ရိုးသားသောတင်ပြချက်တစ်ခု၏ အသီးအပွင့်

28.02.2021

ကျောက်မင် တရုတ်နိုင်ငံ

၂၀၁၁ ခုနှစ် ဧပြီလက နိုင်ငံ၏အခြားဒေသတစ်ခုက အသင်းတော် တစ်ခုက ခေါင်းဆောင်ဖြစ်သည့် ယောင်လန်းနေရာကို ကျွန်မအစား ဝင်ရသည်။ နေရာလွှဲပြောင်းသည့်အချိန် ယောင်လန်းက အသင်းတော်၏ အခြေအနေကို အကျဉ်းချုပ်ရှင်းပြသည့်အခါ သူ့သမီး ရှောင်မင်းက ရေလောင်းရေးအကူ ဖြစ်ပြီး အသင်းတော်၏အလုပ်များနှင့် ကျွန်မရင်းနှီးလာအောင် ကူညီပေးလိမ့်မည်ဟု ပြောသည်။ သူက ထိုကဲ့သို့ သေချာရှင်းပြသည်ကိုကြားရသည့်အခါ၊ ကျွန်မသူ့ကို လေးစားချစ်ခင်မိသည်။ ယောင်လန်းက တော်တော် အရည်အချင်းရှိပြီး အသင်းတော်၏အလုပ်များကို ကောင်းကောင်းကိုင်တွယ်နိုင်သည့်ပုံ ဖြစ်သည်။ ထို့ကြောင့် အလုပ်များအများကြီးကို သူလုပ်နိုင်ခြင်းရှိမရှိကို ကျွန်မ သံသယမရှိခဲ့ပါ။ ဘုရားသခင်၏အလိုတော်ကို အလေးထားပြီးလျှင် အသင်းတော်၏ အလုပ်များကို ကောင်းစွာလုပ်ပါ့မည်ဟု ကျွန်မစိတ်ထဲမှာ သန္နိဌာန်ချခဲ့ပါသည်။

နောက်ရက်ကျတော့ ရှောင်မင်းက ကျွန်မကို အသင်းခေါင်းဆောင် အစည်းအဝေးကို ခေါ်သွားသည်။ ကျွန်မတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုဖတ်ပြီး ကျွန်မကိုယ်တိုင်နှင့် ပတ်သက်သည့် အတွေ့အကြုံနှင့် နားလည်ထားသည့်အရာများ အနည်းငယ်မျှဝေခဲ့သည်။ အစ်မရှားက “အရင်ခေါင်းဆောင်ယောင်လန်းက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အဲဒီလို မိတ်သဟာယမဖွဲ့ဘူး။ သူက ‘ဒါကတော့ အားပေးတာ’၊ ‘ဒါကတော့ သတိပေးတာ’ လို့ တစ်ကြောင်းချင်းရှင်းပြတာ။” ဟု မကျေမနပ်နှင့်ပြောသည်။ အခြားညီအစ်ကိုမောင်နှမများကလည်း ယောင်လန်းက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်မှာ အလွန်ရှင်းလင်းသည်ဟု ဝင်ထောက်ခံကြသည်။ ကျွန်မအလွန်အံ့သြပြီး “ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့တာက နှုတ်ကပတ်တော်တွေကို အခြေခံပြီး ကိုယ်ပိုင်အတွေ့အကြုံနဲ့ နားလည်မှုတွေကို မျှဝေတာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ယောင်လန်းက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ပြီး ကြုံတွေ့ရတာကို မပြောရတာလဲ။ ဘာလို့ ညီအစ်ကိုမောင်နှမတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တစ်ကြောင်းချင်းရှင်းပြရတာလဲ။ အဲဒီလို မိတ်သဟာယဖွဲ့တာက သူတို့ကိုယ်သူတို့ သိပြီး သမ္မာတရားကို နားလည်နိုင်ပါ့မလား။” ဟု တွေးမိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ရခြင်း၏ အခြေခံသဘောတရားများကို တွေ့ဆုံပွဲများမှာ သူတို့နှင့် ဆွေးနွေးချင်ခဲ့သည်။ သို့ရာတွင် ပြီးနောက် ကျွန်မ “ငါက ဒီအသင်းတော်ကို အခုမှရောက်တာ။ ငါ့အလုပ်အတွက် ယောင်လန်းမှာ တာဝန်ရှိတယ်။ သူ့သမီးလည်းဒီမှာရှိတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ယောင်လန်း မိတ်သဟာယဖွဲ့တာက အဓိပ္ပာယ်ကို တိုက်ရိုက်ရှင်းပြတာနဲ့ အတူတူပဲလို့ ပြောလိုက်ပြီးတော့ ဒီစကားကို သူပြန်ကြားရရင် ငါကရောက်တာနဲ့ သူ့အမှားတွေကို ထောက်ပြတယ်ဆိုပြီး ငါ့ကိုတစ်မျိုး ထင်သွားနိုင်တယ်။ သူစိတ်ဆိုးသွားရင် ငါလည်း နေရထိုင်ရခက်လိမ့်မယ်။” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်မက မည်သည့်အရာမျှမပြောဘဲ ဤအတိုင်း ထားလိုက်သည်။

တစ်ရက်တွင် အစ်မရှောင်က ရှောင်မင်းမသိအောင် ကျွန်မကို စာတစ်စောင်ပေးသည်။ စာထဲမှာ သူအရင်က ယောင်လန်းကို အကြံဉာဏ်ပေးခဲ့သော်လည်း၊ ယောင်လန်းက လက်မခံရုံတင်မကဘဲ၊ သူ့ကိုပါ ပိတ်ပင်ပြီး အိမ်ရှင်အနေနှင့် စီစဉ်ပေးရသည့် တာဝန်ကို သူ့ကို မပေးတော့ပါဟု ပြောသည်။ ကျွန်မ အလွန် အံ့သြသွားသည်။ “အစ်မရှောင်ပြောတာ ဟုတ်ကော ဟုတ်ရဲ့လား။ ယောင်လန်းက ဘာလို့သူများတွေကို ဖိနှိပ်ရမှာလဲ။” ဟု တွေးမိသည်။ ထို့နောက်တွင် အခြေအနေကို သေချာသိရစေဖို့ ကျွန်မ ရှောင်မင်းကို သွားတွေ့ခဲ့သည်။ အစ်မရှောင်က အလွန် စိတ်အားထက်သန်မှု ရှိသည်။ သို့ရာတွင် သူ့၏နားလည်မှုမှာ အမှားအယွင်းများရှိနေတတ်သည်ဟု ရှောင်မင်းက ပြောသည်။ ထို့နောက်တွင် အစ်မရှောင်ကို ဤနေရာတွင် ယုံကြည်သူအဖြစ်လူသိများပြီး သူ့အိမ်ကမလုံခြုံပါဟု သူက ထပ်ပြောသည်။ သူ့အိမ်မှာ လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ သူ့မှာဉာဏ်ပညာ မရှိပါဟု ပြောသည်။ သူက အစ်မရှောင်နှင့်ပတ်သက်ပြီး မကောင်းသည့်အရာများ အတော်အတန် ပြောသည်။ ကျွန်မ မိမိဘာသာ “ဒါတွေသာတကယ်ဆိုရင် အစ်မရှောင်က အိမ်ရှင်အနေနဲ့ စီစဉ်ပေးရတဲ့ တာဝန်နဲ့ မသင့်တော်ဘူး။ ဒါပေမဲ့ ဘာလို့ ယောင်လန်းက သူ့ကိုဖိနှိပ်တယ်လို့ ပြောရတာလဲ။ သူ့မှာယောင်လန်းကို မကျေနပ်တာမျိုးရှိလို့လည်း ဖြစ်နိုင်တယ်။” ဟု တွေးမိသည်။ သို့ရာတွင် ကျွန်မစိတ်ထဲမရှင်းသေးသောကြောင့်၊ အစ်မရှောင်အိမ်ကို သွားလည်ခဲ့သည်။ သူ့အိမ်က အခြားသူများနှင့်ယှဉ်ပါက၊ အိမ်ရှင်အနေနှင့် စီစဉ်ပေးဖို့ သင့်တော်ပြီး သူ့မှာဉာဏ်ပညာလည်းရှိသည်ကို ကျွန်မတွေ့ခဲ့ရသည်။ ထို့ကြောင့် ကျွန်မစပြီး နားမလည်နိုင်ဖြစ်လာသည်။ “ရှောင်မင်းပြောတာနဲ့လည်း လုံးဝမတူပါလား။ ယောင်လန်းကတကယ်ပဲ အစ်မရှောင်ကို ဖိနှိပ်နေတာများလား။” ဟု တွေးမိသည်။ အစ်မရှောင်ကို ကျွန်မထပ်မေးကြည့်သည့်အခါ၊ ယောင်လန်းက ပတ်ဝန်းကျင်လုံခြုံမှုမရှိသည်ကို အကြောင်းပြပြီး အသင်းတော်အကူများကိုလည်း တာဝန်မှရပ်ဆိုင်းခဲ့သည်၊ ထို့ကြောင့် ညီအစ်ကိုမောင်နှမများကို ရေလောင်းပေးမည့်သူ မရှိခဲ့ဘဲ၊ သူတို့ ပုံမှန်အသင်းတော်ဘဝကို မနေကြရပါသည်ကို ကျွန်မသိခဲ့ရသည်။ အစ်မရှောင်က ယောင်လန်းကို ထိုပြဿနာကိုထောက်ပြပြီး သူ့အစီအစဉ်များက မသင့်တော်သည်ကိုပြောသည့်အခါ၊ ယောင်လန်းက လက်မခံရုံသာမဟုတ်ဘဲ၊ အစ်မရှောင်ကိုပါ တာဝန်မှ ရပ်စဲခဲ့သည်။ အစ်မရှောင်၏ တင်ပြချက်စာကို ဖွင့်ပင်မဖတ်ပါ။ ယင်းကိုကြားရသည့်အခါ၊ ကျွန်မက မည်သို့ဖြစ်ရသည်ဟု တွေးလျက် အလွန်အံ့သြရသည်။ ယောင်လန်းက အရှင်းကြီးမှားနေသော်လည်း၊ အစ်မရှောင်ပြောသည်ကို လက်မခံဘဲ သူ့ကိုဖိနှိပ်ပြီး စာကိုလည်း ချောင်ထိုးထားခဲ့သည်။ သူက သမ္မာတရားကိုလက်ခံသည့်သူမဟုတ်သည်မှာ အသေအချာ ဖြစ်သည်။ ထို့နောက်မှသာလျှင် သူဘုရားသခင်၏နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ပါက၊ သူ့၏ကိုယ်ပိုင် အတွေ့အကြုံနှင့် နားလည်မှုများအကြောင်းကို မည်သည့်အခါမျှ မပြောဘဲ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို တလွဲရှင်းပြပြီး ညီအစ်ကို မောင်နှမများကို တလွဲအသိပေးသည်ကို သွားစဉ်းစားမိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်း၏ အခြေခံစည်းမျဉ်းများနှင့် သူလုပ်သည့်အရာနှင့်က လုံးဝဆန့်ကျင်ဘက်ဖြစ်လေသည်။ သူ့မှာတကယ့် ပြဿနာရှိနေနိုင်ပြီး ယင်းကိုကျွန်မ လူကြီးများကို တင်ပြဖို့လိုသည်ကို သဘောပေါက်ခဲ့သည်။ သို့မှသာ ဘုရားသခင်အိမ်တော်၏အလုပ်များ မနှောင့်နှေးမည်ဖြစ်သည်။ သို့ရာတွင် ပြီးလျှင် “အစ်မရှောင်ပြောပုံအရဆိုရင် ယောင်လန်းမှာ လူသားဆန်မှုနိမ့်ကျနေတယ်။ သူက အခုလောလောဆယ် ငါ့အလုပ်မှာ ဦးဆောင်တဲ့သူ။ အဲဒီတော့သူ့ကိုတိုင်တာ ငါဆိုတာသာသိသွားရင် ငါ့ကိုနှိပ်ကွပ်ပြီး တာဝန်ကနေ ရပ်ဆိုင်းလိုက်နိုင်တယ်” ဟု တွေးမိသည်။ ကျွန်မသက်ပြင်းချပြီး ဘာမှမပြောသညမှာ အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် အစ်မရှောင်ကိုလည်း အိမ်ရှင်အနေနှင့် စီစဉ်ပေးရသည့် တာဝန်ကို ပြန်လုပ်ရအောင် စီစဉ်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။

နောက်ရက်အနည်းငယ်အကြာ မမျှော်လင့်ထားဘဲ အစ်မချန်ကလည်း ယောင်လန်း မကောင်းသည့်အရာများကို ကျွန်မကိုတိုင်လာသည်။ အစ်ကိုဝမ်နှင့် သူ့အမျိုးသမီးက ယခုမှ ဘာသာပြောင်းလာပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးဖိနှိပ်မှုများကို အနည်းငယ်ကြောက်သောကြောင့်၊ အိမ်ရှင်အနေနှင့် စီစဉ်ရသည့်တာဝန်ကို မလုပ်ရဲဖြစ်နေသည်။ ယောင်လန်းက သူတို့ကိုကူညီဖို့ သမ္မာတရားကို မိတ်သဟာယမဖွဲ့ပေးရုံသာမကဘဲ၊ သူတို့ကိုဆူပြီး အခြားသူများကိုလည်း ကူညီခွင့်မပေးခဲ့ပါ။ နောက်ဆုံးကျတော့ အစ်ကိုဝမ်တို့ လင်မယားက အနှုတ်လက္ခဏာဆောင်သည့်ဘက်ကိုရောက်သွားပြီး တွေ့ဆုံပွဲများကို မတက်ချင်တော့ပါ။ အစ်မချန်က ယောင်လန်းကို ညီအစ်ကိုမောင်နှမများကို ဤကဲ့သို့ ဆက်ဆံရမည်မဟုတ်ဟုပြောသည့်အခါ၊ သူက သူ့ကိုယ်သူလုံးဝပြန်မသုံးသပ်ခဲ့ဘဲ အစ်မချန်၏လုံခြုံမှုကို စိတ်မချရပါဟု လျှောက်ပြောခဲ့သည်။ ပြီးလျှင် အစ်မချန်ကို အသင်းတော်မှ သုံးလ လေးလလောက်ပယ်ထားခဲ့ပြီး အသင်းတော်ဘဝမှာ ပါဝင်ခွင့်မပေးခဲ့ပါ။ ရေလောင်းပေးသည့်တာဝန်ကို ထမ်းဆောင်နေသည့် ညီအစ်မ တစ်ယောက်လည်း ရှိသည်။ တွေ့ဆုံပွဲများတွင် ဘုရားသခင်၏နှုတ်ကတော်များကို သူမ၏မိတ်သဟာယမှာထည့်သွင်းသည်၊ သူမထုတ်ဖော်နေသည့် အကျင့်ပျက်စိတ်သဘောထားများနှင့် ပတ်သက်ပြီး လုံးဝပွင့်ပွင့်လင်းလင်းနှင့် ရိုးရိုးသားသားပြောလေ့ရှိသည်။ ယောင်လန်းက ထိုအခွင့်အရေးကို အသုံးချပြီး သူမကို တာဝန်မှ ထုတ်ပယ်ခဲ့သည်။ ပြီးလျှင် သူ့သမီး ရှောင်မင်ကို ရေလောင်းပေးရသည့် တာဝန်ကို ရာထူးတိုးပေးခဲ့ပြီး နောက်ကျပါက ဘုရားသခင်အိမ်တော်မှာ အရေးပါသည့်တာဝန်များကို လုပ်ဆောင်မည်ဖြစ်သောကြောင့်၊ ညီအစ်ကိုမောင်နှမများကိုလည်း သူမကို ကောင်းကောင်းလေ့ကျင့်ပေးဖို့ ပြောခဲ့သည်။ ယောင်လန်းက သူမ၏အမျိုးသားကိုလည်း အသင်းခေါင်းဆောင်အဖြစ်ရာထူးတိုးပေးခဲ့ပြီး တကယ်တမ်းဆို သူမ၏အမျိုးသားက စစ်မှန်သည့်ယုံကြည်သူပင်မဟုတ်ဘဲ၊ တွေ့ဆုံပွဲများမှာ တန်ဖိုးရှိသည့်မည်သည့်အရာကိုမျှ မိတ်သဟာယမဖွဲ့နိုင်ခဲ့ပါ။ ယောင်လန်းကမူ သူမ၏စိတ်ခံစားချက်ကိုသာ ဦးစားပေးခဲ့သည်။ သူမ၏အမျိုးသားကို အသင်းတော်ကိုခေါ်လာပြီး အသင်းခေါင်ဆောင် ခန့်ခဲ့သည်မှာ စီမံရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်ခြင်းဖြစ်သည်။ သူမ မကောင်းသည့်အရာများက ထိုနေရာပင် မပြီးသေးပါ။ ယောင်လန်းနှင့် သူမ၏သမီးက အသင်းတော်ကို သက်ဦးဆံပိုင်စနစ်ကဲ့သို့ အုပ်ချုပ်ခဲ့ပြီး သူမကိုမြင်သည်နှင့်ကြောက်ပြီး မည်သည့်အရာမျှမပြောရဲအောင် ညီအစ်ကိုမောင်နှမများကို သူတို့ သဘောအတိုင်း အမိန့်ပေးပြီး ဖိနှိပ်ခဲ့သည်။ အစ်မချန်းပြောတာကိုနားထောင်ပြီး ကျွန်မအံ့သြကာ စိတ်လည်းတိုမိသည်။ အစက ယောင်လန်း ကျွန်မကို သူမ၏အလုပ်များလွှဲပေးသည့်အခါ၊ အလုပ်များအားလုံး အဆင်ပြေချောမွေ့သည်ဟု ပြောသည့်အခါ၊ ကျွန်မသူ့ကို လေးစားအားကျခဲ့သည်။ သို့ရာတွင် ယင်းတို့အားလုံးက အလိမ်အညာများသာ ဖြစ်သည်။ မိတ်သဟာယမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တလွဲကိုးကားပြီး စာများနှင့် အယူဝါဒများကိုပြောပြီး ညီအစ်ကိုမောင်နှမများကို အသိအမှားများပေးခဲ့ရုံသာမကဘဲ၊ သူမနေရာရထားသည့် ကောင်းချီးကို သာယာပြီး ညီအစ်ကိုမောင်နှမများကိုလည်း အနိုင်ကျင့်ခဲ့သည်။ အသင်းတော်ကို အာဏာရှင်ဆန်စွာ အုပ်ချုပ်ပြီး သူမ၏ သဘောအတိုင်း အခြားသူများကိုဖိနှိပ်ပြီး တာဝန်မှ ထုတ်ပယ်ခဲ့သည်။ သူမနှင့်နီးစပ်သည့်သူများကို မြေတောင်မြှောက် ရာထူးတိုးပေးခဲ့ပြီး ဆွေမျိုးကောင်းစားရေးဝါဒကို ကျင့်သုံးခဲ့သည်။ သူမ၏သိက္ခာမဲ့ပြီး ဂရုမစိုက်သည့် အပြုအမူများ၊ သူမ၏ များပြားလှသည့် မကောင်းမှုများက သူမက အရိုးစွဲနေသည့် အန္တီခရစ်တစ်ယောက်ဖြစ်သည်ကို ပြသနေသည်။ ယခုဆိုလျှင် သူမ၏ တာဝန်ကပိုကျယ်ပြန့်လာသည့်အတွက် ညီအစ်ကိုမောင်နှမများ ပို၍ထိခိုက်မည်မှာ သေချာသည်။ လူကြီးများကို အမြန်ဆုံးတိုင်ပြီး အသင်းတော်၏အလုပ်များကို ထိန်းသိမ်းရမည်ကို ကျွန်မသိခဲ့သည်။ သို့ရာတွင် သူမကိုတိုင်ဖို့လုပ်သည့်အချိန် ကျွန်မ စိုးရိမ်ပြီး “ယောင်လန်းက ငါ့အလုပ်ကို စီမံခန့်ခွဲတဲ့သူ။ ငါတိုင်တယ်ဆိုတာကို သိသွားရင်၊ သူ့အပြုအမူတွေအရဆိုရင် ငါ့ကိုအသင်းခေါင်းဆောင် အဖြစ်ကနေ ရပ်စဲပြီး အိပ်ပြန်ပို့လိုက်နိုင်တယ်။ အကြောင်းရှာပြီး ဖိနှိပ်အပြစ်ပေးတာမျိုးတောင် လုပ်နိုင်တယ်။ ငါ့ဘဝ အရမ်း ခက်ခဲသွားလိမ့်မယ်။ အသင်းတော်ကနေ နှင်ထုတ်ခံရရင် ဘယ်လိုလုပ်မလဲ။ အဲဒီအခါကျရင် ငါ့ရဲ့ဘုရားသခင်ကို ယုံကြည်သက်ဝင်တဲ့လမ်းကြောင်း အဆုံးသတ်သွားနိုင်တယ်။ ငါလက်တွေ့ကျမှဖြစ်မယ်။ အသင်းတော် အလုပ်တွေ အရင်လုပ်ပြီးမှပဲ ကြည့်လုပ်ရမယ်။” ဟုတွေးမိသည်။ သို့နှင့်ပင် မိမိကိုယ်ကိုယ်ကာကွယ်ဖို့အတွက် သူမကိုမတိုင်ဘဲ၊ သူမအကြောင်းကို မထုတ်ဖော်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် နောက်တွေ့ဆုံပွဲမှာ ဖိနှိပ်ခံထားရသည့် ညီအစ်ကိုမောင်နှမများ၏ မျှော်လင့်နေသည့် အကြည့်များကို မြင်ရသည့်အခါ၊ ကျွန်မ အလွန် စိတ်မချမ်းမသာဖြစ်ရပြီး လိပ်ပြာမလုံခဲ့ပါ။ ပြီးလျှင် ရှောင်မင်းက ယောင်လန်း သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းက မည်မျှတော်ကြောင်းကို အသင်းတော်မှာ ပတ်ကြွားပြီး ညီအစ်ကိုမောင်နှမများကို တင်းကျပ်ပြီး ချိုးချိုးနှိမ်နှိမ် ပြောဆိုသည့်အကြောင်း သူတို့ပြောနေသည်ကို ကြားရသည့်အခါ၊ ကျွန်မ ပို၍ စိတ်တိုမိသည်။ “ယောင်လန်းနဲ့ ရှောင်မင်း မကောင်းတာတွေကို လူကြီးတွေကို တိုင်မှဖြစ်မယ်။ သူတို့အကျင့်ယုတ်ပြီး ညီအစ်ကိုမောင်နှမတွေကို စိတ်ရှိတိုင်း ဖိနှိပ်နေတာကို ငါ ခွင့်မပြုနိုင်ဘူး။” ဟု မိမိဘာသာတွေးမိသည်။ ထိုသို့နှင့် သူတို့အကြောင်း ညီအစ်ကိုမောင်နှမများ ပြောသည့်အရာများကို အကုန်ချရေးသည်။ သို့ရာတွင် တွေ့ဆုံပွဲပြီးသည့်အခါ ကျွန်မစိတ်မပြတ်မသားဖြစ်ပြန်သည်။ ယောင်လန်းကသိသွား၍ ကျွန်မကိုအပြစ်ပေးပါက မည်သို့လုပ်မည်နည်း။ သို့ရာတွင် ကျွန်မကိုယ်ကျွန်မကာကွယ်ပြီး သူတို့နှစ်ယောက်အကြောင်းကို မဖော်ထုတ်ပါကလည်း၊ ကျွန်မ မကောင်းမှုလုပ်နေခြင်းသာ မဟုတ်ပါလား။ ကျွန်မဘေးကျပ်နံကျပ်ဖြစ်ခဲ့ရပြီး စိတ်မွန်းကျပ်လွန်း၍ အသက်ရှုရပင် မဝခဲ့ပါ။ မျက်ရည်များနှင့် ကျွန်မဒူးထောက်ပြီး ဘုရားသခင်ကို ဆုတောင်းသည်၊ “အဖ ဘုရားသခင်၊ ယောင်လန်းနဲ့ သူ့သမီးကို ခေါင်းဆောင်တွေနဲ့ တိုင်ချင်ပေမဲ့ သူတို့ကကျွန်မကိုပြန်အငြှိုးထားပြီး ဒုက္ခပေးမည်ကိုကြောက်နေမိပါတယ်။ ဘုရားသခင်၊ အမှောင်ထုရဲ့ အားအင်တွေရဲ့ ဖိနှိပ်မှုကနေ လွတ်မြောက်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင် ပြီး အသင်းတော်ရဲ့အလုပ်တွေကို ထိန်းသိမ်းနိုင်အောင် ကျွန်မကိုလမ်းပြပေးတော်မူပါ” ဟုပြောခဲ့သည်။

ဆုတောင်းပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဤသည်ကို ဖတ်ခဲ့ပါသည် “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဖွင့်လှစ်ပြသမှုများကို ဖတ်လိုက်ရသည့်အခါ၊ ကျွန်မက မိမိကိုယ်ကိုယ် အလွန်ရှက်မိသည်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်‌သော်လည်း၊ ကျွန်မရင်ထဲမှာ ဘုရားသခင်ရှိမနေပါ။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို အလေးမထားခဲ့ဘဲ၊ ပြဿနာများနှင့် ကြုံတွေ့လာရသည့်အချိန်မှာ ကျွန်မကိုယ်ကျိုးအတွက်သာ စဉ်းစားခဲ့သည်။ ဘုရားသခင်အိမ်တော်၏အလုပ်များကို ကျွန်မလုံးဝမကာကွယ်ခဲ့ပါ။ ယောင်လန်းက ဘုရားသခင်၏နှုတ်ကပတ်တော်များကို တလွဲကိုးကားပြီး ရှင်းပြသည်၊ အသင်းတော်မှာ ဗိုလ်ကျပြီး ညီအစ်ကိုမောင်နှမများကို ဖိနှိပ်အပြစ်ပေးသည်ကို ကျွန်မ ရှင်းရှင်းလင်းလင်း တွေ့ခဲ့ပါသည်။ သူမနှင့်နီးစပ်သည့်သူများကို ရာထူးတိုးပေးပြီး သူမ အဖွဲ့တောင့်လာစေဖို့ အခြားသူများကို စိတ်ကူးပေါက်သကဲ့သို့ ရာထူးမှထုတ်ပယ်ခဲ့သည်။ အသင်းတော်ဘဝကို ဆိုးဆိုးရွားရွား နှောင့်ယှက်ဖျက်ဆီးပြီး ညီအစ်ကိုမောင်နှမများကို တင်းကျပ်ပြီး ဒုက္ခပေးနေသည်။ အထူးသဖြင့် ယခု သူမကပိုလုပ်ပိုင်ခွင့်ရလာသည့်အခါ၊ ညီအစ်ကိုမောင်နှမများကို ပို၍ ဒုက္ခပေးနိုင်သွားပြီဖြစ်သည်။ သို့ရာတွင် ယောင်လန်း၏အရှိန်အဝါနှင့် လွှမ်းမိုးမှုကို ကျွန်မကြောက်ခဲ့သည်။ သူမကဖိနှိပ်ပြီး ထုတ်ပယ်လိုက်၍ ကျွန်မနေရာနှင့် အနာဂတ်တက်လမ်းပျောက်ဆုံးမည်ကို ကြောက်ခဲ့သည်။ သူမနှင့် သူ့သမီးကကျွန်မကိုအငြှိုးနှင့် ဒုက္ခပေးမည်ကို ကျွန်မ ကြောက်ခဲ့သည်။ ထို့ကြောင့် အခြေခံစည်းမျဉ်းများကို ဆုပ်ကိုင်ပြီး သူတို့အကြောင်းကို မတိုင်ရဲခဲ့ပါ။ သို့နှင့် အန္တိခရစ်နှင့် အကျင့်မကောင်းသည့်သူများက အသင်းတော်ကို ဖျက်လိုဖျက်ဆီးလုပ်နေသည်ကို သိသိကြီးနှင့် လက်ပိုက်ကြည့်နေခဲ့သည်။ ညီအစ်ကိုမောင်နှမများ ဖိနှိပ်ခံရပြီး သူတို့ဘဝများထိခိုက်ရသော်လည်း၊ ကျွန်မက ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို မဖော်ထုတ်ရဲခဲ့ပါ။ ကျွန်မ မည်မျှပင် အသုံးမကျ၊ အတ္တကြီးပြီး ဆိုးယုတ်လိုက်သနည်း။ ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲမှာ ဤကဲ့သို ပြောထားသည်ကို ဖတ်ခဲ့ရပါသည်၊ “လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”)စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ ဒုစရိုက်ကိုပြုသူအချို့ကို ၎င်းတို့ အဘယ်ကြောင့် မကောင်းမှုပြုကြသည်ကို သင်မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း၊ ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင် အကျိုးအတွက်သာ အသက်ရှင်သင့်ပြီး၊ အစားအစာနှင့် ကောင်းမွန်သော အဝတ်အစားအတွက် ရာထူးကောင်းတစ်နေရာ ရရှိရန် သူတို့ အရာရာကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်သည်ဟု အယောက်တိုင်းက ထင်မှတ်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ကျွန်မဟာ စာတန်၏ချနင်းခြင်း၊ အကျင့်ပျက်အောင်လုပ်ခြင်းခံထားရသည်ကို၊ ကျွန်မကိုယ်တိုင် ပို၍ပို၍ အတ္တကြီး ဆိုးယုတ်လာသည့်အထိ ကျွန်မ၏ အသွေးထဲအသားထဲမှာ စာတန်၏အဆိပ်များ၊ အတွေးအခေါ်များနှင့် စံနှုန်းများပြည့်နှက်နေခဲ့သည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မကို ပြသခဲ့ပါသည်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” တို့၊ “တစ်စုံတစ်ရာ မှားယွင်းသည်ကို သိသည့်အခါ၊ နည်းနည်းပြောသည်က ပိုကောင်း၏” တို့၊ “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ” ဆိုသည့် စာတန်၏အဆိပ်များနှင့် နေထိုင်ခဲ့သည်။ ကျွန်မ၏အတွေးအခေါ်များ အကုန်လုံး ပျက်ယွင်းလာပြီး ဘဝကို ဆိုးရွားသည့်စံနှုန်းများ၊ အမြင်များနှင့် နေခဲ့သည်။ ကျွန်မ၏ကိုယ်ကျိုး၊ အနာဂတ်တက်လမ်းနှင့် ကျွန်မကံကြမ္မာကို အရာရာထက် ပို၍ အရေးကြီးသည်ဟု သဘောထားခဲ့သည်။ ယောင်လန်းနှင့် သူမ၏ဆိုးယုတ်သည့် အန္တိခရစ်စွမ်းအားများက အသင်းတော်က ညီအစ်ကိုမောင်နှမများကို ဒုက္ခပေးနေသည်ကို မြင်ရသည့်အခါ၊ သူတို့ကိုဖော်ထုတ်ပြီး တိုင်ရမည်ကို ကျွန်မသိခဲ့သည်။ သို့ရာတွင် ကျွန်မဖိနှိပ်ခံရပြီး နေရာနှင့် အနာဂတ် တက်လမ်းပျောက်ဆုံးမှာကို ကြောက်ခဲ့သည်။ ကျွန်မမည်မျှ အားတင်းထားထား မလုပ်ရဲခဲ့ပါ။ ထို့ကြောင့် အန္တိခရစ်များကို အသင်းတော်ကို ဖျက်လိုဖျက်ဆီး လုပ်ခွင့်ပြုခဲ့သည်။ ကျွန်မက မျက်နှာရအောင်နေခဲ့ပြီး ဘက်မလိုက်သည့် စကားတစ်ခွန်းပင် မပြောရဲခဲ့ပါ။ စာတန်၏အဆိပ်များထဲမှာ မရုန်းနိုင်အောင်ပိတ်မိနေပြီး သူ့၏အစေအပါး၊ ခွေးတစ်ကောင်ကဲ့သို့ ဖြစ်လာသည်ကို သတိထားမိသည်။ ယင်းကို ဘုရားသခင်က ရွံရှာစက်ဆုပ်ပြီး ကျွန်မက ဘုရားသခင်၏ရှေ့မှောက်မှာ နေထိုင်ဖို့မထိုက်တန်ပါ။ ဘုရားသခင်၏ လမ်းညွှန်မှုနှင့် အလုပ်များလုပ်ရသည်ကို ကျွန်မနှစ်များစွာ ပျော်ရွှင်ခဲ့ပြီး အသင်းတော် ခေါင်းဆောင်အနေနှင့် ကျွန်မအမှုတော်ကိုထမ်းဆောင်နိုင်အောင် သူက မြေတောင်မြှောက်ပေးခဲ့သည်။ ကျွန်မကမူ ယင်းကို တန်ဖိုးထားရမည်ကို မသိခဲ့ဘဲ၊ ညီအစ်ကိုမောင်နှမများကို စောင့်ရှောက်ဖို့နှင့် ဘုရားသခင် အိမ်တော်၏အလုပ်များကို ထိန်းသိမ်းဖို့ မစဉ်းစားခဲ့ပါ။ ဂုဏ်သိက္ခာ လုံးဝမရှိဘဲ၊ ကျွန်မ၏အတ္တကြီးသည့်စိတ်ဆန္ဒများနှင့်သာ ပြည့်နှက်ပြီး နေထိုင်ခဲ့သည်။ ညီအစ်ကိုမောင်နှမများ၏ယုံကြည်ကိုးစားမှုနှင့် ကိုက်ညီအောင် မနေနိုင်ခဲ့သည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကိုလည်း မကျေပွန်ခဲ့ပါ။ ထိုသို့ တွေးမိသည့်အခါ၊ အလွန်အတ္တကြီးပြီး ဆိုးယုတ်၍ ကျွန်မကိုယ့်ကိုယ်ကိုယ်မုန်းတီးပြီ ဝန်ချတောင်းပန်ဖို့ ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ ကျွန်မကို ခွန်အားများပေးပြီး ဤအမှောင်လွှမ်းမိုးမှုများမှ ရုန်းထွက်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်အောင် လမ်းပြပေးဖို့ တောင်းဆိုခဲ့သည်။

ပြီးလျှင် ဘုရားသခင်နှုတ်ကပတ်တော်များထဲက ဤသည်ကို ဖတ်ခဲ့ပါသည်။ “ဘုရားသခင်၏ စိတ်နေသဘောထားမှာ သက်ရှိသက်မဲ့ အရာအားလုံးတို့ကို အုပ်စိုးသောသူနှင့် သက်ဆိုင်ပြီး ဖန်ဆင်းခြင်းခပ်သိမ်း၏ သခင်နှင့် သက်ဆိုင်သည်။ သူ၏ စိတ်နေသဘောထားသည် ဂုဏ်ပြုခြင်း၊ တန်ခိုး၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်းကို ကိုယ်စားပြုပြီး အရေးကြီးဆုံးမှာ သာလွန်ကြီးစိုးခြင်းကို ကိုယ်စားပြုသည်။ သူ၏စိတ်နေသဘောထားသည် သြဇာအာဏာ၏ သင်္ကေတဖြစ်ပြီး ဖြောင့်မတ်သောအရာအားလုံး၏ သင်္ကေတဖြစ်ကာ လှပ၍ ကောင်းမွန်သည့်အရာအားလုံး၏ သင်္ကေတလည်း ဖြစ်ပေသည်။ ထိုထက်မက ထိုစိတ်နေသဘောထားသည် အမှောင်ထုနှင့် မည်သည့် ရန်သူအင်အားကမျှ အနိုင်ယူ၍မရနိုင်သောက၊ သို့မဟုတ် ထိပါး၍ မရနိုင်သော သူ၏ သင်္ကေတဖြစ်ပြီး၊ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော (ပုန်ကန်ပြစ်မှားခြင်းကိုလည်း သူသည်းခံမည် မဟုတ်ပေ) သူ၏ သင်္ကေတလည်း ဖြစ်သည်။ သူ၏စိတ်နေသဘောထားသည် အမြင့်ဆုံးသောတန်ခိုး၏ သင်္ကေတဖြစ်၏။ မည်သည့်လူကမျှ၊ သို့မဟုတ် မည်သည့်လူအများကမျှ သူ၏အမှု၊ သို့တည်းမဟုတ် သူ၏စိတ်နေသဘောထားကို မနှောင့်ယှက်နိုင်ပေ၊ သို့မဟုတ် နှောင့်ယှက်ခွင့်ရှိမည်လည်း မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏) ဘုရားသခင်က အရာခပ်သိမ်းကိုအုပ်စိုးပြီး သူ့၏ စိတ်သဘောထားက အမြင့်ဆုံးအာဏာ၏ သင်္ကေတဖြစ်ပြီး မည်သည့်ရန်သူနှင့် အမှောင်စွမ်းအားများကမှ ဘင်းကို ပုန်ကန်ပစ်မှား၍မရသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်မနားလည်ခဲ့သည်။ ဘုရားသခင်က စာတန်၏ အနှောင့်အယှက်ပေးသည့် မကောင်းသည့် အင်အားစုများကို အသင်းတော်မှ သန့်စင်ဖယ်ရှင်းပြီး အပြီးအပြတ် နှိမ်နင်းပစ်လိမ့်မည်။ ယင်းက ဘုရားသခင်လုပ်ဆောင်မှု၏ ဦးတည်ချက်ဖြစ်ပြီး ဘုရားသခင်သည် ယင်းကိုပြီးမြောက်မည်မှာလည်း အမှန်တကယ်ပင် ဖြစ်ပါသည်။ ယောင်လန်းက အသင်းတော်ကို အာဏာရှင်ကဲ့သို့ အုပ်ချုပ်သည်။ ညီအစ်ကိုမောင်နှမများကို ထိန်းချုပ်ဖိနှိပ်ပြီး သူမနှင့်နီးစပ်သည့်သူများကိုတော့ မြှောက်စားပြီး ထီးနန်းတစ်ခု တည်ဆောက်နေသည်။ သူမက ဘုရားသခင်၏ လုပ်ဆောင်မှုကို နှောင့်ယှက်ဖျက်ဆီးသည်၊ မကောင်းမှုမျိုးစုံလုပ်ပြီး ဘုရားသခင်၏စိတ်သဘောထားကို ဆိုးဆိုးရွားရွား ပုန်ကန်ပြစ်မှားသည်။ သူမက အသင်းတော်မှ အနှေးနှင့် အမြန် ဖယ်ရှားခံရတော့မယ့် အန္တိခရစ်မကောင်းဆိုးဝါးတစ်ယောက်သာ ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်က ယခင်က မကောင်းသည့်လူများ၊ အန္တိခရစ်များစွာတို့ကို ထုတ်ပယ်ခဲ့သည်ကို ကျွန်မ တွေးမိသည်။ သူတို့ မည်မျှရက်စက်ကြမ်းကြုတ်ပါစေ၊ ခဏသာ အောင်မြင်ပြီး အဆုံးသတ်တွင် ဘုရားသခင်၏ပြစ်ဒဏ်ပေးမှုမှ မလွတ်မြောက်နိုင်ပါ။ ယင်းက ဘုရားသခင်၏ ဖြောင့်မတ်မှု မဟုတ်ပါလား။ သို့ရာတွင် ကျွန်မက ဘုရားသခင်၏ဖြောင့်မတ်မှုကို နားမလည်ခဲ့ဘဲ၊ ဘုရားသခင်၏အိမ်တော်မှာ သမ္မာတရားနှင့် ဖြောင့်မတ်မှုက အမြဲတမ်းလွှမ်းမိုးပြီး ဘုရားသခင်က အုပ်စိုးသည်ကို မယုံကြည်ခဲ့ပါ။ ဘုရားသခင်၏အိမ်တော်မှာလည်း အပြင်လောကမှာကဲ့သို့ပင် အရှိန်အဝါနှင့် အာဏာရှိသည့်သူကသာ အနိုင်ရပြီး ယောင်လန်းနှင့်သူ့သမီးဘက်ကမနေပါက၊ ကျွန်မ၏ အနာဂတ်တက်လမ်းနှင့် နေရာပျောက်မည်ဟု ထင်ခဲ့သည်။ ကျွန်မကို သူတို့လက်စားချေမည်ကိုပင် ကြောက်ခဲ့သည်။ ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုးသည်ကို ကျွန်မမယုံကြည်ခဲ့ပါ။ ထိုကဲ့သို့ ယုံကြည်မှုမျိုးက ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤသည်ကို ဖတ်ခဲ့ပါသည်၊ “ငါ၏ နှုတ်ကပတ်တော်များသည် အမှောင်၏လွှမ်းမိုးမှုအောက်မှ လူသား၏ လွတ်မြောက်ခြင်းနှင့်ဆိုင်သည့် အခြေခံအကြောင်းရင်းဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့မလုပ်ဆောင်နိုင်သော လူများသည် အမှောင်၏လွှမ်းမိုးမှု အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်။ မှန်ကန်သော အခြေအနေ တစ်ခုတွင် အသက်ရှင်ရန်ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် အသက်ရှင်ရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိသော အခြေအနေတွင် အသက်ရှင်ရန်၊ သမ္မာတရားကို ရှာဖွေခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ရန်၊ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိကိုယ်ကိုယ် အသုံးခံခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားထဲတွင် အသက်ရှင်ရန်နှင့် ဘုရားသခင်ကို စစ်မှန်စွာချစ်ခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ရန် ဖြစ်သည်။ ဤအခြေအနေများနှင့် ဤလက်တွေ့အရှိတရားအတွင်းတွင် အသက်ရှင်သောသူများသည် သမ္မာတရား၏ နက်ရှိုင်းမှုထဲသို့ ၎င်းတို့ ဝင်ရောက်သည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး၊ အမှု နက်ရှိုင်းသထက် နက်ရှိုင်းသွားသည်နှင့်အမျှ ၎င်းတို့ ပြောင်းလဲကြလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းခံရသည့် လူများနှင့် ဘုရားသခင်ကို စစ်မှန်စွာ ချစ်သော လူများ သေချာပေါက် ဖြစ်လာကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မကို လမ်းပြပေးလိုက်သည်။ စာတန့်အမှောင်လွှမ်းမိုးမှု၏အချုပ်အနှောင်များက လွတ်မြောက်ချင်ပါက၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် အညီလက်တွေ့လုပ်ဆောင်ရမည်။ ကျွန်မ၏ကိုယ်ကျိုးနှင့်အနာဂတ်အကြောင်းတွေးနေသည်ကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်၊ အန္တိခရစ်များကို ဖော်ထုတ်တင်ပြပြီး ဘုရားသခင်အိမ်တော်၏အလုပ်များကို ထိန်းသိမ်းစောင့်ရှောက်ရမည်။ တာဝန်မှ ထုတ်ပယ်ခံရပြီး ကျွန်မနေရာနှင့် တက်လမ်းကို စွန့်လွှတ်ရမည်ဆိုလျှင်ပင်၊ သမ္မာတရား အခြေခံစည်းမျဉ်းများကို ဆုပ်ကိုင်ထားဖို့လိုသည်။ ယင်းကို နားလည်သွားသည့်အခါ၊ ကျွန်မခွန်အားများ ရှိလာပြီး ယောင်လန်းနှင့် ရှောင်မင်းအကြောင်းကို ခေါင်းဆောင်များထံသို့ စာရေးပြီးတိုင်ခဲ့သည်။

နှစ်ရက်သုံးရက်အကြာတွင် ယောင်လန်းနှင့်ရှောင်မင်း ကျူးလွန်ထားသည့် မကောင်းမှုများကို ဖော်ထုတ်ဖို့ ခေါင်းဆောင်များက ညီအစ်ကိုမောင်နှမများကို အကုန်လုံးကိုခေါ်ပြီး အစည်းအဝေးလုပ်ခဲ့သည်။ အခြေခံစည်းမျဉ်းများနှင့်အညီ ယောင်လန်း၊ သူမအမျိုးသားနှင့် သူမ၏ သမီးကို တာဝန်မှ ထုတ်ပယ်ခဲ့သည်။ ယောင်လန်းနှင့်သူမ၏သမီးက သူတို့ကိုယ်သူတို့ပြန်မစဉ်းစားခဲ့သကဲ့သို့ သိဖို့လည်း မကြိုးစားခဲ့ပါ။ ထိုအစား ညီအစ်ကိုမောင်နှမများ၏အိမ်ကိုသွားပြီး နောင်တရသကဲ့သို့ ဟန်ဆောင်ပြပြီး ညီအစ်ကိုမောင်နှမများကို လှည့်ဖျားဖို့အတွက် သူတို့မတရားလုပ်ခံရပါသည်ဟု ညည်းပြကြသည်။ သူတို့မှာ ဝန်ချတောင်းပန်လိုစိတ်လုံးဝမရှိဘဲ၊ နောက်ဆုံးမှာတော့ သူတို့၏မကောင်းမှုများကြောင့်၊ အကျင့်မကောင်းသည့် အပြုအမူ အကုန်ကျူးလွန်သည့် မကောင်းမှုလုပ်သည့်သူနှင့် အန္တိခရစ်များဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားကြပြီး အသင်းတော်မှ ထုတ်ပယ်ခံခဲ့ရသည်။ အသင်းတော်ဘဝက ပုံမှန်ပြန်ဖြစ်ခဲ့ပြီး ညီအစ်ကိုမောင်နှမများလည်း လက်ခုပ်တီး ပျော်ရွှင်ကြပြီး ဘုရားသခင်၏သန့်ရှင်းမှုနှင့် ဖြောင့်မတ်မှုကို အားလုံးက ချီးမွမ်းကြသည်။ ဘုရားသခင်၏အိမ်တော်မှာ သမ္မာတရားနှင့် ဖြောင့်မတ်မှုက လွှမ်းမိုးပြီး ခရစ်တော်က အုပ်စိုးသည်ကိုကို ယင်းကကျွန်မကို ပို၍ရှင်းရှင်းလင်းလင်း မြင်တွေ့စေခဲ့ပါသည်။ အန္တိခရစ်များ၏ဆိုးယုတ်သည့်စွမ်းအားများက မည်မျှဆိုးယုတ်ပြီး အားကောင်းပါစေ၊ မည်မျှ အစွမ်းထက်ပါစေ ဘုရားသခင်၏အာဏာကို မကျော်လွန်နိုင်ဘဲ၊ ဘုရားသခင်၏လုပ်ဆောင်မှုကို မဖျက်ဆီးနိုင်ပါ၊ အခြားသူများ၏ကံကြမ္မာကို ထိန်းချုပ်ဖို့က ပို၍ မဖြစ်နိုင်ပါ။ သူတို့က ဘုရားသခင်လက်ထဲက စစ်တုရင်အရုပ်လေးများကဲ့သို့ ဖြစ်သည်။ ဘုရားသခင်၏ရွေးချယ်ခံရသည့်သူများကို ပိုင်းခြားသိမြင်မှုရှိလာအောင် လုပ်ပေးရသည့် ကိရိယာလေးများ ဖြစ်သည်။ သူတို့၏လုပ်ဆောင်မှုများက အခြားသူများကို အန္တိခရစ်များနှင့် မကောင်းသည့်လူများက မည်သို့ဖြစ်သည်ကို ပြသပြီး လမ်းမလွဲအောင်လုပ်ပေးသည်။ ဤအန္တိခရစ်များကို တိုင်ရသည့် အတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်နှုတ်ကပတ်တော်များ၏ ဦးဆောင်မှု၊ လမ်းပြမှုနှင့် ဉာဏ်အလင်းပေးမှုများက ကျွန်မကို အမှောင်ထု၏စွမ်းအားများမှ လွတ်မြောက်စေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေခဲ့သည်။ ကျွန်မစိတ်သက်သာရာရပြီး ရင်ထဲအေးချမ်းခဲ့သည်။ ထိုကဲ့သို့ ပြုမူနေထိုင်ခြင်းက ဂုဏ်သိက္ခာရှိရှိနေထိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး ကျွန်မလွတ်လပ်မှုကိုခံစားခဲ့ရပါသည်။ ယင်းက ရိုးသားသည့်တင်ပြချက်ကို ရေးသားခြင်း၏ အသီးအပွင့်ဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ဘုန်းကျက်သရေအလုံးစုံ ရရှိပါစေ။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “အနိုင်ယူခြင်း မခံရနိုင်သော သင်္ကေတ”။

ခ။ မူရင်းစာသားတွင် “ပုန်ကန်ပြစ်မှားခြင်းကို မခံရနိုင်သော (ထို့ပြင် ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံသော) သင်္ကေတ”။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ကို အစေခံနေစဉ် အဘယ်ကြောင့်လိမ်လည်လှည့်စားမှု၌ ပါဝင်ပတ်သက်ရပါသနည်း

ဟူကျိန်၊ မြို့တော် အန်ဟွီစီရင်စု “ခေါင်းဆောင်များအဖြစ် အစေခံကြသောသူများသည် အမြဲတစေ ပို၍ကြီးမားသော စဉ်းစားဉာဏ် ရှိလိုကြသည်၊ ကျန်သည့်...

လူတစ်ယောက်ကို မျက်စိစုံမှိတ် ကိုးကွယ်ခြင်းရဲ့ အကျိုးဆက်များ

ဝမ်ယင်း တရုတ်နိုင်ငံ ၂၀၁၅ခုနှစ်မှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက အသင်းတော်မှာ ကိုင်တွယ်ဖို့လိုတဲ့...

အသက်တာ ဝင်ရောက်ခြင်းက မည်သည့်အရာဖြစ်သည်ကို ယခုမှသာ ကျွန်မ နားလည်သည်

ယုလု၊ ပေါ်တူဂီ ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင်၊ ကျွန်မသည် အသင်းတော်ထဲက ခေါင်းဆောင်မှု တာဝန်တစ်ခုကို ဖြည့်ဆည်းနေခဲ့သည်။ အချိန်ကာလတစ်ခုကြာ...

ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်၏- လူကို အဘယ်ကြောင့် ကိုးကွယ်ရမည်နည်း

ယိုရှင်း တောင်ကိုရီးယားနိုင်ငံ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ တာဝန်ယူခဲ့ရတဲ့အချိန်တုန်းက ကျွန်မတို့အဖွဲ့လုပ်တာ သိပ်မကောင်းဘူး။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။