သားသမီးများအပေါ် အကြွေးတင်စိတ်အား ကျွန်မ စွန့်လွှတ်ခဲ့

06.06.2026

ယီရှင်း၊ တရုတ်ပြည်

၂၀၀၃ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ သခင်ယေရှုရဲ့ ပြန်ကြွလာတာကို ကြိုဆိုနိုင်ခဲ့တဲ့အတွက် ကျွန်မ အရမ်းကို စိတ်လှုပ်ရှားခဲ့ရပြီး ဒီသတင်းကောင်းကို သခင်ဘုရားကို ယုံကြည်တဲ့ ညီအစ်ကိုမောင်နှမတွေကို အမြန်ဆုံး ပြောပြချင်ခဲ့တယ်၊ ဒါမှ သူတို့အားလုံး ဘုရားသခင်ရှေ့ကို လာနိုင်ကြမှာလေ။ ဒါကြောင့် ကျွန်မက ဧဝံဂေလိအဖွဲ့ထဲကို ချက်ချင်းပဲ ဝင်ခဲ့တယ်။

၂၀၀၄ ခုနှစ်၊ မတ်လမှာ အလုပ်လိုအပ်ချက်ကြောင့် ဧဝံဂေလိတရား ဟောဖို့ တခြားဒေသတွေကို ကျွန်မ သွားခဲ့တယ်။ အဲဒီအချိန်တုန်းကဆို ကျွန်မမှာ သန္နိဋ္ဌာန်တွေ ပြည့်ဝနေပြီး ဧဝံဂေလိတရားကို အမြန်ဆုံးထွက်ဟောချင်နေခဲ့တာ၊ ဒါမှ ဘုရားသခင်ရဲ့ အသံတော်ကို လူများများ ပိုကြားနိုင်ဖို့နဲ့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံနိုင်ဖို့ ကျွန်မ ကူညီနိုင်မှာလေ။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ “ငါသာ ထွက်သွားရင် ငါ့ကလေးနှစ်ယောက်ကို ဘယ်သူ စောင့်ရှောက်မှာလဲ။ သမီးက ၁၃ နှစ်၊ သားက ၁၂ နှစ်လေ။ ငယ်ငယ်ကတည်းက သူတို့ကို ငါပဲ ပြုစုပျိုးထောင်လာခဲ့တာ။ ငါ့ယောကျ်ားကလည်း တစ်နေကုန် အလုပ်နဲ့ မအားဘူး၊ ပြီးတော့ သူက ကလေးတွေကို ဘယ်တုန်းကမှ သိပ်ဂရုမစိုက်ဘူး။ ငါသာ တာဝန်ထမ်းဆောင်ဖို့ ထွက်သွားရင် သူတို့ တစ်နေ့ သုံးနပ် မှန်မှန်စားရဖို့ ဘယ်သူက သေချာလုပ်ပေးမှာလဲ။ ကလေးတွေကို စောင့်ရှောက်မဲ့သူမရှိလို့ တစ်ခုခုဖြစ်သွားရင် ငါ့ယောကျ်ားနဲ့ ယောက္ခမက ငါ့ကို အမေတစ်ယောက်ရဲ့ တာဝန် မကျေပွန်ဘူးလို့ ပြောကြမှာ မဟုတ်လား။ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေကလည်း ငါ့ကို အမေကောင်းတစ်ယောက် မဟုတ်ဘူးလို့ ပြောကြမှာပဲ” လို့ပေါ့။ ဒီလို တွေးမိတော့ ကျွန်မရင်ထဲမှာ တော်တော်လေးကို ခံစားရခက်သွားတယ်၊ ဧရာမ ကျောက်တုံးကြီး ဖိထားသလိုမျိုးပေါ့။ ကျွန်မ ဘုရားသခင်ရှေ့ကိုလာပြီး ဆုတောင်းခဲ့တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ သမီး ဧဝံဂေလိတရား သွားဟောချင်ပေမဲ့ ကလေးတွေကို စိတ်မချနိုင်ဖြစ်နေပါတယ်။ သမီး မရှိတဲ့နောက် ကလေးတွေကို ဘယ်သူမှ မစောင့်ရှောက်မှာကို စိုးရိမ်နေမိတယ်။ သမီး ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲ။ သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရမိတယ်။ “မည်သူသည် ငါ့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ပြည့်ဝစွာ အသုံးခံကာ သူတို့၏ အရာအားလုံးကို ငါ့အတွက် ဆက်ကပ်နိုင်သနည်း။ သင်တို့ အားလုံးသည် စိတ်မပါ့တပါဖြစ်နေကြပြီး သင်တို့၏ အတွေးများသည် တဝဲလည်လည် ဖြစ်ကာ အိမ်၊ အပြင်လောက၊ အစားအစာနှင့် အဝတ်အစားများအကြောင်း တွေးနေကြသည်။ သင်သည် ငါ့အရှေ့ ဤနေရာတွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသော်လည်း သင်၏ စိတ်နှလုံးအတွင်းထဲတွင်မူ သင်သည် အိမ်ရှိ သင်၏ ဇနီးသည်၊ သားသမီးများနှင့် မိဘများအကြောင်းကို တွေး၍နေသေးသည်။ ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင် ယုံကြည်ကိုးစားခြင်း မရှိသလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ ပူပန်ပြီး သင်ချစ်ရသူများအတွက် အဘယ်ကြောင့် အမြဲစိုးရိမ်ကြောင့်ကြနေသနည်း။ ငါသည် သင်၏ နှလုံးသားထဲတွင် ကျိန်းသေနေရာတစ်ခု ရှိသလော။ ငါ့ကို သင့်အထဲ၌ အုပ်စိုးမှုရှိရန်နှင့် သင်၏ ဖြစ်တည်ခြင်းအလုံးစုံထဲတွင် နေရာယူရန် ငါ့ကို ခွင့်ပြုသည့်အကြောင်း သင်ပြောဆဲဖြစ်သည်၊ ဤအရာအားလုံးမှာ လှည့်စားသော မုသားများပင် ဖြစ်သည်။ သင်တို့ထဲမှ မည်မျှသည် သင်တို့၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် အသင်းတော်ထံ ကတိခံကြသနည်း။ ထို့အပြင် သင်တို့ထဲမှ မည်သူသည် ကိုယ့်အတွက်ကိုယ် မတွေးဘဲ ယခုကာလ၏ နိုင်ငံတော်အတွက် ပြုမူလုပ်ဆောင်ကြသနည်း။ ဤအကြောင်းကို အလွန် သေချာစွာ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်ပြီး လူအားလုံးရဲ့ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး အုပ်စိုးတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့ရတယ်၊ ဒါဆိုရင် ကျွန်မရဲ့ ကလေးနှစ်ယောက်ကလည်း ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိနေတာ မဟုတ်ဘူးလား။ ကျွန်မကလေးတွေ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာကို ဘုရားသခင်က စီစဉ်ပေးပြီးသားပါ။ ကျွန်မ စိတ်ပူနေလည်း အလကားပဲလေ။ ဘုရားသခင်ကို ယုံကြည်ခြင်းရှိပြီး ကလေးတွေကို ကိုယ်တော့်ဆီ အပ်နှံရမယ်။ ဒါနဲ့ ကျွန်မလည်း ကလေးနှစ်ယောက်ကို နေရာချထားပေးပြီးတော့ စိတ်အေးလက်အေးနဲ့ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ထွက်လာခဲ့တယ်။

၂၀၀၄ ခုနှစ် ဆောင်းတွင်းမှာ ရာသီဥတုက အရမ်းအေးတယ်။ ညီအစ်ကိုမောင်နှမတချို့က သူတို့ကလေးတွေအတွက် ဆောင်းတွင်းဝတ် အင်္ကျီတွေ ဝယ်ပေးချင်တယ်လို့ ပြောတာကြားတော့ ကျွန်မရဲ့ ကလေးနှစ်ယောက်အတွက် ကျွန်မ စပြီး စိတ်ပူလာတယ်။ “အေးလိုက်တာ၊ သူတို့ နွေးနွေးထွေးထွေး ဝတ်ထားကြရဲ့လား။ အအေးမိသွားရင် ဘယ်လိုလုပ်မလဲ” ပေါ့။ ဒါနဲ့ ကျွန်မအလုပ်အတွက် အစီအစဉ်တွေလုပ်ပြီး အိမ်ကို ပြန်ခဲ့တယ်။ အိမ်ရောက်တော့ ကလေးနှစ်ယောက်က သူတို့ဘာသာသူတို့ ထမင်းဟင်းချက်၊ အဝတ်လျှော်တတ်နေတာကို တွေ့ရတဲ့အပြင် နှစ်ယောက်စလုံး ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတာကိုပါ မြင်လိုက်ရတယ်။ ဘုရားသခင် ပြောခဲ့တဲ့စကားကို ကျွန်မ တွေးမိလိုက်တယ်။ “၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင် ယုံကြည်ကိုးစားခြင်း မရှိသလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ ပူပန်ပြီး သင်ချစ်ရသူများအတွက် အဘယ်ကြောင့် အမြဲစိုးရိမ်ကြောင့်ကြနေသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) အရင်က ကျွန်မမှာ ယုံကြည်ခြင်း သိပ်နည်းခဲ့တာ၊ ဒါပေမဲ့ အခု ကလေးတွေ အဆင်ပြေနေတာကို မြင်လိုက်ရတော့ သူတို့ကို စိတ်ချလက်ချထားခဲ့ပြီး ကျွန်မရဲ့ တာဝန်တွေကို တည်ငြိမ်တဲ့စိတ်နဲ့ ထမ်းဆောင်နိုင်ပြီလေ။ နောက်ပိုင်း ကလေးနှစ်ယောက်ကို ပြန်တွေ့တဲ့အခါ သူတို့ အရပ်တွေ ရှည်လာကြပြီ။ အဖေဖြစ်သူကို ဆိုင်မှာ ကူရောင်းပေးနိုင်ရုံသာမကဘဲ ပစ္စည်းတွေ ဘယ်လိုအဝယ်လိုက်ရမယ်ဆိုတာကိုပါ သင်ယူတတ်မြောက်နေကြတယ်။ ပတ်ဝန်းကျင်က လူတိုင်းကလည်း ကလေးနှစ်ယောက်က အရည်အချင်းရှိပြီး တော်ကြတယ်လို့ ချီးမွမ်းကြတယ်။ ကျွန်မ အရမ်းဝမ်းသာပြီး ဘုရားသခင်ကို ကျေးဇူးတင်ခဲ့တယ်။ အဲဒီနောက် ကလေးနှစ်ယောက်ကို ကျွန်မ ဧဝံဂေလိတရား ဟောပြောခဲ့တယ်။ သူတို့လည်း လက်ခံပြီး အိမ်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ကြတယ်။

၂၀၁၂ ခုနှစ်အကုန်မှာ အိမ်နဲ့ဝေးတဲ့ နေရာမှာ ဧဝံဂေလိတရား ဟောနေတုန်း ကျွန်မ အဖမ်းခံခဲ့ရတယ်။ အသင်းတော် ခေါင်းဆောင်ကို သစ္စာဖောက်ဖို့အတွက် ရဲတွေက ကျွန်မကို တစ်ပတ်လုံး ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး အဲဒီအချိန်အတွင်းမှာလည်း ဆက်တိုက် ခြိမ်းခြောက် အကျပ်ကိုင်ခဲ့တယ်၊ ဘုရားသခင်ကို ယုံကြည်တဲ့အတွက် ကျွန်မကို နိုင်ငံရေးရာဇဝတ်ကောင်လို့ စွပ်စွဲပြီး ကျွန်မလို အမှုမျိုးဆိုရင် အနည်းဆုံး သုံးနှစ်ကနေ ခုနစ်နှစ်အထိ ထောင်ကျလိမ့်မယ်လို့ ပြောတယ်။ ဒီလောက်နှစ်တွေအကြာကြီး ထောင်ကျရမယ်လို့ တွေးမိတော့ ကျွန်မ မနားတမ်း ငိုနေမိတယ်။ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ အဖမ်းခံရတာကို သိရင် ကလေးနှစ်ယောက် ငါ့ကို စိတ်ပူနေကြမလား။ သူတို့လည်း ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာကို ရဲတွေ သိသွားရင် သူတို့ကိုရော ဖမ်းသွားမလား။ ဒီနှစ်တွေအတွင်းမှာ သူတို့ကို ငါ ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး။ ငါ့ကြောင့် သူတို့ပါ ဒုက္ခရောက်ရရင်တော့...” လို့ပေါ့။ တွေးလေလေ၊ ပိုပြီး ဝမ်းနည်းရလေလေပါပဲ။ မထင်မှတ်ဘဲ ရက်ပိုင်းလောက်နေတော့ ရဲတွေက ကျွန်မကို အချုပ်ခန်းတံခါးဝဆီ ခေါ်သွားတယ်။ အဲဒီမှာ သမီးကို မြင်လိုက်ရပြီး ကလေးနှစ်ယောက်က အသိအကျွမ်းတွေရှာ၊ အဆက်အသွယ်တွေသုံးပြီး အခက်အခဲအများကြီး ခံခဲ့ကြတယ်၊ ကျွန်မကို ရုံးမတင်ခင် အာမခံနဲ့ လွတ်ဖို့အတွက် ယွမ် ၇ သောင်း၊ ၈ သောင်းလောက် သုံးခဲ့တယ်ဆိုတာကို သိလိုက်ရတယ်၊ ဒါကြောင့် ကျွန်မ ထောင်ဒဏ်ကို အပြင်မှာ ၁၈ လ ဖြတ်သန်းခွင့် ရခဲ့တာပါ။ အိမ်ကို ရောက်တော့ ကျွန်မယောကျ်ားက ပြောတယ်၊ “မင်းကို အဲဒီကနေ ထုတ်နိုင်ဖို့ ကလေးနှစ်ယောက်က အတော်လေး ပြေးလွှားခဲ့ရတာ။ နေ့တိုင်း ဟိုမေးဒီမေးနဲ့ဆိုတော့ အလုပ်လုပ်ဖို့လည်း သူတို့ စိတ်မပါကြတော့ဘူး။ မင်းကို ရဲတွေ ရိုက်သတ်လိုက်မှာကြောက်ပြီး တစ်နေကုန် စိုးရိမ်ထိတ်လန့်နေခဲ့ကြတာ။ သားကဆိုရင် သူပိုင်တာ အကုန်ရောင်းရပါစေ မင်းကို အပြင်ရောက်အောင် ထုတ်မယ်လို့တောင် ပြောသေးတယ်” တဲ့။ ကျွန်မယောကျ်ားက ဒီစကားတွေပြောတာကို ကြားတော့ ကျွန်မ အငိုမတိတ်နိုင်ခဲ့ဘူး။ ပြန်ကြည့်ရင် ကလေးတွေ ဆယ်ကျော်သက်အရွယ်မှာ ကျွန်မက တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်သွားခဲ့တာလေ။ ဒီနှစ်တွေတစ်လျှောက် သူတို့ကို ကျွန်မ ကောင်းကောင်း မစောင့်ရှောက်ခဲ့ဘူး၊ အခုဆို သူတို့က ကျွန်မအတွက် ဒီလောက်ကြီးမားတဲ့ အဖိုးအခကိုတောင် ပေးဆပ်ခဲ့ကြပြီ။ သူတို့အပေါ် ကျွန်မ တကယ် တာဝန်မကျေခဲ့ဘူးလို့ ခံစားရပြီး အဲဒီအချိန်ကစလို့ အိမ်မှာပဲနေပြီး သူတို့ကို သေချာ စောင့်ရှောက်ချင်ခဲ့တယ်၊ သူတို့ရဲ့ကလေးတွေကို စောင့်ရှောက်ပေးဖို့ ကူညီရင်းနဲ့ သူတို့အပေါ် အကြွေးတင်နေတာတွေကို ပြန်ဆပ်ဖို့ အလုပ်နည်းနည်းပါးပါး ကူလုပ်ပေးချင်ခဲ့တာပါ။ အိမ်မှာနေရတာ ဆယ်ရက်ပဲ ရှိသေးတဲ့အချိန် ရဲငါးယောက် ခြောက်ယောက်လောက်က ကျွန်မအိမ်ထဲကို ရုတ်တရက် ဝင်လာပြီး ကျွန်မကို ဖမ်းမယ်၊ အချုပ်ခန်းဆီ ထပ်ခေါ်သွားမယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး။ ခြောက်ရက်တိတိ ကျွန်မကို ညှဉ်းပန်းနှိပ်စက်ပြီး စစ်ကြောမေးမြန်းပေမဲ့ ကျွန်မဆီက ဘာမှမရဘဲ လွှတ်ပေးလိုက်တယ်။ ရဲတွေ ဖမ်းဆီးတာကို ရှောင်ဖို့ ကျွန်မမှာ အိမ်ကနေ ထွက်ပြီး တခြားနေရာမှာ တာဝန်တွေ သွားထမ်းဆောင်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူးလေ။

တစ်ခါတော့ အိမ်က အခြေအနေတွေကို မေးဖို့ သမီးဆီကို စာရေးခဲ့တယ်။ ကျွန်မ အိမ်ကထွက်သွားကတည်းက ကျွန်မ ဘယ်မှာရှိနေတယ်ဆိုတာကို ဖော်ထုတ်ခိုင်းဖို့ ရဲတွေက အိမ်ကို အကြိမ်ကြိမ် လာခဲ့ကြတယ်လို့ သမီးက ပြောတယ်။ သားရဲ့ အလုပ်ကိုလည်း အစိုးရက ရပ်ခိုင်းလိုက်ပြီး ကျွန်မ အဖမ်းခံရတာက သူ့အတွက် လုံခြုံရေးအန္တရာယ် ရှိလာတာကြောင့် သမီးလည်း စုဝေးပွဲတွေ မတက်တော့ဘဲ တာဝန်တွေလည်း မထမ်းဆောင်တော့ဘူးတဲ့။ အချိန်တွေကြာလာတာနဲ့အမျှ သမီးလည်း အားနည်းလာပြီး သားကလည်း စုဝေးပွဲတွေကို ဆက်မတက်ချင်တော့ဘူးလေ။ စာကို ဖတ်ပြီးတဲ့နောက် ကျွန်မ အရမ်းကို စိတ်ဆင်းရဲသွားပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့ကလေးနှစ်ယောက်က ဘုရားသခင်ကို မယုံကြည်ရင် နောင်အနာဂတ်မှာ ကောင်းတဲ့ အဆုံးသတ်ကို သူတို့ ရနိုင်တော့မှာ မဟုတ်ဘူး မဟုတ်လား။ ငါသာ အိမ်မှာရှိပြီး သူတို့နဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့နေရင် သူတို့က ဘုရားသခင်ကို ဆက်ယုံကြည်ပြီး သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်ဦးမှာ မဟုတ်ဘူးလား။ သူများတွေကို ဧဝံဂေလိတရား ဟောဖို့အတွက် ငါ့အချိန်တွေကို တခြားဒေသတွေမှာ ကုန်ဆုံးနေပေမဲ့ အခုတော့ ငါ့သွေးရင်းသားရင်း ကလေးတွေက အားနည်းနေပြီ၊ သူတို့ကို ငါ သေချာ မကူညီခဲ့ဘူး၊ မထောက်ပံ့ပေးခဲ့ဘူး။ ငါက တကယ်ကို အမေကောင်းတစ်ယောက် မဟုတ်ဘူးပဲ” လို့ပေါ့။ အဲဒီကာလအတွင်းမှာ ကျွန်မရဲ့ အခြေအနေက ဆိုးရွားနေပြီး တာဝန်ထမ်းဆောင်ဖို့ စိတ်မပါတော့ဘူး။ လူသစ်တွေကို အချိန်မီ ရေမလောင်းပေးဖြစ်တော့ သူတို့ထဲက တချို့ အပျက်သဘောဆောင်သွားကြတယ်။ ကျွန်မရဲ့ အခြေအနေကိုသာ မပြောင်းလဲရင် အရမ်းအန္တရာယ်များမယ်ဆိုတာ ကျွန်မသိလိုက်တယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် ဦးဆောင်ပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရတာနဲ့ အဲဒါကို ရှာဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဤတကယ့်လူ့အဖွဲ့အစည်းတွင် အသက်ရှင်ကြသည့် လူတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည်။ လူတို့ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ရိုးရာယဉ်ကျေးမှုများစွာသည် လူတို့၏ အတွေးများနှင့် အမြင်များတွင် အရိုးစွဲနေပေသည်။ အထူးသဖြင့် အမျိုးသမီးများသည် မိမိတို့ လင်ယောက်ျားနှင့် သားသမီးများအတွက် မိမိတို့ ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံထားကာ သူတို့အတွက် အသက်ရှင်လျက်၊ မိသားစုက တစ်နေ့ ထမင်းသုံးနပ် ဝဝလင်လင် စားရအောင် သေချာလုပ်ပေးလျက်၊ လျှော်ဖွတ်ရေး၊ သန့်ရှင်းရေးနှင့် အခြား အိမ်အလုပ်အားလုံးကို ကောင်းစွာလုပ်လျက် မိမိတို့ လင်ယောက်ျားကို ပြုစုပြီး မိမိတို့ သားသမီးများကို ပျိုးထောင်ဖို့၊ ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခြင်းခံရသည်။ ဤသည်မှာ ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် လက်ခံထားသော စံနှုန်းဖြစ်သည်။ အမျိုးသမီးတိုင်းကလည်း ဤသည်မှာ အမှုအရာများကို လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ကြောင်းနှင့် ထိုသို့မလုပ်ပါက ကောင်းမြတ်သော အမျိုးသမီးတစ်ဦး မဟုတ်သကဲ့သို့ အသိစိတ်နှင့် ကိုယ်ကျင့်တရား၏ စံနှုန်းများကိုလည်း ချိုးဖောက်မိပြီဖြစ်ကြောင်း တွေးထင်ကြသည်။ ဤကိုယ်ကျင့်တရား စံနှုန်းများကို ချိုးဖောက်ခြင်းက လူတချို့၏ အသိစိတ်အပေါ် လေးလံစွာ ဖိစီးလိမ့်မည်။ ၎င်းတို့၏ လင်ယောက်ျားနှင့် သားသမီးများကို စိတ်ပျက်စေမိပြီဖြစ်ကြောင်းနှင့် ၎င်းတို့က ကောင်းမြတ်သည့် အမျိုးသမီးများ မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သည့်နောက်၊ သူ၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးသည့်နောက်၊ သမ္မာတရားတချို့ကို နားလည်ကာ အချို့သော ကိစ္စရပ်များကို ရိပ်စားမိပြီးသည့်နောက်တွင် သင်က ‘ငါသည် ဖန်ဆင်းခံတစ်ဦးဖြစ်၍ ငါ့တာဝန်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် ထမ်းဆောင်သင့်ပြီး ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံသင့်သည်’ ဟု တွေးလိမ့်မည်။ ဤအချိန်တွင် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရေးနှင့် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသလော။ သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်လိုလျှင် သင်၏ တာဝန်ကို အချိန်ပြည့် သင်မထမ်းဆောင်နိုင်ပေ။ သို့သော် သင်၏ တာဝန်ကို အချိန်ပြည့် ထမ်းဆောင်လိုပါက သင်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဖြစ်နိုင်ပေ။ ဤအခါ သင်မည်သည့်အရာ လုပ်မည်နည်း။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး အသင်းတော်အလုပ်အတွက် တာဝန်ယူရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိရန် သင်ရွေးချယ်ပါက သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးကို စွန့်ရမည်။ ဤအခါ သင်မည်သည့်အရာ စဉ်းစားမည်နည်း။ သင့်စိတ်ထဲတွင် မည်သည့်သဘောကွဲလွဲခြင်းမျိုး ဖြစ်ပေါ်မည်နည်း။ သင်၏ သားသမီးများကို၊ သင်၏ လင်ယောက်ျားကို သင်စိတ်ပျက်စေမိပြီဟု ခံစားမည်လော။ အပြစ်ရှိပြီး မသက်မသာဖြစ်သည့် ဤခံစားချက်သည် မည်သည့်နေရာမှ လာသနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင်မဖြည့်ဆည်းသည့်အခါ၌မူ ဘုရားသခင်ကို သင်စိတ်ပျက်စေမိပြီဟု ခံစားရသလော။ သင်သည် အပြစ်ရှိသည့်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်စိတ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ နှလုံးနှင့် စိတ်တွင် သမ္မာတရား အရိပ်အယောင် အနည်းငယ်မျှပင် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင်နားလည်သနည်း။ ရိုးရာယဉ်ကျေးမှုနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ ဖြစ်သည်။ ထိုသို့ဖြင့် ‘ကျွန်ုပ်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဟုတ်လျှင် ကောင်းမြတ်သော သို့မဟုတ် ရည်မွန်သော အမျိုးသမီးတစ်ဦး မဟုတ်ပါ’ ဟူသည့် အယူအဆက သင်၏ စိတ်တွင် ထွက်ပေါ်လာလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် ဤအယူအဆ၏ ချည်နှောင်ခြင်းနှင့် ချုပ်ချယ်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သင်ယုံကြည်ကာ သင်၏ တာဝန်ကို ထမ်းဆောင်သည့်နောက်တွင်ပင် ဤအယူအဆမျိုးများ၏ ထိုသို့ ချည်နှောင်ချုပ်ချယ်ခြင်းတို့ကို ဆက်လက်ခံနေရလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရေးနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသည့်အခါ သင့်အနေဖြင့် ဘုရားသခင်အတွက် သစ္စာစောင့်သိမှု အနည်းငယ် ပိုင်ဆိုင်ကောင်းပိုင်ဆိုင်မည်ဖြစ်လျက် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အင်တင်တင်ဖြင့် ရွေးချယ်နေနိုင်လင့်ကစား သင်၏ စိတ်နှလုံး၌မူ မသက်မသာဖြစ်ကာ မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက်တစ်ခုကား ရှိနေလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် သင့်ထံတွင် အချိန်ပိုတချို့ရှိသည့်အခါ သင့်အနေဖြင့် သင်၏ သားသမီးများနှင့် လင်ယောက်ျားကို ပို၍ အတိုးချ ပြုစုပေးရန် အလိုရှိလျက် ၎င်းတို့ကို စောင့်ရှောက်ပေးဖို့ အခွင့်အရေးများ ရှာဖွေလိမ့်မည်ဖြစ်ပြီး သင့်ထံတွင် စိတ်ငြိမ်သက်ခြင်း ရှိသရွေ့ သင့်အနေဖြင့် သာ၍ ဆင်းရဲဒုက္ခခံစားရမည်ဆိုလျှင်ပင် အဆင်ပြေသည်ဟု တွေးလိမ့်မည်ဖြစ်သည်။ ဤအရာကို ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦး ဖြစ်ရေးနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ စိတ်ကူးများနှင့် သဘောတရားများ၏ လွှမ်းမိုးမှုက ဖြစ်ပေါ်စေသည် မဟုတ်လော။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် လိုလားသော်လည်း ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရန်လည်း အလိုရှိလျက် ယခုတွင် လှေနံနှစ်ဖက်နင်းနေမိပေသည်။ သို့ရာတွင် ဘုရားသခင်၏ ရှေ့မှောက်၌ ငါတို့သည် တာဝန်နှင့် ဝတ္တရားတစ်ခု၊ ဘဝပေးတာဝန်တစ်ခုသာ ရှိ၏။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းရန် ဖြစ်သည်။ ဤတာဝန်ကို ကောင်းမွန်စွာ သင်ဖြည့်ဆည်းပြီးပြီလော။ အဘယ်ကြောင့် တစ်ဖန် သင်လမ်းလွဲသွားပြန်သနည်း။ သင်၏ စိတ်နှလုံးတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ဝေဖန်မောင်းမဲစိတ်တို့ အမှန်တကယ် မရှိလေသလော။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားက အခြေခံအုတ်မြစ်ချထားခြင်း မရှိသေးသကဲ့သို့ ထိုစိတ်နှလုံးကို အုပ်စိုးခြင်းလည်း မရှိသေးသောကြောင့် သင်၏ တာဝန်ကို ထမ်း‌ဆောင်နေချိန်တွင် သင်သည် လမ်းလွဲသွားနိုင်သည်။ ယခုတွင် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေနိုင်သော်လည်း တကယ်တမ်း၌မူ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် စံနှုန်းများကို အလွန်စံမမီဖြစ်နေဆဲ ဖြစ်သည်။...ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ သူက ကျွန်ုပ်တို့ကို ပေးထားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့် အခြားတစ်ဦးတစ်ယောက်ထံ သင်၏ ဝတ္တရား သို့မဟုတ် တာဝန်ကို ဖြည့်ဆည်းရန် သင့်အတွက် မလိုအပ်ပေ။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဘုရားသခင်ထံတွင်သာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ အခြားမည်သည့်အရာမဆိုထက် လူတို့လုပ်ဆောင်ရမည့်အရာ၊ မိမိဘဝ၏ အဓိက အရေးကိစ္စအဖြစ် လုပ်ဆောင်သင့်သည့် အဓိကအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ မဖြည့်ဆည်းပါက၊ သင်သည် အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်ကနေ ရိုးရာယဉ်ကျေးမှုရဲ့ ဘောင်ခတ်မှုကို ကျွန်မ ကျပ်ကျပ်တည်းတည်း ခံထားရမှန်း ကျွန်မ မြင်လိုက်ရတယ်။ အမေကောင်းတစ်ယောက်ဆိုတာ သားသမီးတွေအတွက် အသက်ရှင်ရမယ်၊ သူတို့ တစ်နေ့ သုံးနပ် မှန်မှန်စားရဖို့ သေချာလုပ်ပေးရမယ်၊ အိမ်မှုကိစ္စတွေအပြင် သူတို့ဘဝရဲ့ ကိစ္စအဝဝကိုပါ စောင့်ရှောက်ပေးရမယ်လို့ ကျွန်မ ယုံကြည်ခဲ့တာလေ။ ဒီလိုလုပ်မှသာ ဇနီးကောင်း၊ မိခင်မေတ္တာရှင်တစ်ယောက် ဖြစ်နိုင်မယ်ပေါ့။ ဒါတွေကို မလုပ်နိုင်ရင်တော့ အမျိုးသမီးကောင်း တစ်ယောက် မဟုတ်ဘူး၊ အသိစိတ်နဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို ချိုးဖောက်မိတာပဲပေါ့။ ဒီနှစ်တွေတစ်လျှောက် ဇနီးကောင်း၊ မိခင်မေတ္တာရှင်တစ်ယောက် ဖြစ်ဖို့ဆိုတာကိုပဲ အမျိုးသမီးကောင်း တစ်ယောက်ဖြစ်ခြင်းရဲ့ စံနှုန်းအနေနဲ့ ကျွန်မ အမြဲ မှတ်ယူခဲ့တယ်။ ကလေးတွေအတွက် ဘယ်လောက်ပဲ ဒုက္ခခံရပါစေ၊ အဲဒါဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်လို့ ယုံကြည်ခဲ့ပြီး ကလေးတွေအတွက် ကျွန်မဘဝတစ်လျှောက်လုံး ကျွန်ခံဖို့ကို လုံးဝ ဆန္ဒရှိခဲ့တာပါ။ ဒီလို လုပ်မှပဲ အမေတစ်ယောက်ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်မယ်လို့ ထင်ခဲ့တယ်။ အထူးသဖြင့် ကွန်မြူနစ်ပါတီက ကျွန်မကို ဖမ်းဆီးပြီးတဲ့နောက်မှာ ကလေးနှစ်ယောက်က ကျွန်မအတွက် ငွေတွေ အများကြီး ကုန်ကျခဲ့တယ်၊ သူတို့အလုပ်တွေလည်း နှောင့်နှေးခဲ့ရပြီး ကြောက်လည်းကြောက် လန့်လည်းလန့်ခဲ့ကြရတယ်လေ။ ကလေးတွေအပေါ် ကျွန်မ ပိုပြီးတော့တောင် အကြွေးတင်သလို ခံစားမိတယ်။ သူတို့ကို သေချာ မစောင့်ရှောက်နိုင်ခဲ့တဲ့အပြင် ကျွန်မအတွက်နဲ့ သူတို့ကို အရမ်းဒုက္ခရောက်စေခဲ့တယ်လို့ ထင်မိတဲ့အတွက် သူတို့အပေါ် တာဝန်မကျေခဲ့တာတွေကို အစားထိုးပေးဖို့အတွက် သူတို့အတွက် အလုပ်တွေ ပိုလုပ်ပေးချင်ပြီး သူတို့ကလေးတွေကို ကူထိန်းပေးချင်ခဲ့တယ်။ ကျွန်မ အဖမ်းခံရတာကြောင့် သမီးက စုဝေးပွဲ မတက်နိုင်တော့တာ၊ တာဝန်တွေ မထမ်းဆောင်နိုင်တော့တာ၊ သား အလုပ်ပြုတ်သွားတာ၊ ပြီးတော့ ချွေးမကလည်း သူ့ကို တားဆီးနှောင့်ယှက်တာတွေကြောင့် သားက ဘုရားသခင်ကို ယုံကြည်ဖို့ စိတ်မပါတော့ဘူးဆိုတာတွေကို ကြားရတဲ့အခါ သူတို့ကို ဘုရားနှုတ်ကပတ်တော်တွေ ပိုပြီး မဖတ်ပြခဲ့မိလို့ ကျွန်မရဲ့ တာဝန်တွေ ပျက်ကွက်ခဲ့ပြီလို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း အသက်ရှင်နေခဲ့ပြီး တာဝန်ထမ်းဆောင်ဖို့ စိတ်မပါတော့တာပါ။ ကျွန်မ ရေလောင်းပေးဖို့ တာဝန်ယူထားတဲ့ လူသစ်တွေက အပျက်သဘောဆောင်ပြီး အားနည်းနေတာကြောင့် စုဝေးပွဲတွေကို ပုံမှန် မတက်နိုင်ကြဘူး၊ ဒါပေမဲ့ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ သင့်တော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ အမြန်မရှာပေးခဲ့ဘူး။ အဲဒီအစား ကျွန်မခေါင်းထဲမှာ အိမ်ပြန်ပြီး ကလေးတွေကို ဘယ်လိုစောင့်ရှောက်ရမလဲ ဆိုတာတွေချည်း ပြည့်နှက်နေတာလေ။ လုံခြုံရေးအန္တရာယ်တွေ ရှိနေလို့ အိမ်ကို ပြန်လို့မရတဲ့အတွက် ကျွန်မက ကလေးတွေအပေါ် အကြွေးတင်နေသလို အမြဲ ခံစားနေရပြီး ကျွန်မရဲ့ စိတ်နှလုံးထဲမှာလည်း နာကျင်မှုတွေ၊ ညှဉ်းပန်းမှုတွေနဲ့ ပြည့်နေခဲ့တယ်။ သမ္မာတရားကို ရရှိဖို့၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့နဲ့ ကယ်တင်ခံရဖို့တွေထက် ဇနီးကောင်း၊ မိခင်မေတ္တာရှင်တစ်ယောက် ဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ ကျွန်မ မှတ်ယူထားခဲ့တာလေ။ ဒီနှစ်တွေတစ်လျှောက် တာဝန်ထမ်းဆောင်ဖို့အတွက် မိသားစုနဲ့ အလုပ်ကို စွန့်လွှတ်ခဲ့ပေမဲ့ ကျွန်မရဲ့ အတွေးတွေ၊ အမြင်တွေကတော့ နည်းနည်းလေးမှ မပြောင်းလဲခဲ့ပါဘူး။ ဘုရားသခင်ရှေ့မှာ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဘယ်လို ဖြည့်ဆည်းရမလဲဆိုတာကို ကျွန်မ မတွေးခဲ့ဘဲ ဇနီးကောင်း၊ မိခင်မေတ္တာရှင်တစ်ယောက် ဖြစ်ဖို့ကိုပဲ လိုက်စားနေခဲ့တာလေ။ ကျွန်မရဲ့ တာဝန်နဲ့ ကယ်တင်ခံရဖို့ အခွင့်အရေးကို ကျွန်မ ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့တယ်။ ကျွန်မ တကယ်ကို မျက်စိကန်းပြီး မိုက်မဲခဲ့တာပဲ။ ပြန်တွေးကြည့်ရင် ဘုရားသခင်ကို ယုံကြည်တဲ့အကြောင်း ကလေးတွေကို ကျွန်မ ခဏခဏ ပြောပြခဲ့ပြီး သူတို့ကို ဘုရားသခင်ရှေ့ ရောက်လာအောင် ခေါ်ဆောင်ပေးခဲ့တာဆိုတော့ ကျွန်မရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းပြီးပြီမို့ သူတို့အပေါ် ဘာအကြွေးမှ မရှိတော့ပါဘူး။ ကလေးတွေ ခံစားရတဲ့ ဆင်းရဲဒုက္ခတွေက တကယ်တော့ ကွန်မြူနစ်ပါတီကြောင့် ဖြစ်ရတာပါ။ ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို ကွန်မြူနစ်ပါတီကသာ ဖိနှိပ်၊ ဖမ်းဆီးတာတွေ မလုပ်ခဲ့ဘူးဆိုရင် ကျွန်မလည်း အိမ်ပြန်ပြီး သူတို့ကို စောင့်ရှောက်နိုင်မှာပေါ့။ ကျွန်မနဲ့ ကလေးတွေကို ဆင်းရဲဒုက္ခတွေ ယူဆောင်လာတဲ့ ကွန်မြူနစ်ပါတီကိုသာ ကျွန်မ မုန်းတီးသင့်တာပါ။ ဒါပေမဲ့ အဲဒီအစား ကျွန်မက ကိုယ့်ကိုယ်ကိုယ်ပဲ အကုန်လုံး အပြစ်တင်ခဲ့ပြီး အမေတစ်ယောက်အနေနဲ့ ကောင်းကောင်း မစောင့်ရှောက်ခဲ့လို့ ကလေးတွေ အခုလို ဒုက္ခရောက်ရတာလို့ပဲ တဇွတ်ထိုး တွေးနေခဲ့တယ်။ ကျွန်မ အရမ်းကို မိုက်မဲပြီး အမှုအရာတွေကို ထိုးထွင်းမသိမြင်နိုင်ခဲ့ဘူး။ ဒါကို နားလည်သွားတော့ ကျွန်မရဲ့ အခြေအနေက နည်းနည်း ပြောင်းလဲသွားတယ်။ ကိုယ့်တာဝန်မှာ စိတ်နှလုံး အပြည့်အဝ မြှုပ်နှံနိုင်လာပြီး အပျက်သဘောဆောင်၊ အားနည်းနေတဲ့ လူသစ်တွေလည်း စုဝေးပွဲတွေကို ပုံမှန် ပြန်တက်နိုင်လာတယ်။

၂၀၂၃ ခုနှစ်မှာတော့ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် ရဲတွေက ကျွန်မကို လိုက်ဖမ်းဖို့ ဆက်တိုက် ကြိုးစားခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ သမီးဆီကို ရဲတွေက ဖုန်းဆက်ပြီး ရဲစခန်းကို လာခဲ့ဖို့ ခေါ်တယ်။ ကျွန်မ ထပ်အဖမ်းခံရပြီလို့ ထင်ပြီး သမီးက ရဲစခန်းကို ထိတ်ထိတ်ပျာပျာနဲ့ ပြေးသွားခဲ့တာပေါ့။ မထင်မှတ်ဘဲ ရဲတွေက သမီးကို ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်ဖို့ “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးခိုင်းခဲ့တဲ့အပြင် ခြိမ်းခြောက်၊ အကျပ်ကိုင်တာတွေပါ လုပ်ခဲ့တယ်။ သမီးက စာတန်ရဲ့ အကြံအစည်ကို ထိုးထွင်းမသိမြင်နိုင်ဘဲ “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးလိုက်တယ်။ ဒီသတင်းကို ကြားတော့ ကျွန်မ ရင်ထဲမှာ အရမ်းကို ဝမ်းနည်းသွားတယ်။ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့သမီးက လိမ္မာပြီး စဉ်းစားတတ်တယ်၊ ငါ ဘုရားသခင်ကို ယုံကြည်တာကိုလည်း ဘယ်တုန်းကမှ မတားဆီးခဲ့ဘူး။ ရဲတွေက ငါ့ကို ဖမ်းသွားတုန်းကလည်း အဖမ်းခံရမယ့် အန္တရာယ်ကြောင့် သူ စုဝေးပွဲ မတက်နိုင်၊ တာဝန်မထမ်းဆောင်နိုင် ဖြစ်ခဲ့ရတယ်။ နောက်ပိုင်းကျတော့လည်း သူ့ယောကျ်ားနဲ့ ယောက္ခထီးရဲ့ ဘောင်ခတ်တာကို ခံခဲ့ရတယ်၊ အဲဒီတော့ ဒီနှစ်တွေအတွင်း သူ သမ္မာတရားကို သေချာ မလိုက်စားဖြစ်ခဲ့ဘဲ ပိုက်ဆံရှာဖို့ကိုပဲလိုက်စားပြီး အသက်ရှင်နေခဲ့ရတယ်။ အကျိုးဆက်အနေနဲ့ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း သေချာ မစားသောက်ဖြစ်တော့သလို တာဝန်လည်း မထမ်းဆောင်ဖြစ်ခဲ့ဘူးလေ။ မယုံကြည်သူ ဖြစ်သွားလို့ အသင်းတော်က သူ့ကို ရှင်းလင်းပစ်ပြီးသွားပြီ။ အခု သူက ‘ကတိခံဝန်ချက်သုံးမျိုး’ ကို လက်မှတ်ထိုးလိုက်ပြီဆိုတော့ ကယ်တင်ခံရဖို့ အခွင့်အရေးကို လုံးဝ ဆုံးရှုံးသွားပြီဆိုတဲ့ သဘောပဲ” ပေါ့။ ဒီလို တွေးမိတော့ ကျွန်မ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတယ်။ ကျွန်မသာ ကလေးတွေကို ပုံမှန် သွားကြည့်နိုင်ပြီး သူတို့နဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို ခဏခဏ မိတ်သဟာယဖွဲ့ပေးနိုင်ခဲ့မယ်ဆိုရင် သမီးလည်း သမ္မာတရားတွေကို ပိုနားလည်လာနိုင်ပြီး “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးဖြစ်ချင်မှ ထိုးဖြစ်မှာလေ။ တွေးလေလေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေလေပါပဲ။ အဲဒီရက်တွေမှာ ကျွန်မ ဘာမှမလုပ်ချင်သလို တာဝန်ထမ်းဆောင်ဖို့လည်း စိတ်မပါတော့ဘူး။ ကျွန်မရဲ့ အခြေအနေ ဆိုးရွားနေပြီဆိုတာကို သဘောပေါက်မိလို့ ဘုရားသခင်ရှေ့ကိုလာပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် ဦးဆောင်ပေးဖို့ ဆုတောင်းခဲ့တယ်။

ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “မည်သူဖြစ်စေ လူတစ်မျိုးမျိုးဖြစ်လျှင် လမ်းကြောင်းတစ်ခုခုကို လျှောက်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ သေချာသည် မဟုတ်လော။ (သေချာပါသည်။) လူတစ်ဦး လျှောက်သည့် လမ်းကြောင်းက ၎င်းဖြစ်သည့်အရာကို အဆုံးအဖြတ်ပေးသည်။ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းနှင့် ဖြစ်လာသည့် လူအမျိုးအစားတို့သည် ၎င်းတို့နှင့် သက်ဆိုင်သည်။ ဤသည်တို့မှာ ကြိုတင်စီမံထားသည့်အရာ၊ မွေးရာပါဖြစ်ပြီး လူတစ်ဦး၏ သဘာဝနှင့် ပတ်သက်ပေသည်။ သို့ဆိုလျှင် မိဘ၏ လေ့ကျင့်သင်ကြားပေးခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ထိုအရာက လူတစ်ဦး၏ သဘာဝကို စိုးမိုးနိုင်သလော။ (မစိုးမိုးနိုင်ပါ။) မိဘ၏ လေ့ကျင့်သင်ကြားပေးခြင်းက လူသား၏ သဘာဝကို မစိုးမိုးနိုင်သကဲ့သို့ လူတစ်ဦးက မည်သည့်လမ်းကြောင်း လျှောက်သည်ဆိုသည့် ပြဿနာကို မဖြေရှင်းပေးနိုင်ပေ။ မိဘများက ပေးနိုင်သည့် တစ်ခုတည်းသော လေ့ကျင့်သင်ကြားပေးခြင်းမှာ အဘယ်နည်း။ ၎င်းတို့ သားသမီးများ၏ နေ့စဉ်ဘဝရှိ ရိုးရှင်းသော အပြုအမူအချို့၊ အတန်အတင့် အပေါ်ယံဆန်သော အတွေးများနှင့် ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်း စည်းအချို့ဖြစ်သည်။ ဤသည်တို့မှာ မိဘများနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိသည့် အရာများ ဖြစ်သည်။ ၎င်းတို့၏ သားသမီးများက လူလားမြောက်သောအရွယ် မရောက်မီတွင် မိမိတို့၏ သားသမီးများ မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်ရန်၊ စာကြိုးစားကာ ၎င်းတို့ အရွယ်ရောက်ပြီးနောက်တွင် အားလုံး၏ အထက်တွင်ရှိနိုင်ဖို့ ကြိုးပမ်းရန်၊ မကောင်းသည့်အရာများ မလုပ်ဆောင်ရန် သို့မဟုတ် မကောင်းသည့် လူများ ဖြစ်မလာရန် မိဘများက လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည့် ၎င်းတို့၏ သတ်မှတ်ထားသော တာဝန်ကို ဖြည့်ဆည်းသင့်ပေသည်။ မိဘများသည် ၎င်းတို့ သားသမီးများ၏ အပြုအမူကိုလည်း စည်းကမ်းဖြင့် ထိန်းပေးသင့်သည်၊ ၎င်းတို့အား ယဉ်ကျေးကာ ၎င်းတို့၏ လူကြီးသူမများကို တွေ့သည့်အခါတိုင်းတွင် နှုတ်ခွန်းဆက်ရန် သွန်သင်ပေးသင့်ပြီး အပြုအမူနှင့် ဆက်စပ်သည့် အခြားသောအရာများကို သွန်သင်ပေးသင့်သည်။ ဤသည်မှာ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ ၎င်းတို့ကလေး၏ ဘဝကို စောင့်ရှောက်ခြင်းနှင့် ၎င်းတို့ကို ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်း အခြေခံစည်းအချို့ဖြင့် လေ့ကျင့်သင်ကြားပေးခြင်းသည် မိဘများ၏ လွှမ်းမိုးခြင်းပင် ဖြစ်သည်။ ၎င်းတို့ကလေး၏ ပင်ကိုစရိုက်အတွက်မူ မိဘများက ဤအရာကို မသွန်သင်နိုင်ပေ။ မိဘအချို့သည် အေးအေးလူလူရှိကြပြီး အရာရာကို အေးအေးဆေးဆေး အရှိန်ဖြင့် လုပ်ဆောင်ကြပြီး ၎င်းတို့၏ သားသမီးများမှာမူ အလွန် စိတ်မရှည်ဖြစ်ကြပြီး တိုတောင်းသည့် အချိန်တစ်ခဏအတွက်ပင် ငြိမ်ငြိမ် မနေနိုင်ကြပေ။ ၎င်းတို့ ၁၄ သို့မဟုတ် ၁၅ နှစ်အရွယ်ရောက်သည့်အခါ စားဝတ်နေရေးအတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြပြီး အရာရာတွင် ၎င်းတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်များချကြသည်။ ၎င်းတို့၏ မိဘများကို ၎င်းတို့ မလိုအပ်ကြသကဲ့သို့ အလွန် အမှီအခိုကင်းကြလေသည်။ ဤအရာကို ၎င်းတို့၏ မိဘများက သွန်သင်ထားခြင်း ဖြစ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦး၏ ပင်ကိုစရိုက်၊ စိတ်သဘောထားနှင့် ၎င်းတို့၏ အနှစ်သာရအပြင် အနာဂတ်တွင် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းတို့သည် ၎င်းတို့၏ မိဘများနှင့် ပတ်သက်မှု ဘာဆိုဘာမျှ မရှိပေ။...ဘဝတွင် လူတစ်ဦးလျှောက်သည့် လမ်းကြောင်းကို ၎င်းတို့၏ မိဘများက ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဘုရားသခင်က ကြိုတင်စီမံထားခြင်း ဖြစ်သည်။ ‘လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်သည်’ ဟု ပြောထားပြီး ဤဆိုရိုးကို လူသားအတွေ့အကြုံမှ ကောက်ချက်ချထားသည်။ လူတစ်ဦးက လူလားမြောက်သည့်အရွယ်သို့ မရောက်မီတွင် ၎င်းက မည်သည့်လမ်းကြောင်း လျှောက်မည်ကို သင် မပြောနိုင်ပေ။ ၎င်းတို့အနေဖြင့် အရွယ်ရောက်သူဖြစ်လာပြီး အတွေးအခေါ်များရှိကာ ပြဿနာများအပေါ် ပြန်လည်သုံးသပ်နိုင်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက် ပိုမိုကျယ်ပြန့်သည့် လူ့အသိုင်းအဝိုင်းတွင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ ရွေးချယ်ကြလိမ့်မည်ဖြစ်သည်။ လူအချို့က အဆင့်မြင့်အရာရှိများဖြစ်ချင်သည်ဟု ပြောကြသည်၊ အခြားသူတို့က ရှေ့နေများဖြစ်ချင်သည်ဟု ပြောသည့်တိုင်အောင် အခြားသူတို့က စာရေးဆရာများ ဖြစ်ချင်သည်ဟု ပြောကြသည်။ လူတိုင်းတွင် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများနှင့် မိမိတို့ကိုယ်ပိုင် စိတ်ကူးများရှိကြသည်။ မည်သူကမျှ ‘ကျွန်ုပ်ကို လေ့ကျင့်သင်ကြားပေးရန် ကျွန်ုပ်၏ မိဘများကိုသာစောင့်မည်။ ကျွန်ုပ်၏ မိဘများက ကျွန်ုပ် ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးသည့် မည်သည့်အရာမဆို ဖြစ်လာအောင်လုပ်မည်’ဟု မပြောပေ။ မည်သူကမျှ ဤမျှလောက်မမိုက်မဲပေ။ လူလားမြောက်သည့်အရွယ်သို့ ရောက်ပြီးနောက်တွင် လူတို့၏ စိတ်ကူးများက စတင် နိုးကြွလာပြီး တဖြည်းဖြည်း ရင့်ကျက်ကာ ထိုသို့ဖြင့် ၎င်းတို့ရှေ့ရှိ လမ်းကြောင်းနှင့် ရည်မှန်းချက်ပန်းတိုင်တို့မှာ တိုး၍ ရှင်းလင်းလာလေသည်။ ဤအချိန်တွင် ၎င်းတို့ မည်သည့်လူစားမျိုး ဖြစ်သည်ဆိုသည်နှင့် မည်သည့် အဖွဲ့နှင့်ဆိုင်သည်ဆိုသည်တို့မှာ နည်းနည်းချင်း သိသာထင်ရှားပြီး ထင်သာမြင်သာဖြစ်လာလေသည်။ ဤအချိန်မှစ၍ ၎င်းတို့၏ စိတ်သဘောထားအပြင် ၎င်းတို့ လိုက်စားသည့်လမ်းကြောင်း၊ ဘဝတွင် ၎င်းတို့၏ ဦးတည်ချက်နှင့် ၎င်းတို့ သက်ဆိုင်သည့် အဖွဲ့ကဲ့သို့ပင် လူတစ်ဦးစီ၏ ပင်ကိုစရိုက်သည် တဖြည်းဖြည်း သိသာထင်ရှားစွာ သတ်မှတ်ခြင်းခံလာရသည်။ ဤအရာအားလုံးသည် မည်သည့်အရာအပေါ် အခြေခံသနည်း။ နောက်ဆုံးတွင် ဤသည်မှာ ဘုရားသခင် ကြိုတင်စီမံထားပြီးဖြစ်သည့်အရာ ဖြစ်သည်။ မိမိ၏ မိဘများနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာတော့ ကလေးတွေ ဘယ်လမ်းကြောင်းကို ရွေးချယ်မလဲဆိုတာ မိဘတွေက ဆုံးဖြတ်၊ပြောင်းလဲမပေးနိုင်ဘူးဆိုတာကို ကျွန်မ နားလည်သွားတယ်။ အဲဒါက သူတို့ရဲ့ သဘာဝ အနှစ်သာရက သတ်မှတ်ပေးထားတာဖြစ်ပြီး မိဘတွေရဲ့ ပညာပေးမှုနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ သမီးက “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်မထိုးခင်ကတည်းက သမ္မာတရားကို မလိုက်စားခဲ့ဘူးဆိုတာကို ကျွန်မ တွေးမိတယ်၊ သူ့အလုပ်တွေ များလာတာနဲ့ စုဝေးပွဲလည်း မတက်တော့သလို ဘုရားနှုတ်ကပတ်တော်လည်း မဖတ်တော့ဘူး၊ တာဝန်ထမ်းဆောင်ဖို့လည်း ဆန္ဒမရှိခဲ့ဘူးလေ။ ငွေရှာဖို့နဲ့ လောကရဲ့ ဆိုးယုတ်တဲ့ ရေစီးကြောင်းတွေနောက် လိုက်ဖို့ကိုပဲ သူ အာရုံစိုက်ခဲ့တယ်။ ခေါင်းဆောင်က သူ့ကို အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ပေးခဲ့ပေမဲ့ သူက နောင်တမရလို့ သမီးရဲ့ တစ်သမတ်တည်းဖြစ်နေတဲ့ အပြုအမူတွေအပေါ် အခြေခံပြီး သူ့ကို မယုံကြည်သူတစ်ယောက်အဖြစ် အသင်းတော်က ရှင်းလင်းပစ်လိုက်တာပါ။ အခု သူက “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးလိုက်ပြီဆိုတော့ သူ့ရဲ့ အနှစ်သာရက မယုံကြည်သူတစ်ယောက်ရဲ့ အနှစ်သာရဖြစ်မှန်း လုံးဝ ထုတ်ဖော်လိုက်တာပါပဲ။ သူ သမ္မာတရားကို မလိုက်စားတာ၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ် မလျှောက်တာတွေဟာ သူ့ကိုယ်ပိုင် သဘာဝ အနှစ်သာရက သတ်မှတ်ပေးထားတာဖြစ်ပြီး အမေဖြစ်တဲ့ ကျွန်မနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ကျွန်မကလေးတွေ အခုလို အခြေအနေ ရောက်သွားတာဟာ သဘာဝအရ သမ္မာတရားကို မချစ်မြတ်နိုးလို့၊ သမ္မာတရားကို မလိုက်စားလို့ပါပဲ။ တခြားဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး၊ ကျွန်မက သူတို့ကို ဘုရားနှုတ်ကပတ်တော်တွေ ပိုဖတ်ပြခဲ့ရင် သူတို့က သမ္မာတရားကို စိတ်ရင်းနဲ့ လိုက်စားပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်ဖြစ်ခဲ့မှာမျိုးလည်း မဟုတ်ပါဘူး။ သဘာဝအရ သူတို့က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဘူး၊ သမ္မာတရားကိုလည်း မလိုက်စားကြဘူးလေ၊ ဒါကြောင့် ကျွန်မက နေ့တိုင်း သူတို့နဲ့ မိတ်သဟာယဖွဲ့ပေးခဲ့ရင်တောင် သူတို့ရဲ့ အနှစ်သာရကိုရော သူတို့လျှောက်နေတဲ့ လမ်းကြောင်းကိုရော ကျွန်မ ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။ ကလေးတွေကို ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ကျွန်မ ရှုမြင်လိုက်တဲ့အခါ ကျွန်မရဲ့ စိတ်နှလုံးက အများကြီး လွတ်မြောက်သွားသလို ခံစားရတယ်၊ သူတို့အပေါ် အကြွေးတင်နေသလို မခံစားရတော့သလို ကျွန်မရဲ့ တာဝန်ထမ်းဆောင်မှုမှာလည်း အနှောင့်အယှက် မဖြစ်တော့ပါဘူး။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘယ်လိုလက်လွှတ်ပြီး ကိုယ့်ကလေးတွေကို အမှီအခိုကင်းကင်းရပ်တည်တတ်အောင် သင်ယူခွင့်ပြုရမလဲ

ချင်ယွဲ့၊ တရုတ်ပြည်ကျွန်မက ငယ်ငယ်ကတည်းက အမေနဲ့အတူ ကြီးပြင်းလာခဲ့ရတာပါ။ အမေက ကျွန်မတို့ မောင်နှမတွေရဲ့ အလုပ်အကိုင်၊ အိမ်ထောင်ရေးနဲ့...

ကျွန်မရဲ့သားအပေါ်ထားတဲ့ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားပြီးတဲ့နောက်

ချန်မော့၊ တရုတ်ပြည်ကျွန်မက ပညာတတ်မိသားစုတစ်စုမှာ မွေးဖွားခဲ့တာပါ။ ကျွန်မမိဘတွေက “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင်...

မိဘတွေက သားသမီးတွေရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သလား။

တရုတ်နိုင်ငံမှ၊ ကျိန်းချီအနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးနောက်မှာ လူသားတွေအနေနဲ့ ဘုရားသခင်ကို...

ကျွန်ုပ်၏ သားအပေါ် ကျွန်ုပ်၏ အကြွေးတင်သည့် ခံစားချက်များကို လက်လွှတ်လိုက်သည်

စုလီ၊ တရုတ်ပြည်ငယ်ငယ်ကတည်းက အမေ့ကို ကျွန်မ တကယ် လေးစားအားကျခဲ့တယ်။ သူက ကျွန်မတို့ မောင်နှမတွေအတွက် ဒုက္ခတွေအများကြီး ခါးစည်းခံခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။