မိခင်ကွယ်လွန်ခြင်းအရိပ်အောက်မှ လွတ်မြောက်ခြင်း
၂၀၁၂ခုနှစ်မှာ ကျွန်မတာဝန်ကိုလုပ်တဲ့အတွက် ကျွန်မက ရဲတွေဖမ်းတာခံခဲ့ရပြီး ထောင်ငါးနှစ်ချခံခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်မအမေက အသက် ၆၀ ကျော်နေပြီ။ သူက ကိုယ်တစ်ခြမ်းလေဖြတ်တဲ့ရောဂါ ခံစားနေခဲ့ရပေမဲ့ ထောင်ထဲက ကျွန်မဆီကို လာတွေ့နေတုန်းပဲ။ ကျွန်မအမေက ဟိုဟိုဒီဒီ သွားဖို့ မလွယ်တော့တာ၊ ကောင်းကောင်းမရပ်နိုင်တာကို မြင်တော့၊ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်ခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ သူက ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့တာဖြစ်ပြီး၊ ကျွန်မရဲ့ သားသမီးဝတ်ကျေပွန်တဲ့ စောင့်ရှောက်မှုကို သူ မခံစားခဲ့ရရုံမက၊ သူ့ရဲ့အိုမင်းတဲ့ အသက်အရွယ်မှာ ကျွန်မနဲ့ပတ်သက်လို့ စိုးရိမ်နေရတုန်းပဲ။ ကျွန်မထောင်ကထွက်တော့၊ ရဲတွေက ကျွန်မ ထောင်ကျနေတုန်းမှာ ကျွန်မအကြောင်းကို မေးဖို့ အိမ်ကို လာခဲ့ကြတာ သိလိုက်ရတယ်။ သူတို့က ကျွန်မအမေကို မှတ်တမ်းတင်ပြီး ခြိမ်းခြောက်ခဲ့ကြတယ်။ သူ ကြောက်လန့်ပြီး သူ့ရဲ့ကျန်းမာရေးအခြေအနေက ပိုဆိုးသွားခဲ့တယ်။ ကျွန်မသူ့ကို တကယ် အကြွေးတင်တယ်လို့ ခံစားရပြီး၊ တွေးမိတယ်။ “အခုကစပြီး၊ ငါ့အမေကို ငါ ကောင်းကောင်း ဂရုစိုက်ရမယ်၊ သူ ခံစားရတာ နည်းအောင် ကူညီပေးရမယ်”လို့ပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ ဆန္ဒမပြည့်ခဲ့ဘူး။ ရဲတွေက ကျွန်မကို မရပ်မနား စုံစမ်းစစ်ဆေးပြီး စောင့်ကြည့်နေတုန်းပဲဖြစ်သလို၊ ကျွန်မရဲ့ ကိုယ်ပိုင် လုံခြုံဘေးကင်းမှုအတွက်၊ ကျွန်မတာဝန်ကိုလုပ်ဖို့ အိမ်ကထွက်ဖို့ဖြစ်လာခဲ့တယ်။
နှစ်နှစ်ကြာပြီးတဲ့နောက်မှာ၊ ကျွန်မအမေက ကျွန်မညီမရဲ့အိမ်မှာနေတယ်လို့ ကြားရတယ်။ ဒါကြောင့် သူ့ဆီ ကျွန်မ လျှို့ဝှက်ပြီး သွားတွေ့ခဲ့တယ်။ ကျွန်မအမေရဲ့ အမြင်အာရုံက ပိုဆိုးသွားခဲ့ပြီး၊ သူ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ သူက ဝါးတုတ်တစ်ချောင်းကို မှီပြီး ထော့နင်းထော့နင်းနဲ့ သွားရတယ်။ သူ့အတွက် လှုပ်ဖို့က လုံးဝ ခက်သလို၊ စကားပြောဖို့လည်း အခက်တွေ့တယ်။ သူ့ကို အဲဒီလိုမြင်ရတာ အရမ်းခက်ခဲတယ်။ အထူးသဖြင့် သူက “သမီး နောက်တစ်ခါ ဘယ်အချိန် ပြန်လာမှာလဲ”လို့ မေးတဲ့အချိန်မှာပေါ့။ ဘယ်လို ဖြေရမလဲ ကျွန်မ မသိခဲ့ဘူး။ ရဲတွေက ကျွန်မကို ရှာနေကြတုန်းပဲဖြစ်လို့၊ ဒီတစ်ခါ ကျွန်မ စွန့်စားပြီး လာတွေ့ခဲ့ရတာလေ။ ကျွန်မ ထွက်သွားရင်၊ ဘယ်ချိန် ပြန်လာမလဲ မသိဘူး။ ကျွန်မအမေက ကျွန်မကို ကြည့်ပြီး အဖြေကို စောင့်နေတယ်။ ဒါပေမဲ့ ကျွန်မ မသိလို့ သူ့ ပခုံးကိုပဲ ပွတ်သပ်ပြီး နှုတ်ဆိတ်နေမိတယ်။ ကျွန်မ ထွက်သွားတဲ့နောက်မှာ၊ ကျွန်မအမေရဲ့ မေးခွန်းက နားထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်။ အဲဒီအကြောင်းကိုတွေးလေ၊ ခံစားရတာ ပိုဆိုးလေပဲ။ သူ့ကို ရိုးရှင်းတဲ့ ကတိတစ်ခုတောင် ကျွန်မ မပေးနိုင်ခဲ့သလို၊ သူ့အပေါ် ပျက်ကွက်မိပြီလို့ ခံစားခဲ့ရတယ်။ သိပ်မကြာဘူး၊ ကျွန်မညီမ အဖမ်းခံရတာကို ကြားရတယ်။ သူ့အိမ်ကို ကျွန်မလည်း မသွားရဲတော့ဘူး။ ကျွန်မနှလုံးကို ဓားနဲ့အမွှန်းခံရသလို ခံစားရတယ်။ ကျွန်မအမေက အရမ်းအသက်ကြီးနေပြီ၊ အိပ်ရာထဲလှဲပြီး မလှုပ်နိုင်တော့ဘူး။ အချိန်မရွေး ဆုံးသွားနိုင်တယ်။ သူ့သမီးအနေနဲ့၊ သူ့အတွက် ကျွန်မတာဝန်ကို ဖြည့်ဆည်းဖို့ အခွင့်အရေးလေးတစ်ခုတောင် မရှိခဲ့ဘူး။ သိပ်မကြာခင်မှာ၊ ကိုရိုနာရောဂါပိုး ရုတ်တရက် ဖြစ်ပြီး နေရာတကာမှာ လူတွေ သေကြတယ်။ “ငါ့အမေက ရောဂါပိုးများ ရသွားမလား။ ဒီကပ်ဘေးကို သူ ရှောင်နိုင်ပါ့မလား။ သူသေသွားရင် သူ့ကို နောက်ဆုံးအကြိမ်အနေနဲ့တောင် တွေ့ရမှာ မဟုတ်ဘူး”လို့ တွေးရင်းနဲ့ ကျွန်မ စပြီး မစိုးရိမ်ဘဲမနေနိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ၊ ကျွန်မ မိသားစုကို ဆက်သွယ်လို့ရမဲ့ နည်းလမ်းတစ်ခု ကျွန်မ ရှာတွေ့ခဲ့တယ်။ ပြီးခဲ့တဲ့ တစ်လနီးပါးက ကျွန်မ အမေ ဆုံးပါးသွားခဲ့ပြီဖြစ်မှန်း ကျွန်မသိလိုက်ရတယ်။ ဒီသတင်းကိုကြားတော့၊ ကျွန်မက ငေးကြောင်ကြောင်နဲ့ မျက်ရည်တွေကို ကြိုးစားထိန်းပြီး ထိုင်ခုံမှာ ထိုင်နေမိတယ်။ ကျွန်မအမေကို သူမဆုံးခင်မှာ ကျွန်မ နောက်ဆုံးတစ်ကြိမ်မတွေ့ခဲ့ရဘူး။ ကျွန်မမှာ အသိစိတ်မရှိဘူးလို့များ သူ ထင်သွားပြီလား။ ကျွန်မ ရက်စက်တယ်လို့ သူ ပြောများပြောခဲ့ပြီလား။ ကျွန်မ ပြန်ရောက်တော့၊ ချုံးပွဲချ ငိုမိတယ်။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့ပေမဲ့၊ သူ အသက်ရှင်ချိန်မှာ၊ သူ့ကို ကျွန်မ မစောင့်ရှောက်နိုင်ခဲ့သလို၊ သူသေတော့လည်း၊ နောက်ဆုံးတစ်ကြိမ်အနေနဲ့ ကျွန်မ သွားမတွေ့နိုင်ခဲ့ဘူး။ ကျွန်မရဲ့ အသိစိတ်က ကျွန်မကို ဖိစီးနေခဲ့သလို၊ အပြစ်ရှိတဲ့စိတ်က ကျွန်မကို လွှမ်းမိုးသွားခဲ့တယ်။ အဲဒီအချိန် အတောအတွင်းမှာ၊ သက်ကြီးရွယ်အိုတွေက ဘေးမှာ သူတို့ကို စောင့်ရှောက်ပေးနေတဲ့ သားသမီးတွေနဲ့ သူတို့အိမ်ရှေ့မှာ နေပူဆာလှုံနေကြတာကို ကျွန်မ မြင်ရတယ်။ ကျွန်မ တွေးမိတယ်။ “ငါ့အမေက သူ့အိမ်ရှေ့ နေရောင်အောက်မှာ ထိုင်ခဲ့တုန်းက သူ့ကို ငါ အဖော်ပြုမပေးခဲ့ဘူး။ သူ့လက်သည်းတွေကို ညှိပေးတာ၊ ဆံပင်ညှပ်ပေးတာတွေ ငါ မလုပ်ပေးခဲ့ဘူး”လို့ပေါ့။ ကျွန်မကို ဧည့်ခံပေးတဲ့ အိမ်ရှင်မိသားစုမှာရှိတဲ့ ညီအစ်မက စားကောင်းဖွယ်ရာ ချက်ပေးတဲ့အခါ၊ ကျွန်မက “ငါ့အမေအတွက် ဒီလိုအစားအစာကို ငါ မချက်ပေးနိုင်ခဲ့ဘူး။ ပြီးတော့ နောက်ထပ် ငါ အခွင့်အရေးရတော့မှာ မဟုတ်ဘူး” လို့လည်း တွေးမိတယ်။ နွေဦးရာသီ ပွဲတော်အတွင်းမှာ၊ လူတိုင်း လမ်းပေါ်မှာ သူတို့ဇာတိမြို့တွေဆီ ကတိုက်ကရိုက် ပြန်နေကြတာကို တွေ့ရတယ်။ သူတို့ထဲက တချို့က အဖိုးအဖွားတွေဆီ သွားလည်ဖို့ သူတို့ကလေးတွေနဲ့ သူတို့ရဲ့ ဇာတိမြို့ကို ကားမောင်းပြန်ကြတယ်။ ကျွန်မအမေကို ကျွန်မ အဖော်ပြုမပေးတာ နှစ်ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာကို ကျွန်မ ရေတွက်မိတယ်။ အဲဒီအတောအတွင်းမှာ၊ ကျွန်မက နုံးချည့်ပြီး မရေမရာဖြစ်နေခဲ့တယ်။ ကိုယ့်တာဝန်ကို လုပ်နေခဲ့ပေမဲ့၊ အားတဲ့အချိန်တိုင်းမှာ၊ ကျွန်မအမေအကြောင်း စဉ်းစားပြီး သူ့ကို အကြွေးတင်တဲ့စိတ် ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တဲ့အခါ စိတ်က မငြိမ်သလို၊ အမြဲပဲ အိပ်ချင်နေခဲ့တယ်။ ကျွန်မတာဝန်မှာလည်း ဝတ်ကျေတမ်းကျေနဲ့ ဖြစ်သလို စလုပ်လာတယ်။ ကျွန်မနဲ့ တွဲလုပ်ရတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မ စကားမပြောချင်ခဲ့ဘူး။ အတတ်ပညာနဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကို ကျွန်မတို့ အတူလေ့လာချိန်မှာ၊ ကျွန်မ စိတ်က တခြားရောက်နေခဲ့တယ်။ ခေါင်းဆောင်က အလုပ်အကြောင်း လာမေးတဲ့အခါ၊ ကျွန်မ ပြန်တောင်မဖြေချင်ခဲ့သလို၊ ပြန်ဖြေရင်တောင်၊ ဝတ်ကျေတမ်းကျေ စကားနည်းနည်းပဲ ပြောခဲ့တယ်။ ကျွန်မတာဝန်ကို ကျွန်မ သိပ်အလေးမထားခဲ့ဘူး။ ဆုတ်ယုတ်မှုမှာ သာယာပြီး ကိုယ့်တာဝန်မှာ ဘာရလဒ်မှ မရခဲ့ဘူး။ ကျွန်မရဲ့ အချိန်ရှိသမျှကို ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး မကုန်ဆုံးချင်ဘဲ ကျွန်မတာဝန်အပြင် အလုပ်တစ်ခုကိုတောင် ကျွန်မ ရချင်ခဲ့တယ်။
နောက်ပိုင်းမှာ၊ ဒီလို ဆက်ဖြစ်နေတာက ကျွန်မအတွက် အန္တရာယ်ရှိမှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မ အမြန်ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်။ “သင့်မိဘများက ဖျားနာခြင်းသည်ပင် သင့်အတွက် အလွန်ပင် အံ့အားသင့်ဖွယ်ရာတစ်ခု ဖြစ်နေပြီ ဖြစ်လိမ့်မည်။ ထို့ကြောင့် သင့်မိဘများ ကွယ်လွန်ခြင်းသည် ပို၍ပင် ကြီးမားသော အံ့အားသင့်မှု ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဤသို့ မဖြစ်ပျက်မီတွင် သင့်တာဝန်ထမ်းဆောင်ခြင်း၊ သို့မဟုတ် သင်လျှောက်သည့် လမ်းကြောင်းကို မထိခိုက်ရန်၊ ကြားဝင်မစွက်ဖက်ရန်၊ သို့မဟုတ် သက်ရောက်မှု မရှိရန်အတွက် သင့်အပေါ်တွင် ကျရောက်မည်ဖြစ်သော မျှော်လင့်မထားသည့် ထိတ်လန့်တုန်လှုပ်မှုကို သင်မည်သို့ ဖြေရှင်းသင့်သနည်း။ ဦးစွာ သေခြင်းက အတိအကျ မည်သည့်အရာဖြစ်သည်၊ ကွယ်လွန်ခြင်းက အတိအကျမည်သည့်အရာ ဖြစ်သည်ကို ကြည့်ကြစို့။ ယင်းမှာ လူတစ်ယောက်က ဤကမ္ဘာမှ ထွက်ခွာခြင်းကို ဆိုလိုသည်မဟုတ်လော။ (ဟုတ်ပါသည်။) ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုတစ်ခုရှိသော လူတစ်ယောက်ပိုင်ဆိုင်သည့် အသက်သည် လူသားက မြင်နိုင်သော ရုပ်ဝတ္ထုဆိုင်ရာကမ္ဘာမှ ဖယ်ရှားခြင်းခံရပြီး ပျောက်ကွယ်သွားသည်ကို ဆိုလိုသည်။ ထို့နောက်တွင် ထိုလူသည် အခြားကမ္ဘာတစ်ခုတွင်၊ အခြားပုံစံဖြင့် ဆက်လက်၍ အသက်ရှင်သည်။ သင့်မိဘများ၏ အသက် ထွက်ခွာခြင်းက ဤကမ္ဘာတွင် ၎င်းတို့နှင့်ရှိသော သင်၏ ဆက်ဆံရေးသည် ပပျောက်သွားသည်၊ ပျောက်ကွယ်သွားသည်၊ ပြီးလျှင် အဆုံးသတ်သွားသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အခြားကမ္ဘာတစ်ခုတွင်၊ အခြားသောပုံစံဖြင့် အသက်ရှင်နေကြသည်။ ထိုအခြားကမ္ဘာ၌ ၎င်းတို့၏ ဘဝများက မည်သို့ရှိမည်၊ ၎င်းတို့က ဤကမ္ဘာသို့ ပြန်လာခြင်း၊ သင့်အား နောက်တစ်ဖန် တွေ့ဆုံခြင်းရှိမရှိ၊ သို့မဟုတ် သင်နှင့် သွေးသားတော်စပ်မှု၊ သို့မဟုတ် စိတ်ခံစားချက်ပိုင်းဆိုင်ရာ နှောင်ဖွဲ့မှုတစ်ခုခု ရှိမရှိတို့အတွက်မူ ဘုရားသခင်က ကြိုတင်စီမံပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ အနှစ်ချုပ်လျှင် ၎င်းတို့ ကွယ်လွန်ခြင်းသည် ဤကမ္ဘာတွင် ၎င်းတို့၏ တာဝန် ပြီးဆုံးပြီဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဇာတ်သိမ်းသွားပြီဟု ဆိုလိုသည်။ ဤဘဝနှင့် ဤကမ္ဘာတွင် ၎င်းတို့၏ တာဝန်သည် ပြီးဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးသည်လည်း ပြီးဆုံးသွားသည်။...သင့်မိဘများ ကွယ်လွန်ခြင်းသည် ဤကမ္ဘာတွင် ၎င်းတို့နှင့်ပတ်သက်ပြီး သင် ကြားသိရသော နောက်ဆုံးသတင်း၊ ၎င်းတို့ဘဝတွင် ၎င်းတို့ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့အပေါ် ၎င်းတို့၏ အတွေ့အကြုံများနှင့်ပတ်သက်လျှင် သင်မြင်ရသော၊ သို့မဟုတ် ကြားရသော နောက်ဆုံး အကျပ်အတည်းများသာ ဖြစ်လိမ့်မည်။ ဤမျှသာ ဖြစ်သည်။ ၎င်းတို့၏ သေဆုံးခြင်းက သင့်ထံမှ မည်သည့်အရာကိုမျှ ယူဆောင်သွားမည်မဟုတ်၊ သို့မဟုတ် သင့်အား မည်သည့်အရာကိုမျှ ပေးမည်မဟုတ်။ ၎င်းတို့သည် ရိုးရှင်းစွာပင် သေဆုံးသွားခဲ့ပြီးဖြစ်လိမ့်မည်။ လူတို့အနေဖြင့် ၎င်းတို့၏ ခရီးသည် အဆုံးသတ်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့ ကွယ်လွန်ခြင်းနှင့်ပတ်သက်လျှင် မတော်တဆ သေဆုံးခြင်းဖြစ်စေ၊ ပုံမှန်သေဆုံးခြင်းဖြစ်စေ၊ နာမကျန်းဖြစ်ပြီး သေဆုံးခြင်းဖြစ်စေ စသည်တို့သည် အရေးမပါပေ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုများကြောင့် မည်သူ၊ သို့မဟုတ် မည်သည့်အင်အားစုကမျှ ၎င်းတို့အသက်ကို မနုတ်ယူနိုင်ပေ။ ၎င်းတို့ ကွယ်လွန်ခြင်းသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ဘဝများ အဆုံးသတ်ခြင်းကိုသာ ဆိုလိုသည်။ သင်သည် ၎င်းတို့ကို သတိရလျှင်၊ ၎င်းတို့ကို တောင့်တလျှင်၊ သို့မဟုတ် သင့်ခံစားချက်များကြောင့် သင့်ကိုယ်သင် ရှက်ရွံ့လျှင် ဤသို့သော မည်သည့်အရာကိုမျှ သင်မခံစားသင့်ပေ။ ပြီးလျှင် ၎င်းတို့ကို ခံစားရန် မလိုအပ်ပေ။ သင့်မိဘများသည် ဤကမ္ဘာလောကမှ ထွက်ခွာပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အား သတိရခြင်းသည် မလိုအပ်သည်မှာ မဟုတ်လော။ သင်က ‘ဤနှစ်များတစ်လျှောက်တွင် ငါ့မိဘများက ငါ့ကို သတိရခဲ့သလော။ ငါက နှစ်များစွာကြာမြင့်အောင် သူတို့အနားတွင် မရှိဘဲ သားသမီးဝတ် မကျေပွန်ခဲ့သောကြောင့် သူတို့ မည်မျှပိုပြီး ဒုက္ခခံခဲ့ရသနည်း။ ဤနှစ်များတစ်လျှောက်တွင် ငါက သူတို့နှင့်အတူ သုံးလေးရက်လောက် နေနိုင်ဖို့ အမြဲတမ်း ဆန္ဒရှိခဲ့သည်။ သူတို့ ကွယ်လွန်သည်မှာ အလွန်မြန်မည်ဟု ငါ လုံးဝ မမျှော်လင့်ခဲ့ပါ။ ငါ ဝမ်းနည်းပြီး အပြစ်ရှိသလို ခံစားရသည်’ ဟု တွေးလျှင် သင် ဤသို့ တွေးသည်မှာ မလိုအပ်ပေ။ ၎င်းတို့၏ သေခြင်းသည် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ၎င်းတို့သည် အဘယ်ကြောင့် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသနည်း။ အဘယ်ကြောင့်ဆိုသော် သင်က ၎င်းတို့အပေါ် သားသမီးဝတ် ကျေပွန်လျှင်ပင်၊ သို့မဟုတ် အဖော်ပြုပေးလျှင်ပင် ဤသည်မှာ ဘုရားသခင်က သင့်အားပေးသော တာဝန်၊ သို့မဟုတ် အလုပ်မဟုတ်သောကြောင့် ဖြစ်သည်။ သင့်မိဘများသည် သင့်ထံမှ ကောင်းသောကံမည်မျှနှင့် ဒုက္ခမည်မျှအား ကြုံရမည်ကို ဘုရားသခင်က စီမံပြီး ဖြစ်သည်။ သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ သင်က ၎င်းတို့နှင့်အတူရှိသောကြောင့် ၎င်းတို့က ပို၍ ကြာရှည်စွာ အသက်ရှင်မည်မဟုတ်ပေ။ ပြီးလျှင် သင်က ၎င်းတို့နှင့် ဝေးနေပြီး ၎င်းတို့နှင့် မကြာခဏ အတူမရှိနိုင်သောကြောင့် ၎င်းတို့က ပို၍ တိုတောင်းသောဘဝကို နေထိုင်ရမည်မဟုတ်ပေ။ ၎င်းတို့ အသက်မည်မျှရှင်မည်ကို ဘုရားသခင်က စီမံပြီး ဖြစ်ကာ သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် သင်သည် သင့်ဘဝသက်တမ်းအတွင်းတွင် သင့်မိဘများ ကွယ်လွန်သွားသည်ဆိုသည့် သတင်းကို ကြားရလျှင် အပြစ်ရှိသည်ဟု ခံစားရန် မလိုအပ်ပေ။ သင်သည် ဤအမှုကိစ္စကို မှန်ကန်သောနည်းလမ်းဖြင့် ချဉ်းကပ်ပြီး လက်ခံသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်တဲ့အခါ ကျွန်မ အရမ်းတို့ထိခံရတယ်။ အထူးသဖြင့် ဒါကို ဖတ်ရတဲ့အခါမှာပေါ့။ “သင့်မိဘများသည် သင့်ထံမှ ကောင်းသောကံမည်မျှနှင့် ဒုက္ခမည်မျှအား ကြုံရမည်ကို ဘုရားသခင်က စီမံပြီး ဖြစ်သည်။ သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။” ကျွန်မအမေက သူ့ဘဝမှာ ဘာဒုက္ခဆင်းရဲပဲ ခါးစီးခံခဲ့ရပါစေ၊ နောက်ဆုံးမှာ သူ ဘယ်လိုပဲ ဆုံးပါးသွားခဲ့ပါစေ၊ အားလုံးကို ဘုရားက စီမံထားခဲ့တာပါ။ ကျွန်မ အနီးမှာရှိနေခဲ့ပြီး သူ့ကို သူ့နေ့စဉ်ဘဝမှာ စောင့်ရှောက်နေခဲ့ရင်တောင်၊ သူ့ကို အသက်ဆက်ရှင်စေဖို့ မပြောနဲ့၊ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါကိုတောင် လုံးဝ သက်သာအောင် ကျွန်မ ကူညီနိုင်ခဲ့မှာ မဟုတ်ဘူး။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ သေခြင်းတွေက လူအတွက် ဘုရားစီမံထားတဲ့ ဖြစ်တည်မှု နိယာမတွေပဲ။ လူတိုင်း အဲဒါတွေကို ရင်ဆိုင်ရမှာဖြစ်ပြီး ဘယ်သူကမှ မချိုးဖျက်နိုင်ဘူး။ အပြစ်ရှိတဲ့စိတ် အခြေအနေတစ်ခုမှာ ကျွန်မ အသက်မရှင်သင့်မှန်း သိခဲ့တယ်။ ဆင်ခြင်တုံတရားရှိတဲ့ သဘောထားကို ကျွန်မ ဆက်ထိန်းသင့်တယ်၊ ပြီးတော့ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို လက်ခံပြီး၊ ကျိုးနွံနာခံသင့်တယ်။ ကျွန်မအမေက အရမ်းအသက်ကြီးနေပြီဖြစ်ပြီး သူသေဆုံးတာက ပုံမှန်သေဆုံးတာပါ။ သူ့ရဲ့ သေခြင်းက ဒီလောကမှာ သူ့ရဲ့ဘဝပေးတာဝန် ပြီးသွားပြီ ဆိုတဲ့သဘောပါပဲ။ သူက အနှစ် ၂၀ ကျော် နေမကောင်းဖြစ်နေခဲ့ပြီး၊ သူ့လို ရောဂါမျိုးရတဲ့ လူတွေအတော်များများက သုံးလေးနှစ်အကြာမှာပဲ သေသွားကြတာလေ။ ဘုရားနှုတ်ကနေ ပြောတဲ့ စကားတွေကို သူ လုပ်ဆောင်ပြီး ကြားတဲ့အထိ အသက်ရှင်နိုင်တာက ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီး ဖြစ်နေပါပြီ။ ဒါကို သဘောပေါက်တော့၊ ကျွန်မရဲ့ စိတ်နှလုံးက အတော်အတန် လွတ်မြောက်သွားတယ်။ ကျွန်မအမေရဲ့ သေခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့စိတ်နဲ့ ဖိစီးတာတွေ သိပ် မခံစားရတော့ဘူး။
တစ်နေ့တော့ စုဝေးပွဲတစ်ခုမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “လူအချို့သည် ဘုရားသခင်ကို ယုံကြည်ကာ မိမိတို့ တာဝန်များကို ထမ်းဆောင်ကြသောကြောင့် မိမိတို့၏ မိသားစုများကို စွန့်လွှတ်ကြသည်။ ဤအရာကြောင့် ၎င်းတို့ လူသိများလာကြပြီး အစိုးရက ၎င်းတို့၏ အိမ်ကို မကြာခဏ ရှာဖွေကြသည်၊ ၎င်းတို့၏ မိဘများကို အနှောင့်အယှက်ပေးကြပြီး ၎င်းတို့ကို လွှဲအပ်ရန် ၎င်းတို့၏ မိဘများကိုပင် ခြိမ်းခြောက်ကြလေသည်။ ၎င်းတို့၏ အိမ်နီးချင်းများအားလုံးက ‘ဤလူတွင် အသိစိတ် မရှိပါ။ သူသည် မိမိ၏ သက်ကြီးရွယ်အို မိဘများကို ဂရုမစိုက်ပါ။ သူသည် သားသမီးဝတ်မကျေပွန်ရုံမက မိမိ၏ မိဘများအတွက် ဒုက္ခများစွာလည်း ဖြစ်စေသည်။ သူသည် သားသမီးဝတ် မကျေပွန်သော သားသမီးတစ်ဦး ဖြစ်သည်’ဟု ဆိုလျက် ၎င်းတို့နှင့်ပတ်သက်၍ ပြောဆိုကြလေသည်။ ဤစကားများထဲမှ တစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သို့ရာတွင် ဘာသာတရားမရှိသူများ၏ အမြင်တွင် ဤစကားများအားလုံးကို မှန်ကန်သည်ဟု ယူဆထားကြသည် မဟုတ်လော။ ဘာသာတရားမရှိသူများကြားတွင် ဤသည်မှာ သဘာဝအကျဆုံးနှင့် ယုတ္တိအတန်ဆုံး ရှုမြင်ပုံရှုမြင်နည်း ဖြစ်ကာ ယင်းသည် လူ့ကျင့်ဝတ်များနှင့် ကိုက်ညီသကဲ့သို့ လူသား အပြုအမူ၏ စံနှုန်းများနှင့်အညီဖြစ်သည်ဟု တွေးထင်ကြလေသည်။ ဤစံနှုန်းများတွင် မိဘများကို သားသမီးဝတ်နှင့်ညီသော ရိုသေလေးစားမှု မည်သို့ပြရမည်၊ ၎င်းတို့၏ အိုမင်းသော အရွယ်တွင် ၎င်းတို့ကို မည်သို့ စောင့်ရှောက်ကာ ၎င်းတို့၏ အသုဘကိစ္စများအား စီစဉ်ပေးရမည် သို့မဟုတ် ၎င်းတို့ကို မည်မျှ ပြန်ကျေးဇူးဆပ်ရမည်ဆိုသည်နှင့်၊ ဤစံနှုန်းများက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်တို့ကဲ့သို့သော အကြောင်းအရာ မည်မျှ ပါဝင်သည်ဖြစ်စေ ဘာသာတရားမရှိသူများ၏ အမြင်တွင် ထိုအရာများသည် အပြုသဘောဆောင်သော အရာများဖြစ်သည်၊ အပြုသဘောဆောင်သော စွမ်းအင်ဖြစ်သည်၊ ထိုအရာများက မှန်ကန်ပြီး လူအုပ်စုအားလုံးအတွင်းတွင် အပြစ်ကင်းသော အရာအဖြစ် ယူဆထားကြလေသည်။ ဘာသာတရားမရှိသူများကြားတွင် ဤသည်တို့မှာ လူတို့ အသက်ရှင်ရမည့် စံနှုန်းများဖြစ်ပြီး သင့်အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် လုံလုံလောက်လောက် ကောင်းမွန်ရန် ဤအရာများကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင် ယုံကြည်ကာ သမ္မာတရားကို နားမလည်မီတွင် ထိုသို့သော အပြုအမူသည် လူကောင်းတစ်ဦးဖြစ်ခြင်းဖြစ်သည်ကို သင်လည်း ခိုင်ခိုင်မာမာ ယုံကြည်ခဲ့သည် မဟုတ်လော။ (ယုံကြည်ခဲ့ပါသည်။) ထို့အပြင် သင်သည် မိမိကိုယ်ကို ဆန်းစစ်ရန် နှင့် မိမိကိုယ်ကို ချုပ်တည်းရန် ဤအရာများကို အသုံးပြုခဲ့ပြီး ဤလူစားမျိုးဖြစ်ရန် သင့်ကိုယ်သင် တောင်းဆိုခဲ့သည်။ သင့်အနေဖြင့် လူကောင်းတစ်ဦးဖြစ်လိုလျှင် သင်၏ အပြုအမူ စံနှုန်းများဖြစ်သည့် သင်၏ မိဘများကို မည်သို့ သားသမီးဝတ်ကျေပွန်ရမည်၊ ၎င်းတို့ကို သင် မည်သို့ စိုးရိမ်မှုလျော့နည်းစေရမည်၊ ၎င်းတို့ထံ မည်သို့ ဂုဏ်ဆောင်ပေးပြီး လေးစားခံရအောင် လုပ်ပေးမည်ဆိုသည်နှင့် သင်၏ ဘိုးဘေးများအတွက် မည်သို့ဂုဏ်ဆောင်ပေးရမည်ဆိုသည့် ဤအရာများကို သင် မုချ ပါဝင်စေရမည်ဖြစ်သည်။ ဤသည်တို့မှာ သင်၏ စိတ်နှလုံးတွင် ရှိခဲ့သည့် အပြုအမူ စံနှုန်းများဖြစ်ပြီး သင့် အပြုအမူ၏ ဦးတည်ချက် ဖြစ်ခဲ့သည်။ သို့ရာတွင် ဘုရားနှုတ်ကပတ်တော်များနှင့် သူ၏ တရားဒေသနာများကို သင် နားထောင်ပြီးသည့်နောက်တွင် သင်၏ ရှုထောင့် စတင်ပြောင်းလဲခဲ့ပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အရာရာကို သင် စွန့်လွှတ်ရမည်ဆိုသည်နှင့် ဘုရားသခင်က လူတို့ကို ဤသို့ပြုမူနေထိုင်ရန် တောင်းဆိုသည်ဆိုသည်တို့ကို သင် နားလည်ခဲ့ပေသည်။ အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းက သမ္မာတရားဖြစ်သည်ကို သင် မသေချာမီတွင် သင်၏ မိဘများကို သင် သားသမီးဝတ် ကျေပွန်သင့်သည်ဟု သင် တွေးထင်ခဲ့သော်လည်း အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို သင် ထမ်းဆောင်သင့်သည်ကိုလည်း ခံစားခဲ့ရပြီး စိတ်ထဲတွင် ဒွိဟဖြစ်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ အဆက်မပြတ် ရေလောင်းပေးခြင်းနှင့် ထိန်းကျောင်းပေးခြင်းမှတစ်ဆင့် သင်သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာခဲ့ပြီး ထိုအချိန်တွင် အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး တရားသည်ဟု သင် သဘောပေါက်ခဲ့ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားစစ်မှန်မှု ဟူသည်မှာ အဘယ်နည်း။) ကျွန်မစိတ်ထဲက အတွေးတွေကို ဘုရားက တကယ် ဖော်ထုတ်ခဲ့တယ်။ ကျွန်မအမြင်မှာ၊ လူတွေက သူတို့မိဘတွေကို သားသမီးဝတ်ကျေပွန်ရင်၊ သူတို့ အိုတဲ့အခါ စောင့်ရှောက်ပြီး သူတို့ရဲ့ အသုဘအတွက် စီစဉ်ပေးရင်၊ သူတို့ တာဝန်သိတတ်တယ်။ လူကောင်းတွေ ဖြစ်တယ်။ သူတို့ သားသမီးဝတ်မကျေပွန်ရင် သူတို့မှာ အသိစိတ်မရှိသလို လူကောင်းတွေ မဟုတ်ကြဘူး။ လူ့ကျင့်ဝတ်တွေ၊ အလေ့အထကောင်းနဲ့ ကိုယ်ကျင့်တရားတွေပေါ် အခြေခံပြီး လူတစ်ယောက် ကောင်း၊ မကောင်းဆိုတာကို ကျွန်မ အကဲဖြတ်ခဲ့တယ်။ ဒါက ဘုရားနှုတ်ကပတ်တော်နဲ့ လုံးဝ မကိုက်သလို၊ သမ္မာတရားနဲ့လည်း မကိုက်ဘူး။ ရိုးရာယဉ်ကျေးမှုကို အပြုသဘောဆောင်တဲ့အရာတစ်ခုလို ကျွန်မ သဘောထားခဲ့တယ်။ ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့လို့၊ သူအသက်ကြီးတဲ့အခါ သူ့ကို ကျွန်မ စောင့်ရှောက်သင့်တယ်လို့ ထင်ခဲ့တယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်နေတုန်းမှာ မိဘတွေကို သားသမီးဝတ် မကျေပွန်နိုင်တာကြောင့်၊ ကျွန်မ အဖမ်းခံရပြီး ထောင်ချခံရတဲ့နောက်မှာ ကျွန်မအမေက ကျွန်မရဲ့ ဒုက္ခပြဿနာနဲ့ ငြိနေခဲ့ရတာကြောင့် ကျွန်မမှာ အသိစိတ်မရှိဘူး၊ လူ့သဘာဝ မရှိဘူးလို့ တွေးခဲ့တယ်။ အခု ကျွန်မအမြင်က မယုံကြည်သူတွေလိုပဲဖြစ်ခဲ့မှန်း တွေ့ရတယ်။ အဲဒါက ယုံကြည်ခြင်းမရှိသူတွေရဲ့ အမြင်ပဲ။ သခင်ယေရှုနောက် လိုက်ခဲ့တဲ့ တပည့်တွေနဲ့ သာသနာပြုတွေကို တွေးမိတယ်။ သူတို့က ဘုရားရဲ့ ဧဝံဂေလိ ဖြန့်ဖို့ ဝေးကွာတဲ့ နေရာတွေဆီ ခရီးသွားခဲ့ကြတယ်။ လူတွေရဲ့အမြင်မှာ သူတို့မိဘတွေ၊ မိသားစုတွေကို သူတို့ ဘေးဖယ်ထားတာက သွေးအေးပြီး လူ့သဘာဝ မရှိတာပဲ။ ဒါပေမဲ့ ဧဝံဂေလိ ဖြန့်ပြီး သူတို့တာဝန်တွေကို ဖြည့်ဆည်းသူတွေကတော့ အသိစိတ်နဲ့ လူ့သဘာဝ တကယ် ရှိကြသူတွေပါ။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတဲ့အတိုင်းပါပဲ။ “သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူး ဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မမြင်ခဲ့ရတယ်။ တစ်ယောက်ယောက်က သူ့မိသားစုဝင်တွေကို ဘယ်လိုပဲ ကောင်းကောင်း စောင့်ရှောက်ပါစေ၊ သမ္မာတရားကို လက်တွေ့လုပ်မလုပ်နိုင်ရင်၊ သူ့တာဝန်ကို ကောင်းကောင်းမလုပ်ရင်၊ ခရစ်တော်နဲ့ သဟဇာတမဖြစ်နိုင်ရင်၊ သူက မကောင်းတဲ့လူတစ်ယောက်ပဲ။ ကျွန်မအမေ ဆုံးပါးသွားတဲ့နောက်မှာ၊ ကျွန်မ အမြဲ ဝမ်းနည်းကြေကွဲနေခဲ့တယ်။ ကျွန်မတာဝန်ကို ဘယ်လို ကောင်းကောင်း လုပ်ရမယ် မစဉ်းစားခဲ့ဘူး။ အဲဒီတာဝန်ကို လုပ်ရင်းနဲ့ ကျွန်မရဲ့ အချိန်ရှိသမျှ ကုန်ခဲ့တာကိုတောင် နောင်တ ရခဲ့တယ်။ ဘုရားကို နှစ်အတော်များများ ယုံကြည်ခဲ့ပေမဲ့၊ ကိစ္စတွေပေါ် ကျွန်မရဲ့ အမြင်တွေက မယုံကြည်သူတွေနဲ့ အတူတူ ဖြစ်နေတုန်းပဲ။ ကျွန်မက ယုံကြည်ခြင်း မရှိတဲ့သူတစ်ယောက်ပဲ။ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်သွားပြီး၊ ငိုနေရင်းနဲ့ ဘုရားဆီ ဆုတောင်းပြိး နောင်တရခဲ့တယ်။ ကျွန်မရဲ့ အမြင်တွေကို ပြောင်းလဲဖို့နဲ့ ဒီအပျက်သဘော အခြေအနေမှာ အသက်မရှင်ဖို့ လိုလားစိတ်ကို ဖော်ပြခဲ့တယ်။
တစ်နေ့မှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်တယ်။ “မိဘများ၏ မျှော်မှန်းချက်များကို ကိုင်တွယ်ခြင်းနှင့် ပတ်သက်လာသည့်အခါ မည်သည့် စည်းမျဉ်းများ လိုက်လျှောက်သင့်ပြီး မည်သည့် ဝန်ထုပ်များ လက်လွှတ်သင့်သည်တို့မှာ ရှင်းသလော။ (ရှင်းပါသည်။) သို့ဆိုလျှင် ဤနေရာ၌ လူတို့ သယ်ဆောင်သည့် ဝန်ထုပ်များမှာ အဘယ်အရာများ အတိအကျဖြစ်သနည်း။ ၎င်းတို့အနေဖြင့် မိမိတို့ မိဘများကို နားထောင်ရမည်ဖြစ်ပြီး မိမိတို့ မိဘများကို ကောင်းမွန်သည့်ဘဝကို အသက်ရှင်ခွင့်ပေးရမည် ဟူ၍ဖြစ်သည်။ ၎င်းတို့၏ မိဘများ လုပ်ဆောင်သည့် အရာရာတိုင်းသည် မိမိတို့၏ကိုယ်ပိုင် ကောင်းကျိုးအတွက်ဖြစ်ပြီး သားသမီးဝတ်ကျေပွန်ရန် မိမိတို့၏ မိဘများပြောသည့်အရာကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် အရွယ်ရောက်သူများအနေဖြင့် အမှုအရာများကို ၎င်းတို့၏ မိဘများအတွက် လုပ်ဆောင်ပေးရမည်၊ ၎င်းတို့မိဘများ၏ ကြင်နာမှုကို ပြန်ဆပ်ရမည်၊ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်၊ မိဘများကို အဖော်ပြုပေးရမည်၊ မိဘများကို ဝမ်းနည်းအောင် မလုပ်ဘဲ သို့မဟုတ် စိတ်ပျက်အောင် မလုပ်ဘဲ၊ မိဘများကို တာဝန်မပျက်ကွက်ဘဲ မိဘများ၏ ဆင်းရဲဒုက္ခကို နည်းနိုင်သမျှနည်းစေရန် သို့မဟုတ် လုံးဝ ဖယ်ထုတ်ပစ်ရန်ပင် ၎င်းတို့ တတ်နိုင်သည့်အရာမှန်သမျှ လုပ်ဆောင်ရမည်ဖြစ်သည်။ ဤအရာကို သင် မစွမ်းဆောင်နိုင်လျှင် သင်သည် ကျေးဇူးကန်းသူ၊ သားသမီးဝတ် မကျေပွန်သူဖြစ်သည်။ မိုးကြိုးပစ်ခြင်းကို ခံရထိုက်ပြီး အခြားသူများ၏ ပစ်ပယ်ခြင်း ခံရထိုက်ကာ သင်သည် မကောင်းသည့် လူတစ်ဦးဖြစ်သည် ဟူ၍ဖြစ်ပေသည်။ ဤသည်တို့မှာ သင်၏ ဝန်ထုပ်များ ဖြစ်သလော။ (ဟုတ်ပါသည်။) ဤအရာများက လူတို့၏ ဝန်ထုပ်များဖြစ်သည့်အတွက် လူတို့သည် သမ္မာတရားကို လက်ခံပြီး မှန်ကန်စွာ ရင်ဆိုင်သင့်ပေသည်။ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဤဝန်ထုပ်များ၊ မှားယွင်းသည့် အတွေးများနှင့် အမြင်များကို လက်လွှတ်နိုင်ပြီး ပြောင်းလဲစေနိုင်ပေသည်။ သမ္မာတရားကို သင် လက်မခံလျှင် သင့်အတွက် လျှောက်လှမ်းရန် အခြားလမ်းကြောင်း ရှိသလော။ (မရှိပါ။) ထိုသို့ဖြင့် မိသားစုနှင့်ဆိုင်သည့် ဝန်ထုပ်များကို လက်လွှတ်ခြင်းဖြစ်စေ၊ ဇာတိပကတိနှင့်ဆိုင်သည့် ဝန်ထုပ်များကို လက်လွှတ်ခြင်းဖြစ်စေ၊ အားလုံးက မှန်ကန်သည့် အတွေးများနှင့် အမြင်များကို လက်ခံခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့ဖြင့် အစပြုပေသည်။ သမ္မာတရားကို သင် စတင်လက်ခံသည်နှင့်အမျှ သင့်အတွင်းရှိ ဤမှားယွင်းသော အတွေးများနှင့် အမြင်များသည် တဖြည်းဖြည်း ဖြိုဖျက်ဖယ်ရှားခြင်းခံရကာ ပိုင်းခြားသိမြင်ခြင်းခံရပြီး ရိပ်စားမိခြင်းခံရ၍ ထို့နောက်တွင် တဖြည်းဖြည်း ငြင်းပယ်ခြင်းခံရလိမ့်မည် ဖြစ်သည်။ ဤမှားယွင်းသော အတွေးများနှင့် အမြင်များကို ဖြိုဖျက်ဖယ်ရှားခြင်း၊ ပိုင်းခြားသိမြင်ခြင်းနှင့် ထို့နောက်တွင် လက်လွှတ်ကာ ငြင်းပယ်ခြင်း ဖြစ်စဉ်အတောအတွင်းတွင် ဤကိစ္စရပ်များအပေါ် သင်၏ သဘောထားနှင့် ချဉ်းကပ်နည်းတို့ကို သင် တဖြည်းဖြည်း ပြောင်းလဲပစ်လိမ့်မည်။ သင်၏ လူ့အသိစိတ် သို့မဟုတ် ခံစားချက်များမှလာသည့် ထိုအတွေးများသည် တဖြည်းဖြည်း အားနည်းသွားလိမ့်မည်။ သင်၏ စိတ်နှလုံးအတွင်းနက်နက်တွင် သင့်ကို ထိုအရာများက ဒုက္ခပေးလိမ့်မည်မဟုတ်တော့ သို့မဟုတ် ချည်နှောင်လိမ့်မည် မဟုတ်တော့ပေ၊ သင့်ဘဝကို ထိန်းချုပ် သို့မဟုတ် လွှမ်းမိုးလိမ့်မည် မဟုတ်တော့၊ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို စွက်ဖက်နှောင့်ယှက်လိမ့်မည် မဟုတ်တော့ပေ။ ဥပမာအားဖြင့် သင်သည် မှန်ကန်သည့် အတွေးများနှင့် အမြင်များကို လက်ခံကာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို လက်ခံပြီးဖြစ်လျှင် သင့်မိဘများဆုံးပါးသည့် သတင်းကို ကြားသည့်အခါ သင့်ကို ပြုစုပျိုးထောင်ပေးရာတွင် ၎င်းတို့၏ ကြင်နာမှုကို ဤနှစ်များအတောအတွင်း သင် ပြန်မဆပ်ခဲ့ပုံ၊ ၎င်းတို့ကို သင် အလွန်ဆင်းရဲဒုက္ခခံစေခဲ့ပုံ၊ ၎င်းတို့ကို သင် အနည်းငယ်မျှ အလျော်မပေးခဲ့ပုံ သို့မဟုတ် ကောင်းမွန်သည့်ဘဝကို ၎င်းတို့အား သင် အသက်ရှင်ခွင့်မပေးခဲ့ပုံအကြောင်းကို စဉ်းစားခြင်းမရှိဘဲ ၎င်းတို့အတွက် သင် မျက်ရည်ကျရုံမျှသာ ကျလိမ့်မည် ဖြစ်သည်။ ဤအရာများအတွက် မိမိကိုယ်ကို သင် အပြစ်တင်တော့မည်မဟုတ်၊ ထိုအစား ပုံမှန် လူ့ခံစားချက်များ၏ လိုအပ်ချက်များမှ အရင်းခံနေသည့် ပုံမှန် ဖော်ပြချက်များကို သင် ပြသလိမ့်မည်။ သင်သည် မျက်ရည်များကျကာ၊ ထို့နောက်တွင် ၎င်းတို့အတွက် တမ်းတမှုအနည်းငယ် တွေ့ကြုံခံစားရလိမ့်မည်။ မကြာမီ ဤအရာများက သဘာဝကျကာ ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် မိမိကိုယ်ကို ပုံမှန်ဘဝနှင့် သင်၏ တာဝန်များ ထမ်းဆောင်မှုထဲသို့ အလျင်အမြန် နှစ်မြှုပ်ထားလိမ့်မည်။ ဤကိစ္စရပ်အားဖြင့် သင် စိတ်သောကရောက်လိမ့်မည် မဟုတ်။ သို့ရာတွင် ဤသမ္မာတရားများကို သင် လက်မခံလျှင် သင့်မိဘများ ကွယ်လွန်သည့် သတင်းကို သင် ကြားသည့်အခါ မပြီးနိုင်မဆုံးနိုင် သင် ငိုကြွေးမိလိမ့်မည်။ သင်၏ မိဘများအတွက် စိတ်မကောင်း ဖြစ်လိမ့်မည်၊ ၎င်းတို့၏ ဘဝတစ်ခုလုံး သာယာချမ်းမြေ့မှု မရှိခဲ့ကြောင်းနှင့် သင်ကဲ့သို့သော သားသမီးဝတ်မကျေပွန်သည့် သားသမီးတစ်ဦးကို ၎င်းတို့ ပြုစုပျိုးထောင်ခဲ့ကြောင်း စိတ်မကောင်းဖြစ်မိလိမ့်မည်။ ၎င်းတို့ နာမကျန်းဖြစ်သည့်အခါ ၎င်းတို့၏ အိပ်ရာနံဘေးတွင် သင် ဝတ်ကြီးဝတ်ငယ် မလုပ်ကျွေးခဲ့သကဲ့သို့ ၎င်းတို့ သေဆုံးသည့်အခါ ၎င်းတို့၏ အသုဘတွင် သင် အော်ငိုခြင်း သို့မဟုတ် ဝမ်းနည်းကြေကွဲကြောင်းပြသည့် အနေအထားဖြင့် မနေခဲ့ပေ။ သင်သည် ၎င်းတို့ကို တာဝန်ပျက်ကွက်ခဲ့သည်၊ စိတ်ပျက်အောင် လုပ်ခဲ့ပြီး ကောင်းမွန်သည့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်ခွင့် မပေးခဲ့ပေ။ သင်သည် အချိန်အတော်ကြာ ဤအပြစ်ရှိသည့်စိတ်ဖြင့် အသက်ရှင်လိမ့်မည်ဖြစ်ပြီး ထိုအကြောင်းကို သင် တွေးသည့်အခါတိုင်းတွင် သင် ငိုကြွးကာ သင်၏ စိတ်နှလုံးတွင် စူးအောင့်သည့် ဝေဒနာတစ်ခု ခံစားရလိမ့်မည်။ ဆက်စပ်သည့် အခြေအနေများ သို့မဟုတ် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို သင် ကြုံရသည့်အခါတိုင်းတွင် စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုတစ်ခု ရှိလိမ့်မည်။ ဤအပြစ်ရှိသည့်စိတ်က သင့်ဘဝ၏ ကျန်သည့်အချိန်များတွင် သင့်ကို ဖော်ပြုကောင်းပြုနိုင်သည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ သင်သည် သမ္မာတရား သို့မဟုတ် မှန်ကန်သည့် အတွေးများနှင့် အမြင်များကို သင့်ဘဝအဖြစ် မည်သည့်အခါတွင်မျှ လက်မခံခဲ့ခြင်း ဖြစ်သည်။ ထိုအစား သင်၏ အတွေးဟောင်းနှင့် အမြင်ဟောင်းများက သင့်ဘဝကို လွှမ်းမိုးလျက် သင့်အပေါ် ဆက်လက် အုပ်စိုးနေပြီဖြစ်သည်။ ထို့ကြောင့် သင်သည် သင့်မိဘများ ကွယ်လွန်ခြင်းကြောင့် သင့်ဘဝ၏ ကျန်သည့်အချိန်ကို နာကျင်မှုဖြင့် ကုန်ဆုံးရလိမ့်မည်။ ဤအဆက်မပြတ်ဖြစ်သော ဆင်းရဲဒုက္ခခံစားခြင်းသည် အနည်းငယ်သော စိတ်ပင်ပန်းလူပင်ပန်းဖြစ်ခြင်းများစွာထက်ပိုသည့် အကျိုးဆက်များ ရှိလိမ့်မည်။ ထိုအရာက သင်၏ ဘဝ၊ သင်၏ တာဝန်များ ထမ်းဆောင်မှုအပေါ် သင်၏ သဘောထား၊ အသင်းတော်၏ အလုပ်အပေါ် သင်၏ သဘောထား၊ ဘုရားသခင်အပေါ် သင်၏ သဘောထားအပြင် သင့် စိတ်ဝိညာဉ်ကို တို့ထိသည့် လူ သို့မဟုတ် ကိစ္စရပ်တစ်ခုခုအပေါ် သင်၏ သဘောထားကို ထိခိုက်လိမ့်မည်။ သင်သည် သာ၍များသည့် ကိစ္စရပ်များအပေါ် အားငယ်စရာဖြစ်ကာ စိတ်ဓာတ်ကျလာနိုင်သည်၊ မျှော်လင့်ချက်ကုန်ကာ အပျက်သဘောဆောင်လာနိုင်သည်၊ ဘဝတွင် ယုံကြည်ခြင်း ပျောက်ဆုံးနိုင်သည်၊ မည်သည့်အရာမဆိုအတွက် စိတ်ထက်သန်မှုနှင့် လှုံ့ဆော်မှုတို့ ပျောက်ဆုံးနိုင်သည်၊ စသည်တို့ ဖြစ်နိုင်ပေသည်။ နောက်ဆုံးတွင် သက်ရောက်မှုက သင်၏ ရိုးရှင်းသည့် နေ့စဉ်ဘဝအပေါ် သက်ရောက်မှုကိုပင် ကျော်သွားလိမ့်မည်။ သင်၏ တာဝန်များ ထမ်းဆောင်ခြင်းနှင့် ဘဝတွင် သင် လျှောက်သည့်လမ်းကြောင်းတို့အပေါ် သင်၏ သဘောထားကိုလည်း ထိခိုက်လိမ့်မည်။ ဤသည်မှာ အလွန်အန္တရာယ်များပေသည်။ ဤအန္တရာယ်၏ အကျိုးဆက်မှာ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်များကို သင် ပြည့်ပြည့်ဝဝ မထမ်းဆောင်နိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်၏ တာဝန်များ ထမ်းဆောင်ခြင်းကို တစ်ဝက်တစ်ပျက် သင် ရပ်ပင်ရပ်နိုင်သည်၊ သို့မဟုတ် သင် ထမ်းဆောင်သည့် တာဝန်များအပေါ် အတိုက်အခံလုပ်သည့် စိတ်အခြေအနေနှင့် သဘောထားတစ်ခု ထားရှိကောင်းထားရှိနိုင်ပေသည်။ တိုတိုပြောရလျှင် ဤအခြေအနေမျိုးသည် အချိန်ကြာလာသည်နှင့်အမျှ မလွဲမသွေ ပိုမိုဆိုးဝါးလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်အခြေအနေ၊ စိတ်ခံစားမှုများနှင့် စိတ်နေစိတ်ထားတို့ကို ဆိုးဝါးသော ဦးတည်ချက်ဖြင့် ပြောင်းလဲသွားစေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားကို ကျွန်မ ယုံကြည်ခဲ့တဲ့ ဒီနှစ်တွေထဲမှာ “သားသမီးဝတ်သည် အရာအားလုံးထက် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”ဆိုတာနဲ့ “သင်၏မိဘများ အသက်ရှင်နေစဉ် အဝေးသို့ ခရီးမသွားနှင့်”ဆိုတဲ့ ရိုးရာဓလေ့ ဆိုရိုးတွေကို အပြုသဘောဆောင်တဲ့အရာတွေကို၊ ကျွန်မ ပြုမူနေထိုင်ပုံအတွက် စံတွေအနေနဲ့ အမြဲ သဘောထားခဲ့ပုံကို ကျွန်မ တွေးမိတယ်။ ကျွန်မတာဝန်ကို လုပ်တာနဲ့ ကျွန်မအမေကို စောင့်ရှောက်တာ ထိပ်တိုက်တွေ့တဲ့အခါ၊ ကျွန်မတာဝန်ကို လုပ်ဖို့ အိမ်ကထွက်ခဲ့ပေမဲ့၊ သူနဲ့ပတ်သက်လို့ အမြဲ စိုးရိမ်ခဲ့သလို၊ သူ့ကို မစောင့်ရှောက်ခဲ့လို့ သူ့အပေါ် အကြွေးတင်တယ်လို့ ခံစားခဲ့တယ်။ ကျွန်မအမေ ဆုံးပါးသွားတာကို ကြားရတဲ့နောက်၊ သူ့ကို အသက်ကြီးတဲ့အချိန်မှာ ကျွန်မ မစောင့်ရှောက်ခဲ့သလို၊ သူ့ရဲ့ နာရေးကိစ္စကို မစီစဉ်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး နာကျင်မှုနဲ့ အသက်ရှင်ခဲ့တယ်။ ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့ပေမဲ့၊ ကျွန်မက သူ့ကို မစောင့်ရှောက်ခဲ့ရုံမကဘူး၊ သူမသေခင် နောက်ဆုံးအကြိမ်လေးတောင် သွားမတွေ့နိုင်ခဲ့ဘူး။ ကျွန်မမှာ အသိစိတ်နဲ့ လူ့သဘာဝ မရှိဘူးလို့ ခံစားရတယ်။ ပြီးတော့ လူတွေက ကျိန်ဆဲပြီး ဝေဖန်တာကို ခံရမှာပဲလို့ တွေးခဲ့တယ်။ ကျွန်မအမေကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုနဲ့ ကျွန်မ အသက်ရှင်ရတဲ့ အကြောင်းရင်းကတော့ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”ဆိုတာနဲ့ “သင့်မိဘများကို အိုရွယ်ချိန်တွင် စောင့်ရှောက်ပြီး သူတို့၏ နာရေးကိစ္စများကို စီစဉ်ပေးပါ”ဆိုတဲ့ ဆိုရိုးတွေကို ကျွန်မ လိုက်နာစောင့်ထိန်းသင့်တဲ့ သမ္မာတရားတွေလို သဘောထားခဲ့လို့ပဲ။ ဒီဆိုရိုးတွေကို ကျွန်မ မလိုက်လျှောက်ခဲ့လို့၊ စိတ်ထဲမှာ အပြစ်နဲ့ အသက်ရှင်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် မခွင့်လွှတ်နိုင်ခဲ့ဘူး။ ကျွန်တာဝန်ကို မတက်ကြွတဲ့စိတ်နဲ့ သဘောထားခဲ့တယ်။ ဒီရိုးရာအယူအဆတွေက ကျွန်မကို အထင်အမြင်လွဲမှားအောင် လုပ်ခဲ့တယ်။ ကျွန်မအမေ ဆုံးပါးတာကို ကြားတော့၊ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ မကျိုးနွံမနာခံနိုင်ဘူး။ အရမ်းဝမ်းနည်း၊ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့အခြေအနေမှာ အသက်ရှင်နေခဲ့တယ်။ ကျွန်မတာဝန်မှာ အပျက်သဘောဆောင်ပြီး ပေါ့လျှော့နေခဲ့တယ်။ မသိလိုက်ဘဲနဲ့၊ ဘုရားကို ဆန့်ကျင်တဲ့နေရာမှာ ကျွန်မ ရပ်နေမိခဲ့ပြီး၊ သူ့ကို ရန်သူလို ဖြစ်သွားတဲ့ လူတစ်ယောက် ဖြစ်လာတယ်။ ဒါပြီးတော့၊ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်မဖတ်ပြီး ကျွန်မမိဘတွေကို ဘယ်လိုသဘောထားရမယ်ဆိုတာ သိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “လူအချို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုကြသော်လည်း ၎င်းတို့၏ မိဘများကိုလည်း ရိုသေရမည်ဟု ၎င်းတို့ ခံစားကြသည်။ ယင်းက ခံစားချက်များ ပါဝင်သည်။ သင်သည် သင်၏ မိဘများနှင့် မိသားစုများအကြောင်းကို မစဉ်းစားရန်နှင့် ဘုရားသခင်အကြောင်းကိုသာ စဉ်းစားပြီး သမ္မာတရားကိုသာ အာရုံစိုက်ရန် မိမိကိုယ်ကို ပြောဆိုလျက် သင်၏ ခံစားချက်များကို ဆက်လက် ပြုပြင်နေသော်လည်း သင်၏ မိဘများအကြောင်းကို သင် မစဉ်းစားဘဲ မနေနိုင်သေးလျှင် ဤအရာက အခြေခံကျသော ပြဿနာကို မဖြေရှင်းပေးနိုင်ပေ။ ဤပြဿနာကို ဖြေရှင်းရန် သင် အမွေဆက်ခံခဲ့ပြီး လူသား အယူအဆများနှင့် ကိုက်ညီသည့် ဆိုရိုးများ၊ အသိပညာနှင့် သဘောတရားတို့နှင့်အတူ မှန်သည်ဟု သင် တွေးထင်ခဲ့သည့် အရာများကို စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သည်။ ထို့အပြင် သင်၏ မိဘများနှင့် ဆက်ဆံသည့်အခါ သားသမီးတစ်ဦးအဖြစ် ၎င်းတို့ကို စောင့်ရှောက်ရန် သင်၏ ဝတ္တရားများကို သင် ကျေပွန်အောင် ဆောင်ရွက်ခြင်း ရှိမရှိဟူသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ အခြေအနေများနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများအပေါ် လုံးဝ အခြေခံရမည်။ ဤအရာက ထိုကိစ္စရပ်ကို ပြည့်စုံစွာ ရှင်းပြသည် မဟုတ်လော။ လူအချို့က မိမိတို့ မိဘများကို စွန့်ခွာကြသည့်အခါ မိမိတို့မိဘများကို များစွာ အကြွေးတင်ရှိသည်ဟုလည်းကောင်း၊ မိမိတို့ မိဘများအတွက် မည်သည့်အရာမျှ မလုပ်ဆောင်ပေးဖြစ်ဟုလည်းကောင်း ခံစားကြရသည်။ သို့ရာတွင် ထို့နောက် ၎င်းတို့ အတူတကွ နေထိုင်ကြသည့်အခါ ၎င်းတို့၏ မိဘများကို သားသမီးဝတ် လုံးဝ ကျေပွန်ခြင်း မရှိကြသကဲ့သို့ မိမိတို့၏ ဝတ္တရားတစ်ခုကိုမျှ မဖြည့်ဆည်းကြပေ။ ဤသည်မှာ အမှန်တကယ် သားသမီးဝတ်ကျေပွန်သည့် လူတစ်ဦးဖြစ်သလော။ ဤသည်မှာ အနှစ်မဲ့သော စကားများကို ပြောဆိုခြင်းဖြစ်သည်။ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို စဉ်းစားသည်ဖြစ်စေ၊ မည်သည့်အရာကို စီစဉ်သည်ဖြစ်စေ၊ ထိုအရာများသည် အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ ဖန်ဆင်းခံအားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင် နားလည်နိုင်ကာ အမှန်တကယ် ယုံကြည်နိုင်ခြင်း ရှိမရှိဖြစ်သည်။ မိဘအချို့သည် ကြီးမားပြီး ကြီးပွားချမ်းသာသော မိသားစုတစ်စုနှင့်ဆိုင်သည့် အိမ်တွင်း အတိသုခနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားနိုင်ရန် ထိုကောင်းချီးနှင့် ကံကြမ္မာရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်ပေးသည့် ကောင်းချီးတစ်ခု ဖြစ်သည်။ မိဘအချို့သည် ဤကံကြမ္မာမရှိကြချေ။ ၎င်းတို့အတွက် ဘုရားသခင်က ဤအရာကို မစီစဉ်ပေးခဲ့ပေ။ ပျော်ရွှင်သည့် မိသားစုတစ်စု ရှိခြင်းကို မွေ့လျော်ခံစားရန်၊ သို့မဟုတ် မိမိတို့ သားသမီးများက မိမိတို့နံဘေးတွင်ရှိနေခြင်းကို မွေ့လျော်ခံစားရန် ကောင်းချီးခံစားရခြင်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုဖြစ်ပြီး လူတို့က ဤအရာကို အတင်းအကျပ်ပြု၍မရပေ။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် သားသမီးဝတ်ကျေပွန်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် အနည်းဆုံးအနေဖြင့် ကျိုးနွံနာခံမှုရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိရမည်။ ပတ်ဝန်းကျင်က အခွင့်ပေးပြီး ထိုသို့လုပ်ဆောင်ရန် သင့်ထံတွင် လူအင်အားငွေအင်းအားရှိလျှင် သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်နိုင်သည်။ ပတ်ဝန်းကျင်က အခွင့်မပေးသကဲ့သို့ သင့်ထံတွင် လူအင်အားငွေအင်းအားကင်းမဲ့လျှင် အတင်းမကြိုးစားနှင့်။ ဤသည်ကို မည်သို့ ခေါ်ဆိုသနည်း။ (ကျိုးနွံနာခံမှုဖြစ်သည်။) ဤအရာကို ကျိုးနွံနာခံမှုဟု ခေါ်သည်။ ဤကျိုးနွံနာခံမှုသည် အဘယ်သို့ ဖြစ်လာသနည်း။ ကျိုးနွံနာခံမှုအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာသည် ဘုရားသခင် စီစဉ်ထားပြီး ဘုရားသခင် အုပ်စိုးထားသည့် ဤအရာများအားလုံးပေါ်တွင် အခြေခံပေသည်။ လူတို့အနေဖြင့် ရွေးချယ်ရန် ဆန္ဒရှိကောင်းရှိနိုင်သော်လည်း မရွေးချယ်နိုင်ကြ၊ ရွေးချယ်ပိုင်ခွင့်မရှိကြဘဲ ၎င်းတို့ ကျိုးနွံနာခံသင့်ကြပေသည်။ လူတို့ ကျိုးနွံနာခံသင့်ပြီး အရာရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားထားကြောင်းကို သင် ခံစားရသည့်အခါ သင်၏ စိတ်နှလုံးတွင် သာ၍ ငြိမ်သက်မှုခံစားရသည်မဟုတ်လော။ (ခံစားရပါသည်။) ထို့နောက်တွင် သင်၏ အသိစိတ်ထဲတွင် လိပ်ပြာမသန့်ဆဲ ဖြစ်လိမ့်မည်လော။ စဉ်ဆက်မပြတ် လိပ်ပြာမသန့်ဟု ခံစားရလိမ့်မည် မဟုတ်တော့ဘဲ သင်၏ မိဘများကို သားသမီးဝတ်မကျေပွန်သည့် စိတ်ကူးသည် သင့်ကို စိုးမိုးထားတော့မည် မဟုတ်ပေ။ ဤသည်တို့မှာ လူ့သဘာဝအတွင်းရှိ ပုံမှန်အတွေး သို့မဟုတ် ဗီဇအချို့ဖြစ်ပြီး မည်သူမျှ မရှောင်လွှဲနိုင်ကြသည်နှင့်အမျှ ထိုအကြောင်းကို သင် ရံဖန်ရံခါ တွေးကောင်းတွေးနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားစစ်မှန်မှု ဟူသည်မှာ အဘယ်နည်း။) ကိုယ့်မိဘတွေကို ဘယ်လိုသဘောထားရမယ်ဆိုတာနဲ့ ပတ်သက်လို့ ဘုရားက အရမ်းကို ရှင်းရှင်းလင်းလင်း ပြောတယ်။ အဲဒါက သူတို့ကိုယ်တိုင်ရဲ့ အခြေအနေတွေနဲ့ အစွမ်းအစတွေပေါ် အဓိက အခြေခံသင့်တယ်။ ကိုယ့် အခြေအနေတွေက ခွင့်ပြုပြီး ကိုယ့်အစွမ်းအစတွေက လုံလောက်ရင်၊ ကိုယ့်တာဝန်ကို ဖြည့်ဆည်းပြီး ကိုယ့်မိဘတွေကို သားသမီးဝတ် ကျေပွန်သင့်တယ်။ ဒါပေမဲ့ ကိုယ်က ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနေဆဲ ဖြစ်ရမယ်။ ဒီနှစ်တွေမှာ ကျွန်မအမေကို မစောင့်ရှောက်နိုင်တာက သူ့ကို ကျွန်မ မစောင့်ရှောက်ချင်ဘူး၊ ဒါမှမဟုတ် ကျွန်မတာဝန်ကို မဖြည့်ဆည်းချင်ဘူးဆိုတဲ့ သဘောမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ရဲတွေက ကျွန်မနောက်ကို အမြဲ လိုက်နေခဲ့လို့ပဲ။ ကျွန်မကိုယ်တိုင်ရဲ့ လုံခြုံဘေးကင်းမှုကိုတောင် ကျွန်မ သေချာအောင်မလုပ်နိုင်ခဲ့ဘူး။ ဒီတော့ ကျွန်မအမေကို ဘယ်လို စောင့်ရှောက်နိုင်မှာလဲ။ ကွန်မြူနစ်ပါတီကို ကျွန်မ မမုန်းခဲ့ဘဲ ဘုရားကိုတောင် အပြစ်တင်ခဲ့တယ်။ အမှန်တရားတွေကို ကျွန်မ တကယ် ရှုပ်ထွေးနေခဲ့သလို၊ အမှန်နဲ့ အမှား မခွဲခြားနိုင်ခဲ့မှန်း ကျွန်မ မြင်ရတယ်။ ကျွန်မကို အကျိုးသင့်အကြောင်းသင့်ပြောဖို့ မဖြစ်နိုင်ခဲ့ဘူး။ ကျွန်မအမေကို မစောင့်ရှောက်ခဲ့ဘူး၊ ပြီးတော့ သူ ပျော်ပျော်ရွှင်ရွှင် နေဖို့ မကူညီခဲ့သလို၊ သူ့ရဲ့ အရွယ်နှောင်းပိုင်း နှစ်တွေမှာ မစောင့်ရှောက်ခဲ့ဘူး၊ သူ့နာရေးကို မစီစဉ်ခဲ့ဘူးလို့ ကျွန်မ ခဏခဏ ခံစားခဲ့တယ်။ ဒါကြောင့် သူ့ကို အကြွေးတင်တယ်လို့ ကျွန်မ ခံစားခဲ့တာပဲ။ ကျွန်မရဲ့ ဂရုစိုက်မှုအောက်မှာ၊ ကျွန်မအမေက ပျော်ပျော်နေခဲ့ရမှာပဲလို့ တွေးခဲ့တယ်။ တကယ်တော့၊ ဒါက မှားတဲ့အမြင်တစ်ခုပါ။ လူ့ရဲ့ ပျော်ရွှင်မှုက ဘုရားရဲ့ စောင့်ရှောက်၊ ကွယ်ကာမှုနဲ့ ကောင်းချီးဆီကပဲ လာတယ်။ ကိုယ့်သားသမီးတွေက အသက်ကြီးတဲ့အခါ စောင့်ရှောက်လို့ပဲ ပျော်ရွှင်ရတာ မဟုတ်ဘူး။ ကျွန်မအမေက ကိုယ်တစ်ခြမ်းလေဖြတ်တဲ့ရောဂါကို နှစ်တွေအကြာကြီး ခံစားခဲ့ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနေခဲ့တာ။ အရင်က သူ့ကို စောင့်ရှောက်ပြီး အိမ်မှာ ကျွန်မနေခဲ့တုန်းက၊ ဆရာဝန်နဲ့ ပြပြီး သူ့ကို ဆေးတွေ သောက်ခိုင်းခဲ့တယ်။ သူ့ကို ကုသပြီး စောင့်ရှောက်ပေးဖို့ ကျွန်မ ကြိုးစားခဲ့ပေမဲ့၊ သူ့ရဲ့ ဝေဒနာကို နည်းနည်းမှ ကျွန်မ သက်သာမသွားစေခဲ့ဘူး။ ကျွန်မအမေ ဆင်းရဲဒုက္ခ ဘယ်လောက် ခါးစီးခံရမယ်ဆိုတာကို ဘုရားက စီမံထားခဲ့တာပါ။ အခု ကျွန်မ အမေဆုံးသွားပြီ။ ဒါဟာ သူ့အချိန် ရောက်ပြီဆိုတဲ့ သဘောပဲ။ ရုပ်ပိုင်းဆိုင်ရာ ရောဂါကို သူ မခံစားရတော့ဘူး။ ဒါက ကောင်းတဲ့အရာတစ်ခုပဲ။ ပြီးတော့ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံသင့်တယ်။ ဒါပေမဲ့ ဒီကိစ္စမှာ သမ္မာတရားကို ကျွန်မ မရှာခဲ့ဘူး၊ ဘုရားရဲ့ သတ်မှတ်ချက်တွေကို မကျိုးနွံ မနာခံခဲ့ဘူး။ ကျွန်မ အပျက်သဘောဆောင်ပြီး တာဝန်မှာ ပေါ့လျှော့ခဲ့သလို၊ ကျွန်မအပြုအမူရဲ့ အနှစ်သာရက ဘုရားကို ဆန့်ကျင်ခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝ၊ ဆင်ခြင်တုံတရား ဘာဆိုဘာမှ မရှိခဲ့ဘူး။
ကိုယ့်မိဘတွေကို ဘယ်လို သဘောထားရမယ်ဆိုတာကို ပိုရှင်းသွားစေတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “အပြင်ပန်းတွင် သင့်မိဘများက သင်၏ ဇာတိပကတိ အသက်ကို မွေးဖွားပေးခဲ့သည့်ပုံစံရပြီး သင့်အား အသက်ကိုပေးသည်မှာ သင့်မိဘများဖြစ်သည့် ပုံရှိသည်။ သို့သော် ဘုရားသခင်၏ အမြင်ရှုထောင့်မှလည်းကောင်း၊ ဤအမှုကိစ္စ၏ အရင်းအမြစ်မှလည်းကောင်း သင်၏ ဇာတိပကတိအသက်ကို သင့်မိဘများက သင့်အားပေးခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် အသက်ကို မဖန်တီးနိုင်သောကြောင့် ဖြစ်သည်။ ရိုးရှင်းစွာဆိုရလျှင် မည်သူကမျှ လူ၏ ဇီဝအသက်ကို မဖန်တီးနိုင်ပေ။ လူတစ်ယောက်ချင်းစီ၏ အသွေးအသားက လူတစ်ယောက်ဖြစ်လာနိုင်သည့် အကြောင်းရင်းမှာ ထိုဇီဝအသက်ရှိသောကြောင့်ဖြစ်သည်။ လူ၏အသက်သည် ဤဇီဝအသက်တွင် တည်ရှိသည်။ ပြီးလျှင် ယင်းသည် သက်ရှိလူတစ်ယောက်၏ လက္ခဏာဖြစ်သည်။ လူတို့၌ ဤဇီဝအသက်နှင့် အသက်တို့ရှိပြီး ဤအရာများ၏ အရင်းအမြစ်နှင့် ဇာစ်မြစ်မှာ ၎င်းတို့မိဘများမဟုတ်ပေ။ လူတို့အား ၎င်းတို့မိဘများက ၎င်းတို့ကို မွေးဖွားသည့်နည်းဖြင့် ဖြစ်ပေါ်စေခြင်းသာ ဖြစ်သည်။ အရင်းအမြစ်ကို ကြည့်လျှင် ဤအရာများကို လူတို့အားပေးသည်မှာ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်များမဟုတ်ပေ။ သင့်ဘဝ၏ အရှင်သခင်သည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသည်။ လူသားမျိုးနွယ်၏ အသက်များကို ဖန်ဆင်းပြီး သူသည် လူသားမျိုးနွယ်အား လူ့အသက်၏ အရင်းအမြစ်ဖြစ်သော အသက်၏ ဇီဝအသက်ကို ပေးသည်။ ထို့ကြောင့် ‘သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်မဟုတ်’ ဆိုသည့် စာကြောင်းသည် နားလည်ရန် မလွယ်ကူသလော။ သင်၏ ဇီဝအသက်ကို သင့်မိဘများက ပေးခဲ့ခြင်းမဟုတ်။ ပြီးလျှင် ထိုဇီဝအသက်က ဆက်လက်၍ တည်ရှိနေခြင်းကို သင့်မိဘများက ပေးသည်ဆိုလျှင် ပို၍ပင် မဟုတ်ပေ။ ဘုရားသခင်က သင့်ဘဝ၏ နေ့စဉ်နေ့တိုင်းကို ကြည့်ရှုစောင့်ရှောက်ပြီး အုပ်စိုးသည်။ သင့်ဘဝ၏ နေ့စဉ်နေ့ရက်တိုင်းက မည်သို့ဖြစ်သည်၊ တစ်ရက်ချင်းစီက ပျော်ရွှင်ပြီး အဆင်ပြေချောမွေ့ခြင်းရှိမရှိ၊ နေ့စဉ် မည်သူ့ကို သင်တွေ့သည်၊ သို့မဟုတ် နေ့စဉ် မည်သည့်ပတ်ဝန်းကျင်၌ သင်နေသည်ဆိုသည်တို့ကို သင့်မိဘများက မဆုံးဖြတ်နိုင်ပေ။ ဘုရားသခင်က သင့်မိဘများမှတစ်ဆင့် သင့်အား ကြည့်ရှုစောင့်ရှောက်ခြင်းသာ ဖြစ်သည်။ သင့်မိဘများသည် သင့်အား ကြည့်ရှုစောင့်ရှောက်ရန် ဘုရားသခင်က စေလွှတ်သည့်သူများသာဖြစ်သည်။ သင်မွေးဖွားလာသောအခါ သင့်အား အသက်ပေးသူမှာ သင့်မိဘများမဟုတ်ပေ။ ဤသို့ဆိုလျှင် ယခုအထိ အသက်ရှင်စေသည့် အသက်ကို သင့်အားပေးခဲ့သည်မှာ သင့်မိဘများဖြစ်သလော။ မဟုတ်သေးပေ။ သင့်အသက်၏ အရင်းအမြစ်သည် ဘုရားသခင်သာ ဖြစ်ဆဲဖြစ်ပြီး သင့်မိဘများမဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းပါတယ်။ လူ့အသက်ရဲ့ ဇာစ်မြစ်က ဘုရားဖြစ်တယ်။ ကျွန်မကို ကျွန်မအမေက မွေးပေးခဲ့ပေမဲ့၊ ကျွန်မအသက်ကို ဘုရားက လက်ဆောင်ပေးထားတာပါ။ ဘုရားရဲ့ ကောင်းချီးနဲ့ ထောက်ပံ့မှုမရှိရင်၊ ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်နိုင်ခဲ့မှာ မဟုတ်ဘူး။ ဘုရားက ကျွန်မကို ပြုစုပျိုးထောင်ဖို့ ကျွန်မအမေကို အသုံးပြုခဲ့တယ်။ သူ့ရှေ့ကို ကျွန်မကို ခေါ်ဆောင်ဖို့ အမေ့ကို အသုံးပြုခဲ့သလို၊ အိမ်မှာရှိတဲ့ ဒုက္ခပြဿနာတွေနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ ပူပန်သောကကို ဖယ်ရှားဖို့ သူ့ကို သုံးခဲ့တယ်။ ကျွန်မအတွက် ကျွန်မအမေက ဘယ်လောက်ပဲ အသုံးခံခဲ့ပါစေ၊ ဒီအရာအားလုံးက ကျွန်မအပေါ် ဘုရားပေးသနားခဲ့တဲ့ အရာကနေ အစပြုခဲ့တာပါ။ ဒါပေမဲ့ အဲဒီအစား ကျွန်မက အမှုအရာတွေကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်။ ကျွန်မအမေက ကျွန်မအတွက် အရမ်းအသုံးခံခဲ့တယ်လို့ ယုံကြည်ပြီး၊ ကျွန်မမိဘတွေကို အမြဲ ပြန်ဆပ်ချင်နေခဲ့တယ်။ ဒါကြောင့် ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ သတ်မှတ်ချက်တွေကို ကျွန်မ လျစ်လျူရှုခဲ့တယ်။ တကယ်တော့၊ ကျွန်မအမေက ဘယ်လောက်ပဲ အသုံးခံခဲ့ပါစေ၊ သူက မိခင်တစ်ယောက်အနေနဲ့ သူ့တာဝန်ကို ဖြည့်ဆည်းနေခဲ့တာပါ။ အဲဒါကလည်း ဘုရားရဲ့ အစီအစဉ်တွေနဲ့ အချုပ်အခြာအာဏာပဲ။ ကျွန်မ ကျေးဇူးတင်သင့်တာက ဘုရားပဲ။ ဒီလောကမှာ ကျွန်မကိုယ်ပိုင် ဘဝပေးတာဝန် ရှိတယ်၊ အဲဒါက ဖန်ဆင်းခံအနေနဲ့ ကျွန်မတာဝန်ကို လုပ်ဖို့ပဲ၊ ကျွန်မအမေရဲ့ ကြင်နာမှုကို ပြန်ဆပ်ဖို့ မဟုတ်ဘူး ဆိုတာကိုလည်း နားလည်ခဲ့ပါတယ်။ ဒါကို သဘောပေါက်တော့၊ ကျွန်မ အပြစ်ရှိတဲ့စိတ်နဲ့ အသက်မရှင်တော့ဘူး၊ ကျွန်မကိုယ်ကျွန်မ အပြစ်တင်ပြီး အကြွေးတင်တယ်လို့ မခံစားရတော့ဘူး။ ကျွန်မစိတ်နှလုံးကို ငြိမ်အောင်ထားပြီး တာဝန်ကို လုပ်နိုင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက အလင်းမီးပြတိုက်ပါပဲ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ အချိန်မီ ဉာဏ်အလင်းပေးပြီး လမ်းပြမှုကြောင့် မဟုတ်ရင်၊ စာတန်က ကျွန်မထဲမှာ သွတ်သွင်းခဲ့တဲ့ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”ဆိုတာနဲ့ “သင်၏မိဘများ အသက်ရှင်နေစဉ် အဝေးသို့ ခရီးမသွားနှင့်”ဆိုတဲ့ ဆိုရိုးတွေကို ကျွန်မ သိမြင်နိုင်ဦးမှာ မဟုတ်ဘူး။ စာတန်က ပေးတဲ့ဒုက္ခကို ခံပြီး စိတ်ထဲမှာ ကျွန်မအမေအပေါ် အကြွေးတင်တဲ့ ခံစားချက်နဲ့ ကျွန်မ အသက်ရှင်နေမိမှာပဲ။ အခု နောက်ဆုံးမှာ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်သွားပြီ။ ရိုးရာယဉ်ကျေးမှုက ဘုရားကို အတိုက်အခံလုပ်တဲ့ ဖောက်ပြန်ရေး အတွေးမှားတစ်ခုပဲ။ ပြီးတော့ ဒီအတွေးနဲ့ အမြင်တွေက အရမ်း အထင်မှားစေတယ်။ ဒီစာတန်ဆန်တဲ့ အတွေးမှားတွေကနေ ကျွန်မကို အဝေးကို ခေါ်သွားခဲ့ပြီး ကျွန်မအမေရဲ့ သေခြင်းကို မှန်မှန်ကန်ကန် သဘောထားနိုင်အောင် လုပ်ခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါ။ ကျွန်မရဲ့ စိတ်နှလုံးက လွတ်မြောက်ပြီး လွတ်လပ်သွားခဲ့တယ်။ ကျွန်မကို ကယ်တင်တဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။