ကျွန်မသားအပေါ် မြင့်မားသည့် မျှော်လင့်ချက်များ ကျွန်မမထားရှိတော့ပါ
တရုတ်နိုင်ငံမှ ကျီကျိုးကျွန်မက ကျေးလက်တောရွာမှာ ကြီးပြင်းခဲ့ပြီး အိမ်တွင်းဘဝကလည်း အရမ်းခက်ခဲခဲ့တယ်။ မြို့ကြီးသားတွေရဲ့ဘဝကို အားကျခဲ့ပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးနောက်မှာ လူသားတွေအနေနဲ့ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်မှသာ ကောင်းမွန်တဲ့ ကံကြမ္မာနဲ့ ပန်းတိုင်ကို ရနိုင်မယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး ကျွန်မ သဘောပေါက်သွားတယ်။ ပြီးတော့ ဒီမှောင်မိုက်ပြီး ဆိုးယုတ်တဲ့ လောကကြီးမှာ ဘုရားသခင်ကို ယုံကြည်တာကသာ ဘဝရဲ့ တစ်ခုတည်းသော မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ အဲဒီအချိန်တုန်းက သားက အလယ်တန်းကျောင်းသားပေါ့။ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သူ့ကို ကျွန်မ ခဏခဏ ပြောပြဖြစ်တယ်။ လူတွေဟာ ဘုရားသခင် ဖန်ဆင်းထားတာဖြစ်လို့ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်သင့်တယ်လို့ သူ့ကို ပြောပြတယ်။ ကျွန်မနဲ့အတူ သားကိုလည်း ဘုရားသခင်ကို ယုံကြည်လာစေဖို့ စိတ်နှလုံးထဲကနေ မျှော်လင့်ခဲ့တယ်။ ဒါမှသာ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကာကွယ်မှုကို သူရရှိပြီး ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခု ရှိနိုင်မှာလေ။ ဘုရားသခင်ကို ယုံကြည်ပြီး သိပ်မကြာခင်မှာပဲ အသင်းတော်မှာ ကျွန်မ တာဝန် စထမ်းဆောင်ခဲ့တယ်။ ဒါပေမဲ့ စီစီပီက ခရစ်ယာန်တွေကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းနေတဲ့အပြင်၊ နေရာတိုင်းမှာ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ဖြန့်နေတော့ ကျွန်မယုံကြည်မှုကြောင့် ဖမ်းဆီးခံရနိုင်ပြီး မိသားစုကိုပါ ထိခိုက်လာမှာကို ယောကျာ်းက စိုးရိမ်လို့ ကျွန်မကို တားဆီးပြီး ဖိနှိပ်လာတယ်။ ပြီးတော့ ကျွန်မနဲ့ ခဏခဏ စကားများခဲ့တယ်။ ဒါပေမဲ့ သားကတော့ ကျွန်မရဲ့ ယုံကြည်မှုကို အရမ်းထောက်ခံတယ်။ ကျွန်မကို မတားဆီးဖို့ သူ့အဖေကို ခဏခဏ ဖျောင်းဖျဖို့ ကြိုးစားရှာတယ်။ စနေ၊ တနင်္ဂနွေတွေမှာ သားအိမ်ပြန်လာတိုင်း၊ အချိန်ရရင် သမ္မာကျမ်းစာထဲက ဇာတ်လမ်းတွေ သူ့ကို ပြောပြပြီး ဘုရားနှုတ်ကပတ်တော်တွေကို အတူတူ ဖတ်ကြတယ်။ တစ်ခါတလေ သူက ဘုရားနှုတ်ကပတ်တော်တွေကို တက်တက်ကြွကြွ မဖတ်ဘဲ တီဗီကြည့်နေတာ မြင်ရရင် ကျွန်မ စိတ်ပူလာပြီး ကျွန်မနဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ သူ့ကို ဆက်တိုက်ခေါ်တော့တာပေါ့။ သားက နှုတ်ကတော့ ဟုတ်ကဲ့လို့ ပြောပေမဲ့ မလှုပ်ဘဲ အဲဒီမှာပဲ ထိုင်နေတတ်တယ်။ အဲဒီအခါ ကျွန်မ ဒေါသထွက်ပြီး တစ်ခါတလေ သူ့ကို ဆူမိတယ်။ ကျွန်မ ဒေါသထွက်နေတာကို သူမြင်တော့မှ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ် သုံးပိုဒ်လောက်ကို အမြန်လာဖတ်တယ်။ သားက ကျွန်မအပေါ် ဝတ်ကျေတမ်းကျေ လုပ်နေမှန်း ကျွန်မ သိပေမဲ့ ဘာပဲဖြစ်ဖြစ် ဘုရားနှုတ်ကပတ်တော်တွေကို လုံးဝ မဖတ်တာထက်စာရင်တော့ ပိုကောင်းသေးတယ်လို့ ခံစားမိခဲ့တယ်။ သားက အထက်တန်းကျောင်း စတက်တဲ့နောက်မှာ အနီးနားက အသင်းတော်တစ်ခုမှာ ကျွန်မ စပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ စနေ၊ တနင်္ဂနွေရောက်တိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သူ့ကို ပြောပြနိုင်ဖို့ အိမ်ပြန်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ နောက်ပိုင်း သား တက္ကသိုလ်သွားတက်တော့ သူ ကျောင်းကို ယူသွားပြီး အချိန်ရရင် ဘုရားနှုတ်ကပတ်တော်တွေ ဖတ်လို့ရအောင် MP5 ပလေယာ တစ်လုံး ဝယ်ပေးလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေ ပိုဖတ်ဖို့ သွယ်ဝိုက်ပြောတဲ့အနေနဲ့ “အားဆေးလေး ဘာလေး သောက်ဦး” ဆိုပြီး သူ့ကို ကျွန်မ သတိပေးဖို့ ရံဖန်ရံခါ ဖုန်းဆက်ဖြစ်တယ်။ ကျောင်းပိတ်ရက် သားအိမ်ပြန်လာတဲ့အခါ ကျွန်မ ပထမဆုံး မေးတဲ့မေးခွန်းက “ကျောင်းမှာ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ဖြစ်ရဲ့လား” ဆိုတာပဲ။ အချိန်ရရင် ဖတ်ဖြစ်တယ်လို့ သူပြောတဲ့အခါမှ ကျွန်မ စိတ်သက်သာရာရသွားတယ်။
၂၀၁၁ ခုနှစ် နွေဦးပေါက်မှာ ကျွန်မရဲ့ ယုံကြည်မှုအကြောင်း လူတစ်ယောက်က အာဏာပိုင်တွေဆီ သွားတိုင်လိုက်တယ်။ ဒါကြောင့် စီစီပီ ဖမ်းဆီးတာမခံရအောင် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့အတွက် ကျွန်မ အိမ်ကနေ ထွက်ခွာခဲ့ရတယ်။ အဲဒီအချိန်တုန်းက သားက အဝေးကြီးမှာရှိတဲ့ တက္ကသိုလ်တစ်ခုမှာ ဒုတိယနှစ် တက်နေတာလေ။ အဲဒါနဲ့ သူ့ကို ဖုန်းဆက်ပြီး “‘အားဆေးသောက်ဖို့’ မမေ့နဲ့နော်” လို့ သတိပေးဖို့အတွက်နဲ့ အများသုံးဖုန်းကို သုံးဖို့ မိုင်နဲ့ချီပြီး ကျွန်မ ခရီးသွားခဲ့ရတယ်။ သူက သောက်ပါ့မယ်လို့ ကတိပေးသံ ကြားရမှ ကျွန်မ စိတ်အေးသွားတော့တယ်။ သူ ဘွဲ့ရပြီးရင် ကျွန်မဆီကိုလာပြီး ကျွန်မနဲ့အတူ ဘုရားသခင်ကို ယုံကြည်လို့ ရတာပဲလို့ ကျွန်မ အမြဲ မျှော်လင့်ခဲ့တယ်။ သားရဲ့ စိတ်နှလုံးကို တို့ထိစေပြီး ဘုရားသခင်ကို ယုံကြည်လာအောင် လမ်းပြပေးဖို့ ကိုယ်တော့်ဆီ ကျွန်မ ခဏခဏ တောင်းလျှောက်ပြီး ဆုတောင်းခဲ့တယ်။ ဒါပေမဲ့ အခြေအနေတွေက ကျွန်မ ဆန္ဒနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့တယ်။ ၂၀၁၃ ခုနှစ် ဆောင်းဦးပေါက်မှာ သားက ဘွဲ့ရပြီးတော့ စစ်တက္ကသိုလ်ကို ရောက်သွားတယ်။ အဲဒီအခါ ကျွန်မ အရမ်းစိုးရိမ်သွားတယ်။ “စီစီပီက ဘုရားမဲ့ဝါဒီပါတီဖြစ်ပြီး စစ်မှုထမ်းတွေကို ယုံကြည်ခွင့် မပေးဘူး။ တက္ကသိုလ်ရောက်သွားရင် သားက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခွင့် ပိတ်ပင်ခံရရုံသာမကဘဲ စီစီပီရဲ့ နေ့တိုင်း ဦးနှောက်ဆေးတာကို ခံရပြီး ဘုရားမဲ့ဝါဒီ အတွေးအခေါ်တွေ သွတ်သွင်းတာကိုလည်း ခံရမှာပဲ။ ဒီတိုင်းသာ ဆက်သွားရင် သူက ဘုရားသခင်နဲ့ သေချာပေါက် ပိုပိုပြီး ဝေးကွာသွားတော့မှာပဲ။ ဘုရားသခင်ကို သူ ယုံကြည်လာနိုင်ပါဦးမလား။ အဲဒီနှစ်တွေတစ်လျှောက် သားက ဘုရားသခင်ကို ယုံကြည်လာပြီး ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခု ရစေဖို့ ကျွန်မ အမြဲ မျှော်လင့်ခဲ့ပေမဲ့ အခုတော့ ကျွန်မရဲ့ အဲဒီဆန္ဒက လုံးဝ ရိုက်ချိုးခံလိုက်ရပြီ” ပေါ့။ သားက အဲဒီငရဲခန်းကို သွားရမယ်လို့ ကျွန်မ တွေးမိတဲ့အခါ ကျွန်မ စားမဝင် အိပ်မပျော်ဖြစ်ပြီး မနေနိုင်ဘဲ ငိုမိတယ်။ သား အထက်တန်းကျောင်းတက်တုန်းက နှစ်ပတ်တစ်ခါ အိမ်ပြန်လာတတ်ပေမဲ့ ကျွန်မက အမြဲလိုလို တာဝန်တွေကြောင့် အချိန်မီ ပြန်မလာနိုင်ခဲ့တာတွေကို ပြန်တွေးမိတယ်။ နောက်ပိုင်း ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်ခွာလာတဲ့အခါမှာတော့ သူနဲ့ မိတ်သဟာယဖွဲ့ဖို့ အချိန်မရှိတော့ဘူးလေ။ ကျွန်မသာ ကိုယ့်ဒေသမှာပဲ တာဝန်ထမ်းဆောင်ခဲ့မယ်ဆိုရင် သူနဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ဖြစ်ပြီး သူ့ကို ပိုလမ်းပြပေးနိုင်မှာပဲ၊ ဒါဆို သူလည်း လမ်းကြောင်းအမှားပေါ် လျှောက်မိချင်မှလျှောက်မိမှာဆိုပြီး ခံစားမိတယ်။ အဲဒီလို တွေးမိတဲ့အခါ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကို ကောင်းကောင်း မဖြည့်ဆည်းပေးနိုင်ခဲ့သလို ခံစားရပြီး သားအပေါ် အကြွေးတင်နေသလို ခံစားခဲ့ရတာပေါ့။ အဲဒီထက်ပိုတာက၊ သူ့အနာဂတ်နဲ့ ကံကြမ္မာအတွက် စိုးရိမ်မိတာပဲ။ နောက်ပိုင်း အသင်းတော်ထဲမှာ သားနဲ့ ရွယ်တူလောက်ရှိတဲ့ လူငယ် ညီအစ်ကို မောင်နှမ အများကြီးကို တွေ့ရတယ်။ သူတို့က ဘုရားသခင်ကို ယုံကြည်ပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်နေကြတာကို တွေ့ရပေမဲ့ သားကတော့ လောကကြီးနောက်ကို လိုက်နေတယ်လေ။ သူ့အတွက် ကျွန်မ အမြဲ နောင်တရနေမိတယ်။ သူ့အပေါ် ပိုပြီး အားမထုတ်ခဲ့မိလို့ နောင်တရမိသလို သူ့နဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေ ပိုပြီး မဖတ်ခဲ့မိလို့လည်း နောင်တရမိတယ်။ တာဝန်တွေနဲ့ အလုပ်မရှုပ်တဲ့ အချိန်မှာ သူ့အကြောင်း တွေးမိပြီး ကျွန်မမှာ အပြစ်ရှိစိတ်တွေ၊ ဝမ်းနည်းစိတ်တွေနဲ့ ပြည့်နေခဲ့ပါတယ်။
နောက်ပိုင်း ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်လိုက်ရတော့မှ သားနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတချို့ကို ကျွန်မ လက်လွှတ်နိုင်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့ကို မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် ဘဝတွင် မိဘများ ထမ်းဆောင်ရသည့် တာဝန်မှာ ၎င်းတို့ ကြီးပြင်းလာရန် ပတ်ဝန်းကျင်တစ်ခုကို ပြင်ပမှ ပံ့ပိုးပေးဖို့သာဖြစ်ပြီး ထိုမျှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းချက်သာလျှင် မည်သူ၏ ကံကြမ္မာအပေါ်မဆို သက်ရောက်မှု ရှိသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးတွင် မည်သို့သော အနာဂတ်မျိုး ရှိမည်ဟူသည်မှာ မည်သူကမျှ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။ ယင်းကို စောစီးစွာ ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်ကာ မိမိ၏ မိဘများကပင် ၎င်းတို့၏ ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်လာလျှင် လူတိုင်းသည် လွတ်လပ်ကြသည်၊ လူတိုင်းတွင် ကိုယ့်ကံကြမ္မာနှင့်ကိုယ် ရှိကြသည်။ သို့ဖြစ်၍ မည်သူ၏ မိဘများကမျှ ၎င်းတို့၏ ဘဝကံကြမ္မာကို လုံးဝ မဟန့်တားနိုင်သည့်အပြင် ဘဝတွင် ၎င်းတို့ ပါဝင်ရမည့် အခန်းကဏ္ဍနှင့် ပတ်သက်လာလျှင်လည်း ၎င်းတို့ကို ကူညီရန် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) “‘မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်ရန် သားသမီးများ၏ ပျက်ကွက်မှုသည် ၎င်းတို့၏ မိဘများနှင့် ပတ်သက်သည်’ဟု ပြောခြင်းသည် မှားယွင်းပေသည်။ မည်သူဖြစ်စေ လူတစ်မျိုးမျိုးဖြစ်လျှင် လမ်းကြောင်းတစ်ခုခုကို လျှောက်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ သေချာသည် မဟုတ်လော။ (သေချာပါသည်။) လူတစ်ဦး လျှောက်သည့် လမ်းကြောင်းက ၎င်းဖြစ်သည့်အရာကို အဆုံးအဖြတ်ပေးသည်။ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းနှင့် ဖြစ်လာသည့် လူအမျိုးအစားတို့သည် ၎င်းတို့နှင့် သက်ဆိုင်သည်။ ဤသည်တို့မှာ ကြိုတင်စီမံထားသည့်အရာ၊ မွေးရာပါဖြစ်ပြီး လူတစ်ဦး၏ သဘာဝနှင့် ပတ်သက်ပေသည်။ သို့ဆိုလျှင် မိဘ၏ လေ့ကျင့်သင်ကြားပေးခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ထိုအရာက လူတစ်ဦး၏ သဘာဝကို စိုးမိုးနိုင်သလော။ (မစိုးမိုးနိုင်ပါ။) မိဘ၏ လေ့ကျင့်သင်ကြားပေးခြင်းက လူသား၏ သဘာဝကို မစိုးမိုးနိုင်သကဲ့သို့ လူတစ်ဦးက မည်သည့်လမ်းကြောင်း လျှောက်သည်ဆိုသည့် ပြဿနာကို မဖြေရှင်းပေးနိုင်ပေ။ မိဘများက ပေးနိုင်သည့် တစ်ခုတည်းသော လေ့ကျင့်သင်ကြားပေးခြင်းမှာ အဘယ်နည်း။ ၎င်းတို့ သားသမီးများ၏ နေ့စဉ်ဘဝရှိ ရိုးရှင်းသော အပြုအမူအချို့၊ အတန်အတင့် အပေါ်ယံဆန်သော အတွေးများနှင့် ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်း စည်းအချို့ဖြစ်သည်။ ဤသည်တို့မှာ မိဘများနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိသည့် အရာများ ဖြစ်သည်။ ၎င်းတို့၏ သားသမီးများက လူလားမြောက်သောအရွယ် မရောက်မီတွင် မိမိတို့၏ သားသမီးများ မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်ရန်၊ စာကြိုးစားကာ ၎င်းတို့ အရွယ်ရောက်ပြီးနောက်တွင် အားလုံး၏ အထက်တွင်ရှိနိုင်ဖို့ ကြိုးပမ်းရန်၊ မကောင်းသည့်အရာများ မလုပ်ဆောင်ရန် သို့မဟုတ် မကောင်းသည့် လူများ ဖြစ်မလာရန် မိဘများက လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည့် ၎င်းတို့၏ သတ်မှတ်ထားသော တာဝန်ကို ဖြည့်ဆည်းသင့်ပေသည်။ မိဘများသည် ၎င်းတို့ သားသမီးများ၏ အပြုအမူကိုလည်း စည်းကမ်းဖြင့် ထိန်းပေးသင့်သည်၊ ၎င်းတို့အား ယဉ်ကျေးကာ ၎င်းတို့၏ လူကြီးသူမများကို တွေ့သည့်အခါတိုင်းတွင် နှုတ်ခွန်းဆက်ရန် သွန်သင်ပေးသင့်ပြီး အပြုအမူနှင့် ဆက်စပ်သည့် အခြားသောအရာများကို သွန်သင်ပေးသင့်သည်။ ဤသည်မှာ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ ၎င်းတို့ကလေး၏ ဘဝကို စောင့်ရှောက်ခြင်းနှင့် ၎င်းတို့ကို ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်း အခြေခံစည်းအချို့ဖြင့် လေ့ကျင့်သင်ကြားပေးခြင်းသည် မိဘများ၏ လွှမ်းမိုးခြင်းပင် ဖြစ်သည်။ ၎င်းတို့ကလေး၏ ပင်ကိုစရိုက်အတွက်မူ မိဘများက ဤအရာကို မသွန်သင်နိုင်ပေ။ မိဘအချို့သည် အေးအေးလူလူရှိကြပြီး အရာရာကို အေးအေးဆေးဆေး အရှိန်ဖြင့် လုပ်ဆောင်ကြပြီး ၎င်းတို့၏ သားသမီးများမှာမူ အလွန် စိတ်မရှည်ဖြစ်ကြပြီး တိုတောင်းသည့် အချိန်တစ်ခဏအတွက်ပင် ငြိမ်ငြိမ် မနေနိုင်ကြပေ။ ၎င်းတို့ ၁၄ သို့မဟုတ် ၁၅ နှစ်အရွယ်ရောက်သည့်အခါ စားဝတ်နေရေးအတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြပြီး အရာရာတွင် ၎င်းတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်များချကြသည်။ ၎င်းတို့၏ မိဘများကို ၎င်းတို့ မလိုအပ်ကြသကဲ့သို့ အလွန် အမှီအခိုကင်းကြလေသည်။ ဤအရာကို ၎င်းတို့၏ မိဘများက သွန်သင်ထားခြင်း ဖြစ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦး၏ ပင်ကိုစရိုက်၊ စိတ်သဘောထားနှင့် ၎င်းတို့၏ အနှစ်သာရအပြင် အနာဂတ်တွင် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းတို့သည် ၎င်းတို့၏ မိဘများနှင့် ပတ်သက်မှု ဘာဆိုဘာမျှ မရှိပေ။...‘မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်’ဟူသည့် စကားအသုံးအနှုန်းနှင့် ပတ်သက်သည့် ပြဿနာတစ်ခု ရှိသည်။ မိဘများသည် ၎င်းတို့၏ သားသမီးများကို လေ့ကျင့်သင်ကြားပေးရန် တာဝန်ရှိသော်လည်း ကလေးတစ်ဦး၏ ကံကြမ္မာကို ၎င်းတို့၏ မိဘများက ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ထိုကလေး၏ သဘာဝက ဆုံးဖြတ်ခြင်းဖြစ်သည်။ လေ့ကျင့်သင်ကြားပေးခြင်းက ကလေးတစ်ဦး၏ သဘာဝနှင့်ဆိုင်သည့် ပြဿနာကို ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းပေးနိုင်ပေ။ ဘဝတွင် လူတစ်ဦးလျှောက်သည့် လမ်းကြောင်းကို ၎င်းတို့၏ မိဘများက ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဘုရားသခင်က ကြိုတင်စီမံထားခြင်း ဖြစ်သည်။ ‘လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်သည်’ ဟု ပြောထားပြီး ဤဆိုရိုးကို လူသားအတွေ့အကြုံမှ ကောက်ချက်ချထားသည်။ လူတစ်ဦးက လူလားမြောက်သည့်အရွယ်သို့ မရောက်မီတွင် ၎င်းက မည်သည့်လမ်းကြောင်း လျှောက်မည်ကို သင် မပြောနိုင်ပေ။ ၎င်းတို့အနေဖြင့် အရွယ်ရောက်သူဖြစ်လာပြီး အတွေးအခေါ်များရှိကာ ပြဿနာများအပေါ် ပြန်လည်သုံးသပ်နိုင်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက် ပိုမိုကျယ်ပြန့်သည့် လူ့အသိုင်းအဝိုင်းတွင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ ရွေးချယ်ကြလိမ့်မည်ဖြစ်သည်။ လူအချို့က အဆင့်မြင့်အရာရှိများဖြစ်ချင်သည်ဟု ပြောကြသည်၊ အခြားသူတို့က ရှေ့နေများဖြစ်ချင်သည်ဟု ပြောသည့်တိုင်အောင် အခြားသူတို့က စာရေးဆရာများ ဖြစ်ချင်သည်ဟု ပြောကြသည်။ လူတိုင်းတွင် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများနှင့် မိမိတို့ကိုယ်ပိုင် စိတ်ကူးများရှိကြသည်။ မည်သူကမျှ ‘ကျွန်ုပ်ကို လေ့ကျင့်သင်ကြားပေးရန် ကျွန်ုပ်၏ မိဘများကိုသာစောင့်မည်။ ကျွန်ုပ်၏ မိဘများက ကျွန်ုပ် ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးသည့် မည်သည့်အရာမဆို ဖြစ်လာအောင်လုပ်မည်’ဟု မပြောပေ။ မည်သူကမျှ ဤမျှလောက်မမိုက်မဲပေ။ လူလားမြောက်သည့်အရွယ်သို့ ရောက်ပြီးနောက်တွင် လူတို့၏ စိတ်ကူးများက စတင် နိုးကြွလာပြီး တဖြည်းဖြည်း ရင့်ကျက်ကာ ထိုသို့ဖြင့် ၎င်းတို့ရှေ့ရှိ လမ်းကြောင်းနှင့် ရည်မှန်းချက်ပန်းတိုင်တို့မှာ တိုး၍ ရှင်းလင်းလာလေသည်။ ဤအချိန်တွင် ၎င်းတို့ မည်သည့်လူစားမျိုး ဖြစ်သည်ဆိုသည်နှင့် မည်သည့် အဖွဲ့နှင့်ဆိုင်သည်ဆိုသည်တို့မှာ နည်းနည်းချင်း သိသာထင်ရှားပြီး ထင်သာမြင်သာဖြစ်လာလေသည်။ ဤအချိန်မှစ၍ ၎င်းတို့၏ စိတ်သဘောထားအပြင် ၎င်းတို့ လိုက်စားသည့်လမ်းကြောင်း၊ ဘဝတွင် ၎င်းတို့၏ ဦးတည်ချက်နှင့် ၎င်းတို့ သက်ဆိုင်သည့် အဖွဲ့ကဲ့သို့ပင် လူတစ်ဦးစီ၏ ပင်ကိုစရိုက်သည် တဖြည်းဖြည်း သိသာထင်ရှားစွာ သတ်မှတ်ခြင်းခံလာရသည်။ ဤအရာအားလုံးသည် မည်သည့်အရာအပေါ် အခြေခံသနည်း။ နောက်ဆုံးတွင် ဤသည်မှာ ဘုရားသခင် ကြိုတင်စီမံထားပြီးဖြစ်သည့်အရာ ဖြစ်သည်။ မိမိ၏ မိဘများနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ၊ မိဘတွေမှာ သူတို့သားသမီးတွေကို မွေးဖွားပြီး ပြုစုပျိုးထောင်ပေးဖို့ သူတို့ ကြီးထွားလာဖို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးဖို့၊ အရွယ်မရောက်ခင်မှာ ကောင်းမွန်သူတွေဖြစ်လာဖို့၊ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်ဖို့နဲ့ မကောင်းတာတွေ မလုပ်ဖို့ ပညာပေးဖို့၊ ပြီးတော့ အခြေခံအကျဆုံး ကျင့်ဝတ်စည်းမျဉ်းတွေကို သွန်သင်ပေးဖို့ တာဝန်ရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ ဘဝမှာ သူလျှောက်မယ့် လမ်းကြောင်းတွေက ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာဖြစ်ပြီး မိဘတွေ ဆုံးဖြတ်ပြီး ထိန်းချုပ်နိုင်တဲ့ အရာတွေ မဟုတ်ဘူးလေ။ ကလေးတွေ အရွယ်ရောက်လာတဲ့အခါ သူတို့မှာ ကိုယ်ပိုင် အတွေးအခေါ်တွေ၊ ရွေးချယ်မှုတွေ ရှိလာပြီး သူတို့က ဘယ်လို လူစားမျိုးလဲ၊ ဘယ်လို လူအုပ်ထဲမှာ ပါဝင်သလဲ၊ ပြီးတော့ သူတို့ လျှောက်လှမ်းဖို့ ရွေးချယ်တဲ့ လမ်းကြောင်းတွေက ဘာလဲဆိုတာတွေ အားလုံးက ရှင်းလင်းလာပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ ကလေးကြီးလာလို့ ဘုရားသခင်ကို မယုံကြည်တာ ဒါမှမဟုတ် မှန်ကန်တဲ့ လမ်းကြောင်းကို မလျှောက်တာက မိခင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ ကျရှုံးမှုပဲ၊ နောက်ပြီး သူ့ကို ဘုရားနှုတ်ကပတ်တော်တွေ ပိုမဖတ်ပြခဲ့လို့၊ ဒါမှမဟုတ် ပိုမလမ်းပြပေးခဲ့လို့ လောကီလမ်းကြောင်းကို သူလျှောက်သွားတာလို့ မှားယွင်းပြီးအဓိပ္ပာယ်မဲ့စွာနဲ့ ထင်ခဲ့တယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်လုံး အကြီးအကျယ် အပြစ်ရှိတဲ့စိတ်နဲ့ ကျွန်မ ရှင်သန်ခဲ့ပြီး သူ့အပေါ် အကြွေးတင်နေတယ်လို့ အမြဲ ခံစားခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေကြာပြီဆိုပေမဲ့ လူတွေနဲ့ ကိစ္စရပ်တွေကို ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ မရှုမြင်ခဲ့ဘူး။ ဒါ တကယ်ကို ရှက်စရာကောင်းတာပဲ။ သားက ယုံကြည်ခြင်းလမ်းကြောင်းကို မလျှောက်ဖို့ ရွေးချယ်ခဲ့တာဟာလည်း သမ္မာတရားကို မချစ်တဲ့ သူ့သဘာဝက အဆုံးအဖြတ်ပေးခဲ့တာပါပဲ။ အိမ်မှာနေတုန်းက ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သူ့ကို ခဏခဏ ကျွန်မ တကယ် ပြောပြခဲ့ပေမဲ့ သူက ဘုရားနှုတ်ကပတ်တော်တွေကို စိတ်မဝင်စားခဲ့ဘူး။ သူ့ကို ဖုန်းဆက်ပြီး တိုက်တွန်းရတိုင်း သူက ကျွန်မ စိတ်ကျေနပ်အောင်လို့ ဘုရားနှုတ်ကပတ်တော် နည်းနည်းပါးပါးကို ဖတ်ပြရုံပါပဲ။ သူ ကြီးလာတာနဲ့အမျှ လောကကြီးရယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို သာယာမက်မောလာတော့ လောကီလမ်းကြောင်းကို လျှောက်ဖို့ ကြိုးစားတာက သဘာဝကျပါတယ်။ ကျွန်မသာ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အိမ်ကနေ မထွက်လာဘဲ အိမ်မှာပဲနေပြီး သူ့ကို နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြနေမယ်ဆိုရင်တောင် သူက ဘုရားသခင်ကို ယုံကြည်လာခဲ့ဦးမှာ မဟုတ်ပါဘူး။ သူ့ရဲ့ ကံကြမ္မာနဲ့ သူလျှောက်မယ့် လမ်းကြောင်းက မိခင်တစ်ယောက်ဖြစ်တဲ့ ကျွန်မ ထိန်းချုပ်နိုင်တဲ့အရာတွေ မဟုတ်ဘူးလေ။ ဒါက သူ့သဘာဝနဲ့ သက်ဆိုင်သလို ဘုရားသခင်ရဲ့ ကြိုတင်သတ်မှတ်မှုအပေါ်မှာလည်း မူတည်ပါတယ်။ ကောလိပ်က ဘွဲ့ရပြီးနောက်မှာ ကိုယ့်တာဝန်ကို အချိန်ပြည့် ထမ်းဆောင်ဖို့ ဆက်ကပ်ထားတဲ့ ညီအစ်မတစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့ကို ဘာသာတရားမရှိတဲ့ သူ့အဖေက ရဲစခန်းကို ပို့ခဲ့တယ်။ သူ ပြန်လွတ်လာပြီးနောက်မှာ ဘုရားသခင်ကို ဆက်ယုံကြည်ပြီး သူ့တာဝန်ကို ဆက်ထမ်းဆောင်ခဲ့ပါတယ်။ နောက် ညီအစ်မတစ်ယောက်ကတော့ နာမည်ကြီး တက္ကသိုလ်တစ်ခုကို တက်ခဲ့တယ်။ သူ ဘုရားနှုတ်ကပတ်တော်တွေကို ကြားရတဲ့အခါ အရမ်းထိမိသွားပြီး ဘုရားသခင်ကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် သူ့တာဝန်ကို စပြီးထမ်းဆောင်ဖို့နဲ့ ဘုရားသခင်အတွက် သူ့ကိုယ်သူ အချိန်ပြည့် အသုံးခံဖို့ သူ့ရဲ့ ဘွဲ့လွန်ပညာရေးကို စွန့်လွှတ်ခဲ့တယ်။ ဒီအဖြစ်အပျက်တွေကနေ လူတွေ လျှောက်ဖို့ ဆုံးဖြတ်တဲ့ လမ်းကြောင်းဟာ သူတို့မိဘတွေနဲ့ တကယ်ကို မသက်ဆိုင်ဘူးဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။
တစ်နေ့မှာ ဝတ်ပြုနေတုန်း ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “သားသမီးများအပေါ် အချို့သောမိဘများက ထားရှိသည့် သတ်မှတ်ချက်များမှာ ‘ငါတို့၏ သားသမီးများသည် လမ်းမှန်ပေါ်တွင် စတင်လျှောက်လှမ်းသင့်သည်၊ ဘုရားသခင်ကို ယုံကြည်သင့်သည်၊ လောကီကို စွန့်လွှတ်သင့်သည်၊ ပြီးလျှင် ၎င်းတို့၏ အလုပ်ကို စွန့်လွှတ်သင့်သည်။ ဤသို့မဟုတ်လျှင် နိုင်ငံတော်သို့ ငါတို့ ဝင်ရောက်သောအခါ ၎င်းတို့က ဝင်နိုင်မည်မဟုတ်ဘဲ ငါတို့သည် ၎င်းတို့နှင့် ကွဲကွာနေလိမ့်မည်။ ငါတို့ တစ်မိသားစုလုံးသည် နိုင်ငံတော်သို့ အတူတကွဝင်နိုင်လျှင် အလွန်ကောင်းလိမ့်မည်၊ ငါတို့သည် ကမ္ဘာမြေတွင်ကဲ့သို့ ကောင်းကင်ဘုံတွင် အတူတကွရှိနိုင်သည်။ နိုင်ငံတော်၌ ငါတို့ရှိနေစဉ်တွင် ငါတို့သည် တစ်ယောက်နှင့်တစ်ယောက် မစွန့်ခွာရ။ ခေတ်ကာလများတစ်လျှောက်တွင် ငါတို့ အတူတကွနေရမည်’ ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့၏ သားသမီးများက ဘုရားသခင်ကို မယုံကြည်ဟုလည်းကောင်း၊ ထိုအစား လောကီအရာများကို လိုက်စားကာ ပိုက်ဆံများစွာရှာရန်နှင့် အလွန်ချမ်းသာကြွယ်ဝရန် ကြိုးပမ်းသည်ဟုလည်းကောင်း ဖြစ်လာသည်။ ခေတ်မီဆန်းပြားသော မည်သည့်အရာကိုမဆို ၎င်းတို့ ဝတ်ဆင်သည်။ ရေပန်းစားနေသော မည်သည့်အရာကိုမဆို ၎င်းတို့လုပ်ဆောင်ပြီး ပြောဆိုသည်။ ပြီးလျှင် ၎င်းတို့၏မိဘများ၏ ဆန္ဒများကို မဖြည့်ဆည်းပေ။ ရလဒ်အနေဖြင့် ဤမိဘများသည် စိတ်မချမ်းမသာဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ဆုတောင်းပြီး အစာရှောင်ကာ တစ်ပတ်၊ ၁၀ ရက်၊ သို့မဟုတ် နှစ်ပတ် အစာရှောင်သည်။ ပြီးလျှင် ဤအမှုကိစ္စတွင် သားသမီးများအတွက် များစွာအားစိုက်ထုတ်သည်။ ၎င်းတို့သည် မကြာခဏပင် အလွန်ဆာလောင်သောကြောင့် မူးဝေကြသည်။ ပြီးလျှင် ဘုရားရှေ့တွင် ငိုရှိုက်လျက် မကြာခဏဆုတောင်းသည်။ သို့သော် မည်မျှဆုတောင်းပါစေ၊ မည်မျှအားစိုက်ထုတ်ပါစေ သားသမီးများက ပြောင်းလဲခြင်းမရှိ။ ပြီးလျှင် အသိတရားရရကောင်းမှန်းကို မသိပေ။ သားသမီးများက ယုံကြည်ရန် ငြင်းဆန်လေလေ၊ ဤမိဘများက ‘အို မဟုတ်သေးပါဘူး၊ ငါ၏ သားသမီးများအပေါ် ငါ တာဝန်ပျက်ကွက်ခဲ့ပြီ။ ငါ သူတို့ကို စိတ်ပျက်အောင်လုပ်ခဲ့ပြီ။ ငါ သူတို့ကို ဧဝံဂေလိ မမျှဝေနိုင်ခဲ့ကဲ့သို့ သူတို့ကို ငါနှင့်အတူ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ မခေါ်ဆောင်ရသေးပါ။ လူမိုက်များ၊ ဤသည်မှာ ကောင်းချီးမင်္ဂလာများဆီသို့ လမ်းကြောင်းဖြစ်သည်’ ဟု တွေးလေလေဖြစ်သည်။ ၎င်းတို့သည် လူမိုက်များမဟုတ်။ ၎င်းတို့တွင် ဤလိုအပ်ချက်မရှိခြင်းသာ ဖြစ်သည်။ လူမိုက်များမှာ ဤမိဘများဖြစ်သည်။ သားသမီးများအား ဤလမ်းကြောင်းပေါ်သို့ အတင်းအဓမ္မ ရောက်အောင် လုပ်ဆောင်သောကြောင့်ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သားသမီးများက ဤလိုအပ်ချက်ရှိလျှင် ဤမိဘများက ဤအရာများကို ပြောရန် လိုအပ်မည်လော။ သားသမီးများက ၎င်းတို့ဘာသာ ယုံကြည်လာလိမ့်မည်။ ဤမိဘများက ‘ငါ၏ သားသမီးများကို စိတ်ပျက်အောင်လုပ်ခဲ့သည်။ ငါသည် သူတို့ကို ငယ်စဉ်အချိန်က ကောလိပ်ကျောင်းတက်ရန် အားပေးခဲ့ပြီး သူတို့သည် ကောလိပ်တက်ကတည်းက နောက်ပြန်မလှည့်ခဲ့ပါ။ သူတို့သည် လောကီအရာများအား လိုက်စားခြင်းကို မရပ်တန့်ဘဲ သူတို့ပြန်လာသည့်အချိန်တိုင်းတွင် အလုပ်၊ ပိုက်ဆံရှာခြင်းအကြောင်း၊ မည်သူက ရာထူးတိုးသည်၊ ကားဝယ်သည်၊ မည်သူက ချမ်းသာသူကို လက်ထပ်သည်၊ အဆင့်မြင့်ပညာသင်ရန်အတွက်၊ သို့မဟုတ် ကျောင်းသားလဲလှယ်၍ စာသင်ကြားပေးသော နိုင်ငံခြားပရိုဂရမ်၌ ကျောင်းသွားတက်ရသော သူတစ်ယောက်ဖြစ်ရန် မည်သူက ဥရောပသို့သွားသည်ဆိုသည်တို့အကြောင်းသာ ပြောဆိုပြီး အခြားလူများ၏ ဘဝက မည်မျှကောင်းမွန်နေသည်ဆိုသည်ကို ပြောသည်။ သူတို့ အိမ်ပြန်လာသည့် အချိန်တိုင်းတွင် ထိုအရာများအကြောင်းကို ပြောဆိုကြပြီး ထိုအရာများကို ငါမကြားလိုပါ။ သို့သော် ဤအရာနှင့်ပတ်သက်ပြီး ငါလုပ်ဆောင်နိုင်သည့်အရာမရှိ။ ငါသည် သူတို့အား ဘုရားသခင်ကို ယုံကြည်ဖို့ ကြိုးစားလုပ်ဆောင်ရန် မည်သည့်အရာကို ပြောသည်ဖြစ်စေ သူတို့က နားမထောင်ပါ’ ဟု အစဉ် တွေးကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် သားသမီးများနှင့် အငြင်းအခုံဖြစ်ကြတော့သည်။ သားသမီးများနှင့် ၎င်းတို့ တွေ့သည့်အခါတိုင်းတွင် ၎င်းတို့မျက်နှာက မဲမှောင်သွားသည်။ သားသမီးများအား ၎င်းတို့ စကားပြောသည့်အခါတိုင်းတွင် ၎င်းတို့၏ အမူအရာက မကြည်မသာဖြစ်သည်။ အချို့သားသမီးများက မည်သို့လုပ်ဆောင်ရမည်ကို မသိဘဲ ‘ငါ၏ မိဘများက မည်သို့ဖြစ်နေသည်ကို ငါမသိ။ ဘုရားသခင်အား ငါ မယုံကြည်လျှင် ဘုရားကို ငါ မယုံကြည်ခြင်းသာ ဖြစ်သည်။ သူတို့သည် အဘယ်ကြောင့် ငါ့အား ဤသဘောထားဖြင့် အစဉ် ဆက်ဆံသနည်း။ လူတစ်ယောက်က ဘုရားသခင်ကို ယုံကြည်လေလေ၊ ပိုမိုကောင်းမွန်သောသူဖြစ်လေလေ ဖြစ်သည်ဟု ငါ ထင်ခဲ့သည်။ ဘုရားသခင်အား ယုံကြည်သူတို့သည် သူတို့မိသားစုအပေါ် အဘယ်သို့ ချစ်ခင်မှု အလွန်နည်းပါးရသနည်း’ ဟု တွေးကြသည်။ ဤမိဘများသည် သားသမီးများအတွက် အလွန်စိတ်ပူသည်မှာ သွေးကြောပေါက်ထွက်တော့မတတ် ဖြစ်ပြီး ၎င်းတို့က ‘သူတို့သည် ငါ၏ သားသမီးများမဟုတ်။ ငါသည် သူတို့နှင့် အဆက်အသွယ်ဖြတ်မည်၊ ငါသည် သူတို့ကို စွန့်လွှတ်မည်’ ဟု ဆိုသည်။ ၎င်းတို့က ဤသို့ပြောသော်လည်း ဤသည်မှာ ၎င်းတို့ အမှန်တကယ်ခံစားရသည့်အရာ မဟုတ်ပေ။ ဤသို့သောမိဘများသည် မမိုက်မဲသလော။ (မိုက်မဲပါသည်။) ၎င်းတို့သည် အစဉ်သဖြင့် အရာရာတိုင်းကို ထိန်းချုပ်ပြီး ဆုပ်ကိုင်ထားလိုသည်။ သားသမီးများ၏ အနာဂတ်၊ ယုံကြည်မှုနှင့် ၎င်းတို့လျှောက်သည့်လမ်းကြောင်းတို့ကို အစဉ် ဆုပ်ကိုင်ထားလိုသည်။ ဤသည်မှာ အလွန်မိုက်မဲသည်။ မသင့်လျော်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) ဘုရားသခင် ထုတ်ဖော်ထားတဲ့အရာတွေက လုံးဝ တိကျမှန်ကန်ပါတယ်။ ဒါက ကျွန်မ စိတ်ထဲ တွေးခဲ့မိတဲ့အတိုင်းဖြစ်သလို ကျွန်မ လုပ်ခဲ့တဲ့ လုပ်ရပ်တွေပါပဲ။ ကလေး ကျောင်းတက်နေတုန်းက သူ ဘွဲ့ရပြီးရင် သားအမိနှစ်ယောက် ဘုရားသခင်ကို အတူတူယုံကြည်ပြီး နိုင်ငံတော်ထဲ အတူတူ ဝင်ရောက်ကြမယ်လို့ စိတ်ထဲမှာ ကြိုပြီး စီစဉ်ထားပြီးသားပါ။ အဲဒီလိုဆို တော်တော် ကောင်းမှာပဲနော်။ ဒါကြောင့် ကလေး အိမ်မှာရှိနေတုန်း ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ပြောပြဖို့ အချိန်ယူပြီး ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ဖို့ သူ့ကို ခဏခဏ တိုက်တွန်းခဲ့တယ်။ သူ စကားနားမထောင်တဲ့အခါ ဒေါသထွက်ပြီး တစ်ခါတလေ ဆူတောင် ဆူမိသေးတယ်။ သူက တခြားမြို့က တက္ကသိုလ်မှာ ကျောင်းတက်နေတော့ သူ့ကို ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ဖို့ ဖုန်းဆက်ပြီး သတိပေးချင်လို့ မိုင်နဲ့ချီ ခရီးသွားခဲ့တယ်။ ကလေးရဲ့ စိတ်နှလုံးကို တို့ထိပြီး ယုံကြည်ခြင်းဆီ လမ်းပြပေးဖို့ ဘုရားသခင်ဆီ ဆင်ခြင်တုံတရားမဲ့ ဆုတောင်းပြီး တောင်းဆိုမှုတွေ လုပ်ခဲ့တယ်။ ကျွန်မက ကိုယ့်ကံကြမ္မာကိုတောင် မထိန်းချုပ်နိုင်ဘဲနဲ့ ကလေးရဲ့ ကံကြမ္မာကို စီစဉ်ညွှန်ကြားပြီး ကြိုးကိုင် ညွှန်ကြားဖို့ အမြဲ ကြိုးစားနေခဲ့တယ်လေ၊ ကိုယ်စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း သူ့ကို လျှောက်စေချင်ခဲ့တာ။ ကျွန်မ တကယ်ကို မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲခဲ့တာပဲ။ သားက လောကီလမ်းကြောင်းကို ရွေးချယ်လိုက်ပြီဆိုတာ သိလိုက်ရတော့ ကျွန်မ စိုးရိမ်ပူပန်ပြီး စိတ်မကောင်းဖြစ်ရတယ်၊ စားမဝင် အိပ်မပျော်နိုင်ဖြစ်ပြီး ယုံကြည်ခြင်းလမ်းကြောင်းပေါ် ရောက်လာအောင် သူ့ကို ပိုပြီး အားစိုက်မလမ်းပြပေးနိုင်ခဲ့တာကို နောင်တရမိတယ်။ တကယ်တော့ ကျွန်မ စိုးရိမ်ရတဲ့ အကြောင်းရင်းက ကလေးသာ ဘုရားသခင်ကို မယုံကြည်ရင် ဘေးအန္တရာယ်ထဲ ကျရောက်သွားမှာကို ကြောက်လို့ပါ။ ကိုယ့်ခံစားချက်တွေရဲ့ ထိန်းချုပ်မှုကို ခံရပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို လျစ်လျူရှုမိခဲ့တယ်၊ သူ့ဆန္ဒမပါဘဲ ဘုရားသခင်ကို ယုံကြည်လာအောင် အတင်းပဲ ဆွဲခေါ်ခဲ့မိတယ်။ သားနဲ့အတူ နိုင်ငံတော်ထဲ ဝင်ရောက်ချင်တဲ့ ကျွန်မရဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးဖို့တောင် ဘုရားသခင်ဆီ ဆင်ခြင်တုံတရားမဲ့ ဆုတောင်းခဲ့သေးတယ်။ ကျွန်မ လုပ်ခဲ့သမျှက တကယ်ကို မိုက်မဲပြီး ဘုရားသခင် အရမ်းကို စက်ဆုပ်ရွံရှာတဲ့ အရာတွေပါပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ဖြစ်တယ်။ “မိဘများအနေဖြင့် ၎င်းတို့၏ အရွယ်ရောက်ပြီးသော သားသမီးများအပေါ် ၎င်းတို့ မွေးမြူသင့်သည့် သဘောထားနှင့်ပတ်သက်လာလျှင် သားသမီးတို့ကို တိတ်ဆိတ်စွာ ကောင်းချီးပေးခြင်းနှင့် သူတို့အတွက် ကောင်းမွန်သော မျှော်လင့်ချက်များ ထားရှိခြင်းမှလွဲ၍ ၎င်းတို့၏ သားသမီးများသည် မည်သို့သော နေ့စဉ်ဘဝမျိုးကို အသက်ရှင်နေထိုင်နေသည်ဖြစ်စေ၊ ၎င်းတို့တွင် မည်သို့သော ကံကြမ္မာ သို့မဟုတ် ဘဝမျိုး ရှိသည်ဖြစ်စေ မိဘများသည် အမှုအရာများကို ထိုအတိုင်းသာ လွှတ်ထားနိုင်ကြလေသည်။ မည်သည့် မိဘကမျှ ဤအရာများထဲမှ တစ်ခုတလေကို မပြောင်းလဲနိုင်သည့်အပြင် ၎င်းတို့သည် ယင်းကို မဆုံးဖြတ်နိုင်ကြပေ။ သင်သည် သင်၏ သားသမီးများကို မွေးဖွားပြီး ၎င်းတို့ကို ပြုစုပျိုးထောင်ခဲ့သော်လည်း ငါတို့ ယခင်က ဆွေးနွေးခဲ့သည့်အတိုင်း မိဘများသည် ၎င်းတို့သားသမီးများ၏ ကံကြမ္မာများ၏ သခင်များ မဟုတ်ကြပေ။ မိဘများသည် ၎င်းတို့၏ သားသမီးများ၏ ရုပ်ခန္ဓာကို သန္ဓေတည်စေပြီး ၎င်းတို့ကို အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ကြသော်လည်း ၎င်းတို့၏ သားသမီးများတွင် မည်သို့သော ကံကြမ္မာမျိုး ရှိမည်ဟူသည်နှင့်ပတ်သက်၍မူ ဤသည်မှာ ၎င်းတို့၏ မိဘများက ပေးထားသော သို့မဟုတ် ရွေးချယ်ထားသော အရာတစ်ခု မဟုတ်ပေ၊ ၎င်းတို့က ဆုံးဖြတ်ထားခြင်းဖြစ်ဖို့ ဆိုလျှင် ပို၍ပင် ဝေးသေးသည်။ သင်၏ သားသမီးများ ကောင်းစားရန် သင် ဆန္ဒရှိသော်လည်း ယင်းက ၎င်းတို့ ထိုသို့ကောင်းစားမည်ဟု အာမခံသလော။ သင်သည် ၎င်းတို့အား ကံဆိုးမှုနှင့် အမျိုးမျိုးသော ကံမကောင်းသည့် ဖြစ်ရပ်များကို ကြုံတွေ့ရစေရန် ဆန္ဒမရှိသော်လည်း ယင်းက ၎င်းတို့သည် ထိုအရာများကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆိုလိုသလော။ သင်၏ သားသမီးများ မည်သည့်အရာကို ရင်ဆိုင်ရသည်ဖြစ်စေ ထိုအရာများထဲမှ တစ်ခုမျှသည် လူ့အလိုဆန္ဒအပေါ် မူတည်ခြင်း မရှိသည့်အပြင် ယင်းတို့ထဲမှ တစ်ခုတလေသည် သင်၏ လိုအပ်ချက်များ သို့မဟုတ် မျှော်လင့်ချက်များက ဆုံးဖြတ်ထားခြင်းလည်း မဟုတ်ပေ။ သို့ဆိုလျှင် ဤအရာက သင့်အား မည်သည့်အရာကို ပြောပြသနည်း။ သားသမီးများ ကြီးပြင်းလာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လာသောအခါ၊ လွတ်လပ်သော အတွေးများ၊ အမှုအရာများအပေါ် အမြင်များ၊ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများနှင့် ဘဝအပေါ် သဘောထားအမြင်များ ရှိလာသောအခါ၊ ပြီးလျှင် ၎င်းတို့၏ မိဘများ၏ လွှမ်းမိုးခြင်း၊ စိုးမိုးခြယ်လှယ်ခြင်း၊ ဘောင်ခတ်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းကို မခံရတော့သောအခါ ၎င်းတို့သည် အမှန်တကယ် အရွယ်ရောက်သူများ ဖြစ်ကြလေသည်။ ၎င်းတို့ အရွယ်ရောက်သူများ ဖြစ်လာပြီဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ မိဘများသည် ၎င်းတို့၏ သားသမီးများကို လွတ်လပ်စွာ စူးစမ်းလေ့လာခွင့်နှင့် ဘဝတွင် ၎င်းတို့၏ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းခွင့်ပေးလျက် လွှတ်ထားသင့်သည်ဟု ဆိုလိုပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) “ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားနှင့် ကယ်တင်ခြင်းကို လိုက်စားသောသူတစ်ယောက်အနေဖြင့် သင့်ဘဝတွင် ကျန်ရှိသော စွမ်းအင်နှင့်အချိန်ကို သင်၏တာဝန်ကို ထမ်းဆောင်ခြင်း၌လည်းကောင်း၊ ဘုရားသခင်က သင့်အား အပ်နှံသည့် မည်သည့်အရာမဆိုအပေါ်၌လည်းကောင်း အသုံးပြုသင့်သည်။ သင့်သားသမီးများနှင့်ပတ်သက်၍ အချိန်တစ်စက်မျှ အကုန်မခံသင့်ပေ။ သင့်ဘဝကို သင့်သားသမီးများက မပိုင်ဆိုင်ပေ။ ပြီးလျှင် သင့်ဘဝကို ၎င်းတို့၏ဘဝ၊ သို့မဟုတ် ရှင်သန်ရေးအတွက် အကုန်ဆုံး မခံသင့်သကဲ့သို့ ၎င်းတို့အပေါ် သင်၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းဖို့အတွက်လည်း အကုန်ဆုံး မခံသင့်ပေ။ ထိုအစား ဘုရားသခင်က သင့်အားပေးသည့် တာဝန်ကိုလည်းကောင်း၊ အပ်နှံထားသည့်အလုပ်ကိုလည်းကောင်း၊ ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်ဖြည့်ဆည်းသင့်သည့် တာဝန်အပေါ်ကိုပါလည်းကောင်း ဆက်ကပ်သင့်သည်။ ဤသည်မှာ သင့်ဘဝ၏ တန်ဖိုးနှင့် အဓိပ္ပာယ်တည်ရှိသည့်နေရာ ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင်သိက္ခာကို ဆုံးရှုံးပြီး သားသမီးများအတွက် ကျွန်ဖြစ်လိုစိတ်ရှိလျှင်၊ ၎င်းတို့အတွက် စိတ်ပူလိုစိတ်ရှိလျှင်၊ ၎င်းတို့အပေါ် သင်၏ကိုယ်ပိုင်မျှော်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက် ၎င်းတို့အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်လိုစိတ်ရှိလျှင် ဤအရာအားလုံးသည် အဓိပ္ပာယ်မရှိဘဲ တန်ဖိုးကင်းမဲ့သည်။ ယင်းသည် အောက်မေ့ဂုဏ်ပြုခြင်းခံရမည် မဟုတ်။ သင်သည် ဤသို့ဆက်လက်လုပ်ဆောင်ပြီး ဤအယူအဆများ၊ လုပ်ဆောင်မှုများကို လက်မလွှတ်လျှင် သင်သည် သမ္မာတရားကို လိုက်စားသူမဟုတ်၊ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ယောက်မဟုတ်၊ သင်သည် အတော်အတန် ပုန်ကန်တတ်သည်ဟူ၍သာ အဓိပ္ပာယ်ရနိုင်သည်။ သင်သည် ဘုရားသခင်က သင့်အားပေးသည့် ဘဝနှင့်အချိန် နှစ်မျိုးလုံးကို မြတ်နိုးခြင်းမရှိ။...ဤဝတ္တရားကို ဖြည့်ဆည်းပြီးသည်နှင့် သင့်သားသမီးများက လူလာမြောက်သည်အထိ ကြီးပြင်းလာသည်နှင့် ၎င်းတို့သည် အလွန်အမင်း အောင်မြင်သည်ဖြစ်စေ၊ ရိုးစင်းသော၊ သာမန်ဖြစ်သော၊ ရိုးရှင်းသောသူများအဖြစ်သာ ရှိနေဆဲဖြစ်စေ သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ကံကြမ္မာကို သင်က ဆုံးဖြတ်ပေးခြင်းမဟုတ်သကဲ့သို့ သင်၏ ရွေးချယ်မှုလည်း မဟုတ်သောကြောင့်၊ ပြီးလျှင် သင်က ၎င်းတို့အား ပေးခဲ့ခြင်း အသေအချာပင် မဟုတ်သောကြောင့် ဖြစ်သည်။ ဤအရာကို ဘုရားသခင်က စီမံခြင်း ဖြစ်သည်။ ဘုရားသခင်က စီမံခြင်း ဖြစ်သောကြောင့် သင်သည် ၎င်းတို့ဘဝ၊ သို့မဟုတ် ၎င်းတို့၏ရှင်သန်ရေးကို ကြားမဝင်သင့်ပေ၊ သို့မဟုတ် မစွက်ဖက်သင့်ပေ။ ၎င်းတို့၏အလေ့အကျင့်များ၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်များနှင့် ဘဝအပေါ် သဘောထား၊ ၎င်းတို့၌ မည်သည့်ရှင်သန်ရေးနည်းဗျူဟာများရှိပါစေ၊ ဘဝအပေါ် မည်သည့်ရှုမြင်သုံးသပ်ချက်ရှိပါစေ၊ လောကအပေါ် ၎င်းတို့၏ သဘောထားက မည်သို့ဖြစ်ပါစေ ယင်းတို့သည် ၎င်းတို့ကိုယ်တိုင် ပြုလုပ်သည့် ရွေးချယ်မှုများဖြစ်သည်။ သင်၏ အရေးကိစ္စမဟုတ်။ သင်သည် ၎င်းတို့ကို နေ့စဉ်ပျော်ရွှင်စေဖို့ သေချာစေရန်အတွက် ၎င်းတို့ကို ပြုပြင်ပေးရန်၊ သို့မဟုတ် ၎င်းတို့ကိုယ်စား မည်သည့်ဒုက္ခကိုမဆို ခံပေးရန် ဝတ္တရားမရှိပေ။ ဤအရာအားလုံးသည် မလိုအပ်ပေ။ လူတစ်ယောက်ချင်းစီ၏ ကံကြမ္မာကို ဘုရားသခင်က ဆုံးဖြတ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘဝတွင် ကောင်းချီး၊ သို့မဟုတ် ဒုက္ခမည်မျှကို တွေ့ကြုံသည်၊ မည်သည့်မိသားစု၊ အိမ်ထောင်နှင့် သားသမီးများရှိသည်၊ လူ့အဖွဲ့အစည်းတွင် မည်သည့်အတွေ့အကြုံများကို ၎င်းတို့ ဖြတ်သန်းရသည်၊ ဘဝတွင် မည်သည့်ဖြစ်ရပ်များကို ၎င်းတို့တွေ့ကြုံရသည်ဆိုသည့်အရာများကို ၎င်းတို့ကိုယ်တိုင် ကြိုတင်မမြင်နိုင်ပေ၊ သို့မဟုတ် ထိုသို့သောအရာများကို မပြောင်းလဲနိုင်ပေ။ ပြီးလျှင် မိဘများသည် ယင်းတို့ကို ပြောင်းလဲရန် ပို၍ပင် အစွမ်းမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မတို့ရဲ့ သားသမီးတွေကို ဘယ်လို သဘောထားမျိုးနဲ့ ဆက်ဆံသင့်လဲဆိုတာကို အရမ်း ရှင်းရှင်းလင်းလင်း ပြောပြထားပါတယ်။ မိဘတွေက သားသမီးတွေကို အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးပြီးရင် သူတို့ရဲ့ တာဝန်တွေ ပြီးဆုံးသွားပါပြီ။ ကလေးတွေ ဘယ်လမ်းကြောင်းကို လျှောက်မယ်၊ ဘယ်လို ကံကြမ္မာမျိုး ရှိမယ်ဆိုတာက မိဘတွေ ဆုံးဖြတ်ရမယ့် ကိစ္စတွေ မဟုတ်ပါဘူး။ သားအပေါ် ထားရှိတဲ့ ကျွန်မရဲ့ တာဝန်တွေကို ဖြည့်ဆည်းပြီးတာ ကြာလှပြီဖြစ်လို့ ကလေးရဲ့ ဘဝ ဒါမှမဟုတ် သူလျှောက်မယ့် လမ်းကြောင်းမှာ ဆင်ခြင်တုံတရားမဲ့ ဝင်မစွက်ဖက်သင့်တော့ဘူး။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ဘုရားသခင်ဆီက လာသမျှအရာအားလုံးကို ကျွန်မ လက်ခံရမယ်။ ယောဘအကြောင်းကို ကျွန်မ တွေးမိတယ်။ ဖခင်တစ်ယောက်အနေနဲ့ သားသမီးတွေကို သူ့လိုပဲ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်ဖို့ မျှော်လင့်ခဲ့တယ်၊ ဒါပေမဲ့ ယောဘက သားသမီးတွေကို ဆက်ဆံတဲ့အခါမှာ သူ့စည်းမျဉ်းတွေ ရှိတယ်။ သူတို့ဆီကို ဧဝံဂေလိတရား ဟောရုံဟောပြီး ဖခင်တစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းခဲ့တယ်။ သူတို့ ဘုရားသခင်ကို ယုံကြည်မလား၊ မယုံကြည်ဘူးလား ဆိုတာနဲ့ပတ်သက်ပြီး ယောဘက သူတို့ဆန္ဒမပါဘဲ အတင်းဆွဲခေါ်ဖို့ မကြိုးစားခဲ့သလို သူတို့ရွေးချယ်တဲ့ လမ်းကြောင်းကိုလည်း ဝင်မစွက်ဖက်ခဲ့ဘူး။ သူတို့ စိတ်နှလုံးကို တို့ထိပြီး ဘုရားသခင်ကို ယုံကြည်လာအောင် သားသမီးတွေအတွက် ဘုရားသခင်ရှေ့မှာ သူ ဆုမတောင်းခဲ့ပါဘူး။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကိုပဲ သူ ကျိုးနွံနာခံခဲ့တာလေ။ ယောဘရဲ့ လက်တွေ့လုပ်ဆောင်မှုက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယောဘနဲ့ နှိုင်းယှဉ်ကြည့်တော့ ကျွန်မ ရှက်မိတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို အများကြီး စားသောက်ခဲ့ပေမဲ့ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိခဲ့ဘူး။ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သမ္မာတရားကို မရှာဖွေခဲ့သလို ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်သဘောပေါက်မှုမရှိဘဲ အဲဒီအစား ကိုယ်ဆန္ဒရှိတဲ့အတိုင်း မျက်ကန်းတောတိုး လုပ်ခဲ့တာပဲ။ ယောဘရဲ့ စံနမူနာကို လိုက်နာပြီး သားကို သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ကျွန်မ ဆက်ဆံရမယ်။
အခု သားက လောကကြီးထဲမှာ ရှာဖွေနေတုန်းဆိုပေမဲ့ သူ့အနာဂတ် ဒါမှမဟုတ် ကံကြမ္မာအတွက် ကျွန်မ စိုးရိမ်ပူပန်တာမျိုး မရှိတော့ဘူး၊ သူ့အတွက် ဝမ်းနည်းတာ၊ စိတ်မကောင်းဖြစ်တာမျိုးလည်း မရှိတော့ပါဘူး။ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ ကျွန်မရဲ့ အမြင်တွေကို ပြောင်းလဲပေးခဲ့တာ ဘုရားနှုတ်ကပတ်တော်တွေပါပဲ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
တရုတ်နိုင်ငံမှ ကျီကျိုးကျွန်မက ကျေးလက်တောရွာမှာ ကြီးပြင်းခဲ့ပြီး အိမ်တွင်းဘဝကလည်း အရမ်းခက်ခဲခဲ့တယ်။ မြို့ကြီးသားတွေရဲ့ဘဝကို အားကျခဲ့ပြီး...
ကျွန်တော်က ဆင်းရဲတဲ့ လယ်သမားမိသားစုမှာ မွေးဖွားခဲ့ပါတယ်။ အလယ်တန်းကျောင်းပြီးတော့ အလုပ်ရှာဖို့ ကျွန်တော် အိမ်ကနေ ထွက်ခဲ့တယ်။ နောက်ပိုင်းမှာ...
တရုတ် ဝဲန်နွန်ကျွန်မသား ငယ်ငယ်လေးကတည်းက ကိုယ်ခန္ဓာက အားနည်းပြီး ကြီးထွားမှုကလည်း နှေးတယ်။ ကျွန်မတို့အိမ်က ကျောင်းနဲ့နီးတော့ သူ့ကို...
စုလီ၊ တရုတ်ပြည်ငယ်ငယ်ကတည်းက အမေ့ကို ကျွန်မ တကယ် လေးစားအားကျခဲ့တယ်။ သူက ကျွန်မတို့ မောင်နှမတွေအတွက် ဒုက္ခတွေအများကြီး ခါးစည်းခံခဲ့တယ်။...