သင်၏ အငြင်းအခုံသန်ခြင်း နောက်ကွယ်တွင် မည်သည့် စိတ်သဘောထားရှိသနည်း

08.02.2023

ချမ်းမို တောင်ကိုရီးယားနိုင်ငံ

ဘုရားကို နှစ်ချီယုံကြည်ပြီးတဲ့နောက်မှာ၊ သမ္မာတရားကို လက်ခံတဲ့လူတွေကို ဘုရားနှစ်သက်တာ မူအရသိခဲ့တယ်။ သမ္မာတရားကို လက်မခံဘဲ ဘုရားကို ယုံကြည်ရင်၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံပါစေ၊ အသက်စိတ်သဘောထား လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူး။ သမ္မာတရားကို လက်ခံသူတစ်ယောက် ကျွန်မ ဖြစ်ချင်ခဲ့ပေမဲ့၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ၊ အလိုလို ငြင်းပြီး ကိုယ့်ကိုယ်ကိုယ် ခုခံပြောဆိုမိသလို၊ တစ်ခါတလေ တခြားလူတွေကို ချေပပြောဆိုမိတယ်။ နည်းနည်းကြာတော့၊ နောင်တရမိပြီး၊ တွေးမိတယ်။ ဘာလို့ ငြင်းခုံခဲ့တာလဲ။ အများကြီးပြောဖို့ လိုတယ်လို့ ဘာလို့ ခံစားရတာလဲပေါ့။ ဒါပေမဲ့ အရမ်းနောင်တရမိရုံသာရှိပြီး၊ ပြဿနာရဲ့ အနှစ်သာရကို ရှင်းရှင်း မမြင်လို့၊ ဘာစစ်မှန်တဲ့ ဝင်ရောက်မှုမှ လုံးဝ မရခဲ့ဘူး။ ခုတလော၊ အတွေ့အကြုံတချို့ ရပြီးတဲ့နောက်၊ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် စသုံးသပ်မိတယ်၊ သမ္မာတရားကို ရှာတယ်၊ အမြဲ ငြင်းခုံတာက တကယ် သမ္မာတရားကို ငြီးငွေ့တဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားဖြစ်တာကို သတိပြုမိသလို၊ နောင်တရပြီး မပြောင်းလဲရင်၊ အန္တရာယ်ရှိမှန်း သိခဲ့တယ်။

အသင်းတော်မှာ ဧဝံဂေလိကို အလုပ်ကို ကျွန်မ ကြီးကြပ်ရမယ်။ တစ်ခါ၊ အလုပ်အကျဉ်းချုပ် အစည်းအဝေးမှာ၊ ရေလောင်းကြီးကြပ်ရေးမှူး ဂျူလီယာနာက ဧဝံဂေလိအလုပ်မှာရှိတဲ့ ပြဿနာကို တိုင်ကြားတယ်။ “ခုတစ်လော၊ ဧဝံဂေလိဝန်ထမ်းက ရေလောင်းရမယ့် လူသစ်အခြေအနေကို အချိန်မီမပြောဘူး၊ အဲဒီတော့ အဲဒီရည်မှန်းထားတဲ့ လူသစ်တွေရဲ့ အယူအဆတွေနဲ့ ပြဿနာတွေကို ကျွန်မတို့ ရေလောင်းမပေးနိုင်ကြဘူး”တဲ့။ လူအများကြီးရှေ့မှာ ကျွန်မအလုပ်က ပြဿနာကို ဂျူလီယာနာပြောတာကြားတော့၊ ရင်ထဲကနေ အရှက်တရားက တက်လာတာ ခံစားရတယ်။ “ကျွန်မက လက်တွေ့အလုပ် မလုပ်ဘူးလို့ ရှင် ဆိုလိုလိုက်တာပဲ မဟုတ်လား။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ မိတ်သဟာယ မပြုခဲ့တာ မဟုတ်ဘူး။ ဒီအကြောင်းကို သူတို့ကို ပြောပြတာ အချိန်ကြာပြီဖြစ်ပေမဲ့၊ ပြောင်းလဲဖို့က အချိန်ယူရတယ်၊ ဟုတ်တယ်မလား။ သူတို့ထဲက အတော်များများက ဧဝံဂေလိအလုပ်ကို စလုပ်ရုံပဲရှိသေးတာလေ။ ဘာလို့ သူတို့ဆီက အရမ်း မျှော်လင့်နေရတာလဲ”လို့ပေါ့။ သူပြောတာကို ကျွန်မ လုံးဝ လက်မခံနိုင်ခဲ့သလို၊ သူက လူတွေရဲ့ အခက်အခဲကို မထောက်ထားဘူးလို့ ခံစားခဲ့တယ်။ အဲဒီတုန်းက ကိုယ့်အတွေးတွေကို ချက်ချင်း ဖော်ပြချင်ခဲ့ပေမဲ့၊ အ‌ကြံပြုချက်တွေကို ကျွန်မ လက်မခံဘူးလို့ လူတွေက ပြောပြီး ကျွန်မကို မြင်မကောင်းဖြစ်စေမှာ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် သူ့အကြံပြုချက်တွေကို အင်တင်တင်နဲ့ လက်ခံပြီး နာခံခဲ့တယ်။ အဲဒီနောက်မှာ၊ ရေလောင်းဖို့လိုတဲ့ လူသစ်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်တွေ အချိန်မီပေးဖို့ အချိန်ယူရမယ်လို့ ညီအစ်ကို မောင်နှမတွေကို ကျွန်မ အလေးပေးပြောခဲ့တယ်။ နည်းနည်းကြာတော့၊ ကိစ္စတွေက နည်းနည်း ပိုကောင်းလာပြီး၊ အဲဒါထက်ကျော်ပြီး ကျွန်မ သိပ်များများစားစား မသုံးသပ်ခဲ့ဘူး။ အဲဒီလိုဖြစ်တာက တချို့ ရေလောင်သူတွေဟာ ဧဝံဂေလိ ဝန်ထမ်းနဲ့ အလုပ်ကောင်းကောင်း လုပ်မနေကြသလို၊ အာဃာတထားတာကို သိရတဲ့ နေ့အထိပါပဲ။ ကျွန်မ ကြိုပြီး ကောက်ချက်မချဘဲ မနေနိုင်ခဲ့ဘူး၊ “ဒါဟာ ဧဝံဂေလိ ဝန်ထမ်းရဲ့ ပြဿနာအကြောင်းကို ဂျူလီယာနာက အမြဲ ပြောလို့ ဖြစ်ရမယ်”ပေါ့။ ကိုယ့်စိတ်ထဲမှာ သူ့ကို စပြီး မကျေမနပ်ဖြစ်မိတယ်။ “သူက အရမ်းစိတ်အနှောင့်အယှက် ဖြစ်စရာပဲ။ ဘယ်အခြေအနေမှာ ဘာပြောသင့်မှန်းကို လုံးဝ မစဉ်းစားဘူး။ အလုပ်ကို စစ်ဆေးတဲ့အခါတိုင်းမှာ၊ ဧဝံဂေလိ သင်းထောက်က လူသစ်တွေအကြောင်း အချိန်မီ တုံ့ပြန်ချက် မပေးတာကိုပဲ အမြဲ ပြောတယ်။ အဲဒါကို လူတိုင်းကြားပြီး ကျွန်မတို့အကြောင်း အယူအဆတွေ ရှိသွားတယ်။ ဒီလိုဆက်ဖြစ်ရင်၊ နောင်မှာ ကိုယ့်တာဝန်မှာ ကျွန်မတို့ ဘယ်လို ပူးပေါင်းလုပ်ကြမှာလဲ”ပေါ့။ ဒါကိုတွေးရင်းနဲ့ ဖော်ပြလို့မရတဲ့ ဒေါသစိတ် ဖြစ်သွားမိတယ်။ ဒီအခြေအနေကို ခေါင်းဆောင်ဆီ သတင်းပို့လိုက်ပြီး၊ ဂျူလီယာနာက သူ့အဖွဲ့မှာ ဧဝံဂေလိဝန်ထမ်းကို မကျေနပ်ကြောင်း အမြဲ လျှောက်ပြောနေတာက ကျွန်မတို့ကို ပူးပေါင်းလို့ မရအောင် ဖြစ်စေတယ်လို့ ပြောလိုက်တယ်။ စာကို ရိုက်နေရင်းနဲ့ အဲဒါနဲ့ပတ်သက်လို့ ပူပန်တာတချို့ ရှိခဲ့တယ်။ “ဒါကို ပြဿနာအနေနဲ့ တိုင်ကြားတာ သင့်တော်ရဲ့လား။ ဒီမှာ ‘ဖြန့်နေတယ်’ဆိုတာ သုံးဖို့ အသင့်တော်ဆုံးစကားလား”ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ငါပြောနေတာက အမှန်တရားပဲလေ။ ဧဝံဂေလိ ဝန်ထမ်းရဲ့ ပြဿနာတွေအကြောင်း ဂျူလီယာနာပြောတိုင်းမှာ သက်ပြင်းချတယ်။ သူ့ရဲ့ သက်ပြင်းချတာ တစ်ခုတည်းကပဲ အခြေအနေ မျှော်လင့်ချက်မဲ့ပုံ ပေါ်စေတယ်။ သူ့ရဲ့ မကျေနပ်ချက်ကို သူ ဖြန့်နေတာပဲ မဟုတ်လား။ သူ့အကြောင်း ငါ ပြောနေတာ တရားပါတယ်”လို့ပေါ့။ အဲဒီလိုနဲ့၊ ထပ်ဘာမှမတွေးတော့ဘဲ အဲဒီစာကို ပို့လိုက်တယ်။ နောက်နေ့မှာ ဂျူလီယာနာက စာပို့တယ်။ “အစ်မပြောတာ မသင့်တော်ရင်၊ ပြောလို့ရပါတယ်။ ဘယ်လိုလုပ် အစ်မစကားတွေက ‘မကျေနပ်ချက်ကို ဖြန့်နေ’တဲ့ သဘောသက်ရောက်တာလဲ” တဲ့။ သူ့စာကို တွေ့တော့၊ ခေါင်းဆောင်က သူ့ကို မိတ်သဟာယပြုပေးခဲ့ပြီးပြီမှန်း သိလိုက်တယ်။ သူ့သဘောထားက လက်ခံဖို့၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ငြင်းပယ်မှန်း တွေ့ရတော့၊ ကျွန်မ ဒေါသထွက်သွားတယ်။ “ဘယ်လောက်များ ထုံလိုက်လဲ။ ရှင်တွေးတာ၊ ပြောတာကို သဘောတောင် မပေါက်ဘူးပဲ၊ ဟုတ်တယ်နော်။ ရှင့်ရဲ့ သက်ပြင်းချတာတွေက ဧဝံဂေလိ ဝန်ထမ်းနဲ့ပတ်သက်လို့ ရှင် ဘယ်လောက် မကျေနပ်မှန်း သိသာစေတာပဲလေ။ ရှင့်ရဲ့ မထီမဲ့မြင်ပြုတဲ့ သဘောထားက တခြားလူတွေကို ထိခိုက်နေတယ်။ အဲဒါက ဘယ်လိုလုပ် မကျေနပ်ချက်ကို ဖြန့်နေတာ မဖြစ်ရတာလဲ”လို့ပေါ့။ သူ့ကို ဖုန်းဆက်ပြီး အချက်အလက်ကို သူနဲ့ ငြင်းတောင်ငြင်းလိုက်ချင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “အခု သူ့ကို ဖုန်းဆက်လိုက်ရင်၊ ကျွန်မတို့နှစ်ယောက်က စပြီးခိုက်ရန်ဖြစ်မှာပဲ မဟုတ်လား။ ကျွန်မတို့ ရန်ဖြစ်တာကို တစ်ယောက်ယောက် ကြားသွားရင်၊ ရှက်စရာပဲ ကောင်းမှာ။ အဲဒါက ဆက်ဆံရေးကို ခွကျစေမှာဖြစ်ပြီး၊ အဲဒီအခါ ကျွန်မတို့ ဘယ်လို ပူးပေါင်းလုပ်ကြမှာလဲ။ ဒါက အသင်းတော် အလုပ်ကို ကာကွယ်နေတာ မဟုတ်ဘူး။ ကျွန်မ ဘုရားကို ယုံကြည်တာ အချိန်အတော်ကြပြီဖြစ်လို့၊ ဒီလိုကိစ္စတွေဖြစ်တဲ့အခါ ဘာလို့ အရမ်း စိတ်လိုက်မာန်ပါ လုပ်နေမိသေးတာလဲ”ပေါ့။ ဒီအချိန်မှာ၊ ဘုရားနှုတ်ကပတ်တော်ကို သတိရမိတယ်။ “မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်)ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများ” ဆိုတဲ့ စကားတွေက နောက်ဆုံးမှာ ကျွန်မစိတ်ကို တည်ငြိမ်သွားစေပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိစေခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားက အရေးအကြီးဆုံးပဲ။ ကျွန်မအစ်မနဲ့ ကျွန်မရဲ့ အငြင်းပွားမှုက ဘယ်သူမှားတယ်ဆိုတဲ့အပေါ် ခိုက်ရန်ဖြစ်တာပဲ မဟုတ်လား။ ကျွန်မတို့နှစ်ယောက်လုံးက ကြီးကြပ်ရေးမှူးတွေ။ ဒါနဲ့ပတ်သက်လို့ ကျွန်မတို့ ရန်စဖြစ်ပြီး၊ ခပ်တန်းတန်းဖြစ်၊ မလိုမုန်းထားလာကြရင်၊ အသင်းတော်အလုပ်ကို ထိခိုက်မှာပဲ။ အဲဒါက မဟာရည်မှန်းချက်ကို ဖျက်ဆီးမှာ။ ပြီးတော့ ပြဿနာကို ဂျူလီယာနာ တိုင်ကြားတာကို မကျေနပ်ချက် ဖြန့်တာအဖြစ် ကျွန်မ ဖော်ပြခဲ့ပေမဲ့၊ ဒီသရုပ်ဖော်ချက်က မှန်ကန်တိကျမှာ မဟုတ်ဘူး။ မကျေနပ်ချက်ကို ဖြန့်တာက အဖြူ၊ အမဲကို ပြောင်းပြန်လှန်တာ၊ အမှန်နဲ့ အမှားကို ရှုပ်ထွေးစေတာဖြစ်ပြီး၊ အပြုသဘောဆောင်တာကို အပျက်သဘောဆောင်တာလို့ ပြောတာပဲ။ မမှန်တဲ့ ရည်ရွယ်ချက်တွေရှိတာ၊ ကိုယ့်ရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့ တခြားလူတွေကို တိုက်ခိုက်၊ ရှုတ်ချဖို့ တစ်ခုခု ပြောတာလို့ အဓိပ္ပာယ်ရတယ်။ ဒါပေမဲ့၊ ကျွန်မတို့အလုပ်မှာ ဂျူလီယာနာ ဖော်ပြတဲ့ ပြဿနာက မှန်ကန်ခဲ့တာပဲလေ။ သူက ပြဿနာကို အရှိအတိုင်း ဖော်ပြနေခဲ့တာ။ ဧဝံဂေလိ ဝန်ထမ်းက သူ့တာဝန်ကို လုပ်ဆောင်ပုံမှာ ဖြစ်သလိုလုပ်ပြီး တာဝန်မဲ့တဲ့ သရုပ်သကန်တွေ ရှိခဲ့တယ်။ ဒီတော့ ကိုယ့်အလုပ်က သွေဖည်မှုတွေနဲ့ ဟာကွက်တွေ တိုးတက်အောင်ဒါကိုသူပြောခဲ့တာ။ ဒါက ဧဝံဂေလိ အလုပ်အတွက် အကျိုးရှိသလို၊ မမှန်တဲ့ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်တွေ မရှိဘူး။ သူ့လေသံ မှားနေရင်တောင်၊ အလုပ်ကို ပိုကောင်းစေဖို့ပဲလေ။ ဒါပေမဲ့ သူ့အလုပ်ရပ်ကို ဧဝံဂေလိ ဝန်ထမ်းနဲ့ ပတ်သက်လို့ မကျေနပ်ချက် ဖြန့်တာအဖြစ် ကျွန်မ သရုပ်ဖော်ခဲ့တယ်။ သူ့ကို ကျွန်မ တိုက်ခိုက်ပြီး တံဆိပ်ကပ်နေခဲ့တာပဲ။ ဒါကို တွေးရင်းနဲ့၊ နည်းနည်း အပြစ်ရှိတဲ့စိတ် ခံစားရလို့ သူ့ကို ပြန်ပြောလိုက်တယ်။ “ကျွန်မ မတော်မသင့်ပြောလိုက်မိတယ်။ တောင်းပန်ပါတယ်”လို့ပေါ့။ ကျွန်မတောင်းပန်တာကို သူလက်ခံခဲ့ပြီး၊ ကျွန်မတို့ ပိုဆက်သွယ်၊ ပူးပေါင်းလုပ်သင့်ပြီး၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်းလုပ်ဖို့ အတူအလုပ်လုပ်သင့်တယ်လို့ ပြောတယ်။ သူ့ရဲ့ အဖြေကို တွေ့တော့ ကျွန်မ ရှက်မိတယ်။ ဒါပေမဲ့ တည်ငြိမ်သွားလို့ အရမ်းလည်း ဝမ်းသာမိတယ်။ မဟုတ်ရင်၊ ကျွန်မတို့ကြားမှာ စိတ်ဝမ်းကွဲမှုရှိမှာဖြစ်ပြီး၊ အလုပ်က သေချာပေါက် ထိခိုက်မှာပဲ။ အဲဒီတုန်းက အဲဒီနေရာမှာပဲ ပြဿနာကို ကျွန်မ အနားပေးခဲ့ပေမဲ့၊ ကိုယ့်ဖောက်ပြန်ပျက်စီးမှုအပေါ် သိမြင်မှုသိပ်မရခဲ့သလိုခံစားရတယ်။ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ်သိအောင် ဉာဏ်အလင်းပေးဖို့ ဘုရားဆီ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်နေ့မှာ၊ ဆောင်းပါးတစ်ပုဒ်ကို ရေးနေတုန်း၊ ဘုရားနှုတ်ကပတ်တော် တချို့ကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခံရခြင်းဖြစ်စေသည့် အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ ယင်းအပေါ်တွင် အရေးအပါဆုံးသဘောထားက မည်သည့်အရာနည်း။ ရှေးဦးစွာ ယင်းကို လက်ခံရမည်။ သင့်ကို မည်သူက ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ၊ မည်သည့်အကြောင်းပြချက်ဖြစ်စေ၊ ကြမ်းတမ်းသည့်ပုံစံရှိသည်ဖြစ်စေ၊ သို့မဟုတ် လေသံနှင့် စကားအသုံးအနှုန်းက မည်သို့ဖြစ်စေ ယင်းကို လက်ခံသင့်သည်။ ထို့နောက်တွင် မည်သည့်အရာကို သင် မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ဖော်ထုတ်ခဲ့ကြောင်းနှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်ဆောင်ရွက်ခဲ့ခြင်းရှိမရှိတို့ကို သင် သတိပြုမိသင့်သည်။ သင်သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခြင်းခံရသောအခါ ရှေးဦးစွာ ဤသည်မှာ သင်ထားရှိသင့်သည့် သဘောထားဖြစ်သည်။ ဤသို့သော သဘောထားတစ်ခုကို အန္တိခရစ်များက ပိုင်ဆိုင်သလော။ မပိုင်ဆိုင်ပေ။ အစမှ အဆုံးအထိ ၎င်းတို့ ပွင့်လင်းစွာ ဖော်ပြသောသဘောထားသည် အာခံခြင်းနှင့် မနှစ်သက်ခြင်းထဲမှ တစ်ခုဖြစ်သည်။ ဤသို့သော သဘောထားတစ်ခုဖြင့် ၎င်းတို့သည် ဘုရားရှေ့တွင် ငြိမ်သက်ပြီး ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို နှိမ့်ချစွာ လက်ခံနိုင်သလော။ ဤသို့ မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်နည်း။ ရှေးဦးစွာ ၎င်းတို့သည် လူတို့၏ နားလည်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ရယူဖို့ မျှော်လင့်ချက်များဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အမှားများ၊ ၎င်းတို့ ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ခုခံကာကွယ်ပြီး ငြင်းခုံလျက်ဖြင့် မှန်ကန်ကြောင်း ကျိုးကြောင်းပြပြောဆိုမှုများပြုလုပ်ပြီး အတင်းအဓမ္မငြင်းခုံလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သော စကားများကို ၎င်းတို့ လက်ခံရန်၊ သို့မဟုတ် မည်သည့်တာဝန်ကိုမျှ ခံယူဖို့ မလိုအပ်စေရန်ဖြစ်သည်။...၎င်းတို့သည် ကိုယ့်အမှားများက မည်မျှထင်ရှားပြီး ထိုအမှားများကြောင့် ဖြစ်ရသည့် ဆုံးရှုံးမှုက မည်မျှကြီးမားပါစေ ထိုအရာများကို မျက်ကွယ်ပြုကြသည်။ အနည်းငယ်မျှပင် ဝမ်းနည်းခြင်း၊ လိပ်ပြာမလုံခြင်း မဖြစ်ပေ။ ၎င်းတို့၏ အသိစိတ်သည် ၎င်းတို့ကို လုံးဝ အပြစ်မတင်ပေ။ ထိုအစား ၎င်းတို့သည် မိမိတို့အစွမ်းရှိသမျှဖြင့် ကျိုးကြောင်းပြချက်ပေးပြီး စကားစစ်ထိုးကြကာ ‘ဤသည်မှာ ထင်တိုင်းကြဲ၍ရသည့် အခြေအနေပင်။ လူတိုင်းတွင် အကြောင်းပြချက်ရှိသည်။ မည်သူက ပို၍ စကားပြောကောင်းသည်က အဓိကဖြစ်သည်။ ကျွန်ုပ်၏ ကျိုးကြောင်းပြချက်နှင့် ရှင်းပြချက်ကို လူအများစု လက်ခံအောင် လုပ်နိုင်လျှင် ကျွန်ုပ်နိုင်သည်။ သင်ပြောသည့် သမ္မာတရားများမှာ သမ္မာတရားမဟုတ်။ သင်၏ အချက်အလက်များကလည်း မခိုင်လုံပေ။ သင်က ကျွန်ုပ်ကို ရှုတ်ချချင်သလော။ မဖြစ်နိုင်ပေ’ ဟူ၍ စဉ်းစားကြသည်။ အန္တိခရစ်တစ်ယောက်သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသောအခါတွင် သူ၏ စိတ်နှလုံးနှင့် ဝိညာဉ်အတွင်းပိုင်း၌ အကြွင်းမဲ့၊ ပြတ်ပြတ်သားသား အတိုက်အခံဖြစ်ပြီး မနှစ်သက်ဘဲ ငြင်းပယ်သည်။ သူ၏ သဘောထားက ‘မည်သည့်အရာကို သင်ပြောစရာရှိသည်ဖြစ်စေ၊ သင်သည် မည်မျှမှန်ကန်နေသည်ဖြစ်စေ ငါလက်ခံမည်မဟုတ်။ ဝန်ခံမည်မဟုတ်။ ငါ၏အမှားမဟုတ်’ ဟူ၍ ဖြစ်သည်။ အမှန်တရားများက သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်မျှပေါ်လွင်စေသည်ဖြစ်စေ ၎င်းတို့က အသိအမှတ်မပြုပေ၊ လက်မခံပေ။ ဆက်လက်၍ အာခံပြီး ခုခံကြသည်။ သူတစ်ပါးတို့က မည်သို့ပြောပါစေ ၎င်းတို့က လက်မခံဘဲ၊ ဝန်မခံဘဲ ‘မည်သူက မည်သူ့ကို နိုင်အောင်ပြောနိုင်သည်ကို ကြည့်ကြစို့။ မည်သူက ပို၍ ငြင်းခုံနိုင်သည်ကို ကြည့်ကြစို့။’ ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခြင်းခံရာတွင် အန္တိခရစ်များ အရေးစိုက်သော သဘောထားအမျိုးအစားတစ်ခုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) “အန္တိခရစ်တစ်ဦးကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သောအခါတွင် ပထမ ဤသို့မေးလော့။ သူ၏မကောင်းမှုများကို သူဝန်ချနိုင်သလော။ ဒုတိယ ဤသို့မေးလော့။ သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်နိုင်ပြီး သိမြင်နိုင်သလော။ တတိယ ဤသို့မေးလော့။ သူသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို ရင်ဆိုင်ရသောအခါ ဘုရားသခင်ထံမှ ခံယူနိုင်သလော။ ဤတိုင်းတာမှုသုံးခုဖြင့် အန္တိခရစ်တစ်ဦး၏ သဘာဝနှင့် အနှစ်သာရကို မြင်နိုင်သည်။ လူတစ်ယောက်သည် သူ့အပေါ်သို့ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်း ကျရောက်လာသောအခါ နာခံနိုင်လျှင်၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်လျှင်၊ ဤသို့ဖြင့် သူကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှု ပွင့်အန်ထွက်ခြင်းနှင့် အနှစ်သာရကို သိမြင်နိုင်လျှင် ထိုသူသည် သမ္မာတရားကို လက်ခံနိုင်သူဖြစ်သည်။ အန္တိခရစ်တစ်ဦး မဟုတ်ပေ။ ဤအတိုင်းအတာသုံးခုသည် အန္တိခရစ်၌ မရှိသောအရာများ အတိအကျပင် ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသောအခါ အခြားသောအရာ၊ မည်သူမျှ မျှော်လင့်မထားသောအရာကို လုပ်ဆောင်သည်။ ထိုအရာမှာ သူသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခြင်းခံရသောအခါ အခြေအမြစ်မရှိသော တန်ပြန်စွပ်စွဲမှုများ ပြုလုပ်ခြင်းပင် ဖြစ်သည်။ သူ၏ မှားယွင်းလုပ်ဆောင်မှုကို ဝန်ခံပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုရမည့်အစား သူ့အား ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သောသူကို ရှုတ်ချသည်။ ယင်းကို မည်သို့လုပ်ဆောင်သနည်း။ ‘ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းအားလုံးက သေချာပေါက် မှန်နေသည်မဟုတ်။ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းက လူ့ရှုတ်ချမှု၊ လူ့တရားစီရင်မှုသက်သက်ပင်။ ဘုရားကိုယ်စား လုပ်ဆောင်ခြင်း မဟုတ်။ ဘုရားတစ်ပါးတည်းကသာ ဖြောင့်မတ်၏။ အခြားသူများကို ရှုတ်ချသည့် မည်သူမဆို ရှုတ်ချခြင်း ခံရမည်’ ဟူ၍ ဆိုသည်။ ဤသည်မှာ အခြေအမြစ်မရှိသော တန်ပြန်စွပ်စွဲမှု မဟုတ်သလော။ ဤသို့သော အခြေအမြစ်မရှိသည့် တန်ပြန်စွပ်စွဲမှုများကို ပြုလုပ်သည်မှာ မည်သို့သောသူဖြစ်သနည်း။ ဆင်ခြင်တုံတရားမရှိသော မနားမနေ ဒုက္ခပေးတတ်သောသူတစ်ယောက်သာလျှင် ဤသို့လုပ်ဆောင်လိမ့်မည်။ စာတန်မာရ်နတ်နှင့် အမျိုးအစားတူသောသူတစ်ယောက်သာလျှင် ဤသို့ ပြုလုပ်လိမ့်မည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူတစ်ယောက်သည် ဤသို့သောအရာကို မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းအပေါ် အန္တိခရစ်တွေရဲ့ သဘောထားက ငြီးငွေ့ခြင်းနဲ့ အတိုက်အခံလုပ်ခြင်းဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်က ထုတ်ဖ်ာပြခဲ့တယ်။ အမှန်တရားတွေကို သူတို့ရှေ့မှာ ချထားတဲ့အချိန်မှာတောင်၊ သူတို့အမှားတွေကို ဝန်မခံကြဘူး။ သူတို့ သိက္ခာနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့၊ ကိုယ့်ကိုယ်ကိုယ် မှန်ကြောင်းပြဖို့၊ ခုခံပြောဆိုပြီး တခြားလူတွေနဲ့ ငြင်းခုံဖို့ ကြိုးစားကြတာဟာဆို့ရင် အဖြူအမဲကို ပြောင်းပြန်လှန်ပြီး သူတို့ကို ကိုင်တွယ်ဖြေရှင်းသူတွေကို ရှုတ်ချနိုင်ကြတဲ့ အထိပါပဲ။ ကျွန်မရဲ့ အပြုအမူက ဘုရားနှုတ်ကပတ်တော်မှာ ထုတ်ဖော်ပြတဲ့ အန္တိခရစ်တွေနဲ့ အတူတူဖြစ်မှန်း သဘောပေါက်ခဲ့တယ်။ ကျွန်မက ဧဝံဂေလိအလုပ်ရဲ့ ကြီးကြပ်ရေးမှူးလေ။ ဧဝံဂေလိ ဝန်ထမ်းက သူ့တာဝန် ထမ်းဆောင်ပုံကို ဂျူလီယာနာဖော်ပြတဲ့ ပြဿနာက ကျွန်မကိုယ်ပိုင်အလုပ်မှာရှိတဲ့ ဟာကွက်ပဲ။ ဒါပေမဲ့ အဲဒါကို လက်ခံဖို့ ငြင်းခဲ့ရုံမက၊ ငြင်းခုံပြီး ကိုယ့်စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် ခုခံပြောဆိုခဲ့တယ်။ ကျွန်မနဲ့ ပတ်သက်လို့ ဘာမှမမှားသလို၊ ကျွန်မအစ်မက ကျွန်မကို အရှက်ရစေဖို့ တမင်ကြိုးစားနေတာလို့ ခံစားခဲ့တယ်။ ဒါကြောင့် သူ့အပေါ် မလိုမုန်းထားစိတ် ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ၊ သူ့အပေါ် နိုင်ကွက်ရှာတွေ့ခဲ့တယ်၊ သူ့ကို ဝေဖန်ဖို့ အဖြူအမဲကို ပြောင်းပြန်လှန်ခဲ့တယ်၊ ကိုယ့်အပြစ်ကိုသူ့အပြစ်လုပ်ပြီး ခေါင်းဆောင်ကိုစောဒကတက်ခဲ့တယ်။ ကျွန်မမှာ တကယ်ကို လူ့သဘာဝ မရှိခဲ့ဘူး။ တခြားလူတွေကို ပြဿနာ ထောက်ပြတာကနေ တားဆီးဖို့ ဧဝံဂေလိ ဝန်ထမ်းရဲ့ အခက်အခဲတွေ စဉ်းစားပေးတယ်ဆိုတဲ့ မမှန်တဲ့ အကြောင်းပြချက်ကို သုံးခဲ့တယ်။ အပေါ်ယံအနေနဲ့၊ ကျွန်မ ညီအစ်ကို မောင်နှမတွေကို အလေးထားနေတာပေါ့၊ ဒါပေမဲ့ တကယ်တော့၊ ငြင်းခုန်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေခဲ့တာပဲ။ ညီအစ်ကို မောင်နှမတွေရဲ့ ဘဝတွေအတွက် ကျွန်မ အစစ်အမှန် တာဝန်ယူနေခဲ့ရင်၊ ထောက်ပြတာတွေ ပိုလုပ်ပေးမှာ၊ ပြဿနာတွေကို ကူဖြေရှင်းပေးပြီး၊ သွေဖည်မှုတွေကို ပြောင်းပြန်လှန်ပစ်ခဲ့မှာပဲ။ အဲဒါက သူတို့ကို တကယ် အကျိုးရှိစေခဲ့မှာ။ အဲဒီအစား ဆန့်ကျင်ဘက်ကို ကျွန်မ လုပ်ခဲ့တယ်။ သူတို့ အလုပ်ထဲက ပြဿနာတွေနဲ့ ပတ်သက်တဲ့အခါ၊ ကျွန်မက သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းကတစ်ဆင့် မကူညီ မဖြေရှင်းပေးခဲ့ရုံမက၊ ထပ်တလဲလဲ ဖုံးဖိပေးခဲ့တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ ဘဝတွေအတွက် ကျွန်မ ဘယ်လိုလုပ် တာဝန်ယူနေတာ ဖြစ်မှာလဲ။ ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို သိသိသာသာ ကျွန်မ ထိန်းသိမ်းနေခဲ့တာပဲ။ အဲဒီအခက်အခဲတွေက သမ္မာတရား၊ ဒါမှမဟုတ် ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်မခံဖို့ အကြောင်းပြချက်နဲ့ ဆင်ခြေဖြစ်လာခဲ့တယ်။ ကျွန်မ အရမ်းလှည့်စားတတ်ပြီး ဆိုးယုတ်ခဲ့တယ်။

နောက်ပိုင်းမှာ၊ ကျွန်မတာဝန်ကို ကျွန်မလုပ်ပုံမှာ ပြဿနာတွေ သိသိသာသာ ရှိတယ်လို့ တွေးမိတယ်။ ဒီတော့ ဘာလို့ ကိုယ့်ပြဿနာတွေအတွက် တခြားလူတွေကို အပြစ်တင်ရာမှာ အရမ်း စိတ်ချနေရတာလဲ။ ဘာလို့ ရှက်တာ၊ ဘဝင်မကျတာ မခံစားခဲ့ရတာလဲ။ ဒီပြဿနာရဲ့ ဖြစ်ကြောင်းရင်းမြစ်က ဘာလဲလို့ပေါ့။ ဆက်ရှာဖွေပြီး၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသောအခါ သူလုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ သူ၏ စိတ်နှလုံးအတွင်းထဲတွင် အတိုက်အခံဖြစ်ပြီး ငြင်းပယ်ခြင်းဖြစ်သည်။ သူသည် တွန်းလှန်တိုက်ခိုက်၏။ အဘယ်ကြောင့်နည်း။ ဤသည်မှာ အန္တိခရစ်များသည် ၎င်းတို့၏ တကယ့်သဘာဝနှင့် အနှစ်သာရအရ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသောကြောင့်၊ သမ္မာတရားကို လုံးဝ လက်မခံသောကြောင့်ဖြစ်သည်။ အလိုအလျောက်ပင် အန္တိခရစ်၏ အနှစ်သာရနှင့် စိတ်သဘောထားက ၎င်းတို့ကိုယ်တိုင်၏ အမှားများကို ၎င်းတို့အသိအမှတ် မပြုအောင်၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့အသိအမှတ် မပြုအောင် ပိတ်ပင်တားဆီးထားသည်။ ဤနှစ်ချက်ကို အခြေခံလျှင် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအပေါ် အန္တိခရစ်၏ သဘောထားသည် ယင်းကို အပြည့်အဝ၊ လုံးလုံး ငြင်းပယ်ခြင်း၊ ဆန့်ကျင်ခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ယင်းကို ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲမှ မုန်းတီးပြီး အတိုက်အခံပြုသည်။ အမှန်တကယ် ဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် နောင်တရခြင်းတို့ ရှိဖို့ မဆိုထားနှင့်၊ လက်ခံခြင်း၊ သို့မဟုတ် နာခံခြင်းအရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသောအခါ ယင်းကို မည်သူကလုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာနှင့် သက်ဆိုင်သည်ဖြစ်စေ၊ အမှုကိစ္စအတွက် ၎င်းတို့ကို အပြစ်တင်သည့် ပမာဏက မည်မျှရှိသည်ဖြစ်စေ၊ အမှားက မည်မျှ ပေါ်လွင်သည်ဖြစ်စေ၊ ဆိုးယုတ်မှု မည်မျှကို ၎င်းတို့ကျူးလွန်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဆိုးယုတ်မှုက အသင်းတော်အတွက် မည်သည့်အကျိုးဆက်များကို ဖန်တီးသည်ဖြစ်စေ အန္တိခရစ်သည် ဤအရာတစ်ခုတစ်လေကိုမျှ ထည့်မစဉ်းစားပေ။ အန္တိခရစ်တစ်ဦးအဖို့၊ သူ့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းနေသူသည် သူတစ်ဦးတည်းကိုသာ ပြောဆိုနေခြင်း၊ သို့မဟုတ် သူ့ကို အပြစ်ဒဏ်ပေးရန် အမှားများကို တမင်သက်သက်ရှာနေခြင်းဖြစ်သည်။ အန္တိခရစ်များက ၎င်းတို့သည် အနိုင်ကျင့်ခံရပြီး အရှက်ခွဲခံရသည်၊ လူသားဆန်စွာ ဆက်ဆံခံရခြင်းမရှိသကဲ့သို့၊ သိမ်ငယ်အောင်ပြုလုပ်ခံရပြီး အထင်သေးခံရသည်ဟူ၍ ပြောဆိုသည်အထိပင် ပြုလုပ်ကြသည်။ အန္တိခရစ်များသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးနောက်တွင် ၎င်းတို့ အမှန်တကယ် မှားယွင်းစွာ လုပ်ဆောင်ခဲ့သည်မှာ မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို ၎င်းတို့ ဖွင့်ပြခဲ့သည်ကိုလည်းကောင်း၊ ထိုအရေးကိစ္စတွင် စည်းမျဉ်းများကို ၎င်းတို့ ရှာဖွေခဲ့ခြင်းရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိမရှိ၊ သို့မဟုတ် ၎င်းတို့တာဝန်ကို ဖြည့်ဆည်းခဲ့ခြင်းရှိမရှိကိုလည်းကောင်း မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားကြည့်ခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ခြင်း၊ ဤအရာတစ်ခုတလေနှင့်ပတ်သက်ပြီး ဆင်ခြင်ခြင်းမရှိသကဲ့သို့ ဤပြဿနာများကိုလည်း တွေးဆခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒနှင့် စိတ်လိုက်မာန်ပါဖြစ်ခြင်းနှင့်အညီ ချဉ်းကပ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂) ဘုရားနှုတ်ကပတ်တော်ကနေ အနန္တိခရစ်တွေဟာ သမ္မာတရားကို ငြီးငွေ့ပြီး မုန်းတီးတဲ့ သူတို့ သဘာဝကြောင့် ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်မခံနိုင်ကြမှန်း နားလည်ခဲ့ရတယ်။ သူတို့က ဘုရားဆီကနေ အပြုသဘောဆောင်တာတွေ အားလုံးကို လက်မခံနိုင်ကြသလို၊ သမ္မာတရားနဲ့ ကိုက်ညီတဲ့ အကြံကို စက်ဆုပ်ကြတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး၊ အစကနေ အဆုံးထိ၊ ကျွန်မအစ်မရဲ့ အကြံအပေါ် ကျွန်မရဲ့ သဘောထားက လက်ခံဖို့ ငြင်းတာဖြစ်မှန်း တွေ့ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မစိတ်ထဲမှာ၊ “ရှင်တို့တစ်ယောက်မှ ကျွန်မတို့နဲ့ တိုက်ရိုက်အလုပ်မလုပ်ပေမဲ့ အခြေအနေကို နားမလည်ဘဲ အကြံပေးတယ်။ အဲဒါက ရှင်ဟာ ကျိုးကြောင့်မသင့်သလို၊ ကိစ္စတွေကို ခက်အောင်လုပ်နေတာပဲ”လို့ ဆုံးဖြတ်နှင့်ပြီးသား ဖြစ်ခဲ့လို့ပဲ။ ကျွန်မ ဘာကိုမှ ထုတ်မပြောခဲ့သလို၊ နာခံသယောင် အတွေးမှားပေးခဲ့ပေမဲ့၊ စိတ်ထဲမှာ၊ အကြောင်းပြချက်တွေအားလုံး စီစဉ်တကျ ချထားခဲ့တယ်။ တခြားလူတွေရဲ့ အမြင်တွေကို ငြင်းပြီး အကြံလက်ခံတာကို ငြင်းရအောင် အသုံးပြုဖို့ အသင့်ပဲ။ ကျွန်မကို ပြောခိုင်းခဲ့တာ ပြောခဲ့ပြီး လုပ်ခိုင်းတာ လုပ်ခဲ့ကြောင်းလည်း၊ ကျွန်မ ထပ်တလဲလဲ အလေးပေးပြောခဲ့တယ်။ အဲဒီလိုနဲ့ “ကျွန်မဆီက တခြားဘာကိုများ လိုချင်သေးတာလဲ။ ကိုယ့်ကိုခိုင်းတာ လုပ်ခဲ့လို့ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်နေခဲ့တာပဲလေ။ ရှင် ကျွန်မကို စွပ်စွဲလို့မရဘူး။ ထပ်စွပ်စွဲရင် ရှင်မှားတာပဲ”လို့ သွယ်ဝိုက်ရည်ညွှန်းနေခဲ့တာပဲ။ သူတို့ရဲ့ ထောက်ပြချက်တွေနဲ့ အကူအညီကို လက်ခံဖို့ ငြင်းပယ်ရာမှာ၊ ကျွန်မထုတ်ဖော်ပြခဲ့တာက သမ္မာတရားကို ငြီးငွေ့တဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားဖြစ်တယ်။ ဒီအချိန်မှာ၊ ကျွန်မကို လှုံ့ဆော်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေးမိခဲ့တယ်။ ဘုရားသခင်က ပြောသည်- “များစွာသောသူတို့သည် ၎င်းတို့ လက်မခံနိုင်သည့် သမ္မာတရားများ သို့မဟုတ် ၎င်းတို့ လက်တွေ့မကျင့်သုံးနိုင်သည့် သမ္မာတရားများသည် သမ္မာတရားများ မဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့သော လူသားများတွင်၊ ငါ၏သမ္မာတရားများသည် ငြင်းပယ်ခံရကာ ဘေးဖယ်ထားခံရသည့် အရာတစ်ခု ဖြစ်လာသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်) ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ကြောင်း၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းက လူတွေရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိကြောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ကူညီကြောင်း ကျွန်မ အခိုင်အမာ ဝန်ခံပြောဆိုခဲ့ပေမဲ့၊ တကယ်တော့၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းကို ကျွန်မ တကယ်ရင်ဆိုင်ရချိန်၊ တခြားလူတွေ ကျွန်မကို ဝေဖန်ချိန်မှာ၊ ခုခံခြင်းနဲ့ မကျေမချမ်းဖြစ်ခြင်းကို ခံစားခဲ့ရတယ်။ တစ်ယောက်ယောက်က ကျွန်မကို စွပ်စွဲရင်၊ အကြံပေးရင်၊ လက်ခံခဲ့ဘူး။ ကိုယ့်ကိစ္စကို ငြင်းခုံပြီး ကိုယ့်ကိုယ်ကိုယ် ခုခံပြောဆိုဖို့ ဆင်ခြေတွေပေးခဲ့တယ်။ ပြီးတော့ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို လုံးဝ မရှာဖွေခဲ့ဘူး။ ကိုယ်လုပ်ချင်တဲ့ ဘယ်အရာကိုမဆို လုပ်ခဲ့ပြီး၊ ကျေနပ်သလို ပြုမူခဲ့တယ်။ အသေးစိတ် စိစစ်ပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ ငြင်းခုံမှုက အပြင်ပန်းမှာ ဧဝံဂေလိ ဝန်ထမ်းကို ခုခံကာကွယ်နေတာဖြစ်ပေမဲ့ တကယ်တော့ ပိုငြင်းခုံလေ၊ ညီအစ်ကို မောင်နှမတွေဆီကနေ သိနားလည်မှုနဲ့ ကိုယ်ချင်းစာမှု ပိုရလေဖြစ်သလိုမျိုး ကိုယ့်ပုံရိပ်နဲ အဆင့်အတန်းကို ကာကွယ်နေခဲ့တာပဲ။ ဒီလိုနဲ့ဧဝံဂေလိ အလုပ်နဲ့ပတ်သက်လို့ ပြဿနာက ဘယ်လောက်ကြီးမားပါစေ၊ ကျွန်မ လုံးဝ အပြစ်တင်ခံစရာ လိုမှာမဟုတ်ဘူးလေ။ ဘယ်သူကမှ ကျွန်မကို စွပ်စွဲနိုင်မှာ မဟုတ်သလို၊ ကျွန်မပုံရိပ် လုံးဝ မထိခိုက်မနစ်နာခဲ့ဘူး။ ကျွန်မ အရမ်းလှည့်စားတတ်ခဲ့တာပဲ။ အပြင်ပန်းအားဖြင့်၊ ဒီငြင်းခုံခြင်းက ကျွန်မကိုယ်ပိုင်ပုံရိပ်ကို ကာကွယ်ပေမဲ့၊ သမ္မာတရားကို ကျွန်မ မရှာဖွေ၊ လက်မခံခဲ့လို့၊ ကျွန်မထုတ်ဖော်သမျှက ဆိုးယုတ်တဲ့ စိတ်သဘောထားဖြစ်ပြီး ကိုယ့်အကျင့်စရိုက်နဲ့ သိက္ခာ ဆုံးရှုံးခဲ့တယ်။ ဒါကို သဘောပေါက်တဲ့အခါ၊ သမ္မာတရားကို မှန်မှန်ကန်ကန် မလိုက်စားဘဲ နှစ်အတော်များများ ဘုရားအပေါ် ယုံကြည်တာကို စနောင်တရမိတယ်။ ကျွန်မ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရတိုင်းမှာ၊ ဘာကိုမှ ကျွန်မ ပြောခဲ့ပေမဲ့၊ ကျွန်မစိတ်က ငြင်းခုံတာတွေ အပြည့်ဖြစ်ခဲ့ပြီး၊ စိတ်မငြိမ်စေနိုင်ခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် မသုံးသပ်နိုင်ခဲ့ဘူး။ အကျိုးဆက်ကတော့ ဘာကိုမှ မရရှိဘဲ ကိစ္စတွေကို တွေ့ကြုံခဲ့ရတာပဲ။ ဒါကို တွေးမိရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။ ကျွန်မရဲ့ အယူအဆနဲ့ မကိုက်ညီတဲ့ အရာတွေ ဖြစ်ပျက်ခဲ့ရင် ကျွန်မ မငြင်းခုံတော့ဘူး။ အဲဒီအစား၊ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေမယ်၊ ဘုရားဆီဆုတောင်းပြီး မှန်မှန်ကန်ကန် သင်ခန်းစာယူမယ်လို့ပေါ့။ ဒါက အရေးအကြီးဆုံးပဲ။

သိပ်မကြာခင်မှာ၊ အချိန်ပိုင်း ရုပ်ရှင်အလုပ်တချို့ကို ကျွန်မ ယူခဲ့တယ်။ တစ်နေ့မှာ၊ လူသစ်က ကောလာဟလတချို့ကို ယုံပြီး၊ အဖွဲ့မှာ အတွေးမှားတွေ ဖြန့်တယ်ဆိုတဲ့ စာရခဲ့တယ်။ လှည့်ဖြားခံရတာကနေ ပိုများတဲ့ လူသစ်တွေကို တားဆီဖို့၊ သူတို့နဲ့ သမ္မာတရားကို အမြန် မိတ်သဟာယပြုပေးရမယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ၊ ရုပ်ရှင်အလုပ်နဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုကလည်း အာရုံစိုက်ပေးဖို့ လိုနေတယ်။ ကိစ္စနှစ်ခုလုံးက အရေးပေါ်ဖြစ်လို့ ဒုက္ခရောက်ခဲ့ရပေမဲ့၊ လူသစ်တွေရဲ့ ကိစ္စတွေကို တခြားတစ်ယောက်ယောက်ဆီ လက်လွှဲနှင့်ပြီးသားဖြစ်လို့ ရုပ်ရှင်ရိုက်ကူးရေးဆီ အရင်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ရုပ်ရှင်ရိုက်ကူးရေးကို ရောက်သွားတော့၊ ကျွန်မကို အချိန်ကြာစေတဲ့အရာတစ်ခု ရှိခဲ့တယ်။ အဲဒီအချိန်မှာ ခေါင်းဆောင်က ဖုန်းဆက်ပြီး ပြောတယ်။ “ကိစ္စတွေကို ဘယ်လိုဦးစားပေးရမယ်မှန်း ဘာလို့ မသိတာလဲ။ လူသစ်တွေ လှည့်ဖြားခံရတဲ့အချိန်မှာ၊ ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်လေ။ အဲဒါထက် ဘာက ပိုအရေးကြီးနိုင်မှာလဲ။ အချိန်ပိုင်း ရုပ်ရှင်အလုပ်ရှိလို့ရပါတယ်၊ ဒါပေမဲ့ အဲဒါကို ကိုယ့်ရဲ့ အဓိကအလုပ်အပေါ် ဝင်စွက်ဖက်ခွင့်ပေးလို့ မရဘူး၊ ဟုတ်ပြီနော်။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပြီး၊ ကိုယ့်အလုပ်ကို ဒီလိုသဘောထားဖို့အတွက် ရည်ရွယ်ချက်တစ်ခုခု ရှိလား ကြည့်ဖို့ လိုတယ်။ ညီမက ကိုယ့်မျက်နှာကို ကင်မရာမှာ ပြခွင့်ကို နည်းနည်း တန်ဖိုးထားလွန်းတာ ဖြစ်နိုင်တယ်”တဲ့။ ဒီလိုပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာမျိုးကို ရင်ဆိုင်ရတော့၊ ကျွန်မ ထပ်မငြင်းခုံဘဲ မနေနိုင်ခဲ့ဘူး။ “လူသစ်တွေ လှည့်ဖြားခံရတာကို ကိုင်တွယ်ဖို့ တခြားတစ်ယောက်ယောက်ကို ကျွန်မ ခိုင်းပြီးသားပဲ မဟုတ်လား။ အဆိုးဆုံးအနေနဲ့၊ ပြဿနာဖြေရှင်းတာ နည်းနည်းလေး နှောင့်နှေးရုံပဲ ရှိတာပါ၊ ဟုတ်တယ်နော်။ ဘာအရေးကြီးတယ်ဆိုတာကို ဘယ်လိုဦးစားပေးရမယ်မှန်း မသိဘူးလို့ အစ်မပြောတာကို ကျွန်မ လက်ခံနိုင်တယ် ထင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ ကြွားချင်တယ်လို့ ပြောတာတော့ လုံးဝ လက်မခံနိုင်စရာပဲ။ ပထမဦးဆုံးအနေနဲ့၊ ကျွန်မက အချိန်ပိုင်း ရုပ်ရှင်အလုပ်ကို သရုပ်ဆောင်အနေနဲ့ လုပ်နေတာ မဟုတ်ဘူး။ ဒုတိယအနေနဲ့၊ ကိုယ့်မျက်နှာကို ကင်မရာရှေ့မှာ ပြဖို့ ဆန္ဒမရှိဘူး။ ဒီတော့ ဘာလို့ အစ်မက ကျွန်မနဲ့ပတ်သက်လို့ ဒါကို ပြောနေရတာလဲ။ ဘာလို့လဲဆိုတော့ ကျွန်မ အာရုံပျက်ပြီး ကိုယ့်အလုပ်မှာ ထိရောက်မှုလျော့မှာကို အစ်မစိုးရိမ်လို့ပဲ။ အဲဒါက အစ်မရဲ့အလုပ် ရလဒ်တွေကို မြင်မကောင်းဖြစ်စေမှာမလား” လို့ပေါ့။ ဒီအရာတွေကို တွေးရင်းနဲ့၊ ကျွန်မမှားမှန်း ရုတ်တရက် သဘောပေါက်လိုက်တယ်။ စိတ်ထဲမှာ ဘယ်လိုဖြစ်ပြီး ဒါကို တခြားတစ်ယောက်ယောက်ရဲ့ အပြစ်အနေနဲ့ ကျွန်မ ပြောင်းလိုက်တာလဲ။ တခြားတစ်ယောက်ယောက်ကို တိုက်ခိုက်ဖို ကျွန်မ ဘာလို့ ထပ်တွေးနေမိတာလဲ။ ကျွန်မ ထပ်ပြီး အငြင်းအခုံသန်ဖို့ စနေတာပဲ မဟုတ်လား။ ဒီအချိန်မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေးမိတယ်။ “အကြောင်းပြချက်က မည်သည့်အရာဖြစ်နေပါစေ၊ သင်၌ ကြီးမားသော နာကြည်းချက် ရှိကောင်းရှိနေနိုင်သော်ငြားလည်း သမ္မာတရားကို လက်မခံပါက သင်ဒုက္ခရောက်ပြီဖြစ်သည်။ ဘုရားသခင်သည် အထူးသဖြင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သော ကိစ္စများတွင် သင်၏ သဘောထားကို ကြည့်သည်။ ညည်းညူခြင်းသည် သင့်အတွက် အသုံးဝင်မည်လော။ သင်၏ ညည်းညူခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာများကို ဖြေရှင်းနိုင်သလော။ သင်၏ ညည်းညူမှုက မှန်ကန်သည်ဆိုလျှင်ပင် အဘယ်အရေးနည်း။ သမ္မာတရားကို သင်ရရှိပြီးဖြစ်မည်လော။ ဘုရားသခင်သည် သူ၏ ရှေ့မှောက်တွင် သင့်ကို နှစ်သက်လက်ခံမည်လော။ ဘုရားသခင်က ‘သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူမဟုတ်။ တစ်ဖက်သို့ သွားလော့။ သင့်ကို ငါစိတ်ကုန်သည်’ ဟု ဆိုသောအခါ သင်သည် ဒုက္ခရောက်ပြီ မဟုတ်လော။ ‘သင့်ကို ငါစိတ်ကုန်သည်’ ဆိုသည့် စကားတစ်ခွန်းဖြင့် ဘုရားသခင်သည် သင့်အား လူပုဂ္ဂိုလ်တစ်ယောက်အဖြစ် ဖွင့်ပြပြီး အဓိပ္ပာယ်သတ်မှတ်ပြီး ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သမ္မာတရားကို ရရှိခြင်း၌ အခြေခံ သင်ခန်းစာတစ်ခုဖြစ်သည်) ကျွန်မ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ၊ ကျွန်မရဲ့ သဘောထားကို ဘုရားမြင်ချင်မှန်း ဘုရားနှုတ်ကပတ်တော်ကနေ နားလည်ခဲ့တယ်။ ကျွန်မ အမြဲငြင်းခုံရင်၊ တခြားလူတွေရဲ့ အပြစ်တွေရှာ၊ သမ္မာတရားကို မရှာဖွေသလို၊ ပြဿနာတွေနဲ့ပတ်သက်လို့ ပိတ်မိနေရင်၊ သင်ခန်းစာ မရခဲ့သေးဘူး။ ကျွန်မရဲ့ အကြောင်းပြချက်က ဘယ်လောက်ကောင်းပါစေ၊ကြီးကျယ်ပုံရပါစေ၊ လူတိုင်းက နားလည်ပြီး လက်ခံရင်တောင်၊ ဘာအသုံးဝင်လို့လဲ။ သမ္မာတရားကို လက်မခံရင်၊ ကျွန်မရဲ့ အသက်စိတ်သဘောထားက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါကိုတွေးရင်းနဲ့ ဘုရားရှေ့ကို ဆုတောင်းဖို့ လာပြီး၊ ကိုယ့်ကိုယ်ကိုယ်သိအောင် ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်ခဲ့တယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ၊ ကိုယ့်ကိုယ်ကိုယ် မကြာခဏ မေးမိတယ်။ “ဘာမမှန်တဲ့ ရည်ရွယ်ချက်တွေ ကျွန်မမှာ ရှိလဲ”လို့ပေါ့။ ကျွန်မသုံးသပ်ရင်းနဲ့ရုတ်တရက် တစ်ခုခုကို တွေးမိတယ်။ ကျွန်မရဲ့ အချိန်ပိုင်း ရုပ်ရှင်အလုပ်မှာ၊ အထက်အဆင့် ခေါင်းဆောင်တွေက အလုပ်အတွက် ကျွန်မကို မေတ္တာရပ်ခံကြလို့ ကျွန်မ ချက်ချင်း တက်ကြွလာခဲ့တယ်။ ရုပ်ရှင်က အထက်ခေါင်းဆောင်တွေအတွက် အရမ်းအရေးကြီးလို့ ကျွန်မ အကောင်းဆုံး လုပ်ရမယ်မှန်းသိခဲ့တယ်။ အချိန်ပိုင်းအလုပ်ဖြစ်ပေမဲ့၊ အရာရာကို စေ့စေ့စပ်စပ် စဉ်းစားပြီး ကျွန်မအကြံကို ပြည့်စုံစေချင်တယ်။ ဘာပြဿနာမှ မဖြစ်စေချင်ခဲ့ဘူး။ တစ်ခုခုမှားသွားရင်၊ ခေါင်းဆောင်တွေက ကျွန်မကို ဘယ်လိုကြည့်ကြမလဲ။ ဒီတော့ ဒီအချိန်အတောအတွင်းမှာ၊ ကျွန်မ အရမ်း စိတ်ထက်သန်ပြီး တက်ကြွခဲ့တယ်။ ကင်မရာပေါ်မှာ မပေါ်ချင်တာက ကိုယ့်မှာ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်တွေ မရှိခဲ့တဲ့ သဘောမဟုတ်ဘူး။ တကယ်တော့၊ ခေါင်းဆောင်တွေရဲ့ အရမ်းအရေးထားတာ ရဖို့နဲ့ တခြားလူတွေကို အထင်ကြီးစေဖို့ ကျွန်မ လုပ်နေခဲ့တာပဲ။ ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ လုပ်နေခဲ့တာ။ လူသစ်တွေ လှည့်ဖြားခံရတာလို အရေးကြီးတဲ့ ကိစ္စမှာ၊ ရုပ်ရှင်အလုပ်လုပ်နေတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မရဲ့ အချိန်ဇယားကို ဆွေးနွေးပြီး ပူးပေါင်းလုပ်ခဲ့သင့်တာလေ။ လူသစ်ပြဿနာကို အရင်ဆုံး ကျွန်မ အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့မှာ။ ဒါပေမဲ့ အထက်ခေါင်းဆောင်တွေက ရုပ်ရှင်ကို အာရုံစိုက်ကြပုံကို တွေးမိတော့၊ အရေးကြီးတာကို ဦးစားမပေးနိုင်ခဲ့ဘူး၊ လူသစ်တွေကို ဘေးဖယ်ပြီး ရုပ်ရှင်ရိုက်ကူးရေးကို အရင်သွားခဲ့တယ်။ ကိုယ့်တာဝန်မှာ ဘုရားရဲ့အလိုတော်ကို ကျွန်မ မထောက်ထားခဲ့တာပါ။ ကျွန်မက ကိုယ့်အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းနေတာပါ။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့တာ။ ကျွန်မ အစ်မက ကျွန်မကို မပြုပြင်၊ မကိုင်တွယ်မဖြေရှင်းခဲ့ရင်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခဲ့မိမှာ မဟုတ်သလို၊ ကိုယ့်တာဝန်ကို ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်တွေ ရောနှောနေတာကို သတိပြုမိခဲ့မှာ မဟုတ်ဘူး။ ဒါကို သဘောပေါက်လိုက်တာနဲ့၊ ကျွန်မစိတ်နှလုံးထဲက မကျေနပ်ချက်တွေ ပျောက်သွားတယ်။ ကျွန်မက ဖောက်ပြန်ပျက်စီးပြီး ရည်ရွယ်ချက်တွေ အကျည်းတန်တယ်လို့ ခံစားရတယ်။ ကျွန်မကို အရှက်ခွဲဖို့၊ အရှက်ရစေဖို့ နည်းလမ်းတစ်ခုအနေနဲ့ ဘုရားက ကျွန်မကို ပြုပြင်ကိုင်တွယ်ဖြေရှင်းဖို့ လူတွေနဲ့ ကိစ္စတွေကို သုံးခဲ့တာမဟုတ်ဘူး။ အဲဒါက ကျွန်မကို သန့်စင်စေဖို့၊ စည်းမျဉ်းနဲ့အညီ ကျွန်မတာဝန်ကို လုပ်အောင် လမ်းပြဖို့နဲ့ သမ္မာတရားရဲ့ စစ်မှန်မှုတွေထဲ ဝင်ရောက်အောင် ကူညီဖို့ပါ။ ကိုယ့်ကိုယ်ကိုယ်အတွက် ကျွန်မ မငြင်းခုံသလို နာခံပြီး ရှာဖွေနိုင်တဲ့အခါ၊ ကိုယ့်စိတ်ကူးတွေအတိုင်း ကိစ္စတွေကိုလုပ်တာ၊ အသင်းတော်အလုပ်ကို ထိခိုက်နစ်နာစေတာတွေကို ရှောင်နိုင်ဖို့ ချို့ယွင်းချက်တွေကို သဘောပေါက်အောင် ဘုရားက ဉာဏ်အလင်းပေးခဲ့တယ်။ ဒီအသိတရားရတာတွေ၊ အကျိုးတရားတွေနဲ့ ကျွန်မစိတ်နှလုံးမှာ စိတ်ဆင်းရဲတာ မခံစားရရုံမက၊ အရမ်းကျေနပ်တာကို တကယ် ခံစားခဲ့ရတယ်။ ဒါတွေက သိပ်ကောင်းတဲ့ အတွေ့အကြုံတွေပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတချို့ ရှာတွေ့ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “နာခံခြင်း သင်ခန်းစာကို သင်ယူရန် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်နည်း။ အမှန်တကယ်တွင် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်သည့် စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားကို နာခံနေသော လူတို့အတွက် အကြီးဆုံးသော အဟန့်အတားဖြစ်သည်။ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်သည်ဟုယူမှတ်သော စိတ်သဘောထားရှိသည့် လူတို့သည် ကျိုးကြောင်းစဉ်းစားခြင်းနှင့် မနာခံခြင်းကို လုပ်ဆောင်လေ့ အရှိဆုံးဖြစ်သည်။ ၎င်းတို့က မှန်ကန်သည်ဟု အစဉ်ထင်သည်။ ထို့ကြောင့် မိမိ၏ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်သော စိတ်သဘောထားကို ကိုင်တွယ်ဖြေရှင်းခြင်းထက်ပို၍ အရေးတကြီးဖြစ်သောအရာ မရှိပေ။ လူတို့က ကျိုးနွံနာခံလာပြီး မိမိတို့၏ ကိုယ်ပိုင် ကျိုးကြောင်းစဉ်းစားခြင်းကို လုပ်ဆောင်ခြင်း မရှိတော့သည်နှင့် ပုန်ကန်လိုခြင်း ပြဿနာသည် ပြေလည်သွားလိမ့်မည်ဖြစ်ပြီး နာခံနိုင်စွမ်းရှိလိမ့်မည်။ လူတို့သည် နာခံခြင်းရှိနိုင်ဖို့ဆိုလျှင် ဆင်ခြင်တုံတရား အဆင့်တစ်ခုခုကို ပိုင်ဆိုင်ဖို့ လိုအပ်သလော။ ၎င်းတို့သည် သာမန်လူတစ်ယောက်၏ အသိစိတ်ကို ပိုင်ဆိုင်ရမည်။ ဥပမာအားဖြင့် ကိစ္စတစ်ခုခုတွင် ကျွန်ုပ်တို့သည် မှန်ကန်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်က မကျေနပ်လျှင် ဘုရားသခင်ပြောသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာရာတိုင်းတွင် စံနှုန်းဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းသင့်သလော။ ဤသည်မှာ လူတို့တွင် ဦးဆုံး တွေ့ရှိသင့်သည့် အသိစိတ်ဖြစ်သည်။ ကျွန်ုပ်တို့သည် မည်မျှ ဒုက္ခခံသည်ဖြစ်စေ၊ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များ၊ အကြောင်းပြချက်များသည် မည်သို့ဖြစ်စေ ဘုရားသခင်က မကျေနပ်လျှင်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မညီလျှင် ကျွန်ုပ်တို့၏ လုပ်ရပ်များသည် သေချာပေါက် သမ္မာတရားနှင့် မကိုက်ညီပေ။ ထို့ကြောင့် ဘုရားသခင်ကို နားထောင်ပြီး နာခံရမည်။ ဘုရားသခင်အား ကျိုးကြောင်းပြ မငြင်းခုံသင့်ပေ၊ သို့မဟုတ် ရှာကြံအကြောင်းမပြသင့်ပေ။ ဤသို့သော ဆင်ခြင်တုံတရားကို သင်ပိုင်ဆိုင်သောအခါ၊ ပုံမှန်လူတစ်ယောက်၏ အသိစိတ်ကို ပိုင်ဆိုင်သောအခါ သင်၏ ပြဿနာများကို ဖြေရှင်းရန် လွယ်ကူသည်။ သင်သည် အမှန်ပင် နာခံလိမ့်မည်။ သင်သည် မည်သည့်အခြေအနေတွင်ရှိသည်ဖြစ်စေ မနာခံခြင်းရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ သတ်မှတ်ချက်များကို အာခံမည်မဟုတ်ပေ။ ဘုရားသခင်တောင်းဆိုသောအရာသည် မှန်ကန်သလော၊ မမှန်ကန်သလော၊ ကောင်းသလော၊ ဆိုးသလောဆိုသည်ကို စစ်ဆေးမည်မဟုတ်ပေ။ သင်သည် နာခံနိုင်လိမ့်မည်။ ဤနည်းအားဖြင့် သင်၏ ကျိုးကြောင်းစဉ်းစားသည့်၊ ခေါင်းမာသည့်၊ ပုန်ကန်တတ်သည့် အခြေအနေကို ဖြေရှင်းလိမ့်မည်။ လူတိုင်းသည် ၎င်းတို့အတွင်းတွင် ဤပုန်ကန်သော အခြေအနေများရှိသလော။ ဤအခြေအနေများသည် လူတို့တွင် မကြာခဏပေါ်ပေါက်သည်။ ၎င်းတို့က မိမိတို့ဘာသာ စဉ်းစားသည်။ ‘ငါ၏ ချဉ်းကပ်မှု၊ အဆိုပြုချက်များနှင့် အကြံပြုချက်များက သင့်တော်နေသရွေ့ သမ္မာတရား စည်းမျဉ်းများကို ငါချိုးဖောက်လျှင်ပင် ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်း မရှိသင့်ပေ။ မကောင်းမှုကို ငါမကျူးလွန်ထားသောကြောင့် ဖြစ်သည်။’ ဤသည်မှာ လူတို့တွင် အတွေ့ရများသော အခြေအနေဖြစ်သည်။ ၎င်းတို့၏ အမြင်မှာ ၎င်းတို့က မကောင်းမှုကို မကျူးလွန်ထားလျှင် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို မခံရသင့်၊ မကောင်းမှု ကျူးလွန်သူများသာ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသင့်သည်ဟူ၍ ဖြစ်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လုံးဝ မမှန်ကန်ပေ။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် အဓိကအားဖြင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ရည်ရွယ်ခြင်း ဖြစ်သည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိလျှင် ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသင့်သည်။ မကောင်းမှုကို ၎င်းတို့ကျူးလွန်ပြီးသည့်အခါမှသာ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရလျှင် အလွန်နောက်ကျသွားလိမ့်မည်။ ပြဿနာက တက်ပြီးသွားမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်၏ စိတ်သဘောထားက ပုန်ကန်ပြစ်မှားခြင်းခံရလျှင် သင်ဒုက္ခရောက်တော့မည် ဖြစ်သည်။ ဘုရားသခင်က သင့်အထဲ၌ အလုပ်လုပ်ခြင်းကို ရပ်တန့်နိုင်သည်။ ဤသို့ဖြစ်ပါက သင့်ကို ကိုင်တွယ်ဖြေရှင်းလျှင်လည်း အဘယ်အကျိုးရှိမည်နည်း။ သင့်ကို ဖော်ထုတ်ပြီး စွန့်ပစ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ဘုရားသခင်အား မနာခံအောင် လူတို့ကို တားဆီးနေသော အဓိကအခက်အခဲမှာ ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ လူတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အမှန်တကယ် လက်ခံနိုင်လျှင် ၎င်းတို့ကိုယ်တိုင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ထိရောက်စွာ ဖြေရှင်းနိုင်လိမ့်မည်။ မည်သည့်အတိုင်းအတာအထိ ၎င်းတို့ဖြေရှင်းနိုင်သည်ဖြစ်စေ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်အား နာခံခြင်းအတွက် အကျိုးရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်ကို ချင့်ချိန်စဉ်းစားပြီးတဲ့နောက်၊ အငြင်းခုံသန်ပြီး ပုန်ကန်တတ်တဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ အဓိကအချက်က နာခံတဲ့ သဘောထား ရှိဖို့ဖြစ်မှန်း နားလည်သွားတယ်။ ကိုယ့်အကြောင်းပြချက်တွေက ဘယ်လောက်ပဲကောင်းနေပါစေ၊ သမ္မာတရားနဲ့ မကိုက်ညီရင်၊ တစ်ယောက်ယောက်က ကန့်ကွက်ချက် တင်ပြရင်၊ အရင်ဆုံး လက်ခံသင့်တယ်၊ သမ္မာတရား ရှာဖွေသင့်တယ်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး နားလည်သင့်တယ်။ ဒါက ကိုယ်ပိုင်ဆိုင်သင့်တဲ့ ဆင်ခြင်တုံတရားအပြင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပဲ။ အငြင်းသန်တဲ့ လူတွေက သမ္မာတရားကို မရှာဖွေ၊ လက်မခံကြသလို၊ နာခံတဲ့သဘောထား ကင်းမဲ့ကြတယ်။ ဒါကြောင့် ကိစ္စတွေ ဘယ်လောက်များများ သူတို့ တွေ့ကြုံပါစေ၊ အသက်တာမှာ လုံးဝ ကြီးထွားကြမှာ မဟုတ်ဘူး။ ဘုရားကိုနာခံခြင်း၊ သမ္မာတရားကို လက်ခံခြင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခြင်းအားဖြင့်ပဲ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ပြောင်းလဲနိုင်တယ်။ ဘုရားကို ယုံကြည်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ၊ ကျွန်မ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရတဲ့ အခါတိုင်းမှာ ပုံမှန်အားဖြင့် စိတ်နှလုံးမှာ ခုခံမှု ခံစားရပြီး အမြဲ ငြင်းခုံချင်ခဲ့တယ်။ သမ္မာတရားရဖို့ အခွင့်အရေးတွေ အများကြီး လွဲချော်ခဲ့ရတယ်။ ဒီလိုယုံကြည်ရင်းနဲ့ နောက်ထပ် အနှစ်နှစ်ဆယ် ယုံချင်ယုံလို့ရပေမဲ့၊ ဘာကို ကျွန်မ ရမှာလဲ။ ဒါကို သဘောပေါက်တဲ့အခါ အခုကစပြီး၊ ကျွန်မ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ၊ ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား ခံစားရပါစေ၊ နာခံပြီး သင်ခန်းစာတွေ ယူမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။ သမ္မာတရားရပြီး ပြောင်းလဲဖို့ အခွင့်အရေးတွေရှိလို့ အဲဒါတွေကို ကျွန်မ မြတ်နိုးသင့်တယ်၊ ပြီးတော့ သမ္မာတရားကို လက်ခံပြီး ဘုရားကို နာခံတဲ့လူဖြစ်ဖို့ ကြိုးပမ်းသင့်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏အထင်လွဲခြင်းများနှင့် သတိထားခြင်းတို့အားဖြင့် ဘေးဖြစ်ခြင်း

ဆူရှင်း တရုတ်နိုင်ငံများမကြာမီအချိန်က ကျွန်မ၏ အသင်းတော်ခေါင်းဆောင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့ကျသော အလုပ်ကို မလုပ်သောကြောင့်...

ဧဝံဂေလိကို ကောင်းစွာ ဟောပြောရာတွင် တာဝန်ယူမှုသည် အဓိကကျ၏

မာရီ အိုင်ဗရီကို့စ်နိုင်ငံ အစ်မက ကိုယ့်တာဝန်တွေကို အလေးအနက် မထားဘဲ၊ တော်တော်ကို ပေါ့လျော့ခဲ့ဖူးတယ်။ များသောအားဖြင့် ပေါ့ပေါ့တန်တန်ပဲ...

မာနထောင်လွှားသော စိတ်သဘောထား၏ အကျိုးဆက်များ

ဘားနဒ် ဖိလစ်ပိုင်နိုင်ငံ ၂၀၀၆ ခုနှစ်မှာ ကျွန်တော်က အထက်တန်းကျောင်းသားပဲ ရှိသေးတယ်။ ကျွန်တော်တို့ သမ္မာကျမ်းစာ သင်ရမယ့်အချိန်ဆို၊ အဖွင့်စကား...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
​ဘောင်အပြည့်ချဲ့ကြည့်မည်
​ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်