ဘုရားသခင် အလွန် ဖြောင့်မတ်သည်

28.02.2021

ကျန်းလင် ဂျပန်နိုင်ငံ

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်၊ အသင်းတော်အလုပ်ကို ကျွန်တော် ကွပ်ကဲနေချိန်တွင် ခေါင်းဆောင်ယန်ကျူးနှင့် ဆုံခဲ့ရသည်။ သူက ညီအစ်ကိုမောင်နှမများကို တစ်အိမ်တက် တစ်အိမ်ဆင်း ဧဝံဂေလိ ဟောပြောရန် စေခိုင်းနေသည်ကို တွေ့ခဲ့ရသည်။ ဤသည်မှာ စည်းမျဉ်းများကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်နှင့် ကျွန်တော်က သူ့ကို “ဧဝံဂေလိ ဖြန့်ဝေတဲ့အခါ ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်။ ခင်ဗျား အခု လုပ်နေတာက အဲဒါတွေနဲ့ ဆန့်ကျင်နေပြီး၊ အသင်းတော်ထဲကို မယုံကြည်သူတွေ၊ မကောင်းမှုပြုသူတွေ ဝင်လာခဲ့ရင်၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို အနှောင့်အယှက်ဖြစ်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို ဧဝံဂေလိ ဟောဖို့က အန္တရာယ်များတယ်။ တစ်ယောက်ယောက်က ရဲတိုင်လိုက်ရင်၊ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို ခြင်္သေ့တွေဆီ ထိုးကျွေးပြီးသား ဖြစ်သွားလိမ့်မယ်”ဟု ပြောခဲ့ကြသည်။ သူက ဂရုမပြုသည်သာမက ကျွန်တော်တို့ကိုလည်း စည်းကမ်းကလနား ကြီးသူများဖြစ်ခြင်းကို စွပ်စွဲခဲ့သည်။ ထို့နောက်ပိုင်း စည်းဝေးပွဲများတွင်၊ သူက ဘုရားအိမ်တော်၏ ဧဝံဂေလိအလုပ်ကို ကျွန်တော်တို့ တားဆီးနေခဲ့ကြသည်ဟု ဆိုလျက်၊ ကျွန်တော်နှင့် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တို့ကို မကြာခဏ ကြိမ်းမောင်းခဲ့သည်။ ကျွန်တော်တို့နှစ်ယောက်လုံး သူမအားဖြင့် တကယ်ကို စိတ်ကသိကအောက်ဖြစ်ခဲ့ကြသည်။ ထိုနှစ် ဒီဇင်ဘာလတွင်၊ နယ်ခံအသင်းဝင်များက ယန်ကျူး ပြောတဲ့အတိုင်း၊ အပြင်ထွက် ဧဝံဂေလိ ဟောပြောခဲ့ကြပြီး၊ လူတစ်ရာကျော် အဖမ်းခံခဲ့ရသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်အဖို့ ကြီးမားသည့် ထိခိုက်နစ်နာမှုတစ်ခု ဖြစ်ခဲ့သော်လည်း၊ ယန်ကျူးက လုံးဝ နောင်တမရခဲ့ပါ။ သူ၏ မာနထောင်လွှားမှု သို့မဟုတ် မဆင်မခြင်လုပ်ခြင်းတို့အပေါ် သူမ နက်နက်နဲနဲ စိတ်ဖြာလေ့လာသည်ကို သို့မဟုတ် သုံးသပ်ဆင်ခြင်သည်ကို တစ်ခါမှ မမြင်ခဲ့ရပါ။ ၂၀၁၃ နိုဝင်ဘာလ အရောက်တွင်၊ ကျွန်တော်သည် အသင်းတော်ဗီဒီယိုများ ဖန်တီးခြင်းနှင့်သက်ဆိုင်၍ ကွပ်ကဲခဲ့ရသည်။ သူမက မာနထောင်လွှားစွာ မိမိလုပ်ချင်သည့်အရာ မည်သည့်အရာကိုမဆို လုပ်ဆောင်နေဆဲသာ ဖြစ်သည်ကို ကျွန်တော် သတိပြုမိခဲ့သည်။ မတူသည့် ထင်မြင်ချက်များ ဖော်ပြသည့် မည်သူမဆိုကို သူ ဆူသည်။ သုံးသပ်ပေးဖို့ ညီအစ်ကို မောင်နှမများ အပ်သည့် ဗီဒီယိုများကို ထပ်သလဲလဲ အချိန်ဆွဲထားသည်၊ ယင်းမှာ ညီအစ်ကိုမောင်နှမများက ဘုရားအိမ်တော်ကပေးသည့် အကြံဉာဏ်များ၊ အကူအညီများကို အချိန်မီ မရနိုင်ဖို့ ရည်ရွယ်ပေသည်။ သူ၏တာဝန် လုပ်ဆောင်ပုံတွင် ချို့တဲ့သည့် အရာအချို့ကို ကျွန်တော် ထောက်ပြပြီး အကြံဉာဏ်များ ပေးခဲ့သော်လည်း၊ ယခင်အတိုင်းသာ သူ ဆက်လုပ်နေခဲ့သည်။ သူ နားမထောင်ခဲ့သကဲ့သို့ ကျွန်တော်က မာနထောင်လွှားသူတစ်ဦး ဖြစ်သည်ဟု ပြောခဲ့သည်။ ၂၀၁၄ခုနှစ် မေလတွင်၊ သူက ကျွန်တော့်ကို ထုတ်ပြီး၊ အိမ်ပြန်စေခဲ့သည်။ ကျွန်တော် အိမ်ကို ရောက်ပြီးနောက်တွင်၊ အန္တိခရစ်များနှင့် အယောင်ဆောင် ခေါင်းဆောင်များအား ပိုင်းခြားသိမြင်ခြင်းအကြောင်း အခြေခံသဘောတရားအချို့ကို ဖတ်မိသွားခဲ့သည်။ ယန်ကျူး၏ မပြောင်းလဲသည့် အမူအကျင့်များနှင့် ယင်းတို့ကို ယှဉ်ကြည့်သည့်အခါ၊ သူ မည်မျှ မာနထောင်လွှားပြီး မလိုတမာစိတ် ရှိခဲ့သည်ကို နောက်ဆုံးတွင် ကျွန်တော် နားလည်သွားခဲ့သည်။ သူသည် မိမိ၏တာဝန်တွင် အမြဲ လက်လွတ်စပယ်ဖြစ်ပြီး အာဏာရှင်ဆန်ခဲ့သည်။ သမ္မာတရား သို့မဟုတ် ညီအစ်ကိုမောင်နှမများ ပေးသည့် အကြံဉာဏ်များကို သူ လက်မခံခဲ့ဘဲ၊ ထိုအစား လူများကို ဖိနှိပ်ကာ ရှုတ်ချခဲ့သည်။ သူ၏ အပြုအမူက သမ္မာတရားကို မုန်းသည့် အန္တိခရစ်တစ်ဦး ဖြစ်မှန်း ပြခဲ့သည်မဟုတ်ပါလား။ သူ၏ အပြုအမူကို အရှိအတိုင်း မြင်ရသည့်အခါ၊ ကျွန်တော် အံ့အားသင့်မိခဲ့သည်။ ကျွန်တော်တို့ အလုပ်အတူလုပ်ခဲ့ကြသည့် နှစ်နှစ်အတွင်းတွင်၊ သူ၏ အပြုအမူနှင့် လုပ်ပုံကိုင်ပုံတို့ကို ကျွန်တော် မြင်ခဲ့ရပြီးဖြစ်သော်လည်း၊ ယင်းကို ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်ပြသမှုများအဖြစ်သာ သဘောထားခဲ့သည်။ သူ၏ သဘာ၀၊ အနှစ်သာရနှင့် သူလျှောက်နေခဲ့သည့် လမ်းလမ်းကြောင်းတို့ကို စိတ်ဖြာလေ့လာရန် ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော် မည်သည့်အခါတွင်မျှ မသုံးခဲ့ပါ။ ထို့ကြောင့် သူ၏ အနီးတွင် ကျွန်တော် ရှိသည့်အချိန်တိုင်းတွင်၊ ကျွန်တော် စိတ်ရှည်ကာ သည်းခံမြဲ သည်းခံခဲ့ရသည်၊ ယင်းက ဘုရားအိမ်တော် အလုပ်ကို နှောင့်နှေးစေခြင်းနှင့် ထိခိုက်စေခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ “ယန်ကျူးက အသင်းတော်ခေါင်းဆောင် ဆက်ဖြစ်နေမယ်ဆိုရင်၊ သူက ဘုရားအိမ်တော်အလုပ်ကို ပိုပြီးတောင် နှောင့်ယှက်ဦးမှာ”ဟု ကျွန်တော် စဉ်းစားမိခဲ့သည်။ သူ၏ ပြဿနာများအား ဘုရားအိမ်တော်ဆီ အသိပေးရန် ကျွန်တော် ဆုံးဖြတ်ခဲ့သည်။ ကျွန်တော် ဘုရားထံ ဆုတောင်းချက်တစ်ခု ဆိုခဲ့ပြီး သူ့ကို တိုင်ကြားသည့် စာတစ်စောင် ရေးခဲ့သည်။ စာအဆုံးတွင်၊ နောက်ဆုံးအရာတစ်ခုကို ကျွန်တော် ဖြည့်သွင်းရေးသားခဲ့သည်။ ထိုအချိန်က ပြဿနာအချို့ ရှိခဲ့သည့် ဗီဒီယိုတစ်ခု ရှိခဲ့သည်ကို ကျွန်တော် သိသည်၊ ထို့ကြောင့် ကိစ္စရပ်ကို စစ်ဆေးကာ သုံးသပ်ပေးရန် ဘုရားအိမ်တော်ကို ကျွန်တော် တောင်းဆိုခဲ့သည်။

ရေးပြီးသည့်စာကို ပို့တော့မည့်အချိန်တွင်ပင်၊ ကျွန်တော့်မှာ နောက်ထပ်အတွေးများ စရလာခဲ့သည်။ “ငါ သူ့ကို အရင်က အကြံဉာဏ်တွေ ပေးပြီးပြီဖြစ်သလို၊ သူ့တာဝန်ထဲက ပြဿနာတွေကိုလည်း ထောက်ပြပြီးပြီ၊ ဒါပေမဲ့ အဲဒါက အဆင်မပြေခဲ့သလို သူ ငါ့ကို အိမ်ပြန်စေခဲ့တယ်။ အခု ငါ့တာဝန်ကိုတောင် ငါမလုပ်နိုင်တော့ဘူး။ ငါက သူ့ရဲ့ ပြဿနာကို တိုင်ကြားထားတဲ့ ဒီစာကို ပို့လိုက်ပြီး၊ သူက မထင်မှတ်ဘဲ ဖတ်မိသွားတယ်ဆိုရင်၊ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို တိုက်ခိုက်တယ်ဆိုပြီး ငါ့ကို စွပ်စွဲလိမ့်မယ်။ အဲဒါဆို ငါ ဘယ်နေရာ ရောက်သွားမလဲ။ ငါ မေ့သာ မေ့လိုက်သင့်ပါတယ်လေ။ ငါက အပြင်ရောက်နှင့်နေပြီဆိုတော့၊ ကိစ္စရပ်တွေကို မဆွတာပဲ ကောင်းတယ်” ဟူ၍ ဖြစ်သည်။ သို့သော် နောက်တော့ “ယန်ကျူးက အန္တိခရစ်တွေရဲ့လမ်းကို လျှောက်နေမှန်း မြင်အောင်၊ ဘုရားက ငါ့ကို ဒီနေ့ လမ်းပြလိုက်ပြီပဲ။ ငါက ဒါကို အသိမပေးဘူးဆိုရင်၊ ဆင်းရဲဒုက္ခခံရတာက ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေပဲ ဖြစ်မှာ” “အဲဒါဆို ငါက စာတန်ရဲ့ လက်ထောက်နဲ့ မကောင်းမှုလုပ်တဲ့သူ ဖြစ်သွားမှာ မဟုတ်လား” ဟု စဉ်းစားမိခဲ့သည်။ ဘုရားအိမ်တော်နှင့် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများက တစ်ဖက်၊ ကျွန်တော့် ကိုယ်ပိုင်အနာဂတ် ရှေ့ရေးက အခြားတစ်ဖက်တို့ဖြင့် ကျွန်တော် တကယ်ကို သဘောထားကွဲလွဲခဲ့သည်။ ကျွန်တော် ဘာလုပ်ရမှန်းကို မသိခဲ့ပါ။ ရက်အနည်းငယ်ကြာ၊ ဘုရားသခင် ရှေ့မှောက်သို့ ကျွန်တော့်ကို မှန်ကန်သည့် လမ်းကြောင်းပေါ် လမ်းပြဖို့ သူ့ကို တောင်းလျှောက်ရင်း ဆုတောင်းရန် မကြာခဏ ကျွန်တော် လာခဲ့သည်။ နောက်ပိုင်းတွင် ဘုရားနှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခုကို ကျွန်တော် ဖတ်မိခဲ့သည်- “သင့်တွင် စုံလင်အောင်ပြုခံရခြင်းငှာ ရည်မှန်းချက်များနှင့် ရဲရင့်ခြင်းရှိရမည်ဖြစ်ပြီး သင့်ကိုယ်သင် မစွမ်းဆောင်နိုင်သူဟု အမြဲမတွေးသင့်ပါ။ သမ္မာတရားတွင် မျက်နှာသာပေးခြင်းများ ရှိသလော။ သမ္မာတရားသည် လူများကို တမင်ရည်ရွယ်ကာ ဆန့်ကျင်နိုင်ပါသလော။ သင် သမ္မာတရားနောက်သို့လိုက်လျှင် ယင်းက သင့်အား ဒုက္ခပေးနိုင်သလော။ တရားမျှတမှုအတွက် သင်အခိုင်အမာရပ်တည်လျှင် ယင်းက သင့်ကို လဲပြိုစေမည်လော။ အသက်နောက်သို့လိုက်ရန်မှာ သင်၏ရည်မှန်းချက် အမှန်ဖြစ်ပါက အသက်က သင့်ကို တိမ်းရှောင်နိုင်မည်လော။ သင်သည် သမ္မာတရားနှင့်အတူ မရှိလျှင် ယင်းမှာ သမ္မာတရားက သင့်ကို မသိကျိုးကျွန်ပြုခြင်း မဟုတ်ဘဲ သင်က သမ္မာတရားနှင့်ဝေးရာမှာ နေသောကြောင့်သာဖြစ်သည်။ တရားမျှတမှုအတွက် သင်ခိုင်မြဲစွာ မရပ်တည်နိုင်လျှင် ယင်းမှာ တရားမျှတမှုတွင် တစ်စုံတစ်ခု မှားယွင်းနေခြင်းမဟုတ်ဘဲ ယင်းမှာ အချက်အလက်များနှင့်မညီဟု သင်ထင်သောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ ရှာဖွေသော်လည်း အသက်ကို သင်မရသေးလျှင် ယင်းမှာ အသက်တာက သင့်အပေါ် ခွဲခြားသိမြင်စိတ် မရှိ၍မဟုတ်ဘဲ သင်က အသက်တာအပေါ် ခွဲခြားသိမြင်စိတ်မရှိဘဲ အသက်ကို မောင်းထုတ်ထားသောကြောင့် ဖြစ်သည်။ သင်သည် အလင်းထဲ၌နေပြီး အလင်းကိုရယူရန် မစွမ်းဆောင်နိုင်ခဲ့ပါက သင့်အပေါ်သို့ အလင်းမထွန်းတောက်နိုင် သောကြောင့် မဟုတ်ဘဲ အလင်းတည်ရှိခြင်းကို သင်အာရုံမစိုက်ထား သောကြောင့် အလင်းသည် သင့်ထံမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခြင်းသာဖြစ်သည်။ သင် ကြိုးပမ်းအားထုတ်ခြင်း မရှိပါက သင်သည် အဖိုးမတန်သော အမှိုက်ဖြစ်သည်၊ သင့်အသက်တာတွင် ရဲရင့်ခြင်းမရှိ၊ အမှောင်စွမ်းအားကို ခုခံရန် စွမ်းအားမရှိဟုသာ ပြောနိုင်သည်။ သင်သည် ပျော့ညံ့လွန်း ပါတကား။ သင့်ကိုဝိုင်းထားသော စာတန်၏စွမ်းအားမှ လွတ်မြောက် နိုင်ခြင်းမရှိဘဲ ဤသို့သော လုံခြုံဘေးကင်းသည့်ဘဝကို နေထိုင်ပြီး မသိနားမလည်မှုများဖြင့် သေဆုံးသွားရန်သာ သင်အလိုရှိသည်။ သင်လုပ်ဆောင်ရမည်မှာ သိမ်းပိုက်ခြင်းခံရဖို့ ကြိုးပမ်းအားထုတ်ရန် ဖြစ်သည်၊ ဤသည်မှာ သင်၏ အလေးအနက်ထားရမည့် တာဝန်ဖြစ်သည်။ အကယ်၍ သင်သည် သိမ်းပိုက်ခံရမှုကို ကျေနပ်နေပါက အလင်းတည်ရှိမှုကို သင်မောင်းထုတ်ခြင်းဖြစ်သည်။ သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဤကျမ်းပိုဒ်ကို ဖတ်ရှုခြင်းက ကျွန်တော်ကို ယုံကြည်ခြင်းနှင့် ခွန်အား ပေးခဲ့သည်။ “ဟုတ်တယ်” ဟု ကျွန်တော် တွေးမိခဲ့သည်။ “ဒီအ‌မှောင်အင်အားကို ငါ့ကို အနိုင်ယူခွင့် ပေးလို့ မဖြစ်ဘူး။” ယခင်က ယန်ကျူးနှင့်ပတ်သက်၍ ကျွန်တော် ချင့်ချိန်နိုင်စွမ်း လုံး၀ မရှိခဲ့ပါ။ သို့သော် ယခုတွင် သူ့သဘာဝ၊ သူ့အနှစ်သာရနှင့် သူ လိုက်လျှောက်သည့် လမ်းကြောင်းကို ကျွန်တော် မြင်နိုင်ဖို့ ဘုရားက စီစဉ်ထားခဲ့ပြီး ဖြစ်သည်။ ကျွန်တော် မိမိ၏ထင်မြင်ချက်ကို ရဲရဲဝံ့ဝံ့ ပြလိုက်သင့်သော်လည်း၊ “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ” ဟူသည့် စာတန်၏ အတွေးအခေါ်ကို အာရုံစိုက်မိခဲ့သည်။ ကျွန်တော် မည်မျှ တစ်ကိုယ်ကောင်းဆန်ခဲ့သည်၊ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့သည်ကိုသာ မြင်သွားခဲ့သည်။ ဘုရားကို ယုံကြည်ခဲ့ပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် အာဟာရတို့အား မွေ့လျော်ခဲ့ပြီးသည့် နှစ်များအားလုံးကို တွေးကြည့်မိခဲ့သည်။ သို့တိုင် ဤအရေးကြီးသည့်အချိန်တွင်၊ ကျွန်တော့်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ အသိစိတ်ကို ကျွန်တော် လျစ်လျူရှုနေခဲ့ပြီး၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မသိကျိုးကျွန်ုပြုနေမိခဲ့သည်။ ကျွန်တော်က ကျေးဇူးမသိ၊ ဆိုးယုတ်ကာ စက်ဆုပ်ဖွယ်ကောင်းသော လူတစ်ဦး ဖြစ်ပေသည်တကား။ ဤအရာကို နားလည်သွားလျက်၊ ကျွန်တော်က၊ “ငါ အသိစိတ်၊ တရားမျှတမှု အသိနဲ့ ပြုမူရမယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ရမယ်” ဟု တွေးခဲ့သည်။ ထို့ကြောင့် ဘုရားရှေ့သို့ ကြိမ်ဖန်များစွာ ဆုတောင်းခြင်းဖြင့် ကျွန်တော် လာခဲ့ပြီး၊ နောက်ဆုံးတွင် ဤဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့သည်- “ဒီတိုင်စာကို ရေးရခြင်းရဲ့ အကျိုးဆက်က ဘာပဲဖြစ်ဖြစ် ငါ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့သက်သက်နဲ့ စာတန်လက်ထောက်တော့ အဖြစ်မခံနိုင်ဘူး။ ယန်ကျူးရဲ့ပြဿနာတွေကို ငါ မြင်ထားပြီးပြီ၊ ဒီတော့ ငါ ရပ်တည်ချက် ခံယူသင့်တယ်၊ မကောင်းတဲ့ သူ့လုပ်ရပ်တွေကို ဖော်ထုတ်သင့်ပြီး ဘုရားအိမ်တော် အလုပ်ကို ကာကွယ်သင့်တယ်” ဟူ၍ ဖြစ်သည်။ ထို့နောက် ဘုရားအိမ်တော်သို့ တိုင်ကြားစာ ကျွန်တော် ပို့ခဲ့သည်။ ထို့နောက်ပိုင်းတွင် ကျွန်တော် အလွန် စိတ်သက်သာရာရသွားခဲ့ပြီး၊ ထိုသို့သော ငြိမ်းချမ်းခြင်း ခံစားချက်တစ်ခု ကျွန်တော့် စိတ်နှလုံးထဲတွင် ခံစားခဲ့ရသည်။ ထို့နောက် ကျွန်တော် နေ့တိုင်း ယန်ကျူးနှင့်ပတ်သက်သည့် အခြေအနေကို စုံစမ်းစစ်ဆေးဖို့ ဘုရားအိမ်တော်မှ တစ်စုံတစ်ဦး စေလွှတ်ရန်အတွက်နှင့် ညီအစ်ကိုမောင်နှမများ သူ အန္တိခရစ် ဖြစ်ခဲ့သည်ကို မြင်ပြီး၊ ငြင်းပယ်ကြဖို့အတွက် စိုးရိမ်တကြီး စောင့်ဆိုင်းခဲ့သည်။ ကံအကြောင်းမလှစွာ၊ ကျွန်တော့်အခြေအနေက ထိုစာကြောင့် ပို၍င် ဆိုးသွားခဲ့သည်။

၂၀၁၄ ခုနှစ် သြဂုတ်လတွင်၊ အသင်းတော်က ကျွန်တော့်တာဝန်ကို တစ်ဖန် ထမ်းဆောင်ရန် အခွင့်ပေးဖို့ လက်ခံခဲ့သည်။ သို့သော် အောက်တိုဘာလလယ် ရက်တစ်ရက်တွင်၊ လီဆိုသည့် ခေါင်းဆောင်တစ်ဦးက ကျွန်တော် နေထိုင်နေခဲ့သည့် ဧည့်ခံရာအိမ်ကို ရောက်လာခဲ့သည်။ သူက မျက်နှာထားတင်းတင်းဖြင့်၊ “ရှင် အရင်က တိုင်စာတစ်စောင် ရေးခဲ့တာလား” ဟု မေးခဲ့သည်။ ရေးခဲ့သည်ဟု ကျွန်တော် ပြောသည်။ သူက သဘောမကျသည်ပုံပေါ်လျက်၊ “ယန်ကျူးက အသင်းတော်အလုပ်ရဲ့ ကွပ်ပဲသူဖြစ်ပြီး၊ ကျွန်မနဲ့လည်း မကြာခဏ အဆက်အသွယ်ရှိတယ်။ သူက အယောင်ဆောင် ခေါင်းဆောင် ဒါမှမဟုတ် အန္တိခရစ်လို ပြုမူတဲ့ လက္ခဏာ တစ်ခုတစ်လေ ကျွန်မ လုံး၀ သတိမထား၊ မကြားဖူးပါဘူး။ ရှင်ရေးတဲ့ စာက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ကြုံသလို ဝေဖန်ထိုးနှက်တာပဲ” ဟု ဆိုခဲ့သည်။ သူ ထိုသို့ပြောလိုက်ချိန်တွင် ကျွန်တော့်နားကို ကျွန်တော် မယုံနိုင်ခဲ့ပါ။ လေးလ စောင့်ပြီးသည့်နောက်တွင် ထိုသို့သော ရလဒ်တစ်ခုကို ကျွန်တော် လုံးဝ စိတ်မကူးမိခဲ့ပါ။ သူ မည်သည့်အရာ ပြောစေကာမူ၊ ကျွန်တော် ငြိမ်သက်မြဲ ငြိမ်သက်နေလိုက်သည်။ ယန်ကျူးနှင့်ပတ်သက်၍ ထိုစာကို ကျွန်တော်က အချက်အလက်များ၊ စည်းမျဉ်းများအတိုင်း ရေးသားခဲ့သည်ကို ကျွန်တော် သိသည်။ ယင်းမှာ မမှန်မကန် စွပ်စွဲမှုတစ်ခု လုံးဝမဟုတ်ခဲ့ပါ။ ထို့နောက် ခေါင်းဆောင်လီက၊ “ရှင့်တိုင်စာမှာ တချို့ဗီဒီယိုတွေကို စစ်ဆေးပေးဖို့ ပြောထားတယ်၊ အဲဒါကြောင့် ဘုရားအိမ်တော်က စုံစမ်းစစ်ဆေးတာတွေနဲ့ သုံးသပ်တာတွေကို နှစ်လအချိန်ပေးခဲ့ရတယ်။ အဲဒီစာက ဘုရားအိမ်တော် အလုပ်ကို အကြီးအကျယ် နှောင့်ယှက်ခဲ့ပြီး ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့တယ်”ဟု ပြောလေသည်။ ယင်းမှာ လူကြီးပိုင်းခေါင်းဆောင်များက ပြောသည့်အရာဖြစ်သည်ဟုလည်း သူ ပြောခဲ့သည်။ ဤမှတ်ချက်များက ကျွန်တော့်ကို အံ့အားသင့်သည့် အခြေအနေတစ်ခုထဲသို့ ချာချာလည်စေရစ်ခဲ့သည်။ ကျွန်တော့်စာက ဘုရားအိမ်တော်၏အလုပ်ကို ထိုသို့ ဆိုးဝါးသည့် အနှောင့်အယှက်ဖြစ်စေကာ ဘုရား၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည်ဟု လုံးဝ စိတ်မကူးမိခဲ့ပါ။ သူပြောသည့်အတိုင်း ဖြစ်ခဲ့ပါက၊ ကျွန်တော် မကောင်းမှုကြီးတစ်ခု တကယ်ကို ကျူးလွန်မိပြီ ဖြစ်သည်။ အားအင်အားလုံး ရုတ်တရက် ကုန်ခမ်းသွားသလို ကျွန်တော် ခံစားရပြီး မငိုမိအောင် မိမိကိုယ်ကိုယ် ထိန်း၍မရနိုင်ခဲ့ပါ။ ထို့နောက် ခေါင်းဆောင်လီက၊ “ရှင့် ပစ္စည်းတွေ သိမ်းပြီး အိမ်ပြန်လိုက်၊ ပြီးတော့ ကိုယ်လုပ်ခဲ့တာကို သုံးသပ်ဆင်ခြင်ပါ။ ဆင်ခြင်သုံးသပ်တာ လုပ်ပြီးတာနဲ့၊ ရှင့်တာဝန်ကို ပြန်လုပ်လို့ ရပြီ”ဟု ပြောခဲ့သည်။ ကျွန်တော် အိမ်အပြန် ဘတ်စ်ကားပေါ်တွင် စိတ်က ချာချာလည်ပြီး စိတ်နှလုံးတွင် အလွန် လေးလံလျက် ထိုင်နေခဲ့သည်။ ကျွန်တော် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားအိမ်တော်၏ အလုပ်ကို ဆိုးဝါးစွာ နှောင့်ယှက်မိသည့် မကောင်းမှုပြုသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ မိမိကိုယ်ကိုယ် အပြစ်တင်မှုနှင့် နောင်တတို့ဖြင့် ကျွန်တော် လောင်မြိုက်ခဲ့ပြီး၊ အနာဂတ်တွင် ကျွန်တော့်အတွက် မည်သည့်အရာ ဖြစ်မည်ကို မသိခဲ့ပါ။ ဘုရားသခင်ကို ကျွန်တော် အော်ခေါ်ခဲ့ပြီး ကျွန်တော့်စိတ်နှလုံးကို ကာကွယ်ပေးဖို့ တောင်းလျှောက်ခဲ့သည်။ ဘုရားက ကျွန်တော့်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ၊ သူ၏ အစီအစဉ်များကို ကျွန်တော် နာခံမည်ဖြစ်သည်။ ဘုရားကို မည်သည့်အခါတွင်မျှ ကျွန်ုပ် အပြစ်တင်မည်မဟုတ်ပါ။ ဆုတောင်းပြီးနောက်တွင်၊ ကျွန်တော် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ အိမ်ရောက်သည့်နောက် သုံးရက်မြောက်တွင်၊ ခေါင်းဆောင်လီ ပြောခဲ့ပြီးသည့်အရာအကြောင်းကို ကျွန်တော် တွေးခဲ့ပြီး ကျွန်တော့်မှာ မေးခွန်းအချို့ စတင်ရှိလာခဲ့သည်- ခရစ်တော်နှင့် သမ္မာတရားက ဘုရားအိမ်တော်တွင် အုပ်ချုပ်ပြီး၊ လူများကို ကိုင်တွယ်ဖြေရှင်းပုံ အပါအဝင်၊ ဘုရားအိမ်တော်က လုပ်ဆောင်သမျှတိုင်းတွင် စည်းမျဉ်းများ ရှိသည်။ ယင်းက လူတစ်ဦး၌ ရှိသည့် ယာယီ အပြုအမူအချို့အတိုင်း လုပ်ဆောင်မည် မဟုတ်ပါ။ သို့ဆိုလျှင် ကျွန်တော့်ကို ဤနည်းဖြင့် ဆက်ဆံရန် ခေါင်းဆောင်လီနှင့် အခြားသူတို့က မည်သည့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်နေခဲ့ကြပါသနည်း။ ခေါင်းဆောင်လီ ပြောခဲ့သည့်အရာက တကယ် မှန်ပါသလား။ ကျွန်တော် နားမလည်နိုင်ခဲ့သော်လည်း၊ အမှန်တရားက မည်သည့်အရာဖြစ်ပါစေ၊ သူ၏ စီစဉ်မှုများကို ကျွန်တော် ကျိုးနွံနာခံဖို့အလို့ငှာ ဘုရားသခင်က ထိုအရာအားလုံး ဖြစ်ပျက်ခွင့်ပေးနေခဲ့ခြင်း ဖြစ်သည်ကို ကျွန်တော် သိခဲ့သည်။ မကြာမီ အသင်းတော်ခေါင်းဆောင်က ကျွန်တော့်ကို စည်းဝေးပွဲများအတွက် အုပ်စုတစ်ခုဆီသို့ တာဝန်ပေးခဲ့သည်။ ထို့နောက် တစ်လကျော်ချိန်တွင်၊ ကျွန်တော့် မိခင်နှင့်အတူ အိမ်တွင် စည်းဝေးပွဲတက်ဖို့ ကျွန်တော် သတ်မှတ်ခံခဲ့ရပြီး၊ ကျွန်တော်တို့ တာဝန်များကို နောက်ထပ် လုပ်ဆောင်ခွင့်မပေးခဲ့ပါ။ ထိုအခါ ကျွန်တော်တို့ ဝိုင်းပယ်ခြင်း ခံခဲ့ရသည်ကို ကျွန်တော် သိလိုက်သည်။ ဤတစ်ချိန်လုံး ဘုရားသခင်ကို ကျွန်တော် မည်သို့ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း ယခုတွင် အိမ်၌ သီးခြားထားခြင်း ခံခဲ့ရသည်သာမက ကျွန်တော့် တာဝန်ကိုပင် မလုပ်နိုင်တော့သည့်အကြောင်းကို ကျွန်တော် တွေးမိခဲ့သည်။ ကျွန်တော် အလွန် မျှော်လင့်ချက် ကင်းမဲ့သွားခဲ့သည်။ ထိုအချိန်အတောအတွင်းတွင်၊ ညီအစ်ကိုမောင်နှမတွေနှင့်အတူ စည်းဝေးခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းတို့ကို ညတိုင်းနီးပါး အိပ်မက်မက်ခဲ့သည်။ ကျွန်တော် နိုးသွားခဲ့ပြီး တစ်ဖန် အိမ်မရနိုင်ခဲ့ပါ။ ညတိုင်းက အလွန် ရှည်ကြာသည်၊ အလွန် မခံမရပ်နိုင်အောင် ဖြစ်ရသည်ဟု ခံစားခဲ့ရသည်။ ထိုနေ့ရက်များအတောအတွင်းတွင် ကျွန်တော့်အမေသည် ကျွန်တော်နှင့်အတူ ခံစားခဲ့ရသည်။ အထူးသဖြင့် ညဘက်တွင် ဘုရားထံ သူ ဆုတောင်းရင်း ငိုနေသည်ကို ကျွန်တော် ကြားခဲ့ချိန်တွင် မိမိကိုယ်ကိုယ် အပြစ်တင်မိကာ တကယ်ကို စိတ်ဓာတ်ကျခဲ့သည်။ သူ့အပေါ် ထိုအရာ ကျွန်တော် ရောက်ရှိစေသကဲ့သို့ ခံစားခဲ့ရသည်။ ထိုနေ့ရက်များမှာ ဘုရားကို ကျွန်တော် စတင်ယုံကြည်ကတည်းက ဖြတ်သန်းခဲ့ရသည့် နာကျင်ဖွယ် အကောင်းဆုံးနှင့် အခက်ခဲဆုံး ဖြစ်သည်။ ဘုရားသခင်ထံ စဉ်ဆက်မပြတ် ဆုတောင်းခြင်းအပြင်၊ ကျွန်တော့် စိတ်နှလုံးထဲက နာကျင်မှုကို သက်သာစေဖို့ အခြားနည်းလမ်း မရှိခဲ့ပါ။ နောက်ပိုင်းတွင် ကျွန်တော့်တာဝန်ကို တစ်ဖန် ကျွန်တော် လုပ်နိုင်မည် မလုပ်နိုင်မည်ကို အသင်းတော် ခေါင်းဆောင်ထံ ကျွန်တော် မေးခဲ့သည်။ သူမက၊ “ရှင့်တာဝန်ကို လုပ်ချင်သေးတယ်ပေါ့။ ရှင် လုပ်သင့်တဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ဘူးဆိုရင်၊ ထုတ်ပယ်ခံရတဲ့အဖြစ် ရောက်သွားမယ်” ဟု ပြောခဲ့ပါသည်။ ဤသို့ သူ ပြောသည်ကို ကြားရသည့်အခါ၊ မျော်လင့်ချက် ပျက်သုဉ်းခြင်းဖြင့် ကျွန်တော် စိတ်ထိခိုက်မိခဲ့သည်။ ထို့နောက် ကျွန်တော့် တာဝန်ကို လုပ်ဆောင်ခြင်းက စိတ်ကူးယဉ်အိပ်မက်တစ်ခုထက် မပိုသည်ကို ကျွန်တော် သိခဲ့ရသည်။ အပတ်တိုင်း ခေါင်းဆောင်များက ကျွန်တော်တို့အိမ်ကို စည်းဝေးပွဲအတွက် လာကြသော်လည်း၊ အမှန်တွင် ကျွန်တော့်က အပျက်သဘောဆောင်ခြင်းကို ဖြန့်ဝေနေခြင်း သို့မဟုတ် အုပ်စုများ ဖွဲ့နေခြင်း ရှိမရှိ သိဖို့ရန် ကျွန်တော့်အကြောင်း မေးမြန်းဖို့ လာကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော့်အကြောင်း မေးမြန်းဖို့ သူတို့လာကြသည့်အခါတိုင်း၊ ကျွန်တော် အလွန့်အလွန် စိတ်ဖိစီးခဲ့ရသည်။ တစ်ခါတစ်ရံ သူတို့ကို၊ “ခင်ဗျားတို့ ကျွန်တော့်ကို ဘာလို့ ဒီလိုဆက်ဆံနေကြတာလဲ။ ယန်ကျူးကို စည်းမျဉ်းတွေကို အခြေခံပြီး ကျွန်တော် တိုင်တန်းခဲ့တာပါ။ သူ့ကို စစ်ဆေးရမယ့်အစား၊ ခင်ဗျားတို့က ကျွန်တော့်ကို အိမ်မှာ ထိန်းသိမ်းထားတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာနဲ့ပတ်သက်လို့ တစ်ခုခု မှားနေလို့လား”ဟု ကျွန်တော် မေးလိုက်ချင်ခဲ့သည်။ ကျွန်တော် တကယ်ကို ဝမ်းနည်းမိသည်။ တစ်ခါတစ်ရံ၊ ကျွန်တော်က၊ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာက ဘာလို့ ဒီလိုဖြစ်စေတာလဲ။ ဘုရားက ဖြောင့်မတ်တယ်လို့ ငါ ယုံကြည်ပေမယ့်၊ အခု ဖြစ်နေတာထဲမှာ သူ့ရဲ့ဖြောင့်မတ်ခြင်းကို မမြင်ရဘူး” ဟု တွေးမိသည်။ ကျွန်တော် အလွန် စိတ်ရှုပ်ထွေးသွားခဲ့သည်။ အတတ်နိုင်ဆုံး လွဲလွဲမှားမှား မပြောဆိုမိအောင်၊ ဘုရားကို အပြစ်မတင်မိအောင်သာ ကျွန်တော် ထိန်းနေခဲ့ရသည်။ ဘုရားရှေ့သို့ သူ၏ အလိုတော်ကို နားလည်ရန်နှင့် သူ့ကို နားလည်မှုမလွဲရန် ကျွန်တော့်ကို လမ်းပြဖို့ တောင်းလျှောက်ရင်း ဆုတောင်းရန် မကြာခဏ ကျွန်တော် လာခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များအချို့ကို ကျွန်တော် ဖတ်ရှုခဲ့ရသည်မှာ ထိုအခက်ခဲဆုံး၊ အနာကျင်ရဆုံး အချိန်များတွင် ဖြစ်သည်- “လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို အတိအကျ မည်ကဲ့သို့ သိကျွမ်း၍ နားလည်သဘောပေါက်လာ သင့်သနည်း။ ဖြောင့်မတ်သောသူတို့သည် ကိုယ်တော်၏ကောင်းချီး မင်္ဂလာများကို ရရှိကြ၍ မတရားသောသူတို့သည် ကိုယ်တော်၏ကျိန်ခြင်းကို ခံရသောအခါ ဤအရာများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၏ သာဓကများ ဖြစ်ကြ သည်။ ဤအချက် မှန်ကန်သလော။ ဘုရားသခင်သည် ကောင်းသောအမှုကို အကျိုးပေး၍ မကောင်းမှုကို အပြစ်ဒဏ်ပေးကာ လူသားတိုင်းကို ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့်အညီ အကျိုးကိုဆပ်ပေးသည်ဟု ဆိုထားသည်။ ထိုအချက် မှန်ကန်သည် မဟုတ်သလော။ သို့သော်လည်း ယခုနေ့ရက်ကာလတွင် ဘုရားသခင်အား ကိုးကွယ်သောသူများသည် အသေသတ်ခြင်း ခံရကြသည်၊ သို့မဟုတ် ကျိန်ဆဲခြင်းခံရကြသည်။ သို့မဟုတ် ကိုယ်တော်၏ကောင်းချီးပေးခြင်းကို မည်သည့် အခါမှ မခံစားရ၊ သို့မဟုတ် ကိုယ်တော်၏ အသိအမှတ်ပြုခြင်းကို မခံရကြပေ။ ထိုသူတို့သည် ဘုရားသခင်ကို မည်မျှကိုးကွယ် ကြစေကာမူ ကိုယ်တော်သည် သူတို့အား လျစ်လျူရှုသည်။ ဘုရားသခင်သည် မတရားသောသူတို့အား ကောင်းချီးမပေးသလို အပြစ်ဒဏ်လည်းမပေးပေ၊ သို့သော်လည်း ၎င်းတို့သည် ချမ်းသာကြွယ်ဝ၍ သားသမီး မြောက်မြားစွာရှိကြကာ ၎င်းတို့အတွက် အစစအရာရာ အဆင်ပြေသည်။ ၎င်းတို့သည် အရာရာတိုင်း၌ အောင်မြင်ကြသည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပေသလော။ အကျိုးဆက်အနေဖြင့် လူအချို့က ‘ဘုရားသခင်သည် ဖြောင့်မတ်ခြင်းမရှိ။ ကျွန်ုပ်တို့ ကိုယ်တော်ကို ကိုးကွယ်သော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့ကို မည်သည့်အခါမျှ ကောင်းချီးမပေးဘဲ ထိုအစား ကိုယ်တော့်အားခုခံ၍ မကိုးကွယ် သော ဆိုးယုတ်သူများသည် အရာခပ်သိမ်း၌ ပိုမိုအဆင်ပြေကြပြီး ကျွန်ုပ်တို့ တို့ထက် ရာထူးပိုကြီးကြသည်။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်း မရှိလိုက်လေခြင်း။’ဟု ဆိုကြသည်။ ဤအရာက သင်တို့အား မည်သည့် အချက်ကို ဖေါ်ပြသနည်း။ ငါသည် သင်တို့အား ဥပမာ နှစ်ခုသာ ပေးခဲ့သည်။ မည်သည့် ဥပမာက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြောဆိုသနည်း။ လူအချို့က ‘ထိုဥပမာနှစ်ခုစလုံးသည် ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ထင်ရှားပြသနေသည်တကား။’ ဟုဆိုကြသည်။ ၎င်းတို့ အဘယ်ကြောင့် ဤသို့ပြောဆို ကြသနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို လူတို့ သိရှိနားလည်ပုံ မှားယွင်းနေ၏၊ ယင်းသည် ၎င်းတို့၏အတွေးများထဲနှင့် ရှုထောင့်အမြင်များထဲ၌၊ အရောင်းအဝယ်ဆိုင်ရာ ရှုထောင့်အမြင်တစ်ရပ်အတွင်း၌ တည်ရှိနေ သည်၊ သို့မဟုတ် ကောင်း၊ မကောင်းနှင့်သက်ဆိုင်သည့် ရှုထောင့်၊ အမှန်၊ အမှားနှင့်သက်ဆိုင်သည့် ရှုထောင့်၊ သို့မဟုတ် ကျိုးကြောင်းဆီလျော်သော ရှုထောင့်အမြင် အတွင်း၌ တည်ရှိနေသည်။ ထိုသူတို့သည် ဤရှုထောင့်အမြင်များကို ဘုရားသခင်ကိုသိကျွမ်းခြင်းသို့ ယူဆောင်လာကြ၏၊ ထိုကဲ့သို့သောသူတို့သည် ဘုရားသခင်နှင့် လိုက်လျောညီထွေမှု မရှိကြပေ။ ထို့အပြင် ကိုယ်တော့်အား ခုခံ၍ ညည်းတွားကြဖို့ရန် သေချာသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားလည်သဘောပေါက်နည်း”)

ဘုရားသခင်၏အလိုတော်သည် သူပြုသင့်သည့်အမှုကို ပြုမည်ဖြစ်ပြီး ကိုယ်တော်၏စိတ်သဘောထားသည် ဖြောင့်မတ်ပေသည်။ ဖြောင့်မတ်ခြင်းသည် တရားခြင်း သို့မဟုတ် ထိုက်သင့်ခြင်း အနည်းငယ်မျှ မရှိပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာ သည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့- ထိုအခါတွင်လည်း ဘုရားသခင်သည် ဖြောင့်မတ်ခဲ့ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ လူ၏ရှုထောင့်မှကြည့်လျှင် တစ်စုံတစ်ခု သည် လူတို့၏အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန်ခက်ခဲပေလိမ့်မည်။...ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ပေတရုကို စာတန်ထံပေးသောအခါ ပေတရုက မည်သို့ တုန့်ပြန်သနည်း။ ‘လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်းပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ပညာရှိသော လုပ်ဆောင်ချက်များအတွက် ကျွန်ုပ်မချီးမွမ်းဘဲ မည်သို့ နေနိုင်ပါအံ့နည်း။’ ယနေ့တွင် ဘုရားသခင်သည် လူတို့အား စာတန်က မည်သို့ ဖေါက်ပြန်ပျက်စီးစေကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို မည်သို့ကယ်တင်ကြောင်း ပြသရန် စာတန်ကို ဖျက်စီးခြင်း မဟုတ်ကြောင်း သင်သဘောပေါက်သင့်သည်၊ နောက်ဆုံးတွင် စာတန်က လူတို့ကို ဖေါက်ပြန်ပျက်စီးစေသည့် အတိုင်းအတာအရ ၎င်းတို့သည် စာတန်၎င်းတို့ကို ဖေါက်ပြန်ပျက်စီးစေသည့် ကြောက်စရာကောင်းလှသည့် အပြစ်ကို တွေ့မြင်ရကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်က စာတန်ကို ဖျက်ဆီးသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို တွေ့မြင်ကာ ယင်း၌ ဘုရားသခင်၏ စိတ်သဘောထားပါဝင်သည်ကို တွေ့မြင်ကြလိမ့်မည်။ ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် သင်မတွေးတတ်အောင် ခက်ခဲနက်နဲနိုင်သော်လည်း မိမိသဘောရှိ တရား မစီရင်သင့်ပေ။ ကိုယ်တော်ပြုသောအမှု တစ်စုံတစ်ရာသည် သင့်အတွက် ကျိုးကြောင်းမဆီလျော်သလို ထင်ရပါလျှင်၊ သို့မဟုတ် သင့်မှာ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ၄င်းက ဘုရားသခင်သည် မဖြောင့်မတ်ဟု ပြောစေလျှင် သင်သာလျှင် ကျိုးကြောင်းမဆီလျော်ဆုံးသော သူဖြစ်သည်။ ပေတရုသည် အချို့သောအမှုအရာများကို နားမလည်နိုင်ကြောင်း တွေ့ရှိသော်လည်း ထိုအမှုအရာများထဲတွင် ဘုရားသခင်၏ဥာဏ်ပညာ ပါရှိပြီး ကိုယ်တော်၏စိတ်စေတနာ ပါဝင်ကြောင်း သူသေချာသည်ကို သင်တွေ့ရမည်။ လူတို့သည် အရာခပ်သိမ်းကို နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ ၎င်းတို့ နားလည်သဘောမပေါက်နိုင်သော အရာများစွာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏စိတ်သဘောထားကို သိရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားလည်သဘောပေါက်နည်း”) ဘုရားနှုတ်ကပတ်တော်များသည် အမှောင်ထဲက မီးအိမ်တစ်လုံးကဲ့သို့ လင်းခဲ့ပြီး၊ ကျွန်တော် ရုတ်တရက် နားလည်သွားခဲ့သည်။ ကျွန်တော်က ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မိမိအယူအဆများနှင့် စိတ်ကူးများကို အသုံးပြုလျက် နားလည်ရန် ကြိုးစားနေခဲ့သောကြောင့် မမြင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအန္တိခရစ်များနှင့် အယောင်ဆောင် ခေါင်းဆောင်များက ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်နေသည်ကို မြင်ရချိန်တွင်၊ ၎င်းတို့ကို မှန်မှန်ကန်ကန် သတင်းပို့ခြင်းသည် ဘုရားသခင်၏ မျက်နှာသာပေးခြင်းနှင့် ကွယ်ကာခြင်းတို့ကို ရရှိသင့်သည့် ကောင်းမွန်ပြီး ဖြောင့်မတ်သည့် လုပ်ရပ်ဟု ကျွန်တော် ယုံကြည်ခဲ့သည်။ ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်ရမည်ဖြစ်ပြီး၊ ယင်းသည်သာ ဘုရား၏ ဖြောင့်မတ်ခြင်းဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော် ဤကိစ္စများကို ကျွန်တော် သတင်းပို့ပြီးသည့်နောက်တွင်၊ အနှိမ်ခံရပြီး ပစ်ပယ်ခံရသည်မှာ ကျွန်တော်ဖြစ်နေစဉ်တွင်၊ သူတို့က ရာထူးတွေ မြဲနေကြကာ လက်လွတ်စပယ် ပြုမူကြဆဲ ဖြစ်သည်။ ထိုအချိန်တွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ကျွန်တော် စတင်သံသယဝင်သွားခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်တွင်၊ ဘုရားသခင်၏ အနှစ်သာရက ဖြောင့်မတ်သည်ကို နောက်ဆုံးတွင် ကျွန်တော် နားလည်ခဲ့သည်။ သူ၏ လုပ်ရပ်များက ကျွန်တော်တို့၏ အယူအဆတွေနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ယင်းတို့က သူ၏ ဖြောင့်မတ်ခြင်းကို အမြဲ ဖော်ပြသည်။ ယောဘ၏ စမ်းသပ်မှုများကဲ့သို့သာ ဖြစ်သည်။ သူသည် ဘုရားသခင်၏ အမြင်တွင် စုံလင်သော လူတစ်ဦးဖြစ်ခဲ့သော်လည်း၊ ဘုရားသခင်က သူ့ကို စာတန်ထံ လွှဲအပ်ခဲ့ပြီး၊ သူ၏ ကြွယ်ဝချမ်းသာမှုနှင့် သားသမီးများကို ယူဆောင်သွားခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောက်ကြဉ်ခဲ့ပြီး၊ ဘုရားသခင်အဖို့ ခိုင်မာသည့်၊ ထူးကဲသော သက်သေခံဖို့ရန် သူ၏ ယုံကြည်ခြင်းကို မှီခိုခဲ့သည်။ ထိုအခါ ဘုရားသခင်က သူ့ကို ရှည်သော အသက်နှင့် သာ၍ များသည့် ကြွယ်ဝမှုများ၊ သာ၍ကောင်းသည့် သားသမီးများဖြင့် ကောင်းချီးပေးခဲ့သည်။ ဤသည်မှာလည်း ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ယောဘက ဘုရားကို သက်သေခံပြီးနောက်တွင်၊ ဘုရားသခင်က သူ့ကို ကောင်းချီးမပေးဘဲ၊ ထိုအစား သူ့ကို ဖျက်ဆီးပစ်ခဲ့သည် ဆိုပါစို့။ ယင်းသည်လည်း ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ခဲ့ပေမည်။ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားတို့သည် ပင်ကိုအားဖြင့် ဖြောင့်မတ်သောကြောင့် သူလုပ်သမျှတိုင်း ဖြောင့်မတ်ပါသည်။ ထို့နောက် စမ်းသပ်မှုများနှင့် စစ်ဆေးမှုများ ရာချီအချို့ ဖြတ်သန်းခဲ့ရသော်လည်း ဘုရားသခင်ကို ချီးမွမ်းနိုင်ဆဲဖြစ်ခဲ့သည့် ရှင်ပေတရုအကြောင်းကို ကျွန်တော် တွေးမိခဲ့သည်။ ဖြစ်သမျှတိုင်းကို သူ နားမလည်နိုင်ခဲ့သော်လည်း၊ ထိုအရာ၏ နောက်ကွယ်တွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဉာဏ်ပညာ ရှိခဲ့သည်ဟု သူ ယုံကြည်ကိုးစားခဲ့သည်။ ထို့နောက် ကျွန်တော် ဖြစ်သည်- ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ကျွန်တော် အမှန်တကယ် နားမလည်ခဲ့ဘဲ ထိုအစား အမှုအရာများ ဖြစ်ပေါ်ပုံနှင့် ရလဒ်များက ကျွန်တော့် အယူအဆများနှင့် ကိုက်မကိုက်ဆိုသည်တို့အားဖြင့် အကဲဖြတ်ခဲ့သည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာက ကျွန်တော့် အယူအဆများနှင့် ကိုက်ပြီး ကျွန်တော်ကို အကျိုးရှိစေခဲ့ပါက၊ သူ၏ ဖြောင့်မတ်ခြင်းကို ကျွန်တော် ယုံကြည်ခဲ့သည်။ သို့သော် ကျွန်တော့်ကို အကျိုးမပြုသည့် အခြေအနေများကို သူ စီစဉ်ခဲ့ချိန်တွင်၊ သူ စီစဉ်သည့်အရာများက မမျှတဟု ယုံကြည်ရင်း၊ သူ၏ ဖြောင့်မတ်ခြင်းကို ကျွန်တော် စတင်သံသယရှိခဲ့သည်။ ဘုရားသခင်ကို ကျွန်တော် ပွင့်ပွင့်လင်းလင်း လုံးဝ အပြစ်မတင်ခဲ့သော်လည်း၊ ကျွန်တော့် စိတ်နှလုံးထဲတွင် သူနှင့်ပတ်သက်၍ ကျွန်တော် စဉ်ဆက်မပြတ် အငြင်းပွားခဲ့သည်။ ကျွန်တော် မည်မျှ အသိမဲ့ခဲ့သည်ကို မြင်ခဲ့ရသည်။ ဘုရားသခင်က မဖြောင့်မတ်ခဲ့ခြင်း မဟုတ်ပါ။ ကျွန်တော်က ဘုရားသခင်ကို နားမလည်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်သည် အလွန် တစ်ကိုယ်ကောင်းဆန်ကာ လှည့်ဖြားတတ်ခဲ့သည်။ သမ္မာတရားကို ကျွန်တော် ရှာဖွေနေခဲ့ခြင်း သို့မဟုတ် ကျွန်တော့်အတွက် သူစီစဉ်ပေးသည့် အခြေအနေမှ သင်ယူခဲ့ခြင်း မရှိပါ။ ထိုအစား ကျွန်တော့် ကိုယ်ပိုင်အနာဂတ်နှင့် အကျိုးစီးပွားများအပေါ် အငြင်းပွားနေခဲ့ပြီး စွဲလမ်းနေခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော် မည်သို့ ဆိုးဆိုးရွားရွား ခံစားကာ အမှောင်နှင့် နာကျင်မှုထဲသို့ မကျဆင်းဘဲ နေနိုင်မည်နည်း။ ဘုရားသခင်၏ အလိုတော်ကို နောက်ဆုံးတွင် ကျွန်တော် နားလည်သွားခဲ့သည်။ သူ၏ ဖြောင့်မတ်ခြင်းကို ကျွန်တော့် ကိုယ်ပိုင် အယူအဆများမှတစ်ဆင့် နားလည်ဖို့ နောက်ထပ် ကျွန်တော် မကြိုးစားဖို့ရန်အလို့ငှာ ကျွန်တော့်၏ မှားယွင်းသော အမြင်များကို ကုစားဖို့ ဤအခြေအနေများကို ဘုရားသခင်က အသုံးပြုနေခဲ့ခြင်း ဖြစ်ပါသည်။ မရာ ဖြစ်ပျက်နေခဲ့သည်ကို နောက်ဆုံးတွင် ကျွန်တော် နားလည်ခဲ့သကဲ့သို့ ခံစားခဲ့ရသည်။ ဘုရားသခင်၏ ရှေ့မှောက် သူ၏ အစီအစဉ်များကို ကျိုးနွံနာခံပြီး ဤအခြေအနေတွင် သူ့ကို နားလည်ရန် လိုလားလျက်၊ ဆုတောင်းခြင်းဖြင့် ကျွန်တော် လာခဲ့ပါသည်။

ထို့နောက် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ခဲ့ရသည်- “လူအများစုသည် ဘုရားသခင်၏အမှုတော်ကို နားမလည်ကြပေ။ ယင်းသည် နားလည်ရန်လွယ်ကူသောအရာ မဟုတ်သည်မှာ မှန်ပေသည်။ ဘုရားသခင်၏အမှုတော်အားလုံးတွင် အစီအစဥ်ရှိပြီး ၄င်းတို့အားလုံးကို ဘုရားသခင်၏အချိန်အခါ၌ လုပ်ဆောင်ကြောင်း ရှေးဦးစွာ သိမှတ်ရမည်။ ဘုရားသခင်မည်သည့်အမှုကို မည်သည့်အချိန်တွင် ပြုလုပ်ကြောင်း လူသားသည် ထာဝရ နားလည်နိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် အမှုတစ်ခုကို အချိန်တစ်ခု၌ လုပ်ဆောင်ပြီး၊ ကိုယ်တော်သည် နှောင့်နှေးကြန့်ကြာခြင်း မရှိ၊ သူ၏အမှုတော်ကို မည်သူမျှ မဖျက်ဆီးနိုင်ပေ။ သူ၏ အစီအစဉ်အတိုင်း သူ၏ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်ခြင်းသည် သူ၏အမှုတော်ကို သူပြုသည့် နိယာမဖြစ်ပြီး၊ ဤအရာကို မည်သူမျှပြောင်းလဲ၍ မရချေ။ ထိုအရာထဲ၌ ဘုရားသခင်၏ စိတ်သဘောထားကို သင်တွေ့မြင်သင့်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ အနန္တတန်ခိုးကို သိခြင်းအားဖြင့်သာလျှင် သင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိနိုင်သည်”)လူသားအထဲ၌ ဘုရားသခင် ပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့်အတွက်၊ ဘုရားသခင် ပြုသော အရာရာတိုင်းသည် လိုအပ်ပြီး ထူးခြားသော အရေးပါမှု ပိုင်ဆိုင်ပေသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏အမြင်တွင် ယောဘသည် စုံလင်ကာ ဖြောင့်မတ်သော်လည်း၊ ယောဘ၌ ဘုရားသခင်ပြုခဲ့သော အမှုသည် ကွဲပြားခြင်း မရှိပေ။ တစ်နည်းအားဖြင့် ဘုရားသခင် မည်သည့်အရာ ပြုသည် သို့မဟုတ် သူ ပြုသည့် နည်းလမ်းကို ပဓာနမထားဘဲ၊ အဖိုးအခကို ပဓာနမထားဘဲ၊ သို့မဟုတ် သူ၏ ရည်မှန်းချက်ကို ပဓာနမထားဘဲ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ လူသားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပြင်၊ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်၏အလိုတို့ကို လုပ်ဆောင်ရန် ဖြစ်သည်။ တစ်နည်းအားဖြင့် ယင်းမှာ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေရင်းနှင့် ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေရင်း၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လူသားအား နာခံစေရင်း၊ ထိုသို့ဖြင့် လူသားအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်းအား ရရှိခွင့်ပေးရင်း၊ ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို သူ၏ခြေလှမ်းများနှင့်အညီ လူသားထဲ၌ အမှုပြုရန် ဖြစ်သည်- ထိုအရာအားလုံးမှာ ဘုရားသခင်ပြုသမျှအားလုံးထဲက သူ၏ရည်ရွယ်ချက်၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားသောကဏ္ဍမှာ စာတန်သည် ဘုရားသခင်၏ အမှုတွင် အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သောကြောင့်၊ လူသားသည် စာတန်ထံ မကြာခဏပေးအပ်ခံရခြင်း ဖြစ်သည်။ ဤသည်မှာ လူတို့အား စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို မြင်ခွင့်ပေးရန်နှင့် စာတန်၏ ဆိုးယုတ်မှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို တိုက်ခိုက်ခွင့်ပေးရန် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သည်၊ ထိုသို့ဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အပျက်သဘောဆောင်သောအရာကို သိရှိကာ အသိအမှတ်ပြုစေလေသည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အသိနှင့် နာခံမှု၊ ပြီးလျှင် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းတို့ကြောင့် စာတန်၏ တိုက်ခိုက်မှုများနှင့် စွပ်စွဲမှုများအပေါ် အောင်မြင်သည်အထိ- ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စွပ်စွဲမှုများ၊ ဝင်ရောက်နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေခွင့်ပေးလေသည်။ ထိုအခါမှသာ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်မှ လုံးလုံးလျားလျား ကယ်ဆယ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားသခင်သည် အခြေခံသဘောတရားနှင့် သူ၏ ကိုယ်ပိုင်အချိန်ကောင်းတွင် ဆောင်ရွက်ပြီး သူ၏ ဖြောင့်မတ်ခြင်းနှင့် ဉာဏ်ပညာတို့က ဤအရာအားလုံး၏ နောက်ကွယ်တွင် ရှိသည်ကို ဘုရားနှုတ်ကပတ်တော်များက ကျွန်တော့်ကို ပြသခဲ့သည်။ ဘုရား၏ ဖြောင့်မတ်ခြင်းဆိုသည်မှာ ချက်ချင်း ပြစ်ဒဏ်ခတ်ခြင်းဖြစ်ပြီး မကောင်းမှုပြုသူများသည် ချက်ချင်း အပြစ်ပေးခံရသင့်သည်ဟု ကျွန်တော် စိတ်ကူးမိခဲ့သည်။ သို့သော် ကျွန်တော် စိတ်ကူးခဲ့သည့်အတိုင်း အမှုအရာများ ဖြစ်ပျက်ခဲ့ပါက၊ ဘုရားသခင်သည် လူအမျိုးအစားအားလုံးကို မည်သို့ ဖော်ထုတ်ကာ သူရွေးချယ်ထားသူများကို မည်သို့ ချင့်ချိန်နိုင်စွမ်း ရရှိခွင့်ပေးမည်နည်း။ ဘုရားသခင်သည် အမှန်တကယ် ကျွန်တော်တို့ကို ဘဝ၌ ကြီးထွားဖို့ ကူညီစေရန်၊ သမ္မာတရားကို ရှာဖွေပြီး ချင့်ချိန်နိုင်စွမ်း ဖြစ်ပေါ်စေရန် ကျွန်တော်တို့ကို မောင်းနှင်ဖို့ အသုံးပြုရန် အန္တိခရစ်များနင့် အယောင်ဆောင် ခေါင်းဆောင်များကို အသင်းတော်ထဲတွင် ထွက်ပေါ်ခွင့်ပေးပါသည်။ သမ္မာတရား၏ အခြေခံသဘောတရားများကို အသုံးပြုလျက် ဤလူများကို ကျွန်တော်တို့ ခွဲခြားသိမြင်နိုင်သည့်အချိန်သည် သမ္မာတရားကို ကျွန်တော်တို့ နားလည်ကာ ဝင်ရောက်သည့်အချိန် ဖြစ်သည်။ ထိုအရာ ဖြစ်ပျက်သည့်အခါ၊ အန္တိခရစ်များနှင့် အယောင်ဆောင် ခေါင်းဆောင်များက သူတို့၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးကြပြီး ဖြစ်သည်။ ထိုအချိန်တွင် အချို့သော အန္တိခရစ်များနှင့် အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်ထဲတွင် အာဏာရှိသည့် ရာထူးများတွင် ရှိခဲ့ကြကာ လူအချို့ကို ထိန်းချုပ်ကာ လှည့်စားနိုင်ပုံရသော်လည်း၊ အသင်းတော်တွင် ခရစ်တော်နှင့် သမ္မာတရားက အုပ်စိုးဆဲ ဖြစ်သည်၊ ထို့ကြောင့် သူတို့အားလုံး အနှေးနှင့်အမြန် ဖော်ထုတ်ခံရကာ စွန့်ပစ်ခံရမည် ဖြစ်သည်။

အန္တိခရစ်များ၏ သဘာဝက မည်မျှ မသိမသာ စိမ့်ဝင်ပျံ့နှံ့ပြီး မလိုမုန်းထားစိတ်ရှိကာ သူတို့သည် လူသားသဘာဝ လုံးဝ ကင်းမဲ့ကြသည်ကိုလည်း ကျွန်တော် နားလည်ခဲ့သည်။ သူတို့သည် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကိုသာ ဂရုစိုက်ကြပြီး ဘုရား ရွေးချယ်ထားသူများကို လုံးဝ ဂရုမစိုက်ကြပါ။ သူတို့၏ အကျိုးစီးပွားများအပေါ် ထိပါးသူမည်သူမဆိုသည် သူတို့ဖက်တွင် ဆူးတစ်ချောင်း ဖြစ်လာလေသည်။ မပြီးမချင်း မရပ်တန့်ဘဲ ထိုလူကို သူတို့ တိုက်ခိုက်ကာ လက်စားချေမည် ဖြစ်သည်။ သူတို့သည် စာတန်နတ်ဆိုး လုပ်ဆောင်သည့်အတိုင်း အတိအကျ ပြုမူကြလေသည်။ အန္တိခရစ်များ နှင်ထုတ်မခံရမချင်း၊ ဘုရား ရွေးချယ်ထားသူများသည် အသင်းတော်အသက်တာကို အသက်ရှင်ဖို့၊ သို့မဟုတ် မိမိတို့တာဝန်ကို လုပ်ဆောင်ဖို့ အနားယူချိန် ရှိမည် မဟုတ်ပါ။ သူတို့က အခြားသူများအား မည်သို့ လှည့်ဖြားကာ ထိခိုက်စေခဲ့သည်ကိုသာ ဤလူများမှ ကျွန်တော် အမှန်တကယ် မြင်နိုင်ဖို့၊ သူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သတိပြုမိဖို့၊ သူတို့၏ အယူမှားသော မတွေးမှားများကို သိမြင်ပြီး သူတို့၏ ထိန်းချုပ်မှုနှင့် လှည့်ဖြားမှုများကို လွတ်မြောက်နိုင်ဖို့ ဘုရားသခင် ကျွန်တော့်ထံ ဤအရာ ဖြစ်ပျက်ရန် အခွင့်ပေးခဲ့ပြီး ဖြစ်သည်။ ကျွန်တော့်အနေဖြင့် မှားယွင်းသော လမ်းကြောင်းကို မလျှောက်မိစေဖို့အလို့ငှာ သူတို့၏ အမှားများမှလည်း ကျွန်တော်ကို သင်ယူစေချင်ခဲ့သည်။ ဘုရားသခင်က ကျွန်တော့်ကို ကယ်တင်ကာ စုံလင်စေဖို့၊ ဤအခြေအနေကို အမှန်တကယ် စီစဉ်နေခဲ့သည်ကို ဤအရာအားလုံးက ကျွန်တော့်ကို ပြသခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ ပြောသည့်အတိုင်း ဖြစ်သည်- “ဆန့်ကျင်ဘက်ပြုပြီး အပျက်သဘောဆောင်သော အရာများစွာ၏ အကူအညီနှင့်၊ စာတန်၏ အမျိုးမျိုးသော သရုပ်သကန်ဖော်ပြချက်များ တည်းဟူသော ၎င်း၏လုပ်ရပ်များ၊ ၎င်း၏စွပ်စွဲချက်များ၊ ၎င်း၏ အနှောင့်အယှက်များနှင့် လှည့်ဖြားမှုများကို အသုံးချခြင်းအားဖြင့် ဘုရားသခင်သည် သင့်အား စာတန်၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း ပြသကာ၊ ထိုသို့ဖြင့် သင်သည် စာတန်ကို မုန်းတီးပြီး ပစ်ပယ်နိုင်ဖို့အလို့ငှာ သင်၏ စာတန်အား ခွဲခြားသိမြင်နိုင်စွမ်းကို စုံလင်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) သူ၏ အပင်ပန်းခံအားထုတ်မှုများကို နားလည်ရန် ကျွန်တော့်ကို လမ်းပြခြင်းနှင့် အမှောင်မှ ကျွန်တော့်ကို ခေါ်ထုတ်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင်၊ ယန်ကျူးကို တိုင်သည့် နောက်ထပ် စာတစ်စောင် ကျွန်တော် ရေးသားခဲ့သည်။ သူ့ကို စုံစမ်းစစ်ဆေးဖို့ ဘုရားအိမ်တော်က တစ်စုံတစ်ဦး စေလွှတ်ဖို့အတွက် တစ်ဖန် စိတ်ပူပန်စွာ နေ့တိုင်း ကျွန်တော် စောင့်ခဲ့သည်။ သို့သော် နှစ်လ ကုန်သွားခဲ့ပြီး၊ လာစစ်ဆေးဖို့ တစ်စုံတစ်ဦးကို ကျွန်တော် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။ ကျွန်တော်တို့၏ အသင်းတော်ခေါင်းဆောင်က ကျွန်တော့်ကို ထပ်သလဲလဲ မေးခွန်းမေးရန် လာခဲ့လေသည်- “ဘုရား ဒါမှမဟုတ် ဘုရားအိမ်တော်နဲ့ ပတ်သက်ပြီး ရှင့်မှာ ပြဿနာတစ်ခုခု ရှိလား။” ယင်းကို သူ ပြောခဲ့ချိန်တွင် ကျွန်တော် စတင်စိုးရိမ်လာခဲ့ပြီး ထိုစာကို ရေးခဲ့ပြီးဖြစ်သည့်အတွက် ယခု ကျွန်တော့်ကို မည်သည့်အရာ ဖြစ်ပျက်မည်နည်းဟု ကျွန်တော် တွေးမိခဲ့သည်။ ကျွန်တော်က၊ “ငါ့ကို သီးခြားနေခိုင်းနှင့်ကြပြီးပြီဆိုတော့၊ အခြားတစ်ခုခု ဖြစ်ရင်၊ ငါ အသင်းတော်ကနေ ထုတ်ပယ်ခံရဖို့ သေချာတယ်” ဟု တွေးမိခဲ့သည်။ ကျွန်တော်က ဘုရား၏ဖြောင့်မတ်ခြင်းကို တစ်ဖန် သံသယစရှိလာခဲ့ပြီကို ရုတ်တရက် ကျွန်တော် နားလည်ခဲ့သည်။ “ဘုရားသခင်၊ ကျွန်တော်က ကိုယ်တော့်ဖြောင့်မတ်မှုကို နှုတ်ကနေ သိမှတ်ပြီး၊ ဘုရားအိမ်တော်မှာ ခရစ်တော်နဲ့ သမ္မာတရား စိုးမိုးတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အချိန်ကာလနဲ့ ဖြစ်ရပ်မှန်တွေအားဖြင့် စမ်းသပ်ခံရတဲ့အခါ၊ ဘယ်လောက် သေးငယ်တဲ့ ယုံကြည်ခြင်း ကျွန်တော် ရှိပြီး ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်တော် အမှန်တကယ် နားမလည်သေးတာကို မြင်ရပါတယ်။ အခု ကျွန်တော့်အကျိုးစီးပွားတွေကို လက်လွှတ်ပြီး၊ ကိုယ်တော့်အစီအစဉ်တွေကို ကျိုးနွံနာခံချင်ပါပြီ။ ကိုယ်တော့်အလိုတော်ကို နားလည်ဖို့ ကျွန်တော့်ကို လမ်းပြတော်မူပါ”ဟု ဆုတောင်းရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ချက်ချင်း ကျွန်တော် လာခဲ့သည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ကျွန်တော် ဖတ်မိခဲ့သည်- “ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတန်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) သူစုံလင်စေသည်မှာ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းအတွက် ကျွန်တော်တို့၏ တမ်းတခြင်းနှင့် ဘုရားသခင်ကို ချစ်ဖို့ ကျွန်တော်တို့၏ ဆုံးဖြတ်ချက်တို့ ဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြသခဲ့သည်။ မည်သည့် အခက်အခဲများ၊ အတားအဆီးများ၊ သို့မဟုတ် ဝေဖန်တိုက်ခိုက်မှုများကို ကျွန်တော်တို့ ကြုံရသည်ဖြစ်စေ၊ ကျွန်တော်တို့ နောက်ဆုတ်၍မရဘဲ၊ ဘုရားသခင်နှင့် သမ္မာတရားအတွက် အသက်ရှင်သင့်ပါသည်။ စာတန်၏ အင်အားစုတစ်ခုတစ်လေထံကိုမျှ ကျွန်တော်တို့ ဦးညွှတ်၍ မရပါ။ ထိုအခါမှသာ သမ္မာတရားကို ကျွန်တော်တို့ ရရှိနိုင်ပြီး စုံလင်ခံရနိုင်ပေသည်။ ထိုစိတ်ဆုံးဖြတ်မှုနှင့် စိတ်ခွန်အားမျိုးကို ကျွန်တော် ရှိကိုမရှိခဲ့ပါ။ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ရန်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကျွန်တော် ဘုရားသခင်ထံ ဆုတောင်းကာ စိတ်ဆုံးဖြတ်ခဲ့ပြီးဖြစ်သော်လည်း၊ မကောင်းသည့် အင်အားစုများ ထွက်ပေါ်နေသည်ကို မြင်ရသည့်အခိုက်တွင်၊ အနှိမ်ခံရဖို့ စိုးရွံ့လာခဲ့ပြီး ကြောက်လန့်ကာ နောက်ဆုတ်သွားခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ကျွန်တော် အမှန်တကယ် နားမလည်သေးသကဲ့သို့၊ အမှုအရာများ ဖြစ်ပျက်သည့်အခါ မိမိကိုယ်ကိုယ်နှင့်သက်ဆိုင်၍သာ ကျွန်တော် တွေးခဲ့သည်ကို နားလည်ခဲ့ရသည်။ ထို့နောက် ဘုရားသခင် ပြောဆိုခဲ့သည့် အရာတစ်ခု စိတ်ထဲ ရောက်လာခဲ့သည်- “ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်။” “ဘုရားသခင်က သူ ပြောတဲ့အရာကို အတည်ပြောတယ်၊ သူ ပြောတဲ့အရာ ဖြစ်ပျက်ရမှာဖြစ်ပြီး သူလုပ်ဆောင်တဲ့အရာ ထာဝရ တည်မြဲမှာ ဖြစ်တယ်။ မကောင်းမှုပြုသူတိုင်း ဘုရားရဲ့ဖြောင့်မတ်ခြင်းနဲ့ဆိုင်တဲ့ အပြစ်ပေးခြင်းကို ခံရမှာဖြစ်တယ်။ အချိန်ဘယ်လောက် ကြာပါစေ၊ ဘယ်လိုဖြစ်ပျက်ပါစေ၊ အဆုံးမှာ အမှုအရာတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ပြောခဲ့တဲ့အတိုင်း အမြဲ ဖြစ်လာလိမ့်မယ်။” ထို့ကြောင့် ကျွန်တော်က၊ “ငါ့အယူအဆတွေကို လက်လွှတ်ရမယ်၊ ငါ့ရဲ့ လှည့်ဖြားတတ်ပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားကို စွန့်လွှတ်ရမယ်၊ ဘုရားရဲ့ နှုတ်ကပတ်တော်ကို ကိုးစားပြီး ဘုရားသခင် ဖြောင့်မတ်တာကို ယုံကြည်ရမယ်။ စာတန်ရဲ့ဘယ်အင်အားကိုမှ ငါ ဦးညွှတ်မှာ မဟုတ်ဘူး”ဟု တွေးခဲ့သည်။ ကျွန်တော် ဤအရာကို နားလည်သည်နှင့်တစ်ပြိုင်နက်၊ တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီး၊ စိုးရိမ်ပူပန်မှု ရပ်တန့်သွားခဲ့သည်။

၂၀၁၅ ခုနစ် ဧပြီလ အရောက်တွင်၊ ယန်ကျူးက သူတို့အား မည်သို့ လှည့်စားခဲ့ပြီး သူတို့က ကျွန်တော့်ကို မည်သို့ ကြီးမားသည့် ထိခိုက်မှု ဖြစ်စေခဲ့ပြီးဖြစ်သည်ဆိုသည့်အကြောင်း စာများကို ခေါင်းဆောင်လီနှင့် တခြားခေါင်းဆောင်များ၊ အမှုဆောင်များထံမှ ကျွန်တော် ရရှိနေခဲ့သည်။ အားလုံးက တောင်းပန်ခဲ့ကြသည်။ သူ၏ စာထဲတွင် ခေါင်းဆောင်လီက၊ “ရှင်က အသင်းတော်အလုပ်ကို ဆိုးဆိုးဝါးဝါး နှောင့်ယှက်နေတယ်လို့ စွပ်စွဲခဲ့တာက လူကြီးပိုင်းခေါင်းဆောင်တွေ မဟုတ်ဘူး။ ယန်ကျူးက စွပ်စွဲတာပါ” ဟု ဝန်ခံခဲ့သည်။ ထိုအခါ ယန်ကျူးက သူ့အကြောင်း တိုင်သည့် ကျွန်တော့် စာနှစ်စောင်လုံးကို ဖတ်ထားပြီး ဖြစ်သည်ကို ကျွန်တော် သိခဲ့သည်။ သူ၏ သိက္ခာကို ကာကွယ်ဖို့ရန်၊ ကျွန်တော် ထုတ်ပယ်ခံရစေဖို့ သက်သေအထောက်အထားများ သူ ပြင်ဆင်နေခဲ့ပြီးဖြစ်သော်လည်း၊ နောက်တွင် အချို့ခေါင်းဆောင်များနှင့် အမှုဆောင်များက သူ၏ ပြဿနာများကို မြင်ခဲ့ကြသောကြောင့် သူမကို တိုင်ကြားသည့် ပူးတွဲစာတစ်စောင်ကို ဘုရားအိမ်တော်ဆီ ပေးပို့ခဲ့ကြသည်။ ဤစာအားလုံးကို အစအဆုံး ကျွန်တော် ဖတ်ကြည့်သည့်အခါ၊ ကျွန်တော် သက်ပြင်းကြီးချမိခဲ့သည်။ ဘုရားသခင်ရှေ့မှောက် ကျွန်တော် ဒူးထောက်ပြီး၊ ငိုကြွေးခဲ့သည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်ထံ ကျွန်တော် အလွန် ကျေးဇူးကြွေးတင်ရှိသကဲ့သို့ ခံစားခဲ့ရသည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ကျွန်တော် ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ သူ၏ဖြောင့်မတ်ခြင်းကို ကျွန်တော့် စိတ်ကူးစိတ်သန်း မှန်ဘီလူးမှတစ်ဆင့် အမြဲ ကြည့်မိခဲ့ပြီး ဖြစ်သည်။ ပြဿနာများ ထွက်ပေါ်ခဲ့ချိန်တွင်၊ ယင်းတို့ကို ကျွန်တော် စိတ်ကူးခဲ့သည့်အရာထဲသို့ ထည့်ဖို့ ကြိုးစားခဲ့ပြီး၊ ထိုအရာ အလုပ်မဖြစ်ခဲ့သည့်အခါ၊ ဘုရားသခင်ကို အထင်လွဲပြီး အပြစ်တင်ခဲ့သည်။ သို့သော် ဘုရားသခင်သည် ကျွန်တော့်၏ အားနည်းချက်နှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို ဥပေက္ခာပြုပေးခဲ့ပြီး၊ ထိုအနာကျင်ဆုံး၊ အခံရခက်ဆုံးသော အချိန်ကာလတစ်လျှောက် ကျွန်တော့်ကို လမ်းပြခဲ့သည်။ ဘုရားသခင်သည် ကျွန်တော့်၏ လွဲမှားသော အယူအဆများကို ကုစားဖို့နှင့် သူ၏ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုကို ပေးဖို့ ထိုအယောင်ဆောင် ခေါင်းဆောင်များကို သိမြင်ခြင်းနှင့် တိုင်ကြားခြင်းတည်းဟူသော ဤဝိညာဉ်ရေး တိုက်ပွဲကို အသုံးပြုနေခဲ့သည်ကို ဤအတွေ့အကြုံက ကျွန်တော့်ကို ပြသခဲ့သည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းကို ကျွန်တော့် စိတ်ကူးစိတ်သန်း မှန်ဘီလူးမှတစ်ဆင့် ကျွန်တော် ကြည့်နေခဲ့သည်ကိုလည်း ကျွန်တော် နားလည်လာခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်ကို အမှန်တကယ် ပြစ်မှားစော်ကားကာ ဘောင်ခတ်မိနေခဲ့ပြီး၊ သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိခဲ့ပါသည်။ ဘုရားသခင်၏ အနှစ်သာရက ဖြောင့်မတ်သည်ကို ဤအတွေ့အကြုံက ပြသပါသည်။ ဘုရားသခင် ပြောဆိုလုပ်ဆောင်သမျှ အရာတိုင်းသည်၊ လူတို့၏ အယူအဆများနှင့် ကိုက်သည်ဖြစ်စေ၊ မကိုက်သည်ဖြစ်စေ၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ဖြောင့်မတ်သည့် စိတ်သဘောထားသည် ဘုရားသခင်၏ကိုယ်ပိုင်အနှစ်သာရစစ်စစ်ဖြစ်သည်။ လူသားက ရေးသားထားသည့်အရာသော်လည်းကောင်း၊ ပုံသွင်းထားသည့်အရာသော်လည်းကောင်း မဟုတ်ပေ။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားပင်ဖြစ်ပြီး မည်သည့်ဖန်ဆင်းခံနှင့်မျှ ဆက်နွှယ်ခြင်း၊ သို့မဟုတ် ဆက်စပ်ခြင်းမရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်က ဘုရားသခင်ကိုယ်တော်တိုင်ပင်ဖြစ်သည်။ သူသည် ဖန်ဆင်းခြင်းအစိတ်အပိုင်းတစ်ခု ဘယ်တော့မျှ ဖြစ်လာမည် မဟုတ်ပေ။ သူ့အနေဖြင့် ဖန်ဆင်းခံသတ္တဝါဝင်တစ်ဦး ဖြစ်လာလျှင်ပင် သူ၏ရှိရင်းစွဲစိတ်သဘောထားနှင့် အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို သိခြင်းက အရာဝတ္ထုတစ်ခုကို သိခြင်းနှင့် မတူပေ။ ဘုရားသခင်ကို သိခြင်းသည် တစ်ခုခုကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း မဟုတ်သကဲ့သို့ လူတစ်ယောက်ကို နားလည်ခြင်းအဖြစ်နှင့်လည်း မတူညီပေ။ အကယ်၍ လူသားသည် အရာဝတ္ထုတစ်ခုကိုသိဖို့၊ သို့မဟုတ် လူတစ်ယောက်ကို နားလည်ဖို့အတွက်သုံးသည့် သူ၏အယူအဆ၊ သို့တည်းမဟုတ် နည်းလမ်းကို ဘုရားသခင်ကို သိဖို့ရန် အသုံးပြုလျှင် သင်သည် ဘုရားသခင်၏အကြောင်းကို ဘယ်တော့မျှ သိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်ကိုသိခြင်းက အတွေ့အကြုံ၊ သို့မဟုတ် စိတ်ကူးထင်မြင်ခြင်းအပေါ်မှာ အမှီမပြုပေ။ ထို့ကြောင့် သင်သည် သင်၏အတွေ့အကြုံ၊ သို့မဟုတ် စိတ်ကူးထင်မြင်မှုကို ဘုရားသခင်အပေါ် ဘယ်တော့မျှ သတ်မှတ်ခြင်း မပြုရပေ။ သင်၏အတွေ့အကြုံနှင့် စိတ်ကူးထင်မြင်မှုတို့က မည်မျှပင်ကြွယ်ဝနေပါစေ ၎င်းတို့က အကန့်အသတ်ရှိသည်။ ထို့အပြင် သင်၏စိတ်ကူးထင်မြင်မှုက သမ္မာတရားနှင့် ကိုက်ညီရန် မဆိုထားနှင့်၊ အချက်အလက်များနှင့်ပင် ကိုက်ညီခြင်း မရှိပေ။ ၎င်းက ဘုရားသခင်၏ စိတ်သဘောထားအမှန်အပြင် အနှစ်သာရအမှန်တို့နှင့်လည်း သဟဇာတမဖြစ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို နားလည်ဖို့ရန် သင်၏စိတ်ကူးထင်မြင်မှုကို အမှီပြုလျှင် သင်ဘယ်တော့မျှ အောင်မြင်မည်မဟုတ်ပေ။ တစ်ခုတည်းသော လမ်းကြောင်းမှာ ဤသို့ဖြစ်သည်- ဘုရားသခင်ထံမှလာသည့် အရာအားလုံးကို လက်ခံလော့၊ ထို့နောက် ၎င်းကို တဖြည်းဖြည်းနှင့် တွေ့ကြုံခံစားပြီး နားလည်လော့။ သင်၏ပူးပေါင်းလုပ်ဆောင်မှုကြောင့်၊ သမ္မာတရားအပေါ် သင်၏ငတ်မွတ်ဆာလောင်မှုကြောင့် ဘုရားသခင်သည် သူ့ကိုအမှန်တကယ်နားလည်ပြီး သိဖို့ရန် သင့်ကို ဉာဏ်အလင်းဖွင့်ပြသည့်နေ့ ရောက်လာလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂))

၂၀၁၅ ခုနှစ် မေလတွင်၊ အန္တိခရစ် ယန်ကျူးသည် မကောင်းမှုများစွာ လုပ်ဆောင်မိခြင်းအတွက် အသင်းတော်မှ နှင်ထုတ်ခံခဲ့ရသည်။ သူ၏ အပေါင်းအသင်းများနှင့် ကြံရာပါများလည်း ကိုင်တွယ်ဖြေရှင်းခံခဲ့ရသည်။ ထိုထုတ်ပယ်သည့် သတိပေးချက်ကို ကျွန်တော် ဖတ်ရချိန်တွင်၊ ဘုရားသခင် အမှန်တကယ် မည်မျှဖြောင့်မတ်သည်ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရသည်။ ဘုရားအိမ်တော်တွင် ခရစ်တော်နှင့် သမ္မာတရား အုပ်စိုးပါသည်။ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အဖေအရင်း၏ “အကျဉ်းချမှု” ကို ခံရခြင်း

ခိုင်အန်းန ယူကရိန်းနိုင်ငံ ၂၀၂၀၊ နွေရာသီမှာပါ။ အဲဒီအချိန်တုန်းက ကျွန်မအစ်မ အယ်ဘီနာနဲ့ ကျွန်မက အိပ်မက်မှ နိုးထလာခြင်းဆိုတဲ့ အနန္တတန်ခိုးရှင်...

သတိထား အန္တိခရစ်တွေက သင့်အနားမှာရှိနေတယ်

ထရီ အာဂျင်တီးနားနိုင်ငံ ၂၀၂၁၊ မတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ အနန္တတန်ခိုးရှင်...

ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းပေါ် စတင်ခြင်း

ယုံကွမ်၊ ဟေလောင်ကျန်းစီရင်စု ၁၉၉၁ တွင်၊ နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်တော်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။