။ အသက်အန္တရာယ်ကို ဖက်တွယ်ရင်းနဲ့ ကြောက်လို့ ဧဝံဂေလိတရား မဖြန့်ဝေရင် ကျွန်မက စာတန်ရဲ့လှည့်ကွက်တွေထဲ ရောက်သွားမှာမဟုတ်လား။ ကျွန်မ အဖမ်းခံရခြင်းရှိမရှိနဲ့ သေမယ်၊ မသေဘူးဆိုတာ အားလုံး ဘုရားလက်ထဲမှာရှိတယ်။ စာတန်က ယောဘကို စစ်ဆေးနေချိန်မှာ ယောဘက အများကြီး ဆင်းရဲဒုက္ခခံခဲ့ရတယ်။ သူ့သားသမီးအားလုံးနဲ့ချမ်းသာမှုအားလုံးကို ဆုံးရှုံးပြီး တစ်ကိုယ်လုံး အနာစိမ်းတွေ ပေါက်တယ်။ ဒါပေမဲ့ ဘုရားက စာတန်ကို ယောဘရဲ့အသက်ကို နုတ်ယူခွင့်မပေးခဲ့ဘူး။ ဘုရားပြောတာကို စာတန်က မဆန့်ကျင်ရဲဘူး။ ယောဘရဲ့ အသက်ကို အန္တရာယ်မပေးရဲဘူး။ အခု ဘုရားက လူတွေကို ကျွန်မအပေါ် အန္တရာယ်ပြုခွင့် မပေးရင် သူတို့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မရဲ့အသက်က ဘုရားလက်ထဲမှာရှိတယ်။ ကျွန်မ ရှင်မလား၊ သေမလားဆိုတာ သူတို့ ဆုံးဖြတ်လို့မရဘူး။ ကျွန်မ အဖမ်းခံရရင် နောက်ကွယ်မှာ ဘုရားရဲ့ ကောင်းတဲ့ အလိုတော်ရှိမှာဖြစ်ပြီး ကျွန်မ ကျိုးနွံနာခံသင့်တယ်။ ကျွန်မဘာသာကျွန်မ တွေးမိတယ်။ ဒီရွာမှာ ကိစ္စတွေက ဆိုးနေတော့ နောက်တစ်ရွာကို ကျွန်မ တရားသွားဟောလို့ရတာပဲ။ ကျွန်မအနေနဲ့ ဉာဏ်သုံးပြီး သတိထားရင် အဆင်ပြေမှာပါပေါ့။ သခင်ယေရှု ပြောခဲ့သည်မှာ- “တမြို့၌ သင်တို့ကို ညှဉ်းဆဲ တမြို့သို့ပြေးကြလော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၃) အဲဒီနောက် နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “ဘုရားသခင်သည် သူ၏ နောက်လိုက်တိုင်းအတွက် အစီအစဉ်တစ်ခုရှိသည်။ တစ်ဦးချင်းစီတွင် ဘုရားသခင်က လူသားအတွက် ပံ့ပိုးပေးသော၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရမည့် ပတ်ဝန်းကျင်တစ်ခုရှိသည်။ ၎င်းတို့တွင် လူသားအတွက် ပျော်မွေ့ခံစားဖို့ဖြစ်သည့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်ခံမှုတို့ရှိသည်။ ၎င်းတို့တွင် အထူးအခြေအနေများလည်းရှိသည်။ ထိုအရာများကို ဘုရားသခင်က လူသားအတွက် ချပေးသည်။ ၎င်းတို့ ကြုံတွေ့ရမည့် ဒုက္ခများစွာရှိသည်မှာ လူက စိတ်ကူးထင်မြင်သည့် အဆင်ပြေချောမွေ့မှုနှင့် လုံးဝ မတူပေ။ ဤအရာအပြင် သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်သည်ကို အသိအမှတ်ပြုပါက၊ ဧဝံဂေလိတရား ဖြန့်ဝေဖို့နှင့် သင်၏ တာဝန်ကို လျော်ကန်စွာ လုပ်ဆောင်ဖို့ သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းအတွက် ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ရန် သင့်ကိုယ်သင် ပြင်ဆင်ရမည်။ အဖိုးအခသည် ကိုယ်ခန္ဓာ အပယိကဖျားနာမှုအချို့ သို့မဟုတ် အခက်အခဲအချို့ကို ခံစားရခြင်း ဖြစ်နိုင်သည် သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုများ သို့မဟုတ် လောကီလူများ၏ အထင်လွဲမှုများအပြင်၊ ဧဝံဂေလိ ဖြန့်ဝေနေချိန်တွင် ကြုံရသည့် ဒုက္ခများ၊ သစ္စာဖောက်ခံရခြင်း၊ အရိုက်ခံရကာ အဆူခံရခြင်း၊ ရှုတ်ချခံရခြင်း- အပြင်းထန်ဆုံးသော လူအုပ်ဝိုင်းခံရခြင်းနှင့် သေစေနိုင်လောက်သော အန္တရာယ်ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ဧဝံဂေလိတရား ဖြန့်ဝေခြင်းကာလတစ်လျှောက်တွင်၊ ဘုရားသခင်၏ အမှုတော် မပြီးဆုံးမီ သင် သေဆုံးမည်ဖြစ်ခြင်းနှင့်၊ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်ကို တွေ့ဖို့ သင်အသက်ရှင်မည် မဟုတ်ခြင်းတို့က ဖြစ်နိုင်ပေသည်။ သင်သည် ဤအရာအတွက် ပြင်ဆင်ထားရမည်။ ဤသည်က သင်တို့ကို ကြောက်လန့်စေဖို့ ရည်ရွယ်ခြင်း မဟုတ်ပေ။ ယင်းမှာ အမှန်တရား ဖြစ်ပေသည်။...သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များ ကြားတွင်၊ မသေမချင်း ကျောက်တုံးဖြင့် ထုသတ် ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများရှိကြသည်- သေခြင်းတရား မျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းအရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ကမ္ဘာသူ ကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံခဲ့ကြရသောကြောင့်၊ စီရင်ခြင်းခံခဲ့ရသည်၊ ရိုက်နှက်ခြင်းခံခဲ့ရသည်၊ ဆူပူခြင်းခံခဲ့ရပြီး အသတ်ခံခဲ့ရသည်— ယင်းမှာ ၎င်းတို့ ညှဉ်းဆဲသတ်ဖြတ်ခံရသည့် ပုံစံဖြစ်သည်။...၎င်းတို့၏သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်တာများ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်တာများကို အသုံးပြုခဲ့သည်- ၎င်းတို့က ဘုရားသခင်၏လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်ဖြစ်ကြောင်းနှင့် သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အားကြေညာဖို့ နောက်ဆုံး အခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်တာများ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူဆောင်ကြဉ်းပေးလာသည့် ရွေးနုတ်ခြင်း အမှုတော်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်တာများကို အသုံးပြုခဲ့သည်- ဤအမှန်တရားသည် ထာဝရ မပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အန္တိမ အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အန္တိမ အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏အသက်တာများကို ပေးအပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်တာများဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်အတွက် အတွင်းကျသည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့်လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးအတန်ဆုံးသော အရာဖြစ်ပြီး၊ အမှန်တော့ ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက်အနေဖြင့်လည်းကောင်း၊ သက်သေခံချက်အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှု- အသက်- ကို ပူဇော်ဆက်ကပ် နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ၊ ဤအမှန်တရား တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့၏ နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်- ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး အကြမ်းဖက်ကာ၊ အဆုံး၌ ၎င်းက သူတို့၏အသက်တာများကို အဖိုးအခ ပေးစေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မပယ်ဖျက်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤသည်နှင့်ပတ်သက်၍ ငါမည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် ဧဝံဂေလိတရား ဖြန့်ဝေဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့ အသုံးပြုဖို့အား ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း၊ ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက၊ ယင်းကို သမစိတ္တဖြစ်သောဝတ္တရားတစ်ခု အနေဖြင့် လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) သခင်ယေရှု တပည့်တော်တွေက ဧဝံဂေလိ ဖြန့်ဝေဖို့ အားထုတ်တဲ့အခါ လောကရဲ့ ရှုတ်ချမှုကို ခံခဲ့ရတယ်၊ ထောင်ချခံရပြီး နှိပ်စက်ညှဉ်းပန်းမှုမျိုးစုံ ခံစားခဲ့ရတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ သဘောပေါက်သွေားတယ်။ သူတို့အတော်များများက အသတ်ခံကြရတယ်။ ဒါပေမဲ့ ဘယ်လိုအဆုံးသတ်မှုမျိုး တွေ့ရပါစေ ဘုရားကို သေတဲ့အထိ လုံးဝ ငြင်းပယ်ခြင်းမရှိဘဲ သူတို့ရဲ့ တန်ဖိုးရှိတဲ့ အသက်တွေကို စွန့်လွှတ်နိုင်ခဲ့ကြတယ်။ ဘုရားအတွက် သက်သေခံချက်ပေးပြီး သူတို့ကိုယ်ပိုင် ဘဝတွေနဲ့ ဘုရားကို ဘုန်းထင်ရှားစေခဲ့ကြတယ်။ အဲဒါက အမြင့်မြတ်ဆုံး သက်သေခံချက်တွေဖြစ်သလို တာဝန်တစ်ခု လုပ်ဆောင်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။ ဒါပေမဲ့ ကျွန်မကကျတော့ အစိုးရက လိုက်ဖမ်းတာခံရပြီး မကောင်းတဲ့ လူတွေရဲ့ ခြိမ်းခြောက်တာခံရတော့ အသက်ကို မက်မက်မောမော ဖက်တွယ်ပြီး ရွာကထွက်ပြေးချင်တယ်၊ ဆက်တရားမဟောချင်သလို လူသစ်တွေကို ရေမလောင်းချင်ခဲ့ဘူး။ ကျွန်မရဲ့ သက်သေခံချက် ဘယ်မှာရှိလဲ။ ကျွန်မ ဆင်ခြင်မိတယ်။ သေရေး ရှင်ရေး အခြေအနေနဲ့ ရင်ဆိုင်ရတော့ ဘာလို့ ကျွန်မ ကြောက်လာတာလဲပေါ့။ ဘာလို့လဲဆိုတော့ အသက်ကို ကျွန်မ အရမ်းတန်ဖိုးထားလို့၊ သေရေးနဲ့ ရှင်ရေးတွေကို နားမလည်လို့ပဲ။ တကယ်တော့ ဘုရားက ကျွန်မတို့ရဲ့ သေရေးရှင်ရေးတွေကို သတ်မှတ်ထားပြီးသား။ ဘုရားအတွက်အသတ်ခံရတာက ခန္ဓာသေသွားပေမဲ့ တကယ် သေတာ လုံးဝ မဟုတ်ဘူး။ အဲဒါက ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင် ရှိမှမဟုတ်ဘူးဆိုတဲ့ သဘောမဟုတ်ဘူး။ သခင်ယေရှု ပြောခဲ့သည်မှာ- “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၆:၂၅) အသက်ကို ဖက်တွယ်လို့ ကိုယ့်တာဝန်ကို ကျွန်မ မလုပ်ဘူး။ ဘုရားကို သစ္စာဖောက်တယ်ဆိုရင် ကျွန်မရဲ့ခန္ဓာက ဆင်းရဲဒုက္ခခံရမှာမဟုတ်ပေမဲ့ ဘုရားက ကျွန်မကို စက်ဆုပ်ပြီးတော့ ဖယ်ရှားမှာဖြစ်ပြီး ကျွန်မရဲ့ ဝိညာဉ်က အပြစ်ပေးခံရမှာပဲ။ ဘုရားအတွက် သက်သေခံဖို့ ကိုယ့်အသက်ကို စတေးနိုင်ပြီး သူ့ကို သစ္စာဖောက်မယ့်အစား အသေခံလိုက်ရင် အဲဒါက စာတန်ကို အရှက်ရစေမှာဖြစ်ပြီး အဓိပ္ပာယ်အရှိဆုံး ဖြစ်မှာပဲ။ ဒီအသိတရားရလိုက်တော့ ကိုယ့်အသက်အတွက် မကြောက်တော့ဘဲနဲ့ စိတ်ဆုံးဖြတ်လိုက်တယ်။ ကျွန်မက အချုပ်ခန်းထဲမှာ မရှိသရွေ့၊ အသက်ရှူနေသရွေ့ ဧဝံဂေလိ ဆက်ဖြန့်ပြီး စာတန်ကို အရှက်ရစေဖို့ ဘုရားအတွက် သက်သေခံမယ်ပေါ့။ အဲဒီနောက်မှာ ကျွန်မ ဧဝံဂေလိ ဆက်ဟောခဲ့တယ်။ မကြာခင်မှာ ရွာမှာရှိတဲ့ လူအများစုက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခဲ့ကြတယ်။

အဲဒီနောက်မှာ ဧဝံဂေလိ ဖြန့်ဖို့ နောက်တစ်ရွာကို ကျွန်မ သွားခဲ့တယ်။ ပထမတော့ လူဆယ်ယောက်ကျော် လာကြပေမဲ့ နောက်တော့ လင်မယားနှစ်ယောက်ကို ကျွန်မတို့ တရားဟောနေတုန်း မြို့နယ်အစိုးရက သိသွားတယ်။ မြို့နယ်ဌာနအကြီးအကဲ၊ လက်ထောက် ဌာနအကြီးအကဲ၊ ဘဏ္ဍာရေးမှူး၊ လက်နက်ကိုင်အဖွဲ့ဝင်တချို့ပါတဲ့ လူဆယ်ယောက်ကျော် ဗြုန်းခနဲဝင်လာပြီး သူတို့နဲ့ လိုက်ခဲ့ရမယ်လို့ပြောတယ်။ အဲဒီတုန်းက ကျွန်မ အတော်ကြောက်သွားတယ်။ သူတို့ ကျွန်မကို ဖမ်းပြီး ထောင်ကို ပို့ကြတော့မှာလားပေါ့။ အစိုးရက ကျွန်မကို လိုက်ဖမ်းနေခဲ့တာလေ။ ကျွန်မဧဝံဂေလိ ဟောနေတာတွေ့ရင် အကြောင်းကြားဖို့ ပြောပြီး အိမ်တိုင်းကို ကျွန်မနာမည် ပြောထားကြတာလေ။ ကျွန်မအကြောင်း သိသွားရင် အသာလေး သက်ညှာပေးကြမှာ မဟုတ်ဘူး။ ပြီးတော့ အဲဒီ ယုံကြည်သူသစ်တွေလည်း အမှုပတ်မှာ။ အဲဒါဆိုဘယ်လိုလုပ်မလဲပေါ့။ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ယုံကြည်ချက်ပေးဖို့ ဘုရားဆီ တောင်းလျှောက်ရင်းနဲ့ မရပ်မနား ဆုတောင်းမိတယ်။ သိပ်မကြာခင်မှာ အဲဒီရွာကို ဧဝံဂေလိ ဟောဖို့ ကျွန်မတို့နဲ့ သွားခဲ့ကြတဲ့ နောက်ထပ် ညီအစ်ကို မောင်နှမတွေလည်း အဖမ်းခံလိုက်ရတယ်။ ကျွန်မတို့အားလုံးကို မြို့နယ်အစိုးရဆီ ခေါ်သွားပြီး ဖုန်းအားလုံး ယူသွားကြတယ်။ အဲဒီနောက် မြို့နယ်ဌာနအကြီးအကဲက ကျွန်မတို့ကို စစစ်ဆေးတယ်။ “မင်းတို့ ဘယ်သူတွေလဲ။ ဧဝံဂေလိ ဟောဖို့ ဒီကို ရောက်လာကြတာလား”တဲ့။ ကျွန်မတို့ ပြန်မဖြေကြဘူး။ အဲဒါနဲ့အမှောင်ခန်းတစ်ခုမှာ ကျွန်မတို့ကို သူတို့ ပိတ်ထားလိုက်ပြီး ်လက်နက်ကိုင်အဖွဲ့ဝင် ငါးယောက်၊ ခြောက်ယောက်ကို စောင့်ကြည့်ခိုင်းထားတယ်။ ကျွန်မကို သူတို့မှတ်မိမှာ အရမ်းစိုးရိမ်ခဲ့ရတယ်။ ကျွန်မသာ ကိုယ့်ဇာတိမြို့ကို အပို့ခံလိုက်ရရင် သူတို့ ညှဉ်းဆဲပြီး ဖျက်ဆီးရမ်းကားတာခံရဖို့ ထောင်ဒဏ်ပေးခံရမှာ သေချာတယ်။ ဒေသအစိုးရခေါင်းဆောင်က ပြောတယ်၊ ကျွန်မတို့ မိတဲ့အခါ ကျွန်မ ဆံပင်ကိုဖြတ်မယ်၊ လည်ပင်းမှာ ဆိုင်းဘုတ်တစ်ခုချိတ်ပြီး အနီးအနားကို လှည့်ပြခိုင်းမယ်တဲ့။ အဲဒီအချိန်မှာ ကျွန်မ ဘုရားဆီ ဆက်တိုက်ဆုတောင်းနေမိတယ်။ “အို ဘုရားသခင်၊ အဖမ်းခံရတာကို ကျွန်မ ကျိုးနွံနာခံဖို့ အသင့်ပါ။ ဒါပေမဲ့ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက နည်းပါတယ်။ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ယုံကြည်ခြင်းပေးပြီး စောင့်ရှောက်ပါ”လို့ပေါ့။ ဆုတောင်းပြီးတော့ အရင်က ကြည့်ခဲ့ရတဲ့ သက်သေခံချက် ဗီဒီယိုတစ်ခုကို တွေးမိတယ်။ ထောင်ထဲမှာ တရုတ်ရဲတေက သေအောင် အရိုက်ခံခဲ့ရတဲ့ ညီအစ်ကို မောင်နှမတချို့က သေခြင်းနဲ့ ရင်ဆိုင်ရင်းတောင် ဘုရားကို မငြင်းပယ်ဘူး၊ သစ္စာမဖောက်ခဲ့ကြဘူး။ အတော်များများက ရက်ရက်စက်စက် ညှဉ်းပန်းခံရတယ်၊ ပြစ်ဒဏ်ချမှတ်ပြီး ထောင်ချခံရတယ်။ ဒါပေမဲ့ ဘုရားပေါ် ဆုတောင်းမှီခိုရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် စစ်မှန်တဲ့ ယုံကြည်ခြင်း ဖြစ်ပေါ်ခဲ့ကြတယ်။ တစ်သက်တစ်ကျွန်း ထောင်ချခံရရင်တောင် ဘုရားကို သစ္စာမဖောက်ဖို့ အသက်နဲ့ရင်းပြီး သစ္စာဆိုခဲ့ကြတယ်။ ခိုင်မာ၊ ထူးကဲတဲ့ သက်သေတွေ ခံကြတယ်။ ကျွန်မ တကယ်ခွန်အားရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “အမှု၏ ဤအဆင့်တွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှ ပေါ့ဆလိုက်ရုံနှင့် ငါတို့ ခလုတ်တိုက်မိကောင်း တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် ယောဘ၏ယုံကြည်ခြင်းထက် သာ၍ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိကြသည်အထိ ရာပေါင်းများစွာသော စစ်ဆေးခြင်းများကို ကြံ့ကြံ့ခံရမည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စွန့်ခွာခြင်းမရှိဘဲ၊ မယုံကြည်နိုင်လောက်သော ဆင်းရဲဒုက္ခနှင့် ညှဉ်းဆဲမှုအမျိုးမျိုးကို သည်းခံကြရမည်။ သေသည်အထိ ၎င်းတို့ နာခံမှုရှိပြီး၊ ဘုရားသခင်၌ ကြီးမားသည့်ယုံကြည်ခြင်း ရှိသောအခါတွင်၊ အမှု၏ ဤအဆင့်သည် ပြီးစီးပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၈)) ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်က ကျွန်မတို့ရဲ့ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို စုံလင်စေဖို့အတွက် နှုတ်ကပတ်တော်တွေကို အသုံးပြုဖို့ဖြစ်တယ်၊ ဒီလိုဆိုရင် ကျွန်မတို့က ဖိနှိပ်ခြင်းနဲ့ ဆင်းရဲဒုက္ခတွေကတစ်ဆင့် ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ပြီး တွေ့ကြုံခံစားနိုင်တယ်၊ ဒါဆိုရင် ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မတို့ရဲ့ အသက်တာတွေဖြစ်လာတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပြခဲ့တယ်။ အစိုးရရဲ့ ဖိနှိပ်ပြီး လိုက်ဖမ်းတာ ခံခဲ့ရတာကို ပြန်တွေးမိတယ်။ ကျွန်မ တွန့်ဆုတ်ပြီး ကြောက်နေချိန်မှာ ကျွန်မကို ဆက်တရားဟောဖို့ ယုံကြည်ချက်ပေးရင်းနဲ့ လမ်းပြခဲ့တာ လုံးဝကို ဘုရားနှုတ်ကပတ်တော်တွေပဲ။ အခု ကျွန်မ အဖမ်းခံလိုက်ရတဲ့အတွက် ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ယုံကြည်ချက်ရှိရမယ်။ ကျွန်မ ထောင်ကျပြီး ဖျက်ဆီးရမ်းကားခံခဲ့ရရင်တောင်၊ သေရင်တောင် ကျိုးနွံနာခံဖို့ အသင့်ဖြစ်နေခဲ့တယ်။ အဲဒီနောက် “ဘဝ၏သက်သေ”လို့ခေါ်တဲ့ ဓမ္မသီချင်းက စိတ်ထဲမှာပေါ်လာတယ်။ “ဘုရားအဖို့ ကျွန်ုပ်သက်သေခံတဲ့အတွက် တစ်နေ့မှာ ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းခံရနိုင်တယ်။ ဒီဆင်းရဲဒုက္ခက ဖြောင့်မတ်ခြင်းအတွက်မှန်း ကျွန်ုပ်စိတ်နှလုံးထဲ သိနေ။ ကျွန်ုပ်အသက်ဟာ မီးပွားလို မျက်စိတစ်မှိတ်တွင်း ပျောက်ခဲ့လည်း ဒီဘဝမှာ ခရစ်တော် နောက်လိုက်ကာ သူ့အတွက် သက်သေခံနိုင်လို့ ကျွန်ုပ်ဂုဏ်ယူလျက်နေဦးမယ်။ နိုင်ငံတော်ဧဝံဂေလိ ပျံ့နှံ့သည့် ကြီးမားသော ဖြစ်ရပ်ကို မမြင်တွေ့နိုင်လျှင်ပင် အလှပဆုံး ဆုတောင်းမေတ္တာဖြင့် ဆက်ကပ်ပူဇော်နေမယ်။ နိုင်ငံတော် တည်တဲ့နေ့ ကျွန်ုပ်မမြင်တွေ့နိုင်ဘဲ ယနေ့ကျွန်ုပ် စာတန်ကိုအရှက်ရစေ နိုင်လျှင်ပင် ကျွန်ုပ်နှလုံးသား ပျော်ရွှင်၊ ငြိမ်သက်ခြင်း ပြည့်လို့နေမယ်။ နှုတ်ကပတ်တော်သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ကာ လူတို့ကြား အလင်းပေါ်ထွက်လို့လာပြီ။ ခရစ်တော်ရဲ့နိုင်ငံတော် နိုးထလာပြီး ခက်ခဲမှုတွေအထဲမှာ တည်လေပြီ။ အမှောင်ထုသည် ပြီးဆုံးဖို့ နီးလို့လာသည် ဖြောင့်မတ်ခြင်း အရုဏ်တက်လို့လာပြီ။ အချိန်နှင့် အမှန်တရားတို့သည် ဘုရားအတွက် သက်သေခံခဲ့ကြပြီ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဒီဓမ္မတေးသီချင်းက ကျွန်မအတွက် တကယ်ကို ခွန်အားရတယ်။ ဧဝံဂေလိ ဖြန့်လို့ ကျွန်မ အဖမ်းခံခဲ့ရရင် ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းပန်းခံရတာ ဖြစ်မှာပဲဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ အခု ကျွန်မ အဖမ်းခံလိုက်ရပြီ။ ထောင်ချခံရနိုင်တယ်၊ နောက်ထပ် တရားမဟောနိုင်ဘဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မ အဖမ်းခံရပြီး နှိပ်စက်ခံရပေမဲ့ ဘုရားအတွက် သိပ်ကောင်းတဲ့ သက်သေခံချက်ပေးပြီး စာတန်ကို အရှက်ရစေဖို့ အခွင့်အရေးရှိတယ်။ ကျွန်မ တကယ် ဂုဏ်ယူမိတယ်။ ဒီအတွေးက ကျွန်မကို ယုံကြည်ချက်ပေးတယ်။ မနက်အရုဏ်လင်းပြီးတော့ ကျွန်မတို့ကို ထပ်ပြီး စစ်မေးတယ်။ ကျွန်မတို့ဆီက ဘာမှမရမှာကို မြင်‌တော့ ငွေ ၃၀၀၀ ကျပ် ဒဏ်ရိုက်ပြီး လွတ်ပေးလိုက်ကြတယ်။ ဆက်တရားမဟောဖို့လည်း သတိပေးပြီး ဘုရားကို ပြစ်မှားစော်ကားတာတွေ အများကြီး ပြောကြတယ်။ အဲဒီနတ်ဆိုးတွေကို ကျွန်မ ပိုလို့တောင် မုန်းမိတယ်။

လွတ်လာပြီးတဲ့နောက်မှာ ကျွန်မ ဧဝံဂေလိ ဆက်ဟောခဲ့တယ်။ တစ်နေ့ ညီအစ်ကိုတစ်ယောက်က ဖုန်းခေါ်ပြီး ပြောတယ်။ “မြို့နယ်အရာရှိတွေက အစ်မက ဧဝံဂေလိ ဟောဖို့လာတဲ့ အပြင်လူဖြစ်မှန်း သိကြတယ်။ သူတို့က အစ်မအကြောင်းကို ဖော်ခိုင်းဖို့ ကျွန်တော်နဲ့ ယုံကြည်သူသစ်နှစ်ယောက်ကို ဖမ်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ထဲက ဘယ်သူကမှ စကားမပြောလို့ ဒဏ်ရိုက်ပြီး လွှတ်ပေးလိုက်ကြတယ်။ အစ်မ တရားဟောနေတာကို သူတို့ ထပ်ကြုံရင် တွေ့တဲ့နေရာမှာတင် အစ်မကို မုဒိမ်းကျင့်မယ်လို့လည်း ပြောကြတယ်။ အစ်မကို သူတို့ နေရာတကာ ရှာနေကြတယ်၊ အမြန် ပြေးပါ...”တဲ့။ ဒီအစ်ကိုက ဒီလိုပြောတာကြားတော့ ကျွန်မ ကိုယ့်နားကို မယုံနိုင်ခဲ့ဘူး။ ကျွန်မ တရားဟောတာကို သူတို့တွေ့ရင် မုဒိမ်းကျင့်မယ်ဆိုတာကို ကြားတော့ ကျွန်မ ဒေါသထွက်သွားတယ်။ ဒီလူတွေက တကယ်ကို မကောင်းဆိုးဝါးတွေဖြစ်ပြီး လူ့သဘာဝမရှိကြဘူးပဲ။ ကျွန်မက ဧဝံဂေလိ ဝေမျှတဲ့ ယုံကြည်သူ သက်သက်ဖြစ်ပေမဲ့ သူတို့က အရမ်းမုန်းကြတယ်။ ကျွန်မတို့ကို ဖမ်းဆီး၊ နှိပ်စက်၊ ဒဏ်ရိုက်ချင်နေပြီး ယုံကြည်ခြင်းရှိခွင့်မပေးကြဘူး။ မုဒိမ်းတောင်ကျင့်ပြီး စော်ကားချင်နေကြတယ်။ တကယ်ကို ဘုရားကိုဆန့်ကျင်တဲ့ မကောင်းဆိုးဝါးတွေပဲ။ သူတို့ကို ကျွန်မ စိတ်နှလုံးကနေ မုန်းပြီး ပစ်ပယ်မိတယ်။ ကျွန်မကို သူတို့ ဖိနှိပ်လေ၊ တရားဟောပြီး သက်သေခံချင်လေပဲ။

ဒီလိုနဲ့ အောက်တိုဘာမှာ ဧဝံဂေလိ ဖြန့်ဖို့ နောက်တစ်ရွာကို ကျွန်မ သွားခဲ့တယ်။ အရင်တုန်းက ညီအစ်ကို မောင်နှမတွေက အဲဒီနေရာမှာ တရားဟောခဲ့ပြီးပြီ။ ဒါပေမဲ့ သူတို့ရဲ့ သင်းအုပ်က စစ်မှန်တဲ့ လမ်းခရီးကို ယုံကြည်သူတွေ စုံစမ်းတာကို တားဖို့ ကောလာဟလတွေ ဖြန့်ပြီး အစိုးရက ယုံကြည်သူတွေကို စဖမ်းဆီးခဲ့တယ်။ ကောလာဟလတွေရဲ့ လှည့်စားတာအပြင် အဖမ်းခံရမှာကြောက်တဲ့ ရွာသားတွေက စစ်မှန်တဲ့ လမ်းခရီးကို မစုံစမ်းရဲခဲ့ကြဘူး။ ဧဝံဂေလိ ဖြန့်တာက ကျွန်မတို့အတွက် ခက်ခဲမှာပဲ။ လမ်းပြပေးဖို့အတွက် ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ အဲဒီနောက် သမ္မာတရားကို အတော်လေး သိနားလည်မှုရှိတဲ့ လူလေးယောက်ကို ရှာပြီး စစ်မှန်တဲ့ လမ်းခရီးက ဘာဖြစ်တယ်၊ မှားတဲ့လမ်းတွေက ဘာဖြစ်တယ်ဆိုတာနဲ့ လူတွေကို ထုတ်ဖော်ပြီး စုံလင်စေဖို့၊ တောပင်တွေနဲ့ ဂျုံစပါးတွေ၊ မိုက်မဲတဲ့ သတို့သမီးတွေနဲ့ ပညာရှိသတို့သမီးတွေကို အမျိုးအစားခွဲဖို့ နောက်ဆုံးသော ကာလမှာ စာတန်ရဲ့ ဖိနှိပ်မှုနဲ့ နှောင့်ယှက်မှုတွေကို ဘုရားက ဘယ်လို အသုံးချတယ်ဆိုတာတွေကို သူတို့နဲ့ မိတ်သဟာယပြုတယ်။ မိုက်မဲသူတွေက လူသားတွေရဲ့စကား၊ စတန်ရဲ့ စကားကိုပဲ နားထောင်တယ်။ သခင် ကြွလာပြီး နှုတ်ကပတ်တော်တွေကို မိန့်မြွက်တယ်ဆိုတဲ့ သတင်းကြားတော့ သူတို့ မရှာဖွေ၊ မစုံစမ်းကြဘူး။ ဒါကြောင့် မင်္ဂလာဆောင်လုလင်ကို သူတို့ မကြိုဆိုနိုင်ကြဘူး။ ဘုရားအသံကို နားထောင်ဖို့ ကြိုးစားသူတွေ၊ ဘုရားနောက်လိုက်ဖို့ ကိုယ့်ယုံကြည်ခြင်းမှာ ခိုင်မာသူတွေပဲ ပညာရှိသူတွေဖြစ်တယ်။ သူတို့သာ သခင့်ကို ကြိုဆိုနိုင်ပြီး သူနဲ့အတူ မင်္ဂလာစားပွဲတော်ကို တက်နိုင်ကြတယ်။ မိတ်သဟာယပြီးတဲ့နောက်မှာ သူတို့လေးယောက်လုံး ဆက်စုံစမ်းချင်ကြတယ်။ နောကသုံးလေးရက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုရင်းနဲ့ သူတို့အတွက် စုဝေးပွဲတွေ ကျွန်မစလုပ်ပေးတယ်။ သူတို့ထဲက တစ်ယောက်က ပြောတယ်။ “အရင်က သင်းအုပ်နဲ့ ရွာသူကြီးစကားကို နားထောင်ခဲ့တယ်။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နားမထောင်ဖို့ ပြောလို့ နားမထောင်ခဲ့ဘူး။ သခင့်ရဲ့ ကြွလာခြင်းကို ကြိုဆိုဖို့ ကျွန်တော့် အခွင့်အရေးကို လွဲခါနီးလေးပဲ။ လူတွေပြောတာ ကျွန်တော် နားမထောင်တော့ဘူး။ ဘုရားပြောတာကိုပဲ နားထောင်မယ်”တဲ့။ နောက်တစ်ယောက်က ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရတော့ သူက ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ ယုံကြည်လက်ခံလာတယ်။ တခြားလူတွေ ဘယ်လိုပဲ တားကောင်းတားနိုင်ပါစေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံမယ်”တဲ့။ အဲဒီလိုတွေ သူတို့ပြောတာ ကြားတော့ ကျွန်မ အရမ်းဝမ်းသာမိတယ်။ အဲဒီနောက်မှာ တရားဒေသနာနားထောင်ဖို့ သူတို့ရဲ့ အမျိုးတချို့ကို ခေါ်လာကြတယ်။ မကြာခင်မှာပဲ လူ ၂၀ ကျော်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ဒီယုံကြည်သူအသစ်တွေက ကောလာဟလတွေကြားမှာ စစ်မှန်တဲ့ လမ်းခရီးကို ရှာပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်တာက ကျွန်မအတွက် တကယ်ကို တို့ထိစရာဖြစ်ခဲ့တယ်။ အားလုံးက ဘုရားနှုတ်ကပတ်တော်တွေရဲ့လမ်းပြမှုပါ။ နောက်ဆုံးတော့ ဒီဇင်ဘာလမှာ ကျွန်မအမေ လွတ်လာတယ်။ သူက အချုပ်ခံရတဲ့ လတွေမှာ နေ့တိုင်း အလုပ်ကြမ်းလုပ်ခဲ့ရတာလေ။ အစိုးရဝန်ထမ်းတွေက ပြောတယ်၊ ကျွန်မကို သူတို့ သေချာပေါက်ဖမ်းပြီး ထောင်ချမှာတဲ့။ ကျွန်မအမေ မလွတ်ခင်ကအကြောင်းကို ပြန်တွေးမိတယ်။ ရဲတွေက သူတို့သေနတ်တွေ၊ နံပါတ်တုတ်တွေနဲ့ ကျွန်မကို ဖမ်းဖို့ ကျွန်မအိမ်ကို ခဏခဏသွားကြတယ်။ ကျွန်မ အိမ်မပြန်လာမချင်း သူ့ကို မလွှတ်ဘူးလို့ ပြောခဲ့ကြတာလေ။ ဒါပေမဲ့ ခုတော့ ကျွန်မကို မမိလိုက်ဘဲ ကျွန်မအမေကို သူတို့ လွှတ်ပေးလိုက်ကြတယ်။ အရာရာကို ဘုရားအုပ်စိုးပြီး ကျွန်မ အဖမ်းခံရခြင်း ရှိမရှိက သူ့လက်ထဲမှာ လုံးလုံးလျားလျား ရှိမှန်း ကျွန်မ တကယ် တွေ့ကြုံခဲ့ရတယ်။ ကျွန်မ စိတ်မကျဉ်းကျပ်တော့ဘူး။ ဆက်တရားဟောပြီး ဘုရားကို သက်သေခံခဲ့တယ်။

ဒီလမ်းကြောင်းတစ်လျှောက်လုံးမှာ ဧဝံဂေလိဟောနေတုန်း အခက်အခဲတွေအများကြီး ကျွန်မ ကြုံခဲ့ရတယ်။ စိတ်ဓာတ်ကျပြီး အားနည်းတာတွေ အပါအဝင်ပေါ့။ ဒါပေမဲ့ အကြိမ်တိုင်းမှာ ဘုရားနှုတ်ကပတ်တော်က ဖိနှိပ်မှုနဲ့ အားနည်းမှုတွေမှာ ခိုင်ခိုင်မာမာ ရပ်တည်ခွင့်ပေးရင်း ဆက်တရားဟောပြီး ဘုရားကို သက်သေခံဖို့ ယုံကြည်ချက်ပေးရင်းနဲ့ ကျွန်မကို လမ်းပြခဲ့တယ်။ ဘုရားက ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ ဒီအခက်အခဲတွေကို အသုံးပြုနေမှန်း ကျွန်မ တကယ် တွေ့ကြုံခဲ့ရတယ်။ ဘုရားကို ကျေးဇူးတင်ပါတယ်။ ကျွန်မတာဝန်ကို ကျွန်မ ဖြည့်ဆည်းမယ်။ ပိုများတဲ့ လူတွေကို ဘုရားရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ဝေမျှပြီး ဘုရားမေတ္တာကို ပြန်ပေးဆပ်ပါမယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ပြဿနာတစ်ခုကို တိုင်ကြားခြင်းအပေါ် စိုးရိမ်ပူပန်ခြင်း

၂၀၂၁ စက်တင်ဘာမှာ ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိမျှဝေတယ်။ အချိန်နည်းနည်းကြာတော့ ဧဝံဂေလိအလုပ် ကြီးကြပ်ရေးမှူးက သူ့တာဝန်မှာ ဘာမှ...

ဧဝံဂေလိဟောကြားခြင်း၌ အခက်အခဲများ ရှိသည့်အခါ

၂၀၂၀မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ သခင်ပြန်ကြွလာတာကို ကြိုဆိုနိုင်ဖို့က ကျွန်မရဲ့...

ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာဖွေခြင်း နေ့ရက်များ

လီမင် စပိန်နိုင်ငံ“သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။