စည်းစိမ်ဥစ္စာကို လိုက်စားခြင်းက ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်ပါသလား

04.07.2026

အန်းရန်၊ တရုတ်နိုင်ငံ

ကျွန်မ ငယ်ငယ်တုန်းက၊ အဖေက မြို့ပေါ်က အစိုးရရုံးတစ်ခုမှာ အလုပ်လုပ်ပြီး အမေက အပ်ချုပ်ဆိုင် ဖွင့်ထားတယ်။ ကျွန်မတို့ ဒေသအတွက်တော့ ကျွန်မတို့ မိသားစုရဲ့ ငွေကြေးအခြေအနေက အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ဆွေမျိုးတွေဆီ သွားလည်တာပဲဖြစ်ဖြစ်၊ အတန်းဖော်တွေဆီ သွားလည်တာပဲဖြစ်ဖြစ်၊ သူတို့အားလုံးက ကျွန်မကို အားကျတဲ့အကြည့်နဲ့ ကြည့်ကြတယ်။ ပြီးတော့ တရုတ်နှစ်သစ်ကူးနဲ့ ပွဲတော်တွေ ကျင်းပဖို့ဆိုရင် ဆွေမျိုးတွေအားလုံး ကျွန်မတို့အိမ်ကို လာလည်ကြတယ်။ ကျွန်မ မိသားစုဝင်တွေ အတင်းပြောတာကို ကျွန်မ ကြားရတယ်။ “အခုခေတ်မှာ လူတွေက ပစ္စည်းဥစ္စာကို အရမ်းမက်ကြတာ။ တို့အဆင်ပြေနေလို့သာ တို့အိမ်ကို လာကြတာ။ စားစရာမရှိအောင် ဆင်းရဲနေရင် ဘယ်သူမှ လာမှာမဟုတ်ဘူး။ ဆိုရိုးစကားတွေ ရှိသလိုပေါ့။ ‘လူချမ်းသာရင် လူတွေက လေးစားကြပြီး လူမွဲရင်တော့ ခွေးတောင် ဟောင်တယ်’ တဲ့။ ပြီးတော့ ‘မြို့လယ်ကောင်မှာ နေရင်တောင် ဆင်းရဲရင် ဘယ်သူမှ ဂရုမစိုက်ဘူး၊ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသမှာ နေရင်တောင် ချမ်းသာရင် အဝေးက ဆွေမျိုးတွေတောင် ရောက်လာကြတယ်’ တဲ့။” ကျွန်မလည်း ဒီအမြင်ကို အရမ်းထောက်ခံခဲ့ပြီး၊ ချမ်းသာကြွယ်ဝမှသာ သူများတွေရဲ့ လေးစားအားကျတာ၊ အထင်ကြီးတာကို ခံရနိုင်မယ်လို့ ခံစားခဲ့ရတယ်။

ကျွန်မ အိမ်ထောင်ကျပြီးတဲ့နောက်မှာ၊ ကျွန်မ မိသားစုရဲ့ ငွေကြေးအခြေအနေက သာမန်ပဲ ရှိပေမဲ့၊ ယောင်းမ အကြီးဆုံးရဲ့ မိသားစုက စီးပွားရေးလုပ်တော့ သူတို့ရဲ့ နေထိုင်မှုအဆင့်အတန်းက ကျွန်မတို့ထက် အများကြီး ပိုကောင်းခဲ့တယ်။ ကျွန်မ ယောက္ခမက ခဏခဏ ပြောလေ့ရှိတယ်။ “ညည်းရဲ့ ယောင်းမအကြီးဆုံးနဲ့ သူ့ယောက်ျားက ဘယ်လောက်တောင် အစွမ်းအစရှိလဲ ကြည့်စမ်း။ သူတို့က ငွေအများကြီး ရှာနိုင်ကြတယ်။ ညည်းတို့နှစ်ယောက်ကိုကျ ပြန်ကြည့်လိုက်ဦး၊ တစ်နှစ်ပတ်လုံးနေမှ အိမ်ကို ငွေနည်းနည်းလေးပဲ ပို့နိုင်တာ” တဲ့။ တစ်ခါတုန်းက၊ ယောက္ခမက ယောက္ခထီးနဲ့ စကားစမြည်ပြောရင်း ပြောတယ်။ “တို့ရွာက ဦးလေးလီရဲ့ သားကို ကြည့်စမ်း၊ သူက အပြင်ထွက်လုပ်ပြီး သုံးလေးနှစ်အတွင်းမှာပဲ ငွေအများကြီး ရှာနိုင်ခဲ့တယ်။ သူပြန်လာတော့ သူ့အဖေအိမ်ကို ပြန်ပြင်ဆောက်ပြီး LCD တီဗီ အကြီးကြီး ဝယ်ပေးတယ်။ သူတို့ ဝတ်တာ၊ သုံးတာ အကုန်လုံးက အသစ်တွေချည်းပဲ။ အခု တို့သားကို ကြည့်လိုက်ဦး။ သူ့ကလေးအတွက် တို့ကပဲ ပိုက်ဆံတွေအများကြီးပေးနေရတုန်း။ အိမ်မှာ သူတို့နှစ်ယောက်ရှိနေရင် ဂျုံမှုန့်အဖြူတစ်အိတ်က နှစ်နပ်သုံးနပ်လောက်နဲ့တင် ကုန်တာ။ မနက်ဖြန်ကျရင် ရှင် မြန်မြန်ထပြီး ပြောင်းဖူးမှုန့်တချို့ ကြိတ်မှဖြစ်မယ်။ ဂျုံမှုန့်အဖြူချည်းပဲ စားတာက ဈေးကြီးလွန်းတယ်” တဲ့။ ဒါကိုကြားတော့ ကျွန်မ အရမ်းဝမ်းနည်းခဲ့ရတယ်။ ကျွန်မ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ၊ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ငွေအများကြီး ရှာရမယ်လို့ တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်တယ်။ ကျွန်မမှာ ငွေရှိမှပဲ လေးစားအားကျခံရမှာဖြစ်ပြီး၊ ဒီမိသားစုထဲမှာ ငွေက ကျွန်မရဲ့ အဆင့်အတန်းကို ဆုံးဖြတ်ပေးတာပါ။ ကျွန်မမှာသာ ငွေရှိရင်၊ ယောက္ခမက ကျွန်မကို အထင်သေးတော့မှာ မဟုတ်ဘူး။ အဲဒီအစား ကျွန်မကို အထင်ကြီးလာမှာလေ။

၂၀၁၁ ခုနှစ်မှာ၊ ကျွန်မ ယောက်ျားနဲ့ ကျွန်မ မနက်စာဆိုင်တစ်ဆိုင် ဖွင့်ခဲ့တယ်။ အစပိုင်းမှာ ကျွန်မက လူပိုမငှားချင်တာနဲ့ အလုပ်လုပ်ဖို့ ည ၁၁ နာရီလောက်မှာ ထပြီး မနက်စာအချိန်မတိုင်မီ အစားအစာတွေ အဆင်သင့်ဖြစ်အောင် ကြိုးစားပြင်ဆင်ခဲ့တယ်။ မနက်စာအချိန်က နှစ်နာရီလောက်ပဲ ကြာတာဆိုတော့၊ လုံလောက်အောင် မပြင်ဆင်ထားရင် ပစ္စည်းပြတ်သွားမှာလေ။ အဲဒီအချိန်တုန်းက အရောင်းအဝယ် အတော်ကောင်းခဲ့ပြီး၊ တစ်နှစ်ကို ယွမ် သောင်းချီ ကျွန်မ စုမိခဲ့တယ်။ တစ်နှစ်ပြီးတစ်နှစ် ခေါင်းငုံ့ပြီး အလုပ်လုပ်ရတော့ ကျွန်မရဲ့ လည်ပင်းအနောက်ဘက်က နာလာခဲ့တယ်။ အခြေအနေ ဆိုးလာတဲ့အခါ၊ အဲဒီနေရာကို လက်သီးနဲ့ ဖွဖွလေး ထုလိုက်ရင် နည်းနည်း သက်သာသွားသလို ခံစားရတာနဲ့ ကျွန်မ သိပ်အလေးမထားခဲ့ဘူး။ သုံးနှစ်မြောက်တဲ့နှစ်၊ တစ်နေ့မှာ ကျွန်မ ခေါင်းမူးပြီး ခေါင်းတွေနောက်သလို၊ ပျို့အန်ချင်သလို ခံစားလိုက်ရတယ်။ ကျွန်မယောက်ျားက ကျွန်မကို ဆေးစစ်ကြည့်ဖို့အတွက် ဆေးရုံ လိုက်ပို့ပေးခဲ့တယ်။ ဆရာဝန်က ကျွန်မ ခေါင်းမူးပြီး ပျို့အန်တာက လည်ပင်းရိုးကျီးပေါင်းကြောင့် ဖြစ်တာလို့ ပြောတယ်။ ပြီးတော့ အချိန်ကြာကြာ ခေါင်းငုံ့ထားလို့မရတော့ဘူးဆိုပြီး ပြောတယ်။ ပိုဆိုးလာရင်၊ ကျွန်မ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူးတဲ့။ ကျွန်မမှာ နောက်ထပ် လူတစ်ယောက် ငှားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ နောက်ပိုင်းမှာ၊ ငွေပိုရှာဖို့အတွက်၊ ကျွန်မက နောက်ထပ် မနက်စာ အမျိုးအစားတချို့ကို ထပ်တိုးလိုက်တယ်။ ပြီးတော့ ရွေးချယ်စရာ အမျိုးအစားတွေ ပိုများလာတာနဲ့အမျှ ကျွန်မ ပိုပြီး အလုပ်များလာတာပေါ့။ ည ၇ နာရီလောက်ဆို ကျွန်မ အိပ်ရာဝင်ပြီး ည ၁၁ နာရီကျော်လောက်မှာ အလုပ်လုပ်ဖို့ ထရတယ်။ ဒါကြောင့် တစ်နေ့ကို ၄ နာရီလောက်ပဲ ကျွန်မ အိပ်ရတယ်။ မနက်စာ ရောင်းရတာနဲ့ အလုပ်ရှုပ်နေပြီး၊ ကျွန်မကိုယ်တိုင် စားဖို့ကျ အချိန်မရှိဘူး။ မနက်စာ ရောင်းပြီးတဲ့အချိန်ကျတော့ နေ့လယ်စာစားချိန် ရောက်နေပြီ။ နေ့တိုင်း ကျွန်မ အလုပ်ရှုပ်လွန်းလို့ ညနေ ၃ နာရီကျော်တဲ့အထိ ဘာမှ မစားနိုင်ခဲ့ဘူး။ စားပြီးတာနဲ့ နောက်ရက်အတွက် ကုန်ကြမ်းပစ္စည်းတွေကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရပြန်ရော။ နေ့တိုင်း အလုပ်ပြီးတဲ့အခါ၊ ကျွန်မရဲ့ ခြေထောက်တွေ၊ ခါးနဲ့ ကျောတွေ အကုန် နာကျင်ကိုက်ခဲနေတာပဲ။ ကျွန်မရဲ့ ခြေထောက်တွေဆိုရင် ရေခဲပေါ်မှာ ရပ်နေခဲ့ရသလိုပဲ၊ အရမ်းအေးစက်လွန်းလို့ ထုံပြီး ဘာမှ မခံစားရတော့ဘူး။ ဒါပေမဲ့၊ ငွေရှာဖို့အတွက် ကျွန်မ အံကြိတ်ပြီး ဇွဲမလျှော့ခဲ့ဘူး။ ဆိုရိုးစကားအတိုင်းပဲ၊ “လူပေါ်လူဇော်လုပ်ချင်ရင် အကြီးမားဆုံး အခက်အခဲတွေကို သည်းခံကျော်ဖြတ်ရမယ်” လေ။ သုံးလေးနှစ်လောက် ကြိုးစားပမ်းစား လုပ်ပြီးတဲ့နောက်မှာ၊ ကျွန်မတို့ ယွမ် သိန်းချီ ရှာနိုင်ခဲ့ပြီး၊ အိမ်တစ်လုံးနဲ့ ကားတစ်စီး ဝယ်နိုင်ခဲ့တယ်။ ကျွန်မတို့ ပိုက်ဆံရှိလာတာကို ယောက္ခမတွေ မြင်တော့၊ ကျွန်မတို့နဲ့တွေ့တိုင်း အမြဲ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တတ်လာကြတယ်။ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကလည်း ကျွန်မတို့ကို နွေးနွေးထွေးထွေး နှုတ်ဆက်ကြတယ်။ ယောက္ခမအိမ်ကို သွားတိုင်း၊ အားလုံးကအရေးပေးဆက်ဆံခံရတဲ့ ခံစားမှုကို ကျွန်မ သဘောကျခဲ့တယ်။ ငွေကြေးအခြေအနေက ကိုယ့်အဆင့်အတန်းကို တကယ် ဆုံးဖြတ်ပေးတယ်ဆိုတာ ဒါက သက်သေပြနေတာပဲ။ လူတွေမှာ ငွေရှိရင် ပိုပြီး ဂုဏ်သိက္ခာရှိတဲ့ပုံစံနဲ့ ဆက်ဆံခံရတယ်။ ဒါပေမဲ့၊ အဲဒီနှစ်တွေတုန်းက မိုးလင်းကနေ မိုးချုပ်အထိ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတဲ့အပြင်၊ အချိန်တော်တော်ကြာတဲ့အထိ ညဉ့်နက်တဲ့အထိနေရတာတွေကို ထည့်ပေါင်းလိုက်တော့ ကျွန်မယောက်ျား နှလုံးရောဂါ ရသွားခဲ့တယ်။ သူ့ရဲ့ နှလုံးသွေးကြောချဲ့ စက်ထည့်တဲ့ ခွဲစိတ်မှု တစ်ခါလုပ်ရုံနဲ့တင် ယွမ် ၁ သိန်း ၆ သောင်း ကုန်ကျခဲ့တယ်။ ကျွန်မလည်း အရမ်းပင်ပန်းလွန်းလို့ နေ့တိုင်း လည်ပင်းရိုးနဲ့ ခါးရိုးတွေ နာကျင်ကိုက်ခဲခဲ့ရတယ်။ ညဘက် အိပ်ရာထဲ လှဲလိုက်ရင်၊ ကိုယ်ခန္ဓာပေါ်မှာ မနာတဲ့နေရာရယ်လို့ မရှိသလောက်ပဲ။ တစ်ခါတလေ လည်ပင်းရိုးကျီးပေါင်းရောဂါ ထလာရင်၊ ခေါင်းမူးပြီး မလှုပ်ရဲအောင် ဖြစ်ရသလို၊ ကျွန်မစိတ်က ဝိုးတိုးဝါးတားဖြစ်လာတယ်။ ဒါတောင် အဆိုးဆုံး မဟုတ်သေးဘူး။ အဆိုးဆုံးက ကျွန်မရဲ့ ဂျုံမှုန့်နဲ့ ဓာတ်မတည့်တာပဲ။ ဂျုံမှုန့်နဲ့ ထိတွေ့မိတိုင်း နှာချေတာ မရပ်တော့ဘဲ၊ အခြေအနေ ဆိုးလာတဲ့အခါ ပန်းနာရင်ကျပ် ဖြစ်သလိုမျိုး ခံစားရတယ်။ အသက်ရှူရ အရမ်းကြပ်လွန်းလို့ နေရထိုင်ရ တော်တော် ခက်ခဲခဲ့တယ်။ အလုပ်လုပ်တိုင်း နှာခေါင်းစည်း ၅ ထပ်၊ ၆ ထပ်လောက် တပ်ထားရပြီး၊ အထူးသဖြင့် နွေရာသီ အပူဆုံးရက်တွေမှာဆိုရင် အဲဒီလို အထပ်ထပ် တပ်ထားရတာကြောင့် မျက်နှာတစ်ခုလုံး ချွေးတွေ ရွှဲနေတာပဲ။ ဘယ်လောက်တောင် နေရခက်လဲဆိုတာ ကျွန်မ ပြောတောင် မပြောပြတတ်တော့ဘူး။ ဒါပေမဲ့ သူများတွေရှေ့မှာ ထည်ထည်ဝါဝါ ရှိနေဖို့အတွက်၊ ကွယ်ရာမှာ ကျွန်မ ဒုက္ခခံခဲ့ရတာပေါ့။ ဘယ်လောက်ခက်ခဲပါစေ၊ ဘယ်လောက်ဒုက္ခခံရပါစေ ကျွန်မ ဇွဲမလျှော့ခဲ့ဘူး။ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ၊ ကျွန်မ မနက်စာဆိုင် ဖွင့်လာတာ ၈ နှစ် ရှိနေပြီ။ အိမ်ရာစီမံကိန်းတိုင်းမှာ မနက်စာဆိုင်တွေ ပေါ်လာတော့၊ မနက်ခင်းဈေးထဲက ကျွန်မတို့ရဲ့ မနက်စာဆိုင်က အရင်လို သိပ်နာမည်မရှိတော့ဘူး။ ပြီးတော့ စီးပွားရေးကလည်း နှစ်တိုင်းပိုပိုဆိုးလာတယ်။ ဒီလိုဆိုရင်တော့ အဆင်ပြေမှာမဟုတ်ဘူးလို့ ကျွန်မ တွေးမိတယ်။ အိမ်နဲ့ ကား ဝယ်ထားတုန်းက ချေးထားတဲ့ အကြွေးတွေလည်း ရှိနေသေးတော့ ဒီလိုနဲ့ တစ်နှစ်တစ်နှစ် သိပ်များများစားစား မစုနိုင်ခဲ့ဘူး။ ငွေပိုစုနိုင်အောင်လို့၊ ကျွန်မ နောက်ထပ် ဆိုင်တစ်ဆိုင် ထပ်ဖွင့်လိုက်တယ်။ ဆိုင်ဟောင်းမှာ ကျွန်မယောက်ျားက လုပ်ပြီး၊ ဆိုင်သစ်မှာတော့ ကျွန်မ လုပ်တာပေါ့။ နေ့တိုင်း အလုပ်ပြီးတဲ့အချိန်ဆို ကျွန်မတို့ ပင်ပန်းနွမ်းနယ်ပြီး အိပ်ချင်နေကြတယ်။ တစ်ခါတလေဆို ကျွန်မ အရမ်းအိပ်ငိုက်လွန်းလို့ စားပွဲပေါ် ခေါင်းမှီပြီး တစ်ရေးလောက် အိပ်လိုက်ရတယ်။ ကျွန်မယောက်ျားက နှလုံးရောဂါရှိပြီး ခွဲစိတ်ထားရတော့၊ ဆိုင်မှာ အကြာကြီး မနေနိုင်ဘူး။ ဒါပေမဲ့ ဒါတောင်မှ၊ ကျွန်မတို့က ငွေရှာဖို့ စိတ်ကူးကို လက်မလျှော့ခဲ့ဘဲ၊ နေမကောင်းဖြစ်နေတဲ့ကြားက ဆက်ပြီး အလုပ်လုပ်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကျွန်မဟာ မရပ်မနားလည်နေတဲ့ ဂျင်တစ်ခုလိုဖြစ်နေပြီး ကောင်းကောင်းမစားနိုင် ကောင်းကောင်းမအိပ်နိုင် ဖြစ်ခဲ့ရတယ်။ တစ်ခါတလေ ကျွန်မ တွေးမိတယ်။ “ဘဝက ဘာအတွက်လဲ။ ငွေအတွက်နဲ့ ငါ နေ့တိုင်း အရိုးကြေမတတ် အလုပ်လုပ်နေရတယ်။ ချမ်းသာရင် လူတွေ အားကျတာ ခံရနိုင်ပေမဲ့၊ နောက်ဆုံးကျရင် သေရမှာပဲလေ။ ဘာထူးမှာလဲ” ပေါ့။ ကျွန်မ စိတ်ထဲမှာ အရမ်းကို အားကိုးရာမဲ့ပြီး ဟာတာတာ ဖြစ်နေခဲ့တယ်။ “ဒီလိုဘဝမျိုးက ဘယ်တော့မှ ပြီးဆုံးမှာလဲ” လို့လည်း ခဏခဏ တွေးမိတယ်။ ဒါပေမဲ့၊ တခြား ထွက်ပေါက်မရှိတော့၊ အဲဒီလိုပဲ ဆက်ပြီး အသက်ရှင်နေခဲ့ရတာပေါ့။

နောက်ပိုင်းမှာ၊ တရုတ်စားသောက်ဆိုင်တွေက ငွေအတော်ရတာ ကျွန်မ တွေ့တာနဲ့၊ မနက်စာဆိုင်တွေကို သူများလက်လွှဲပြီး တရုတ်စားသောက်ဆိုင်ဖွင့်ဖို့ ပြင်ဆင်ခဲ့တယ်။ ဆိုင်ပြင်ဆင်နေတုန်းမှာ၊ မမျှော်လင့်ဘဲ ကျွန်မယောက်ျားက စိတ်ထိခိုက်စရာတစ်ခုခု ကြုံလိုက်ရပြီး ရောဂါပြန်ထလာလို့ ဆေးရုံတင်လိုက်ရတယ်။ သူ့ရောဂါအခြေအနေနဲ့ဆိုရင် ပင်ပန်းလို့မရဘူး၊ စိတ်ဆိုးလို့မရဘူး၊ ပြီးတော့ စိတ်လှုပ်ရှားလွန်းလို့ မရဘူးလို့ ဆရာဝန်က ပြောတယ်။ ကျွန်မယောက်ျားရဲ့ အခြေအနေနဲ့ဆိုရင် ဆေးရုံဆင်းရင်တောင်မှ၊ စီးပွားရေးလုပ်ငန်းကို ဦးစီးနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်မ မြင်လိုက်တယ်။ ဆိုင်ပြင်ဆင်တာ ပြီးခါနီးနေပြီဖြစ်တဲ့ ဆိုင်ကို တခြားသူလက်ထဲ လွှဲလိုက်ဖို့ကလွဲပြီး ကျွန်မမှာ ရွေးချယ်စရာ မရှိတော့ဘူး။ အဲဒီအချိန်တုန်းက ယွမ် ၂ သိန်းကျော်လောက် ကျွန်မ ဆုံးရှုံးခဲ့ရတယ်။ ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို တွေ့ရမှာ ကျွန်မ ရှက်မိတယ်။ ကျွန်မကို သိတဲ့လူတွေက ကျွန်မကို သေချာပေါက် အထင်သေးပြီး လှောင်ပြောင်ကြမယ်လို့ ခံစားခဲ့ရတယ်။ ၂၀၁၉ ခုနှစ်မှာ၊ ကျွန်မ ဆွေမျိုးတွေဆီကနေ ယွမ် သိန်းချီချေးပြီး စီမံကိန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ စီမံကိန်းပိုင်ရှင် သူဌေး အဖမ်းခံလိုက်ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မ ကြောင်အပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ “သူများတွေကျ ရင်းနှီးမြှုပ်နှံပြီး သိန်းချီ ရကြတယ်။ ငါလုပ်မှ ဘယ်လိုလုပ်ပြီး ဒီလိုအဆုံးသတ်သွားရတာလဲ” ပေါ့။ ချမ်းသာချင်တဲ့ ကျွန်မရဲ့ အိပ်မက်က ဒီလိုနဲ့ပဲ ပျက်စီးသွားပြီး၊ ငိုစရာ မျက်ရည်တောင် မကျန်တော့ဘူး။ အဲဒီနောက် တခြားစီးပွားရေးတစ်ခုခု စလုပ်ဖို့အတွက် ပြင်ဆင်ဖို့ ကျွန်မ သွားလေ့လာကြည့်တော့၊ အရာရာတိုင်းက အရင်းအနှီး လိုနေပြန်ရော။ ကျွန်မ ဘယ်သူ့ဆီကနေ ငွေထပ်ချေးလို့ ရနိုင်ဦးမှာလဲ။ ရင်းနှီးမြှုပ်နှံဖို့အတွက် ဆွေမျိုးတွေအားလုံးဆီကနေ ငွေချေးထားပြီးပြီဆိုတော့၊ အခု ကျွန်မမှာ ငွေချေးစရာ လူမရှိတော့ဘူးလေ။ အိမ်က ကားကြွေးနဲ့ အိမ်ကြွေးတွေ၊ သားရဲ့ ပညာရေးအတွက် နေထိုင်စရိတ်တွေကို တွေးမိတော့၊ ကျွန်မ ဘာကိုများ လုပ်ရမှာလဲ ပေါ့။ ကျွန်မယောက်ျား ဆေးရုံက ဆင်းလာပြီးတဲ့နောက်မှာ၊ သူက အယ်လ်ဇိုင်းမားရောဂါ ဖြစ်သွားသလိုမျိုးဖြစ်ပြီး ကျွန်မကို ဘာမှ မကူညီနိုင်တော့ဘူး။ ကျွန်မကတောင် သူ့ကို ပြန်ပြုစုစောင့်ရှောက်နေရတယ်။ အဲဒီနေ့ရက်တွေတုန်းက၊ ကျွန်မ စိုးရိမ်လွန်းလို့ အစားမဝင် အိပ်မပျော်ဖြစ်ပြီး စိတ်နှလုံးထဲမှာ အရမ်းကို ပူဆွေးသောကရောက်ခဲ့ရတယ်။ တစ်ခါတလေ၊ သေလိုက်ပြီး အားလုံးကို အဆုံးသတ်ပစ်ချင်ပေမဲ့၊ ပြန်မဆပ်ရသေးတဲ့ အကြွေးတွေ၊ ဘွဲ့မရသေးတဲ့ သားနဲ့ ကျန်းမာရေးမကောင်းနေသေးတဲ့ ယောက်ျားကို တွေးမိပြန်ရော။ ကျွန်မ သေသွားရင်၊ ဒီမိသားစုကြီး ပျက်စီးသွားမှာ မဟုတ်ဘူးလား။ သားလေး ဒုက္ခရောက်သွားမှာ မဟုတ်ဘူးလား။ ကျွန်မ မသေနိုင်ဘူး။ အဲဒီအချိန်တုန်းက၊ ကျွန်မဟာ ရှင်ဖို့လည်း မတတ်နိုင်၊ သေဖို့လည်း မတတ်နိုင်သလို တကယ် ခံစားခဲ့ရတယ်။ ညဘက် အိပ်မပျော်တဲ့အခါ၊ ကျွန်မ တိတ်တိတ်လေးပဲ ငိုနေမိတယ်။ ဇိမ်ကျကျ နေနိုင်ဖို့အတွက် ငွေရအောင် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ငွေရဲ့ကျွန် ဖြစ်ခဲ့တဲ့ နှစ်တွေကို ကျွန်မ ပြန်တွေးကြည့်မိတယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့၊ ကျွန်မ ပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေတွေအားလုံး ဆုံးရှုံးသွားတယ်၊ ယောက်ျားက ရောဂါဝေဒနာ ခံစားနေရတယ်၊ ပြီးတော့ ကျွန်မတို့မှာ အကြွေးတွေ တောင်လိုပုံနေတယ်။ ကျွန်မတို့ဟာ တောင်းစုတ်နဲ့ ရေခပ်သလိုမျိုး ဘာမှမကျန်ဘဲ အဆုံးသတ်ခဲ့ရတယ်။ ဒီလိုအသက်ရှင်ရတာ ဘာအဓိပ္ပာယ်ရှိလဲ။ ကျွန်မ ဒီမေးခွန်းကို ဘယ်လိုမှ စဉ်းစားလို့မရသလို ဘယ်သူကမှလည်း ကျွန်မကို အဖြေမပေးနိုင်ခဲ့ဘူး။ ကျွန်မ အတော့်ကို အကျပ်ရိုက်နေချိန်မှာ၊ ဘုရားသခင်ကို စတင်ယုံကြည်ဖို့ အမေ့ဆီသွားကြမယ်လို့ ကျွန်မယောက်ျားနဲ့ ကျွန်မ တိုင်ပင်ခဲ့ကြတယ်။ တကယ်တော့၊ ကျွန်မတို့ မနက်စာဆိုင်ဖွင့်တဲ့ ဒုတိယနှစ်တုန်းက၊ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်အကြောင်း အမေက ကျွန်မကို သက်သေခံခဲ့ဖူးတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင် ရှိတယ်ဆိုတာ ယုံကြည်ပေမဲ့၊ အဲဒီအချိန်တုန်းက အလုပ်က အရမ်းရှုပ်နေတော့ ဘုရားသခင်ကို ယုံကြည်ဖို့ နေနေသာသာ၊ စားဖို့အိပ်ဖို့တောင် အချိန်မရှိခဲ့ဘူးလေ။ ဒါကြောင့် ကျွန်မ ငြင်းပယ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့၊ အချိန်ကာလတစ်ခုကြာ လေ့လာစုံစမ်းပြီးတဲ့နောက်၊ ၂၀၂၀ ခုနှစ် သြဂုတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မယောက်ျားနဲ့ ကျွန်မ တရားဝင် လက်ခံခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့မိသားစုမှာ ငွေတစ်ပြားမှ မရှိပေမဲ့၊ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ပြီး၊ စိတ်နှလုံးထဲမှာ ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းတို့ ပြည့်ဝနေခဲ့တယ်။

တစ်နေ့မှာ၊ ကျွန်မ စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်း တို့ထိတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်မိတယ်။ ဘုရားသခင်က ပြောသည် “နောက်ဆုံးသော ကာလအတွင်း ဆောင်ရွက်သော အမှုသည် သိမ်းပိုက်ခြင်း အမှု ဖြစ်သည်။ ယင်းသည် ကမ္ဘာမြေပေါ်ရှိ လူအားလုံး၏ ဘဝများကို လမ်းပြခြင်း မဟုတ်ဘဲ၊ ကမ္ဘာမြေပေါ်၌ လူသားမျိုးနွယ်၏ မပျက်စီး မပျောက်ပျက်နိုင်သော နှစ်ထောင်ချီကြာ ဆင်းရဲဒုက္ခခံစားရခြင်း ဘဝ၏ အဆုံးသတ် ဖြစ်ပါသည်။...ဤသည်မှာ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသော ကာလသည် ခေတ်ကာလ တစ်ခုလုံး၏ အဆုံးသတ် ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် ပြည့်စုံခြင်းနှင့် အဆုံးသတ် ဖြစ်ပြီး၊ လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခခံစားရခြင်း ဘဝခရီးကို အဆုံးသတ်လေသည်။ ယင်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ခေါ်ဆောင်မသွားပေ သို့မဟုတ် လူသားမျိုးနွယ်၏ အသက်တာကို ဆက်လက် အသက်ရှင်ခွင့်မပေးပေ။ ယင်းသည် ငါ၏ စီမံခန့်ခွဲခြင်း အစီအစဉ် သို့မဟုတ် လူသား၏ ဖြစ်တည်မှုအတွက် အရေးပါမှု မရှိပေ။ လူသားမျိုးနွယ်သည် ဤကဲ့သို ဆက်လက် အသက်ရှင်သွားပါက၊ အနှေးနှင့်အမြန် နတ်ဆိုး၏ လုံးဝ ဝါးမျိုခြင်း ခံရမည် ဖြစ်ပြီး၊ ငါနှင့်သက်ဆိုင်သော ဝိညာဉ်များသည် နောက်ဆုံးတွင် ၎င်း၏လက်ဖြင့် ပျက်စီးကြရပေမည်။ ငါ၏ အမှုသည် အနှစ်ခြောက်ထောင်သာ ကြာညောင်းပြီး လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဆိုးယုတ်သူ၏ ထိန်းချုပ်ခြင်းသည်လည်း နှစ်ပေါင်းခြောက်ထောင်သာ ကြာမည်ဟု ငါကတိပြုခဲ့သည်။ ထို့ကြောင့် ယခု အချိန်ကျပြီ ဖြစ်သည်။ ငါသည် ဆက်လက် လုပ်ဆောင်မည် မဟုတ်သကဲ့သို့၊ နောက်ထပ် နှောင့်နှေးတော့မည် မဟုတ်။ နောက်ဆုံးသောကာလ အတွင်းတွင်၊ စာတန်ကို ငါ နှိမ်နင်းမည်၊ ငါ၏ဘုန်းအသရေ အားလုံးကို ပြန်သိမ်းယူမည် ဖြစ်ပြီး၊ ဤသောကရောက်နေသည့် ဝိညာဉ်အားလုံး ဒုက္ခပင်လယ်မှ လွတ်မြောက်နိုင်စေဖို့အလို့ငှာ၊ ကမ္ဘာမြေပေါ်ရှိ ငါနှင့် သက်ဆိုင်သော ဝိညာဉ်အားလုံးကို ပြန်သိမ်းမည်၊ ထိုသို့ဖြင့် ကမ္ဘာမြေပေါ်ရှိ ငါ၏ အမှုတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်) နောက်ဆုံးသော ကာလမှာ ဘုရားသခင် ပြုလုပ်နေတဲ့ အမှုတော်အဆင့်ဟာ လူသားတွေရဲ့ ဆင်းရဲဒုက္ခခံရတဲ့ အသက်တာကို အဆုံးသတ်ဖို့နဲ့ စာတန်ရဲ့ လက်ထဲကနေ လူတွေကို ပြန်ခေါ်ဆောင်ပြီး စာတန်ရဲ့ ထိခိုက်တာကို ဆက်မခံရအောင် လုပ်ဖို့ဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး အရင်က မခံစားဖူးတဲ့ ပိုင်ဆိုင်ခြင်း ခံစားချက်မျိုး ခံစားခဲ့ရတယ်။ ကျွန်မ မျက်ရည်တွေကို မထိန်းနိုင်ခဲ့ဘူး။ ကျွန်မဟာ ဒီလောကထဲမှာ နှစ်ပေါင်းများစွာ အကြီးအကျယ် ရုန်းကန်နေခဲ့ရပြီး၊ စိတ်နှလုံးထဲက နာကျင်မှုကို ဖော်ပြစရာ နေရာမရှိခဲ့ဘူး။ ဘုရားသခင်တစ်ပါးတည်းသာ ကျွန်မရဲ့ ခါးသီးမှုနဲ့ အားကိုးရာမဲ့မှုတွေကို နားလည်ပေးခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့၊ ထွက်ပေါက်တစ်ခုကို ကျွန်မ တွေ့ခဲ့ပြီ။ အဲဒါကတော့ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ပါပဲ။ ၂၀၁၂ ခုနှစ်တုန်းက၊ နောက်ဆုံးသော ကာလမှာ ဘုရားသခင်က ကျွန်မတို့ကို ကယ်တင်ဖို့ လူသားတွေကြားထဲမှာ သမ္မာတရားကို ဖော်ပြဖို့ ကြွလာတယ်ဆိုတာကို အမေက အကြိမ်ကြိမ် သက်သေခံခဲ့တာကို ကျွန်မ ပြန်တွေးမိတယ်။ ဒါပေမဲ့၊ အဲဒီအချိန်တုန်းက ကျွန်မက ငွေကို စွဲလမ်းနေပြီး ဇိမ်ကျကျ နေချင်တာကြောင့် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ငြင်းပယ်ခဲ့တယ်။ ကျွန်မ အရမ်းနောင်တရမိတယ်။ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မသာ စောစောစီးစီး လက်ခံခဲ့ရင်၊ ဒီလောကထဲမှာ ဒီလောက်ကြီး ဒုက္ခခံရမှာ မဟုတ်သလို၊ ဒီလောက်များတဲ့ အခက်အခဲတွေကို သည်းခံခဲ့ရမှာ မဟုတ်ဘူး။ ဒီနေ့ ဘုရားသခင်ရှေ့ကို လာခွင့်ရတဲ့ ကံကောင်းခြင်းမျိုး ကျွန်မ ရရှိတာဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ ကျွန်မအပေါ် သက်ရောက်ခဲ့လို့ပါ။ ပြီးတော့ ဘုရားသခင်က ကျွန်မကို ကယ်တင်ချင်ပြီး ဒီဆင်းရဲဒုက္ခပင်လယ်ထဲကနေ ဆွဲထုတ်ပေးချင်လို့ပါ။ အရင်တုန်းက၊ ကျွန်မက ငွေရဖို့ အသည်းအသန် ကြိုးစားဖို့ပဲ စိတ်ဝင်စားခဲ့တယ်။ ပြီးတော့ ကျွန်မဘဝက အရမ်းခက်ခဲပြီး ပင်ပန်းလွန်းတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့၊ ဘုရားသခင် ကယ်တင်တာကို ခံရမယ့် အခွင့်အရေးကို ထပ်ပြီး အလွတ်မခံနိုင်တော့ဘူး။ အသက်ကယ်ကြိုးတစ်ချောင်းကို ဖမ်းဆုပ်မိလိုက်သလိုမျိုးပါပဲ။ ဘုရားသခင်နောက်ကို စိတ်နှလုံးအကြွင်းမဲ့ လိုက်ဖို့နဲ့ ငွေအတွက် အသက်ရှင်တာကို ရပ်တန်းကရပ်ဖို့ ဒီရှားပါးတဲ့ အခွင့်အရေးကို ကျွန်မ အမိအရ ဆုပ်ကိုင်ချင်တယ်။ အဲဒီနောက်ပိုင်း၊ ဘုရားနှုတ်ကပတ်တော်တွေအကြောင်း မိတ်သဟာယပြုဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ ခဏခဏ တွေ့ဆုံခဲ့ပြီး၊ စိတ်ထဲမှာ အထူးသဖြင့် သက်သာရာရသလို၊ ငြိမ်းချမ်းသလို ခံစားခဲ့ရတယ်။

၂၀၂၁ ခုနှစ် နွေဦးပေါက်ရာသီ အစည်းအဝေးတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံပြီးတော့ စာတန်က လူတွေကို ထိခိုက်နစ်နာစေဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ဘယ်လိုအသုံးပြုတယ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်မတို့ မိတ်သဟာယပြုခဲ့ကြတယ်။ ဒါကို ကြားလိုက်ရတဲ့အခါ ကျွန်မရဲ့ အခြေအနေနဲ့ ကွက်တိပဲလို့ ခံစားလိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမှန်တွင် လူသား၏ ရည်သန်မျှော်မှန်းချက်များသည် မည်မျှကြီးကျယ်ခမ်းနားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ဖြစ်မြောက်စေလိုသည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်းအတွက် ၎င်းတို့၏ အသက်တာတွင် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ မိမိတို့၏ အသက်တာ ရည်သန်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လူတို့၏ သရုပ်ဖော်ချက်များက မည်မျှကြီးကျယ်ခမ်းနားပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ အစဉ်သဖြင့် ဗဟိုပြုထားသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင် အဆုံးမရှိ လိုက်စားနိုင်သောအရာများဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’။ ဤသည်မှာ ခေတ်ရေစီးကြောင်းတစ်ခုလော။ သင်တို့ပြောခဲ့သည့် ဖက်ရှင်နှင့် အစားအသောက်ကောင်း ခေတ်ရေစီးကြောင်းများနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ ပို၍ ဩဇာမကြီးသလော။ ‘ငွေသည် ကမ္ဘာကို လည်ပတ်စေသည်’ ဟူသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းတိုင်းရှိ လူတို့ကြားတွင် အလွန် ပျံ့နှံ့နေပြီး ရေပန်းစားမှုတစ်ခုဖြစ်သည်ဟု သင် ဆိုနိုင်ပေသည်။ အကြောင်းမှာ ယင်းကို လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးထဲတွင် သွတ်သွင်းထားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အစပိုင်းတွင် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း လက်တွေ့ဘဝနှင့် ထိတွေ့သောအခါ ဖွင့်ဟပြောရန်မလိုသည့် နားလည်မှုဖြင့် လက်ခံခဲ့ကြပြီး ဤစကားများသည် အမှန်စင်စစ် မှန်ကန်သည်ဟု စတင်ခံစားလာခဲ့ကြသည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် ဖြစ်စဉ်တစ်ခု မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားနှင့်ပတ်သက်၍ တူညီသော အတိုင်းအတာရှိသည့် အတွေ့အကြုံဆိုင်ရာ သိမြင်မှု မရှိနိုင်သော်လည်း လူတိုင်းသည် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့သော အမှုအရာများနှင့် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို အခြေခံ၍ ဤဆိုရိုးစကားအပေါ် အတိုင်းအတာအမျိုးမျိုးရှိသော အနက်ဖွင့်ဆိုချက်နှင့် အသိအမှတ်ပြုမှု ရှိကြသည်။ ယင်းမှာ မမှန်ကန်သလော။ လူတစ်ဦးသည် ဤဆိုရိုးစကားနှင့်ပတ်သက်၍ မည်မျှ နက်ရှိုင်းသော အတွေ့အကြုံ ရှိသည်ဖြစ်စေ ယင်းက ၎င်းတို့၏ စိတ်နှလုံးအပေါ် မည်သို့သော အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိခဲ့သနည်း။ ယင်းမှာ သင်တို့တစ်ဦးချင်းစီတိုင်း ပါဝင်သည်ဟု ဆိုနိုင်သည့် ဤလောကရှိ လူတို့သည် ၎င်းတို့၏ စိတ်သဘောထားမှ တစ်စုံတစ်ခုကို ထုတ်ဖော်ပြသကြသည်။ ယင်းမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ငွေကို ကိုးကွယ်ခြင်း ဖြစ်သည်။ ဤအရာကို လူတို့၏ စိတ်နှလုံးများမှ ဖယ်ရှားရန် လွယ်ကူပါသလော။ မလွယ်ကူပေ။ ဤသည်မှာ စာတန်၏ လူကို ဖောက်ပြန်ပျက်စီးစေခြင်းသည် အမှန်တကယ် နက်ရှိုင်းကြောင်း ပြသနေခြင်းပင်တည်း။ စာတန်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ရန် ငွေကို အသုံးပြုပြီး ၎င်းတို့အားလုံးကို ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်စေရန် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ဤလောကတွင် သင်တို့သည် ငွေမရှိဘဲ အသက်မရှင်နိုင်ဟုလည်းကောင်း၊ ယင်းမရှိဘဲ တစ်နေ့တာမျှပင် မဖြတ်သန်းနိုင်ဟုလည်းကောင်း သင်တို့ မထင်ကြသလော။ လူတို့တွင် ငွေမည်မျှရှိသည်က ၎င်းတို့၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်မျှ ဂုဏ်သရေ ရှိသည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဆင်းရဲသားတို့သည် မိမိတို့ ခေါင်းမဖော်နိုင်ဟု ခံစားရသော်လည်း ချမ်းသာသူတို့မှာမူ မြင့်မားသော အဆင့်အတန်းရှိကြပြီး ခေါင်းမော့ရင်ကော့ကာ ကျယ်လောင်စွာ စကားပြောနိုင်ပြီး မာနထောင်လွှား၍ အထိန်းအကွပ်မဲ့သော ပုံစံဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ရေပန်းစားမှုတို့က လူတို့ထံသို့ အဘယ်အရာကို ဆောင်ကြဉ်းပေးသနည်း။ လူများစွာတို့သည် ငွေရှာရန်အလို့ငှာ မည်သည့် စွန့်လွှတ်မှုကိုမဆို ပြုလုပ်ရန် လိုလားကြသည်မှာ အမှန် မဟုတ်လော။ လူများစွာတို့သည် ပိုမိုသောငွေကို လိုက်စားရာတွင် မိမိတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို မဆုံးရှုံးကြသလော။ လူများစွာတို့သည် ငွေကြေးအတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် အခွင့်အရေးကို မဆုံးရှုံးကြသလော။ သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှု မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ စာတန်က လူတွေကို ချုပ်ကိုင်ဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုပြီး “ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်” “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်”၊ “လူဆိုတာကြံရင်းသေကြသလို ငှက်ဆိုတာပျံရင်းသေကြတယ်” ပြီးတော့ “ငွေသာလျှင် ပထမ” ဆိုတာမျိုးလို ရှင်သန်ရပ်တည်ရေး နည်းလမ်းအမျိုးမျိုးကို လူတွေထဲ သွတ်သွင်းပေးထားတယ်ဆိုတာ ကျွန်မ နားလည်သဘောပေါက်လာတယ်။ လူတွေက ဒီစာတန်ဆန်တဲ့အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေကြပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို သူတို့ လိုက်စားရမယ့် ပန်းတိုင်အဖြစ် သတ်မှတ်ထားကြတယ်။ သူတို့က အဲဒီအရာတွေကို အသည်းအသန် လိုက်စားကြတယ်။ ကျွန်မလည်း ဒီအတိုင်းပါပဲ။ ကျွန်မ ငယ်ငယ်တုန်းက တရုတ်နှစ်သစ်ကူးနဲ့ ပွဲတော်ရက်တိုင်းမှာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ ကျွန်မတို့အိမ်ကို လာလည်ကြတာ မြင်ခဲ့ရတယ်။ မိဘတွေလက်ထဲမှာ ပိုက်ဆံနည်းနည်းရှိလို့ သူတို့က ကျွန်မ မိသားစုကို မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရ လုပ်ကြမှန်း ကျွန်မ သိခဲ့တယ်။ “မြို့လယ်ကောင်မှာ နေရင်တောင် ဆင်းရဲရင် ဘယ်သူမှ ဂရုမစိုက်ဘူး၊ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသမှာ နေရင်တောင် ချမ်းသာရင် အဝေးက ဆွေမျိုးတွေတောင် ရောက်လာကြတယ်” ဆိုတဲ့ စကားလိုပါပဲ။ ဒီစာတန်ဆန်တဲ့အဆိပ်အတောက်တွေနဲ့ ရှင်သန်ရပ်တည်ရေး နည်းလမ်းတွေက ကျွန်မ စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေခဲ့တယ်။ ကျွန်မ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကျွန်မ ယောက္ခမက ငွေကြေးအဆင့်အတန်း ခွဲခြားတတ်တဲ့သူ ဖြစ်နေတယ်။ ယောင်းမအကြီးဆုံးရဲ့ မိသားစုက ပြေလည်တာကြောင့် သူတို့ကို မျက်နှာလိုမျက်နှာရ လုပ်တယ်။ ကျွန်မတို့က ငွေသိပ်မရှာနိုင်တာကို မြင်တော့ ပြင်ပလူတွေ ရှိနေရင်တောင်မှ သူက ကျွန်မတို့ကို အပြစ်ပြောတတ်သလို၊ တစ်နေ့ကုန် မျက်နှာကြီး စူပုတ်ပြီး လျှောက်သွားနေတတ်တယ်။ ကျွန်မတို့ကပဲ သူ့ကို တစ်ခုခု ပေးဆပ်ဖို့ ကျန်နေသလိုမျိုးပေါ့။ ဒါကြောင့်မို့လို့ ငွေကြေးအခြေအနေက ကိုယ့်အဆင့်အတန်းကို ဆုံးဖြတ်ပေးတယ်ဆိုတာနဲ့ လူတွေက ဘာပဲမရှိသည်ဖြစ်စေ နေနိုင်ပေမဲ့ ငွေမရှိရင် မနေနိုင်ဘူးဆိုတာကို ကျွန်မ ယုံကြည်လာခဲ့တယ်။ ငွေရှိမှသာ ရုပ်ပစ္စည်းတွေကို ကောင်းကောင်း ခံစားစံစားနိုင်မယ် သူများတွေရဲ့ လေးစားအားကျတာကို ခံရမယ်၊ ပြီးတော့ ဂုဏ်သိက္ခာရှိရှိ နေနိုင်မယ်လေ။ ကျွန်မက ဒီလိုမှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ စံတွေ၊ ဘဝအမြင်တွေနဲ့ အသက်ရှင်ခဲ့တယ်။ ပြီးတော့ ငွေရဖို့အတွက် မိုးလင်းကနေ မိုးချုပ်အထိ အရိုးကြေမတတ် အလုပ်လုပ်ခဲ့တယ်။ ခါးရိုးနဲ့ လည်ပင်းရိုးတွေ နာနေတာတောင်မှ မနားခဲ့ဘူး ကျွန်မက ဂျုံမှုန့်နဲ့ တော်တော်ကို ဓာတ်မတည့်တာတောင်မှ ဇွဲမလျှော့ဘဲ ဆက်လုပ်ခဲ့တယ်။ ကျွန်မ ငွေတချို့ ရခဲ့ပြီး ငွေကပေးတဲ့ အကျိုးကျေးဇူးတွေကို ခံစားခဲ့ရတယ်။ အိမ်နီးချင်းတွေနဲ့ ယောက္ခမက ကျွန်မကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကြတယ်။ ကျွန်မရဲ့ ဘဝင်မြင့်တဲ့စိတ်က ကျေနပ်သွားတာပေါ့။ ဒါပေမဲ့ ဒီအရာတွေရဲ့ နောက်ကွယ်က ခါးသီးမှုနဲ့ နာကျင်မှုကိုတော့ ကျွန်မတစ်ယောက်တည်းပဲ သိပါတယ်။ ပိုတောင်ဝမ်းနည်းစရာကောင်းတာက ကျွန်မက ငွေရဖို့ အသည်းအသန် ကြိုးစားလုပ်ကိုင်ခဲ့ပေမဲ့ နောက်ဆုံးကျတော့ ဘာမှမရှိဘဲ လက်ဗလာနဲ့ အဆုံးသတ်ခဲ့ရတယ်။ ဒါတင်မကသေးဘူး ကျွန်မယောက်ျားက ရောဂါဝေဒနာ ခံစားနေရသလို ကျွန်မရဲ့ လည်ပင်းရိုးနဲ့ ခါးရိုးတွေလည်း နာကျင်နေတယ်။ ကျွန်မရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်က ခံစားရတဲ့ နာကျင်မှုကို စကားလုံးတွေနဲ့တောင် မပြောပြနိုင်ဘူး။ ဒီအရာအားလုံးက ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို ကျွန်မ လိုက်စားခဲ့လို့ ဖြစ်ရတာပါ။ ကျွန်မ လိုက်စားခဲ့တဲ့ ပန်းတိုင်တွေနဲ့ ရှင်သန်ရပ်တည်ရေးအပေါ် ကျွန်မရဲ့ အမြင်က မှားယွင်းနေတယ်ဆိုတာ အခုမှပဲ ကျွန်မ နားလည်တော့တယ်။ စာတန်ရဲ့ အကြံအစည်တွေက အဲဒီအရာတွေထဲမှာ ရှိနေတာကိုး။ စာတန်က ကျွန်မကို ငွေရဖို့ ကြိုးစားလုပ်စေချင်ပြီး ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ပဲ အသက်ရှင်စေချင်တာ။ ဒီနည်းအားဖြင့် ကျွန်မက ဘုရားသခင်ရှေ့ကို မရောက်လာနိုင်တော့ဘဲ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို မရရှိနိုင်တော့ဘူးပေါ့။ ဒါက စာတန်ရဲ့ ယုတ်မာကောက်ကျစ်တဲ့ ရည်ရွယ်ချက် အတိအကျပါပဲ။ ဘုရားသခင်က ကျွန်မကို ကယ်တင်ပေးခဲ့လို့ ကိုယ်တော့်ကို အရမ်းကျေးဇူးတင်မိတယ်။ ဘုရားသခင်ကို ယုံကြည်တာသာ မဟုတ်ရင် ကျွန်မက ငွေရဖို့ ဆက်ပြီး ကြိုးစားလုပ်ကိုင်နေမှာဖြစ်ပြီး တစ်နေ့ကျရင် အဲဒီဒဏ်ကြောင့်ပဲ ကျွန်မ အသက်ပါ ဆုံးရှုံးသွားနိုင်တယ်။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုပြီး ကျွန်မကို ထိခိုက်ဖျက်ဆီးမယ့် စာတန်ရဲ့ ယုတ်မာကောက်ကျစ်တဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မြင်အောင် ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ခြင်းကို ကျွန်မ ကျေးဇူးတင်တယ်။ အခုတော့ ကျွန်မက ဘုရားသခင်ကိုပဲ စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားချင်တယ်။ စာတန်ရဲ့ အရူးလုပ်တာကို မခံတော့ဘဲ ငွေကိုပဲ ဆက်ပြီး လိုက်စားတာမျိုး မလုပ်တော့ပါဘူး။

တစ်ခါတလေ ကျွန်မ တွေးမိတယ်။ “အဲဒီနှစ်တွေတုန်းက ငါ အရမ်းကြိုးစားလုပ်ခဲ့ပေမဲ့ နောက်ဆုံးကျတော့ ဘာမှမရတဲ့အပြင် အကြွေးတွေတောင် အများကြီး တင်နေသေးတယ်။ ဘာလို့ ငါ့ဘဝက ဒီလောက် နာကျင်ရတာလဲ” ပေါ့။ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်မိတယ်။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ လူသည် မိမိအရေးအတွက် အစဉ်အမြဲ အလုပ်ရှုပ်ကာ လှုပ်ရှားသွားလာနေလျှင်ပင် သူသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိဆဲသာဖြစ်ပေသည်။ သင်သည် မိမိ၏ ကိုယ်ပိုင်အလားအလာများကို သိနိုင်လျှင်၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်လျှင် သင့်ကို ဖန်ဆင်းခံတစ်ဦးဟု ခေါ်ဆိုခြင်း ခံရဦးမည်လော။...လူ၏ ပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိ၏၊ ထို့ကြောင့် လူသည် မိမိကိုယ်ကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) လူတစ်ယောက်ရဲ့ အသက်တာဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နားလည်သွားခဲ့တယ်။ လူတွေက ဘယ်လောက်ပဲ ကြိုးစားလုပ်လုပ်၊ ဘယ်လောက်ပဲ အသည်းအသန် အလုပ်ရှုပ်နေပါစေ ဘုရားသခင် မပေးသနားရင် သူတို့ ဘယ်လောက်ပဲ ပြေးလွှားလှုပ်ရှားနေပါစေ သူတို့လိုချင်တာကို ဘယ်တော့မှ ရမှာ မဟုတ်ဘူး။ အဲဒီနှစ်တွေကို ပြန်ကြည့်လိုက်တော့ နေ့တိုင်း ကျွန်မ အစောကြီးထွက်ပြီး နောက်ကျမှ ပြန်လာခဲ့တယ်။ ကျွန်မ ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ၊ ဘယ်လောက်ပဲ ပင်ပန်းပါစေ ဂရုမစိုက်ခဲ့ဘူး။ ဇိမ်ကျကျ နေချင်ပြီး သူများတွေရဲ့ အားကျတာကို ခံချင်လို့ ငွေရဖို့ပဲ ကြိုးစားလုပ်ခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ကံကြမ္မာကို ပြောင်းလဲချင်ခဲ့ပေမဲ့ နောက်ဆုံးကျတော့ ကျွန်မယောက်ျားနဲ့ ကျွန်မ ရောဂါဝေဒနာ ခံစားရပြီး အပြန်အလှန်အနေနဲ့ ရလိုက်တာကတော့ အချည်းနှီးသက်သက်ပါပဲ။ အခုတော့ ကျွန်မတို့ရဲ့ အသက်တာတွေက ကျွန်မတို့ ထိန်းချုပ်မှုအောက်မှာ မရှိဘူးဆိုတာ ကျွန်မ သဘောပေါက်သွားပြီ။ ငွေဘယ်လောက်ရှာနိုင်တယ်ဆိုတာက ကျွန်မတို့ လက်တွေနဲ့ ဘယ်လိုအလုပ်လုပ်လဲဆိုတာပေါ်မှာ မမူတည်ဘဲ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်ပြဌာန်းထားမှုအပေါ်မှာ မူတည်နေတာပါ။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကိုလည်း ကျွန်မ ခံစားခဲ့ရတယ်။ ဘဝမှာ ဒီခါးသီးမှုနဲ့ အားကိုးရာမဲ့မှုတွေကို မကြုံတွေ့ခဲ့ရရင် ကျွန်မ ဘုရားသခင်ရှေ့ကို ရောက်လာခဲ့မှာ မဟုတ်ဘူး။ ဟိုးအရင် ၂၀၁၂ ခုနှစ်တုန်းက အမေက ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားကို ကျွန်မဆီ ဟောခဲ့ပေမဲ့ ကျွန်မက ငွေရှာဖို့ပဲ စိတ်ဝင်စားပြီး လက်မခံခဲ့ဘူး။ ဘုရားသခင်ရှေ့ကို ကျွန်မ ရောက်မလာခင် နောက်ထပ် ၈ နှစ်လောက် ကြာခဲ့ပေမဲ့ ကျွန်မရဲ့ မသိနားမလည်မှုနဲ့ ပုန်ကန်မှုတွေကြောင့် ဘုရားသခင်က ကျွန်မကို စွန့်ပစ်မသွားခဲ့ဘူး။ ဘုရားသခင်ရဲ့ မေတ္တာတော်က အရမ်းကြီးမားတာပဲ။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ရဲ့ နေရာမှာ မှန်မှန်ကန်ကန် ရပ်တည်သင့်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံပြီး ကျန်ရှိနေသေးတဲ့ ကျွန်မဘဝကို ဘုရားသခင်လက်ထဲ အပ်နှံသင့်တယ်။ အဲဒီအချိန်ကစပြီး ကျွန်မ အားလပ်ချိန်ရတိုင်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပြီး နေ့ရက်တိုင်းက အရမ်းပြည့်စုံနေခဲ့တယ်။

နောက်ပိုင်းမှာ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် မနက်ခင်းဈေးမှာ အစေ့အဆန်လှော် ရောင်းဖို့ ဆိုင်ခန်းသေးသေးလေးတစ်ခု ကျွန်မ ငှားလိုက်တယ်။ အရင်ကလောက် ငွေမရှာနိုင်ပေမဲ့ အရင်လို အလုပ်မများတော့ဘဲ တာဝန်ထမ်းဆောင်ဖို့ အချိန်ရခဲ့တယ်။ အရင်က ရင်းနှီးမြှုပ်နှံထားတုန်းက မဆပ်ရသေးတဲ့ အကြွေးတွေကို တွေးမိပြီး အကြွေးဆပ်ဖို့ အိမ်ရောင်းမယ်လို့ ကျွန်မ စဉ်းစားခဲ့တယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး ဒီအခက်အခဲတွေကို ဘုရားသခင်လက်ထဲ အပ်နှံခဲ့တယ်။ နောက်ပိုင်းမှာ အိမ်ရောင်းရတာ အရမ်းအဆင်ပြေသွားပြီး အကြွေးတစ်စိတ်တစ်ပိုင်းကို ဆပ်နိုင်ခဲ့တယ်။ အဲဒီကစပြီး နေ့တိုင်း ဈေးသိမ်းပြီးတာနဲ့ ကျွန်မ စုဝေးပွဲသွားပြီး ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလလယ်လောက်မှာ ကျွန်မ မောင်လေးက ဖုန်းဆက်ပြီး ဆွေမျိုးတစ်ယောက်ရဲ့ ဆိုင် ရောင်းဖို့ရှိတယ်လို့ ပြောတယ်။ ကုန်ကျစရိတ်တွေ နှုတ်ပြီးရင် တစ်နှစ်ကို ယွမ် ၁ သိန်းကျော်လောက် ကျွန်မ ရှာနိုင်မယ်တဲ့။ ပြီးတော့ ဆိုင်အတွက် ငွေပေးဖို့ ကျွန်မ လောစရာမလိုဘူးတဲ့။ လုပ်ငန်းကို အရင်စလုပ်ပြီး ငွေရမှပဲ ပြန်ပေးလို့ရတယ်တဲ့။ ဒါကိုကြားတော့ ကျွန်မ ရင်ခုန်သွားတယ်။ “ဒါ တကယ်ကောင်းတာပဲ။ ဒီဆိုင်က ၁၀ နှစ်ကျော် သက်တမ်းရှိပြီး ဖောက်သည်အခြေခိုင်ပြီးသား။ အစပိုင်းမှာ တစ်ပြားမှ စိုက်ထုတ်စရာ မလိုဘဲ လက်လွှဲယူလိုက်တာနဲ့ ငွေရနိုင်တာပဲ။ နှစ်နှစ်၊ သုံးနှစ်လောက် ကြိုးစားလုပ်လိုက်ရင် အကြွေးတွေအကုန် ကျေသွားမယ့်အပြင် သားရဲ့ မင်္ဂလာဆောင်စရိတ်နဲ့ ကျွန်မရဲ့ ပင်စင်ယူဖို့အတွက်ပါ ငွေရနိုင်မှာ အဲဒါဆို အရင်ကလို ဂုဏ်သိက္ခာရှိတဲ့ ဘဝမျိုးကို ဖြည်းဖြည်းချင်း ပြန်နေနိုင်မှာပဲ” ပေါ့။ ဒါပေမဲ့ နောက်ထပ် အတွေးတစ်ခု ဝင်လာတယ်။ “မဟုတ်ဘူး။ အဲဒါဆို ငါ့ရဲ့ ဘဝဟောင်းထဲကို ပြန်သွားတာပဲ မဟုတ်ဘူးလား။ စာတန်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေထဲကနေ ငါ နောက်ဆုံးတော့ ရုန်းထွက်လွတ်မြောက်လာနိုင်ခဲ့တာ။ ငါ ပြန်မသွားနိုင်ဘူး။ ငွေရှာတာနဲ့ တာဝန်ထမ်းဆောင်တာ နှစ်ခုထဲက ရွေးရမယ်ဆိုရင် ငါ့တာဝန်ကိုပဲ ငါ ရွေးမယ်” ပေါ့။ အဲဒီအချိန်မှာ အရင်စုဝေးပွဲတစ်ခုတုန်းက ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို စဉ်းစားမိပြီး ကျွန်မ ပြန်ရှာဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲခြင်းသည် မှန်ကန်သော လမ်းကြောင်း ဖြစ်သလော။ (မှန်ကန်ပါသည်။) အဘယ်ကြောင့် မှန်ကန်သနည်း။ လူတစ်ဦး၏ ဘဝ တန်ဖိုးသည် အစားအစာ၊ အဝတ်အစားတို့နှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) လူတစ်ဦး၏ ဘဝ တန်ဖိုးသည် အစားအစာနှင့် အဝတ်အစား သို့မဟုတ် ဇာတိပကတိ၌ မွေ့လျော်ခြင်းအကြောင်း မဟုတ်ပါက၊ လူတစ်ဦး ပါဝင်လုပ်ဆောင်သည့် အလုပ်အကိုင်သည် အစားအစာနှင့် အဝတ်အစားအတွက် လိုအပ်မှုကိုသာ ဖြည့်ဆည်းသင့်ပေသည်။ ဤနယ်ပယ်ကို ကျော်လွန်မသွားသင့်ပေ။ အစားအစာနှင့် အဝတ်အစား ရှိခြင်းနောက်ကွယ်က ရည်ရွယ်ချက်မှာ အဘယ်နည်း။ ခန္ဓာကိုယ်က ပုံမှန် ရှင်သန်နိုင်ဖို့ သေချာစေရန် ဖြစ်သည်။ ရှင်သန်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အသွေးအသား ပျော်ရွှင်ခြင်းအတွက်ဖြစ်စေ၊ ဘဝ လမ်းကြောင်းကို မွေ့လျော်ခံစားခြင်းအတွက်ဖြစ်စေ မဟုတ်သကဲ့သို့၊ ဘဝတွင် လူသားများ ကြုံတွေ့ရသည့် အရာအားလုံးကို မွေ့လျော်ခံစားခြင်းအတွက် သေချာပေါက် မဟုတ်ပေ။ ဤအရာများအားလုံး အရေးမကြီးပေ။ ထို့ကြောင့် မည်သည့်အရာသည် အရေးအကြီးဆုံး ဖြစ်သနည်း။ လူတစ်ဦး လုပ်ဆောင်သင့်သည့် တန်ဖိုးအရှိဆုံးသော အရာမှာ မည်သည့်အရာဖြစ်သနည်း။ (လူတစ်ဦသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်သင့်ပြီး မိမိတို့ကိုယ်ပိုင် တာဝန်များကို ဖြည့်ဆည်းသင့်ပါသည်။) သင်သည် မည်သည့် လူစားမျိုးဖြစ်ပါစေ၊ ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ ဖန်ဆင်းခံများသည် ၎င်းတို့ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့်အရာကို လုပ်ဆောင်သင့်ကြ၏။ ဤသည်မှာ တန်ဖိုးရှိသောအရာ ဖြစ်သည်။ သို့ဆိုလျှင်၊ ဖန်ဆင်းခံများ လုပ်ဆောင်သည့် မည်သည့်အရာသည် တန်ဖိုးရှိသနည်း။ ဖန်ဆင်းခံတိုင်းတွင် ဖန်ဆင်းရှင်က ၎င်းတို့ကို ပေးအပ်ထားသည့် တာဝန်တစ်ခု၊ ၎င်းတို့ ဖြည့်ဆည်းရန် ရည်ရွယ်ထားသည့် တာဝန်တစ်ခုရှိ၏။ ဘုရားသခင်သည် လူအသီးသီး၏ ဘဝ ကံကြမ္မာကို ချမှတ်ပြီးဖြစ်သည်။ ၎င်းတို့၏ ဘဝ ကံကြမ္မာက မည်သည့်အရာ ဖြစ်စေ၊ ယင်းမှာ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ထိုအရာကို သင် ကောင်းစွာ လုပ်ဆောင်ပါက၊ ဘုရားသခင်ရှေ့တွင် ဖော်ပြပြောဆိုရန် နောက်ဆုံးတွင် သင် ရပ်ရသည့်အခါ၊ ဘုရားသခင်က စိတ်ကျေနပ်ဖွယ် အဖြေတစ်ခုကို ပေးလိမ့်မည်။ သင်၏ ဘဝသည် တန်ဖိုးရှိစွာနှင့် အကျိုးရှိရှိ အသက်ရှင်ခဲ့ကြောင်း၊ ဘုရားနှုတ်ကပတ်တော်များကို သင်၏ အသက်အဖြစ်သို့ သင် ပြောင်းလဲခဲ့ကြောင်းနှင့် သင်သည် အရည်အချင်းပြည့်မီသည့် ဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်းကို သူ ပြောလိမ့်မည်။ သို့ရာတွင်၊ သင်၏ ဘဝသည် အစားအစာ၊ အဝတ်အစား၊ အပျော်အပါးနှင့် ပျော်ရွှင်မှုတို့အတွက် အသက်ရှင်ခြင်း၊ ရုန်းကန်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းအကြောင်းသာ ဖြစ်ပါက၊ နောက်ဆုံးတွင် ဘုရားသခင်၏ ရှေ့မှောက်၌ သင် ရပ်ရသည့်အခါ၊ သူက၊ ‘သင့်ကို ငါ ပေးခဲ့သည့် ဤဘဝ၏ အလုပ်နှင့် တာဝန်ကို သင် မည်မျှ ဖြည့်ဆည်းပြီးပြီနည်း’ဟု မေးလိမ့်မည်။ သင်သည် အားလုံးကို စာရင်းပြုစုလိမ့်မည်ဖြစ်ပြီး၊ ဤဘဝ၏ အားအင်နှင့် အချိန်တို့သည် အစားအစာ၊ အဝတ်အစားနှင့် ဖျော်ဖြေရေးတို့အပေါ် ကုန်ဆုံးခဲ့သည်ကို သင် တွေ့ရလိမ့်မည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် သင် များစွာ မလုပ်ဆောင်ရသေးသကဲ့သို့ ထင်ရသည်၊ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေး၊ အဆုံးထိတိုင် သင် မလျှော့တမ်း လုပ်ဆောင်ခြင်းမရှိသေးသကဲ့သို့၊ သင်၏ ဆက်ကပ်အပ်နှံခြင်းကို သင် မဆောင်ရွက်ရသေးပေ။ သမ္မာတရား လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သင်သည် ထိုသမ္မာတရားကို လိုက်စားရန် လိုလားမှုအချို့ရှိခဲ့သော်ငြား၊ အဖိုးအခများစွာ မပေးဆပ်သကဲ့သို့ မည်သည့်အရာကိုမျှ သင် ရရှိခြင်း မရှိလေပြီ။ နောက်ဆုံး စစ်ဆေးချက်အနေဖြင့်၊ ဘုရားနှုတ်ကပတ်တော်များသည် သင်၏ အသက်ဖြစ်လာခြင်း မရှိသေးသကဲ့သို့ သင်သည် ယခင်ကအတိုင်း မပြောင်းလဲသည့် စာတန် ဖြစ်နေဆဲဖြစ်သည်။ အမှုအရာများကို ရှုမြင်ခြင်းနှင့် ပြုမူလုပ်ဆောင်ခြင်းအတွက် သင်၏ နည်းစနစ်များမှာ လူသား အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပြင် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့အပေါ်သာ အခြေခံလေသည်။ သင်သည် ဘုရားသခင်ကို လုံးဝ ဆန့်ကျင်နေဆဲဖြစ်ပြီး၊ သူနှင့် သဟဇာတမဖြစ်ပေ။ ထိုသို့ဖြစ်ခဲ့လျှင်၊ သင်သည် အချည်းနှီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် သင့်ကို အလိုရှိလိမ့်မည် မဟုတ်တော့ပေ။ ဤအချိန်မှစ၍ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ ဖြစ်လိမ့်မည် မဟုတ်တော့။ ဤသည်မှာ သနားစဖွယ်ကောင်းသော အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ မည်သည့် အလုပ်အကိုင်တွင် သင် ပါဝင်သည်ဖြစ်စေ၊ ထိုအလုပ်အကိုင်က တရားဝင်ဖြစ်သရွေ့၊ ဘုရားသခင်က စီစဉ်ကာ ကြိုတင်စီမံထားခြင်း ဖြစ်သည်။ သို့ရာတွင် ယင်းက ဘုရားသခင်သည် သင့်အား ငွေပိုရှာရန် သို့မဟုတ် သင် လုပ်ဆောင်သည့် အသက်မွေးမှုလုပ်ငန်းတွင် ထင်ပေါ်ကျော်စောခြင်းအဖြစ်သို့ ရောက်ရန် သင့်ကို ထောက်ပံ့ပေးခြင်း သို့မဟုတ် တိုက်တွန်းခွန်အားပေးခြင်း ဖြစ်သည်ဟု မဆိုလိုပေ။ ဤအရာကို ဘုရားသခင် လက်မခံသကဲ့သို့ သင့်ထံမှ လုံးဝ မတောင်းဆိုခဲ့ပေ။ ထို့အပြင် ဘုရားသခင်သည် လောကဆီသို့ သင့်ကို တွန်းပို့ရန်၊ သင့်ကို စာတန်ထံ လွှဲအပ်ရန် သို့မဟုတ် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို တဇွတ်ထိုး လိုက်စားခွင့်ပေးရန် သင် ပါဝင်လုပ်ဆောင်သည့် အလုပ်အကိုင်ကို မည်သည့်အခါတွင်မျှ အသုံးပြုလိမ့်မည် မဟုတ်။ ထိုအစား၊ သင် ပါဝင်သည့် အလုပ်အကိုင်မှတစ်ဆင့်၊ ဘုရားသခင်သည် သင့်အား အစားအစာနှင့် အနွေးဓာတ်အတွက် သင်၏ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းခွင့်ပေး၏၊ ထိုမျှသာ ဖြစ်သည်။ ထို့အပြင်၊ ဘုရားနှုတ်ကပတ်တော်များအတွင်းတွင် သင်၏ တာဝန်က မည်သည့်အရာဖြစ်သည်၊ သင်၏အလုပ်က မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာကို သင် လိုက်စားသင့်သည်ဆိုသည်နှင့် မည်သည့်အရာကို သင် အသက်ရှင်နေထိုင်သင့်သည်ဆိုသည်တို့ကဲ့သို့သော အရာများကို သင့်အား သူ ပြောပြပြီး ဖြစ်သည်။ ဤသည်တို့မှာ သင် အသက်ရှင်နေထိုင်သင့်သည့် စံများနှင့် သင့်ဘဝတစ်လျှောက်လုံး သင် လျှောက်လှမ်းသင့်သည့် လမ်းကြောင်းဖြစ်သည်။...အသက်မွေးမှုလုပ်ငန်းနှင့်ဆိုင်သော ကိစ္စရပ်တွင်၊ အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲရန်မှာ အလွန် အရေးကြီးပေသည်။ ဤအချက်ကို သင် ရှင်းလင်းစွာ မမြင်နိုင်ပါက၊ သင်၏ တာဝန်ကို သင် ဆုံးရှုံးသွားမည်ဖြစ်ကာ ကယ်တင်ခံရမည့် သင်၏ အခွင့်အရေးများကို ထိခိုက်သွားစေနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၀)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ လူတစ်ယောက်ဟာ စားစရာနဲ့ ဝတ်စရာရှိရုံနဲ့တင် ရောင့်ရဲသင့်တယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ လူတွေက ဇာတိပကတိရဲ့ မွေ့လျော်ခံစားမှုတွေအတွက် ဒီလောကထဲကို ရောက်လာကြတာ မဟုတ်ဘဲ ဖန်ဆင်းခံတွေအနေနဲ့ သူတို့ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ရောက်လာကြတာပါ။ ငွေရှာဖို့အတွက် ကြိုးစားလုပ်ကိုင်ခဲ့တဲ့ အဲဒီနှစ်တွေကို ပြန်တွေးကြည့်ရင် ကျွန်မ အသက်တောင် ပေးဆပ်လုနီးပါး ဖြစ်ခဲ့ရတယ် ပြီးတော့ စာတန်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေထဲကနေ ကျွန်မကို ကယ်တင်ခဲ့တာက ဘုရားသခင်ပါ။ ဘုရားအိမ်တော်ကိုလာပြီး စုဝေးတာ၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တာကနေတစ်ဆင့် အဓိပ္ပာယ်အရှိဆုံး အသက်တာကို ရရှိဖို့ လူတွေ ဘာကို လိုက်စားသင့်တယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ စိတ်နှလုံးထဲမှာ အရမ်းသက်သာရာရသလို ခံစားရတယ်။ ဒါက ငွေ၊ ကျော်ကြားမှု၊ ဒါမှမဟုတ် အကျိုးအမြတ်တွေနဲ့ ဝယ်လို့မရတဲ့ အရာတစ်ခုပါ။ အခု အစေ့အဆန်လှော် ရောင်းလို့ရတဲ့ ငွေက သိပ်မများပေမဲ့ ကျွန်မ အသက်ရှင်ဖို့ လုံလောက်ပါတယ်။ ပြီးတော့ အိမ်ပြန်ရောက်ရင် စုဝေးပွဲတက်နိုင်ပြီး တာဝန်ထမ်းဆောင်နိုင်သေးတယ်။ ကျွန်မသာ ဆိုင်သွားဖွင့်ရင် ဘုရားသခင်ကို ယုံကြည်ဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့ ဘယ်မှာ အချိန်ရတော့မလဲ။ ကျွန်မရဲ့ တာဝန်တွေကို စွန့်လွှတ်ပြီး လမ်းဟောင်းအတိုင်း ပြန်လျှောက်ရမယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား။ ကျွန်မ ငွေ၊ ကျော်ကြားမှု၊ ဒါမှမဟုတ် အကျိုးအမြတ်အတွက် ဆက်အသက်မရှင်နိုင်တော့ဘူး။ အဲဒါက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ ဖြစ်လိမ့်မယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ သေချာနားထောင်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းရမယ်။ စားဖို့၊ ဝတ်ဖို့အတွက်လည်း လုံလုံလောက်လောက်ရှိရမယ်။ ဒီနည်းနဲ့သာ အသက်တာက အဓိပ္ပာယ်ရှိနိုင်မှာ။ ဒါကြောင့် ကျွန်မ မောင်လေးကို ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။

အခု ကျွန်မ တာဝန်တွေနဲ့ တစ်နေ့လုံးနီးပါး အလုပ်များနေပေမဲ့ စိတ်နှလုံးထဲမှာ အရမ်းသက်သာရာရသလို ခံစားရတယ်။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အသက်ရှင်ပြီး လုံးဝကို စိတ်ဆင်းရဲပြီး အားကိုးရာမဲ့သလို ခံစားခဲ့ရတဲ့ အရင်တုန်းကလို မဟုတ်တော့ဘူး။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အစိုးရအရာရှိ၏ ရွေးချယ်မှု

ရှင်းကျန်း တရုတ်ပြည်ကျွန်တော် မမွေးမီ ကျွန်တော့်အဖေက ဥပဒေကို ချိုးဖောက်မိပြီး အဖမ်းခံခဲ့ရသည်။ ၁၉၇၀ ဝန်းကျင်တွင် ထိုသို့သော အရာမျိုးသည်...

ချောက်ကမ်းပါးစွန်းမှ ပြန်လာသည်

ကျောက်ဂွမ်မင်း၊ တရုတ်ပြည် ၁၉၈၀ခုနှစ်များ အစပိုင်းတွင် ကျွန်တော်က အသက် ၃၀အရွယ်ရှိပြီး၊ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်နေခဲ့သည်။...

မရပ်မနား ရုန်းကန်ရခြင်းအပေါ် ဆင်ခြင်သုံးသပ်ချက်များ

ကျွန်တော်က ခေါင်ပြီး ဆင်းရဲတဲ့ ရွာလေးတစ်ရွာမှာ မွေးခဲ့တာပါ။ မိသားစုက ဆင်းရဲတော့ ငယ်ငယ်ကတည်းက ဆွေမျိုးတွေရဲ့ အထင်သေးတာကို ခံခဲ့ရတယ်။...

ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းက ပျော်ရွှင်သော ဘဝတစ်ခုဆီ ပို့ဆောင်ပေးနိုင်သလား

လျန်းကျိ၊ တရုတ်ပြည်၁၉၉၈ ခုနှစ်တုန်းက ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ အလုပ်လုပ်တဲ့ကုမ္ပဏီ ဒေဝါလီခံရပြီး နှစ်ယောက်လုံး အလုပ်ပြုတ်သွားတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။